27/01/2026
(၃၁) ရက်နေ့အထိ Early Bird Discount ရသေးတာဖြစ်တဲ့အတွက် လက်မနှေးဘဲ စာရင်းသွင်းထားလိုက်တာ့နော်။
ဇန်နဝါရီလ (၁၅) ရက်မှ (၃၁) ရက်နေ့အတွင်း Registration ပြုလုပ်သူများအတွက် Early Bird Discount အနေနဲ့ မြန်မာငွေ ၁၂၀,၀၀၀ ကျပ်၊ ထိုင်းဘတ် ၉၃၀ ဘတ်၊ USD 30 ဒေါ်လာသာ ကျသင့်မှ ဖြစ်ပါတယ်။
Conference Details
Dates: April 2nd and 3rd, 2026
Time: 8:30 AM to 4:30 PM (Thailand Time)
Venue: Holiday Garden Hotel, Chiang Mai, Thailand (In-person) & Zoom Platform (Online)
Registration Open Now: 5th Annual Mental Health Conference 2026
Registration Open Now!
5th Annual Mental Health Conference 2026
Theme: การเข้าถึงบริการทางสุขภาพจิต Access to Mental Health Care (လွယ်ကူမြန်ဆန် စိတ်ကုစားရန်)
Jue Jue's Safe Space ကနေ နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ Annual Mental Health Conference ဟာဆိုရင် နောက်တစ်ကြိမ်ပြန်လည်ကျင်းပဖို့ အချိန်ရောက်ရှိလို့လာပါပြီ။ ပိုမိုကောင်းမွန်သော စိတ်ကျန်းမာရေး အသိပညာပေးခေါင်းစဉ်များ၊ Activities များနှင့်အတူ နှစ်စဉ်ကျင်းပလျက်ရှိရာ ယခုနှစ်မှာလည်း ပိုမိုကောင်းမွန်ပြည့်စုံသော စိတ်ကျန်းမာရေးညီလာခံကြီးကို Foundation for Education Development (FED) နှင့် ပူပေါင်းပြီး ပြုလုပ်သွားမှာဖြစ်ပါတယ်။
နှစ်စဉ်နှစ်တိုင်းစီစဉ်ခဲ့သည့်အတိုင်း ဒီနှစ်ညီလာခံမှာဆိုရင် အလုံးစုံသော စိတ်ကျန်းမာရေး၏လိုအပ်သည့် ကဏ္ဍများကိုထည့်သွင်းထားသည့်အပြင် ဆွေးနွေးသွားမည့် Speaker များမှာလည်း လူထုအကျိုးပြုလုပ်ဆောင်နေသော Community Leader များ၊ Community Based Organizations (လူထုအခြေစိုက်အဖွဲ့အစည်းများ) ကို ဖိတ်ခေါ်ကျင်းပသွားမယ့် International Conference တစ်ခု ဖြစ်ပါတယ်။
ယခုနှစ် ၂၀၂၆ ခုနှစ်၏ Theme ဖြစ်တဲ့ “Access to Mental Health Care” (လွယ်ကူမြန်ဆန် စိတ်ကုစားရန်)ကို အခြေခံ၍ လူတစ်ဦးချင်းအဆင့်မှ နိုင်ငံတော်အဆင့်အထိ စိတ်ကျန်းမာရေးဝန်ဆောင်မှုများ ပိုမိုလက်လှမ်းမီလာစေရန်၊ တည်တံ့စေရန်နှင့် စနစ်တကျဖော်ဆောင်နိုင်ရန် ရည်ရွယ်ပြီး (၂) ရက်တာ ကျင်းပသွားမှာဖြစ်ပါတယ်။ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားနေသော ဒေသများ၊ ပြည်တွင်းရွှေ့ပြောင်းနေထိုင်ရသည့် ပြည်သူများနှင့် အရင်းအမြစ် ကန့်သတ်ထားခံရသည့် အခြေအနေများကို အလေးထား ဆွေးနွေးသွားမှာဖြစ်ပါတယ်။
ညီလာခံတွင် ဆွေးနွေးမည့် အကြောင်းအရာများ (၃) ဆင့်
အဆင့် (၁) လူတစ်ဦးချင်းအဆင့် စိတ်ကျန်းမာရေးစောင့်ရှောက်မှုရရှိနိုင်ရေး (Individual Access)
ဤအပိုင်းတွင် လူတစ်ဦးချင်းအနေဖြင့် စိတ်ကျန်းမာရေး ဝန်ဆောင်မှုများကို ရယူရာတွင် ကြုံတွေ့ရသော အခက်အခဲများနှင့် လက်လှမ်းမီစေရန် အထောက်အကူဖြစ်စေသည့် အချက်များကို အဓိကထား ဆွေးနွေးသွားမှာဖြစ်ပါတယ်။
- စိတ်ကျန်းမာရေး ပြဿနာများကို အစောပိုင်း သိရှိပြီး ကူညီနိုင်သည့် နည်းလမ်းများ
- Trauma-informed နှင့် ယဉ်ကျေးမှုအရ သင့်လျော်သော ကုသရေးနည်းလမ်းများ
- ပဋိပက္ခနှင့် ရွှေ့ပြောင်းနေထိုင်မှုကြောင့် ထိခိုက်ခံစားနေရသူများအတွက် စိတ်ကျန်းမာရေးထောက်ပံ့မှု
- အွန်လိုင်း သို့မဟုတ် အခြားနည်းလမ်းများမှတစ်ဆင့် စိတ်ကျန်းမာရေး ဝန်ဆောင်မှုရရှိနိုင်မှု
အဆင့် (၂) လူမှုအသိုင်းအဝိုင်းအဆင့် စိတ်ကျန်းမာရေးစောင့်ရှောက်မှုရရှိနိုင်ခြင်း
(Community Access) လူမှုအသိုင်းအဝိုင်းအတွင်း စိတ်ကျန်းမာရေး ပံ့ပိုးမှုများကို မည်သို့ ဖန်တီးနိုင်မည်၊ ဆောင်ရွက်နိုင်မည်နှင့် ရေရှည်တည်တံ့စေရန် မည်သို့ စီမံနိုင်မည်ကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။
- လူမှုအသိုင်းအဝိုင်းအခြေပြု စိတ်ကျန်းမာရေး ပံ့ပိုးမှုများ နှင့် Peer Support အဖွဲ့များ
- ကျောင်းနှင့် လူငယ်အဖွဲ့အစည်းများထဲတွင် စိတ်ကျန်းမာရေး ထည့်သွင်းဆောင်ရွက်ခြင်း
- စိတ်ကျန်းမာရေးနှင့် ပတ်သက်သည့် အယူအဆအလွဲများနှင့် ခွဲခြားဆက်ဆံမှုများ လျှော့ချရေး
အဆင့် (၃) နိုင်ငံတော်အဆင့် စိတ်ကျန်းမာရေး လက်လှမ်းမီမှု (National Access)
မူဝါဒရေးရာ၊ စနစ်တည်ဆောက်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ အချက်များက စိတ်ကျန်းမာရေး လက်လှမ်းမီမှုအပေါ် မည်သို့ သက်ရောက်နေသည်ကို အလေးထား ဆွေးနွေးသွားမှာဖြစ်ပါတယ်။
- စိတ်ကျန်းမာရေး မူဝါဒများကို လက်တွေ့တွင် အသုံးချခြင်း
- အခြေခံကျန်းမာရေးစနစ်ထဲတွင် စိတ်ကျန်းမာရေးကို ပေါင်းစည်းဆောင်ရွက်ခြင်း
- Donorများ နှင့် လုပ်ငန်းစဉ်များကို ချဲ့ထွင်နိုင်မည့် နည်းလမ်းများ
- ဒေသတွင်းနှင့် နိုင်ငံတကာအဆင့် ပူးပေါင်းဆောင်ရွက်မှုများ
ဘယ်သူတွေ တက်ရောက်သင့်လဲ?
- စိတ်ကျန်းမာရေးနယ်ပယ်မှ ပညာရှင်များ (Psychiatrists, Psychologists, Counselors, Social Workers)
- စိတ်ကျန်းမာရေးကို လေ့လာလိုက်စားလိုသူများနှင့် ကျောင်းသားများ
- လူထုအကျိုးပြုလုပ်ဆောင်နေသော Community Leaders များနှင့် NGO/CBO ဝန်ထမ်းများ
- မိမိနှင့် ပတ်ဝန်းကျင်ရှိ လူအများ၏ စိတ်ကျန်းမာရေးကို ကုစားရန် စိတ်ဝင်စားသူများ
- ပြည်တွင်းငြိမ်းချမ်းရေးနှင့် လူမှုဖွံ့ဖြိုးရေးအတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်အားဖြည့်လိုသူများ
ဒီညီလာခံကနေ ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲ?
- နိုင်ငံတကာမှ အသိအမှတ်ပြုခံထားရသော ပညာရှင်များဆီမှတစ်ဆင့် စိတ်ကျန်းမာရေးနဲ့ပတ်သတ်တဲ့ မှန်ကန်တဲ့ ဗဟုသုတတွေရရှိနိုင်ခြင်း။
- မြန်မာ၊ ထိုင်း၊ UK နှင့် USA ရှိ စိတ်ကျန်းမာရေးပညာရှင်များ ၊ Clinicians များ၊ Community Leaders များနှင့် တစ်နေရာတည်းမှာ တွေ့ဆုံခွင့်ရပြီး Networking ရယူနိုင်ခြင်း။
- ပဋိပက္ခဒေသများရှိ စိတ်ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်ဖြတ်နိုင်မည့် လက်တွေ့ကျသော နည်းလမ်းများကို လေ့လာခွင့်ရခြင်း။
- Hybrid format (In-person နှင့် Online) ဖြင့် ကျင်းပမည်ဖြစ်ပြီး Professional Interpretation များ ပါဝင်မည်ဖြစ်သောကြောင့် ဘာသာစကား အခက်အခဲမရှိ ပါဝင်နိုင်ခြင်း။
Registration Fees (Includes Lunch and Refreshments)
In-person Attendance : 200,000 Kyats, 1600 Baht, USD 50
Online Attendance: 160,000 Kyats, 1250 Baht, USD 40
Student Discount: 120,000 Kyats, 930 Baht, USD 30
ညီလာခံမှရရှိလာသော Funding များကို Jue Jue's Safe Space ကနေ နှစ်စဉ်ပြုလုပ်နေကြအတိုင်း စိတ်ကျန်းမာရေးအတွက် အမှန်တကယ် လိုအပ်နေသူများကို ကူညီပေးသည့်နေရာတွင် ပြန်လည်အသုံးပြုသွားမှာဖြစ်ပါတယ်။
စိတ်ဝင်စားတက်ရောက်ပါဝင်လိုသူများအနေနဲ့ အောက်ဖော်ပြပါ Registration Link မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါပြီ။ Register here: https://www.zeffy.com/en-US/ticketing/5th-annual-mental-health-conference
အသေးစိတ်သိရှိလိုပါက Jue Jue’s Safe Space Website (https://www.juejuessafespace.org) တွင် ဝင်ရောက်လေ့လာနိုင်သလို info@juejuessafespace.org သို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
English Version
Registration Open Now!
5th Annual Mental Health Conference 2026
Theme: Access to Mental Health Care
(လွယ်ကူမြန်ဆန်စိတ်ကုစားရန် - Access to Mental Health )
The 5th Annual Mental Health Conference, organized by Jue Jue's Safe Space, is back! With better mental health education topics and activities held annually, we will collaborate with the Foundation for Education Development (FED) this year to deliver an even more comprehensive and excellent conference.
As planned every year, this year's conference will include all essential aspects of mental health. Furthermore, the invited speakers are community leaders and community-based organizations working for public benefit, making this an international event.
Based on this year's theme, "Access to Mental Health Care," the conference aims to make mental health services more accessible, sustainable, and systematically achievable from the individual to the national level over the duration of two days. Special emphasis will be placed on discussing conflict-affected areas, internally displaced persons, and situations with limited resources.
Three Steps of Conference Discussion Topics:
Step 1: Individual Access to Mental Health Care
This section will focus on the challenges individuals face in accessing mental health services and the factors that can facilitate access.
- Early identification and intervention methods for mental health issues.
- Trauma-informed and culturally appropriate treatment approaches.
- Mental health support for those affected by conflict and displacement.
- Accessing mental health services online or through other alternative means.
Step 2: Community Access to Mental Health Care
This section will discuss how to create, implement, and sustainably manage mental health support within communities.
- Community-based mental health support and peer support groups.
- Integrating mental health into schools and youth organizations.
- Reducing misconceptions and stigma related to mental health.
Step 3: National Access to Mental Health Care
This section will emphasize how policy, systemic structure, and financial factors impact access to mental health care.
- Implementing mental health policies in practice.
- Integrating mental health into primary healthcare systems.
- Strategies for scaling up initiatives with donors.
Regional and international collaborations.
Who Should Attend?
- Professionals in the mental health field (psychiatrists, psychologists, counselors, social workers).
- Those interested in studying mental health and students.
- Community leaders and NGO/CBO staff working for public benefit.
- Individuals interested in supporting the mental health of themselves and those around them.
- Those wishing to contribute to domestic peace and social development.
What Benefits Can You Gain from This Conference?
- Gain accurate knowledge about mental health from internationally recognized experts.
- Opportunity to meet and network with mental health professionals, clinicians, and community leaders from Myanmar, Thailand, the UK, and the USA in one place.
- Learn practical methods to address mental health challenges in conflict areas.
- Conducted in a hybrid format (in-person & online) with professional interpretation, allowing participation without language barriers.
Conference Details
Dates: April 2nd and 3rd, 2026
Time: 8:30 AM to 4:30 PM (Thailand Time)
Venue: Holiday Garden Hotel, Chiang Mai, Thailand (in-person) & Zoom platform (online)
Registration Fees (Includes Lunch and Refreshments)
- Early Bird Discount (January 15-31) All tickets: 120,000 Kyats, 930 Baht, USD 30
- In-person Attendance: 200,000 Kyats, 1600 Baht, USD 50
- Online Attendance: 160,000 Kyats, 1250 Baht, USD 40
- Student Discount: 120,000 Kyats, 930 Baht, USD 30
Funds raised from the conference will be used, as per Jue Jue's Safe Space's ongoing mission, to help those genuinely in need of mental health support.
Interested participants can register via the following link:
Register here: https://www.zeffy.com/en-US/ticketing/5th-annual-mental-health-conference
For more details, please visit the Jue Jue’s Safe Space Website (https://www.juejuessafespace.org) or contact us at info@juejuessafespace.org.