The house of VITR

The house of VITR Spiritual Counselor & Occultist. 🏺🔮
Phone 📱 09258877743

21/12/2025

ပညာဒါန Live လွှင့်တာပါမေးခွန်းတိတိကျကျမေးပေးပါ။ ❤️

21/12/2025

Page နာမည်လည်းပြောင်းပြီးပြီဆိုတော့နာမည်ပြောင်းတဲ့အထိမ်းအမှတ် ပညာဒါနလည်းဟောပေးရဦးမှာပဲ ❤️ မြန်မာစံတော်ချိန် ၉ နာရီ Live ရှိပါမယ် 👌

မကြာခဏဆိုသလို ကျနော့ Timeline ပေါ်မှာ "Scorpio ဆိုရင် ဝေးဝေးရှောင်" တို့၊ "Gemini တွေက နှစ်ခွ" ဆိုတဲ့ စာသားတွေကိုခပ်စိပ်...
21/12/2025

မကြာခဏဆိုသလို ကျနော့ Timeline ပေါ်မှာ "Scorpio ဆိုရင် ဝေးဝေးရှောင်" တို့၊ "Gemini တွေက နှစ်ခွ" ဆိုတဲ့ စာသားတွေကိုခပ်စိပ်စိပ် မြင်နေရတတ်ပါတယ်။ကြည့်ရတာ လူတွေဟာ တစုံတစ်ယောက်ရဲ့ စိတ်ကို နားလည်‌အောင် လေ့လာဖို့ထက်၊ သူ့ရဲ့ မွေးသက္ကရာဇ်နောက်က Zodiac Sign လေးတစ်ခုကို ကြည့်ပြီး တံဆိပ်ကပ်လိုက်ရတာ ပိုလွယ်ကူနေကြပုံပါပဲ။

ဒါပေမဲ့ မိတ်ဆွေ... တကယ်တမ်း Astrology ဆိုတာ အဲဒီလောက် မရိုးရှင်းပါဘူး။ ‼️

၁။ရာသီခွင်ဆိုတာ ဖတ်စာအုပ်တခု မဟုတ်ဘူး

လူတစ်ယောက်ရဲ့ စရိုက်ကို နေမင်းကြီး တည်ရှိခဲ့တဲ့ ရာသီခွင် Sun Sign တစ်ခုတည်းနဲ့ တိုင်းတာနေတာဟာ "စာအုပ်တစ်အုပ်ရဲ့ မျက်နှာဖုံးကို ကြည့်ပြီး ဇာတ်လမ်းတစ်ခုလုံးကို ဝေဖန်နေသလို" ပါပဲ။Astrology မှာ Moon Sign ရှိတယ်၊ the Ascendant ရှိတယ်၊ဂြိုဟ်တွေရဲ့ အပြန်အလှန် စီးချင်းထိုးမှုတွေ ရှိပါတယ်။လူတစ်ယောက်ရဲ့ ပင်ကိုယ်စရိုက်ဆိုတာ စကြာဝဠာရဲ့ ရှုပ်ထွေးလှတဲ့ အက္ခရာတွေနဲ့ ရေးထွင်းထားတာပါ။

၂။ "Red Flag" ဆိုတာသတ်မှတ်တာဟာ အတ္တရဲ့ အမည်နာမတစ်ခုလား

ကိုယ့်အဆင်မပြေမှုကို တစ်ဖက်လူရဲ့ ရာသီခွင်အပေါ် ပုံချလိုက်တာဟာ အလွန်ကို Fancy ကျလှတဲ့ စိတ်ထွက်ပေါက်ရှာတဲ့လုပ်ရပ် တခုပါ။ဒါပေမဲ့ သတိထားဖို့က လူတိုင်းမှာ အလင်းနဲ့အမှောင် ရှိပါတယ်။

"Toxic" လို့ သင်သတ်မှတ်လိုက်တဲ့ ရာသီဖွားထဲမှာပဲ အလွန်မွန်မြတ်တဲ့ နှလုံးသားပိုင်ရှင်တွေ ရှိနေနိုင်သလို၊ "Green Flag" လို့ အမွှမ်းတင်ခံရသူတွေထဲမှာလည်းမကောင်းတဲ့ အရိပ်မည်းတွေ ရှိနေတတ်ပါတယ်။

၃။နက္ခတ် ဗေဒင်ဆိုတာ လမ်းညွှန်ချက်၊ကံကြမ္မာရဲ့ အကျဉ်းထောင်တခုမဟုတ် ❌

ကြယ်တာရာတွေက ကျနော်တို့ကို လမ်းညွှန်မှု ပေးကောင်းပေးနိုင်ပါလိမ့်မယ်။ဒါပေမဲ့ လူတစ်ယောက်ရဲ့ Mindset နဲ့ Character ကိုတော့ သူတို့ ရွေးချယ်တဲ့ လမ်းကြောင်းကပဲ ဆုံးဖြတ်တာပါ။ "ငါကတော့ ဒီရာသီဖွားမို့လို့ Toxic ဖြစ်တာ" ဆိုတဲ့ ဆင်ခြေဟာ ကိုယ့်ကိုယ်ကိုယ် ပြုပြင်ဖို့ ပျက်ကွက်နေသူတွေရဲ့ အကြောင်းပြချက်သက်သက်သာ ဖြစ်ပါတယ်။

နိဂုံးချုပ်ရရင်...

Astrology ကို အပျော်ဖတ်တာ၊ ကိုယ့်ကိုယ်ကိုယ် သိမြင်ဖို့ ကြိုးစားတာဟာ ကောင်းပါတယ်။ဒါပေမဲ့ လူတစ်ယောက်ကို ရာသီခွင်တစ်ခုအောက်မှာ ပိတ်လှောင်ပြီး "အနိဋ္ဌာရုံတခု" အဖြစ် တံဆိပ်ကပ်တာမျိုးကတော့ နက္ခတ်ဗေဒင်ရဲ့ အနှစ်သာရကို စော်ကားရာ ရောက်ပါလိမ့်မယ်။

စကြာဝဠာဟာ ကျယ်ပြောပါတယ်။ကျနော်တို့ရဲ့ စိတ်နှလုံးတွေကလည်း ထိုနည်းတူပါပဲ။ကြယ်တွေ၊ရာသီခွင်တွေကို ကြည့်ပြီး လူတွေကို မဆုံးဖြတ်ကြပါနဲ့။လူတစ်ယောက်ရဲ့ စရိုက်ကို သူ့ရဲ့ "စေတနာ" နဲ့ "လုပ်ရပ်" ထဲမှာပဲ ရှာဖွေကြည့်စေချင်ပါတယ်။

စေတနာဖြင့်
Tarot Aung Khant a.k.a The VITR

#နိမိတ်ကောင်းတွေတည်ပါစေ

ဒီ Page ကို The House of VITR ဆိုပြီးနာမည်ပြောင်းတော့မယ်ခင်ဗျာ။အရင်ကတည်းက Occultist နာမည်နဲ့ Run မယ်ဆိုစဉ်းစားနေတာကြာပါပ...
19/12/2025

ဒီ Page ကို The House of VITR ဆိုပြီးနာမည်ပြောင်းတော့မယ်ခင်ဗျာ။အရင်ကတည်းက Occultist နာမည်နဲ့ Run မယ်ဆိုစဉ်းစားနေတာကြာပါပြီ။အခုမှအကောင်အထည်ဖော်ဖြစ်မှာပါ။ဒီတိုင်းကြီးပြောင်းလိုက်ရင် အကုန်ဘယ်က Page ကြီးလဲဆိုတိုင်ပတ်မနေအောင်စကားကြိုပြောတာပါ။ပြီးတော့နောက်ထပ်ပိုကြီးတဲ့ Plan တခုက ပညာလက်ဆင့်ကမ်းဖို့နဲ့ ရှေ့ဆက်လုပ်ရမယ့်အလုပ်တွေအတွက်The House of VITR အတွက် Family Member တွေခေါ်ဖို့ရှိပါတယ်။စာမေးပွဲစစ်ပြီး‌ထည့်သွင်းပေးမှာပါ။အခုချိန်ထိ Follow ထားကြသူတွေကိုကျေးဇူးတင်ပါတယ်။နောက်ကို ခပ်စိပ်စိပ် စာတွေ ဗီဒီယိုတွေ ဒီ Page ကမြင်ရမယ်ခင်ဗျာ။

ဒါနဲ့စကားမစပ်ဒီစာကိုဖတ်နေကြသူများ နိမိတ်ကောင်းတွေတည်ကြပါစေခင်ဗျာ။ 🙏

ဆရာအောင်ခန့် a.k.a The VITR
#နိမိတ်ကောင်းတွေတည်ပါစေ

Youtube မှာဝင်ရောက်နားဆင်နိုင်ပါပြီ။ Comment မှာ Link ချထားပေးပါမယ်  👇
08/11/2025

Youtube မှာဝင်ရောက်နားဆင်နိုင်ပါပြီ။ Comment မှာ Link ချထားပေးပါမယ် 👇

07/11/2025

ညနေ ၇ နာရီ Youtube မှာပညာဒါန Live လွှင့်မယ်နော် ♥️
Channel Link က comment မှာနော် 👇

စုပေါင်းအစီအရင် ဆောင်ရွက်ဖို့ရှိပါတယ်။ဉာဏ်ပူဇော်ခကိုမြန်မာငွေ  ၅ ထောင်ကစပြီးစိတ်ကြိုက်ထည့်ဝင်ခြင်းဖြင့်ပါဝင်နိုင်ပါတယ်။ ...
05/11/2025

စုပေါင်းအစီအရင် ဆောင်ရွက်ဖို့ရှိပါတယ်။
ဉာဏ်ပူဇော်ခကိုမြန်မာငွေ ၅ ထောင်ကစပြီးစိတ်ကြိုက်ထည့်ဝင်ခြင်းဖြင့်ပါဝင်နိုင်ပါတယ်။ ‼️

ဆောင်ရွက်ပေးမယ့်အရာတွေက အချစ်ရေး၊ငွေရေးကြေးရေးနဲ့ အကာအကွယ် အစီအရင်တွေလုပ်ပေးမှာပါ။နာမည်၊မွေးနေ့ လိုအပ်ပါမယ်။
Messenger ကနေ လာရောက်ဆက်သွယ်အပ်နှံနိုင်ပါတယ်။

ဒီနှစ်အတွက် နောက်ဆုံးစုပေါင်းအစီအရင်ပါ။ ❤️

#နိမိတ်ကောင်းတွေတည်ပါစေ

05/11/2025

Page ကနေ Booking ပြန်ယူလို့ အစီရင်အပ်လို့ ရပါပြီ ♥️

01/11/2025

မင်္ဂလာပါခင်ဗျာ Page လေးပြန် Run ပါတော့မယ် 👌ဘယ်လိုဟောစာတမ်းတွေမြင်ချင်ကြလဲဗျ❓

ပီယဆေးရည် ပြန်ဖော်ဖို့ရှိပါတယ် နှစ်ပတ်လောက်တော့ကြာမယ် မြန်မာပြည်ကဆိုရင်တော့ Cargo ကပို့ပေးလို့ရပါတယ်။ဒီရက်ပိုင်း အဆောင်တ...
02/06/2025

ပီယဆေးရည် ပြန်ဖော်ဖို့ရှိပါတယ် နှစ်ပတ်လောက်တော့ကြာမယ် မြန်မာပြည်ကဆိုရင်တော့ Cargo ကပို့ပေးလို့ရပါတယ်။ဒီရက်ပိုင်း အဆောင်တွေ၊လက်ဖွဲ့တွေ သွားဝယ်ပြီးစီရင်ဖို့လည်းရှိလို့ လိုတာရှိရင်ကြိုပြီး ပရီအော်ဒါမှာထားလို့ရပါပြီ။အဆောင်တွေကစီရင်ပြီးမှပို့ပေးမှာဖြစ်သလို ကိုယ့်လောကထဲကလူတွေမှာချင်ရင်က မစီရင်ထားတဲ့ ဟာတွေလည်းလာမှာထားလို့ရပြီနော်။Tarot deck (Authentic) တွေလည်းမှာလို့ရပြီနော် 👌

အချစ်ရေး၊အိမ်‌ထောင်ရေး ကိစ္စအဝဝ အစီအရင်အပ်ထားသူတွေမကြာခင်အဆင်ပြေတော့မှာဒီရက်ပိုင်း အဲ့လိုအစီအရင်တွေအတွက် အားစိုက်ပြုလုပ်...
30/04/2025

အချစ်ရေး၊အိမ်‌ထောင်ရေး ကိစ္စအဝဝ အစီအရင်အပ်ထားသူတွေမကြာခင်အဆင်ပြေတော့မှာဒီရက်ပိုင်း အဲ့လိုအစီအရင်တွေအတွက် အားစိုက်ပြုလုပ်ပေးနေလို့ လာအပ်ချင်လည်းအပ်လို့ရသေးပါတယ်။ Retrograde ကာလကအပ်ထားတဲ့အစီအရင်တွေအတွက်လည်း နိမိတ်ပြန်လည်‌စစ်ဆေးပေးပြီး လိုအပ်တာတွေထပ်စီမံဆောင်ရွက်ပေးနေပါတယ်။အတိုက်အခိုက်နဲ့တန်ပြန်ကိစ္စတွေ အကာအကွယ်အစီအရင်ပိုင်းတွေလည်း ပညာစဉ်တခုတက်ပြီးကာစဖြစ်လို့ Energy အပြည့်နဲ့စီရင်ပေးနေပါတယ်။အစီအရင်လာအပ်ရင်အဆင်ပြေသည်အထိ စိတ်ရှည်ရှည်နဲ့စီရင်ဆောက်ရွက်ပေးနေကျဆိုတာကို အစီအရင်အပ်နေကျ Client တွေသိပါတယ်။စိတ်ဝိညာဉ်ဆိုင်ရာ ကိစ္စအဝဝအတွက် messenger ကနေစိတ်ချလက်ချလာရောက်တိုင်ပင်နိုင်ပါတယ်နော်။ 📣

Credit photo

#နိမိတ်ကောင်းတွေတည်ပါစေ

နှစ်သစ်အခါသမယမှာ လိုအင်ဆန္ဒအဝဝပြည့်စုံပြီး ဘေးအန္တရာယ်အပေါင်းကင်းလွတ်ကြဖို့ရာ Tarot for you မှ ဆုတောင်းပေးပါတယ်ခင်ဗျာ။ #...
16/04/2025

နှစ်သစ်အခါသမယမှာ လိုအင်ဆန္ဒအဝဝပြည့်စုံပြီး ဘေးအန္တရာယ်အပေါင်းကင်းလွတ်ကြဖို့ရာ Tarot for you မှ ဆုတောင်းပေးပါတယ်ခင်ဗျာ။

#နိမိတ်ကောင်းတွေတည်ပါစေ

Address

No(201), Ayer 7th Street, 'Nya' Quarter, North Okkalapa
London
130204

Telephone

+959963772243

Website

https://www.tarotaungkhant.com/

Alerts

Be the first to know and let us send you an email when The house of VITR posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to The house of VITR:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram