Candle by Gorgeous May

Candle by Gorgeous May Internationally approved Third eye intuitive Oracle & Tarot Jury, Crystal Specialist, Mentor, Energy

🎁 မင်္ဂလာပါရှင့် Remedy လေးတွေနဲ့ ပတ်သက်ပြီး inquires တွေအရမ်းတက်နေတာမို့ လိုအပ်တာလေး တချို့ကို ဖော်ပြပေးလိုက်ပါတယ်ရှင့်...
03/01/2026

🎁 မင်္ဂလာပါရှင့် Remedy လေးတွေနဲ့ ပတ်သက်ပြီး inquires တွေအရမ်းတက်နေတာမို့ လိုအပ်တာလေး တချို့ကို ဖော်ပြပေးလိုက်ပါတယ်ရှင့် Available only @ Tarot Queen Gorgeous & Oracle Queen Gorgeous 990

🎁 လတ်တလောမှာတော့ စအပ်တဲ့ရက်ကနေ စောင့်ဆိုင်းကြာချိန် Waiting 15 days စောင့်ရမှာဖြစ်ပြီး Client လိုချင်တဲ့ Client အပ်တဲ့ remedy ခေါင်းစဉ်အလိုက် လိုအပ်တာတွေ အားလုံးကို ကျွန်မဘက်က စောင့်ဆိုင်းကြာချိန် ၁၅ ရက် အတွင်းမှာ အသေးစိတ် တွက်ချက်စီစဉ်ပြီးနောက် အပြည့်စုံဆုံး အရှင်းလင်းဆုံး provide လုပ်ပေးသွားမှာဖြစ်ပါတယ်ရှင့်

🎁 Payment လွှဲပြီးနောက် waiting 15 days ဖြစ်ပြီး စစုံစမ်းတဲ့နေ့ကနေ စတွက်မှာမဟုတ်ပါဘူးရှင့်

🎁 Energy Exchange Fees ကတော့ Remedy Category တစ်ခုအတွက်ကို Package အသစ် စတင်မိတ်ဆက်နှုန်း 500 Baht/70,000 MMK ပဲ သတ်မှတ်ပေးထားပါတယ်ရှင့်

🎁 January Special Offer ဖြစ်တဲ့အတွက် တချို့ဆိုရင် တစ်ယောက်တည်း ၅ ခုတောင် အပ်သွားတယ်ရှင့်

🎁 Remedies ဆိုတာ တကူးတက ဖန်တီးလုပ်ယူထားတဲ့ Spell မဟုတ်သလို Magic လည်းမဟုတ်ပါဘူးရှင့်

🎁 ဥပမာပြောရရင် လည်ချောင်းနာနေတဲ့လူတစ်ယောက်ကို remedy အနေနဲ့ ပျားရည်ရယ် သံပုရာသီးရယ် ရေနွေးနွေးလေးရယ် ဖျော်ပြီးတိုက်လိုက်ရင် သက်သာသွားသလိုမျိုးပေါ့

🎁 2026 New Releases Package 🍀Lighten up You Life with Remedies Service Packages 🍀

🎁 Black/Grey/ White Spell တွေ Magic တွေ Abracadabra ဆိုတာတွေက အရှိန်ပြယ်ရင် နဂိုပြန်ဖြစ်သွားတတ်တဲ့ တမင်သက်သက်လုပ်ယူထားတာတွေပါ (Cinderella လို ည ၁၂ နာရီကျော်ရင် ရွှေဖရုံသီးပြန်ဖြစ်မှာမျိုးလေ)

🎁 Remedy ဆိုတာက အဲဒါတွေ မပါဘဲ သဘာဝ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ သဘာဝပစ္စည်းတွေရဲ့ သဘာဝထက်မြက်တဲ့စွမ်းရည်ကို ပေါင်းစပ်အသုံးချပြီး herbalism ပိုင်းရယ် FengShui ပိုင်းရယ်တင်မက Vedic Astro ပိုင်းတွေပါရောပြီး Do’s & Don’ts ကို ပေါင်းစပ် manipulation လုပ်လိုက်ရင် အစွမ်းဓာတ်အာနိသင်ထက်မြက်တဲ့ Remedies တွေရပါတယ်ရှင့် (ဟိုနေ့က ကျွန်မရေးပေးခဲ့တဲ့ ၂၀၂၆ အတွက် ဆောင်ရန်ရှောင်ရန် post မှာ remedies တွေအများကြီးပါပါတယ်နော်)

🎁 တစိယောက်နဲ့ တစ်ယောက် DNA တွေ Energy တွေမတူတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် သိသာပြီးအစွမ်းထက်တဲ့ Remedy ချင်းလည်း မတူနိုင်ပါဘူးရှင့်

အခု 🍀 Lighten up your Life with Remedies Packages 🍀 တွေမှာလည်း Specialization လမ်းကြောင်းတစ်ခုချင်းစီအလိုက် ကာယကံရှင် Client ကိုယ်တိုင် စနစ်တကျတိတိကျကျ လုပ်ရမယ့် remedies တွေကို ကျွန်မက သေချာလေး တစ်ချက်ချင်းစီ ပြောပြပြီး ဘဝကို ပြောင်းလဲပေးမှာပါရှင့်

Available Packages

💖 Remedies for SelfLove
❤️ Remedies for True Love
🐦‍🔥 Remedies for Self Healing
🌸 Remedies for Beauty
🦋 Remedies for Transformation
🍀 Remedies for Money Blockage Removal
🩶 Remedies for Toxic Person Removal
💗 Remedies for Family Problems
💙 Remedies for Better Health
💜 Remedies for Better Life
💚 Remedies for Money Magnet
🧡 Remedies for Third Party Removal
🤍 Remedies for Inner Peace

💓💓💓 2023 မှာ Gorgeous Students သီးသန့် Remedies for Better Life ဆိုတဲ့ Herbalism & Mini FengShui ဘာသာရပ်အတန်းဖွင့်ပေးခဲ့တုန်းကလည်း သင်ပေးခဲ့သမျှ သင်ခန်းစာတိုင်းက လက်တွေ့ဘဝမှာ ဘယ်လိုအသုံးဝင်ပြီး ရက်ပိုင်းလေးနဲ့ သိန်းရာ သိန်းထောင်ချီ ရှာနိုင်ခဲ့ကြောင်း၊ ဘယ်လိုတွေ ကံအခြေအနေပြောင်းသွားကြောင်း အတန်းသူ၊ အတန်းသားတွေခဏခဏ ပြန်လာ feedback ပေးကြတဲ့အတန်းလေးထဲက လက်တွေ့ Remedies သင်ခန်းစာတွေကို ဆရာမ ကျွန်မကိုယ်တိုင် တစ်ယောက်ချင်းစီအတွက် လိုအပ်သလို manipulate လုပ်ပြီး Customize ထုတ်ပေးမှာပါရှင့် 2024-2025 ၂ နှစ်ဆက်တိုက် ကျောင်းသူတွေ အရမ်းတောင်းဆိုကြပေမဲ့ အတန်းသစ် မဖွင့်ပေးနိုင်ခဲ့ဘူးဆိုတာ ပညာရပ်ပိုင်းဆိုင်ရာ ပိုပြီး ပြည့်စုံလေးနက်ပြီး အစွမ်းထက်မြက်စေဖို့ စာတွေ စဉ်ဆက်မပြတ်ထပ်ဖတ်မှတ်လေ့လာနေရလို့ပါနော်💓💓💓

🎁အခုတော့ Public မှာ Service အဖြစ်ထည့်နိုင်လောက်အောင်ကို ကျေနပ်ပြီဖြစ်တဲ့အတွက် 2026 New Releases Package လေးအဖြစ် Official Announce လုပ်ပါတယ်ရှင့်

💗💗💗 Remedy Spot အတွက် ကန့်သတ်လူဦးရေ ပြည့်ဖို့ သိပ်မလိုတော့တာမို့ January Offer လေး ပေးထားတုန်း ယူထားပေးနော်💗💗💗

❤️ သန်မာတယ်ဆိုတာ Mentally, Emotionally, Energetically တင်မက Physical ပိုင်းပါ Strong ဖြစ်နေဖို့ လိုအပ်ပါတယ် ❤️ ကျွန်မတို...
01/01/2026

❤️ သန်မာတယ်ဆိုတာ Mentally, Emotionally, Energetically တင်မက Physical ပိုင်းပါ Strong ဖြစ်နေဖို့ လိုအပ်ပါတယ်

❤️ ကျွန်မတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာဖြစ်တဲ့ trauma တွေက ကျွန်မတို့ရဲ့ astral body မှာ ကိန်းအောင်းနေရင် soul contract မှာသိမ်းထားရုံတင်မက physical body ခန္ဓာကိုယ်မှာလည်း အကုန် သိမ်းထားမိရက်သားဖြစ်နေတတ်ပါတယ်

❤️ ဒီနေ့ 1.1.2026 မှာ ဘယ်လိုပဲ မျိုးစုံဘက်ပေါင်းစုံက အနှောင့်အယှက်ဝင်ပြီး ဖျက်ပါစေ(မနေ့က post ကို စ ရေးကတည်းက ထိုးကိုက်နေတဲ့ခေါင်းက အခုချိန်ထိကို မသက်သာတာပါ) New Year, New Mission အဖြစ် မရ ရအောင်ကို Boxing သွားထိုးပါတယ်

❤️ Pro သမားတစ်ယောက်လို အရမ်းပုံမကျသေးပေမဲ့ လုပ်နိုင်တယ်ဆိုတာနဲ့တင် ကျေနပ်တယ်ရယ်

❤️ 2025 မှာ ကျွန်မ မလုပ်ဖြစ်တာကြာပြီဖြစ်တဲ့ အရာတွေအများကြီး ပြန်လုပ်ဖို့ to do list ထည့်ထားပေမဲ့ ဆယ်နှစ်နီးပါးနားထားတဲ့ ရေကူးတာကို လုံးဝ ပြန်မလုပ်ဖြစ်သေးပေမဲ့ 2024 June မှာထဲက စမလုပ်ဖြစ်တော့တဲ့ Yoga, Zumba & Workout ကို အစပြန်လုပ်ဖြစ်ပါတယ်

❤️Spiritual ပညာရပ်ပိုင်းဆိုင်ရာမှာလည်း သင်ထားပေမဲ့ လက်တွေ့အသုံးမချဖြစ်တာကြာနေတဲ့ Vedic Astro + Numerology ပိုင်းရယ် Herbalism ပိုင်းနဲ့ FengShui ပိုင်းတွေကို ပြန်ဖတ်မှတ်လေ့လာမိရုံတင်မက လက်တွေ့ဘဝနဲ့ reflect လုပ်ပြီး အမြဲ လက်တွေ့အသုံးချနေတဲ့ therapeutics ပိုင်းနဲ့ soul contract ပိုင်းကို အရမ်းအားသာခဲ့ပါတယ်

❤️ ဒါကြောင့်လည်း go with the flow ပိုင်းမှာ let go လုပ်ရမယ့်အရာတွေ let go လုပ် surrender ချရမယ့်အရာတွေကို surrender ချရင်း out of control ဖြစ်နေတဲ့အရာမှန်သမျှကို ကျောခိုင်းပစ်နိုင်ခဲ့တာ တကယ့် Victory ကြီးပါ

❤️ တစ်နေ့ကို ခြေလှမ်း ၁၀,၀၀၀ နီးပါး နေ့တိုင်းနီးပါးပြန်လျှောက်နိုင်ခဲ့တယ် (တစ်ပတ်ကို တစ်ရက်ကတော့ ခြွင်းချက်မရှိ လုံးဝနားပါတယ်)

❤️ ဒါတွေဘာကြောင့် လုပ်နေလဲဆိုရင် Spiritual Leader/ Mentor/ Guardian တစ်ယောက်အနေနဲ့ Energetically, Mentally, Emotionally, Physically Strong ဖြစ်ဖို့ လိုအပ်လို့ဆိုတာထက် SelfLove အတွက်၊ ကိုယ့်အတွက်၊ ကိုယ့်ကျန်းမာရေး၊ ကိုယ့်ခန္ဓာကိုယ်အတွက် လုပ်နေတာတွေပါ

❤️ ဒီနေရာမှာ ပြောချင်တာကလေ ကျွန်မနဲ့ အပြင်မှာ သေချာတွေ့ဖူး၊ ခရီးထွက်ဖူး၊ ညစာအတူစားဖူးတဲ့ တပည့်တိုင်းက ကျွန်မရဲ့ body structure, facial structure, complexion ကိုအကုန် သေချာသိတဲ့အတွက် ကျွန်မ ဘယ်လောက်အထိ SelfLove အားကောင်းတယ်ဆိုတာ သူတို့သိကြပါတယ်

❤️ ကာယကံရှင်ရဲ့တကယ့် personal life အပြင်ဘဝကို တကယ်မသိဘဲ ထင်ချင်ရာထင်၊ ပြောချင်ရာပြောတဲ့ social media မှာ ဒါကို ကျွန်မကိုယ်တိုင်တင်မှသာ page audience သိခွင့်ရကြမှာပါ

❤️ 2020 Approved Reader စဖြစ်မှ ဖွင့်ခဲ့တဲ့ page လေးဖြစ်တာမို့လည်း Approved မဖြစ်ခင် သင်ယူခဲ့ရတဲ့ပညာရပ်တွေ နှစ် ၂၀ နီးပါးလျှောက်လှမ်းခဲ့ရတဲ့ ခရီးလမ်းအရှည်အလျားတွေကို မသိဘဲ လိုင်းပေါ် ပေါက်ပန်း ၄၀ ပြောဖို့ဆိုတာက သိပ်လွယ်တယ်လေ

🙄 ဟိုးအရင် ၂၀၂၀ page စထောင်ခါစကဆို တချို့သော hate speech သမားတွေက ကျွန်မကိုမြင်လည်းမမြင်ဖူး၊ မြင်ဖူးဖို့အခွင့်တောင်မရှိဘဲ ရုပ်ဆိုးဆိုး အသားမည်းမည်း ဝဝပုပု စည်ပိုင်းခန္ဓာနဲ့ ကုလားမဆိုပြီး ဘာညာလျှောက်ပြောကြတုန်းက သူငယ်ချင်းတစ်ယောက် လာပြောပါသေးတယ် အဲ့လို မဟုတ်တန်းတရားပြောတဲ့သူတွေကိုယ်တိုင်ရဲ့ တကယ့်အပြင်ပုံစံကမှ သူတို့ ကျွန်မကို ဝိုင်းပြော သမုတ်နေကြတဲ့ပုံစံဖြစ်နေတာလေ

❤️ Result တစ်ခုလိုချင်ရင် လိုချင်တာထက် ပိုကြိုးစားမှကို ဖြစ်မှာပါနော် ထိုင်နေရုံနဲ့ စာလည်းမတတ်သလို body လည်း မလှလာပါဘူးရှင်

🌸 2026 နှစ်သစ်အတွက် ဆောင်ရန်ရှောင်ရန်များ 🌸🎁ကံစပ်သူများသာ ဒီ post ကို တွေ့ရမှာမို့ ဒီ post လေးကို မြင်ပြီဆိုရင် ဒါလေးတွေ...
31/12/2025

🌸 2026 နှစ်သစ်အတွက် ဆောင်ရန်ရှောင်ရန်များ 🌸

🎁ကံစပ်သူများသာ ဒီ post ကို တွေ့ရမှာမို့ ဒီ post လေးကို မြင်ပြီဆိုရင် ဒါလေးတွေ လုပ်ပေးသင့်ပါတယ်🎁

2026 နှစ်မကူးခင်မှာ ဘာတွေ ပြင်ထားရမလဲ (၁၂ ရာသီခွင် သားသမီးတိုင်း လုပ်လို့ရပါတယ်)

🐦‍🔥1.1.2026 မနက်ခင်းစောစော နိုးနိုးချင်းမှာ ပျားရည်လို ချိုတဲ့အစားအစာတစ်ခု မဖြစ်မနေ စားပေးရပါမယ် (နေမွန်းလွဲ မတိုင်ခင်မှာ ခါးသက်တဲ့အစားအစာမျိုး လုံးဝ မစားသင့်ပါဘူးနော်)

🐦‍🔥 နှစ်တစ်နှစ်ရဲ့ အစကနဦးပထမနေ့မှာ ပိုက်ဆံအိတ်ထဲ သစ်ကြမ်းပိုးခေါက် (အမှုန့်မဟုတ်) ကို ထည့်ယူသွားပေးပါနော်

🐦‍🔥 ပိုက်ဆံအိတ်ထဲမှာရှိတဲ့ သိမ်းထားသမျှသော ငွေပြေစာအကုန် ထုတ်ပေးထားဖို့လိုပါမယ် ဓာတ်ပုံ အပြဲအစုတ်တွေလည်း မသိမ်းထားသင့်ပါဘူး

🐦‍🔥 တစ်ခုခုလိုအပ်တာရှိခဲ့ရင် မနက်စောစော နေမထွက်ခင်၊ နေအထွက်မှာ အရှေ့ဘက်အရပ်ကို မျက်နှာမူပြီး ဆုတောင်းတစ်ခု (တစ်ခုထက်ပိုလို့မရပါ) ဆုတောင်းနိုင်ပါတယ် ၂၀၂၆ အကူး ညဘက်မှာတော့ ဆုတောင်းလို့ အဆင်မပြေပါဘူးနော်

🐦‍🔥 မနက်စောစော Sunrise မှာ တစ်မိနစ်ခန့်အနည်းဆုံး နေရောင်ခံပြီး Blessing ကိုခံယူပေးသင့်ပါတယ်

🐦‍🔥 Saturn ရဲ့ Blessing ကိုရဖို့အတွက် နှမြောတွန့်တိုမိခြင်း၊ ပြီးဆုံးခဲ့ပြီးသား အတိတ်မှာ တဝဲလည်လည် နောင်တရခြင်း၊ တစ်စုံတစ်ယောက်အပေါ် မနာလိုဝန်တိုစိတ်မွေးခြင်းတို့ကို ရှောင်ကြဉ်ပြီး စိတ်နှလုံးကို ဆင်ကြယ်စွာထားပါ မနက်စောစော အမွှေးနံ့သာများ ပူဇေယ်ပြီးနောက် Meditation လုပ်ပြီး Aura Cleansing လုပ်ပေးနိုင်ပါတယ်

🐦‍🔥 North Node ရဲ့မပြီးပြတ်သေးတဲ့ ကြွေးမြီတွေကို ရှင်းလင်းဖို့အတွက် ၂၀၂၅ တောက်လျှောက်မြင်ခဲ့ရတဲ့ အတု၊အစစ် ကွဲပြားမှုတွေကို ပြုပြင်ယူဖို့ မကြိုးစားဘဲ မျက်နှာဖုံးအောက်က အတုအယောင်လူတွေအတွက် အလွန်အမင်းကြိုးစားအားထုတ်ခြင်း၊ ကိုယ့်အတွက် မရှိတဲ့သူအပေါ် အလွန်အမင်းတွယ်တာလွန်းခြင်းတွေကို ရပ်တံ့ပစ်ရပါမယ် တစ်ဖက်သူက ဘယ်လိုပဲ အတင်းအဖျင်းတွေ သွားပုပ်လေလွင့်ပြောပါစေ ကိုယ့်ဘက်ကလည်း သူများအတင်းပြန်မပြောမိဖို့အရေးကြီးပါတယ်

🐦‍🔥 ခံစားချက်အကြွင်းအကျန်များနှင့် အတင်းအဖျင်းများရဲ့ရိုက်ခတ်မှုဒဏ်ကို ကြာရှည်သိမ်းဆည်းခံစားခြင်းက Moon Energy ကို ထိခိုက်စေတာမို့ ဆားရည်နဲ့ ရေချိုးပစ်ပြီးနောက် စိတ်ရဲ့အညစ်အကြေးမှန်သမျှကို ဒီရေနဲ့အတူ ဆေးကြောသန့်စင်လိုက်ပြီလို့ intention သွင်းပေးပြီး cleanse လုပ်နိုင်ပါတယ်

🐦‍🔥 Jupiter ရဲ့ ကံအထောက်အပံ့တင်မက Blessing ကိုပါရစေဖို့တော့ January 1 ရက်နေ့မှာ သက်ဆိုင်ရာဘာသာရေးအဆောက်အဦးတစ်ခုဆီမှာ အဝါရောင်မုန့်အချိုလှူတာမျိုး၊ အုတ်လှူပေးတာမျိုး လုပ်ပေးရပါမယ်

🐦‍🔥 Sun ရဲ့ Energy အထောက်အပံ့ရစေဖို့အတွက် January 1 ရက်နေ့ကနေ 11 ရက်နေ့အထိ ၁၁ ရက်တိတိ နေမွန်းမလွဲခင်မှာ ရေ တစ်နေ့တစ်ခွက် ကပ်လှူပေးရပါမယ်

🐦‍🔥 ညဘက်မှာ မီးပူဇော်ချင်ရင် သဘာဝဆီနဲ့ ဆီမီးပူဇော်ပေးလို့ရပေမဲ့ သဘာဝမဟုတ်တဲ့ chemical တွေနဲ့ ပူဇော်တာမျိုး လုံးဝ ရှောင်ရပါမယ် (ထောပတ်ဆီ၊ မုန်ညင်းဆီ သုံးရင် အရမ်းကောင်းပါတယ်)

💕 2025 အကုန် 2026 အစ လုပ်ရမယ့်အရာများ 💕

💙 မွေးရက် 1,10,19,28 မွေးသူများ

💙 နေမွန်းမတည့်ခင် ငွေထည်ပစ္စည်းတစ်ခုကို ဝတ်ဆင်ဖို့ မမေ့ပါနဲ့ ၂၀၂၆ တစ်နှစ်လုံးစာ ကံကောင်း၊ ကံဆိုးက ဒီငွေထည်လေးအပေါ် မူတည်နေပါတယ်

💚 မွေးရက် 2,20, 11, 29 မွေးသူများ

💚 December 31st ညကနေ January 1st အကူး ညမှာ ကိုယ်အိပ်မယ့်နေရာရဲ့ဘေးမှာ ဖန်ခွက်တစ်ခွက်အပြည့်ရေတစ်ခွက်ထည့်အိပ်ပြီး နေမွန်းတည့်ပြီးမှ သွန်ပေးရပါမယ်

💜 မွေးရက် 3, 12, 21, 30

💜 မွန်းမလွဲခင် မနက်ပိုင်းမှာ လမ်းမှာတွေ့တဲ့ကလေးတစ်ယောက်ကို အဝါရောင်မုန့်ဝယ်ကျွေးဒါနပြုရပါမယ် Jupiter ရဲ့ စွမ်းအင်ကို အပြည့်အဝရရှိခံစားကံထူးစေမှာပါ

🩶 မွေးရက် 4, 13, 22, 31

🩶 နှစ်သစ်ရက်အစမှာ ပိုက်ဆံအိတ်အသစ်လဲပေးရပါမယ်

🧡မွေးရက် 5, 23, 14

🧡အမုန်းဆုံးလူတစ်ယောက်ထက် အချစ်ဆုံးလူတစ်ယောက်အကြောင်းစဉ်းစားပြီး သူ့အတွက်အဖြစ်စေချင်ဆုံးအရာတစ်ခုကို စာရွက်အဖြူတစ်ရွက်ပေါ် ချရေးလိုက်ရုံပါပဲ ဒီနှစ်မှာ Mercury ရဲ့ Blessing ကို အပြည့်အဝရမှာပါ

💖 မွေးရက် 6, 15, 24

💖 ဒီနေ့တစ်ရက်တော့ ပြင်ချင်ချင်မပြင်ချင်ချင် အလှပဆုံး ဝတ်စားပြင်ဆင်ပေးပါနော် ဒီနှစ်မှာ Venus ရဲ့ Blessing ကို အပြည့်အဝကိုရမှာပါ

🩵 မွေးရက် 7, 16,25

🩵 အလင်းတိုင်တစ်တိုင် သေချာပူဇော်ပြီး တစ်တိုင်စာကာလပတ်လုံး စိတ်ရဲ့ အေးချမ်းရာကို ထိုင်ရှာဖွေပေးပါနော် South Node activate ဖြစ်မယ့်နှစ်မို့ အေးချမ်းစွာ အစပြုနိုင်ဖို့ အရေးကြီးပါတယ်

🤍မွေးရက် 8, 17,26

🤍 ဒီနှစ်က Saturn ရဲ့ ကျီစယ်တာကို ခံရမယ့်နှစ်ဖြစ်နေတော့ စောစောစီးစီး မုန်ညင်းဆီလေးလှူပေးပြီး ကံလေးဆယ်ထားရအောင်နော်

❤️ မွေးရက် 9, 18, 27

❤️ ကဲ Mars ရဲ့ အစအနောက်ကျီစယ်မှုတွေက ငုတ်တုတ်ထိုင်နေတဲ့သူတွေအပေါ် ပိုကြမ်းတမ်းရက်စက်တာမို့ နှစ်သစ်ရဲ့ရက်အစမှာ သွက်သွက်လက်လက် လှုပ်လှုပ်ခတ်ခတ်လေး workout လုပ်ပြီး စလိုက်ကြရအောင်နော်

Astro ပိုင်းများကို Western+ Hindustan+ Vedic ပိုင်း ပညာရပ် ၃ ပိုင်းပေါင်းပြီး တွက်ချက်ပေးထားသလို လိုအပ်တဲ့ herbalism ပိုင်း FengShui ပိုင်းတွေပါ အကုန်ထည့်ကြည့်ပေးထားပါတယ် Oracle Confirmation လေးတွေ ယူပေးထားပေမဲ့ အချိန်သိပ်မရတာမို့ ဒီလောက်ပါပဲရှင်

💓 Feel Free to Share 💓

🦋❤️ Intuition & Energy can’t be faked 🦋❤️
🌻May NiNi Oo🌻 Gorgeous 990🌻
🌻🍀🦋

💖 လူသားတစ်ယောက်ဖြစ်လာပြီးတဲ့နောက် တစ်စုံတစ်ဦး ဒါမှမဟုတ် တစ်စုံတစ်ခုကို နှောင်တွယ်တတ်တယ်၊ သဘောကျမိတယ် ပြီးတော့ တွယ်တာ လာက...
30/12/2025

💖 လူသားတစ်ယောက်ဖြစ်လာပြီးတဲ့နောက် တစ်စုံတစ်ဦး ဒါမှမဟုတ် တစ်စုံတစ်ခုကို နှောင်တွယ်တတ်တယ်၊ သဘောကျမိတယ် ပြီးတော့ တွယ်တာ လာကြတယ် ပိုင်ဆိုင်ရဖို့ကြိုးစားလာကြတယ်

💗 ဒါဟာ အမှားတစ်ခုမဟုတ်နေပါဘူး ပုံမှန်ပါပဲ ခံစားချက်တစ်ခုရဲ့ တွယ်ငြိရာတစ်ခုကို လူတိုင်း ရှာဖွေတတ်ကြသလို ရှာဖွေတွေ့ရှိတဲ့အချိန်မှာလည်း အတတ်နိုင်ဆုံး ဖမ်းဆုပ်ပြီးကာကွယ်စောင့်ရှောက်ကြတာ လူသားတိုင်းရဲ့ အကျင့်ပဲလေ

🩵 ဒါပေမဲ့ ဘယ်နေရာမှာ စ မှားသလဲသိလား ကိုယ့်အတွက်မဟုတ်တဲ့၊ ကိုယ့်အပေါ် စိတ်ရင်းမမှန်တဲ့၊ ကိုယ့်အပေါ်မှာ ကိုယ်နဲ့ထပ်တူထပ်မျှ မေတ္တာမတုံ့ပြန်နိုင်တဲ့၊ ကိုယ့်ကိုမရွေးချယ်တဲ့သူအပေါ်မှာ ခံစားချက်တွေ မှားယွင်းစွာ ထားနေမိတာက လုံးဝကို မှားတာပါပဲ

❤️ ကိုယ့်အတွက်ဟုတ်မနေတဲ့၊ ကိုယ်နဲ့ထပ်တူထပ်မျှ အတွေးရှိမနေတဲ့သူတစ်ယောက်ကို ဘယ်တော့မှ ကိုယ့်အပိုင်ဖြစ်ဖို့ မကြိုးစားလေနဲ့ ဒီနေရာမှာပြောချင်တာက ၅၂၈ မေတ္တာရော၊ ၁၅၀၀ မေတ္တာရော ပါပါတယ် အိမ်ထောင်ဖက်မှမဟုတ် မိတ်ဆွေ၊ သူငယ်ချင်းအပေါင်းအသင်း၊ ညီအစ်မ၊ မိဘတွေပါအကုန်ပါပါတယ်

🧡 ကိုယ့်မှာရှိသမျှအကုန်ထုတ်ပေးပြီး စည်းစိမ်တွေပြုတ်သွားရင်တောင်မှ သူ့စိတ်က ကိုယ့်ဆီမှာမရှိတဲ့အတွက် နင့်ဘေးနားနေရတာမပျော်ဘူး နင်ကအရမ်း ချုပ်ချယ်တယ် ဘာညာနဲ့ အကြောင်းပြချက်မရ ရအောင်ရှာပြီး ဒါမှမဟုတ် ကိုယ့်အားနည်းချက်တွေကို အရှိုက်ထိအောင် ချနင်းပြီး ထွက်သွားမှာပါပဲ

💙 ၂၀၁၈ လောက်က ထင်ပါတယ် CA Civil War ကိုကြည့်တော့ အစပိုင်းကတော့ သိပ်မခံစားခဲ့ပေမဲ့ ၂၀၂၄ လောက်မှာ ပြန်ကြည့်တဲ့အချိန်မှာ ကိုယ်ချစ်ခင်ယုံကြည်ရတဲ့သူက ကိုယ်နဲ့ တခြားတစ်ယောက်ယှဉ်ရွေးဖို့ ကြုံလာခဲ့ရင် တစ်ဖက်သူ safe ဖြစ်ဖို့အတွက် ကိုယ့်အပေါ် ချနင်းသွားပြီး အသက်ကိုတောင် ရန်ရှာသွားတဲ့ ခံစားချက်ကို တော်တော် နားလည်ကိုယ်ချင်းစာသွားခဲ့တယ်

🩶 Captain America တစ်ယောက် သူ super soldier serum မထိုးခင် အနှိမ်ခံဘဝက တစ်ယောက်တည်းသောရှိတဲ့ သူ့သူငယ်ချင်း Bucky နဲ့ တစ်မိုးအောက်တစ်ယောက် Iron Man အကြိတ်အနယ်ရန်ဖြစ်တဲ့အချိန်မှာ Bucky ဘက်က အတင်းကာကွယ်ခုခံပေးပြီး Iron Man ကို သတ်ပုတ်ရန်ရှာတဲ့အချိန်မှာ ပြောတဲ့ဇာတ်ဝင်ခန်းလေးတစ်ခုပေါ့ CA က Bucky က ငါ့သူငယ်ချင်းမို့လို့ပါကွာဆိုပြီး IM ကိုပြောတဲ့အချိန် IM ပြန်ပြောတဲ့စကားလေးက နင့်ကနဲပါပဲ (ငါလည်း နင့်သူငယ်ချင်းပဲလေ) ...

🤍 ဆိုတော့ CA ဘက်ကတော့ ၂ ယောက်ယှဉ်လာခဲ့ရင် နင်ဘာဖြစ်ဖြစ်၊ အသက်သေသေ၊ Bucky safe ဖြစ်ဖို့အတွက် နင့်အားနည်းချက်ကို ငါချနင်းသင့်ရင် နင်းရမှာပဲဆိုတဲ့သဘောချိုးသွားခဲ့ပေမဲ့ ကျန်ခဲ့တဲ့ Ironman ကတော့ တစ်စစီကျိုးပဲ့လို့ပေါ့

(စကားချပ် SuperHero တွေထဲ ဟိုးနဂိုမူလထဲက ဘယ်လောက်ပဲ ဇာတ်နာပေးထားပါစေ ကျွန်မ မကြိုက်ဆုံးက Cap ပါ... Ironman fan လည်းမဟုတ်ပေမဲ့ endgame ထဲက သူ့ရဲ့ sacrifices ကိုတော့ တကယ်လေးစားမိပြီး Civil War ထဲက သူ့အဖြစ်ကိုလည်း ငါသာ သူ့နေရာမှာဆိုတဲ့စိတ်နဲ့ တကယ်ကိ်ုယ်ချင်းစာသနားမိတာ)

❣️တကယ်ကိုယ့်ဘေးနားနေချင်စိတ်ရှိတဲ့သူဆိုတာ တကူးတက ခခယယဆွဲထားစရာလည်းမလိုသလို ဘာတွေဘယ်လို ပြုစုယုယပါမယ်ဆိုပြီး သူ့မျက်နှာရိပ်ပဲကြည့်နေပြီး ရေပူရေချမ်းလည်း ကမ်းပေးနေစရာမလိုဘူးရယ် အလားတူပဲ ကိုယ့် နာကျင်မှုတွေ အားနည်းချက်ကိုလည်း နောက်ပြောင်ပြီးတောင် ဆားမဖြူးဘူး

💚 လွှတ်ပေးလိုက်လို့ လွတ်ထွက်သွားမယ့် လက်ဆိုတာ သိနေပြီးနောက်တော့ ဘာကိစ္စနဲ့ အစကတည်းက တောက်လျှောက် time & energy အပြင် money ပါအကုန်ခံပြီး ရိုကျိုးခယအတင်းဆွဲထားကြရတာလဲနော်

🍀🍀🍀 ဒီစာလေးက ရေးထားတာကြာပြီရယ် အခုမှဘာလို့တင်ဖြစ်လဲဆိုတော့ ၂၀၂၅ ကုန်ခါနီးမှာ မြွေအရေခွံလဲရင်း ၂၀၂၆ အတွက် မလိုအပ်တဲ့ အတုအယောင်တချို့တုန်ဆင်းကွာကျသွားပုံကို မြင်ပြီး ကိုယ့်ကိုယ်ကိုယ်လည်း ပြန်သတိပေးရင်း page က audience အတွက် တင်ပေးလိုက်ပါတယ်ရှင့် Civil War ကို 2025 မှာ ပြန်ကြည့်မိတော့လည်း ပိုပိုနားလည်သဘောပေါက်ပြီး အရမ်းကို ပိုမြင်လာခဲ့တယ် 🍀🍀🍀

💗 သူများတွေတော့ ဘယ်လိုနေမလဲမသိပေမဲ့ ကျွန်မအတွက်ကတော့လေ ကိုယ်မှတ်မိစွဲထင်နေတဲ့ အစားအသောက် အရသာတစ်ခုပြောင်းလဲသွားရင်တို့၊ ...
23/12/2025

💗 သူများတွေတော့ ဘယ်လိုနေမလဲမသိပေမဲ့ ကျွန်မအတွက်ကတော့လေ ကိုယ်မှတ်မိစွဲထင်နေတဲ့ အစားအသောက် အရသာတစ်ခုပြောင်းလဲသွားရင်တို့၊ လူတစ်ယောက်က ကိုယ့်အပေါ် ဆက်ဆံပုံ၊ ဆက်ဆံနည်း၊ စိတ်နေစိတ်ထား Energy ပြောင်းသွားရင်တို့ဆို အရမ်းသိတာရယ်

💗 သိသွားတဲ့နောက်မှာလည်း ရူးချင်ယောင်မဆောင်နေတတ်သလို မသိသလိုလည်း မနေနေတတ်ဘူး ချက်ချင်းလက်ငင်းကို ရှင်းတာရယ်

💗 မှတ်မှတ်ရရ ဒီနေ့တင် အရသာကို စွဲမြဲစွာမှတ်မိနေလို့ တကူးတကကို သွားစားတဲ့ စားသောက်ဆိုင်တစ်ဆိုင်ရဲ့ လက်ရှိအရသာက ကိုယ်တစ်ချိန်က memory အဖြစ်သိမ်းထားမိပြီး ကိုယ် သတိရမိတဲ့ အရသာလုံးဝ ဟုတ်မနေခဲ့ဘူးရယ်

💗 အရင်တစ်ချိန်က မက်မက်မောမော စွဲလန်းစွာစားခဲ့ဖူးတဲ့ အရသာကို လိုချင်လို့ မျှော်လင့်တကြီး သွားစားမိကာမှ အရင်ကရှိခဲ့ဖူးတဲ့ အမှတ်တရဖြစ်ရတဲ့ အရသာဟောင်း memory ပါ ပျက်သွားရောရယ်

💗 တကယ်တမ်းတော့ အရသာဟောင်းကြောင့်သာ ဒီဆိုင်ရဲ့ Signature လိုဖြစ်နေပြီး တကူးတကသွားစားမိပေမဲ့ အခုစားလာခဲ့ရတဲ့အရသာလိုသာဆို ကျွန်မ လုံးဝ သွားစားဖြစ်မှာမဟုတ်ဘူးရယ်

💗 စျေးနှုန်းတွေ ပါဝင်တဲ့ portion တွေ Service တွေထက် ကိုယ်လိုချင်တန်ဖိုးထားပြီး သတိရတမ်းတမိတဲ့အရာက သူ့ဆိုင်ရဲ့ အရသာဖြစ်နေတဲ့အတွက်၊ သူ့ဆိုင်ကနေ ကျွန်မ လိုချင်တဲ့ တစ်ခုတည်းသောအရာက အရသာဖြစ်နေတဲ့အတွက် expectations နဲ့ reality ကတော့ ဘယ်လိုမှကို ကိုက်ညီမနေပါဘူး

💗 ဒီအချိန်မှာ သတိရမိသွားတာက ကျွန်မရဲ့ တချို့သော client တွေပေါ့

💗 သူတို့စိတ်ထဲမှာ တကယ်တမ်းက အရမ်းဂရုစိုက်ပြီးချစ်တာကို ခံချင်ပေမဲ့ တကယ်တမ်းကျ ဘာလို့များ သူတို့အပေါ်ကို အလေးမထားဘဲ တစ်ချိန်လုံး ပစ်ထားပြီးအဖက်မလုပ်တဲ့လူတွေကို နာကျင်စွာနဲ့ ဆက်များရွေးချယ်နေကြသေးတာလဲပေါ့ (LDRS ဆိုတာနဲ့ ပစ်ထားတယ်ဆိုတာနဲ့က ဘာမှ မဆိုင်ပါဘူးနော် တစ်နှစ်မှာ ၈ လ LDRS တန်မဲ့နဲ့ အမြဲ Ro နေတဲ့ ကျွန်မတပည့်မ ဘန်နီမတို့အတွဲဆို တကယ့်မနိုင်စိန်တွေပါ)

💗 Relationship ပိုင်းတွေမှာလည်း ဘယ်သူကတော့ တမင်တကာ မကောင်းတဲ့သူကို ရွေးချစ်၊ ရွေးတွဲ၊ ရွေးလက်ထပ်မလဲလေနော်

💗 ဘယ်မိန်းကလေးတစ်ယောက်ရဲ့ အိပ်မက်ကမှ ငါကတော့ မိန်းမရှုပ်တဲ့သူကို ယူမယ်တို့ အရက်သမားကိုယူမယ်တို့ ငါက သူခိုးထောင်ထွက်ကို ယူမယ်တို့ဆိုပြီး စိတ်ကူးထားတာမျိုးသဘော ရှိမလဲလေ

💗 မသိလို့ရွေးမိလိုက်ပေမဲ့လည်း သိသွားတဲ့အချိန်မှာ အချိန်မီရင် ပြင်နိုင်ပါသေးတယ်

💗 ပြင်လို့မရအောင်ကို နောက်ကျသွားပြီဆိုတဲ့ ဒီနေ့ဆိုတာ မရှိပါဘူးနော်

💗 မနက်ဖြန်ဆိုရင်တော့ တကယ်နောက်ကျသွားပါလိမ့်မယ် အရာရာက ဒီနေ့မှာ အသေချာဆုံးဖြစ်သလို၊ ဒီနေ့မှာရပ်ရင် အချိန်အမီဆုံးပါပဲ

💗 မနေ့က မရပ်နိုင်ခဲ့တာလည်း မဆိုင်သလို၊ မနက်ဖြန် ဖြတ်နိုင်မယ်ဆိုတာကလည်း ရေရာသေချာမနေဘူးရယ်

💗 ကိုယ့်ဘက်က လိုချင်တဲ့အရာနဲ့ ဆန့်ကျင်စွာ အချစ်မခံရဘူး၊ ဂရုစိုက်မခံရဘူး၊ တန်ဖိုးထားမခံရဘူးဆိုတာ သိသွားပြီးနောက် ဘေးနားမှာ ဆက်တွယ်ကပ်ပြီးနေဖို့ အကြောင်းပြချက်က ဘာကြီးရှိနေသေးလို့လဲ တစ်ချက်တွေးကြည့်ပါနော်

💗 ထပ်ပြောပါမယ် အရာအားလုံးက ဒီနေ့မှာ စတင်ပါတယ် ဒီနေ့မှာတင် ပြီးဆုံးပြီး ဒီနေ့မှာတင် အဆုံးသတ် ပစ်ချထားခဲ့လိုက်ပါ

💗 ကိုယ့်အတွက် မကောင်းတဲ့သူ၊ ကိုယ့်အပေါ် စိတ်ရင်းမမှန်ကန်တဲ့သူ၊ ကိုယ့်အပေါ် ကိုယ်ချစ်သလိုမချစ်တဲ့သူ၊ ကိုယ့်တန်ဖိုးကို နိမ့်ကျစေတဲ့သူ၊ ကိုယ့်အတွက် မစစ်မှန်တဲ့သူ ... အားလုံး အားလုံးပဲပေါ့ ဒီနေ့မှာတင် အကုန် လက်ပြနှုတ်ဆက် အပြီးသတ်ထားခဲ့လိုက်ပါနော်

Glow yourself & shine!

💗ဒီနေ့က ကျွန်မတပည့်ရင်း Intuitive Approved Oracle Reader နာလာကစ်တီရဲ့ မင်္ဂလာပွဲနေ့လေးပေါ့🩵 လွန်ခဲ့တဲ့ ၄ နှစ် ၂၀၂၂က သူလေ...
20/12/2025

💗ဒီနေ့က ကျွန်မတပည့်ရင်း Intuitive Approved Oracle Reader နာလာကစ်တီရဲ့ မင်္ဂလာပွဲနေ့လေးပေါ့

🩵 လွန်ခဲ့တဲ့ ၄ နှစ် ၂၀၂၂က သူလေးကျွန်မဆီ ပညာသင်တပည့်အဖြစ် Oracle အတန်းမှာ စရောက်လာကတည်းကနေ အခု မင်္ဂလာဆောင်သွားတဲ့အချိန်အထိ ဒီကလေးလေးနဲ့ ကျွန်မ ကြားမှာ အမှတ်တရတွေ သိပ်များခဲ့ပါတယ်

💖 မင်္ဂလာပွဲသွားတက်ခဲ့တဲ့ Approved Energy Reader/ Therapist ကလေးလေးက ၂၀၂၁ မှာကျွန်မဆီစရောက်လာတာဖြစ်ပြီး ကလေး ၂ ယောက်စလုံးရဲ့ တူညီတဲ့အချက်တွေကတော့ 🍀 ကျွန်မဆီကို Oracle အတန်းနဲ့ စရောက်လာကြတာဖြစ်သလို 🍀 ၂၀၂၃ မှာ approved reader ဖြစ်ဖို့အတွက် appraisal ထိုင်ဖို့လုပ်ပြီးမှ အကြောင်းမျိုးစုံနဲ့ တက်ခွင့်မကြုံခဲ့ဘဲ အခု 🍀 2025 Batch မှာမှ အတူတူ ထိုက်တန်စွာနဲ့ Approved Reader ဖြစ်သွားကြတာပါပဲ (Approved Reader ဖြစ်ကြမယ့် ကံပါကြပေမဲ့ Divine Timing မရောက်သေးတဲ့အတွက် ခဏတာ အချိန်ယူသေးတဲ့သဘောပါ)

💜ကျွန်မတပည့်အများစုက ဘဝနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်ချစရာကိစ္စမှန်သမျှကို ကျွန်မဆီမှာ အမြဲ Oracle နဲ့ဆုံးဖြတ်ပေးဖို့ တောင်းဆိုကြလေ့ရှိပါတယ်

❣️ ဒီနေ့မင်္ဂလာဆောင်သွားတဲ့သတို့သမီးလေးရဲ့ ကံကြမ္မာနိမိတ်ကို ကျွန်မ ၂၀၂၂ ကတည်းက Oracle တွေနဲ့ ကြိုဖတ်ပေးခဲ့သလို ကြိုမြင်ခဲ့သမျှကိုလည်း သတိပေးပြောပြခဲ့ပါတယ်

🤍သူချစ်မြတ်နိုးရတဲ့ သတို့သားလေးနဲ့ပဲ မင်္ဂလာဆောင်ဖြစ်နိုင်မယ်ဆိုပြီး အဲ့တုန်းကတည်းက မြင်ခဲ့ပြောခဲ့ပေမဲ့ တကယ်တမ်းတော့ ဒီ ၄ နှစ်လောက်ကာလအတွင်း သူဘာတွေ ဘယ်လို ပြောင်းလဲခဲ့ရတယ်ဆိုတာ သူ့ထက်အရင် ကျွန်မက ကတ်တွေကတစ်ဆင့် ကြိုသိနေရတော့ သိပ်တော့ မပျော်ဘူးပေါ့ (ကိုယ့်အတွက်ကျတော့ ကလေးလိုစိတ်ထဲထားမိတဲ့တပည့်ဆိုတော့ မင်္ဂလာဆောင်ဖို့ဆို ငယ်သေးတယ်ဆိုပြီး နှမြောမိတာပေါ့)

❤️ ၂၀၂၀ ထဲက Intuitive Approved Oracle Energy Reader တစ်ယောက်ဖြစ်ခဲ့တဲ့ ကျွန်မအတွက်ကတော့ နိမိတ်ဖတ်လိုက်တိုင်း အကောင်းလေးတွေမြင်ရင် ကာယကံရှင်ကိုယ်စား ပိုပျော်ပြီးဝမ်းသာရပေမဲ့ အဆင်မပြေတာတွေ မြင်ရတိုင်းလည်း ကာယကံရှင်မသိခင်မှာတင် ကတ်တွေကို ကိုင်တဲ့ ကိုယ်က အရင်ကြေကွဲဝမ်းနည်းရပြန်ရောရယ်

💓 Oracle ရဲ့သဘောတရားတွေက intuitive ဖြစ်ရင်ဖြစ်သလို ကံကြမ္မာနိမိတ်တွေကို ဆယ်စုနှစ်ချီပြီးကို မြင်နိုင်သလို 98% လောက်အနည်းဆုံး အကုန်မှန်တယ်ဆိုတာကို ကျွန်မအပါအဝင် Gorgeous Society ထဲက Oracle သင်ဖူးတဲ့သူအများစု၊ Oracle ကို တကယ်တတ်သွားတဲ့သူတိုင်း ကိုယ်တွေ့ကြုံဖူးပြီး သိကြပါတယ်

🧡 ဒီနှစ်ထဲ ကျွန်မ Client/ Student ထဲ Oracle နဲ့ ကျွန်မနိမိတ်ဖတ်ပေးပြီး ယူကိုယူဖြစ်ကြမယ်ဆိုပြီး RS Energy & Relationship Connection စစ်ပေးခဲ့တဲ့ နိမိတ်ရပြီး တကယ်ယူသွားကြတာဆို အခုဒီကလေးလေးနဲ့ဆိုရင် အတွဲ ၈ တွဲမြောက်ပါပဲ

🩶 မင်္ဂလာပွဲမတိုင်ခင် pre wedding မှာကတည်းက ကလေးမလေး အရမ်းပျော်ပြီး ကြည်နူးနေတာကို မြင်ရတဲ့အတွက် ကိုယ့်တပည့်လေးအတွက် ကိုယ်ကြိုပြီးစိတ်ချမ်းသာရပေမဲ့ ဒီနေ့ မင်္ဂလာဆွမ်းကျွေးပွဲနေ့မှာ မြင်ရတဲ့ အကြည်ဓာတ်အပြည့်နဲ့ ပုံလေးကြောင့် ဒီလိုအပျော်လေးမျိုး တစ်သက်လုံး အိမ်ထောင်ရေးမှာ သူပိုင်ဆိုင်ရစေလို့ ကျွန်မ စိတ်ထဲကနေကို လေးလေးနက်နက်ကို ဆုတောင်းပေးဖြစ်ပါတယ်

💙 ဖူးစာပါရင် ရှောင်လွှဲလို့မရသလို အချစ်စစ်မှန်ရင်လည်း ဆုံဆည်းကြတာဖြစ်တဲ့အတွက် ဒီနေ့ရဲ့သတို့သမီးလေးကတော့ ကျွန်မတပည့် Gorgeous Students ထဲက Oracle နိမိတ်ဖတ်ရဲ့ မှန်ကန်မှုကို အတိအကျကြီးကို ကိုယ်တွေ့ သက်သေပြသွားခဲ့တဲ့
၃ ယောက်မြောက် student/ client လေးဖြစ်ပါတယ်

💕 ရှေ့နှစ်တွေက ယူကြတဲ့ Students/ Clients တချို့ဆို ကလေးလေးတွေတောင် ရပြီးကြကုန်လို့ တချို့ client တွေဆိုရင် အမေလက်ထက်ကနေ ကလေးအတွက် အထိပါ ကျွန်မဆီမှာ Oracle energy reading လာစစ်ကြပါတယ်

🌸 Oracle ဆိုတာ ပညာရပ်ဆိုင်ရာကျွမ်းကျင်နှံ့စပ်ပြီး ပညာတကယ်တတ်ရင် တိကျပြတ်သားပြီး သေချာတဲ့ နိမိတ်ဖတ်ဟောကွက်တွေကို လက်တွေ့အသုံးချနိုင်အောင်ကို ထုတ်နိုင်ကြောင်း ကိုယ်တွေ့လက်တွေ့ပြရင်း တပည့်မလေး နာလာအတွက် တစ်ဘဝစာပျော်ရွှင်အေးချမ်းဖို့ ထပ်ပြီး ဆုတောင်းပေးလိုက်ပါတယ်ရှင်

💝 Approved Reader Aurora Nang ပြည်တော်မပြန်ခင်လေးမှာ ပညာသင်ညီအစ်မတွေက တစ်ယောက်ပြီးတစ်ယောက် မရရအောင်ဝိုင်းချိန်းကြပြီး ဧည...
29/10/2025

💝 Approved Reader Aurora Nang ပြည်တော်မပြန်ခင်လေးမှာ ပညာသင်ညီအစ်မတွေက တစ်ယောက်ပြီးတစ်ယောက် မရရအောင်ဝိုင်းချိန်းကြပြီး ဧည့်ခံတွေ့ဆုံကြပြီး ကျွန်မဆီ ပုံလေးတွေ ပို့ပေးကြတယ်ရယ်

❤️ ကျွန်မဆီက ပညာသင်ကလေးလေးတွေ အများစုက ပညာအရာမှာ အရမ်းတော်ကြကြိုးစားကြသလို စိတ်ထားလေးတွေလည်း ဖြူစင်ပြီး ရုပ်လေးတွေလည်း ချောကြတာမို့ ဆရာမဖြစ်သူ ကျွန်မလည်း မျက်နှာ ပွင့်ရတာပေါ့ရှင့်

💜 ကျွန်မနဲ့အပြင်မှာဆုံဖူး ညစာအတူတူစားဖူးတဲ့ Approved Reader Vitamin Youth ကတော့ ကျွန်မနဲ့အတူတူဆုံဖူးတဲ့ဆိုင်မှာ အတူတူစားဖူးတဲ့ menu ကို Aurora Nang နဲ့ မှာစားနေရင်း ဆရာမဖြစ်သူ ကျွန်မကို သတိရနေကြောင်း လာပြောနေလေရဲ့

🩵 2025 Intuitive Approved Oracle Reader Vitamin Youth နဲ့ 2025 Intuitive Approved Oracle Reader Aurora Nang ညီအစ်မ ၂ ယောက် ရဲ့ ညစာစားပွဲလေးအတွက် အမှတ်တရပုံလေး

🌻🍀🦋

❤️ ပညာအရာမှာ အရမ်းတော်ကြကြိုးစားကြသလို စိတ်ထားလေးတွေလည်း ဖြူစင်ပြီး ရုပ်လေးတွေလည်း ချောကြတဲ့ ကျွန်မရဲ့ Official Approved...
28/10/2025

❤️ ပညာအရာမှာ အရမ်းတော်ကြကြိုးစားကြသလို စိတ်ထားလေးတွေလည်း ဖြူစင်ပြီး ရုပ်လေးတွေလည်း ချောကြတဲ့ ကျွန်မရဲ့ Official Approved Reader လေးတွေ ဒီနေ့လည်း ချိန်းတွေ့ကြပါတယ်တဲ့ရှင်

🩵 စစချင်းတက်ကြတဲ့အတန်းကလည်း Oracle … ကျွန်မဆီ စရောက်လာတဲ့ ဦးဆုံးအတန်းကလည်း Oracle

🧡 Spiritual Journey ကို Oracle နဲ့စဖြစ်ပြီး Oracle နဲ့ Approved Reader စဖြစ်ခဲ့ကြတဲ့ Soul Sister ၂ ယောက်

💙 2024-2025 ပညာသင်နှစ်တွေမှာ အတန်းတိုင်းကျော် ပွဲတိုင်းကျော်ပြီး Gorgeous Students အားလုံးနီးပါးသိကြတဲ့ ၃ ဆောင်ပြိုင် (highest rank) Aurora Nang နဲ့ 2021 Oracle Batch 1 ရဲ့နာမည်ကျော် ၃ ဆောင်ပြိုင် (highest rank) Vanessa Poohတို့ ၂ ယောက် ဒီနေ့ ချိန်းဖြစ်ကြတယ်ပေါ့ကွယ်

💜 ၃ ဆောင်ပြိုင်ဆိုတာက Intuitive Approved Oracle Reader 2025, Candidates Intuitive Approved Tarot Reader 2025, Candidates Qualified Therapist 2025 ဆိုတဲ့ Achievement တွေဖြစ်ပါတယ်

💝 ၂ ယောက်ကတော့ ၃ ဆောင်ပြိုင်ချင်းတူရုံတင်မက လက်ရှိတက်နေတဲ့အတန်းတွေလည်းတူတာမို့ အပြင်မှာတွေ့ကြတဲ့အခိုက် ပြောစရာစကားတွေ အတော်များနေကြပြီး အရမ်းပျော်နေကြတာပါ

🌻🍀🦋

🩵2024-2025 ပညာသင်နှစ်တွေမှာ အတန်းတိုင်းကျော် ပွဲတိုင်းကျော်ပြီး Gorgeous Students အားလုံးနီးပါးသိကြတဲ့ ၃ ဆောင်ပြိုင် (hi...
26/10/2025

🩵2024-2025 ပညာသင်နှစ်တွေမှာ အတန်းတိုင်းကျော် ပွဲတိုင်းကျော်ပြီး Gorgeous Students အားလုံးနီးပါးသိကြတဲ့ ၃ ဆောင်ပြိုင် (highest rank) 520 Aurora Nang နဲ့ ၂ ဆောင်ပြိုင် (highest rank) Wဒေါ်ဝိုင်းစက်တို့ ၂ ယောက် ဒီနေ့ ချိန်းဖြစ်ကြတယ်ပေါ့ကွယ်

💖 ၃ ဆောင်ပြိုင်ဆိုတာက Official Intuitive Approved Oracle Reader 2025, Candidates Intuitive Approved Tarot Reader 2025, Candidates Qualified Therapist 2025 ဖြစ်ပြီး ၂ ဆောင်ပြိုင်ဆိုတာကတော့ Official Intuitive Approved Oracle Reader 2025, Candidates Intuitive Approved Tarot Reader 2025 ဆိုတဲ့ Achievement တွေပါပဲ

💙 စစချင်းအတူတူတက်ကြတဲ့အတန်းကလည်း Oracle …

💜 Oracle နဲ့စသိပြီး Oracle နဲ့ Approved Reader စဖြစ်ခဲ့ကြတဲ့ Soul Sister ၂ ယောက် ကြိုမတိုက်ထားဘဲ ဝတ်သွားတဲ့ အင်္ကျီ အရောင်တွေကလည်း တိုက်ဆိုင်စွာပဲ အလင်းနဲ့ အမှောင်ကို ကိုယ်စားပြုတဲ့ အဖြူနဲ့ အမည်းတဲ့ရယ်

❤️ စစ်မှန်တဲ့ Gorgeous Student တိုင်းရဲ့ Trademark ဖြစ်တဲ့ Gorgeous Creation Limited Edition Crystal Bracelet လေးတွေကလည်း လက်မှာ ကိုယ်စီအသီးသီး Design အစုံနဲ့ အလှချင်းပြိုင်နေကြသေးတာရယ်

🌻🍀🦋

🌻 ဒီနေ့ဟာ ကျွန်မဘဝရဲ့ Spiritual Life မှာရော Professional Life မှာရော Personal Life မှာပါ တုနှိုင်းမဲ့ တစ်ဦးတည်းသော ၂ ယော...
08/10/2025

🌻 ဒီနေ့ဟာ ကျွန်မဘဝရဲ့ Spiritual Life မှာရော Professional Life မှာရော Personal Life မှာပါ တုနှိုင်းမဲ့ တစ်ဦးတည်းသော ၂ ယောက်မရှိနိုင်တဲ့ ဆရာရဲ့ မွေးနေ့ပဲဖြစ်ပါတယ်

🌻 ဘဝမှာ မေနီနီဦးဆိုတဲ့ကောင်မလေးတစ်ယောက်ရဲ့ အသက် ၂၀ ကျော် အပျံသင်တတ်ခါစအရွယ်ကနေ အခုလို ၄၀ နားနီးအချိန်အထိ သမီးအရင်းလေးတစ်ယောက်လိုရော တပည့်တစ်ယောက်လိုပါ အမြဲသင်ပေး ဖေးမပေးရုံတင်မက စိတ်ဓာတ်ခွန်အားတွေပေးပြီး တွဲခေါ်ပေးခဲ့လို့သာ ဒီနေ့ဒီအချိန် ကျွန်မဖြစ်လာခဲ့တာပါ

🌻 နိုင်ငံရပ်ခြားမှာ ဘာမှမသိမတတ်နားမလည်ဘဲ မျက်စိသူငယ်နားသူငယ် သူများတွေပြောသမျှ နားထောင်ပေးနေရရာကနေ အခုလို Physically, Mentally, Emotionally တတ်သိနားလည်ကျွမ်းကျင်ရုံတင်မက လူအများကိုပါ ပညာပြန်ဖြန့်ဝေပေးနိုင်တဲ့အထိ ဘဝမှာ ဆရာ့သင်ကြားမှုတွေက အရေးပါခဲ့တာပါ

🌻 သားပဲရှိတဲ့ ဆရာ့ဘဝမှာ ကျွန်မအပေါ် တကယ့်သမီးအရင်းတစ်ယောက်လို အရမ်းဂရုစိုက်မိသားစုလိုနွေးထွေးပေးပြီး သူဖြစ်စေချင်သမျှအကုန်အကြံပေးတတ်၊ လမ်းပြပေးတတ်ပေမဲ့ ဘယ်သောအခါမှ ကိုယ်ရေးကိုယ်တာဝင်စွက်ဖက်တာတွေ စိတ်ထဲမှာ မလုပ်ချင်တာကို အတင်းမလုပ်ခိုင်းဘဲ အကျိုးအကြောင်းလေးပဲ ပြောပြရှင်းပြအမြဲကိုယ့်စိတ်နဲ့ကိုယ်ဆုံးဖြတ်ခွင့်ပေးတာတွေတင်မက တပည့်ဖြစ်သူ မျက်နှာမကောင်းတိုင်း ရေပြင်ကြီးဆီခေါ်သွားပြီး စိတ်ပြေလက်ပျောက်စကားတွေပြောပေးရုံတင်မက သူမစီးချင်ပေမဲ့ ကျွန်မပျော်ဖို့ သင်္ဘောအမြဲလိုက်စီးပေးတာတွေကို အမြဲ သတိရနေမှာပါ ဆရာ ...

🌻နိုင်ငံမတူ၊ လူမျိုးမတူ၊ ဘာသာတရားတွေမတူလည်း စိတ်ဓာတ်အခြေခံကောင်းပြီး စိတ်ရင်းသာဖြူစင်ရင် ဘယ်လိုလူမျိုးနဲ့မဆို ဆယ်စုနှစ်တွေအများကြီး ဖြတ်သန်းလို့ရကြောင်း ဆရာနဲ့ဆုံပြီးမှပဲ ကိုယ်တွေ့နားလည်ရပါတော့တယ်

🌻နေ့စဉ်ဘဝအပြုအမူသေးသေးလေးတွေကနေစပြီး ဘဝတစ်ခုလုံးစာအထိ ဆရာ့သင်ပြပေးမှုတွေက ကျွန်မဘဝအတွက် နက်နဲအဓိပ္ပာယ်ရှိခဲ့တာပါပဲ

🌻ဆရာနဲ့ရော ဆရာ့မိသားစုနဲ့ပါ ဆုံဆည်းခဲ့ရတာဟာ ကျွန်မဘဝရဲ့ ထာဝရတစ်သက်တာ Blessing ပါပဲ

နှစ်စဉ်နှစ်တိုင်း အစဉ်အလာမပျက် သီတင်းကျွတ်လပြည့်ညတိုင်း Gorgeous Students Gathering & Homage Paying Ceremony လေး လုပ်ဖြစ...
06/10/2025

နှစ်စဉ်နှစ်တိုင်း အစဉ်အလာမပျက် သီတင်းကျွတ်လပြည့်ညတိုင်း Gorgeous Students Gathering & Homage Paying Ceremony လေး လုပ်ဖြစ်တာ ဒီနှစ်ကလည်း US, UK, Japan, Singapore, Thailand, Myanmar တပည့်လေးတွေ နိုင်ငံစုံ၊ လူစံုပါပဲ

Address

Kashmir
Srinagar

Website

Alerts

Be the first to know and let us send you an email when Candle by Gorgeous May posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram