မြတ်ရတနာ - သားသမီး ရတနာရဆေး

မြတ်ရတနာ - သားသမီး ရတနာရဆေး Babyလေးတွေရနိုင်ဖို့အတွက် အထောက်အကူပြုပေးတဲ့တိုင်းရင်းဆေးစွမ်းကောင်းလေးပါ

မိန်းကလေးတစ်ဦးဟာ အဖေရကံကောင်းရင်ကောင်း. ...မဟုတ်လို့ လက်တွဲဖော်ရကံကောင်းရင် ဘဝခရီးကို တစ်ဝက်လောက် သက်သောင့်သက်သာနဲ့ လမ်း...
23/02/2024

မိန်းကလေးတစ်ဦးဟာ အဖေရကံကောင်းရင်ကောင်း. ...
မဟုတ်လို့ လက်တွဲဖော်ရကံကောင်းရင် ဘဝခရီးကို တစ်ဝက်လောက် သက်သောင့်သက်သာနဲ့ လမ်းလျှောက်ခွင့်ရနိုင်တယ်။

ပြောရရင် သူ့အတွက် အဖေက ပုခုံးတစ်ဖက်မဖြစ်ပေးနိုင်တဲ့အခါ. ....
သူရွေးချယ်ခဲ့တဲ့အမျိုးသားကရော သူ့လက်တစ်ဖက်အဖြစ် ရှိနိုင်ခဲ့လား။
အဖေလျစ်လျူရှုခဲ့တဲ့ဆန္ဒတွေကို သူ့လက်တွဲဖော်က ဖြည့်ပေးလား။
အဖေမပေးတဲ့မေတ္တာကို သူ့လက်တွဲဖော်ဆီက ရလား။

ဒါဆိုရင် အဲ့အမျိုးသမီးက အစမှာပိုပင်ပန်းခဲ့ပေမယ့်. ....ဘယ်လောက်ပဲ ဒဏ်ရာအနာဆွေးဟောင်းတွေရှိနေပါစေ၊ အဲ့အပေါ်ပန်းပွင့်လေးတွေ ထိုင်ဆွဲပေးရင်း ဖုံးအုပ်ကာကွယ်ပေးခြင်း ခံရတာနဲ့တူတယ်။

"အနာရှိပေမယ့် ဆေးရှိတယ် "

အကယ်၍ သူ့လက်တွဲဖော်က မကောင်းဘူးဆိုရင်လည်း အချိန်မရွေးသူမဟာ အိမ်ကိုပြန်ပြေးလိုက်တာနဲ့. ....ဘယ်လောကဓံမှ ငါ့သမီးကို မထိနဲ့လို့ အကာအကွယ်ပေးမယ့် အဖေ၊
အင်အားရှိတဲ့အဖေ၊ အဆင်သင့်ဖြစ်နေတဲ့အဖေကို တွေ့ခွင့်ရနိုင်တယ်ဆိုရင်
အဲ့အမျိုးသမီးဟာလည်း ဘယ်သွားသွား ခလုတ်တိုက်ပြီး ငိုပြန်လာတာနဲ့ ချော့မြူစိုးရိမ်ပေးခြင်းခံရတဲ့ ကလေးနဲ့တူတယ်။

" အနာရှိပေမယ့် ဆေးရှိတယ် "

မဟုတ်ပဲ ဘဝမှာ ချစ်ပေးတဲ့အဖေရော
လက်တွဲဖော်ကောင်းကိုပါ မရခဲ့တဲ့အမျိုးသမီးကတော့. ...ကိုယ်လဲရင် ကိုယ်ထ၊ ကိုယ့်ဒဏ်ရာ ကိုယ်ကုရင်း. .....
နောက်ဆုံး မခံနိုင်တော့ဘူးလို့ တိတ်တိတ်ကလေး ချောင်မှာသွားကပ်မှိုင်နေရင်တောင်
ဘယ်သူကမှ အရေးတယူ လာထူပေးခြင်းမခံရတဲ့ မေတ္တာတရားရဲ့ ဘေးထွက်ဆိုးကျိုးလို လူဖြစ်တာပါပဲ။

"အနာပဲ ရှိတယ်၊ ဆေးမရှိဘူး "
ဖြစ်ရင် ကိုယ့်အနာနဲ့ပဲ ကိုယ်ပြန်ကုရတယ်။

ပိုသန်မာလာမှာပါလို့ ခဏခဏ အားပေးခြင်းခံရပေမယ့် ကိုယ့်ဘာသာ ကုန်းရုန်းထနေရတာတော့
ခံစားချက်အားလုံးကို ကိုယ်ကိုယ်တိုင်ပဲသိတာမဟုတ်လား ။

#နေမီကျော်

ငါ့သားလေး အိမ်ထောင်ပြုတဲ့အခါ မိန်းမရှေ့မှာ မားမားမတ်မတ် ရပ်တည်ပေးနိုင်တဲ့ယောက်ျားဖြစ်ပါစေ ငါ့သား.....မိန်းမအရိပ်မခိုပါနဲ...
18/02/2024

ငါ့သားလေး
အိမ်ထောင်ပြုတဲ့အခါ မိန်းမရှေ့မှာ
မားမားမတ်မတ် ရပ်တည်ပေးနိုင်တဲ့
ယောက်ျားဖြစ်ပါစေ ငါ့သား.....

မိန်းမအရိပ်မခိုပါနဲ့
မိန်းမ အကူအညီမယူပါနဲ့
အထင်သေးခံရမယ်ငါ့သား....

မောင်တစ်ထမ်း မယ်တစ်ရွက်ဆိုတဲ့
စကားရှိပေမယ့် တတ်နိုင်ရင်တော့
ကိုယ်ချစ်ရတဲ့ဇနီးသည်ရဲ့ပခုံးပေါ်
ဝန်ထုတ်ဝန်ပိုးကြီး မတင်ပေးပါနဲ့
တတ်နိုင်ရင်လေ ငါ့သားပဲထမ်းပြီး
သားပဲရွက်လိုက်ပါ

အိမ်ထောင့်တာဝန်
သားသမီးတာဝန်နဲ့ပိနေတဲ့သူ့ခမျာ
မယ်တစ်ရွက်လေးတောင် မရွက်နိုင်တဲ့
အခြေအနေဆို ငါ့သားက သေချာပေါက်
ကူရွက်ပေးလိုက်ပါ

စကားကို ဆိုခဲစေမြဲစေထုံးနှလုံးမူပါ
ငါ့သားလေး ကတိမတည်
စကားလက်လွတ်စပါယ်ပြောတတ်တဲ့
ယောက်ျားကို မိန်းမက မလေးစားဘူး ငါ့သား...

အမေကိုချစ်တဲ့သားဟာ
မယားမချစ်ဘူးဆိုတာမျိုးမဖြစ်ပါစေနဲ့ငါ့သား

အမေနဲ့မိသားစုကိုလဲချစ်ပါ
မိခင်မျိုးနွယ်ဝင်ဇနီးသည်ကိုလဲချစ်ပါ....

အမေ့အတွက်သားကောင်း
အစ်မညီမအတွက် မောင်ကောင်း၊
အစ်ကိုကောင်းဖြစ်ပေမဲ့ ဇနီးသည်ကို
မကောင်းဘူး ဆိုတာမျိုး မဖြစ်စေနဲ့ကွဲ့
မိသားစုကိုချစ်သလို ဇနီးသည်ကိုချစ်ပေးပါ.....

မိဘအိမ် မောင်နှမအိမ်
ဇနီးသည် မသိဘဲမသွားနဲ့ငါ့သား
သူတို့မိသားစုတွေ ငါ့ကွယ်ရာ
ငါ့ယောက်ျားကိုဘာသွေးထိုးနေပါလိမ့်လို့
သူ့ဖက်ကအမြင်မျိုးဖြစ်စေတတ်လို့
တတ်နိုင်ရင် ငါ့သားမိသားစုဆီသွားရင်
ဇနီးကိုခေါ်သွားကွဲ့

မလိုက်တာတော့သူ့အပိုင်းပေါ့
ခေါ်ပါရဲ့နဲ့မလိုက်ပဲ စကားနာထိုးတာ
သွေးထိုးတာလဲလက်မခံနဲ့ငါ့သား
မိသားစုနဲ့ဇနီးသည်ကြား
သမာသမတ်ကျကျ မျှမျှတတဖြစ်ပါစေ...

ငါ့လုပ်စာပဲ ငါ့မိဘ မောင်နှမ ပေးတာ
မိန်းမပြောစရာမလိုဘူး မထင်နဲ့ငါ့သား
အမှားကြီးမှားမယ်

အမေကမွေး အမေပြုစုယုယပေးပေမယ့်
အိမ်ထောင်ကျရင်အမေ မပိုင်ဘူး
ငါ့သားလေးရဲ့....

မိန်းမ မသိအောင်ခိုးပေးခြင်းဟာ
အမေ့သိက္ခာထိခိုက်သလို
ချွေးမ အနေနဲ့ကြည့်ရင် သူ့မာန
ထိခိုက်စေတယ် ငါ့သားလေးရဲ့..

မိန်းမရေ ဒီလောက် ဒီမျှတော့
မိဘတွေကန်တော့ရအောင်ကွာ
ငါမပေးဘူး မင်းလက်နဲ့ပေးလို့ပြောတဲ့အခါ
ယောက္ခမအပေါ် သိတတ်တဲ့ချွေးမအဖြစ်
သူဂုဏ်တတ်ရလို့ ကြည်ဖြူကျေနပ်မှာပါ.....

လျို့ဝှက်အပ်ရာ အရာရာကို
အစ်ကိုညီသား မိဘကိုထား
မယားသော်မှမပြောရ ဆိုပေမယ့်
အရာရာအတိုင်းလျှို့ဝှက်စရာမလိုဘူးငါ့သား

ဇနီးသည်ကို အလေးထားပါ တိုင်ပင်ပါ
ဇနီးသည်ရဲ့ဂုဏ်ကို မြှင့်တင်ပေးပါ ငါ့သား....

ငါ့သားများအိမ်ထောင်ပြုခဲ့ရင်လေ........
မှာချင်တာတွေအများကြီးပါသားကြီးရေ
ဒီနေ့တော့ ဒီမျှသာ။

မူရင်း Post ပိုင်ရှင်ကို ရိုသေလေးစွာ ပေးပါတယ်

ဖခင်ဖြစ်သူရဲ့အချိန်ပေးဂရုစိုက်မှုခံရတဲ့ကလေးဟာကံအကောင်းဆုံးပါပဲ❤
17/02/2024

ဖခင်ဖြစ်သူရဲ့အချိန်ပေးဂရုစိုက်မှုခံရတဲ့ကလေးဟာ
ကံအကောင်းဆုံးပါပဲ❤

ကိုယ်ဝန်ဆောင်စဉ် မမဗိုက်လေးတွေ လုပ်လို့ရမယ့် လေ့ကျင့်ခန်းများ ❤️
25/12/2023

ကိုယ်ဝန်ဆောင်စဉ် မမဗိုက်လေးတွေ လုပ်လို့ရမယ့် လေ့ကျင့်ခန်းများ ❤️

ဇနီးတယောက် လှပနေဖို့        ခင်ပွန်းကောင်းတယောက်ရဲ့                  ပုံဖော်ထုဆစ်မှု ကောင်းဖို့လိုသလို......ခင်ပွန်းတယော...
23/12/2023

ဇနီးတယောက် လှပနေဖို့
ခင်ပွန်းကောင်းတယောက်ရဲ့
ပုံဖော်ထုဆစ်မှု ကောင်းဖို့လိုသလို......

ခင်ပွန်းတယောက်ဘဝ
သာယာလှပနေဖို့က
ဇနီးကောင်းတယောက်ရဲ့
လက်ယာ မြောက်မှုက
အဓိက ကျပါတယ်............။

အိမ်ထောင်ရေးမှာ......မိန်းမချစ်တဲ့အိမ်ထောင် နဲ့ ယောက်ျားချစ်တဲ့အိမ်ထောင် ဘာကွာလဲ?အချိန်လေးနည်းနည်းပေးပြီး တစ်ဘဝလုံးစာပြင...
21/12/2023

အိမ်ထောင်ရေးမှာ......

မိန်းမချစ်တဲ့အိမ်ထောင် နဲ့ ယောက်ျားချစ်တဲ့အိမ်ထောင် ဘာကွာလဲ?

အချိန်လေးနည်းနည်းပေးပြီး တစ်ဘဝလုံးစာပြင်ဆင်နိုင်ဖို့ ဖတ်စေချင်ပါတယ်....

💗 မိန်းမချစ်တဲ့အိမ်ထောင် 💗

မိန်းကလေးအများစုဟာ အရမ်းအချစ်ကြီးကြပါတယ်... ကိုယ်ချစ်တဲ့သူနဲ့ပေါင်းဖက်နိုင်ဖို့ဆိုရင် ဘာမဆိုစွန့်လွတ်နိုင်တဲ့အရည်အချင်းလည်းရှိကြသေးတယ်
တကယ်ဂုဏ်ပြုထိုက်တဲ့မိန်းကလေးများပါ....

ဒီ post က မိန်းကလေးများအတွက် အရမ်းဆင်ခြင်စရာကောင်းမယ်လို့မျှော်လင့်မိပါတယ်...

အကြောင်းမှာ - ပညာရှင်တွေဟာ နစ်ပေါင်းများစွာ အိမ်ထောင်ရေးအကြောင်းတွေကို သုတေသနပြုခဲ့ကြတယ်။ မိန်းကလေးကချစ်လို့ပြု့ထားတဲ့အိမ်ထောင်ရေးဟာ သာယာတဲ့အိမ်ထောင် ကြီးပွါးတဲ့အိမ်ထောင်ဖြစ်ဖို့ ရာခိုင်နှူန်း နည်းတယ်လို့ အဆိုပြုနိုင်ခဲ့ပါတယ်....

သုတေသနပညာရှင်များရဲ့အကြံပေးချက်အရ အိမ်ထောင်ရေးဟာ ယောက်ျားကချစ်တဲ့အိမ်ထောင်ဖြစ်ဖို့လိုပါတယ်....

ဘာကြောင့်လဲဆိုရင်တကယ့်ဘဝမှာ မိသားစုကို ဦးစီဦးဆောင်ရမှာက ယောက်ျားလေးတွေဖြစ်ပါတယ်
သူတို့ရဲ့ ဦးဆောင်မှုကို ဝန်ခံနိုင်တဲ့ မိန်းကလေးများကိုလည်း အိမ်ရှင်မကောင်းလို့ဆိုပါတယ်.....

❣ ယောက်ျားလေးချစ်တဲ့အိမ်ထောင် ❣

အိမ်ထောင်ရေးမှာ ယောက်ျားလေးကချစ်ဖို့လိုပါတယ် တကယ့် ဘဝပြဿနာနဲ့ ရင်ဆိုင်ခဲ့တဲ့အခါမှာ
ဒီမိန်းမကို ငါယူမယ် ငါလုပ်ကျွေးမယ်
ဘာပဲဖြစ်ဖြစ်ငါတာဝန်ယူမယ်ဆိုတဲ့ ခံယူချက် တွေရှိတာကြောင့် သူတို့ဟာ မိသားစုကို အကောင်းဆုံးဖြစ်စေနိုင်ကြပါတယ်.....

သူတို့ချစ်တဲ့ မိန်းမကို အလှဆင်ဖို့
သူတို့ချစ်တဲ့ မိန်းမကို စိတ်ပျော်အောင်ထားပေးနိုင်ဖို့ကို အလေးထားပြီး ကြိုးစားအားထုတ် နိုင်ကြတာမို့ ယောက်ျားလေးကချစ်တဲ့အိမ်ထောင်ရေးဟာ
သာယာတဲ့အိမ်ထောင် ပိုပြီးဖြစ်စေပါတယ်....

မိန်းကလေးများအတွက်အကြံပေးချက်

စာရေးသူအကြံပေးချင်တာက မိန်ကလေးများဟာ ကိုယ်ပိုင်အရည်အချင်း မရှိတာရှိတာထက် ကိုယ့်ကိုတာဝန်ယူပေးနိုင်မည့် ယောက်ျားလေးကို ရွေးချယ်
ယူနိုင်ဖို့အရေးကြီးပါတယ်....

အရည်အချင်းရှိပြီး ဘယ်လိုပြဿနာ အခက်အခဲပဲရှိရှိ
ကိုယ့်ကို တကယ်တာဝန်ယူ ချစ်နိုင်မည့်ယောက်ျားလေးများကိုရွေးချယ် စေချင်ပါတယ်.....

ဒါကြောင့် မိန်းကလေးများကို ကိုယ့်အချစ်မရှာပဲ သူ့အချစ်ကိုရှာပါလို့ အားပေးချင်ပါတယ်.....

ယောက်ျားလေးများအတွက်အကြံပေးချက်

ကိုယ်တကယ်မချစ်ပဲမယူပါနဲ့
ကိုယ်တကယ် မချစ်နိုင်ပဲ
လူတကာကို ချစ်တယ်မပြောပါနဲ့
ကိုယ်တကယ်ချစ်နိုင်တဲ့သူ တန်ဖိုးထားနိုင်တဲ့သူ တာဝန်ယူနိုင်တယ်ဆိုတဲ့ သူမျိုးကိုပဲရွေးယူပါ.....

ချစ်တယ်ဆိုတဲ့စကားဟာ သမီးရည်းစား ဘဝမှာပဲ
ပြောလို့ကောင်းတာ တကယ့်ဘဝတိုက်ပွဲမှာ
ချစ်တာတွေမေတ္တာတွေ ပျောက်ဆုံးသွားတတ်ကြလို့ပါ...
ယောက်ျားလေးများကိုတော့ သူ့အချစ်မရှာပဲ ကိုယ့်အချစ်ကိုရှာပါလို့ အားပေးချင်ပါတယ်.....

အားလုံးပဲသာယာပျော်ရွှင်တဲ့ မိသားစုများ
ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းရင်း
အားလုံးကိုချစ်ခင်လျှက်ပါ....

 #အိမ်ထောင်တစ်ခုမှာ ရှိရှိသမျှသော အိမ်အလုပ်အားလုံးဟာ အိမ်ကမိန်းမအလုပ် လို့ သတ်မှတ်ထားတဲ့ ယောက်ျားများ ဖတ်ရန်။လူတွေက ဘယ်လ...
15/12/2023

#အိမ်ထောင်တစ်ခုမှာ ရှိရှိသမျှသော
အိမ်အလုပ်အားလုံးဟာ အိမ်ကမိန်းမအလုပ် လို့
သတ်မှတ်ထားတဲ့ ယောက်ျားများ ဖတ်ရန်။

လူတွေက ဘယ်လိုသတ်မှတ်ထားကြလဲ..... ?

ယောက်ျားတစ်ယောက် အိမ်အလုပ်လုပ်တယ် ဆိုတာနဲ့
မိန်းမကို ကူတယ်လို့ ယောက်ျားအတော်များများက
သတ်မှတ်ကြတာ.....။

ပြန်တွေးကြည့်.....
တစ်အိမ်လုံးအလုပ်တွေ သူတစ်ယောက်ထဲ
လုပ်ရမယ် ဆိုတာ မျှတပါ့မလား?

ကိုယ့်မိန်းမကို...
အိမ်အလုပ်ကူတာမဟုတ်ဘူး တကယ်တော့
ဒီအိမ်မှာကိုယ်လည်းနေလို့ ကိုယ်လည်း အိမ်ရှင်ဖြစ်သွားပြီ အိမ်ကိုရှင်းသင့်လို့ရှင်းတာ

ကိုယ့်မိန်းမကို အိမ်အလုပ် လုပ်ကူတာမဟုတ်ပါဘူး
ကိုယ်ကလည်း အိမ်ရှင်းဖစ်သလို့ ကိုယ့်မှာလဲ အိမ်အလုပ်တွေ လုပ်ရမယ့် တာဝန်အပြည့်ရှိတယ်

ကိုယ့်မိန်းမကို ထမင်းဟင်း.... ချက်ကူတာမဟုတ်ဘူးကိုယ်လည်း စားချင်လို့ချက်တာ။

ကိုယ့်မိန်းမကို....
ပန်းကန်ဆေး ကူတာမဟုတ်ဘူး...
ကိုယ်လည်း ဒီပန်းကန်တွေ သုံးထားလို့ ဆေးတာ။

ကိုယ့်မိန်းမကို.....
ကလေးထိန်း ကူတာမဟုတ်ဘူး...
ဒီကလေးတွေက ကိုယ့်ကလေးတွေမို့ ကိုယ်ထိန်းတာ
ကိုယ်က ကလေးတွေရဲ့အဖေလေ။

ကိုယ့်မိန်းမကို.....
အဝတ်လျှော်၊ မီးပူတိုက် ကူတာမဟုတ်ဘူး..
ဒီအဝတ်တွေဟာ ကိုယ်နဲ့ ကိုယ့်ကလေးတွေရဲ့ အဝတ်တွေ အများကြီးပါနေလို. ကိုယ်လုပ်တာ။

ကိုယ့်မိန်းမကို အိမ်အလုပ်ကူနေတာမဟုတ်ဘူး။
ဒါက ကိုယ့်အိမ်၊ ကိုယ့်မိသားစုမို့ ကိုယ်လုပ်တာ ဆိုပြီး..

အဲလို တာဝန်ယူတဲ့ စိတ်ရှိတဲ့ ယောက်ျားနဲ့ ရထားတဲ့
မိန်းမမှန်သမျှ ဘယ်တော့မှ စိတ်မဆင်းရဲဘူး...

အမျိုးသမီးများ သားဥကြွေချိန် သိရအောင်လို့
08/08/2023

အမျိုးသမီးများ သားဥကြွေချိန် သိရအောင်လို့

ဦးစားမပေးနိုင်ရင်အိမ်ထောင်မပြုနဲ့လင်မယားရယ်လို့ဖြစ်လာရင်နောက်ဆုံးအချိန်မှာ (at the end of the day)ကိုယ့်အနားမှာကျန်ခဲ့မှ...
10/07/2023

ဦးစားမပေးနိုင်ရင်
အိမ်ထောင်မပြုနဲ့
လင်မယားရယ်လို့ဖြစ်လာရင်
နောက်ဆုံးအချိန်မှာ (at the end of the day)ကိုယ့်အနားမှာကျန်ခဲ့မှာ
ကိုယ့်လင်၊ကိုယ့်မယားပဲ။
အပေါင်းအသင်းတွေဆိုတာလည်း
ဘယ်လောက်ချစ်ချစ်သူတို့ဘဝနဲ့သူတို့။
ဘယ်သူတွေဘယ်လောက်ကောင်းကောင်း
ဘဝနေဝင်ချိန်ကိုယ့်အနားကျန်ခဲ့မယ့်လူက
ကိုယ့်အိမ်ထောင်ဖက်ပဲ
တချို့က သန်တုန်း၊မြန်တုန်း၊ငယ်တုန်းမှာ အိမ်ထောင်ဖက်ထက်
အပေါင်းအသင်းကို ပိုအားသာတယ်။
ပိုဦးစားပေးတယ်။
အိမ်ထောင်ဖက်က မခံနိုင်လို့ လမ်းခွဲသွားတယ်။
အဲလိုလူတွေ နောက်ဆုံးကျ
အိုမင်းမစွမ်းဖြစ်တဲ့အချိန်ကျမှ
နောင်တရလိမ့်မယ်။
နေဝင်ချိန်မှာ ကိုယ့်လက်လေးကိုတွဲပြီး
လမ်းလျှောက်ပေးနိုင်မယ့်၊
အဘိုးကြီးမတည့်တာတွေစားပြန်ပြီလား"လို့ ဆူပေးမယ့်၊"အဘွားကြီး သွေးတိုးနေတာလား " လို့ နဖူးလေးလာစမ်းပေးမယ့် ကိုယ့် အိမ်ထောင်ဖက်( partner) သည်သာ ကိုယ့်အဖော်အစစ်ဖြစ်တယ်။
That's right.
အဲလိုမှ ဦးစားမပေးနိုင်ရင် အိမ်ထောင်မပြုနဲ့။
အိမ်ထောင်ပြုခြင်း (Marriage) ဆိုတာ အပြန်အလှန် စောင့်ရှောက်ရမယ့် တစ်ဘဝစာ (Ultimate bond) တစ်ခုဖြစ်တယ်။

Credit_To_Original_Writer

ကျွန်တော့်မိန်းမက ကျွန်တော့်ဘေးကပ်​ပြီးအိပ်ပျော်နေသည်။.. ရုတ်တရက် Facebook က နိုတီလေးတတ်လာပြီ အမျိုးသမီးတစ်ယောက်က သူကို ...
14/03/2023

ကျွန်တော့်မိန်းမက ကျွန်တော့်ဘေးကပ်​ပြီးအိပ်ပျော်နေသည်။.
. ရုတ်တရက် Facebook က နိုတီလေးတတ်လာပြီ အမျိုးသမီးတစ်ယောက်က သူကို မိတ်ဆွေအ​ဖြစ် လက်ခံ ခိုင်းပါတယ်။

ဒါနဲ့ ကျွန်တော် သူမကို လက်ခံ လိုက်တယ်။

သူမရဲ့ သူငယ်ချင်း အဖြစ် တောင်းဆိုမှုကို လက်ခံပြီးနောက်...

"ငါတို့ အချင်းချင်း သိကြလို့လား" လို့ မေးတဲ့ စာတစ်စောင်ကို စာကားပြောတဲ့နေရာက ပို့လိုက်ပါတယ်။

သူမက...

"နင်အိမ်ထောင်ကျတယ်လို့ကြားပေမယ့် ငါနင့်ကိုချစ်တုန်းပဲ" ဆိုတဲ့ စာတစောင်ပြန်ပို့ပါတယ်။

သူနှင့် ကျွန်တော်သည် တစ်ချိန်က သူငယ်ချင်းဖြစ်ခဲ့​ကြပါသည်။ ပုံထဲမှာတော့ သူမသည် ယခင်ကအတိုင်း အရမ်းလှနေဆဲပါ။

ကျွန်တော် စာပို့​နေတာရပ်​ပြီး ကျွန်တော့်ဇနီးကိုလှည့်ကြည့်လိုက်တဲ့အခါ တနေကုန်အလုပ်တွေလုပ်ပြီး ပင်ပန်းနေတဲ့သူမဟာ ကျွန်တော့်နဘေးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပါတယ်။

သူမကို ကြည့်ပြီး တွေးလိုက်မိတာက သူမသည် ယုံကြည်စိတ်ချစွာဖြစ် ကျွန်တော်ရှိတဲ့ အိမ်အသစ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပါသည်။

သူမသည် သူမ၏မိဘအိမ်နှင့် ဝေးကွာပြီးကျွန်တော်နှင့်အတူ လာနေသည်။

သူမ၏အိမ်တွင် သူမမိသားစုက သူမအား ဝိုင်းရံကာ နေထိုင်ခဲ့သည်။

သူမစိတ်မကောင်းဖြစ်တဲ့အခါ ဒါမှမဟုတ် ဝမ်းနည်းတဲ့အခါ သူမအမေက သူ့အားရင်ခွင်မှာ ငိုခိုင်းလိမ့်မည်။

သူ့အစ်မ သို့မဟုတ် အစ်ကိုက ဟာသတွေပြောပြီး ရယ်အောင်လုပ်မည်။

သူ့အဖေက အိမ်ပြန်လာပြီး သူကြိုက်တာမှန်သမျှ ဝယ်လာပေးလိမ့်မည်။၊

သူမသည် ထိုအရာအားလုံးကို စွန့်ခွာပြီး ကျွန်တော့်အား ယုံကြည်စွာ လက်တွဲခဲ့သည်။

ဒီအတွေးတွေ အားလုံး သတိရလာတော့ ဖုန်းကို ပြန် ကောက်ကိုင်လိုက်ပြီး ခုနက စကားပြောသူနှင့် "BLOCK" ခလုတ် ကို နှိပ်လိုက်သည်။

ကျွန်တော် မိန်းမဘက်ကိုလှည့်ပြီး သူဘေးမှာ အိပ်လိုက်သည်။

ကျွန်​တော်ဟာ ကလေးမဟုတ်ပါဘူး၊ ကျွန်​တော့်ဇနီးအပေါ် သစ္စာရှိဖို့ ကတိသစ္စာပြုခဲ့ပြီး ဒါကို စောင့်ထိမ်းရပါလိမ့်မယ် ။

ကိုယ့်မိန်းမကို မလိမ်ညာဘဲ မိသားစုကို တစ်စစီ ​ပြိုကွဲ​အောင်လုပ်တဲ့ ယောက်ျားမဖြစ်ဖို့ ထာဝရ တိုက်ပွဲဝင်သွားမှာပါ။

Saya U Khin Zaw ( ဘာသာပြန် )

ယောင်္ကျားတစ်ယောက် အိမ်ထောင်ကျပြီးတဲ့နောက်မှာ သူ့ရဲ့ သိက္ခာ၊ သူ့ရဲ့အောင်မြင်မှု၊ သူ့ရဲ့ ကြိုးစားအားထုတ်မှုကို မြင်ချင်ရင်သူ...
21/02/2023

ယောင်္ကျားတစ်ယောက်
အိမ်ထောင်ကျပြီးတဲ့နောက်မှာ
သူ့ရဲ့ သိက္ခာ၊ သူ့ရဲ့အောင်မြင်မှု၊ သူ့ရဲ့ ကြိုးစားအားထုတ်မှုကို မြင်ချင်ရင်
သူ့ဘေးက ဇနီးသည်ကို ကြည့်ပါ။

ဘေးက ဇနီးသည်ဟာ အပျိုဘဝကထက် အရောင်မှိန်သွားတယ်၊ ပျော်ရွှင်မနေဖူး
ပင်ပန်းနေမယ်၊
ပိုသီဖတ်သီ ပို​ဖြစ်လာတယ်ဆိုတာ လင်ယောင်္ကျားက စီးပွားရှာရာမှာ၊ အိမ်ထောင့်အရေးမှာ ညံ့ဖျင်းလို့ဖြစ်တယ်။

သူများသားသမီးကို လက်ထပ်ယူတယ်ဆိုတာ သူ့မိဘက ချစ်ပေးနိုင်သလို စောင့်ရှောက်ပေးနိုင်သလို တာဝန်ယူနိုင်မှ လက်ထပ်ပါ။
လေကြီးလေကျယ်ပြောတတ်ရုံနဲ့ အိမ်ထောင်တစ်ခုက ပြည့်စုံသွားတာမဟုတ်ဖူး။
Action speaks louder than words!!

သားသမီးဘယ်နှစ်ယောက်ရရ
ကလေးဘယ်နှစ်ယောက်မွေးမွေး မိန်းမဆိုတာ အလှပြင်ချိန် ကိုယ်ပိုင်အချိန် ရှိကိုရှိရမယ်။
မိန်းမတွေဟာ မိသားစုကို တည်ဆောက်သလို ကိုယ့်ကိုယ်ကိုလည်း တည်ဆောက်ရမယ်။

ယောင်္ကျားက ဘယ်လောက်တန်ဖိုး​ကြီးတာတွေ ဝတ်ထားဝတ်ထား၊ ဘေးက မိန်းမက အရောင်မှိန် စုတ် ပြတ် နေရင် အလကားပါပဲ။
လူကြားထဲသွားရင် ဘယ်သူမှ ယောင်္ကျားကိုမကြည့်ဖူး၊ ဘေးက မိန်းမကိုပဲကြည့်ပြီး အကဲခတ်ကြတာ။

လင်ယောင်္ကျားတိုင်း ကိုယ့်ဇနီးသည် ကိုယ့်အိမ်ထောင်ရှင်မကို တန်ဖိုးထားချစ်ခင်ပြီး ဂုဏ်တက်အောင် နေတတ်ကြပါစေ။

ခင်ပွန်းဖြစ်သူက မိန်းမထက် ပိုသင့်တဲ့
အရာ ၃ ခု

(၁) အရွယ်
(၂) ပညာ
(၃) ငွေကြေး

ဇနီဖြစ်သူက မိမိခင်ပွန်းသည်ထက်
အပိုရှိသင့်တဲ့ အရာ ၅ ခု

(၁) သည်းခံပေးမှု
(၂) ချစ်ခင်မှု
(၃) ရေရှည် တွေးခေါ်တတ်မှု
(၄) သန့်သန့်ပြန့်ပြန်နေထိုင်မှု
(၅) အိမ်မှုကိစ္စာမှာ ကျွမ်းကျင်မှု

ဇနီမောင်နံ နှစ်ယောက်စုံလုံးမှာ
ရှိသင့်တဲ့ အရာ

(၁) တစ်ယောက်ကို တစ်ယောက်
နားလည်ပေးမှု ၊

(၂) တစ်ယောက်ကို တစ်ယောက်
လေးစားမှု ၊

(၃) တစ်ယောက်ကို တစ်ယောက်
အယုံကြည်ပေးမှု ။

ဒါတွေက အိမ်ထောင်ရေး တစ်ခု
တည်တန့်ရေးအတွက် အရေးပါတဲ့
အချက်တွေပါ ။

✍-----------
Credit

19/02/2023

၇နှစ်တောင်ရှိသွားပြီ 😁

Address

ရန်ကုန်
ရန်ကုန်
11072

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959780663066

Website

Alerts

Be the first to know and let us send you an email when မြတ်ရတနာ - သားသမီး ရတနာရဆေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category