နာဂိုယာမြို့ ၊ မေတ္တာဓိက စေတီတော်ကြီး

နာဂိုယာမြို့ ၊ မေတ္တာဓိက စေတီတော်ကြီး Myanmar Culture to the world and Meeting Point for Myanmar People in Japan

タビニュ寺院の壁画基礎から尖塔部まで66mとバガン随一の高さを誇る巨大なタビニュ寺院ですが、同じクラスの他の寺院と異なり、内部の回廊には壁画がなく全面白壁に覆われています。一説には、12世紀にバガンが現在の上座部に連なる大寺派をスリランカか...
05/06/2023

タビニュ寺院の壁画
基礎から尖塔部まで66mとバガン随一の高さを誇る巨大なタビニュ寺院ですが、同じクラスの他の寺院と異なり、内部の回廊には壁画がなく全面白壁に覆われています。
一説には、12世紀にバガンが現在の上座部に連なる大寺派をスリランカから導入した際に、壁画を隠すために白く塗られたのだといいます。また元の侵攻の際だという説もあります。
いずれにしても、タビニュ寺院の回廊に壁画は存在するというのが通説で、実際天井の一部の塗装がはがれ、中から壁画が顔を覗かせた部分もあり(2枚目の画像)、試験調査でも壁の内部には茶色い塗装があることが確認されています(3枚目の画像)。
タビニュ寺院が建立されたのは1144年ですが、その頃はまだオリジナルのバガン仏教だったわけで、どんな壁画が眠っているのか想像を掻き立てます。現在行われている修復計画には壁画の調査も含まれているようですので、スゴイものが出てくることを期待したいと思います。

Memory
05/05/2023

Memory

Documentory of Majima Sama
03/12/2022

Documentory of Majima Sama

2022.10.09 ရက်နေ့ သီချင်းလပြည့်နေ့တွင် နာဂိုရာ မြို့ မေတ္တာဓိက ဘုရားတွင် နှစ်စဥ် ကျင်းပနေကျ ဖြစ်တဲ့သီတင်းကျွတ် မီးထွန်းပ...
21/09/2022

2022.10.09 ရက်နေ့ သီချင်းလပြည့်နေ့တွင် နာဂိုရာ မြို့ မေတ္တာဓိက ဘုရားတွင် နှစ်စဥ် ကျင်းပနေကျ ဖြစ်တဲ့သီတင်းကျွတ် မီးထွန်းပွဲတော် နှင့် အာရုံတက်ချိန်မှစ၍ အသံမစဲမဟာပဌာန်းပွဲ ကိုကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

ဆီးမီးပူဇော် ပွဲ​အစီအစဥ်

ညနေ 16:30~19:00 နာရီ

သီတင်းကျွတ် လပြည့်နေ့နှင့်လည်း တိုက်ဆိုင်နေပါသဖြင့် လူငယ်များမှ အာရုံတက်ချိန်မှ စ၍ အသံမစဲမဟာပဌာန်းပွဲကို ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ပါသည်။
စတုဒီသာ များလည်းကျွေးမွေးသွားမည်
ဖြစ်ပါသဖြင့် အလှူရှင် များကိုလည်းဖိတ်ခေါ်အပ်ပါသည်။
အသေးစိတ်အစီအစဥ်များကိုထပ်မံကြေငြာပေးသွားပါမည်။

Credit to mittadika pagoda

၂၀၂၂ ခုနှစ် ၁၀ လပိုင်း ၉ ရက်(တနင်္ဂနွေ) နေ့လည် ၄ နာရီ ၃၀ မိနစ်မှ~~ ၇ နာရီ2022年10月9日(日)pm4:30~pm7:00第8回灯明祭りあります!ご参加ください(^...
11/09/2022

၂၀၂၂ ခုနှစ် ၁၀ လပိုင်း ၉ ရက်(တနင်္ဂနွေ) နေ့လည် ၄ နာရီ ၃၀ မိနစ်မှ~~ ၇ နာရီ
2022年10月9日(日)pm4:30~pm7:00
第8回灯明祭りあります!ご参加ください(^_^)/

ဝေဖန်ခြင်း⚡️*  ကိုယ်မကြိုက်တိုင်း မကောင်းမပြောလေနှင့်*  ကိုယ်ဉာဏ်မမှီတိုင်းလည်း မမှန်ဟူ၍ မဝေဖန်လေလင့်ကြိုက် မကြိုက်ကား ရ...
29/07/2022

ဝေဖန်ခြင်း

⚡️

* ကိုယ်မကြိုက်တိုင်း မကောင်းမပြောလေနှင့်
* ကိုယ်ဉာဏ်မမှီတိုင်းလည်း မမှန်ဟူ၍ မဝေဖန်လေလင့်

ကြိုက် မကြိုက်ကား ရာဂ ဒေါသ တရားနှစ်ပါးတို့၏ ကျက်စားခြင်းသာဖြစ်ပြီး ကောင်း မကောင်းသည်ကား သဘဝတရားတို့၏ ကျက်စားရာ နယ်မြေဖြစ်ချေသဖြင့် ပြဒါးတစ်လမ်း သံတစ်လမ်းသာတည်း

ဉာဏ်မမှီခြင်းသည်ကား အဝိဇ္ဇာတစ်လုံး၏ ကျက်စားရာသာဖြစ်၏ မှန် မမှန်တို့ကား သဘာဝခုံရုံးတင်၍ စစ်ဆေးမှသာ သိနိုင်သောအရာဖြစ်၏ ပြဒါးတစ်လမ်း သံတစ်လမ်းသာတည်း

လူတိုင်းသည်ပင် မိမိကိုယ်မိမိကား အခွင့်ရေးဟေ့ဆို သာသာပိုပို ပေးလို၏ သူတစ်ပါးတို့ဘက်ကျလျှင်ကား ပေးထိုက်ရှိသလောက်သော်မှ မပေးလိုချေ အဘယ့်ကြောင့် ဆိုသော် ထိုသူကား ငါ့ထက်သာပေသည်ဟူ၍ ဝန်ခံရာကျမည်စိုးသောကြောင့်တည်း

တစ်ဖန် သူတစ်ပါးတို့ကိုကား ဒုတ်ကြီးကြီးဖြင့် လက်မနှေး ပြေးရိုက်သလောက် ကိုယ့်ကိုယ်ကိုကား ဒုတ်သေးသေးရွေး လက်နှေးတတ်လှချေ၏ အဘယ့်ကြောင့်ဆိုသော် ကိုယ့်ကိုယ်ကို ခင်မင်မှု အားကြီးခြင်းကြောင့်ပင်တည်း

သည့်အတူ သူတစ်ပါးအပြစ် ဆီကဲ့သို့ အပေါက်မရှိ အပေါက်ရှာဖွေ၍ပြောတတ်ခြင်း မိမိအပြစ်၌ ဆင်ခြေဆင်လက်ကာ၍ ဖာထေးခြင်း စသည်များလည်း အများအပြားပင် ရှိလေသေး၏

ငါတို့သည်လည်း ဘုရားကိုသော်လည်းကောင်း ပစ္စေကဗုဒ္ဓါကိုသော်လည်းကောင်း ရဟန္တာအရှင်သခင်ကြီးများကိုနှင့် အရိယာအစားစားတို့ကိုသော်လည်းကောင်း ကိုယ်တွေ့မျက်မြင် မဖူးတွေ့လိုပါပြီ အဘယ့်ကြောင့်ဆိုသော် ကိုယ်မထင်လျှင် မထင်သလို ပြစ်မှားမိမည် စိုးသောကြောင့်တည်း

⚡️

မဟာဗောဓိမြိုင်ဆရာတော်၏
ဘဝကန္တာရ သင်္ကေတကထာ စာအုပ်မှ

⚡️

အသားလိုမကျင့်နဲ့ ဆားလိုကျင့်⚡️ဒီနေ့ ခေတ်ကတော့ဗျာဓလေ့တွေ ရောကုန်ပြီအင်တာနက် ခေတ် ဆိုတာကိုးဗျ။ကမ္ဘာ ကြီး ကလည်း ရွာ ဖြစ်သွာ...
26/07/2022

အသားလိုမကျင့်နဲ့ ဆားလိုကျင့်

⚡️

ဒီနေ့ ခေတ်ကတော့ဗျာ
ဓလေ့တွေ ရောကုန်ပြီ
အင်တာနက် ခေတ် ဆိုတာကိုးဗျ။

ကမ္ဘာ ကြီး ကလည်း
ရွာ ဖြစ်သွားပြီတဲ့။
ကမ်ဘာရှာဆိုတာကိုး။

ကမ္ဘာရွာကြီးထဲ အရှေ့ အနောက်
ဓလေ့တွေ ရောကုန်ပြီ။

ဟိုက ထိုင်ရာမထ လွှတ်လိုက်တဲ့
ဓလေ့ ဆန်းတွေက တန်းခနဲ
ရောက်လာတာ။

ဒီလို ခေတ်ကြီးထဲမှာ တို့လူ ဖြစ်ရမှာ။
ငယ်သူတွေ သတိထားရတော့မယ်။

ဓလေ့ချင်း လူမျိုးချင်း
အရောခံရတော့မယ်နော်။

သတိကြီးကြီး ထားပြီး
နေကြရတော့မယ်။

တို့ ရဟန်းဖြစ်စက
ရွှေဘို
ဝေဠုဝန်ကျောင်းမှာ နေခဲ့တာကိုး။
အဲဒီမှာ လှူကြဒါန်းကြတဲ့
ဆွမ်းဟင်းတွေကို ဟင်းလေးအိုးကြီး ဆိုပြီး
ဟင်းပေါင်း လုပ်လိုက်ပါရောဗျ။

ကြက် ဝက် ငါး သရက်ချဉ် စသည် ဖြင့်
အကုန်ရောထား ပေါင်းထားလိုက်တာ
ကြက် ကလည်း ကြက်အရသာ
မထွက်တော့ဘူး။

ဝက်လည်း ဒီလိုဘဲ
ငါးလည်း အတူတူဘဲ
ဘူးသီး ဖရုံသီးတွေလည်း မထူးတော့ဘူး။

ဟင်းလေးအိုးကြီးထဲမှာ
ကိုယ်ပိုင်အရသာ
သီးခြားအရသာရယ်လို့
ရှာမတွေ့တော့ဘူး။

အားလုံး ရောကုန်ပြီ။

ဒီဟင်းလေးအိုးကြီးထဲမှာ
ကြက်လည်း ကြက်အရသာပျက်
မကောင်းတော့ဘူး။

ဝက်လည်း ဝက်အရသာပျက်
မကောင်းတော့ဘူး။

အဲဒီတော့ ဟင်းလေးအိုးကြီးထဲက
အသားမဖြစ်ကြစေနဲ့။
ဖြစ်ချင်းဖြစ်ရင် ဆားပဲ ဖြစ်ကြပါစေ။

ကြက် ဝက် ဆိုတဲ့ အသားတွေ
အရသာပျက်ပေမယ့် ဆားကတော့
အရသာ မပျက်ဘူး။

ဆားက သူ့သတ္တိ ကို မစွန့်ဘူး။
ကြက် ဝက် ငါး ဗူး ဖရုံ သခွားတွေ
ပေါင်းလိုက် ရောလိုက် တာနဲ့
အရသာပျက်သွားပေမယ့်
ဆားကတော့ ငန် တဲ့ အရသာ
မပျက်ဘူးနော်။

အဲဒီတော့
ဒီနေ့ ကမ္ဘာရွာကြီး ဆိုပြီး ဓလေ့ပေါင်းစုံ
ရောမွှေ ခံနေရချိန်မှာ
ကိုယ့်လူမျိုးရဲ့ ဓလေ့
ကိုယ့်လူမျိုးရဲ့ ဘာသာ၊ သာသနာ၊
ဓလေ့၊ ထုံးတမ်း စဉ်လာ
ကောင်းတွေကို မစွန့်ကြပါနဲ့။

အသားလို မကျင့်နဲ့-
ဆားလို ကျင့်ရမည့် အချိန် ပါ။
ကိုယ့်လူမျိုးရဲ့ သတ္တိ ကို မစွန့်ပါနဲ့။

⚡️

မဟာဗောဓိမြိုင် ဆရာတော်

⚡️

 #ဗုဒ္ဓဟောကြား #ယဉ်ကျေးလိမ္မာ #၃၈ဖြာမင်္ဂလာကဗျာများ  နှင့်၃၈ ဖြာ မင်္ဂလာအကျဉ်း(ပါဠိ+မြန်မာ+အင်္ဂလိပ်)၁။ ပေါင်းသင်းဆက်ဆံရ...
11/07/2022

#ဗုဒ္ဓဟောကြား
#ယဉ်ကျေးလိမ္မာ
#၃၈ဖြာမင်္ဂလာကဗျာများ နှင့်
၃၈ ဖြာ မင်္ဂလာအကျဉ်း(ပါဠိ+မြန်မာ+အင်္ဂလိပ်)

၁။ ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ ၃ ပါး
👫👬👭👫👬👭👫👬👭👫👬👭👬
လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့၊ မမှီဝဲနဲ့ ကင်းအောင်နေ၊
ပညာရှိကို အရှည်တွဲလို့၊ မှီဝဲဆည်းကပ် နည်းယူစေ၊
သုံးပါးရတနာ မိဘများနှင့်၊ ဆရာသမားကို ပူဇော်လေ၊
ချမ်းသာကိုပေး ဆက်ဆံရေး၊ မျှော်တွေး သုံးချက်ပေ၊
အဲဒါမှ ..... ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။

၂။ နေထိုင်ရေး မင်္ဂလာ ၃ ပါး👍👍👍👍👍👍👍👍👍👍
ကုသိုလ် ပညာ ဥစ္စာရဖို့၊ သင့်ရာဒေသ အမြဲနေ၊
ရှေးကတင်ကြို ပြုခဲ့ဖူးသည့်၊ ကောင်းမှု အထူး ရှိပါစေ၊
မိမိကိုယ်ကို ကောင်းအောင် ထိန်းလို့၊ မတိမ်းစေနဲ့ ဆောက်တည်လေ၊
ဥစ္စာကိုပေး နေထိုင်ရေး၊ မျှော်တွေး သုံးချက်ပေ၊
အဲဒါမှ ..... ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။

၃။ သင်ကြားရေး မင်္ဂလာ ၄ပါး
💁💁💁💁💁💁💁💁💁💁
တတ်ကောင်းတတ်ရာ ဟူသမျှကို၊ ကြာ့းမင်သုတ ရှိပါစေ၊
အိုးအိမ်တည်ထောင် ၀မ်းစာရေးနဲ့၊ အသက်မွေးဖို့ အတတ်သင်လေ၊
လူနှင့်ဆိုင်ရာ ကျင့်၀တ်များကို၊ ကောင်းစွာသင်ကြား နားလည်စေ၊
မှန်ကန်ယဉ်ကျေး ချိုသာအေး၊ ဆိုရေးတတ်ပါစေ၊
အဲဒါမှ ..... ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။

၄။ ပြုစုရေး မင်္ဂလာ ၃ ပါး
💆💆💆💆💆💆💆💆💆
မြင်းမိုရ်ရွှေတောင် မိဘကြွေးကို၊ ကောင်းစွာဆပ်ပေး ၀တ်ကျေကျေ၊
ကြွေးသစ်ချကာ သားနှင့်မယား၊ မြှောက်စားချီးမြှင့် ၀တ်ကုန်စေ၊
အလုပ်တာ၀န် မလစ်ဟင်းနှင့်၊ အပြစ်ကင်းအောင် လုပ်ပါလေ၊
စည်းစိမ်ကိုပေး ပြုစုရေး၊ မျှော်တွေး သုံးချက်ပေ၊
အဲဒါမှ ..... ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။

၅။ လိုက်နာကျင့်သုံးရေး မင်္ဂလာ ၄ ပါး
👮👷💂👮👷💂👮👷💂👮👷💂
သုံးတန်စေတနာ ဖြူစင်လန်းလို့၊ ပေးကမ်းဝေမျှ လှုနိုင်စေ၊
ကိုယ်နှုတ်စိတ်ကြံ မမိုက်မှားနဲ့၊ သုစရိုက်တရားကို ကြင့်ပါလေ၊
ဆွေမျိုးတွေကို ပြင်ပမထားနဲ့၊ သင်္ဂဟတရားနဲ့ ချီးမြှောက်လေ၊
သန့်စင်ပြစ်မျိုး လူထုကျိုး၊ သည်ပိုးဆောင်ရွက်စေ၊
အဲဒါမှ ..... ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။

၆။ ရှောင်ကြဉ်ရေး မင်္ဂလာ ၄ ပါး
👋👐👋👐👋👐👋👐👋👐
မကောင်းမှုတွေ ဟူသမျှကို၊ မတွေ့ခင်က ရှောင်ကြဉ်လေ၊
တွေ့ကြုံလာရင် မလွန်ကြူးနဲ့၊ အထူးသဖြင့် စောင့်စည်းနေ၊
အရက်သေစာ မသောက်စားနဲ့၊ မှောက်မှားတတ်တဲ့ အရာပေ၊
လုပ်ကိုင်ပြောကြား သတိထား၊ တရားမမေ့စေ၊
အဲဒါမှ ..... ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။

၇။ စိတ်ထားရေး မင်္ဂလာ ၅ ပါး
👼👼👼👼👼👼👼👼👼👼
အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက၊ ဆည်းကပ်ခစား ရိုသေလေ၊
မာနတံခွန် ဂုဏ်မကြွနဲ့၊ ကိုယ့်ကိုယ်နှိမ်ချ အမြဲနေ၊
လောဘအပို လိုမလိုက်နဲ့၊ ကိုယ်ထိုက်တာနဲ့ ကျေနပ်လေ၊
ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူး၊ အထူးသိတတ်စေ၊
ကောင်းကျိုးဆင့်ပွား မြတ်တရား၊ နာကြားမပြတ်ပေ၊
အဲဒါမှ ..... ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။

၈။ သည်းခံရေး မင်္ဂလာ ၄ ပါး
😊😊😊😊😊😊😊😊😊😊
၀တ် စား နေထိုင် ရန်ခပ်သိမ်း၊ စိတ်ကိုချုပ်ထိန်း သည်းခံလေ၊
ကျိုးကြောင်း ပြညွှန် ဆုံးမစကားကို၊ ပြောကြားလာက နာလွယ်စေ၊
သူမြတ်ပုဂ္ဂိလ် ဟူသမျှ၊ မကြာခဏ တွေ့ဆုံလေ၊
သဘာဝတွေး မှန်ကန်ရေး၊ ဆွေးနွေး မပြတ်ပေ၊
အဲဒါမှ ..... ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။

၉။ ခြိုးခြံရေး မင်္ဂလာ ၄ ပါး
💵💴💶💵💴💶💵💴💶
လောကီအာရုံ ဇိမ်ယစ်မူးလို့၊ အပျော်မကြူးနဲ့ ခြိုးခြံလေ၊
မေတ္တာ ဗြဟ္မစိုရ် လက်ကိုင်သုံးလို့၊ သူမြတ်ကြင့်ထုံး ယွင်းမသွေ၊
လေးပါးသစ္စာ ဥာဏ်မြင်ကြည့်လို့၊ အမှန်သိအောင် ကျိုးစားလေ၊
ဒုက္ခလွတ်ကင်း နိဗ္ဗာန်ချဉ်း၊ အလင်းပေါက်နိုင်စေ၊
အဲဒါမှ ..... ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။

၁၀။ စိတ်ဓာတ်ခိုင်ခံ့ရေး မင်္ဂလာ ၄ ပါး
💪💪💪💪💪💪💪💪💪💪💪💪
ဆင်းရဲချမ်းသာ သဘာ၀၊ တွေ့ကြုံနေကျ လူတိုင်းပေ၊
ကောင်းဆိုးနှစ်တန် အစုံတွဲလို့၊ တစ်လှဲ့စီလှည့် အမြဲနေ၊
လောကဓံကြုံ မဖြုံတမ်းပေါ့၊ မတုန်စမ်းနဲ့ စိတ်ခိုင်စေ၊
သောကကိုထိန်း ရမ္မက်သိမ်း၊ အေးငြိမ်း ချမ်းသာနေ၊
အဲဒါမှ ..... ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။

သုံးဆယ့်ရှစ်ဖြာ မင်္ဂလာကုံးကို၊
လိုက်နာကြင့်သုံးပန်သူတွေ၊
စီးပွားချမ်းသာ ကျက်သရေတိုးလို့၊
ကောင်းကျိုးစည်ပွင့် တဝေ၀၊
ဘေးကင်းရန်ကွာ ချစ်သူပေါလို့၊
စိတ်ရော ကိုယ်ရော ချမ်းသာမလေ၊
ပြောဆိုကြံဆ ဆောင်သမျှ၊
အောင်ရမည် ကျိန်းသေ၊
အဲဒါကြောင့် ပန်ကြ ဆင်ကြ
မင်္ဂလာ့ ပန်းခိုင်တွေ... ။

++++++++++++++++++++++++++++++++++++++++++

၃၈ ဖြာ မင်္ဂလာအကျဉ်း(ပါဠိ+မြန်မာ+အင်္ဂလိပ်)
The Summary of 38 Mingala Dhamma

၁။ အသေ၀နာ စ ဗာလာနံ = လူမိုက်တို့နှင့်မပေါင်းသင်း မဆက်ဆံခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
1. Asevanaca balanam;
Not to associate with the foolish is the highest blessing.

၂။ ပဏ္ဍိတာနဉ္စ သေ၀နံ ပညာရှိသူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းသင်းဆက်ဆံခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
2. Panditananca sevana;
To associate only with the wise is the highest blessing.

၃။ ပူဇာ စ ပူဇနေယျာနံ = ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည် မြင့်မြတ်သော မင်္ဂလာတစ်ပါးဖြစ်ပါသည်။
3. Pujaca Pujaneyyanam;
To honour those who are worthly of honour is the highest blessing.

၄။ ပတိရူပဒေသဝါသော စ= သင့်လျှော်လျှောက်ပတ်သောအရပ်ဒေသမှာ နေထိုင်ခြင်းသည် မြင့်မြတ်သော မင်္ဂလာတစ်ပါးဖြစ်ပါသည်။
4. Patirupadesavaso ca;
To dwell in a suitable locality is the
highest blessing.

၅။ ပုဗ္ဗေ စ ကတပုညတာ =ရှေ့အခါက ကြိုတင်ကောင်းမှုပြုလုပ်ထားပြီးခြင်းသည် မြင့်မြတ်သောမင်္ဂလာတစ်ပါးဖြစ်သည်။
5. Pubbe ca Katapunnata;
To have done meritorious deeds in the past is the highest blessing.

၆။ အတ္တသမ္မာပဏိဓိ စ=
မိမိကိုယ်ကို ကောင်းစွာ ထိန်းသိမ်းဆောက်တည်နိုင်ခြင်းသည် မြင့်မြတ်သော မင်္ဂလာတစ်ပါးဖြစ်ပါသည်။
6. Attasamma panidhi ca;
To set one self in the right course is the highest blessing.

၇။ ဗာဟုသစ္စဉ္စ = များပြားကျယ်ပြန့်နှံ့စပ်သောလောကီ လောကုတ္တရာ အထွေထွေဗဟုသုတရှိ်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
7. Bahusaccanca;
To have a wide general knowledge in mundane and supramundane level is the highest blessing.

၈။ သိပ္ပဉ္စ = နည်းပညာနှင့် လက်မှုပညာတတ်ကျွမ်းခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
8. Sippanca;
Being skillful in the technology and handicrafts is the highest blessing.

၉။ ဝိနယော စ သုသိက္ခိတော=လူ၀တ်ကြောင် နှင့် ရဟန်းသံဃာများအတွက် မြတ်ဗုဒ္ဓက ချမှတ်ပညတ်ထားသော ကျင့်၀တ်သိက္ခာများကို သင်ယူခြင်း လိုက်နာကျင့်ကြံခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
9. Vinayo ca susikkhito;
Learning and abiding by the rules of conduct and disciplines laid down by the Buddha for lay devotees and monks is the highest blessing.

၁၀။ သုဘာသိတာ စ ယာ ဝါစာ =မှန်ကန်သော သာယာနာပျော်ဖွယ်ကောင်းသော အများအကျိုးရှိသော စကားကို ပြောဆိုခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
10. Subhasita ca yavaca;
speaking what is true, pleasant and beneficial to other is the highest blessing.

၁၁။ မာတာပိတုဥပဋ္ဌာနံ = မိဘနှစ်ပါးကို နီးနီးကပ်ကပ် ပြုစုလုပ်ကျွေးခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
11. Matapitu upalthanam;
To attend closely to one’s parents is the highest blessing.

၁၂။ ပုတ္တဒါရဿ င်္ဂဟော = ဇနီးမယား သမီးသားတို့ကို ကျွေးမွေးပြုစု ယုယခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
12. Puttadarassa Sangaho;
To take care of one’s wife and children is a noble blessing.

၁၃။ အနကုလာ စ ကမ္မန္တာ = သင့်လျှော်လျှောက်ပတ်သောအချိန် သင့်လျှော်လျှောက်ပတ်သော အခြေအနေမှာ အပြစ်ကင်းသောအလုပ်ကို ပြုလုပ်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
13. Anakulaca Kammanta;
To perform a faultless work at a proper time and under proper Circumstances is a noble blessing.

၁၄။ ဒါနဉ္စ =ဒါနကောင်းမှု ပြုလုပ်ခြင်းသည် ( ပေးကမ်းလှူဒါန်းခြင်းသည်) မင်္ဂလာတစ်ပါးဖြစ်ပါသည်။
14. Dananca;
Performing acts of charity is the highest blessing.

၁၅။ ဓမ္မစရိယာ စ= ကုသိုလ်ကောင်းမှု ဆယ်မျိုးကို ပြုလုပ်လျက် ရိုးသားဖြောင့်မှန်စွာ နေထိုင်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
15. Dhammacariya ca;
To live righteously performing the ten kinds of meritorious deeds is a noble blessing.

၁၆။ ဥာတကာနဉ္စ သင်္ဂဟော =ဆွေမျိုးတွေကို ချီးမြှောက်ထောက်ပံ့ခြင်းသည် မင်္ဂလာတစ်ပါးထြစ်ပါသည်။
16. Natakananca Sangaho;
To support one’s paternal relatives is a noble blessing.

၁၇။ အန၀ဇ္ဇာနိ ကမ္မာနိ= မိမိအကျိုး သူများအကျိုး ရွယ်သယ်ပိုးခြင်းနဲ့စပ်၍ အပြစ်တင် ကဲ့ရိဖွယ်မရှိသော အလုပ်ကို လုပ်ဆောင်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
17. Anavajjani Kammani;
To perform a blameless action associated with the welfare of oneself and other is a noble blessing.

၁၈။ အာရတီ ပါပါ= မကောင်းမှု ဒုစရိုက်၏မကောင်းသောအကျိုးဆက်များကို ကောင်းစွာသိလျက် မကောင်းမှုအားလုံးမှ ရှောင်ကြဉ်ရန် စိတ်ပိုင်းဖြတ်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
18. Arati pa pa;
To resolve mentally to refrain from committing all evils, knowing well the evil consequences of evil conduct is a noble blessing.

၁၉။ ဝိရတီ ပါပါ= ကာယဒုစ္စရိုက် သုံးပါး ၀စီဒုစရိုက် လေးပါးတို့မှ လက်တွေ့ရှောင်ကြဉ်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
19. Virati pa pa;
To refrain from committing three bodily evil deeds and four verbal evil deeds is a noble blessing.

၂၀။ မဇ္ဇပါနာ စ သံယမော = မည်သည့်အရက်သေစာ မူးယစ်ဆေးမျိုးကိုမဆို ရှောင်ကြဉ်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
20. Majjapanaca Samyamo;
To abstain from any intoxicating drink or drug is a noble blessing.

၂၁။ အပ္ပမာဒေါ စ ဓမ္မေသု = ကောင်းမှုကုသိုလ် ပြုလုပ်ဖို့ မမေ့လျော့ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
21. Appamado ca dhammesu;
Not to be negligent in doing good deeds is a noble blessing.

၂၂။ ဂါရဝေါ စ= ရိုသေထိုက်သူကို ရိုသေခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
22. Garavo ca;
To pay respect to those who are worthy of respect is a noble blessing.

၂၃။ နိဝါတော စ = မာန်မာန မထားဘဲ မိမိကိုယ်ကို နှိမ်ချပြီး ရိုးသားဖြောင့်မတ်စွာ နေထိုင်ခြင်းသည် မင်္ဂလာဖြစ်ပါသည်။
23. Nivatoca;
To be humble and modest without pride and conceit is a noble blessing.

၂၄။ သန္တုဋ္ဌိ စ= ရိုးရိုးသားသားနဲ့ မှန်မှန် ဆက်လက်အစွမ်းကုန်ကြိုးစားရမည်ဖြစ်သော် မိမိလက်ရှိပိုင်ဆိုင်ထားတာနဲ့ တင်းတိမ်ရောင့်ရဲနိုင်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။
24. Santutthi ca :
To be contented with whatever one possesses presently, although one must strive and work hard honestly and steadily is a noble blessing.

၂၅။ ကတညုတ= သူများပြုဖူးတဲ့ကျေးဇူးတရားကို အသိအမှတ်ပြုပြီး ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
25. Katannuta :
To acknowledge other’s gratitude and repay one’s debt of gratitude a noble blessing.

၂၆။ ကာလေန ဓမ္မဿ ၀နံ = ပစ္စုပ္ပန်ဘ၀မှာရော နောင်ဘ၀မှာပါ ကောင်းကျိုးချမ်းသာကို ပေးစွမ်းနိုင်သောတရားဓမ္မကို နာကြားခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
26. Kalena dhamma savanam :
To listen to the dhamma which can lead one to prosperity in the present life as well as in future lives is a noble blessing.

၂၇။ ခန္တိ စ= ရန်ငြိုးအာဃာတမထားဘဲ သူတပါးတို့ ရန်စစော်ကားမှုကို ခွင့်လွတ်ပြီး သည်းခံခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
27. Khantica :
To forgive the insult caused by other and be patient without bearing a grudge is a noble blessing.

၂၈။ သော၀စဿတာ= လူကြီး သူမနဲ့ပညာရှိပုဂ္ဂိုလ်များ ပေးသောအကြံဉာဏ်သြဝါဒတွေကို နာခံလွယ်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။
28. Sovacassata :
To obey readily the advice given by elders and learned persons is a noble blessing.

၂၉။ သမဏာနဉ္စ ဒဿနံ = စင်ကြယ်သောစိတ်၊ စင်ကြယ်ကြောင်းအကျင့်ကို ကျင်သုံးနေသော ရဟန်း သူတော်စင်ပုဂ္ဂိုလ်များကို ဖူးမြင်ရခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
29.Samanananca dassanam :
To see noble persons who have purified or are trying to purify their minds is a noble blessing.

၃၀။ ကာလေန ဓမ္မသာကစ္ဆာ = သင့်လျှော်လျှောက်ပတ်သောအချိန်မှာ ပညာရှိပုဂ္ဂိုလ်တိုနှင့် တရားအကြောင်းဆွေးနွေးခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။
30. Kalena dhammasakaccha :
Discussion of the dhamma with learned persons at the proper time is a noble blessing.

၃၁။ တပေါ စ= ကိလေသာအားလုံး ခန်းခြောက်စေရန် ဣနြေ္ဒကို ထိန်းချုပ်လျက် ခြိုးခြံသောအကျင့်ကို ကျင့်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
31. Tapo ca :
To practise austerity by controlling one’s sense faculties in order to scorch all defilements is a noble blessing.

၃၂။ ဗြဟ္မစရိယာ စ= သစ္စာလေးပါးမြတ်တရားကို ထိုးထွင်းသိမြင်ခြင်းအကျိုးငှာ မြတ်မြတ်သောအကျင့်ကို ကျင့်သုံးခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
32. Brahmacariyanca :
To undertake the noble practice in order to realize the four noble truths is a noble blessing.

၃၃။ အရိယသစ္စာန ဒဿနံ = မဂ်စိတ်လေးပါးဖြင့် သစ္စာလေးပါး မြတ်တရားကို ထိုးထွင်းသိမြင်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
33. Ariyasaccana dassanam :
To realize the four Noble Truths with four Path- consciousnesses stage by stage is a noble blessing.

၃၄။ နိဗ္ဗာန သစ္ဆိကိရိယာ စ= နိဗ္ဗာန်ကို မျက်မှောက်ပြု၍ သန္တိသုခဖြစ်သော အမြင့်ဆုံးချမ်းသာကို ခံစားခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
34. Nibbana sacchikiriya ca :
To realize Nibbana and enjoy the highest bliss is a noble blessing.

၃၅။ ဖုဋ္ဌဿ လောကဓမ္မေဟိ စိတ္တံ ယဿ နကမ္ပတိ= လောကဓံ ရှစ်ပါးနဲ့ ကြုံတွေ့ရသော်လည်း မတုန်လှုပ်သောစိတ်နဲ့ ခိုင်မြဲတည်တံ့စွာရပ်တည်နိုင်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
35. Phuthssa Lokadhammehi Cittam yassa na Kampati :
To stand steadfastly with an unshaken mind associated with eight worldly condition is a noble blessing.

လောကဓံ တရား ရှစ်ပါး

(၁) လာဘ ... ပစ္စည်းဥစ္စာရခြင်း
(၂) အလာဘ.. ပစ္စည်း ဥစ္စာမရခြင်း
(၃) ယသ ... အခြွေအရံပေါများခြင်း
(၄)အယသ . .အခြွေအရံမရှိခြင်း
(၅)နိန္ဒာ... အကဲ့အရဲ့ခံခြင်း
(၆) ပသံသာ.. အချီးမွမ်းခံရခြင်း
(၇) သုခံ.. ချမ်းသာခြင်း
(၈) ဒုက္ခံ ....... ဆင်းရဲခြင်း ။

The eight worldly condition are;

(1) Labha ....= Gain
(2)Alabha.....= Loss
(3)Yassa..,,,,.= Fame
(4) Ayassa....= Dishonour
(5) Ninda......= Blame
(6) Pasansa...= Praise
(7) Sukha......= Well being
(8) Dukkha...= Misery.

၃၆။ အသောကံ= စိုးရိမ်သောက မှန်သမျှ ကင်းပခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
36. Asokam. :
To be free from all worries is a noble blessing.

၃၇။ ဝိရဇံ= ကိလေသာမြူ မှန်သမျှ မှ လွတ်ကင်းသောစိတ်ရှိခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။
37. Virajam :
To have a mind free from the dust of all defilements is a noble blessing.

၃၈။ ခေမံ = ကိလေသာရန်မှန်သမျှ လွတ်မြောက်သော စိတ်ရှိခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။
38. Khemam :
To possess a peaceful mind free from all dangers of defilements is a noble blessing.

30/06/2022

နတ် ဒေဝါ နှင့် ဝိဇ္ဇာ ပုဂ္ဂိုလ်တို့ အမြဲ
မစသော လူ ( ၇ ) မျိုး
~~~~~~~~~~~~~~~~~~~~~~~~~

နတ်တွေမစသည် ဝိဇ္ဇာပုဂ္ဂိုလ်မစသည် ဆိုခြင်းမှာ
လူတို့အား ရွေငွေ ဥစ္စာ ရတနာများ ပေးခြင်းမဟုတ် ပါ။သူတော်ကောင်းတို့ သွားလေရာ လာလေရာ အရပ်တွင် ဘေးမသီ ရန်မခအောင် အမြဲကူညီ စောင့်မခြင်းသာဖြစ်လေ၏။သူတော်ကောင်းတို့ လုပ်သမျှ ကိုင်သမျှ အဆင်ပြေအောင် ကူညီစောင့်မပေးခြင်းလည်း ဖြစ်လေ၏။

ထိုသူတော်ကောင်း (၇) မျိုးဆိုသည်မှာ

၁။ ရတနာသုံးပါးကို စစ်မှန်စွာကိုးကွယ်ပြီး သရဏဂုံတည်သောသူ။

၂။ ငါးပါးသီလမြဲသောသူ ။

၃။မိဘတို့ကို လုပ်ကျွေးပြုစုသောသူ။

၄။သာသနာပြုသောသူ သာသနာတော်ကို အားပေးချီးမြောက်သောသူ။

၅။မကောင်းမှု့ကိုရှောင် ကောင်းမှုကိုဆောင်၍ တရား၌ကျင့်ကြံသူ။

၆။ မေတ္တာတရား ကြီးမားသောသူ။

၇။ သဒ္ဒါထက်သန်သော အလှုကိုအမြဲပြုသူ။

ကဆုန်လပြည့် ဗုဒ္ဓနေ့ ဆွမ်းလောင်းပွဲ(မန္တလေး)===============================သာသနာတော်နှစ်(၂၅၆၆)နှစ်ပြည့် အထိမ်းအမှတ်အနေနဲ...
14/05/2022

ကဆုန်လပြည့် ဗုဒ္ဓနေ့ ဆွမ်းလောင်းပွဲ(မန္တလေး)
===============================

သာသနာတော်နှစ်(၂၅၆၆)နှစ်ပြည့်
အထိမ်းအမှတ်အနေနဲ့ ကဆုန်လပြည့်နေ့မှာ

မန္တလေးမြို့လေးပြင် လေးရပ်တွင်
သံဃာတော် (၂၅၆၆)ပါးစီဖြင့်
စုစုပေါင်း သံဃာတော် (၁၀၂၆၄)ပါး အား
ဆွမ်းလောင်းလှူပွဲကြီး။

14. May. 2022(Sat)

Credit

5လပိုင်း4 ရက်နေ့ ဗုဒ္ဓဟူးနေ့(မနက်ဖြန်) တွင် ပြုလုပ်မည့် ညောင်ရေသွန်းပွဲနှင့်အတူ နာခိုရာတွင် သီတင်းသုံးနေသော အရှင်သံဃာတော...
03/05/2022

5လပိုင်း4 ရက်နေ့ ဗုဒ္ဓဟူးနေ့(မနက်ဖြန်) တွင် ပြုလုပ်မည့် ညောင်ရေသွန်းပွဲနှင့်အတူ နာခိုရာတွင် သီတင်းသုံးနေသော အရှင်သံဃာတော်များအား စွမ်းဆန်စိမ်း လောင်းလှူရန် ရှိပါသဖြင့် ကုသိုလ် ပြုနိုင်ပါကြောင်း ထပ်လောင်းနှိုးဆော်အပ်ပါသည်။
# #သံဃာတော်
အပါးရေ ၇ ပါး ခန့်
Credit to

住所

Nagoya-shi, Aichi

ウェブサイト

アラート

နာဂိုယာမြို့ ၊ မေတ္တာဓိက စေတီတော်ကြီးがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

その診療所に問い合わせをする

နာဂိုယာမြို့ ၊ မေတ္တာဓိက စေတီတော်ကြီးにメッセージを送信:

共有する

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

カテゴリー