The CLASsy Astro

The CLASsy Astro Sidereal birth chart & Tarot reading

Stalkingပိုင်းမှာ ဆရာကျတဲ့ Zodiac sign (5)ခု🕵🏻‍♀️👀1. Scorpio♏​သူတို့ကတော့ ဒီနယ်ပယ်ရဲ့ ဘုရင်/ဘုရင်မ ပါပဲ။ Scorpio တွေမှာ ...
19/01/2026

Stalkingပိုင်းမှာ ဆရာကျတဲ့ Zodiac sign (5)ခု🕵🏻‍♀️👀

1. Scorpio♏
​သူတို့ကတော့ ဒီနယ်ပယ်ရဲ့ ဘုရင်/ဘုရင်မ ပါပဲ။ Scorpio တွေမှာ တစ်ဖက်လူ မသိအောင် နောက်ကြောင်းလိုက်နိုင်တဲ့ ထူးခြားတဲ့ စွမ်းရည်ရှိပါတယ်။
​သူတို့က လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ရတာ ဝါသနာပါပြီး အာရုံခံစားမှု (Intuition) အရမ်းအားကောင်းပါတယ်။
​ဖုန်းနံပါတ်တစ်ခု ဒါမှမဟုတ် နာမည်တစ်ခုတည်းနဲ့တင် တစ်ဖက်လူရဲ့ မိသားစုအကြောင်း၊ အရင် Ex တွေအကြောင်းကအစ ရှာဖွေနိုင်ပါတယ်။ သူတို့ Stalk နေမှန်း ဘယ်တော့မှ အရိပ်အယောင် ပြလေ့မရှိပါဘူး။

​2. Virgo ♍
​Virgo တွေကတော့ စုံထောက် Sherlock Holmes လိုမျိုး အချက်အလက်တွေကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာတာပါ။
​သူတို့က Detail (အသေးစိတ်) ကို အသေအချာ ကြည့်တတ်တာကြောင့်ပါ။
​Ex/Crush တင်လိုက်တဲ့ ပုံတစ်ပုံရဲ့ မှန်ထဲက အရိပ်၊ ဒါမှမဟုတ် ပုံရဲ့ နောက်ခံ အောက်ခြေက ပစ္စည်းလေးတစ်ခုကို ကြည့်ရုံနဲ့ အဲဒီလူ ဘယ်သူနဲ့ ရှိနေလဲ၊ ဘယ်ဆိုင် ရောက်နေလဲဆိုတာကို Google Maps သုံးပြီး တိတိကျကျ ရှာဖွေနိုင်သူတွေ ဖြစ်ပါတယ်။

​3. Gemini ♊
​Gemini တွေကတော့ သတင်းအချက်အလက် စုဆောင်းရာမှာ အရမ်းမြန်ပါတယ်။
​သူတို့က စပ်စုတတ်တဲ့အပြင် လူမှုဆက်ဆံရေး ကျယ်ပြန့်တာကြောင့် သတင်းရင်းမြစ် (Sources) ပေါများပါတယ်။
​သူတို့မှာ Fake account ပေါင်းများစွာ ရှိနေတတ်ပြီး Mutual friends တွေဆီကနေ သတင်းနှိုက်ရတာ လက်မြန်ခြေမြန် ရှိလှပါတယ်။ "ဘယ်သူက ဘယ်သူနဲ့ တွဲနေပြီလဲ" ဆိုတာမျိုးကို သူတို့ အရင်ဆုံး သိတတ်ကြပါတယ်။

4. ​Cancer ♋
​Cancer တွေကတော့ တိတ်တဆိတ်နဲ့ အစွဲအလမ်းကြီးစွာ စောင့်ကြည့်တတ်သူတွေပါ။
​စိတ်ခံစားမှုအပေါ် အခြေခံပြီး Stalk တာဖြစ်လို့ ဇွဲအရမ်းကောင်းပါတယ်။
​တစ်ဖက်လူရဲ့ လွန်ခဲ့တဲ့ ၃-၄ နှစ်က Post တွေ၊ Tag ခံထားရတဲ့ ပုံတွေကို ပြန်တူးဆွပြီး အဲဒီလူရဲ့ ပတ်သက်မှုတွေကို Timeline လိုက် မှတ်မိနေတတ်တာမျိုးပါ။

5. Pisces ♓
​Pisces တွေက ဘာမှမလုပ်ဘူးလို့ ထင်ရပေမဲ့ တိတ်တိတ်လေး အကဲခတ်နေတတ်ပါတယ်။
​သူတို့ရဲ့ စိတ်ကူးယဉ်ကမ္ဘာထဲမှာ Ex နဲ့ ပြန်အဆင်ပြေမလားဆိုတဲ့ မျှော်လင့်ချက် သေးသေးလေး အမြဲရှိနေတတ်လို့ပါ။
​Ex ရဲ့ Music playlist တွေ၊ တင်တဲ့ My Day သီချင်းစာသားတွေကို ကြည့်ပြီး "သူ ငါ့ကို ရည်ရွယ်ပြီး တင်တာလား" ဆိုတာမျိုးလည်း စိတ်ကူးယဥ်တတ်ကြပါသေးတယ်။



2026မှာ အောင်မြင်မလား၊ချမ်းသာမလား။🔮 စိတ်ကို တည်ငြိမ်အောင်ထားပြီး ပုံထဲက Pile (1/2/3) ထဲက တစ်ခုကို ရွေးလိုက်ပါ။Birth Char...
18/01/2026

2026မှာ အောင်မြင်မလား၊ချမ်းသာမလား။🔮

စိတ်ကို တည်ငြိမ်အောင်ထားပြီး ပုံထဲက Pile (1/2/3) ထဲက တစ်ခုကို ရွေးလိုက်ပါ။

Birth Chart Readingမေးလိုပါက
https://www.facebook.com/share/p/iuFwR9cvmyAP94yi/

Tarot Reading မေးလိုပါက
https://www.facebook.com/share/p/XFKyP15dznJdyzuB/

https://www.facebook.com/share/p/17a2oZ5iPM/




မင်းရဲ့ အနာဂတ်ဖူးစာဖက်က ဘယ်လိုလူမျိုးလဲ၊သူနဲ့ ဘယ်လိုမျိုးဆုံရမလဲ။💞🔮စိတ်ကို တည်ငြိမ်အောင်ထားပြီး ပုံထဲက Pile (1/2/3) ထဲက ...
14/01/2026

မင်းရဲ့ အနာဂတ်ဖူးစာဖက်က ဘယ်လိုလူမျိုးလဲ၊သူနဲ့ ဘယ်လိုမျိုးဆုံရမလဲ။💞🔮

စိတ်ကို တည်ငြိမ်အောင်ထားပြီး ပုံထဲက Pile (1/2/3) ထဲက တစ်ခုကို ရွေးလိုက်ပါ။

Birth Chart Readingမေးလိုပါက
https://www.facebook.com/share/p/iuFwR9cvmyAP94yi/

Tarot Reading မေးလိုပါက
https://www.facebook.com/share/p/XFKyP15dznJdyzuB/

https://www.facebook.com/share/p/17a2oZ5iPM/




13/01/2026
မကြာခင်မှာ ဘယ်လို သတင်းကောင်းတွေ ကြားရမလဲ? ဘယ်လိုကံကောင်းမှုတွေ ဝင်ရောက် လာဖို့ရှိလဲ? 🔮စိတ်ကို တည်ငြိမ်အောင်ထားပြီး ပုံထ...
12/01/2026

မကြာခင်မှာ ဘယ်လို သတင်းကောင်းတွေ ကြားရမလဲ? ဘယ်လိုကံကောင်းမှုတွေ ဝင်ရောက် လာဖို့ရှိလဲ? 🔮

စိတ်ကို တည်ငြိမ်အောင်ထားပြီး ပုံထဲက Pile (1/2/3) ထဲက တစ်ခုကို ရွေးလိုက်ပါ။

Birth Chart Readingမေးလိုပါက
https://www.facebook.com/share/p/iuFwR9cvmyAP94yi/

Tarot Reading မေးလိုပါက
https://www.facebook.com/share/p/XFKyP15dznJdyzuB/

https://www.facebook.com/share/p/17a2oZ5iPM/




၂၀၂၆ ခုနှစ်ဟာ ဗေဒင်ပညာရပ်အရရော၊ သင်္ကြန်စာအရပါ အပြောင်းအလဲနဲ့ တိုးတက်မှုတွေ မြန်ဆန်မယ့် "Fire Horse" (မီးမြင်း) နှစ် ဖြစ...
11/01/2026

၂၀၂၆ ခုနှစ်ဟာ ဗေဒင်ပညာရပ်အရရော၊ သင်္ကြန်စာအရပါ အပြောင်းအလဲနဲ့ တိုးတက်မှုတွေ မြန်ဆန်မယ့် "Fire Horse" (မီးမြင်း) နှစ် ဖြစ်ပါတယ်။ ဒီနှစ်မှာ အထူးသဖြင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ အထာကျကျ ဖြတ်သန်းနိုင်မယ့် ရာသီဖွားတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -

​၂၀၂၆ မှာ အထာကျကျ လန်းမယ့် ရာသီဖွား (၄) ခု

​၁။ သိဟ်ရာသီဖွား (Leo) -
​၂၀၂၆ ရဲ့ ပထမနှစ်ဝက်မှာ ဂျူပီတာဂြိုဟ်ရဲ့ အစောင့်အရှောက်ကို ရရှိမှာဖြစ်လို့ နာမည်ကျော်ကြားမှုနဲ့ အောင်မြင်မှု တွေက ရှေ့တန်းရောက်လာပါလိမ့်မယ်။
​အလုပ်ခွင်မှာ ခေါင်းဆောင်မှုနေရာ ရခြင်း၊ လစာတိုးခြင်းနဲ့ လူမှုကွန်ရက်တွေမှာ လူချစ်လူခင် ပေါများခြင်းတွေရရှိပါမယ်။
ဘာလုပ်လုပ် လူတကာငေးရလောက်တဲ့ Confidence မျိုး ရှိနေပါလိမ့်မယ်။

​၂။ ဓနုရာသီဖွား (Sagittarius) -
​မီးဓာတ်အုပ်စုဝင် ဖြစ်တာကြောင့် မီးမြင်းနှစ်ရဲ့ စွမ်းအင်နဲ့ အကိုက်ညီဆုံး ရာသီဖွားပါ။
​နိုင်ငံခြားခရီးစဉ်တွေ၊ ပညာတော်သင်ကိစ္စတွေမှာ အခွင့်အရေး အလွန်ကောင်းပါတယ်။
​အတွေ့အကြုံသစ်တွေနဲ့ ဘဝကို လွတ်လပ်ပေါ့ပါးစွာ ဖြတ်သန်းနိုင်ပြီး ကိုယ်ဝါသနာပါရာကို အရှိန်အဟုန်နဲ့ လုပ်ဆောင်နိုင်ပါလိမ့်မယ်။

​၃။ ကုံရာသီဖွား (Aquarius) -
​၂၀၂၆ က ကုံရာသီဖွားတွေအတွက် Identity Shift ဖြစ်မယ့်နှစ်ပါ။ အရင်ကထက် ပိုပြီး ဆန်းသစ်တဲ့ ပုံစံမျိုးနဲ့ မြင်တွေ့ရမှာပါ။
​အကြံသစ်၊ အိုင်ဒီယာသစ်တွေကနေ ငွေဝင်လမ်းတွေ ပွင့်လာမယ်။ မိတ်ဆွေအပေါင်းအသင်းသစ်ကောင်းတွေ ရလာမယ်။
​သူများနဲ့မတူတဲ့ Lifestyle အသစ်ကို ပိုင်ဆိုင်ပြီး အရင်က ကြောက်နေခဲ့တဲ့ အရာတွေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကျော်ဖြတ်နိုင်ပါလိမ့်မယ်။

​၄။ မိဿရာသီဖွား (Aries) -
​စိန်ခေါ်မှုတွေကို မကြောက်ဘဲ တိုးထွက်တတ်တဲ့ Aries တွေအတွက် ၂၀၂၆ က အကောင်အထည်ဖော်ရမယ့်နှစ် ပါ။
​ကိုယ်ပိုင်စီးပွားရေး စတင်တာ ဒါမှမဟုတ် ရာထူးတိုးတာမျိုးတွေ ကြုံရတတ်ပါတယ်။ စိတ်ခံစားချက်ပိုင်းမှာလည်း အရင်ကထက် ပိုရင့်ကျက်လာမှာပါ။
ပြောရုံတင်မကဘဲ တကယ်လုပ်ပြနိုင်တဲ့ Action-oriented ပုံစံကြောင့် လူတကာရဲ့ လေးစားမှုကို ရရှိပါလိမ့်မယ်။

၂၀၂၆ ဟာ မြန်ဆန်တဲ့နှစ်ဖြစ်လို့ "တွေးတောနေတာထက် လက်တွေ့လုပ်ဆောင်တာ" က သင့်ကို ပိုပြီး အထာကျစေပါလိမ့်မယ်။

Birth Chart Readingမေးလိုပါက
https://www.facebook.com/share/p/iuFwR9cvmyAP94yi/

Tarot Reading မေးလိုပါက
https://www.facebook.com/share/p/XFKyP15dznJdyzuB/

https://www.facebook.com/share/p/17a2oZ5iPM/



09/01/2026

ကောဇာမဟာဘုတ်အရ
2026 မြန်မာနှစ်သစ်ကူးကာလကနေစပြီး

ကံကောင်းမယ့် နေ့နံများ
တနင်္ဂနွေ - ⭐⭐⭐⭐⭐
ဗုဒ္ဓဟူး - ⭐⭐⭐⭐
စနေ - ⭐⭐⭐
သောကြာ - ⭐⭐

သတိထားရမယ့် နေ့နံများ
ကြာသပတေး
တနင်္လာ
အင်္ဂါ

တစ်ယောက်ယောက်ကို အလိုလိုနေရင်းကြည့်မရတာမျိုး၊ တစ်ယောက်နဲ့တစ်ယောက် မကြာခဏစကားများတာမျိုး၊ နားလည်ရခက်တာမျိုးဖြစ်ဖူးကြလား။​...
08/01/2026

တစ်ယောက်ယောက်ကို အလိုလိုနေရင်းကြည့်မရတာမျိုး၊ တစ်ယောက်နဲ့တစ်ယောက် မကြာခဏစကားများတာမျိုး၊ နားလည်ရခက်တာမျိုး
ဖြစ်ဖူးကြလား။

​နက္ခတ်ဗေဒင်မှာတော့ ဒါကို Shastastaka (6/8 Exit)လို့ခေါ်ပါတယ်။ရာသီခွင်တစ်ခုကနေ နောက်တစ်ခုကို ရေတွက်ရင် ၆ ခုမြောက်နဲ့ ၈ ခုမြောက်မှာ ကျရောက်နေတာကို ဆိုပါတယ်။ ဒီအနေအထားဟာ "အပြန်အလှန် နားလည်မှု" တည်ဆောက်ရ အခက်ခဲဆုံး Vibe မျိုး ဖြစ်စေတတ်ပါတယ်။
မိသားစုဖြစ်စေ ၊ သူငယ်ချင်းဖြစ်စေ ၊ချစ်သူရည်းစားဖြစ်စေ ​ဘယ်လိုဆက်ဆံရေးမျိုးမှာမဆို ဒီ Energy တွေက သက်ရောက်မှုရှိပါတယ်။

🔍 သူတို့ ဘာလို့Energy မကိုက်တာလဲ?
​Life Goals မတူခြင်း
တစ်ယောက်က အေးအေးဆေးဆေး နေချင်ချိန်မှာ နောက်တစ်ယောက်က လှုပ်ရှားရုန်းကန်ချင်နေတတ်ပါတယ်။

​Communication Gap
စကားပြောတဲ့ ပုံစံချင်း မတူတာကြောင့် စေတနာနဲ့ပြောတာကို အပြစ်မြင်တာမျိုး ခဏခဏ ဖြစ်တတ်ပါတယ်။

​Hidden Tension
အပေါ်ယံကြည့်ရင် အဆင်ပြေပေမဲ့ အတွင်းစိတ်ထဲမှာ တစ်ယောက်ကိုတစ်ယောက် အလိုမကျမှုတွေ (Vibe မကိုက်ညီတာတွေ) ရှိနေတတ်ပါတယ်။

6/8 ဖြစ်နေတိုင်း ပေါင်းဖက်ဖို့မဖြစ် နိုင်ဘူးလို့ မဆိုလိုပါဘူး။ဒါကို "Karmic Connection" လို့လည်း ခေါ်ပါတယ်။ တစ်ယောက်မှာ မရှိတာကို တစ်ယောက်က ဖြည့်ဆည်းပေးနိုင်တဲ့အတွက် အတူတူရှိနေရင် တစ်ယောက်ကိုတစ်ယောက် အများကြီး ပြောင်းလဲပေးနိုင်စွမ်း ရှိပါတယ်။ ဒါပေမဲ့ တခြားသူတွေထက် ၂ ဆ ပိုပြီး သည်းခံနားလည်ပေးဖို့တော့ လိုပါလိမ့်မယ်။ ✨

ဒါဟာ Sun signတစ်ခုတည်းတင်မကပါဘူး Birth Chartတစ်ခုမှာ အချက်အချာကျတဲ့ Sun/Moon/Rising စတဲ့ signတွေအားလုံးအကျုံးဝင်ပါတယ်။

ဒီထက်ပိုပြီး ပြည့်ပြည့်စုံစုံသိချင်တယ်ဆိုရင်တော့ နှစ်ဦးလုံးရဲ့ မွေးနေ့၊မွေးချိန်၊မွေးဖွားရာမြို့အမည်နဲ့တကွ Couple Birth Chartမေးမြန်းနိုင်ပါ​ြပီ။

Birth Chart Readingမေးလိုပါက
https://www.facebook.com/share/p/iuFwR9cvmyAP94yi/

Tarot Reading မေးလိုပါက
https://www.facebook.com/share/p/XFKyP15dznJdyzuB/

https://www.facebook.com/share/p/17a2oZ5iPM/




ပထမဦးစွာ"Saturn Return"အကြောင်းကို ရှင်းပြချင်ပါတယ်။Saturn Returnဆိုတာ​Saturn က နေကို တစ်ပတ်ပတ်ပြီး သင်မွေးဖွားချိန်မှာ...
06/01/2026

ပထမဦးစွာ"Saturn Return"အကြောင်းကို ရှင်းပြချင်ပါတယ်။
Saturn Returnဆိုတာ​Saturn က နေကို တစ်ပတ်ပတ်ပြီး သင်မွေးဖွားချိန်မှာ ရှိခဲ့တဲ့ နေရာကို ပြန်ရောက်လာတာ ဖြစ်ပါတယ်။ ဒါဟာ လူတစ်ယောက်ရဲ့ ဘဝမှာ အသက် ၂၇ နှစ်ကနေ ၃၀ ကြား မှာ ပထမဆုံးအကြိမ် ဖြစ်ပေါ်ပါတယ်။
ဥပမာ - သင့်Birth Chartမှာက Saturn Aries 14°ဆိုရင် Saturnက နေကိုတစ်ပတ်ပတ်အပြီး Aries 14°ကိုပြန်ရောက်လာခြင်းကို ဆိုလိုပါတယ်။

မိမိရဲ့ကလေးဆန်တဲ့ အပြုအမူတွေကို စွန့်လွှတ်ပြီး တကယ်ရင့်ကျက်တဲ့ လူကြီးဘဝကို ကူးပြောင်းဖို့ စကြာဝဠာက အတင်းတွန်းအားပေးတဲ့ ကာလပါ။

မိမိအတွက် မသင့်တော်တော့တဲ့ အလုပ်၊ အချစ်ရေးနဲ့ သူငယ်ချင်းတွေကို မိမိဘဝထဲကနေ ဖယ်ရှားပစ်တတ်ပါတယ်။

​ဘဝအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ (ဥပမာ- အိမ်ထောင်ပြုခြင်း၊ အလုပ်ပြောင်းခြင်း၊ အိမ်ဝယ်ခြင်း) စတာတွေကို ခိုင်ခိုင်မာမာ ချမှတ်ရတတ်ပါတယ်။

​Saturn ဟာ "စည်းကမ်းကြီးတဲ့ ဆရာ" နဲ့ တူပါတယ်။ ဒီကာလမှာ ရုန်းကန်ရမှုတွေ ရှိနိုင်ပေမဲ့ ဒါဟာ ကိုာ့်ဘဝရဲ့ နောက်ထပ် အနှစ် ၃၀ စာ အတွက် ခိုင်မာတဲ့ အခြေခံအုတ်မြစ် ချပေးနေတာ ဖြစ်ပါတယ်။
Saturn Return ဆိုတာ "ကိုယ့်ဘဝအတွက် ကိုယ်တိုင် တာဝန်ယူရတော့မယ့် အချိန်" လို့ မှတ်သားနိုင်ပါတယ်။

၂၀၂၆ ခုနှစ်ဟာ စနေဂြိုဟ် (Saturn) က မိန်ရာသီ (Pisces) ကနေ မိဿရာသီ (Aries) ထဲကို စတင်ကူးပြောင်းမယ့် နှစ်ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၂၆ မှာ Saturn Return ကြုံရမယ့်သူတွေကို အုပ်စု (၂) စု ခွဲခြားနိုင်ပါတယ်။

​၁။ ပထမအကြိမ် Saturn Return ကြုံရမည့်သူများ (အသက် ၂၇ - ၃၀ ဝန်းကျင်)
​လူငယ်ဘဝကနေ လူကြီးဘဝကို ကူးပြောင်းမယ့် အုပ်စုဖြစ်ပြီး အောက်ပါကာလအတွင်း မွေးဖွားသူတွေ ပါဝင်ပါတယ် -
​၁၉၉၆ ခုနှစ်၊ ဧပြီလ ၇ ရက် မှ ၁၉၉၉ ခုနှစ်၊ ဇွန်လ ၈ ရက်အတွင်း မွေးဖွားသူများ
​၁၉၉၉ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက် မှ ၂၀၀၀ ပြည့်နှစ်၊ ဇန်နဝါရီလအတွင်း မွေးဖွားသူများ
​အထူးသဖြင့် ၁၉၉၆၊ ၁၉၉၇ ဝန်းကျင်မှာ မွေးဖွားပြီး စနေဂြိုဟ် မိဿရာသီ (Aries) မှာ ရှိသူတွေဟာ ၂၀၂၆ မှာ Saturn Return ရဲ့ အပြင်းထန်ဆုံး အလှည့်အပြောင်းတွေကို စတင်ခံစားရမှာ ဖြစ်ပါတယ်။

​၂။ ဒုတိယအကြိမ် Saturn Return ကြုံရမည့်သူများ (အသက် ၅၇ - ၆၀ ဝန်းကျင်)
​ဒါကတော့ အငြိမ်းစားယူဖို့ ပြင်ဆင်ခြင်းနဲ့ ဘဝရဲ့ ဒုတိယပိုင်းအတွက် အုတ်မြစ်ချမယ့် အုပ်စုဖြစ်ပါတယ် -
​၁၉၆၇ ခုနှစ်၊ မတ်လ ၄ ရက် မှ ၁၉၆၉ ခုနှစ်၊ ဧပြီလ ၂၉ ရက်အတွင်း မွေးဖွားသူများ
​၁၉၆၉ ခုနှစ်၊ အောက်တိုဘာလ ၅ ရက် မှ ၁၉၇၀ ပြည့်နှစ်၊ ဇန်နဝါရီလအတွင်း မွေးဖွားသူများ

​၂၀၂၆ မှာ ဘာတွေ ထူးခြားမလဲ?
​၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက် မှာ Saturn ဟာ မိဿရာသီ (Aries) ထဲကို လုံးဝဝင်ရောက်သွားမှာ ဖြစ်ပါတယ်။ မိဿရာသီဟာ "အစပြုခြင်း" နဲ့ "ခေါင်းဆောင်မှု" ကို ကိုယ်စားပြုတဲ့အတွက် ၂၀၂၆ မှာ Saturn Return ကြုံရမယ့်သူတွေဟာ -
​ကိုယ်ပိုင်လုပ်ငန်း စတင်တာ။
​ဘဝလမ်းကြောင်းသစ်ကို ရဲရဲဝံ့ဝံ့ ရွေးချယ်တာ။
​မိမိကိုယ်ကိုယ် ယုံကြည်မှုနဲ့ ပတ်သက်ပြီး သင်ခန်းစာအသစ်တွေ သင်ယူရတာမျိုးတွေ ကြုံရတတ်ပါတယ်။

​သိထားရမည့်အချက်:
Saturn Return ဆိုတာ တစ်ရက်တည်း ဖြစ်တာမဟုတ်ဘဲ အကြမ်းဖျင်း ၂ နှစ်ခွဲခန့် ကြာမြင့်တဲ့ ဖြစ်စဉ်တစ်ခုပါ။ ဒါကြောင့် ၂၀၂၆ မှာ စတင်တဲ့သူတွေဟာ ၂၀၂၈ ဝန်းကျင်အထိ ဘဝရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကြုံတွေ့နေရမှာ ဖြစ်ပါတယ်။




၂၀၂၆ ခုနှစ်ဟာ နက္ခတ်ဗေဒင်အရ ရာဟု (Rahu) ရဲ့ အပြောင်းအလဲကြီးတစ်ခု ဖြစ်ပေါ်မယ့်နှစ်ပါ။ ၂၀၂၆ ခုနှစ်၊ မေလဝန်းကျင်မှာ ရာဟုဟာ ...
04/01/2026

၂၀၂၆ ခုနှစ်ဟာ နက္ခတ်ဗေဒင်အရ ရာဟု (Rahu) ရဲ့ အပြောင်းအလဲကြီးတစ်ခု ဖြစ်ပေါ်မယ့်နှစ်ပါ။ ၂၀၂၆ ခုနှစ်၊ မေလဝန်းကျင်မှာ ရာဟုဟာ မိန်ရာသီကနေ ကုမ်ရာသီ (Aquarius) ထဲကို ကူးပြောင်းမှာ ဖြစ်ပါတယ်။

ရာဟု (Rahu) ဟာ အရိပ်ဂြိုဟ် (Shadow Planet) ဖြစ်ပြီး လှည့်စားခြင်း၊ မရေရာခြင်းနဲ့ လောဘတို့ကို ကိုယ်စားပြုပါတယ်။
ရာဟုသက်ရောက်နေချိန် ဒါမှမဟုတ် ဇာတာခွင်ထဲက အချက်အချာကျတဲ့နေရာ (လဂ် သို့မဟုတ် စန်း) ပေါ်ကို ရာဟုဖြတ်သန်းနေချိန် (Transit) မှာ အောက်ပါအတိုင်း ဖြစ်တတ်ပါတယ် -

ရာဟုသက်ရောက်ချိန်တွင် ဖြစ်ပေါ်တတ်သော လက္ခဏာများ

​အအိပ်ပျက်ခြင်း
ညဘက်တွေ အကြောင်းမဲ့ အိပ်မပျော်တာ၊ အိပ်မက်ဆိုးမက်တာ။

​ဝေဖန်ပိုင်းခြားနိုင်စွမ်း လျော့နည်းခြင်း
လက်တွေ့မကျတဲ့ အကြံအစည်တွေ (ဥပမာ - ဖုန်းတစ်လုံးနဲ့ သိန်းထောင်ချီ ရတော့မလိုလို) ကို ယုံကြည်နေမိခြင်း။

​ဖြတ်လမ်းလိုက်ချင်ခြင်း
ပုံမှန်အလုပ်ထက် လောင်းကစား သို့မဟုတ် ဂိမ်းတွေမှာ စိတ်ရောက်နေခြင်း။

လူအကဲခတ်မှားခြင်း
လူဆိုးကို လူကောင်းထင်ပြီး အရေးကြီးတဲ့ ကိစ္စတွေ၊ ငွေကြေးတွေကို အပ်နှံမိတတ်ပါတယ်။

၂၀၂၆ မှာ ရာဟုသက်ရောက်မှုကို အပြင်းထန်ဆုံး ခံစားရမယ့် zodiac signsများ ......

​Aquarius -
ရာဟုဟာ မိမိရာသီပေါ်မှာ တိုက်ရိုက်ရှိနေတဲ့အတွက် မိမိကိုယ်ကိုယ် ပြန်လည်ဆန်းသစ်ခြင်း (Self-reinvention) တွေ ဖြစ်ပေါ်လာပါမယ်။ နည်းပညာ၊ လူမှုကွန်ရက်နဲ့ အိုင်ဒီယာအသစ်တွေမှာ အောင်မြင်နိုင်ပေမယ့် စိတ်ရှုပ်ထွေးမှုနဲ့ အာရုံစိုက်ရခက်တာမျိုး သတိထားရပါမယ်။


Leo -
​ရာဟုက အတိုက်အခံ (၇ ခုမြောက်အိမ်) မှာ ရှိနေတာကြောင့် အိမ်ထောင်ရေး၊ အချစ်ရေးနဲ့ စီးပွားဖက်ဆက်ဆံရေး တွေမှာ စိန်ခေါ်မှုတွေ ရှိလာနိုင်ပါတယ်။ လူသစ်တွေနဲ့ ဆက်ဆံတဲ့အခါ လှည့်ဖြားမခံရအောင် သတိထားပါ။

Pisces -
​၂၀၂၆ မေလအထိ ရာဟုက မိန်ရာသီမှာ ရှိနေဆဲ ဖြစ်ပါတယ်။
​လွန်ခဲ့တဲ့ တစ်နှစ်ခွဲကတည်းက ကြုံခဲ့ရတဲ့ စိတ်ရှုပ်ထွေးမှုတွေရဲ့ အရှိန်ဟာ မေလအထိ ဆက်ရှိနေဦးမှာပါ။
​ဆေးရုံဆေးခန်းကိစ္စများနှင့် ငွေကြေးအရှုပ်အထွေးများကို သတိထားပါ။

Capricorn -
၂၀၂၆ နှစ်ကုန်ပိုင်းမှာ ရာဟုက မိမိရာသီထဲ ဝင်လာမှာဖြစ်လို့ နှစ်ကုန်ပိုင်းမှာ ရုတ်တရက် အပြောင်းအလဲတွေ၊ အလုပ်အကိုင် အခွင့်အလမ်းသစ်တွေနဲ့ ဘဝရည်မှန်းချက် အသစ်တွေ ပေါ်လာတတ်ပါတယ်။

ကံကောင်းခြင်းနဲ့အခွင့်အလမ်းတွေ ရရှိနိုင်မယ့် Zodiac signsများ ......
​ရာဟုဟာ ဒီရာသီဖွားတွေအတွက် အကျိုးပေးတဲ့ နေရာတွေမှာ ရှိနေမှာ ဖြစ်ပါတယ်။

Aries
ရာဟုဟာ ၁၁ ခုမြောက်အိမ် (Gains House) မှာ ရှိနေလို့ ငွေကြေးအကျိုးအမြတ် ရုတ်တရက်ရရှိခြင်း၊ မိတ်ဆွေအသိုင်းအဝိုင်းသစ်တွေဆီက အကူအညီရခြင်းတွေ ကြုံရပါမယ်။

Gemini
ကံကောင်းခြင်းအိမ် (၉ ခုမြောက်အိမ်) မှာ ရှိနေလို့ ခရီးဝေးသွားရခြင်း၊ နိုင်ငံရပ်ခြားနှင့် ပတ်သက်သော ကိစ္စများ အောင်မြင်ခြင်း နဲ့ ပညာရေးကံ ကောင်းမွန်ခြင်းတွေ ကြုံရတတ်ပါတယ်။

Libra
ဖန်တီးနိုင်စွမ်းနဲ့ ကံကောင်းခြင်းတွေ တိုးတက်လာပါမယ်။ ရင်းနှီးမြှုပ်နှံမှုအသစ်တွေကနေ အကျိုးအမြတ် ရရှိနိုင်တဲ့ နှစ်ဖြစ်ပါတယ်။

ရာဟုသက်ရောက်ချိန်မှာ "မရေရာတာတွေ မလုပ်ပါနဲ့"။ တစ်ခုခုကို ဆုံးဖြတ်တော့မယ်ဆိုရင် အချက်အလက် သေချာစစ်ဆေးဖို့ လိုပါတယ်။ စိတ်တည်ငြိမ်အောင် တရားထိုင်ခြင်း (သို့) ဘာသာရေး လုပ်ဆောင်ပေးခြင်းက ရာဟုရဲ့ ဆိုးကျိုးတွေကို လျော့ပါးစေနိုင်ပါတယ်။

၂၀၂၆ ခုနှစ်ရဲ့ ပထမဆုံးလဖြစ်တဲ့ ဇန်နဝါရီမှာ အချစ်ရေးကံတွေ တက်စေဖို့ ဘာတွေဆောင်၊ ဘာတွေရှောင်ရမလဲ? 🍀✨​၁။ တနင်္ဂနွေသားသမီး​ဒ...
03/01/2026

၂၀၂၆ ခုနှစ်ရဲ့ ပထမဆုံးလဖြစ်တဲ့ ဇန်နဝါရီမှာ အချစ်ရေးကံတွေ တက်စေဖို့ ဘာတွေဆောင်၊ ဘာတွေရှောင်ရမလဲ? 🍀✨

​၁။ တနင်္ဂနွေသားသမီး
​ဒီလမှာ အချစ်ရေးကံ အသင့်အတင့်ရှိပေမယ့် စကားများတတ်ပါတယ်။
​ဆောင်ရန်: ပန်းရောင် သို့မဟုတ် နုဖတ်သော အရောင်များကို ဝတ်ဆင်ပါ။
​ယတြာ: တနင်္ဂနွေနေ့ မနက်ပိုင်းတွင် ဘုရား၌ အုန်းနို့ဆွမ်း သို့မဟုတ် အုန်းသီးပါသော မုန့် ကပ်လှူဆုတောင်းပါ။
​၂။ တနင်္လာသားသမီး
​အချစ်ရေးမှာ စိတ်ကောက်စရာ၊ စိတ်မကောင်းစရာလေးတွေ ကြုံရနိုင်ပါတယ်။
​ဆောင်ရန်: ငွေထည်လက်ဝတ်ရတနာများ ဆောင်ထားပါ။
​ယတြာ: တနင်္လာနေ့တွင် သပြေပန်း (၁၅) ညွန့် ကို ဘုရားလှူပြီး "ချစ်သူနှင့် အဆင်ပြေပါစေ" ဟု ဆုတောင်းပါ။
​၃။ အင်္ဂါသားသမီး
​အချစ်ရေး အလွန်အားကောင်းနေတဲ့ လဖြစ်ပါတယ်။ စန်းပွင့်နေပါလိမ့်မယ်။
​ဆောင်ရန်: အနီရောင် သို့မဟုတ် တောက်ပသော အရောင်များ ဆောင်ပါ။
​ယတြာ: အင်္ဂါနေ့တွင် ဘုရား၌ နှင်းဆီပန်း (၈) ပွင့် လှူဒါန်းပါ။ (ဆူးများကို ကြိုတင်ဖယ်ရှားပါ)။
​၄။ ဗုဒ္ဓဟူး/ရာဟု သားသမီး
​ကြားလူနှောင့်ယှက်တတ်တဲ့ ကာလဖြစ်လို့ သတိထားရပါမယ်။
​ဆောင်ရန်: စိမ်းစိုသောအရောင်များ (ဥပမာ- မြရောင်) ဆောင်ပါ။
​ယတြာ: ဗုဒ္ဓဟူးနေ့တွင် ရွက်လှ (၁၇) ညွန့် ကို ဘုရား၌ လှူဒါန်းပေးပါ။
​၅။ ကြာသပတေးသားသမီး
​အချစ်ရေးမှာ တည်ငြိမ်မှုရှိပြီး အိမ်ထောင်ရေးကိစ္စတွေအထိ တိုင်ပင်ရတတ်ပါတယ်။
​ဆောင်ရန်: ရွှေရောင် သို့မဟုတ် ဝါဝင်းသော အရောင်များ ဆောင်ပါ။
​ယတြာ: ကြာသပတေးနေ့တွင် လိမ္မော်သီး (၁၉) လုံး (သို့မဟုတ် မိမိတတ်နိုင်သလောက်) လူကြီးသူမများကို ကန်တော့ပါ။
​၆။ သောကြာသားသမီး
​စန်းပွင့်သလောက် အရှုပ်အထွေးလေးတွေ ကြုံရနိုင်တဲ့ လပါ။
​ဆောင်ရန်: အဖြူရောင် သို့မဟုတ် ပုလဲရတနာ ဆောင်ပါ။
​ယတြာ: သောကြာနေ့တွင် ဘုရား၌ အမွှေးတိုင် (၂၁) တိုင် ထွန်းညှိပူဇော်ပါ။
​၇။ စနေသားသမီး
​အချစ်ရေးမှာ အေးစက်စက်ဖြစ်နေတတ်လို့ နွေးထွေးမှုပေးဖို့ လိုပါတယ်။
​ဆောင်ရန်: ခရမ်းရောင် သို့မဟုတ် ပြာလွင်သော အရောင်များ ဆောင်ပါ။
​ယတြာ: စနေနေ့တွင် ဘုရား၌ ထီးဖြူ (၁၀) လက်လှူဒါန်းပါ။

#ယတွာ
#မြန်မာဗေဒင်

住所

Takasaki-shi, Gunma

ウェブサイト

アラート

The CLASsy Astroがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

その診療所に問い合わせをする

The CLASsy Astroにメッセージを送信:

共有する

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

カテゴリー