Unlock Wealth Resort Academy

Unlock Wealth Resort Academy 🎯 Hidden Gems တွေကို ဖော်ထုတ်ပေးမယ့်နေရာ
🌈Unlock Wealth Resort Academy by Helen Thant & Mentors
✨🎊 Join Pre-Launch:

17/03/2026

🌻
"အောင်မြင်မှုဆိုတာ

အကြီးကြီးဖြစ်ဖို့မှ

မလိုတာ..."

ဒီလထဲမှာ ကိုယ်သည်းခံနိုင်ခဲ့တာလေးတွေ၊

စာတစ်အုပ် ပြီးအောင်

ဖတ်နိုင်ခဲ့တာလေးတွေ

လေ့လာမှု အသစ်လုပ်ခဲ့တာလေးတွေ

မိမိကိုယ်ကို Self Love လုပ်ခဲ့တာလေးတွေ

မိမိကိုယ်ရော ၊သူတစ်ပါးကိုပါ

လေးစားစွာ

ဆက်ဆံပေးခဲ့တာလေးတွေကိုကော

ကိုယ့်ကိုယ်ကို

ဂုဏ်ပြုပြီးပြီလား?

တစ်ခါတလေ

အရမ်းပင်ပန်းပေမယ့်

ဒီနေ့အထိ ကြံ့ကြံ့ခံ

ဖြတ်ကျော်နိုင်ခဲ့တာက

တကယ့်ကို တော်လွန်းပါတယ်။

ကိုယ့်ကိုယ်ကို မှန်ထဲကြည့်ပြီး

ဒီလိုလေး ပြောကြည့်ပေးပါ...

💛 "ကျန်းမာအောင်
ခန္ဓာကိုယ်ကို

စောင့်ရှောက်ပေးလို့ ကျေးဇူးပါ"

💛 "စိတ်ကို ပိုပြီးသန်မာအောင်

မွေးမြူပေးလို့ တော်လိုက်တာ"

💛 "နေ့စဉ်တိုးတက်အောင် အမြဲသင်ယူပေးလို့
ကျေးဇူးတင်ပါတယ်"

ဒီနေ့မှာရော ကိုယ့်ကိုယ်ကို ဂုဏ်ပြုချင်တဲ့
သေးသေးမွှားမွှား
အောင်မြင်မှုလေးတွေ

🥳(Small Wins) ရှိရင်

ကွန်မန့်မှာ မျှဝေပေးသွားပါဦး။

Helen တို့ အတူတူ ဂုဏ်ပြုကြရအောင်။ 👇

16/03/2026

"ကိုယ့်ရဲ့ အခက်အခဲတွေက တစ်ပါးသူအတွက် သင်ခန်းစာနဲ့ ခွန်အား ဖြစ်နိုင်တယ်ဆိုရင်..." 🤝
ကျွန်မက Helen ပါ။

တချို့ရက်တွေဆို

အိပ်ရေးပျက်တာများပြီး

ခန္ဓာကိုယ်က
အရမ်းပင်ပန်းလွန်းလို့ လက်လျှော့လိုက်ချင်စိတ်တွေ ခဏခဏ ဖြစ်ခဲ့ရဖူးတယ်။

နိုင်ငံခြားမှာ ရောက်နေတော့ ဘာသာစကားမတူတဲ့
ပတ်ဝန်းကျင်နဲ့ သဟဇာတ
ဖြစ်အောင် နေရတာက
တကယ်ကို မလွယ်ကူခဲ့ပါဘူး။

နေ့တိုင်း ကြောက်စိတ်တွေနဲ့ ရှင်သန်ရတာ အရမ်းကို ပင်ပန်းပါတယ်။

ဒါပေမယ့်...

မကြာခင်က ဖြစ်ရပ်တစ်ခုကို ပြောပြချင်ပါတယ်။

ဒီနေ့ မနက်အစောကြီး 3:20 AM လေဆိပ် ဘေးမှာ

မီးလောင်တော့ လေဆိပ်လမ်းတွေ

အကုန်ပိတ်၊ အိမ်ကို ပြန်လိုက်သွားလိုက်နဲ့

လမ်းခုလတ်မှာ ကျွန်မတို့တွေ တော်တော် ဒုက္ခရောက်ခဲ့ရတယ်။

နောက်ဆုံးမှာ လေဆိပ်ကို အလာမှာ 2 hrs လျှောက်ရတဲ့ ခရီးမှာ ဘတ်စ်ကားလေး က ကျွန်မတို့ကို သနားလို့ ခေါ်သွားလို့ ရောက်သွာရတယ်။

ခရီးသည်တွေလည်း သနားပါတယ်၊ အထုတ်အပိုးတွေနဲ့ မနက် ၅ နာရီကတည်းက လမ်းပေါ်မှာ….

လေဆိပ်မှာ လုပ်ရတဲ့အလုပ်က သေမင်း ခံတွင်းဝ အလုပ်ပါပဲ၊

အချိန်မရွေးသေသွားနိုင်တာကို ပြင်ဆင်လေ့ကျင့်ပေးနေတာမို့ သေခြင်းတရားကို လက်ခံရင်း ရှေ့ဆက်လျှောက်နေပါတယ်၊

ဒါကတော့ ကျွန်မ Helen ရဲ့ ဇာတ်လမ်းပါ။

ကိုယ့်လိုပဲ တိတ်တိတ်လေး ရုန်းကန်နေရတဲ့ Introvert လေးတွေ ရှိရင်...

"မင်း တစ်ယောက်တည်း မမဟုတ်ဘူး၊

အခုချိန်ထိ တောင့်ခံထားနိုင်တာ မင်း တကယ်ကို တော်ပါတယ်" လို့ အားပေးချင်ပါတယ်။
✨

15/03/2026

အပြင်သွားတိုင်း

ငွေကုန်မှာကြောက်ပြီး

လေးထောင့်အခန်းကျဉ်းလေးထဲမှာပဲ

အချိန်တွေ ကုန်လွန်နေမိပြီလား?

တကယ်တော့
လောကကြီးမှာ

ပိုက်ဆံတစ်ပြားမှ မကုန်ဘဲ

ရနိုင်တဲ့ စိတ်အပန်းဖြေစရာတွေ

အများကြီးရှိပါတယ်။

အပြင်သွားတိုင်း

ငွေကုန်စရာမလိုတာမို့

အိမ်ထဲမှာပဲ အောင်းပြီး

နားနေမယ့်အစား

အောက်ပါနည်းလမ်းလေးတွေနဲ့ သဘာဝတရားကြီးနဲ့

ချိတ်ဆက်ဖို့ Challenge လုပ်ကြည့်ရအောင်

ဖိတ်ခေါ်လိုက်ပါတယ် -

• သဘာဝဆီက ခွန်အားယူပါ: ပန်းခြံထဲ လမ်းလျှောက်ရင်း သစ်ပင်တွေဆီက Energy ယူပါ။

မြေကြီးပေါ်မှာ

ခြေဗလာနင်းပြီး

မြေဓာတ်ယူ (Grounding လုပ်) ရင်း

ခန္ဓာကိုယ်ကို အားပြန်ဖြည့်ပါ။ 🌳
• လွတ်လွတ်လပ်လပ် လှုပ်ရှားပါ:

စိတ်ကြည်လင်သွားအောင်

ပန်းခြံထဲမှာ

Yoga ကျင့်တာ၊

အသက်ရှူလေ့ကျင့်ခန်း (Breathwork) လုပ်တာ၊ Jogging, Walking နဲ့ Running လုပ်တာတွေက

ကိုယ်ရောစိတ်ပါ ပေါ့ပါးသွားစေပါတယ်။ 🧘‍♀️🏃‍♂️

• အေးချမ်းမှုကို ခံစားပါ:

ကမ်းခြေမှာ လေညင်းခံရင်း စိတ်ဖိစီးမှုတွေကို

လွှင့်ထုတ်ပစ်ပါ။ 🌊

ဒီအရာတွေအားလုံးက

အခမဲ့ပါပဲ။

ဒီနေ့ပဲ အခန်းအောင်းနေတာကို ရပ်ပြီး

အပြင်ထွက်ကာ

ကိုယ့်ကိုယ်ကိုယ်

ဂရုစိုက်လိုက်ရအောင်နော်။ 🍃✨

14/03/2026

ရည်မှန်းချက်တွေ

ပျောက်ဆုံးနေပြီလား?

(Lost Purpose?) 🤔

အလုပ်တွေ ဆက်တိုက်လုပ်
နေရင်းနဲ့

တစ်ခါတလေ

ကိုယ့်ရဲ့ မူလရည်မှန်းချက်တွေ

ပျောက်ဆုံးသွားသလို ခံစားနေရလား?

သင်ရော အဲဒီလို ဖြစ်နေပြီလား?

အဲဒီလို စိတ်ဓာတ်ကျနေတဲ့ အတွေးအိမ်ထဲကနေ

မိမိကိုယ်ကို ပြန်လည်

နိုးထရှင်သန်ဖို့ အကောင်းဆုံး

သတိပေးချက်တစ်ခု

လုပ်ကြရအောင်။

ကိုယ်နဲ့ မကွာ အမြဲရှိနေတဲ့

ဖုန်းစခရင်ပေါ်မှာ

ကိုယ့်ရဲ့ Dream Board ကြီးကို တင်ထားလိုက်ပါ။ 🌟

"ငါ့အိပ်မက်တွေက

ငါ့ဖုန်း Screen ပေါ်မှာ ရှိတယ်။" 📱💭

ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်ပုံရိပ်လေးတွေကို စုစည်းပြီး

ဖုန်း Wallpaper မှာ

Vision Board or
Dream Board

အဖြစ် ထားကြည့်ပါ။

Pinterest ကနေ

ကိုယ့်အိပ်မက်နဲ့ ကိုက်ညီမယ့်

ပုံလှလှလေးတွေရှာပြီး

Canva လို App တွေနဲ့

မိမိစတိုင် Digital Vision Board လေးကို

အလွယ်တကူ ဖန်တီးလို့ရပါတယ်။

ဖုန်းဖွင့်လိုက်တိုင်း

ကိုယ်ဘာအတွက်

ကြိုးစားနေတာလဲဆိုတာကို

မျက်စိရှေ့မှာ

အမြဲသတိရစေမှာပါ။

မလုပ်ရသေးရင် အခုပဲ

စမ်းလုပ်ကြည့်လိုက်ရအောင်!

💪 သင့်ဖုန်း Wallpaper မှာရော

အခု ဘာပုံလေး ထားထားလဲ

Comment မှာ
ပြောပြသွားပါဦး။

13/03/2026

✨ မေတ္တာဓာတ်နဲ့ လွှမ်းခြုံထားတဲ့ အေးချမ်းသော ညချမ်းလေးများ ဖန်တီးကြမယ် ✨

ညစဉ်ညတိုင်း အိပ်မပျော်လို့ ဒုက္ခရောက်နေသူတွေ၊

စိတ်ဖိစီးမှုတွေ များနေသူတွေအတွက်

Helen ကိုယ်တိုင်

နေ့စဉ်ကျင့်သုံးနေတဲ့ နည်းလမ်း4 ခုမြောက်ကို မျှဝေပေးချင်ပါတယ်။

ဒါကတော့ "မိမိကိုယ်နဲ့

အရပ်ဆယ်မျက်နှာကို

မေတ္တာပို့ပြီး

အိပ်စက်တဲ့နည်းလမ်း" လေးပဲ ဖြစ်ပါတယ်။

ဒီလိုလေး ညတိုင်း လေ့ကျင့်ပေးတာက သတိ၊

သမာဓိကို သိသိသာသာ ပိုကောင်းလာစေသလို၊

နောက်ပိုင်း တရားထိုင်တဲ့အခါမှာလည်း သမာဓိတည်ဖို့အတွက် အရမ်းကို

အထောက်အပံ့ဖြစ်စေပါတယ်။

ညအိပ်ရာဝင်ခါနီးတိုင်း

အောက်ပါအတိုင်း အာရုံပြုပြီး မေတ္တာပို့ကြည့်ပါ...
💛 ပထမဆုံး မိမိကိုယ်ကို အရင် မေတ္တာပို့ပါ

• ကျမ၊ ကျွန်တော်
(အမည်ထည့်ဆိုပါ) သည်

ဘေးရန်ခပ်သိမ်း ငြိမ်းပါစေ။

• ဒေါသခပ်သိမ်း ငြိမ်းပါစေ။

• ဆင်းရဲခပ်သိမ်း ငြိမ်းပါစေ။

• နှလုံးစိတ်ဝမ်း အေးချမ်းပါစေ။

💛 ပြီးလျှင် အရပ်ဆယ်မျက်နှာကို မေတ္တာဖြန့်ကြက်ပါ

"အရှေ့ (အရပ်မျက်နှာ

တစ်ခုချင်းစီ ရွတ်ပါ)

Why? Focus your enough sleeping with Love energy 🫶🏻
အနောက်၊ တောင်၊ မြောက်၊ အရှေ့တောင်၊ ၊
အရှေ့မြောက်၊ အနောက်တောင်၊
အနောက်မြောက်
အထက်အရပ်၊ အောက် အရပ်၌

ရှိကြကုန်သော အနန္တစကြာဝဠာ အနန္တသတ္တဝါတို့

• ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
• ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
• ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
• နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။"

ဒီလို မေတ္တာစိတ်နဲ့ အိပ်ရာဝင်တဲ့အခါ ကိုယ့်ကိုယ်ကို မေတ္တာဓာတ်တွေနဲ့ အပြည့်အဝ လွှမ်းခြုံထားတဲ့အတွက် အိပ်မက်ဆိုးတွေကင်းပြီး နှစ်နှစ်ခြိုက်ခြိုက် ငြိမ်းငြိမ်းချမ်းချမ်း အိပ်မောကျစေပါတယ်။

☀️ နောက်ထပ် အရေးကြီးတာတစ်ခုက မနက်လင်းလို့
နိုးလာတဲ့အခါမှာလည်း ချက်ချင်းကုန်းရုန်းမထသေးဘဲ
ကုတင်ပေါ်မှာပဲ
အထက်ပါအတိုင်း အရပ်ဆယ်မျက်နှာကို မေတ္တာပြန်ပို့ပြီးမှ ထပါ။

ဒါဆိုရင် သင့်ရဲ့ တစ်နေ့တာလုံးဟာ မေတ္တာစွမ်းအင်တွေနဲ့အတူ အေးချမ်းအောင်မြင်နေမှာ အသေအချာပါပဲရှင်

အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ... 🌸

12/03/2026

အိပ်မပျော်တဲ့အခါ 🫩

ဦးနှောက်က ဟိုတွေးဒီတွေးနဲ့

ပိုနိုးကြားနေတတ်ပါတယ်။

Helen လည်း အတွေများပြီး

အိပ်မပျော်တာ များတော့

ဒါလေးက

အတွေးများတဲ့သူတွေအတွက်

အရမ်းအသုံးဝင်တယ်

ဒီနည်းလမ်းက

ဦးနှောက်ကို

အဓိပ္ပါယ်မရှိတဲ့ အရာတွေဆီ

အာရုံလွှဲပေးပြီး

အိပ်ချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။

• အက္ခရာတစ်ခု ရွေးပါ:

မိမိစိတ်ထဲတွင်

ကျပန်း အက္ခရာတစ်ခု

(ဥပမာ - "က")

Or

Alphabet (A)ကို ရွေးပါ။

• စကားလုံးများ စဉ်းစားပါ:

ထိုအက္ခရာဖြင့်စသော

စကားလုံးများကို

တစ်လုံးပြီးတစ်လုံး

စိတ်ထဲမှ စဉ်းစားပြီး ပုံဖော်ကြည့်ပါ။

(ဥပမာ - ကား၊ ကုတင်၊ ကလေး၊ ကော်ဖီ)။

• ဆက်လုပ်ပါ:

ထိုအက္ခရာဖြင့် ဆက်စဉ်းစား၍

မရတော့လျှင် သို့မဟုတ်

ငြီးငွေ့သွားလျှင်

နောက်ထပ်

အက္ခရာတစ်ခု

(ဥပမာ - "စ") သို့

Alphabet (S)

ပြောင်းပြီး ဆက်စဉ်းစားပါ။

ဦးနှောက်က

ပင်ပန်းသွားပြီး အလိုလို

အိပ်ပျော်သွားပါလိမ့်မယ်။

12/03/2026

အိပ်မပျော်တဲ့

ညတွေကို ဖြတ်သန်းရတာ

တကယ်ကို ပင်ပန်းပြီး

စိတ်အနှောင့်အယှက်

ဖြစ်စရာ ကောင်းပါတယ်။

သင်ခံစားနေရတဲ့

အခက်အခဲကို နားလည်ပါတယ်။

ဒါပေမယ့် စိတ်မပူပါနဲ့၊

ခန္ဓာကိုယ်နဲ့ စိတ်ကို

အမြန်ဆုံး

ပြေလျော့စေပြီး ချက်ချင်း

အိပ်မောကျသွားစေနိုင်မယ့် လက်တွေ့ အသုံးဝင်တဲ့

နည်းလမ်း 2 ကို

Helen မျှဝေပေးလိုက်ပါတယ်

(မသိသေးသောသူများအတွက်)



Pilot စစ်တပ်သုံး အိပ်စက်ခြင်း

နည်းလမ်း (The Pilot Military Method)

ဒီနည်းလမ်းဟာ

အမေရိကန်စစ်တပ်က

လေယာဉ်မှူးတွေ

စစ်မြေပြင်မှာတောင်

အလွယ်တကူ

အိပ်ပျော်နိုင်အောင်

လေ့ကျင့်ပေးထားတဲ့

နည်းလမ်းဖြစ်ပါတယ်။

၂ မိနစ်အတွင်း

အိပ်ပျော်စေဖို့ ရည်ရွယ်ပါတယ်။

• ကြွက်သားများကို

လျှော့ချပါ: မျက်နှာပေါ်ရှိ

ကြွက်သားများ

(နဖူး၊ မျက်လုံး၊ မေးရိုး) ကို

အရင်ဆုံး စတင်လျှော့ချပါ။

ထို့နောက် ပခုံးများကို

အောက်သို့ချကာ

လက်မောင်းများ၊ ရင်ဘတ်၊

ပေါင်နှင့် ခြေဖျားအထိ

တစ်ဆင့်ချင်းစီ

အားလျှော့ချလိုက်ပါ။

• အသက်ရှူထုတ်ပါ:

အသက်ကို ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီး

ခန္ဓာကိုယ်တစ်ခုလုံး

ကုတင်ပေါ်မှာ

နစ်ဝင်သွားတယ်လို့

စိတ်ကူးကြည့်ပါ။

• စိတ်ကို ရှင်းလင်းပါ:

စိတ်ထဲမှာ

"မတွေးနဲ့၊ မတွေးနဲ့၊ မတွေးနဲ့" လို့

၁၀ စက္ကန့်လောက်

ဆက်တိုက် ရွတ်ဆိုပါ

သို့မဟုတ် ငြိမ်သက်နေတဲ့

ရေကန်တစ်ခုကို

မျက်စိထဲ မြင်ယောင်ကြည့်ပါ။

11/03/2026

အိပ်မပျော်တဲ့

ညတွေကို ဖြတ်သန်းရတာ

တကယ်ကို ပင်ပန်းပြီး

စိတ်အနှောင့်အယှက်

ဖြစ်စရာ ကောင်းပါတယ်။

သင်ခံစားနေရတဲ့

အခက်အခဲကို နားလည်ပါတယ်။

ဒါပေမယ့် စိတ်မပူပါနဲ့၊

ခန္ဓာကိုယ်နဲ့ စိတ်ကို

အမြန်ဆုံး

ပြေလျော့စေပြီး ချက်ချင်း

အိပ်မောကျသွားစေနိုင်မယ့် လက်တွေ့ အသုံးဝင်တဲ့

နည်းလမ်း (၁) ခုကို

Helen မျှဝေပေးလိုက်ပါတယ်

(မသိသေးသောသူများအတွက်)

၁။ ၄-၇-၈ အသက်ရှူနည်း

(The 4-7-8 Breathing Technique)
ဒီနည်းလမ်းဟာ စိတ်လှုပ်ရှားမှုနဲ့ စိတ်ဖိစီးမှုတွေကို

ချက်ချင်းလျော့ကျစေပြီး အာရုံကြောစနစ်ကို

တည်ငြိမ်စေတဲ့

နည်းလမ်းဖြစ်ပါတယ်။

• အဆင့် ၁: လေကို

နှာခေါင်းမှတစ်ဆင့်

၄ စက္ကန့် ကြာအောင်

ဖြည်းညှင်းစွာ ရှူသွင်းပါ။

• အဆင့် ၂: အသက်ရှူသွင်းထားသော လေကို ၇ စက္ကန့် ကြာအောင် အောင့်ထားပါ။

• အဆင့် ၃:

ပါးစပ်မှတစ်ဆင့် လေကို

၈ စက္ကန့် ကြာအောင်

အသံထွက်သည်အထိ

ဖြည်းညှင်းစွာ

ပြန်မှုတ်ထုတ်ပါ။

မှတ်ချက်: ဤအဆင့်ကို

(၄) ကြိမ်ခန့် ထပ်ခါထပ်ခါ

ပြုလုပ်ပေးပါ။

သင့်ခန္ဓာကိုယ်က

အလိုလို ပြေလျော့လာတာကို

ခံစားရပါလိမ့်မယ်

#478

10/03/2026

ကိုယ့်ရဲ့ စိတ်ကူးအိပ်မက်တွေကို ဘယ်သူမှ လာခိုးလို့မရဘူးလေ။🛏️🌟

မျက်စိမှိတ်ပြီး

ကိုယ့်ရဲ့အိပ်ရာလေးကို

နွေးထွေးတဲ့ ရွှေရောင်အလင်းတန်းတွေ ကာရံထားတယ်လို့ မြင်ယောင်ကြည့်ပါ။

လွတ်လပ်စွာ တွေးတောအနားယူလိုက်ပါ။

ကိုယ့်ရဲ့ စိတ်ကူး

အိပ်မက်တွေကို ဘယ်သူမှ လာခိုးလို့မရဘူးလေ🛏️🌟

ဒါပေမဲ့ ဒါဟာ ဒီညတစ်ညတည်းအတွက်တော့ မဟုတ်ပါဘူးနော်။

ကိုယ့်ရဲ့ စိတ်ကူးအိပ်မက်တွေဆိုတာ တကယ်ဖြစ်လာအောင် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မှသာ

ဘယ်သူမှ လာခိုးလို့မရတဲ့
ကိုယ်ပိုင်အရာ အစစ်အမှန် ဖြစ်လာမှာပါ။

ဒါကြောင့် အခုချိန်ကစပြီး စိတ်ကူးအိပ်မက်တွေကို

ဒီအတိုင်း အိပ်မက်ထဲမှာပဲ မထားဘဲ

ရွှေရှာသလို နက်နက်ရှိုင်းရှိုင်း

တူးဆွပြီး

အကောင်အထည်ဖော်ကြရအောင်။ ⛏️💛
Are you ready, Boss? 😎💼

09/03/2026

🌻 မရှိတာကိုတွေးပြီး ပူလောင်မယ့်အစား
ရှိတာကိုတွေးပြီး
အေးချမ်းအောင်နေမယ်
🌻

ဒီ Bed Space လေးထဲမှာ နေရပေမယ့် ကျေးဇူးတင်စရာတွေ အများကြီးရှိပါတယ်။

ပူအိုက်တဲ့ဒဏ်ကနေ ကာကွယ်ပေးတဲ့ AC၊ ချစ်ရတဲ့သူတွေနဲ့ အဆက်အသွယ်မပြတ်စေတဲ့ WiFi နဲ့ ဖုန်းလေး၊ နေ့စဉ်သုံးဖို့ ရေနဲ့ အစားအသောက်၊ တစ်နေကုန် ပင်ပန်းလာသမျှ အနားယူစရာ နေရာလေး... ပြီးတော့

ဆက်ကြိုးစားဖို့ ခွန်အားတွေပေးနေတဲ့ ကျန်းမာတဲ့ ခန္ဓာကိုယ်လေး ရှိနေတာကိုပဲ နေ့စဉ် ကျေးဇူးတင်နေပါပြီ။

ရှိနေတဲ့ အရာလေးတွေကို တန်ဖိုးထားတတ်ရင် ဘဝက အေးချမ်းပါတယ်။ ✨

06/03/2026

✨ IELTS ကို ခဏမေ့ပြီး

Telegram Bot တစ်ခု

ဖန်တီးဖြစ်သွားခြင်း ✨

IELTS စာလုပ်ရမှာ 🤯

အရမ်းကြောက်နေပေမယ့်၊

၀၆.၀၂.၂၀၂၆ တုန်းက

မျှဝေထားတဲ့ 5-4-3-2-1

Contents ကိုတော့

လက်တွေ့အသုံးချဖြစ်သွားတယ်ရှင့်။

နည်းပညာဆိုရင်

အရမ်းကလိချင်တဲ့

ကျွန်မရဲ့ ဝါသနာကြောင့်

အလုပ်အားတဲ့အချိန်လေးမှာ

ပိုကောင်းတဲ့ Content တွေ

ဖန်တီးနိုင်ဖို့ ကြိုးစားဖြစ်ခဲ့တယ်။

Openclaw နဲ့

Telegram bot ကို

Gemini Pro ရဲ့ အကူအညီယူပြီး

၅ နာရီလောက်

အချိန်ပေး အာရုံစိုက်လိုက်တာ၊

အခုဆိုရင် လိုချင်တဲ့

Telegram bot 🤖 လေး

အောင်မြင်စွာ ရသွားခဲ့ပါပြီ!

ဒီအတွက် ကြိုးစားခဲ့တဲ့

ကိုယ့်ကိုယ်ကိုယ်လည်း

ကျေးဇူးတင်ပါတယ်။

Congratulations 🎊🎉 to Me 🤓🙂‍↔️😂"

ကိုယ်တိုင် ဖန်တီးထားတဲ့

Telegram Bot လေးက

ဘာတွေလုပ်ပေးနိုင်လဲဆိုတာ

Helen ကို ထပ်ပြီး

မျှဝေချင်တဲ့

အကြောင်းအရာများကို

comments မှာ

တောင်းဆိုလို့ရပါပြီ

@ thant

06/03/2026

တကယ်ကြိုးစားချင်သူများ
အတွက်သာ

(ပျင်းတဲ့သူများ

ကျော်သွားနိုင်ပါတယ်) 🚀

အိပ်ရာနိုးတာနဲ့
အတွေးတွေမများဘဲ "5-4-3-2-1" လို့

စိတ်ထဲကရေတွက်ပြီး

သင့်ရဲ့တစ်နေ့တာအတွက် Action ကို ချက်ချင်းယူလိုက်ပါ။

Wake up ➡️ 5-4-3-2-1 ➡️ Do Action Today!

ဒီနည်းလမ်းလေးကတော့ Worldwide Mentor ဖြစ်တဲ့

Robbins ဆီကနေ Mentor Eliza Pru ကတစ်ဆင့် Helen ဆီကို ရောက်လာခဲ့တဲ့ တန်ဖိုးရှိတဲ့ နည်းလမ်းလေးပါ။

Helen ကိုယ်တိုင်လည်း အခုဆိုရင် နေ့စဉ်စတင်ကျင့်သုံးနေပါပြီ။

ပျင်းရိချင်စိတ်တွေ ဝင်လာတဲ့အချိန်တိုင်း၊

ကိုယ့်ကိုယ်ကိုယ် ဆင်ခြေ (Excuses) တွေပေးဖို့

ကြိုးစားနေတဲ့အချိန်တိုင်းမှာ

Consistency (ပုံမှန်ဆက်တိုက် လုပ်ဆောင်နိုင်စွမ်း)

ရှိဖို့အတွက်

အကောင်းဆုံးနဲ့

ငြင်းဆန်လို့မရတဲ့

လက်တွေ့ကျတဲ့နည်းလမ်း

တစ်ခုပါ။

👇 မိတ်ဆွေတို့မှာရော...

ကိုယ့်ကိုယ်ကိုယ်

မပျင်းအောင်

တွန်းအားပေးတဲ့

တခြားနည်းလမ်းလေးတွေ

ရှိသေးလား?

Comment မှာ

ဝင်ရောက်ဝေမျှ

ပေးသွားပါဦးနော်။

#54321

Address

Dubai

Website

Alerts

Be the first to know and let us send you an email when Unlock Wealth Resort Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram