𝗝𝘂𝗻𝗼 '𝘀 𝑫𝒊𝒗𝒊𝒏𝒆 𝑵𝒂𝒕𝒊𝒐𝒏

  • Home
  • 𝗝𝘂𝗻𝗼 '𝘀 𝑫𝒊𝒗𝒊𝒏𝒆 𝑵𝒂𝒕𝒊𝒐𝒏

𝗝𝘂𝗻𝗼 '𝘀  𝑫𝒊𝒗𝒊𝒏𝒆  𝑵𝒂𝒕𝒊𝒐𝒏 We're going to talk about Astrology, Tarot and Spirituality.

🧿 999 𝐏𝐨𝐫𝐭𝐚𝐥 𝐌𝐞𝐬𝐬𝐚𝐠𝐞 🧿ထူးခြားတဲ့နေ့လေးမှာ ထူးခြားတဲ့ reading လေးလုပ်ထားပါတယ်။ 9.9.2025 ပေါင်းခြင်း 999 ဖြစ်နေလို့ ဘယ်အရာ...
09/09/2025

🧿 999 𝐏𝐨𝐫𝐭𝐚𝐥 𝐌𝐞𝐬𝐬𝐚𝐠𝐞 🧿

ထူးခြားတဲ့နေ့လေးမှာ ထူးခြားတဲ့ reading လေးလုပ်ထားပါတယ်။ 9.9.2025 ပေါင်းခြင်း 999 ဖြစ်နေလို့ ဘယ်အရာတွေအဆုံးသတ်ပြီး ဘာတွေစတင်လာမလဲဆိုတာကို စိတ်ဝင်စားမယ်လို့ထင်ပါတယ်။ စကြဝဠာထဲမှာစီးဆင်းနေတဲ့ အချိန်အပိုင်းအခြားတစ်ခုကလာတဲ့ အမှာစကားတစ်ခုအနေနဲ့ ဖတ်ကြည့်ရအောင်နော်။

𝑨𝒔𝒕𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑬𝒗𝒆𝒏𝒕𝒔 𝑰𝒏 𝑺𝒆𝒑𝒕𝒆𝒎𝒃𝒆𝒓🌟 𝑺𝒆𝒑𝒕𝒆𝒎𝒃𝒆𝒓 လထဲမှာဖြစ်ပေါ်မယ့် ထူးထူးခြားခြားဖြစ်စဉ်ကတော့ လကြတ်ခြင်းနဲ့ နေကြတ်ခြင်းပါ။ လ...
07/09/2025

𝑨𝒔𝒕𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑬𝒗𝒆𝒏𝒕𝒔 𝑰𝒏 𝑺𝒆𝒑𝒕𝒆𝒎𝒃𝒆𝒓

🌟 𝑺𝒆𝒑𝒕𝒆𝒎𝒃𝒆𝒓 လထဲမှာဖြစ်ပေါ်မယ့် ထူးထူးခြားခြားဖြစ်စဉ်ကတော့ လကြတ်ခြင်းနဲ့ နေကြတ်ခြင်းပါ။ လကြတ်ခြင်းကတော့ ဒီနေ့ညမှာ ကြုံရမှာဖြစ်ပြီးတော့ နေကြတ်ခြင်းကတော့ 𝑺𝒆𝒑𝒕𝒆𝒎𝒃𝒆𝒓 21 မှာ ကြုံရမှာဖြစ်ပါတယ်။ ဒီနေ့ညဖြစ်ပေါ်မယ့် 𝐁𝐥𝐨𝐨𝐝 𝐌𝐨𝐨𝐧 𝐋𝐮𝐧𝐚𝐫 𝐄𝐜𝐥𝐢𝐩𝐬𝐞 ဟာဆိုရင် mental ပိုင်း၊ spiritual ပိုင်းဆိုင်ရာမှာ cleansing ၊ releasing လုပ်ခြင်းနဲ့ သက်ဆိုင်ပါတယ်။ အဟောင်းတွေကိုခဝါချပြီး အသစ်ပြန်တည်ဆောက်ရမှာပါ။

🌟 𝐁𝐥𝐨𝐨𝐝 𝐌𝐨𝐨𝐧 ဖြစ်နေလို့ လရောင်မခံရဘူး၊ အပြင်မထွက်ရဘူး၊ လကိုမကြည့်ရဘူးတို့ဆိုတာ အယူအဆအမှားတွေပါနော်။ ကောင်းကင်ပေါ်မှာရှိတဲ့ ဂြိုဟ်တွေ၊ နက္ခတ်တွေဟာ ပြောင်းလဲနေတဲ့အချိန်ကာလတွေကို ထင်ဟပ်နေတဲ့နိမိတ်လက္ခဏာတွေဖြစ်နိုင်ပေမဲ့ လူတွေအပေါ်ကို ဘာဖြစ်ပါစေ၊ ညာဖြစ်ပါစေဆိုပြီး တိုက်ရိုက်ချုပ်ကိုင်လွှမ်းမိုးနိုင်တဲ့ အရာတွေမဟုတ်ပါဘူး။ 𝐉𝐮𝐧𝐨 ပြောနေကျအတိုင်းပြောရရင် လူတိုင်းလူတိုင်းရဲ့ ကံကြမ္မာက ကိုယ့်လက်ထဲမှာပဲရှိပါတယ်။

🌟 ဒီလကြတ်ခြင်းက Pisces ရာသီဖွားနဲ့ တခြား mutable sign တွေ ( Gemini, Sagittarius, Virgo ) အတွက် ပိုပြီးသိသိသာသာ ထူးခြားမယ့်အချိန်ပါ။ Sun sign တစ်ခုတည်းမဟုတ်ဘဲ အခြား placements တွေပါခဲ့ရင်လည်း အကျုံးဝင်ပါတယ်။ အရင်ကကြုံဖူးတဲ့ cycle တစ်ခု ပြန်ရောက်လာသလို ခံစားရတာမျိုးရှိတတ်တယ်။ 𝐅𝐮𝐥𝐥 𝐌𝐨𝐨𝐧 ဆိုတာကတော့ ရိတ်သိမ်းရတဲ့ကာလတစ်ခုဖြစ်တာမို့လို့ ဒီ 𝐄𝐜𝐥𝐢𝐩𝐬𝐞 𝐒𝐞𝐚𝐬𝐨𝐧 အတွင်း manifestation တွေ၊ မျှော်လင့်ထားတဲ့ရလဒ်တွေ၊ အသီးအပွင့်၊ အကျိုးအမြတ်တွေ ရရှိနိုင်ပါတယ်။

🌟 Relationship နဲ့ဆိုင်တာတွေ၊ partnership တွေ၊ ယုံကြည်မှုနဲ့ဆိုင်တာတွေမှာ အပြောင်းအလဲတွေရှိတတ်တယ်။ Toxic environment တွေ၊ healthy မဖြစ်တဲ့ပတ်ဝန်းကျင်တွေကနေ ထွက်ခွာရမယ်။ အရင်က delusional ဖြစ်ပြီး မမြင်ခဲ့တာတွေကို ရှင်းရှင်းလင်းလင်းမြင်နိုင်လာမယ်။ ဒီအချိန်မှာ လက်လွှတ်ခြင်း၊ စွန့်လွှတ်ခြင်းတွေက ကိုယ့်အတွက်ပိုကောင်းတဲ့အရာတွေရဖို့ ပေးလိုက်ရတဲ့အဖိုးအခဖြစ်မှာပါ။ အခုချိန်မှာ နားမလည်နိုင်သေးရင်တောင် တစ်ချိန်ကျနားလည်လာမှာပါ။

🌟 လကြတ်တာထက် ပိုအရေးကြီးတာက 𝑹𝒆𝒕𝒓𝒐𝒈𝒓𝒂𝒅𝒆𝒔 တွေပါ။ 1 ရက်နေ့မှာဖြစ်ခဲ့တဲ့ 𝑺𝒂𝒕𝒖𝒓𝒏 𝑹𝒆𝒕𝒓𝒐𝒈𝒓𝒂𝒅𝒆 နဲ့ မနေ့ကဖြစ်ခဲ့တဲ့ 𝑼𝒓𝒂𝒏𝒖𝒔 𝑹𝒆𝒕𝒓𝒐𝒈𝒓𝒂𝒅𝒆 ကြောင့် Mutable signs တွေမှာ သိသိသာသာ impact ခံစားရမယ်။ ခန္ဓာကိုယ်မှာ နေထိုင်မကောင်းတာမျိုး ရှိတတ်ပါတယ်။ ကျန်းမာရေးကိုလည်းဂရုစိုက်ပါ။ ဒါပေမဲ့ တကယ်က ကျန်းမာရေးပြဿနာမဟုတ်ဘဲ စိတ်ခံစားချက်ပိုင်းမှာ တစ်ခုခုပြဿနာရှိနေလို့ ခန္ဓာကိုယ်က အချက်ပြတာမျိုးရှိတတ်တယ်။ ဘာကိုညွှန်ပြ‌ချင်နေသလဲကို သေချာရှာဖွေရမှာပါ။

🌟 𝑺𝒂𝒕𝒖𝒓𝒏 𝑹𝒆𝒕𝒓𝒐𝒈𝒓𝒂𝒅𝒆 ကြောင့် မြေလှုပ်ရှားမှုတွေတော့ နည်းနည်းသတိထားသင့်ပါတယ်။ အများကြီးတော့မပြောချင်ပါဘူး။ သွားသွားလာလာ သတိလေးနဲ့နေရင် ရပါပြီ။ 𝑼𝒓𝒂𝒏𝒖𝒔 𝑹𝒆𝒕𝒓𝒐𝒈𝒓𝒂𝒅𝒆 ကတော့ ထင်မှတ်မထားတဲ့သတင်းတွေ၊ ရုတ်တရက်ဆန်လွန်းတာတွေ မြင်ရ၊ကြားရစေမှာပါ။ Media ၊ information ၊ communication ၊ transportation ၊ neighbouring countries တွေနဲ့ ဆက်စပ်နေတတ်တယ်။

🌟 ဒီ events တွေက ကိုယ့်ကိုဘယ်လောက်အထိသက်ရောက်မလဲဆိုတာကတော့ transit chart ကိုဖတ်မှ အတိအကျပြောနိုင်မှာပါ။ 𝐄𝐜𝐥𝐢𝐩𝐬𝐞 𝐒𝐞𝐚𝐬𝐨𝐧 အတွက် ပြင်ဆင်ချင်တာမျိုးရှိရင် 6 လစာ Transit Chart ကြည့်ဖို့ 𝐉𝐮𝐧𝐨 ဆီမှာ စာရင်းပေးလို့ရပါတယ်။ ဒီတစ်ခါ 𝐄𝐜𝐥𝐢𝐩𝐬𝐞 𝐒𝐞𝐚𝐬𝐨𝐧 𝐒𝐩𝐞𝐜𝐢𝐚𝐥 အနေနဲ့ 6 လစာ‌ဟောစာတမ်းကို fee 45000 ပါ။ 5 ယောက်စာပဲ ရှိပါမယ်နော်။ စာသင်တာတစ်ဖက်နဲ့မို့ အရင်လို အချိန်အများကြီးမရတော့လို့ပါ။

🔮 𝗪𝗵𝗮𝘁 𝘄𝗶𝗹𝗹 𝗵𝗮𝗽𝗽𝗲𝗻 𝗶𝗻 30 𝗱𝗮𝘆𝘀? 🔮September လမှာ ထူးခြားတဲ့ astrological events တွေရှိတာမို့ ထင်မှတ်မထားတာတွေ အများကြီးကြု...
04/09/2025

🔮 𝗪𝗵𝗮𝘁 𝘄𝗶𝗹𝗹 𝗵𝗮𝗽𝗽𝗲𝗻 𝗶𝗻 30 𝗱𝗮𝘆𝘀? 🔮

September လမှာ ထူးခြားတဲ့ astrological events တွေရှိတာမို့ ထင်မှတ်မထားတာတွေ အများကြီးကြုံရနိုင်တဲ့လပါ။ ဒါကြောင့်မို့ ရက်သုံးဆယ်အတွင်း ဘာတွေဖြစ်လာမလဲ၊ ဘာတွေကြုံရမလဲဆိုတာ ကြည့်ပေးထားပါတယ်။ Personal reading တွေအတွက် page messenger မှာ မေးမြန်းနိုင်ပါတယ်။

🪽 𝗝𝘂𝗻𝗼 '𝘀  𝑫𝒊𝒗𝒊𝒏𝒆  𝑵𝒂𝒕𝒊𝒐𝒏 🪽🪶 မင်္ဂလာပါနော်။ အားလုံးကို 𝗝𝘂𝗻𝗼 ဒီနေ့အသိပေးချင်တာကတော့ Page ကို နာမည်လေးပြောင်းလိုက်တဲ့အကြော...
22/08/2025

🪽 𝗝𝘂𝗻𝗼 '𝘀 𝑫𝒊𝒗𝒊𝒏𝒆 𝑵𝒂𝒕𝒊𝒐𝒏 🪽

🪶 မင်္ဂလာပါနော်။ အားလုံးကို 𝗝𝘂𝗻𝗼 ဒီနေ့အသိပေးချင်တာကတော့ Page ကို နာမည်လေးပြောင်းလိုက်တဲ့အကြောင်းပါ။ မတွေ့ရတာ၊ စကားမပြောရတာလည်းကြာပြီ၊ သုံးနှစ်တာ journey လေးအကြောင်းလည်း ပြောပြချင်တာမို့လို့ စာလေးနည်းနည်းရှည်သွားတာကို သည်းခံပြီးဖတ်ပေးဖို့ မျှော်လင့်ပါတယ်။

🪶 𝗝𝘂𝗻𝗼 တို့ 𝑫𝒊𝒗𝒊𝒏𝒆 𝑵𝒂𝒕𝒊𝒐𝒏 page လေးကိုစလုပ်ဖြစ်တော့ 𝗝𝘂𝗻𝗼 နဲ့ 𝗠𝗶𝗿𝗲𝗹𝗹𝗲 ဆိုပြီး admin နှစ်ယောက်နဲ့ စတင်ခဲ့တာပါ။ သုံးနှစ်လုံးလုံး ဒီနာမည်လေးနဲ့ပဲ ရပ်တည်ခဲ့ပြီးတော့ Follower တွေ၊ Client တွေအားလုံးလည်း Admin နှစ်ယောက်ရှိတယ်လို့ သိထားကြမယ်ထင်ပါတယ်။

🪶 စစချင်းစိတ်ကူးကတော့ သူငယ်ချင်းနှစ်ယောက် အပျင်းပြေ page လေးတစ်ခုလုပ်ဖို့ပါပဲ။ အရင်ကလည်း နှစ်ယောက်တူတူ mental health counseling page တစ်ခုလုပ်ဖူးပါတယ်။ ဘာအခကြေးငွေမှမယူဘဲ ကိုယ်စိတ်ဝင်စားတဲ့ content writing လုပ်ရင်း၊ ရင်ဖွင့်ဖို့လိုအပ်နေသူတွေဆီက စကားသံတွေနားထောင်ပေးရင်း၊ community ကို တတ်နိုင်သလောက်ကူညီရင်းပေါ့နော်။ ကိုယ်တိုင်လည်း mental health နဲ့ဆိုင်ရင် အများကြီးကျော်ဖြတ်ခဲ့ဖူးတာမို့လို့ နားလည်မှုလိုအပ်နေသူတွေကို နားလည်ပေးဖို့၊ နွေးထွေးပေးဖို့ ကြိုးစားခဲ့ကြပါတယ်။ အခု page မှာလည်း လာပြီး counseling လုပ်သူတွေရှိတတ်သလို tarot ၊ astrology ဘာနဲ့မှမဆိုင်ဘဲ ဒီတိုင်းလေးနားထောင်ပေး၊ ဆွေးနွေးပေးပါတယ်။ Tarot ဟောရင်း spiritual counseling လုပ်ပေးခဲ့တာတွေလည်းရှိပါတယ်။ အချိန်ရရင် ရသလိုပေါ့နော်။

🪶 ကျောင်းတွေနားသွားတဲ့အချိန်မှာ တခြားလုပ်စရာလည်းမရှိတော့ ထုံးစံအတိုင်း page တစ်ခုလုပ်ဖို့ နှစ်ယောက်သားစိတ်ကူးခဲ့တာပေါ့။ 𝗝𝘂𝗻𝗼 က စာရေးရတာကြိုက်သလို spiritual နဲ့ occult ဖက်ကို လေ့လာဖြစ်လာတဲ့အချိန် 𝗠𝗶𝗿𝗲𝗹𝗹𝗲 က ပုံဆွဲရတာကြိုက်တဲ့ artist ဆိုတော့ art ရယ်၊ occult ရယ်၊ writing ရယ် အကုန်လုံးကိုပေါင်းပြီး content တွေလုပ်ဖို့ စိတ်ကူးခဲ့တာပေါ့။ နှစ်ယောက်လုံးက imagination သမားတွေဆိုတော့ mascot character လေးတွေနဲ့ backstory လေးတွေနဲ့ စိတ်ကူးယဉ်ဆန်ဆန်လေး ဖန်တီးခဲ့ကြတာပါပဲ။ အဲ့တုန်းကငယ်လည်းငယ်သေးတော့ podcast တွေလည်းလုပ်မယ်ဆိုပြီး တက်တက်ကြွကြွပေါ့။ Page ရဲ့ logo အဟောင်းနဲ့ mascot character လေးတွေကို 𝗠𝗶𝗿𝗲𝗹𝗹𝗲 ပဲ ဆွဲပေးခဲ့တာပါ။

🪶 အဲ့ဒီနောက်ပိုင်းမှာ 𝗝𝘂𝗻𝗼 က tarot content ၊ astrology content တွေတင်ခဲ့ပေမဲ့ art နဲ့ဆက်စပ်တာ မတင်ဖြစ်ခဲ့ဘူး။ admin နှစ်ယောက်ဆိုပေမဲ့ 𝗝𝘂𝗻𝗼 ပဲ အဓိက run ဖြစ်နေတာပေါ့။ များသောအားဖြင့် 𝗝𝘂𝗻𝗼 က content တင်တဲ့အချိန်ကလွဲရင် online မရှိတတ်ပါဘူး။ Page စလုပ်ခါစကဆိုရင် 𝗝𝘂𝗻𝗼 မရှိတဲ့အချိန် page messenger ကိုရောက်လာတဲ့ client တွေကို 𝗠𝗶𝗿𝗲𝗹𝗹𝗲 ကပဲ reply ပြန်ပေး၊ appointment ယူဖို့ပြင်ပေး၊ လုပ်ပေးထားပါတယ်။ ဟောတာကတော့ 𝗝𝘂𝗻𝗼 ပဲလုပ်တာပေါ့နော်။ အခုတောင်မှ Page ကိုတော့ အလုပ်ရှိလို့ ဝင်ကြည့်တတ်ပေမဲ့ personal acc ကိုဆို ဝင်မကြည့်ဖြစ်တာများပါတယ်။

🪶 𝗝𝘂𝗻𝗼 တို့က page ကို content တွေတင်ဖို့အတွက်ပဲ စခဲ့ပေမဲ့ ထင်မှတ်မထားဘဲ client တွေရလာခဲ့တာပါ။ ပထမဆုံး client လာခဲ့တုန်းက တကယ်ကိုမှတ်မှတ်ရရပါပဲ။ နောက်ပိုင်း client တွေများလာတော့ 𝗝𝘂𝗻𝗼 ရဲ့အလုပ်တွေကို 𝗠𝗶𝗿𝗲𝗹𝗹𝗲 ကဝိုင်းကူပေးနေရသလိုဖြစ်တော့ messenger က client တွေကိုလည်း 𝗝𝘂𝗻𝗼 ပဲ အစအဆုံးဖြေပေးနိုင်အောင် ကြိုးစားပါတယ်။ သူကလည်း artist ဆိုတော့ သူ့ကိုလည်း အလုပ်လုပ်ချိန်ပေးရတာပေါ့။ အဲ့လိုနဲ့ page မှာ art နဲ့ဆိုင်တာ ဘာမှမတင်ဖြစ်တာကြောင့်ရော၊ admin ရာထူးနဲ့ သူ့ကိုတာဝန်တွေမပိုစေချင်တာကြောင့်ရော 𝗝𝘂𝗻𝗼 ပဲ ဒီ page ကိုကိုင်ဖို့ဆုံးဖြတ်ပြီး follower တွေကိုလည်း နာမည်အသစ်လေးပြောင်းသွားတဲ့အကြောင်း အသိပေးတာပါ။

🪶 သုံးနှစ်လည်းပြည့်ပြီဆိုတော့ ဒီအတောအတွင်း အများကြီးသင်ယူခဲ့ရ၊ နားလည်ခဲ့ရတာတွေလည်းရှိတယ်။ page မှာ active မဖြစ်တဲ့အချိန်တွေမှာတောင် ပညာရပ်အသစ်တွေ ထပ်တိုးပြီးလေ့လာဖြစ်ခဲ့ပါတယ်။ ဒီလမ်းကြောင်းကိုဆက်လျှောက်ဖို့ ပိုပြီးသေချာလာတာမို့လို့ နာမည်ရော၊ logo ရောပြောင်းပြီး rebranding လုပ်တဲ့သဘောပါ။ နေ့ရက်တိုင်းမှာလည်း ဆက်ပြီးသင်ယူလေ့လာနေတုန်းပါပဲ။

🪶 အခုပြောင်းလိုက်တဲ့ logo အသစ်နဲ့ character အသစ်လေးကလည်း 𝗠𝗶𝗿𝗲𝗹𝗹𝗲 ဆီမှာပဲ 𝗝𝘂𝗻𝗼 စိတ်တိုင်းကျအပ်ထားတာပါ။ သူက Aries ဆိုပေမဲ့ ပုံဆွဲတဲ့နေရာမှာတော့ စိတ်ရှည်ပြီး အတိအကျလုပ်ပေးတာမို့လို့ Page logo ၊ product logo အပ်ချင်တာပဲဖြစ်ဖြစ်၊ art commission တွေအပ်ချင်တာပဲဖြစ်ဖြစ် သူ့ဆီမှာသွားအပ်လို့ရပါတယ်။ ဒါကတော့ သူ့ account ပါ။ 𝗝𝘂𝗻𝗼 လွှတ်လိုက်တာလို့ပြောရင် သူဈေးလျှော့ပေးပါလိမ့်မယ်။ စိတ်တိုင်းမကျမချင်းလည်း အများကြီးရစ်လို့ရတယ်နော်။

https://www.facebook.com/share/176T14JnbA/

🪶 စီစဉ်ထားတာတွေကကြာပြီဆိုပေမဲ့ မအားလပ်တာတွေရယ်၊ နေမကောင်းတာရယ်နဲ့ အခုမှပဲအချိန်ကျလာတယ်ပေါ့နော်။ သတင်းကောင်းတစ်ခုကတော့ KPZPay Official Account အနေနဲ့ကမ်းလှမ်းခံရလို့ KPZPay app မှာလည်း June လကတည်းကစပြီး 𝗝𝘂𝗻𝗼 ရဲ့ Pick a pile reading တွေဖတ်လို့ရနေပါပြီ။ နာမည်ကတော့ 𝗦𝗼𝘂𝗹 𝗝𝗼𝘂𝗿𝗻𝗲𝘆 𝗪𝗶𝘁𝗵 𝗝𝘂𝗻𝗼 ဆိုပြီးတော့ပါ။ ဒီအတောအတွင်းမှာ မအားတာတွေများလို့ active သိပ်မဖြစ်ပေမဲ့ account တွေအကုန်လုံးမှာ ပိုပြီး active ဖြစ်နိုင်အောင်တော့ ကြိုးစားပါ့မယ်။

🪶 စကားတွေလည်း အများကြီးပြောပြီးသွားပြီဆိုတော့ ဒီနေ့တော့ ဒီလောက်ပါပဲ။ content အသစ်တွေ၊ အစီအစဉ်အသစ်တွေနဲ့ ပြန်လာခဲ့မှာမို့လို့ စောင့်နေပေးပါဦး။ ပေါ်လိုက်ပျောက်လိုက် မုန့်လုံးရေပေါ်မို့လို့ နည်းနည်းတော့စိတ်ရှည်ပေးနော်။ စာအရှည်ကြီးကို သည်းခံပြီးဖတ်ပေးလို့ရော၊ သုံးနှစ်အတွင်း အတူတူရှိပေးခဲ့လို့ရော အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။ ပျော်ရွှင်စရာနေ့လေးဖြစ်ပါစေရှင်။ 🪽🤍🪽

✨ 𝑃𝑖𝑐𝑘 𝐴 𝑃𝑖𝑙𝑒 𝐹𝑜𝑟 Cᴜʀʀᴇɴᴛ Eɴᴇʀɢʏ Cʜᴇᴄᴋ ✨မင်္ဂလာပါ။ Juno တို့ မတွေ့ရတာကြာပြီနော်။ ဒီနေ့လေးက Divine Nation သုံးနှစ်ပြည့်တဲ...
16/08/2025

✨ 𝑃𝑖𝑐𝑘 𝐴 𝑃𝑖𝑙𝑒 𝐹𝑜𝑟 Cᴜʀʀᴇɴᴛ Eɴᴇʀɢʏ Cʜᴇᴄᴋ ✨

မင်္ဂလာပါ။ Juno တို့ မတွေ့ရတာကြာပြီနော်။ ဒီနေ့လေးက Divine Nation သုံးနှစ်ပြည့်တဲ့နေ့လေးဖြစ်တာမို့လို့ အထူးအစီအစဉ်တွေ၊ အပြောင်းအလဲလေးတွေမလာခင် Eɴᴇʀɢʏ Cʜᴇᴄᴋ reading လေးနဲ့ အရင်စလိုက်မယ်နော်။ ထူးထူးခြားခြားစီစဉ်ထားတာလေးတွေလည်းလာမှာမို့ စောင့်ကြည့်ပေးပါဦး။ သုံးနှစ်လုံးတူတူရှိပေးခဲ့ကြတဲ့ follower တွေနဲ့၊ client တစ်ယောက်စီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။ ကောင်းသောနေ့လေးဖြစ်ပါစေရှင်။ 💝

🎐 𝐏𝐢𝐜𝐤 𝐀 𝐏𝐢𝐥𝐞 𝐅𝐨𝐫 𝓙𝓾𝓵𝔂 𝓟𝓻𝓮𝓭𝓲𝓬𝓽𝓲𝓸𝓷𝓼 🎐        Hello, everyone! ဒီလအတွက် တစ်လစာဟောစာတမ်းလေးနဲ့အတူ Juno ပြန်လာပါပြီနော်။ အား...
07/07/2025

🎐 𝐏𝐢𝐜𝐤 𝐀 𝐏𝐢𝐥𝐞 𝐅𝐨𝐫 𝓙𝓾𝓵𝔂 𝓟𝓻𝓮𝓭𝓲𝓬𝓽𝓲𝓸𝓷𝓼 🎐

Hello, everyone! ဒီလအတွက် တစ်လစာဟောစာတမ်းလေးနဲ့အတူ Juno ပြန်လာပါပြီနော်။ အားလုံးအတွက် ပျော်ရွှင်စရာ July ဖြစ်ပါစေရှင်။ 🩵

မနေ့ကတင်ခဲ့တဲ့ content က အရမ်းအရေးကြီးတယ်၊ သိထားသင့်တယ်ထင်လို့ တင်ခဲ့တာပါ။ တကယ်တော့ ပိုစောပြီးတင်ခဲ့ရမယ့် content တစ်ခုပ...
30/03/2025

မနေ့ကတင်ခဲ့တဲ့ content က အရမ်းအရေးကြီးတယ်၊ သိထားသင့်တယ်ထင်လို့ တင်ခဲ့တာပါ။ တကယ်တော့ ပိုစောပြီးတင်ခဲ့ရမယ့် content တစ်ခုပေါ့လေ။ အခုတော့ Neptune transit အကြောင်းလည်းတင်ပြီးပြီဆိုတော့ တခြားဟောကိန်းတွေထပ်မတင်သေးပါဘူး။

လူပျောက်ကိစ္စ၊ ကျန်းမာရေးကိစ္စ၊ ကယ်ဆယ်ရေးကိစ္စနဲ့ပတ်သက်ပြီး tarot မေးမယ်ဆိုရင် Juno အခမဲ့ဖြေပေးပါ့မယ်။ content မတင်လည်း page messenger မှာ လာမေးလို့ရပါတယ်။ လျှပ်စစ်မီးလည်းမရတော့ အမြဲတမ်းတော့ online ဖြစ်မနေနိုင်ပေမဲ့ တွေ့တဲ့အချိန် တတ်နိုင်သလောက်ဖြေပေးပါ့မယ်။ မန္တလေးကလူတွေအတွက် အစားအသောက်၊ ရေ လှူဖို့လည်းပြင်ဆင်နေပေမဲ့ Juno ကိုယ်တိုင်မရောက်နိုင်တဲ့နေရာကလူတွေကို တတ်နိုင်သလောက်ကူညီချင်လို့ပါ။ ကယ်ဆယ်ရေးကိုစွမ်းစွမ်းတမံလုပ်ပေးနေတဲ့သူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ 🪷

🪐 𝗠𝗮𝗿𝗰𝗵 30𝘁𝗵 : 𝗧𝗵𝗲 𝗖𝗼𝗹𝗹𝗲𝗰𝘁𝗶𝘃𝗲 𝗦𝗵𝗶𝗳𝘁 🪐🩵 Neptune ဆိုတဲ့အပြာရောင်ဂြိုဟ်ဟာ water element စိုးမိုးတဲ့ဂြိုဟ်ပေါ့။ ဒါကြောင့်ပဲ ...
29/03/2025

🪐 𝗠𝗮𝗿𝗰𝗵 30𝘁𝗵 : 𝗧𝗵𝗲 𝗖𝗼𝗹𝗹𝗲𝗰𝘁𝗶𝘃𝗲 𝗦𝗵𝗶𝗳𝘁 🪐

🩵 Neptune ဆိုတဲ့အပြာရောင်ဂြိုဟ်ဟာ water element စိုးမိုးတဲ့ဂြိုဟ်ပေါ့။ ဒါကြောင့်ပဲ ပင်လယ်သမုဒ္ဒရာတွေကိုအုပ်စိုးတဲ့ ရောမနတ်ဘုရား Neptune ( Greek အခေါ် Poseidon) ကိုစွဲပြီး အမည်မှည့်ပေးထားတာ။ Neptune ဟာ water sign ဖြစ်တဲ့ Pisces ကိုစိုးမိုးအုပ်ချုပ်တဲ့ဂြိုဟ်ပါ။ Neptune နဲ့ Pisces ဟာ သဘောတရားခြင်းအတူတူပဲ။ သိပ်ပြီးနူးညံ့တယ်၊ ထိရှလွယ်တယ်၊ အိပ်မက်ဆန်တယ်၊ ဝေဝါးရောထွေးနေတဲ့ သဘောတရားရှိတယ်။ နားလည်လွယ်အောင်ပြောရရင် Neptune ကိုယ်စားပြုတဲ့အရာတွေက လူတွေရဲ့စိတ်ကူးအိပ်မက်တွေ၊ ခံစားချက်တွေ၊ မျှော်လင့်ချက်တွေ၊ ရပ်တည်ချက်တွေပါပဲ။ နောက်ထပ် Neptune ကိုယ်စားပြုတဲ့အရာက သမုဒ္ဒရာ၊ ပင်လယ်ရေ၊ မြစ်ရေ၊ ရေနဲ့ဆိုင်သမျှအရာအားလုံးနဲ့ earthquake ပါပဲ။

🩵 Neptune ဂြိုဟ်က Aries ရာသီခွင်ထဲဝင်လာတဲ့အခါ Neptune ရဲ့ ရေဓာတ်၊ နူးညံ့ပျော့ပျောင်းမှုတွေဟာ Aries ရဲ့ မီးဓာတ်၊ အပူဓာတ်၊ ကြမ်းတမ်းမှု၊ ရန်လိုမှုတွေနဲ့ တွေ့ရတော့တယ်။ Aries ဟာ ရောမစစ်နတ်ဘုရား Mars ကိုယ်စားပြုတဲ့ ( Mars ဂြိုဟ်စိုးမိုးတဲ့ ) fire sign တစ်ခုပါ။ ရာသီခွင် 12 ခုပါတဲ့ Zodiac cycle ကြီးမှာ Pisces ဟာ နောက်ဆုံးရာသီခွင်ဖြစ်ပြီး Aries ဟာ ပထမဆုံးရာသီခွင်ဖြစ်တာကြောင့် အခု Neptune ဂြိုဟ် Aries ရာသီခွင်ထဲဝင်ခြင်းက သူ့ရဲ့ zodiac cycle အသစ်စတင်ခြင်း၊ တစ်နည်းပြောရရင် era တစ်ခု၊ ခေတ်တစ်ခုရဲ့အစပါပဲ။

🩵 Neptune ဂြိုဟ်ဟာ နေကိုတစ်ပတ်ပြည့်အောင်ပတ်ဖို့ နှစ်ပေါင်း 165 နှစ်လောက်ကြာတယ်။ အခု Neptune ဂြိုဟ်က Aries ရာသီခွင်ထဲကိုဝင်တော့မယ်ဆိုတော့ ဘာတွေဖြစ်မလဲခန့်မှန်းချင်ရင် လွန်ခဲ့တဲ့ 165 နှစ်ကိုပြန်ကြည့်ခြင်းအားဖြင့် အကြမ်းဖျဉ်းခန့်မှန်းလို့ရနိုင်တယ်။ လွန်ခဲ့တဲ့ Neptune in Aries years တွေ ( 1861-1875 ) အတွင်း ကမ္ဘာနဲ့အဝှမ်းမှာ စစ်ပွဲတွေအမျိုးမျိုးဖြစ်ခဲ့တယ်။ နေရာတိုင်းမှာ ဆုံးရှုံးမှုတွေ၊ ပျက်စီးမှုတွေရှိခဲ့ပြီး ပြန်လည်စတင်မှုတွေလည်းရှိခဲ့တယ်။ ဆွီဒင်လူမျိူး Alfred Nobel က Dynamite ကို စပြီးတီထွင်တယ်။ နောင်တစ်ချိန် Politics ပိုင်း၊ လူသားတွေရဲ့အကျိုးစီးပွားအရေးမှာဦးဆောင်လာမယ့် ခေါင်းဆောင်ကောင်းတွေမွေးဖွားခဲ့တယ်။ အားကစားမှာ ထူးချွန်ပြောင်မြောက်တဲ့ကစားသမားတွေ အများကြီးပေါ်ထွက်ခဲ့တယ်။ ဒါတွေဟာ Aries ရဲ့ ဂုဏ်သတ္တိတွေပါပဲ။

🩵 America မှာဆိုရင် Lincoln ကရွေးကောက်ခံရပြီး ကျွန်စနစ်ဖျက်သိမ်းဖို့လုပ်ဆောင်ရာကနေပဲ American civil war စဖြစ်ခဲ့တဲ့အချိန်ပေါ့။ ငါးနှစ်အတွင်း Lincoln လုပ်ကြံခံလိုက်ရပေမဲ့ သူမျှော်မှန်းခဲ့သလို ကျွန်စနစ်ကြီးပျက်သွားခဲ့တယ်။ လူတိုင်းဟာလွတ်လပ်ခွင့်ရသွားတယ်။ လူ့အခွင့်အရေးတွေရသွားတယ်။ အခြားနိုင်ငံတွေမှာလည်း ကျွန်ဈေးကွက်တွေ ဖျက်သိမ်းလာကြရတယ်။ 1870 နောက်ပိုင်း ပြန်လည်ပြုပြင်တည်ဆောက်ရေးတွေစခဲ့ကြတယ်။ Aries ရဲ့သဘောတရားဖြစ်တဲ့ အကြမ်းဖက်မှုတွေ၊ ရန်လိုမှုတွေ၊ စစ်မက်တွေပါခဲ့ပေမဲ့ Aries ရဲ့ အခြားသော quality တွေဖြစ်တဲ့ ခေါင်းဆောင်ကောင်းတွေ၊ လွတ်လပ်မှုတွေ၊ ပြန်လည်စတင်ခြင်းတွေ မြင်ခဲ့ရတယ်။

🩵 ဥရောပဖက်မှာ Germany ပေါင်းစည်းရေးကိုဖြစ်လာစေမယ့် Franco-Prussian war ဖြစ်တယ်။ ဒုတိယပြင်သစ်အင်ပါယာ ပြိုလဲသွားတယ်။ ဂျပန်နိုင်ငံမှာတော့ Meiji restoration လို့ခေါ်တဲ့ revolution တစ်ခု စတင်ပေါ်ပေါက်ခဲ့တယ်။ ဒီအပြောင်းအလဲဟာ ဂျပန်နိုင်ငံကို နိုင်ငံရေး၊ စီးပွားရေး၊ စက်မှုလုပ်ငန်းတွေမှာ အများကြီးတိုးတက်ပြောင်းလဲမှုတွေဖြစ်စေခဲ့တယ်။ ဒီကာလတွေအတွင်း စတေးရ၊ဆုံးရှုံးရ၊တိုက်ပွဲပေါင်းစုံလည်း ကြုံခဲ့ကြရတယ်။ ဘာကိုပြောချင်တာလဲဆိုတော့ အကြာကြီးလက်ခံကျင့်သုံးလာကြတဲ့ အယူဝါဒဟောင်း၊ စနစ်ဟောင်းတွေ ပြိုလဲသွားကြရတယ်၊ လူတွေမှာ မျှော်လင့်ချက်အသစ်၊ အနာဂတ်အသစ်တွေ ပေါ်ထွန်းလာတယ်၊ ပေးဆပ်ရတဲ့အရာတွေလည်းရှိပေမဲ့ ပေါင်းစည်းခြင်းတွေ၊ ညီညွတ်မှုတွေ၊ အချင်းချင်းကာကွယ်ရပ်တည်ပေးမှုတွေ ရှိလာတယ်ဆိုတာပါပဲ။

🩵 လွန်ခဲ့တဲ့ 165 နှစ်ဝန်းကျင် မြန်မာနိုင်ငံမှာဘာတွေဖြစ်ခဲ့သလဲဆိုတော့ မြန်မာလူမျိုးတို့ရဲ့နောက်ဆုံးမင်းဆက် ကုန်းဘောင်ခေတ်ကြီးအဆုံးသတ်ခါနီး မင်းတုန်းမင်းအုပ်စိုးနေတုန်းကာလတွေပေါ့။ ပဉ္စမအကြိမ်သင်္ဂါယနာတင်ခြင်း၊ ကုသိုလ်တော်ဘုရားတည်ပြီး ပိဋကတ်သုံးပုံကို ကျောက်ထက်အက္ခရာတင်ခြင်း၊ ရွှေတိဂုံစေတီတော်ကို ထီးတော်အသစ်တင်လှူခြင်းများပြုလုပ်ခဲ့တာကြောင့် ဘာသာရေး၊သာသနာရေးဖက်မှာ တိုးတက်ပြောင်းလဲမှုတွေ၊ ထူးခြားမှုတွေတွေ့ခဲ့ရတယ်လို့ဆိုနိုင်ပါတယ်။

🩵 တစ်ဖက်မှာလည်း မြင်းကွန်း-မြင်းခုန်တိုင်ပုန်ကန်မှုကြောင့် ကနောင်မင်းသားကြီးဇီဝိန်ကြွေခဲ့ရပြီး နန်းရေးမငြိမ်သက်မှုတွေရှိခဲ့တယ်။ ဒေဝီမိဖုရားခေါင်ကြီးလည်းတိမ်းပါး၊ မင်းတုန်းမင်းရဲ့ကျန်းမာရေးကလည်းမတည်ငြိမ်တော့တာနဲ့အမျှ အလယ်နန်းမိဖုရားဖြစ်သူဆင်ဖြူမရှင်ဟာ နိုင်ငံရေးမှာခြယ်လှယ်မှုများစွာပြုခဲ့ပြီး သူ့သမီးနဲ့သူ့သားမက်ဖြစ်သူ ထီးနန်းဆက်ခံရရေးအတွက် အခြားသောတော်ဝင်မင်းသား၊မင်းသမီး အပါး 100 ကျော်‌ကို လုပ်ကြံစေခဲ့တာလည်းဖြစ်တယ်။ သူနန်းတင်ခဲ့တဲ့ သီပေါမင်းနန်းတက်ပြီး 7 နှစ်အကြာမှာပဲ မြန်မာ့နောက်ဆုံးမင်းဆက်ဟာ ဇာတ်သိမ်းနိဂုံးချုပ်သွားခဲ့တာပါပဲ။

🩵 အားလုံးကိုခြုံငုံကြည့်ရင် ဒီအချိန်အပိုင်းအခြားဟာ ခေတ်အပြောင်းအလဲတစ်ခုပါပဲ။ Aries ရဲ့ကိုယ်စားပြုဖြစ်တဲ့ မီးဘေး၊ရန်ဘေး၊လက်နက်ဘေးတွေကိုလည်း မကြုံချင်ပေမဲ့ကြုံကြရဦးမယ်။ Neptune ကိုယ်စားပြုတဲ့ငလျင်ဟာလည်း ကြီးကြီးမားမားပဲ ရန်ပြုခဲ့ပြီးပါပြီ။ ကောင်းခြင်းနဲ့ဆိုးခြင်း၊ အဆုံးသတ်ခြင်းနဲ့စတင်ခြင်းတွေဟာ ဒွန်တွဲနေကြတာဖြစ်လို့ လူသားတွေမတားဆီးနိုင်တဲ့အရာတွေပါပဲ။ ဒီအချိန်မှာဘာလုပ်နိုင်မလဲမေးရင် စိတ်ကိုအေးချမ်းအောင်ထား၊ ကုသိုလ်သာပြု၊ အကုသိုလ်ကို စိတ်နဲ့တောင်မတွေးမိပါစေနဲ့လို့ပဲ မှာချင်ပါတယ်။ ကံဆိုတာမမြင်ရတဲ့အရာပါ။ အပြစ်တင်ရမယ့်အရာတော့မဟုတ်ဘူး။ အတိတ်ကံဆိုတာလည်း ကိုယ်ပြုခဲ့တာ၊ အနာဂတ်မှာကောင်းဖို့လည်း လက်ရှိမှာကောင်းတာလုပ်မှ။ အခုချိန်မှာဘေး‌ကင်းနေတာဟာ အင်မတန်မှ အံ့ဩစရာ၊ ကျေးဇူးတင်စရာကောင်းတဲ့အရာပါပဲ။ အဖြစ်အပျက်တွေကကြောက်စရာကောင်းလွန်းတော့ နှစ်သိမ့်အားပေးစရာစကားလုံးက အများကြီးမကျန်ပါဘူး။ အချင်းချင်းကူညီရင်း၊ဖေးမရင်း ကိုယ့်ကိုယ်ကိုယ်လည်း သတိရှိပါ၊စောင့်ရှောက်ပါ။

🩵 အများကြီးဆုံးရှုံးကြရပေမဲ့ မျှော်လင့်ချက်တွေတော့ အဆုံးရှုံးမခံကြပါနဲ့။ အပျက်အစီးတွေပြီးရင် အသစ်ပြန်လည်ထူထောင်ခြင်းတွေလာမှာပေါ့။ ဒါဟာလောကဓမ္မတာပဲ။ ရှင်သန်နေသရွေ့တော့ ပိုကောင်းတဲ့နေ့တွေရောက်လာမှာပါ။ Neptune in Aries အပြောင်းအလဲဟာ မျှော်လင့်ချက်ရောင်ခြည်အသစ်တွေလည်း ယူလာပေးဦးမှာပါ။ လောကအသစ်၊ အနာဂတ်အသစ်တွေပေါ့။ ပိုကောင်းမွန်တဲ့အရာတွေပဲလာပါစေလို့ ဆန္ဒပြုပါတယ်။ နောက်ထပ် 14 နှစ်အတွင်း Juno တို့ဟာ Neptune in Aries ဂြိုဟ်အလှည့်အပြောင်းနဲ့ အသားကျအောင်ကြိုးစားကြရဦးမှာပါ။

( အရင်ကတော့ မအားရင် content မရေးဘူး၊ စိတ်မပါရင်မရေးဘူးနဲ့ နေ့ရွှေ့ညရွှေ့လုပ်နေပေမဲ့ အခုတော့ရေးသင့်တယ်ထင်လို့ တခြားအလုပ်တွေဘေးဖယ်ပြီး ရေးလိုက်ပါတယ်။ ကယ်ဆယ်ရေး post တွေကြားမှာ အနှောက်အယှက်မဖြစ်စေချင်ပေမဲ့ ဖတ်ရမယ့်သူတွေလည်း internet ပြဿနာတွေရှိလာနိုင်တာမို့လို့ အခုပဲတင်လိုက်တာပါ။ 28 ရက်နေ့လည်ကတည်းက Juno တို့ဆီမှာ လျှပ်စစ်မီးမရတော့သလို ဖုန်းလိုင်းလည်း ကောင်းကောင်းမမိပါဘူး။ wifi ကလည်း မီးမလာရင်မရတာမို့လို့ ဘယ်နှ‌ရက်လောက် content မတင်နိုင်ဘဲပျောက်သွားမလဲတော့ မသိသေးဘူး။ အရင်လည်းပျောက်နေကျဆိုပေမဲ့ ဒီတစ်ခါတော့ မတွေ့ရတဲ့အတောအတွင်း followers တွေ၊ client တွေ၊ စာဖတ်သူတွေအားလုံး အန္တရာယ်ကင်းကင်းနဲ့ လုံခြုံအေးချမ်းစွာရှိကြဖို့ မျှော်လင့်ပါတယ်။ မြန်မာတစ်ပြည်လုံးရော၊ ကမ္ဘာတစ်ဝှမ်းလုံးရော သတ္တဝါအားလုံး အန္တရာယ်ကင်းပါစေ။ 🪷 )

ဒီနေ့ နေကြတ်မှာဆိုပေမဲ့ Eclipse ဖြတ်သွားမယ့်လမ်းကြောင်းက မြန်မာနိုင်‌ငံပေါ်မကျလို့ ဒီကနေမြင်ရမှာတော့မဟုတ်ပါဘူး။ မြင်ရမယ့...
29/03/2025

ဒီနေ့ နေကြတ်မှာဆိုပေမဲ့ Eclipse ဖြတ်သွားမယ့်လမ်းကြောင်းက မြန်မာနိုင်‌ငံပေါ်မကျလို့ ဒီကနေမြင်ရမှာတော့မဟုတ်ပါဘူး။ မြင်ရမယ့်နေရာကသူတွေလည်း နေကြတ်တာကို naked eye နဲ့မကြည့်ကြပါနဲ့။ မျက်ကြည်လွှာထိခိုက်တတ်လို့ပါ။

နေကြတ်တယ်ဆိုတိုင်းလည်း အယူအဆမှားတွေနဲ့ အရမ်းမလန့်ကြစေချင်ပါဘူး။ တစ်နှစ်ကိုနှစ်ကြိမ်အနည်းဆုံး နေကြတ်ပြီး၊ နှစ်ကြိမ်လကြတ်တာက ပုံမှန်ပါပဲ။ နှစ်တိုင်းဖြစ်နေကျပါပဲ။

ငလျင်နောက်ပိုင်း အကုန်အထိတ်တလန့်ဖြစ်နေကြပြီး နေကြတ်မယ့်သတင်းတွေကလည်း ဘာမှအကျယ်တဝင့်ရှင်းထားတာမပါဘဲ အကြောက်တရားကိုပဲထပ်လှုံ့ဆော်ပေးနေတဲ့သဘောတွေ ခဏခဏတက်နေတာတွေ့ပါတယ်။ အခုအချိန်မှာ စိတ်အေးအေးထားပြီး ကယ်ဆယ်ရေးကိစ္စတွေမှာ နှောင့်နှေးမှုမရှိ၊ အတားအဆီးမရှိစေဖို့ အရေးကြီးပါတယ်။

အားလုံးပဲ အန္တရာယ်ကင်းစေဖို့ ထပ်ပြီးမေတ္တာပြုလိုက်ပါတယ်ရှင့်။ 🤍

မနက်ဖြန်က နေကြတ်မယ့်နေ့ပါ။ Mercury Retrograde ကလည်း ရာသီခွင်ပြောင်းမှာပါ။  March 30 မှာ Neptune ဂြိုဟ်အပြောင်းအလဲရှိလို့...
28/03/2025

မနက်ဖြန်က နေကြတ်မယ့်နေ့ပါ။ Mercury Retrograde ကလည်း ရာသီခွင်ပြောင်းမှာပါ။ March 30 မှာ Neptune ဂြိုဟ်အပြောင်းအလဲရှိလို့ ထူးခြားမှုတွေဖြစ်မယ်လို့ တစ်လစာ Predictions မှာကြိုပြောထားခဲ့ပေမဲ့ ထင်ထားတာထက်တောင်စောပြီး သက်ရောက်မှုတွေကြုံတွေ့ခဲ့ရတာပါ။ များစွာသောဆုံးရှုံးမှုတွေအတွက်လည်း စိတ်မကောင်းဖြစ်ရတာ အမှန်ပါပဲ။

အခုအချိန်မှာ လုံလုံခြုံခြုံနဲ့ရှိနေရတဲ့သူတွေက တကယ်ကံကောင်းတဲ့သူတွေပါပဲ။ ဆက်ပြီး သီလလုံအောင်စောင့်ထိန်းကြပါ။ စိတ်တွေအေးချမ်းအောင်ထားပါ။ ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ကြပါ။ 🤍

ဒီရက်ပိုင်းအတွင်း Neptune transit အကြောင်းတင်ပေးနိုင်ဖို့ Juno ကြိုးစားပါဦးမယ်။ ဒီထက်စောပြီးတင်ပေးဖို့စိတ်ကူးခဲ့ပေမဲ့ တခြားကိစ္စလေးတွေနဲ့ မအားလပ်လို့မရေးနိုင်သေးတာပါ။ အကျဉ်းချုပ်ကြိုပြောရရင်တော့ Neptune transit ဟာ ခေတ်တစ်ခေတ်ရဲ့အဆုံး၊ နောက်ခေတ်တစ်ခေတ်ရဲ့ အစပါပဲ။ အားလုံးလုံခြုံအေးချမ်းစွာရှိကြဖို့ မျှော်လင့်ပါတယ်။ 🪷

🌷 𝘼𝙨𝙩𝙧𝙤𝙡𝙤𝙜𝙞𝙘𝙖𝙡 𝙋𝙧𝙚𝙙𝙞𝙘𝙩𝙞𝙤𝙣𝙨 𝙁𝙤𝙧 𝙈𝙖𝙧𝙘𝙝 🌷🌷 𝙈𝙖𝙧𝙘𝙝 လက ဘာလို့ထူးခြားတဲ့လဖြစ်တာလဲဆိုတော့ retrograde တွေများတဲ့လဖြစ်သလို နေကြတ်ခ...
09/03/2025

🌷 𝘼𝙨𝙩𝙧𝙤𝙡𝙤𝙜𝙞𝙘𝙖𝙡 𝙋𝙧𝙚𝙙𝙞𝙘𝙩𝙞𝙤𝙣𝙨 𝙁𝙤𝙧 𝙈𝙖𝙧𝙘𝙝 🌷

🌷 𝙈𝙖𝙧𝙘𝙝 လက ဘာလို့ထူးခြားတဲ့လဖြစ်တာလဲဆိုတော့ retrograde တွေများတဲ့လဖြစ်သလို နေကြတ်ခြင်း၊လကြတ်ခြင်းဖြစ်စဉ်တွေလည်း ကြုံတွေ့ရမယ့်လဖြစ်ပြီး 30 ရက်နေ့မှာတော့ အရမ်းအရေးကြီးတဲ့ ဂြိုဟ်အပြောင်းအလဲရှိတာကြောင့်ပဲဖြစ်ပါတယ်။

🌷 𝙈𝙖𝙧𝙘𝙝 တစ်ရက်နေ့မှာတင်ပဲ 𝙑𝙚𝙣𝙪𝙨 𝙍𝙚𝙩𝙧𝙤𝙜𝙧𝙖𝙙𝙚 နဲ့ စတင်ခဲ့တာဖြစ်ပြီး 15 ရက်နေ့ လဝက်ကျိုးရင်တော့ 𝙈𝙚𝙧𝙘𝙪𝙧𝙮 𝙍𝙚𝙩𝙧𝙤𝙜𝙧𝙖𝙙𝙚 ပါ ထပ်ပြီးစတင်မှာဖြစ်တယ်။ ဘာတွေသတိထားရမလဲဆိုရင်တော့ မေတ္တာရေး၊ လူမှုရေး၊ မိသားစုနဲ့ အပေါင်းအသင်းတွေကြား ပေါင်းသင်းဆက်ဆံရေးမှာ နားလည်မှုလွဲတာမျိုး miscommunication တွေရှိတတ်တယ်။ ငွေရေးကြေးရေး၊ သတင်းအချက်အလက် မီဒီယာကိစ္စတွေ၊ ပို့ဆောင်ဆက်သွယ်ရေး၊ အင်တာနက်၊ အလှအပ၊ အနုပညာ စတဲ့နယ်ပယ်တွေမှာ အခက်အခဲ၊ ကြန့်ကြာမှု၊ မတော်တဆလေးတွေရှိတတ်တယ်။

🌷 𝙍𝙚𝙩𝙧𝙤𝙜𝙧𝙖𝙙𝙚 တွေရဲ့ energy ကတော့ 𝙋𝙞𝙨𝙘𝙚𝙨 𝙖𝙣𝙙 𝘼𝙧𝙞𝙚𝙨 မှာရှိနေတဲ့အတွက် အလိမ်အညာ၊ လှည့်ဖျားမှု၊ အသုံးချခံရတာ၊ violent ဖြစ်တဲ့ ‌accident တွေ၊ နိုင်လိုမင်းထက် ဒေါသကြီးတာတွေ၊ ကျူးလွန်သူနဲ့ နစ်နာသူ energy မျိုးတွေဖြစ်နေတော့ ကိုယ်ကဘယ်ဖက်မှမပါအောင် မှန်ကန်မျှတစွာနေဖို့အရေးကြီးပါတယ်။ ဒီဂြိုဟ်နှစ်ခု 𝙍𝙚𝙩𝙧𝙤𝙜𝙧𝙖𝙙𝙚 အပြင် အခြားသော asteroid လေးတွေရဲ့ 𝙍𝙚𝙩𝙧𝙤𝙜𝙧𝙖𝙙𝙚 တွေကလည်းရှိနေသေးပါတယ်။

🌷 𝙈𝙖𝙧𝙘𝙝 20 မှာ 𝙎𝙥𝙧𝙞𝙣𝙜 𝙀𝙦𝙪𝙞𝙣𝙤𝙭 ရောက်ပြီဖြစ်ပြီး 𝘼𝙧𝙞𝙚𝙨 𝙎𝙚𝙖𝙨𝙤𝙣 စတင်ပြီဖြစ်တယ်။ 𝙕𝙤𝙙𝙞𝙖𝙘 𝙘𝙮𝙘𝙡𝙚 အသစ်စတင်တဲ့အချိန်ဖြစ်လို့ နှစ်သစ်၊ chapter အသစ်က အခုမှစတင်တာလို့ပြောလို့ရပါတယ်။ ဒီအချိန်မှာလူတွေက ပိုပြီးစိတ်မြန်လက်မြန်နဲ့ impulsive ဖြစ်လာကြမယ်။ ပိုပြီးရည်မှန်းချက်တွေကြီးလာတယ်။ အပြိုင်အဆိုင် အနိုင်လိုချင်လာကြမယ်။ 𝙍𝙚𝙩𝙧𝙤𝙜𝙧𝙖𝙙𝙚 ကာလတွေဖြစ်လို့ ဘာကိုမှ အလျင်စလိုဆုံးဖြတ်တာ၊ စိတ်လိုက်မာန်ပါပြောမိလုပ်မိတာတွေ မဖြစ်ပါစေနဲ့။

🌷 𝙈𝙖𝙧𝙘𝙝 14 ရက်နေ့မှာလကြတ်ပြီး 29 ရက်နေ့မှာ နေကြတ်မှာဖြစ်ပါတယ်။ ဒီအချိန်တွေမှာ မြွေအရေခွံလဲသလို အလေ့အကျင့်ဟောင်း၊ အပြုအမူဟောင်းတွေကို ကောင်းတဲ့ဖက်ကိုပြောင်းလဲယူကြရမှာပါ။ ပြီးခဲ့တဲ့နှစ်နှစ်စာ energy တွေကို ဒီနေရာမှာချန်ထားခဲ့ပြီး နှစ်နှစ်အတွင်းသင်ယူခဲ့ရတာတွေကိုပညာယူပြီး chapter အသစ်ရှေ့ဆက်ရမယ့်ကာလဖြစ်ပါတယ်။ အရေးကြီးတဲ့ပြောင်းလဲမှုတွေ လုပ်ကြရလိမ့်မယ်။

🌷 𝙈𝙖𝙧𝙘𝙝 မှာ သိပ်ကိုအရေးကြီးတဲ့ရက်စွဲကတော့ 30 ရက်နေ့ပဲဖြစ်ပါတယ်။ အဲဒီနေ့မှာ 𝙉𝙚𝙥𝙩𝙪𝙣𝙚 ဂြိုဟ်ဟာ 𝘼𝙧𝙞𝙚𝙨 ရာသီခွင်ထဲကိုစတင်ဝင်ရောက်မှာဖြစ်ပါတယ်။ 𝙉𝙚𝙥𝙩𝙪𝙣𝙚 ဆိုတာက ဂြိုဟ်ကြီးတစ်လုံးဖြစ်ပြီး သူ့ရဲ့လှည့်ပတ်ချိန်က သိပ်ကိုကြာပါတယ်။ အခု 𝘼𝙧𝙞𝙚𝙨 ရာသီခွင်ထဲမှာတော့ 14 နှစ်ဝန်းကျင်ကြာပါလိမ့်မယ်။ ဒီလိုဂြိုဟ်တွေအပြောင်းအလဲဖြစ်တဲ့အခါ လူသားတွေကြုံရတဲ့အလှည့်အပြောင်းတွေက သိပ်ကိုကြီးမားတယ်။ နောက်တစ်ခုသတိထားစရာက 𝙉𝙚𝙥𝙩𝙪𝙣𝙚 ရဲ့မူလ energy ဟာ 𝙋𝙞𝙨𝙘𝙚𝙨 စွမ်းအင်သဘောတရားဖြစ်ပြီး အခုသူဝင်ရောက်လာမယ့်ရာသီခွင်က 𝘼𝙧𝙞𝙚𝙨 ဖြစ်နေတာမို့လို့ အလွယ်ပြောရရင် မီးနဲ့ရေ၊ ဆန့်ကျင်ဖက်သဘောတရားဖြစ်နေတယ်။

🌷 𝙉𝙚𝙥𝙩𝙪𝙣𝙚 အပြောင်းအလဲဟာ တစ်ကမ္ဘာလုံးဆိုင်ရာအနေနဲ့ပြောရရင် spiritual နဲ့ political ပိုင်းမှာ အများကြီးသက်ရောက်လိမ့်မယ်။ လူတွေရဲ့ consciousness ဟာ အများကြီးပြောင်းလဲလာကြမှာဖြစ်ပြီး ဒီ shift က 2039 ခုနှစ်ထိကြာမြင့်မှာဖြစ်တယ်။ ဒီအပြောင်းအလဲဟာဘယ်လောက်အရေးကြီးသလဲဆိုတာကို နောက်ထပ်အသေးစိတ်ထပ်ရေးပေးပါ့မယ်။ အခုလောလောဆယ်သိထားဖို့လိုတာကတော့ 𝙈𝙖𝙧𝙘𝙝 30 ရဲ့နောက်ပိုင်းကိုရောက်လာတဲ့အခါ လူတွေအားလုံးသိထားကြတဲ့ကမ္ဘာကြီးဟာ ပုံစံအသစ်အဖြစ်ပြောင်းလဲလာပြီး လူတွေသိမထားသေးတဲ့အရာတွေ အများကြီးရှိတာကိုလည်း သိလာကြရမှာဖြစ်တယ်။

🌷 𝙎𝙥𝙧𝙞𝙣𝙜 𝙀𝙦𝙪𝙞𝙣𝙤𝙭 ဟာ Astrological year ရဲ့ နှစ်သစ်ဖြစ်တယ်ဆိုရင် 𝙉𝙚𝙥𝙩𝙪𝙣𝙚 ဂြိုဟ်ရဲ့ 165 နှစ်စာ cycle ရဲ့အစဟာ 𝙈𝙖𝙧𝙘𝙝 30 ပါပဲ။ လူ့သက်တမ်းမှာ တစ်ကြိမ်ပဲကြုံရမယ့်အပြောင်းအလဲမျိုးဖြစ်ပြီး သိပ်ကိုအရေးကြီးတဲ့အချိန်ပဲဖြစ်ပါတယ်။

🪷 Mᴏʀɴɪɴɢ Mᴇssᴀɢᴇ 🪷- အေးချမ်းမှုကိုလိုလျှင် စိတ်ရှည်ပါ‌။ ရောင့်ရဲပါ။ - ဘာပဲလုပ်လုပ်၊ ဘာပဲပြောပြော နှစ်ဖက်မျှတစေဖို့ အလေး...
04/02/2025

🪷 Mᴏʀɴɪɴɢ Mᴇssᴀɢᴇ 🪷

- အေးချမ်းမှုကိုလိုလျှင် စိတ်ရှည်ပါ‌။ ရောင့်ရဲပါ။

- ဘာပဲလုပ်လုပ်၊ ဘာပဲပြောပြော နှစ်ဖက်မျှတစေဖို့ အလေးထားပါ။

- စိတ်ထဲကအကြံဉာဏ်ပေါ်ရာကို လက်တွေ့လုပ်ဆောင်ပါ။ မနှောင့်နှေးပါစေနဲ့။

- စီးပွားကိုလိုလျှင် အနီရောင်၊ မေတ္တာကိုလိုလျှင် အပြာရောင်အဝတ်များ ဝတ်ဆင်ပါ။

Address


Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Website

Alerts

Be the first to know and let us send you an email when 𝗝𝘂𝗻𝗼 '𝘀 𝑫𝒊𝒗𝒊𝒏𝒆 𝑵𝒂𝒕𝒊𝒐𝒏 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to 𝗝𝘂𝗻𝗼 '𝘀 𝑫𝒊𝒗𝒊𝒏𝒆 𝑵𝒂𝒕𝒊𝒐𝒏:

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram