Ria Lily’s Pages

Ria Lily’s Pages It’s all about my pages, nothing special. i enjoy sharing some positivity to people so that we could live in a peaceful life~~

30/03/2026

Why I stopped arguing with people 🥨




29/03/2026
“ကိုယ်မသိလိုက်တဲ့ ကံကောင်းခြင်းတွေ”ကိုယ်က ဒါဖြစ်ချင်တယ်၊ မဖြစ်လိုက်ရဘူး။ ဒါလိုချင်တယ်၊ မရလိုက်ဘူး။ ဒါဆို ကိုယ်တွေက ကံမကေ...
28/03/2026

“ကိုယ်မသိလိုက်တဲ့ ကံကောင်းခြင်းတွေ”

ကိုယ်က ဒါဖြစ်ချင်တယ်၊
မဖြစ်လိုက်ရဘူး။
ဒါလိုချင်တယ်၊ မရလိုက်ဘူး။
ဒါဆို ကိုယ်တွေက ကံမကောင်းဘူးပဲ တွေးတာ။

ကိုယ်က အရှေ့ကို ကြိုမမြင်ရဘူး။
ဘာတွေ ဖြစ်လာနိုင်တယ်၊ ဘာတွေ ဆုံးရှုံးသွားနိုင်တယ်ဆိုတာ မသိဘူး။
တကယ်တော့ လူတော်တော်များများရဲ့ ဘဝမှာ
ကိုယ်တောင် မသိလိုက်ခင် ပိုင်ဆိုင်ထားတဲ့
ကံကောင်းခြင်းတွေ အတော်များများ ရှိတတ်ကြတယ်။

ဘတ်စကားစောင့်နေတယ်၊ ရှေ့ကားတစ်စီး
လွတ်သွားလို့ ကံဆိုးတယ်ထင်တယ်။
နောက်ကားတစ်စီး ရောက်လာတယ်။
လူသိပ်မပါဘူး၊ ထိုင်ခုံရတယ်၊
ပိုမြန်တယ်၊ အဲ့လိုမျိုး။
ကိုယ်က တစ်ခုခုကို ဆုံးရှုံးလိုက်ရတယ်ဆိုတိုင်း
ကံဆိုးတာမဟုတ်ဘူး၊ ကိုယ် လွဲချော်သွားတဲ့အရာထက်
ကောင်းတဲ့ အရာတွေ ရဖို့လည်း ဖြစ်နိုင်တယ်။

အလားတူပဲ ပိုကောင်းတဲ့အရာတွေ ရမလာရင်တောင်
ပိုမဆိုးသွားအောင် တားဆီးပေးတာမျိုးပေါ့။
ဇာတ်လမ်းတွေ၊ ရုပ်ရှင်တွေ ကြည့်ဖူးရင် ကိုယ်က ဇာတ်ကောင်တွေရဲ့ ဘဝကို ကြိုသိနိုင်၊ မြင်နိုင်နေတော့
အသည်းတယားယား ဘာလုပ်လိုက်ရမှာကိုဆိုပြီး
ဝင်တွေးမိတတ်တာတွေ ရှိကြတယ်ဟုတ်။

ကိုယ့်ဘဝမှာလည်း ကိုယ်က မမြင်နိုင်လို့သာ၊
ထိုင်ကြည့်နေမဲ့ တစ်ယောက်ယောက်သာရှိရင်
ဒီဟာ လွဲသွားတာဟာ နင် ဒုက္ခမရောက်ဖို့၊
ဒီလိုဖြစ်သွားတာဟာ နင့်အတွက် ပိုမခက်ခဲသွားအောင်လို့ဆိုတဲ့ အခိုက်အတန့်တွေ သေချာပေါက်ရှိမယ်။

ရီယာ့ဘဝမှာလည်း မရလိုက်တဲ့အရာတွေ အတွက်
စိတ်မကောင်းဖြစ်တာတွေ ရှိတယ်။
ဒါပေမဲ့ အချိန်လွန်မှ သိလိုက်ရတဲ့အရာက
ငါ လိုချင်တဲ့အရာတွေ၊ ငါ ဖြစ်ချင်ခဲ့တဲ့အရာတွေက
ဖြစ်များဖြစ်လိုက်ရင် ငါနဲ့မကိုက်ပါလားဆိုတာ သိခွင့်ရခဲ့တယ်။
အဲ့တော့မှ တော်သေးလို့၊ ကံကောင်းလို့ဆိုတဲ့ အတွေးဝင်တယ်။

တစ်ခါနှစ်ခါ မဟုတ်ဘူး၊ အချိန် တော်တော်များများမှာပဲ။
တစ်ကယ်ကို တော်ပါသေးရဲ့လို့။
ဘဝမှာ ကိုယ်ဖြစ်ချင်တာတိုင်း ကိုယ့်အတွက် ကိုယ်ထင်ထားသလို မကောင်းဘူး၊
ကိုယ်လိုချင်တာတိုင်းလည်း ရလာရင် ကိုယ့်အတွက် အဆင်ပြေမယ် မသေချာဘူး။

လွယ်လွယ်ပဲ တွေးပြီး ရှင်သန်ပါ။
လွဲချော်သွားတဲ့အရာတွေတိုင်းက ကိုယ့်အတွက် ပိုမဆိုးစေဖို့၊ မရလိုက်တဲ့ အရာတွေက ပိုကောင်းတဲ့အရာတွေအဖြစ် ပြန်လာဖို့ဆိုတာပဲ။
လူတွေဟာ ကိုယ်နဲ့ထိုက်တန်ရင် ထိုက်တန်တဲ့အရာကို ပိုင်ဆိုင်ခွင့်ရတာပဲ။ ကိုယ်မပိုင်ဆိုင်ရရင် ကိုယ့်အတွက် မသင့်တော်လို့၊ ကိုယ့်အတွက် မဟုတ်လို့ဆိုတဲ့ စိတ်ပဲထားတယ်။ စိတ်လည်း အေးချမ်းသလို၊ တစ်ဖက်မှာလည်း တကယ်ကို ပိုကောင်းတဲ့အရာတွေ ပိုင်ဆိုင်ရတယ်။

စိတ်တွေ လောနေရင် ရွတ်ဖြစ်တဲ့ affirmation ရှိတယ်။

If sth is meant for me, I’ll get it anyway .
If it’s not, I won’t.
Whatever it is, people or things♥️✍🏼

တစ်ခေါက်လောက်ရွတ်ကြည့်၊ ဘဝမှာ detachment ဖြစ်တဲ့ စိတ်ဟာ လွတ်လပ်မှုဆီကို ဦးဆောင်တယ်။




ငယ်ကတည်းက သီချင်းနားမထောင်လို့ မြန်မာသီချင်းတောင် တစ်ပုဒ်နှစ်ပုဒ်အပြင် စာသားမရဘူး၊ နယ်မှာနေပြီး ဖုန်းလည်း ပေးမသုံး၊ အင်တ...
27/03/2026

ငယ်ကတည်းက သီချင်းနားမထောင်လို့ မြန်မာသီချင်းတောင် တစ်ပုဒ်နှစ်ပုဒ်အပြင် စာသားမရဘူး၊
နယ်မှာနေပြီး ဖုန်းလည်း ပေးမသုံး၊
အင်တာနက်လည်း မသုံးရတဲ့အပြင် ကိုယ်တွေဆီလည်း
နိုင်ငံခြားက အဆိုတော်တွေထိ အဲ့ခေတ်က သိတဲ့သူ မရှိတော့ (၈)တန်းအထိ မသိပါဘူး။

(၉)တန်းနှစ်မှာမှ အဆောင်နေတော့ သူငယ်ချင်းရဲ့ စာအုပ် သေတ္တာမှာ သူ့ပုံကို အမြဲတွေ့ပြီး သိခဲ့တာ၊
အသားတအားဖြူတာဆိုပြီး သူငယ်ချင်းက နည်းနည်းပါးပါး ပြောပြပေါ့၊ ဒီတိုင်း ကျော်သွားခဲ့ပေမဲ့ မှတ်မှတ်ရရတော့ ရှိနေတာ။

အဲ့နောက်ထိလည်း သီချင်းလည်း ဟုတ်တိပတ်တိ နားမထောင်ဖြစ်သလို သူ့ကိုလည်း ရှာကြည့် ဘာညာ မလုပ်ဖြစ်ပါဘူး။ ဒါပေမဲ့ ဘယ်အချိန်ကစပြီး ကြိုက်မိသွားတာလဲမသိ တစ်နေ့ကျ သဘောကျရတဲ့ အဆိုတော် ဖြစ်ပြီးနေပြီ။

အင်တာနေရှင်နယ်က လူတွေ ပြောတာထဲ မှတ်မိနေတာက Taylor swift ဟာ ငါတို့ ဘယ်လိုနာမည်တပ်ရမှန်းမသိတဲ့ ငါတို့ခံစားချက်တွေကို အမည်တပ်ပေးတဲ့ တေးရေးဆရာတဲ့၊
ခံစားချက်တွေ တိုက်ဆိုင်ရင် သူ့ရဲ့ အရေးအသားစွမ်းရည်ဟာ ဘာလို့ ဒီလောက်ရေးသားနိုင်တဲ့ လူ ရှိနေရတာလဲလို့ စဉ်းစားမိတဲ့အထိပဲ။

လူတွေ သူ့ကို သဘောကျကြတာလည်း ဒါပဲနေမယ်။
ကိုယ့်အကြောင်းကို ပြန်ခံစားရသလို၊ ကိုယ်တစ်ယောက်တည်း ခံစားရတဲ့ ခံစားချက် မဟုတ်ပါလားဆိုတဲ့ သီချင်းတွေ နားထောင်မိရင်းပေါ့။

သူ့သီချင်းတွေက အချစ်သီချင်းတွေ၊ လမ်းခွဲ သီချင်းတွေဆိုတော့ တိုက်ဆိုင်တာ သိပ်မရှိရင် အဲ့လောက် မစွဲမိစေဘူး၊ ဒါပေမဲ့ တကယ်တိုက်ဆိုင်သွားရင်ကျ ဪ ဒါက ဒီခံစားချက်ပါလားလို့ အတိအကျ ဇာတ်လမ်းနဲ့ကို ခံစားရတာမျိုး။

ကိုဗစ်တွေတုန်း အိမ်တွင်းအောင်းရတုန်းက စိတ်တွေ တအားအဆင်မပြေနေတဲ့အချိန်မှာ You are your own kid ကို နားထောင်လိုက်ရတော့ လက်ဆောင်ရလိုက်သလိုပါပဲ၊ ပြန်ပျော်လာခဲ့တာ။
ဘဝမှာ လမ်းပျောက်တော့လည်း NYU က ပါမောက္ခဘွဲ့ ယူတဲ့ သူ့ speech ကို နားထောင်ပြီး လူတစ်ယောက်ဟာ အခြားလူများစွာကို ဝင်မစွက်ဘဲ စည်းလွတ်ဝါးလွတ် ဘယ်လို လမ်းပြပြီး ပြောနိုင်တာလဲဆိုပြီး ထပ်ခါထပ်ခါ နားထောင်ရတယ်။

သူက ပြီးပြည့်စုံမှုကို မပြဘူး၊ လူသားဆန်မှုကို ပြပြီး ဆွဲဆောင်တာ။
နောက်ဆုံးထွက်တဲ့ the eldest daughter ရယ်
opalite ရယ်ဆိုလည်းလေ တကယ်ကို ခံစားချက်ညှိပြီး နားထောင်လို့ရတာမျိုး။
Mirror ball တို့ဆိုလည်း အဲ့လိုပဲ၊
Daylight တို့ Gorgeous တို့ဆိုလည်း အဖြစ်အပျက်တွေ တိုက်ဆိုင်ရင် ကိုယ့်အကြောင်းကို ပြန်နားထောင်ရသလို ခံစားလို့ရတာ။

How can someone know everything at 18 but nothing at 22 ဆိုတဲ့ စာသားဆိုရင်လည်း အသက် (၂၂)ကို ဖြတ်သန်းနေတဲ့သူအတွက်ဆိုရင် လုံးဝနားလည်လို့ရ၊ ခံစားလို့ရနိုင်တာမျိုး။
22 ကို 22မှာ နားထောင်ရတဲ့ ခံစားချက်ကလည်း တကယ်မိုက်တာ။

လူတစ်ယောက်ရဲ့ အရေးအသားစွမ်းရည်က ဘာလို့ ဒီလောက်တော်ရတာလဲဆိုတာ ထပ်ခါထပ်ခါ အံ့ဩရတာပဲ။
စိတ်ခံစားချက်တွေ ဝေဝါးနေရင် သူ့ဆီက အကြံပေးချက်ဖြစ်ဖြစ်၊ သီချင်းထဲက အကြောင်းအရာတွေပဲဖြစ်ဖြစ် နားထောင်လိုက်ရရင် အင်နာဂျီရော အဖြေရော တစ်ခါထဲ ရသွားတာ။

သူဟာ လူများစွာအတွက် ရှိသင့်တဲ့ အမျိုးသမီးတစ်ယောက်ပါ။
ဘယ်လောက် သဘောကျကျ လေးစားလို့ရတာ၊ ဘဝအတွက် စံထားရတာမျိုးဆိုတာ တအားရှားတယ်၊ ကိုယ့်အတွက်။
ဒါပေမဲ့ သူ့အကြောင်း စဉ်းစားမိတာနဲ့ ကြိုးစားချင်လာသလို၊ လမ်းရှာတွေ့လာတတ်တာပဲ။ ဘဝမှာ ဒီလို လူတစ်ယောက် ရှာတွေ့တာလည်း ကံကောင်းတာပါပဲ။



အလုပ်နဲ့ ကျွန်မ✍🏼မန်နေဂျာက ပြောတယ်။ နင်အမှားလုပ်လို့ရတယ်၊ သူဌေး ဘာမှ မပြောရဲတာ ဒီမှာ နင်တစ်ယောက်တည်းတဲ့။ တကယ်လည်း ကိုယ့်...
26/03/2026

အလုပ်နဲ့ ကျွန်မ✍🏼

မန်နေဂျာက ပြောတယ်။
နင်အမှားလုပ်လို့ရတယ်၊ သူဌေး ဘာမှ မပြောရဲတာ ဒီမှာ နင်တစ်ယောက်တည်းတဲ့။

တကယ်လည်း ကိုယ့်ကို သူဌေးက ဘာမှကိုမပြောတာ၊
ကိုယ်ကလည်း သူဌေးကို ဘာမှမှ သွားမပြောဘဲကိုး။
မန်နေဂျာကိုတော့ ပြန်ပြောရတာပေါ့၊
မပြောရဲတာ မဟုတ်ပါဘူး၊ ဒီတိုင်း မပြောတာပါလို့ပဲ။

ဒီအလုပ်ကို ဝင်စက မန်နေဂျာက အသေခိုင်းတာ၊
သူ့ကို သည်းခံရတာ အတော်ခက်ခဲ့တာ၊
ထွက်ဖို့လုပ်ခဲ့သေးပေမဲ့ ငါ အမြဲ အဲ့လိုလူတွေနဲ့ တွေ့တိုင်း ရှောင်ပြေးနေလို့ မရဘူး။
အကျိုးမရှိတာ တွေးမိတော့။
ရအောင် သည်းခံပြီး ခိုင်းသမျှ လုပ်တာထက် ခိုင်းတာထက် ပိုလုပ်တာပဲ။
လုပ်ပေးရတိုင်းလည်း ကြည်ကြည်ဖြူဖြူပဲ လုပ်ပေးလိုက်တယ်။

ကိုယ့်စိတ်ရင်းကို ဘေးလူတွေ၊ အကြီးတွေက မြင်တော့
ကိုယ့်ခိုင်မဲ့ဟာဆို သူ့ခိုင်း၊ သူက ပြန်ပြီး ကိုယ့်ဆီ လွှဲရင်
သူအဆူခံထိတာပဲ။ ကိုယ်ကတော့ ရတယ်ပဲ ပြောတာ။

ကိုယ့်နည်းလမ်းကတော့ ငါဟာ ဘယ်အထိ လုပ်နိုင်လဲ၊ ဘယ်လောက်ထိ ကိုင်တွယ်နိုင်လဲဆိုတဲ့ limit ကို သိအောင်လုပ်ပြီး ငါ မလုပ်နိုင်တော့ဘူး ဒီအထိပဲဆိုတဲ့အချိန် နောင်တမရဘဲ ထွက်မယ်ပေါ့။
ဒါက ကိုယ့်အကျင့်ပဲ၊ တစ်ခုခုကို နောင်တမရချင်ရင် ငါအဆုံးထိ ကြိုးစားခဲ့တယ်၊ ငါ အကောင်းဆုံးလုပ်ခဲ့တယ်ဆိုတာ ရှိဖို့ပဲ။

မန်နေဂျာလည်း နောက်ကျ သိသိသာသာ လျှော့သွားတာ၊ သူက ကိုယ့်ကိုယ်ပဲ ဒီလိုလုပ်တာမဟုတ်ဘဲ၊
သူများကို ခိုင်းတတ်တာက သူ့အကျင့်။ အကျင့်ဆိုတော့ ဖျောက်လို့က မရဘူးပေါ့လေ။ တခြားသူတွေနဲ့ ပြဿနာတက်ပေမဲ့ ကိုယ်နဲ့တော့ အတော်နည်းသွားတယ်။ ကိုယ်က သူ့ကို ဘာမှမှ ပြန်မပြောဘဲ အကုန်လုပ်ပေးတော့ မလုပ်တဲ့ သူ့ဘာသူလည်း ပြန်မြင်မိမှာပေါ့လေ။

အခုတလောကျ ပြောတယ်။
ငါ့မှာ အရိပ်အခြည်ကြည့်နေရတယ်တဲ့။
တကယ်က သူ့ဘာသာ ကြည့်နေတာ၊ ကိုယ်က ဘာမှ ပြောတာမဟုတ်ဘူး။ သူ ကြည့်ကြည့် မကြည့်ကြည့် ကိုယ်က ကိုယ့်တာဝန်တော့ ကိုယ်ကျေအောင် လုပ်တဲ့သူဆိုတော့ သူလည်း ပြောစရာမရှိရှာဘူး။

ဘာပဲဖြစ်ဖြစ် အဖေပြောသလို လူတွေကို အနိုင်ရတာဟာ မေတ္တာတရားပါပဲ။
ဘယ်သူ ကိုယ့်အပေါ် ဘယ်လို သဘောထားပါစေ
ကိုယ်ဘယ်လိုတုန့်ပြန်လဲအပေါ် မူတည်တာပဲ။
လူတွေကို ပြင်ပေးလို့တော့ ဘယ်ရပါ့မလဲ၊ ဒါပေမဲ့ ကိုယ့်ဘာသာတော့ အေးချမ်းအောင် နေလို့ရတာပေါ့လေ။



24/03/2026

ကောင်းတာတွေပဲ မှတ်မိတဲ့ မှတ်ဉာဏ်

အခုတလောမှ သိတာ။
I have a selective memory of preferring good moments.

ဘဝမှာ အကုန် ပြန်စဉ်းစားကြည့်ရင် မကောင်းတဲ့အချိန်တွေ၊ မကောင်းတဲ့ အမှတ်တရတွေကို မမှတ်မိတော့တာပဲ။ နေမကောင်းတုန်းက အသည်းအသန်ခံစားနေရပေမဲ့ တကယ် ပြန်ကောင်းလာတော့ လွယ်လွယ်လေး ပျောက်လာသလို။

အခုတလော လက်လေးနာတာကို အိမ်ကလူတွေ
ပြန်ပြောမှ သိတယ်။ အရင်ကလည်း ဒီလက် နာဖူးတယ်တဲ့။ ကိုယ်မှတ်မိသလောက်ဆို မနှစ်ကတင် နာဖူးတယ် ထင်တယ်။ ဒါပေမဲ့ သေချာပေါက် ခံစားချက်က ဆိုးခဲ့မှာဆိုပေမဲ့ အခု ရီယာ မမှတ်မိတော့ဘူး။

လူတွေနဲ့ဆိုလည်း အဲ့လိုပဲ၊ အချိန်တွေ ကြာလာလေလေ
အဲ့လူရဲ့ ကောင်းတာတွေပဲ မှတ်မိတော့တာမျိုး။
အခက်အခက်တွေလည်း အဲ့လိုပဲ၊ မမှတ်မိတော့တာ၊
ပြန်ပြောရင်တောင် မသိတော့တာပဲ။
အဲ့တော့ ရီယာ စကားပြောရင် ပေါ့ပေါ့ပါးပါးပဲ ပြောတတ်တယ်။ တကယ်တော့ ဒီလောက်လွယ်ကူခဲ့တာတွေ မဟုတ်ဘူး။

ဒါကြောင့်လဲ ကံကောင်းတဲ့လူအဖြစ် သိကြတယ်။
ဒီလောက် ကံမကောင်းဘူးရယ်။
ကောင်းတဲ့ဘက်ကတွေးရင်တော့ ဒါကြောင့်ပဲ
စိတ်ချမ်းသာရတယ်ထင်ပါတယ်။ ကောင်းတာတွေပဲ
မှတ်ဉာဏ်ထဲ ရှိတဲ့အခါ ကောင်းတဲ့အတွေးအပြင် ထွက်မလာတော့ဘူးပေါ့။


He was a good mate✍🏼♥️တကယ် ဘဝမှာ အာရုံစိုက်စရာ တစ်ခု ပျောက်သွားလိုက်တာဟာ အရာရာ လစ်လပ်သွားသလိုပဲကိုယ့်ကို သိတဲ့သူဆိုရင် က...
24/03/2026

He was a good mate✍🏼♥️

တကယ် ဘဝမှာ အာရုံစိုက်စရာ တစ်ခု ပျောက်သွားလိုက်တာဟာ အရာရာ လစ်လပ်သွားသလိုပဲ

ကိုယ့်ကို သိတဲ့သူဆိုရင် ကိုယ်က တစ်ယောက်ယောက်ကို သဘောကျတယ်ဆိုတာမျိုး ပြောရင် နင်က မထင်ရဘူးနော်ဆိုတာမျိုး ဖြစ်ရလောက်အောင် သိပ်ပြီး idol တွေ ဘာတွေ မကြိုက်တတ်လောက်မဲ့ personality ။

ဒါပေမဲ့ ကိုယ် ဂုဏ်ယူစွာအမြဲ ကိုယ် ဘယ်လောက်ကြိုက်တဲ့အကြောင်းပြောလို့ အကုန် သူက ကိုရီးယားရူးနေတာလို့ အပြောခံရအောင်ထိ အားပေးခဲ့တယ်။
ဆယ်ကျော်သက်မှာ သူတို့ကို တွေ့တယ်။ သူတို့နဲ့ပဲ အချိန်ကုန်ခဲ့တယ်။

အကျိုးမရှိဘူးလို့ ခံစားရရင်၊ တစ်ယောက်ယောက်ကို ကိုယ်က သဘောကျပေးရရင် တအား အောက်တယ် ခံစားရတဲ့ ကိုယ်က သူတို့ကို သဘောကျခဲ့တယ်။ အင်း ပြီးတော့ ကိုယ့်အကျင့်အရ တစ်ယောက်ဆိုတစ်ယောက် သက်သက် ဦးစားပေးလေးထားတယ်။

ဘယ်သူတွေ ဘယ်လောက်ပြောပြော
အဲ့အချိန်က ကိုယ့်ပတ်ဝန်းကျင်မှာ kpop ကြိုက်သူ သိသူရှားတော့ အပြောခံရရင်တောင် သူတို့ကြိုက်အောင်ထိ ကိုယ်ဟာ ရေပက်မဝင် ခိုင်ခိုင်မာမာ ပြန်ပြောခဲ့တာပဲ။
ဒါကြောင့်လဲ အကုန်က ဒီရောက်လာတာတောင် သူတို့ကို ကြိုက်လို့လို့ ထင်ကြတယ်။

ဒါပေမဲ့ တစ်ဖက်က ကိုယ့် personality အရလည်း ကိုယ့်ဘဝမဟုတ်တဲ့ တခြားသူ ဘဝကို သိရ၊ စပ်စုရ၊ ချစ်ပေးရဆိုတာမျိုး တစ်ခုတည်းနဲ့ကျ အဆင်မပြေဘူး။ ကိုယ်ဟာ တစ်ယောက်ယောက်ကြောင့် ကိုယ့်အိပ်မက်တွေ ကိုယ့်ဘဝတွေ အပေါ် လွှမ်းမိုးမခံတတ်ဘူး။
သူဟာ idol ဖြစ်ပါစေ၊ ကိုယ် ဘယ်လောက် သဘောကျပါစေ
ကိုယ့် ဘဝအပေါ်မှာ လွှမ်းမိုးသက်ရောက်နေတာမျိုး အရမ်းမုန်းတော့ ဘယ်တုန်းကမှ သူတို့ကြောင့် သူ့ကြောင့် ဒီကို လာချင်လိုက်တာ၊ သူတို့ကို ဘဝမှာ တွေ့ချင်လိုက်တာ ဆုမတောင်းဘူး၊ စိတ်ထဲမရှိဘူး။(ဒါကြောင့်လဲ အကုန်လုံးနဲ့ တွေ့ရပေမဲ့ တစ်ယောက်သောသူနဲ့ အခုထိမတွေ့ရသေးတာနေမှာ)

ကိုယ့်ဘဝက သက်သက်၊ အိပ်မက်က သက်သက်၊ idolက သက်သက်ပဲ ဖြစ်ခဲ့တာ။
ဒါကြောင့်လဲ ဒါတွေရူးနေရင် ဘာဖြစ်မယ်၊ ညာဖြစ်မယ်ပြောတဲ့သူတွေကို ဂရုမစိုက်ခဲ့တာ။

တစ်ယောက်သောသူကို ဘာလို့ ကြိုက်ဖြစ်သွားတာလဲက
အဲ့တုန်းက သူက အရမ်းဖြူစင်လို့(ဘာလို့သိလဲမမေးနဲ့နော်)

ပြီးရင် introvert ဖြစ်သလို ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်တဲ့အကျင့်ရှိတာ၊ သစ္စာရှိတာ၊ မလိမ်တတ်တာ၊
ပြီးရင် personality ကောင်းတာ အဲ့တာကြောင့် energy ကိုက်ပြီး ကြိုက်ဖြစ်သွားတာ၊ (ကြားထဲ fangirl life ကို မကြိုက်လို့ မကြိုက်ဘူးလုပ်လဲ ပြန်ကြိုက်မိတာပဲ)

အဲ့တော့ သူက အဆိုတော်သာဖြစ်တာ သီချင်းဆိုမကောင်းတာ လက်ခံတယ်။(ကိုယ်က အဲ့လိုလူမျိုး၊ ကိုယ်သဘောကျလို့ဆိုပြီး ဘယ်သူ့ကိုမှ ဘက်မလိုက်တတ်ဘူး)

ဒါပေမဲ့ သူက ရုပ်က ချောတယ်ကွယ်၊ ရုပ်ချောလို့ ကြိုက်တာလားဆိုရင် သူ့ထက်ချောတဲ့သူတွေ ရှိလည်း သူ့ ကြိုက်ဖြစ်တာဆိုတော့ personality ရယ် energy ရယ် ကိုက်တာ ပြောရမယ်။ like idol like fan ဆိုတာမျိုးတွေပေါ့ကွာ


ဆယ်ကျော်သက်အရွယ်မှာ fangirl ဖြစ်ရတာ နောင်တရလားဆို နည်းနည်းမှပါ။

ဆယ်ကျော်သက်တွေဟာ သိပ်ရင်ခုန်တဲ့အရွယ်၊ ကိုယ့်စိတ်ကိုယ်
ထိန်းနိုင်ဖို့ ခက်တဲ့အရွယ်၊ သူတို့စကားဝိုင်းဟာ နှလုံးသားရေးပဲ။

ကိုယ်ကကျ ပြောသလိုပဲ၊ တစ်ယောက်ယောက်အကြောင်း စိတ်ဝင်စားရတာကိုက အောက်တယ်ခံစားရတာ။
အဲ့တော့ ကိုယ့်အတွေး၊ ကိုယ့်ရင်ခုန်မှုကို
သူတို့အပေါ် ပစ်ထားလိုက်တာ။
Yeah this is a distraction and a protection

ပြီးရင် ကိုယ်က အရင်က အပေါင်းအသင်း အရမ်းမက်တယ်။ တစ်ယောက်ယောက်ရှိနေမှ အဆင်ပြေတာ။ အဲ့တာကို အရမ်းမုန်းတော့ သူတို့တွေက ကိုယ့်အတွက် တစ်ယောက်ယောက် ဖြစ်နေတော့ emotionally so supportive ဖြစ်တာ။

ဘယ်သူမရှိရှိ ရတယ်၊ ဘယ်သွားရရ ရတယ် ဖြစ်သွားတာ။ ဒါတောင် ကိုယ်ဟာ သူတို့ကို သွားတွေ့ကိုတွေ့မယ်ဆိုတာမျိုး မရှိဘူး။ ကံပါရင် ဆုံတာပေါ့လောက်ပဲ ရှိတာ။

Album လေး တစ်ခါ နှစ်ခါ ဝယ်ဖြစ်တယ်။(pc တွေ ဘာတွေ လိုချင်လို့ မဟုတ်ဘူး fangirl လို့ အမည်ခံထားတဲ့ သူတစ်ယောက် က အားပေးရမယ်ဆိုတဲ့ တာဝန်တစ်ရပ်အရ)

စိတ်ညစ်နေတဲ့အချိန်တွေမှာ စိတ်ပျော်သလို လုပ်ပါလို့ ပြောတာလေး တစ်ခွန်းက ပျော်စေခဲ့တယ်။
Screen time လေး ယူပြီး သူတို့ကို ကြည့်နေလိုက်ရင်
အထီးမကျန်ဘူး။ စာဖတ်အားနည်းတော့ လူတွေအကြောင်း၊ အလုပ်အကြောင်း၊ ကမ္ဘာကြီးအကြောင်း သူတို့ကို ကြည့်ရင်း သင်ယူရတာပဲ။

Brand တွေကို ရင်းနှီးတယ်။ သူတို့က brand ambassador တွေလေ။
Fashion week တွေ တက်ကြရင် fashion designer တွေ၊ musicians တွေ

အဲ့လိုကနေ ကကြီးရဲ့ culture တွေ၊ makeup style တွေ အစုံပါပဲ။

တကယ် ကိုယ့်ဘဝအတွက် fangirling လုပ်ခဲ့တာဟာ
ကိုယ်နဲ့ အလှမ်းဝေးတဲ့ နယ်ပယ်တွေထိ သိနေခဲ့ရတာပဲ။
So I am so proud of it & will never regret about it

ဘဝမှာ အောင်မြင်ဖို့ ဘယ်လိုပေးဆပ်ကြတယ်၊ သည်းခံကြရတယ်ဆိုတာတွေလည်း သင်ယူရတယ်။

ထိထိရောက်ရောက် ပြပါဆိုရင် ကကြီးစာကို သေချာမသင်
၊ ကိုယ့်ဘာသာလုပ် level 3 ထိစာလေး လုပ်ပြီး ကောင်းကောင်းတောင် မဖတ်တတ်တဲ့ အချိန်မှာ listening 96 မှတ်ရတာဟာ ဒီ အကျိုးကျေးဇူးပဲ


ကကြီးရောက်လို့ အချိန်ပိုင်းစလုပ်တော့ အရက်brand တွေကို ဘယ်သူ့ဆီမှ မမေးဖူးဘဲ
တန်းသိနေလို့ လွယ်ကူခဲ့တာဟာ ကိုယ့်လူက brand ambassador
ဖြစ်နေခဲ့လို့ပဲ။

ကိုယ်ဟာ ဟိုမရောက် ဒီမရောက်တော့ နိုင်တယ်။

Fangirl ဆိုပြန်တော့ မပီသ၊ မဟုတ်ဘူးပြောရအောင်လည်း စိတ်ဝင်စားပေါ့။

Fangirl တကယ်ပီသတဲ့သူတွေကျ သူတို့ကြောင့် သူတို့ဆီရောက်ဖို့ ဘဝတိုးတက်အောင်လုပ်ပြီး ကြိုးစားသွားကြသူတွေ အများကြီးပဲ။ အခုကြည့်ရင် တကယ်လည်း တွေ့ကြရတယ်။

ကိုယ်က အရင်ကတော့ သူ့ကို သေချာကိုသိခဲ့တာ၊
ဒါပေမဲ့အခုကျတော့ ကိုယ် သေချာသိတယ် မခံစားရတော့။
အသက်ကလည်း ရလာတော့ ကိုယ်ကိုယ်တိုင်ကလည်း
တစ်ယောက်ယောက်ရှိမှ နေတတ်တဲ့သူ မဟုတ်တော့တာ ပါတယ်။
အခုက ဘဝက သင်ယူရတာတွေလည်း ရှိတယ်။ အထူးတလည် မဟုတ်ပြန်တော့တာ။

သူတို့ကလည်း သူတို့ခေတ်မဟုတ်တော့ အရင်လို မဟုတ်ကြပြန်တော့တာပေါ့။

ကိုယ်ရော သူရော ပြောင်းလဲလာတာ။ အရင်က ခပ်ချေချေ လူတွေမှ သဘောကျတတ်တယ်ဆိုရင် အခုကျ ကိုယ်ကလည်း အဲ့လို personality သိပ်မကြိုက်တော့တာလည်း ဖြစ်နိုင်တယ်။ (ဒါပေမဲ့ သူလည်း အရင်လောက်တော့ မချေတော့)

ထားပေါ့လေ၊ တကယ် ဘဝထဲမှာ ဘယ်သူမှ မရှိလည်း အဆင်ပြေတယ် ဖြစ်သွားပြီး သူ့ကိုပါ ထုတ်မိသွားတာပဲ။
ပြန်တွေးကြည့်ရင် ကိုယ်ဟာ တစ်ယောက်ယောက်ကို သဘောကျတဲ့ feeling ကို smart မကျဘူး အောက်တယ်လို့ ရှိတဲ့သူ၊ အဲ့လိုလူက ကိုယ့်စိတ်ကို အနိုင်ယူပြီး
သူ့ကို သဘောကျနိုင်တာပဲ၊ ငါ တစ်ယောက်ယောက်ကို တကယ် ချစ်နိုင်တာပဲဆိုပြီး သဘောကျရတဲ့ feeling ကို ကြိုက်ခဲ့တာလည်း ပါတယ်။

စသဖြင့်ပေါ့လေ၊ ကိုယ့်ဟာနဲ့ကိုယ်တွက်ရင် ဘဝမှာ အကျိုးမရှိရင် သိပ်မလုပ်ချင်တဲ့သူအဖို့ အကျိုးရှိခဲ့တာပါပဲ။ ဒီနိုင်ငံတော့ စာသင်မသွားချင်ပါဘူးဆိုပြီး တစ်နေရာရာ သွားရမှဆိုတော့လည်း ဒီနိုင်ငံရောက်ချလာ၊ သူတို့ culture စလာကတည်းက သိနေတော့ လိုက်လျောညီထွေဖြစ်လွန်းပြီး ကိုယ့်ကို နိုင်ငံခြားသားလို မဆက်ဆံလို့ ရူးချင်ယောင်ဆောင်ပြီး၊ မသိသလို ပြန်နေခဲ့ရတာ။ (မသိရင် ကကြီးလို ကျွန်မကို ဆက်ဆံကြ)

အခုတလော ဘဝက ပျော်ရတယ်ဆိုရင်တောင် တစ်ခုခုက လစ်ဟာနေသလို ခံစားရတာက အကျိုးကျေးဇူးမပါတဲ့ အဲ့ စိတ်လှုပ်ရှားမှုလေး ပျောက်သွားလို့နေမယ်။
ဘဝမှာ ဒီလောက်သဘောကျခဲ့တာဟယ်၊ တစ်ခေါက်တော့ တွေ့ရမှာပေါ့လို့ တစ်ခါတလေ တွေးတယ်။
တစ်ခါတလေကျတော့လည်း ဒီလို မတွေ့ဘဲ နေသွား ေ” သွားကြတဲ့သူတွေ အများကြီးလို့ တွေးမိပြန်ရော။ always ဒွိဟ။

ကျွန်မ မချစ်တတ်ဘူးဆိုတာ အလိမ်အညာတွေပါ ကျွန်မ ချစ်တတ်ပါတယ်ဆိုတဲ့ သက်သေဖြစ်ခဲ့ပြီးမှ
ဟုတ်တယ်ထင်တယ် ဆိုပြီး ယတိပြတ်သွားပြန်တော့
ဘဝမှာ အချိန်ဖြုန်းနေရင်း၊ သူတို့ကို ကြည့်နေရင်းတောင် လှိုက်လှိုက်လှဲလှဲ မခံစားရတော့တာက ဝမ်းနည်းစရာတော့ ကောင်းသား။
Anyway, it was beautiful & was a gift to my teenage years
သွား၊ မကြိုက်တော့ဘူး ဘယ်သူ့မှလို့ နေတုန်းကတောင် ပြန်ကြိုက်မိသေးတာကို အခု တကယ်ကြီး ကျွန်မ နေနိုင်သွားပြီထင်တယ် လူတွေရယ်

ကျွန်မက သီချင်းလည်း တစ်နှစ်မှ ၂ရက်ပြည့်အောင် နားမထောင်တော့ သီချင်းကြောင့် စိတ်လည်ဖို့လည်း ခက်ခက်ခက် now I get well why people always fight for love but I’m not gonna do it guys
It’s not my cup of tea
(အေးပေါ့လေ အဲ့တုန်းက ၁၈..အခု ၁၈မှ မဟုတ်တော့တာ) ဒါက တို့ပြောင်းလဲတာပဲ ရေးထားလို့ လူဆိုးမမထင်ကြနဲ့ဦးနော် သူ ပြောင်းလဲသွားတာတွေ ရေးရင်လည်း သူဆိုးတာပဲ မရေးတော့ဘူး❤️🌸

I’m so done with these life patternsIt repeats again and againNo longer can be positive or try to be coolI just wanna cr...
19/03/2026

I’m so done with these life patterns
It repeats again and again
No longer can be positive or try to be cool
I just wanna create everything to be peaceful
That doesn’t mean it doesn’t affect me at all
It means I sacrificed and learned the way to be
But I act like so easy to do it because
I don’t want to make things heavy
I just want peace and I just want sb to be comfortable around me
That’s it
Sometimes I feel like it’s not worth it
& I’m so done with it
I never give up my ways of living but not for everyone
They can’t feel it how much it’s precious if something is so easy to get it
I feel always sorry for it
Cuz I hope everyone deserves such a comfort and a peace
Don’t get me wrong Don’t think I’m so kind & good or I’m acting 재수없게
It’s a choice of mine & I did my best to be like this
Not automatically but with efforts
At the end, all I can say would be

Webလေးတစ်ခုတွေ့တာ သိန်းထီပေါက်သလို ပျော်တာဆိုတာလေ။ မလိမ်ဘူး၊ ရင်တွေခုန်တာ။ တအားကြိုးစား၊ အမြဲကြိုးစားနေတဲ့သူ မဟုတ်ပေမဲ့ ...
13/03/2026

Webလေးတစ်ခုတွေ့တာ သိန်းထီပေါက်သလို ပျော်တာဆိုတာလေ။ မလိမ်ဘူး၊ ရင်တွေခုန်တာ။
တအားကြိုးစား၊ အမြဲကြိုးစားနေတဲ့သူ မဟုတ်ပေမဲ့ ဟိုစပ်စပ်၊ ဒီစပ်စပ် သင်ချင်တာတွေ အများကြီးပဲ။

တကယ် အမြဲ တစ်ခုခုကို သင်နေရတဲ့အချိန်က အသက်ရှင်နေရတာပဲ။
ဘဝမှာ ငါ ဘယ်လောက်တောင် စာပဲ သင်နေချင်နေတာလဲဆိုတာ စာတွေ မသင်ရတဲ့ အချိန်ရောက်မှ သိခဲ့ရတယ်။

အမြဲတမ်း အမြဲတမ်း ကျေးဇူးတင်မိတာက တစ်ခုခုကို လေ့လာခွင့်ရနေတာကိုပဲ။
ငယ်ငယ်က မှတ်မိတယ်။
ကျောင်းတစ်ခါမှ မပျက်ဖူးတဲ့ ကိုယ်က ဆေးပုလင်းချိတ်လို့ ကျောင်းမလိုက်ရတာ၊ ကျောင်းသွားနေတဲ့ သူငယ်ချင်းတွေ မြင်ပြီး အမလေး အထီးကျန်လိုက်တာဆိုတာ၊ စာသံတွေကြားတော့ ငိုမဲ့မဲ့ဖြစ်နေလို့ ဆေးချိတ်ပေးတဲ့ ဆရာမကပါ စိတ်မကောင်းရတာ။

အခုထိလည်း အဲ့လိုပဲ၊ ငါ့ဘဝမှာ ငါဟာ ဘာကိုမှ ဆက်မလေ့လာရတော့ဘူးဆိုရင်ဆိုတဲ့အတွေးက ရူးလောက်တယ်။ သင်ယူနေတဲ့သူတွေ တွေ့ရင် အားယူရတယ်။

အဲ့လိုပြောလို့ အရမ်းကြိုးစားနေလားဆိုလည်း အဲ့လိုလည်း မဟုတ်ပါဘူး။ တစ်ခုခုကို လေ့လာနေတယ်။
လေ့လာချင်တဲ့အချိန် ထလေ့လာတယ်။
လေ့လာနေရရင် ရင်ခုန်နေတယ်။
နားလည်နေရင် ပျော်နေတယ်။ ဘာမှ မသင်ရတော့ဘူးလားဆိုပြီး နှလုံးရပ်သွားတဲ့အချိန် ရှိခဲ့ဖူးတယ်။

အဲ့အချိန်မှာလည်း ကိုယ်ဟာ အသည်းကွဲခြင်းကို
ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့တယ်။
တစ်ယောက်နဲ့တစ်ယောက် ရင်ခုန်ရတာတွေမတူဘူး။
အသက်ရှင်ရတဲ့ အကြောင်းပြချက်တွေ မတူဘူး။
ကျွန်မ နှလုံးခုန်သံဟာ ကျွန်မ သင်ယူနေရသမျှ ကြားနေရမယ်ထင်တယ်။

ပထမကတော့ ကျောင်းပညာရေးက ဘဝ ဖြစ်ခဲ့တယ်။
အခုကျ ဘဝကလည်း ပညာပဲ၊ ပြင်ပကလည်း ပညာပဲ။
တကယ် တကယ်၊ ကိုယ့်ကိုယ် ဘာမှမလုပ်ရဘူး ထိုင်နေဆိုရင်တောင် ကိုယ့်အတွက် နှလုံးဆက်ခုန်ဖို့၊ အသက်ရှင်နေသလို ခံစားရဖို့ဆို စာဆက်သင်ရဦးမယ်။
ဒါဟာ ကိုယ်တန်ဖိုးထားတဲ့အရာတွေကို ပထမဆုံး အတည်ပြောပြခြင်း ဖြစ်တယ်။

ဘာကိုမှ လေ့လာခွင့်မရတော့ဘူးဆိုတုန်းက ကိုယ်ဟာ ကမ္ဘာပျက်ခဲ့တယ်။
အသည်းကွဲခဲ့တယ်။ အသည်းကွဲတယ်ဆိုတဲ့ ခံစားချက်ကို နားလည်ခဲ့ရတယ်။
လူတွေက ပြောတယ်၊ မတူဘူးတဲ့။ ဟင့်အင် ကိုယ် အတိအကျ ပြောရဲတယ်၊ အတူတူပဲ။ အသည်းကွဲတယ်ဆိုတာ ချစ်မြတ်နိုးတာ၊ တန်ဖိုးထားတာကို လက်လွှတ်ရတဲ့အခါ ဖြစ်တတ်တယ်။ ချစ်တာချင်း မတူရင် သူတို့ပြောသလိုသာ မတူဘူးဆိုရင် ကျွန်မ ဒီဘဝမှာ အသည်းမကွဲတော့ဘူးဆိုတာလည်း
သူတို့ထက် ကိုယ် ပိုသိတယ်။



13/03/2026

ကိုယ်စာတွေရေးရင် လူကောင်းတစ်ယောက်လို နေရမယ်တွေ၊ သနားတာတွေ၊ ချစ်တတ်တာတွေ၊ ကြင်နာတာတွေ မရေးဖြစ်တာများတယ်။

စာတွေရဲ့ သဘောတရားအများစုက ကိုယ့်ကိုယ်ကိုယ်ချစ်တတ်ဖို့၊ တစ်ခါတလေ အတ္တထားတတ်ဖို့၊ တစ်ခါတလေ အကုန် လျစ်လျူရှုဖို့၊
တစ်ကိုယ်ကောင်းဆန်တတ်ဖို့ ဒီသဘောတရားတွေ များတယ်။

ဒါပေမဲ့ ကိုယ်မေ့သွားတာတစ်ခုက အပေါ်ကအချက်တွေ ရှိပြီးသားလူတွေကို ပြောတာဆိုတာ ထည့်ပြောဖို့ပါပဲ။
ကိုယ့်အတွက်ကျ မုန့်ဖိုးတောင် လက်မခံဖို့ ဆုံးမပြီး ကြီးပြင်းခဲ့ရတဲ့သူမို့ ရယူလိုစိတ်၊ တစ်ပါးသူဆီက အကူအညီယူရမှာတွေ၊ အမြတ်ထုတ်ရမှာတွေဆိုတာ အတော်ဝေးတဲ့ စရိုက်တွေဖြစ်နေတယ်။

ထုတ်မပြော၊ ရှင်းမပြတတ်ပေမဲ့ ကိုယ့်မှာ သူများကို အနိုင်ကျင့်လိုစိတ်၊ ခြေထိုးခံလိုစိတ်၊ လိမ်လည်လိုစိတ် သေးသေးလေးတောင် မရှိတဲ့စရိုက်ဖြစ်နေတယ်။
စိတ်ခံစားချက်ပိုင်းဆိုင်ရာ ထိလွယ်ရှလွယ်တယ်(အချစ်ရေးမပါပေါ့) ၊ ပြီးတော့ တစ်ခုခုဆို သူများဘက်က အရင်စဉ်းစားပေးတတ်တာက ပင်ကိုယ်စရိုက်ဖြစ်လာတာပဲ။
ဒါတွေကို သိသာရင် သူများအနေခက်မှာစိုးလို့ မသိမသာ အမြဲစောင့်ထိန်းတဲ့သူဆိုတော့ တကယ် သေးသေးလေးတွေက အစ ဘဝမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တတ်တယ်၊ မကောင်းတာ မလုပ်ပဲ မကောင်းတဲ့စိတ်လေး သေးသေးဝင်ရင်တောင် ငါက ငါလိုချင်တဲ့သူမျိုး မဟုတ်ဘူး ဖြစ်လာတာ၊(ဒါက perfectionism ကလာတဲ့ စိတ်) ။ ပြောရရင် ကိုယ့်ရဲ့ နေထိုင်မှုဟာ ကိုယ် လေးစားရတဲ့၊ ယုံကြည်ရတဲ့ စိတ်ဓာတ်နဲ့အရည်အချင်းရှိသူအဖြစ် အမြဲနေခဲ့တာဟာ ကိုယ့်ဘဝနေထိုင်မှုပဲ။

ကိုယ်ဟာ လူကောင်းတစ်ယောက်အဖြစ်ပဲ ဒီဘဝမှာ ရှင်သန်ချင်တယ်။ အကြောက်ဆုံးဟာ အဲ့လို အမြဲမနေနိုင်မှာ၊ လမ်းချော်သွားမှာကိုပဲ။
ဘဝမှာ တွေ့ရတာက လူတစ်ယောက်ဟာ အများကြီးကောင်း၊ အများကြီး သန့်ရှင်းလို့ သိပ်မရတာပဲ။
ရက ရတယ်၊ အောင်မြင်တဲ့ဘဝတစ်ခုရဖို့ ခက်ခဲတာပဲ။
ဒါကို ငြင်းကြရင်တော့ အောင်မြင်နေတဲ့လူတိုင်းဟာ လူကောင်းမဟုတ်ဘူးလို့ ပြောရမှာလားဆိုပြီး ပြောကြလိမ့်မယ်။(ဒါကို သက်သက်ရှင်းမပြလို၊ ခံယူချက်နဲ့ တွေးနိုင်စွမ်းအပေါ် မူတည်ပြီး တွေးလို့ရတယ်၊ ငြင်းဖို့ ဆန္ဒမရှိ။)

ပြောရရင် လူကောင်းတွေဟာ ထိခိုက်လွယ်တယ်။
ခံပြင်းစိတ်၊ အကျိုးရှိတဲ့အလုပ်ကလွဲရင် အသုံးမဝင်ရင် အကြောင်းပြချက်မရှိရင် လုပ်လိုစိတ်မရှိတဲ့ အကျင့်စရိုက်ကြောင့် လူကောင်းလည်း လုပ်ချင်တယ်(ဆိုလိုတာက တကယ်ပြဌာန်းထားတဲ့ လူကောက်းတစ်ယောက်ကွာ) ပြီးရင် အမြဲခံနေရတဲ့ လူတစ်ယောက်ဆိုတာထက် သူ့ဘဝအတွက်လည်း ကောင်းမွန်စွာ ဖြတ်သန်းပြီး စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ပိုင်းဆိုင်ရာ မထိခိုက်တဲ့၊ အထိအခိုက် နည်းတဲ့လူတစ်ယောက်။
ဘဝတစ်လျှောက်လုံး အမြဲ ကိုယ့်စိတ်၊ သူများစိတ် အကုန်လေ့လာနေခဲ့တာဟာ ဒီနေထိုင်မှု နည်းလမ်းတွေပဲ။

အဲ့တော့ စာရေးတဲ့အခါ၊ မျှဝေတဲ့အခါ
လူကောင်းတစ်ယောက်ဆိုတဲ့ အရည်အချင်းတွေ ထည့်မပြောတော့ဘူး။ ကိုယ့်အတွက်က ထည့်ပြောဖို့ မလိုဘူးလို့ထင်လို့။ အဲ့တော့ ဘဝမှာ သူများကို မထိခိုက်စေချင်တဲ့၊ မကောင်းတာ မလုပ်တဲ့၊ အခြေအနေတွေကြောင့်ပဲဖြစ်စေ လူတွေအပေါ် မယုတ်မာတဲ့၊ သူများကို စာနာနားလည်ပေးတတ်တဲ့ အခြေခံ ရှိတဲ့သူတွေအတွက် ရေးတဲ့စာတွေပဲ။

ဥပမာပြောရရင် အချစ်ရေးဆို သိပ်ချစ်တတ်ဖို့ မရေးတော့ဘဲ ချစ်ပေးတတ်တဲ့ လူတွေ အသည်းမကွဲဘဲ၊ အသည်းကွဲရင် လမ်းရှာနိုင်ဖို့၊
တခြားသူအတွက် အမြဲ ဖြည့်ဆည်းပေးတတ်တဲ့သူတွေ
ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်တတ်ဖို့၊
ဒီလိုမျိုးပဲ။

ငယ်ကတည်းက မိဘဆီက၊ ဆရာသမားတွေဆီက၊
သူငယ်ချင်းတွေဆီက အကြားရဆုံးစကားက နင်က
တစ်ကိုယ်ကောင်းဆန်တယ်ဆိုတာပဲ။
သိပ်ငယ်တဲ့ကလေးဟာ သူ့လိုလူ သိပ်မများလို့ သူ့ဘက်မှာလည်း လူတွေ အများကြီးမရှိသလို သူ့ကိုယ်သူလည်း မကာကွယ်နိုင်ခဲ့ဘူး။
ဘဝမှာ မမှားတာကိုသိပေမဲ့ အများနဲ့ ရင်ဆိုင်ရတဲ့အခါ
ကိုယ်က မှားနေသလို သံသယဝင်ခဲ့တာတွေ ရှိခဲ့တယ်။

စာမေးပွဲမှာ ကိုယ်ရထားတဲ့စာ မပြတာက တစ်ကိုယ်ကောင်းဆန်တာလို့ ပြောခံရတယ်။
ကိုယ်ဟာ ကိုယ့်ရှေ့မှာ စာရွက်ကြီး လာချပြရင်တောင် တစ်စက်မကြည့်ဘဲ ရသလောက်ပဲဖြေတဲ့အကျင့်ရှိတာ
သူတို့မသိဘူး။
အဲ့လိုပဲ၊ သည်းမခံတတ်လို့ ၊ ဆတ်ဆတ်ထိမခံလို့ အပြောခံရတယ်။ ကိုယ် အနိုင်မယူတတ်တာ၊ အနိုင်မကျင့်တတ်တာ၊ အခွင့်အရေး လုံးဝမယူတတ်တာ သူတို့ကို ပြောမပြဖြစ်ဘူး။
ကိုယ့်မှာ အခွင့်အရေးတွေ အများကြီးကို ရှိခဲ့တာပါ။
လက်စားချေဖို့တွေလည်း အခွင့်အရေးရသလို၊ ချောက်တွန်းဖို့၊ သူများကို ကျော်ပြီး ကိုယ်ပဲ အသိအမှတ်ပြုခံရမဲ့ အခွင့်အရေးတွေ တစ်စီတစ်တန်း ရှိခဲ့တာပါ။ ရလဒ်က ကိုယ်ဟာ အထင်လွဲခံတယ်၊ ဘယ်သူမှ မသိတဲ့အချိန်မှာတောင် ကိုယ်ဟာ မလုပ်ခဲ့ဘူး။ (ဒါတွေကပဲ ကိုယ့်ကိုယ်ကိုယ် လေးစားစေခဲ့တာ၊ ယုံကြည်ရတဲ့သူ ဖြစ်စေခဲ့တာ)

ကိုယ်ဟာ ကိုယ့်ကိုယ် ပြောပြတဲ့ သူများအားနည်းချက်တွေ၊ ဘဝတွေကို သူတို့နဲ့ ပြဿနာဖြစ်ရင်တောင် တန်ပြန်တိုက်ခိုက်ဖို့ အသုံးမချတတ်ဘူး။
နားလည်ဖို့ ခက်ခဲနိုင်ပေမဲ့ တမင်တကာ သူများရဲ့ မကောင်းတဲ့အခြမ်းတွေ သိထားရင် ခေါင်းထဲက ဖျက်ပေးခဲ့တာတွေပါ ရှိတယ်။(ဒါတွေက ပြောပြလည်း သူများနားလည်ဖို့ ခက်တဲ့အရာတွေ)

အဲ့တော့ ဘဝမှာ ကိုယ့်လိုလူကို ဆုံးရှုံးချင်လား မေးဖူးတယ်။ သူများရှေ့ကတောင် ကာကွယ်ပေးတတ်သူက ကိုယ့်ကိုယ်ကိုယ် ဘာလို့ မကာကွယ်တာလဲ အထပ်ထပ်အခါခါ မေးတယ်။ ဒါတွေကပဲ ခံစားချက်တွေအကြောင်း ပိုသိလာစေတယ်၊ ဒါကြောင့် ကိုယ့်လိုလူတွေအတွက် မျှဝေတယ်။ အလုံးစုံ မတူရတောင် တချို့အခြေအနေတွေက တူမှာပဲ။

လူကောင်းတွေ မရှိဘူးလားမေးရင် အများကြီးရှိတယ်။
ဒါပေမဲ့ သူတို့ဘဝတွေမှာ ဒဏ်ရာတွေနဲ့။ အမြဲ နောက်ကပဲ။ အစက ဘာလို့လဲဆိုတာ နားမလည်နိုင်ခဲ့ဘူး။ အခုတော့ ဘဝမှာ တကယ် ဖြူစင်သန့်ရှင်းပြီး လိုချင်တာတွေရဖို့ အတော်ခက်ခဲပါလားဆိုတာ သဘောပေါက်လာရတယ်။(တစ်ခါတခါ အတွေးတွေ များမိတာပဲ) ။

ဘယ်အသက်အရွယ်နဲ့ ပြောပြော၊ ဘယ်လူမျိုးနဲ့ပြောပြော နင်က ဒီလောက်ငယ်ငယ်လေးနဲ့ ဒါတွေထိ ဘယ်လို သိနေရတာလဲ၊ ငါဆို အသက်သုံးဆယ်မှ သိတာ၊ ငါဆို အိမ်ထောင်ကျပြီးမှ သိတာ၊ ငါဆို ဘွဲ့ရပြီးမှ သိတာဆိုတာ အမြဲကြားရတယ်။
ကိုယ်ပြန်ပြောဖြစ်တာ ကိုယ်က ဟိုးငယ်ပိစိကတည်းက အမြဲအဖြေရှာနေခဲ့လို့ အဲ့လောက်အစောသိနေရတာပါလို့။

ဒီမန့်လေးကနေ အတွေးများသွားတယ်။
လူတွေက ကိုယ့်ဘက်ကနေပဲ တွေးတယ်။
ကိုယ်လည်း အတူတူပဲ ကိုယ့်လိုပဲ တွေးတယ်။
ကိုယ်တွေးသလို သူတို့တွေ တွေးတတ်မှာပဲဆိုတဲ့ တစ်ဖက်ပိတ်မျိုးရှိတတ်တယ်။
ဒါပေမဲ့ ကိုယ်ပေးချင်တဲ့ အဓိပ္ပာယ်ကို နားလည်မှုလွဲနိုင်ပါလားဆိုတာ သိလိုက်ရတယ်။
တစ်ကိုယ်ကောင်းဆန်တတ်ဖို့ ပြောရတာဟာ သူများအတွက် အမြဲနေထိုင်တတ်တဲ့သူတွေအတွက် ရည်ရွယ်တာမျိုး ဖြစ်တယ်။
လောကမှာ ကိုယ့်ဘို့ကိုကြည့်ဆိုတဲ့ သဘောမျိုး မဟုတ်ဘူး။

လောကမှာ လူလာဖြစ်တယ်၊ ကိုယ့်အကျိုးပဲ ကိုယ်ကြည့်မယ်ဆိုရင် တကယ်အကျိုးရှိတဲ့ နေထိုင်ခြင်းလားဆိုတာ မသိဘူး။ ကိုယ့်အတွက်တော့ လူသားတစ်ယောက်ရဲ့ ဖြစ်တည်မှုဟာ ပတ်ဝန်းကျင်ကို အနှောင့်အယှက် မဖြစ်စေရဘူး။ ဒါဟာ အခြေခံစည်းမျဉ်း။
ပြီးရင် သူ့ဘဝကိုလဲ မထိခိုက်စေရဘူး။
ဒါဟာ လည်ပတ်မှု။ ဒါပဲ။



ကိုယ်ဟာ စကြာဝဠာကြီးထဲက အစိတ်အပိုင်းလေးတစ်ခုပဲ။ ကောင်းတာတွေပဲဖြစ်ဖြစ်မကောင်းတာတွေပဲဖြစ်ဖြစ်အချိန်တွေက ကုန်သွားမှာ၊ ဘဝက ကု...
13/03/2026

ကိုယ်ဟာ စကြာဝဠာကြီးထဲက အစိတ်အပိုင်းလေးတစ်ခုပဲ။

ကောင်းတာတွေပဲဖြစ်ဖြစ်
မကောင်းတာတွေပဲဖြစ်ဖြစ်
အချိန်တွေက ကုန်သွားမှာ၊
ဘဝက ကုန်ဆုံးသွားမှာ။

ကြီးမားလှပါတယ်ထင်တဲ့ ဖြစ်ရပ်တွေတိုင်းဟာ
တကယ်တော့ လူသားတစ်ယောက်၊
အမှုန်အမွှားလေး တစ်ခုရဲ့ မသိသာလှတဲ့ ဖြစ်ရပ်လေးတစ်ခုပဲ။

မာနတွေ ဘာလို့ထားမှာလဲ၊
အတ္တတွေရော ဘာအသုံးဝင်လို့ ရှိရမှာလဲ။
ရလာတဲ့ ဘဝလေးတစ်ခု၊ ခန္ဓာကိုယ်လေးတစ်ခုမှာ
ဖြစ်လာသမျှတွေဟာ ဒီကမ္ဘာမြေကြီးအတွက် မထင်မရှားပဲ။

ကိုယ်တို့တွေ အထင်မှားကြတယ်။
မလိုချင်တာတွေ ဖြစ်လာရင်၊
အနိုင်ကျင့်ခံရရင်၊
ကဲ့ရဲ့ခံရရင်၊
အပယ်ခံရရင် ကမ္ဘာကြီးတော့ ပြိုလဲသွားမှားပဲလို့။
အဲ့လိုဘယ်မှာရှိမှာလဲ။
စကြာဝဠာကြီးထဲမှာ ငါတို့ဖြစ်တည်မှုဟာ အမှုန်အမွှားလေးပဲ။



လူတွေနဲ့ စကား အကြာကြီးပြော၊ သူတို့ရင်ထဲက စကားတွေ နားထောင်၊ သူတို့ ဘဝဖြတ်သန်းပုံတွေ သိရတာကလေ ဘဝမှာ ရီယာ motivation ပြန်ယူ...
12/03/2026

လူတွေနဲ့ စကား အကြာကြီးပြော၊
သူတို့ရင်ထဲက စကားတွေ နားထောင်၊
သူတို့ ဘဝဖြတ်သန်းပုံတွေ သိရတာကလေ ဘဝမှာ ရီယာ motivation ပြန်ယူတဲ့ နည်းတစ်ခုပဲ။

တကယ် လုပ်လား၊ မလုပ်လား မသိတဲ့သူတွေဆီက
အားပေးစကားတွေ နားထောင်ရတာထက်
တကယ် ဖြတ်သန်းလာတဲ့သူ၊ ဖြတ်သန်းနေတဲ့သူတွေဆီက ညီးညူသံတွေက ပို အားဖြစ်စေတယ်၊
ပိုသင်ယူရတယ်။

ရီယာ့မှာ energy သိပ်မရှိဘူး။
လူတွေ အများကြီးနဲ့ အတူကုန်ဆုံးရတာမျိုး ခဏခဏ မလုပ်နိုင်ဘူး။ ပုံမှန်အားဖြင့်တော့ ကိုယ့် energy၊ ကိုယ့် personality အရ နားအေးပါးအေး တစ်ယောက်တည်း
အားပြန်ဖြည့်တယ်၊ အားသွင်းတယ်ဆိုပေမဲ့
တသ်ခါတလေကျပြန်ကျ တကယ့် ဘဝထဲက လူတွေနဲ့
ဆွေးနွေးရင်း ပြောရင်း အားပြန်ယူရတယ်။

လူတွေကို နားလည်ဖို့က လူတွေဆီက သင်ရတယ်၊
ဘဝကို ဖြတ်သန်းတတ်ဖို့လည်း လူတွေဆီက အကူအညီယူတာ အမြန်ဆုံးပါပဲ။

လူတိုင်းမှာ ဒဏ်ရာကိုယ်စီနဲ့၊
လူတိုင်းမှာ ရည်မှန်းချက်ကိုယ်စီနဲ့၊
လူတိုင်းမှာ ဇာတ်လမ်းကိုယ်စီနဲ့၊
လူတွေအကြောင်းသိချင်ရင် သူတို့ဆီသာသွားမေး။
ပြောဖို့ နားထောင်ပေးမဲ့သူ စောင့်နေကြတာချည်းပဲ။
ကိုယ်တွေလည်း အတူတူပဲမလား။

ရီယာ သူငယ်ချင်းမိတ်ဖွဲ့တဲ့အခါ
လူတွေနဲ့စကားပြောတဲ့အခါ
သုံးတဲ့နည်းတစ်နည်းပဲ ရှိတယ်။
အရိုးသားဆုံး ဝန်ခံခြင်းပဲ။
ကိုယ့်ဘေးနားမှာ ကိုယ့်ဝန်းကျင်မှာ သူတို့ကို လုံခြုံမှုပေးတယ်။
စိတ်လုံခြုံမှုရတဲ့နေရာမှာ ကိုယ်ရော သူရော နားချင်ကြတယ်၊ ရင်ဖွင့်ချင်ကြတယ်၊ ရိုးသားချင်ကြတယ်။
ရီယာ့ဆီမှာ ရိုးသားပြီး စိတ်ရင်းထဲကလာတဲ့ ဘဝဇာတ်လမ်းတွေ အများကြီးရှိတယ်။
ဘယ်တုန်းကမှ ဒါတွေကို ဘာအတွက်မှ မဖွင့်ချဘူး၊
မပြောပြဘူး၊ လိုအပ်ရင် ခေါင်းထဲကပါ ထုတ်ပေးလိုက်တယ်။

တစ်ခါတလေ ပင်ပန်းလို့ လူတွေကို နားမလည်ချင်ဘူး။
တစ်ခါတလေကျ ပင်ပန်းလို့ လူတွေကို နားလည်ချင်တယ်။ သူတို့ဆီက သင်ယူချင်တယ်။
စကားတွေအကြာကြီးပြောပြီး အားပြန်ဖြည့်တယ်။

Address

Seoul

Website

Alerts

Be the first to know and let us send you an email when Ria Lily’s Pages posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share