Sayar Aung Shwe Lin - မြန်မာသမားတော်ဆေးခန်း

Sayar Aung Shwe Lin - မြန်မာသမားတော်ဆေးခန်း အရိုးအကြော အဆစ်နဲ့
အထွေထွေ ရောဂါ ကုဆေးခန်း

အဲကွန်းနဲ့အိပ်တယ်ချွေးမထွက်ဘူးအိပ်လို့ကောင်းတယ်မနက်ကျတော့ လေးလံနေတယ်ဘာလို့လဲသိလား..သွေပျစ်လို့ပါအအေးတွေက ကိုယ်ထဲစိမ့်ဝင်...
07/08/2023

အဲကွန်းနဲ့အိပ်တယ်
ချွေးမထွက်ဘူး
အိပ်လို့ကောင်းတယ်
မနက်ကျတော့ လေးလံနေတယ်
ဘာလို့လဲသိလား..သွေပျစ်လို့ပါ

အအေးတွေက ကိုယ်ထဲစိမ့်ဝင်တာပေါ့
တညလုံး အေးနေတာ
ညဆိုတာ ၁၂ နာရီကျော်တာနဲ့
အပူ ချိန်ပြောင်းပြီ
သွေပျစ်တော့
လူလည်း မကျန်းမာတော့ဘူး ။

အအေးလွှတ်ထားတော့
ချွေးလည်းမထွက်တော့ ဘူး ။

အခိုး ပိတ် သွားပြီ
အခိုး ဆိုတာ မြန်မာ့ပညာရပ်
မှာဘဲရှိပါတယ်။
အနောက်တိုင်းပညာအရ
လုံးဝနားမလည်နိုင်ပါ။
အခိုးပိတ် လို့ ရောဂါ ရ နိုင် ပါတယ်။

ဂျပန် ပညာရှင်သုတေသနအရ
ကိုယ်အနွေးဓာတ်လျော့နည်းခြင်းက
ကိုယ်ခန္ဓါ၏ရောဂါခုခံအားကို
ကျဆင်းစေပါသည်။
ကိုယ်အနွေးဓာတ် သည်
၁ ဒီဂရီ စင်တီဂရိတ်
လျော့ကျသွားတိုင်း
ခုခံအား ၃၀ % အထက်
လျှော့ကျသွားသည်ဟုသိရပါ သည်။

လေဖြတ်ဖို့
လေဖြန်းဖို့
ဆီးချိုသွေချိုဖြစ်ဖို့
အသည်းအဆီ ဖုံးဖို့ လာပြီလေ။
တပ်တွေချီ လာပြီ
ကယ်ဖို့ ကူဖို့တော့မဟုတ်
ဘဝရဲ့ဆုံးခန်းတိုင်ဆီအရောက် ပို့မယ့်တပ်တွေ။

Sayar U Aung Shwe Lin

သွေးခဲရင် လေဖြတ်ပါမယ်🇨🇭ကြက်သွန်ဖြူစားတယ်၊ရေနွေးသောက်တယ်၊ ခြေသလုံးလေ့ကျင့်ခန်းလုပ်တယ်။ စျေးပေါပြီး လုပ်လို့ရတာမျိုးနဲ့ အရ...
07/08/2023

သွေးခဲရင် လေဖြတ်ပါမယ်

🇨🇭ကြက်သွန်ဖြူစားတယ်၊ရေနွေးသောက်တယ်၊ ခြေသလုံးလေ့ကျင့်ခန်းလုပ်တယ်။ စျေးပေါပြီး လုပ်လို့ရတာမျိုးနဲ့ အရင်ကာကွယ်ကြပါ။သွေးခဲပြီး မလိုလားအပ်တာတွေ မဖြစ်စေလိုပါ။

အခုတလောမှာ ကြုံတွေ့နေကြရတာက သွေးခဲပြီး အသက်အန္တရာယ်ထိခိုက်စေတဲ့ အဖြစ်တွေပါပဲ။ ကပ် ရောဂါကူးစက်ခံရလို့ နည်းမျိုးစုံနဲ့ကုသပြီး အသက်ဘေးကလွတ်လာကြပေမဲ့ နောက်ပိုင်းမှာ သွေးခဲပြီးရုတ်တရက်သေနေကြပါတယ်။ အဲဒီသွေးခဲခြင်းမဖြစ်အောင် နည်းလမ်းရှာကြဖို့ လိုပါတယ်။

သွေးမခဲအောင်ဆိုပြီးသွေးကျဲဆေးတွေသောက်ကြရတယ်။ဒါကြောင့် သွေးကျဲဆေးဈေးတွေ မိုးပေါ်ရောက်သွားတယ်။

လူအများမေးကြတာက သဘာဝနည်းနဲ့သွေးကျဲအောင်လုပ်လို့မရဘူးလားတဲ့...ရပါတယ်။သဘာဝနည်းနဲ့
သွေးကျဲအောင်လုပ်တဲ့နည်းကို အခုပြောပြပါမယ်။

သွေးကျဲဆေးလိုပဲသဘာဝမှာ သွေးကျဲအောင် လုပ်ပေးနိုင်တာကတော့...

ကြက်သွန်ဖြူဖြစ်ပါတယ်

ကြက်သွန်ဖြူဟာ သွေးကျဲဆေးထက်အများကြီး ပိုကောင်းပါတယ်။ ပြီးတော့ ကမ္ဘာ့ကပ်ရောဂါတစ်ခုဖြစ်တဲ့ပုလိပ်ရောဂါကိုလည်း ကြက်သွန်ဖြူနဲ့ပဲ အနိုင်ယူခဲ့ကြတာဖြစ်တယ်။ ထမင်းစားရင် ကြက်သွန်ဖြူသုံးလေးတက်လောက် စားပေးသင့်တယ်။

သဘာဝမှာသွေးမခဲအောင် လုပ်ပေးနိုင်တာတစ်ခု ရှိပါသေးတယ်။အဲဒါကတော့... နနွင်းဖြစ်ပါတယ်

နနွင်းက ဆီနဲ့ဖျော်သောက်မှ အူတွေကနေစုပ်ယူနိုင်တာ ဖြစ်တယ်။ အခုလိုအခါမှာ ဇွန်းသေးနဲ့ မနက်တစ်ဇွန်း ညနေတစ်ဇွန်း သောက်သင့်တယ်။

နောက်တစ်ခုကတော့...သံလွင်ဆီဖြစ်ပါတယ်

ဆံချည်မျှင် သွေးကြောလေးတွေအတွင်းထဲအထိ ရှင်းလင်းပေးနိုင်တာ ကမ္ဘာပေါ်မှာ သံလွင်ဆီတစ်မျိုးပဲ
ရှိတယ်။ နနွင်းဖျော်သောက်ရာမှာ သံလွင်ဆီနဲ့ပဲ ဖျော်သောက်ကြပေါ့။

သွေးခဲတဲ့သူတွေရဲ့သွေးဟာ ပျစ်နေလေ့ရှိတယ်။ သွေးခဲရခြင်းက သွေးပျစ်နေလို့.. သွေးပျစ်ရတာက ရေသောက်နည်းလို့.. ရေများများသောက်မှသွေးကကျဲလာတာဖြစ်တယ်။ ဒါကြောင့်...
တစ်နေ့ကို_ရေ၄လီတာလောက်_သောက်ရမယ်။
ရေခပ်နွေးနွေး သောက်တာအကောင်းဆုံးပဲ။
သွေးပျစ်တဲ့သူတွေဟာ အချဉ်ကြောက်ကြသူတွေများတယ်။

အချဉ်ဓါတ်စားပေးရင်သွေးကျဲတယ်။ဒါကြောင့်...
သံပရာရည် ချဉ်ချဉ်လေးသောက်ပေးဖို့ကောင်းတယ်။ အနောက်နိုင်ငံတွေကတော့ သွေးကျဲဖို့ ကီဝီသီးတွေစားလေ့ရှိပါတယ်။ အခုမြန်မာပြည်မှာတော့ ကင်ပွန်းချဥ် ဟင်းချိုသောက်ပြီး အဆင်ပြေနေကြပါတယ်။

သွေးထဲမှာရောနေတဲ့အရည်ကြည်တစ်မျိုးရှိပါတယ်။
အဲဒါကို သွေးသည်းခြေ လို့ခေါ်ပါတယ်။ သွေးသည်းခြေနည်းနေရင်လည်း သွေးကပျစ်တတ်တယ်။

သွေးသည်းခြေဓါတ်အားကောင်းဖို့အတွက်ကတော့ အခါးကြွယ်ဝတဲ့💥(ကြောင်ရှာ၊ခွေးတောက်၊ငရုတ်ခါး၊ဆင်တုံးမနွယ်၊ရဲယို၊ဒန့်ဒလွန်) တွေစားပေးသင့်တယ်။ အခါးစားမှလည်း ဝါယောအားကောင်းပြီး သွေးလည်ပတ်မှုမှန်မှာ ဖြစ်တယ်။

အထိုင်များအအိပ်များရင် သွေးလေးပြီး သွေးခဲတတ်တယ်။ဒါကြောင့် လမ်းလျှောက်ပေးရမယ်

လမ်းလျှောက်လို့ ခြေသလုံးကြွက်သားတွေ ညှစ်တော့မှ သွေးကနှလုံးကို တွန်းအားနဲ့ ရောက်တာဖြစ်တယ်။ခြေသလုံး၂ခုဟာ_ဒုတိယနှလုံး တွေဖြစ်တယ်။ ခပ်ဖြေးဖြေးလျှောက်ပေါ့။

သွေးခဲတာ ခြေထောက်ပိုင်းမှာ အဖြစ်များတယ်။ ခဲတဲ့သွေးဖတ်ကပင်မသွေးကြောထဲမှာ ပါလာပြီး နှလုံး၊ဦးနှောက်တွေမှာ သွားပိတ်တာများတယ်။

သွေးမခဲဖို့က တစ်ခုကောင်းလုပ်လို့မရဘူး။ အခုပြောခဲ့တာတွေကို Network နဲ့လုပ်မှပြည့်စုံမှာဖြစ်တယ်။ဒီလိုပဲ ဉာဏ်ရှိသလို လုပ်သွားရမှာပဲ.. ဉာဏ်ရှိရှိလုပ်သွားမယ်ဆိုရင် သေဘေးကနေ ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

Credit.. Original writer.
Sayar Aung Shwe Lin.

🟢 ၁၆.၇.၂၀၂၃ (တနင်္ဂနွေနေ့) မနက် ၉:၀၀ မှ နေ့လယ် ၁၂:၀၀ အထိ တစ်ကြိမ်၊ နေ့လယ် ၂:၀၀ မှ ညနေ ၆:၀၀ အထိ တစ်ကြိမ် ဆေးလှူဒါန်းပွဲ က...
16/07/2023

🟢 ၁၆.၇.၂၀၂၃ (တနင်္ဂနွေနေ့)

မနက် ၉:၀၀ မှ နေ့လယ် ၁၂:၀၀ အထိ တစ်ကြိမ်၊

နေ့လယ် ၂:၀၀ မှ ညနေ ၆:၀၀ အထိ တစ်ကြိမ်
ဆေးလှူဒါန်းပွဲ ကျင်းပခဲ့ပါသည်။

📢 (၁၆.၇.၂၀၂၃ မှ ၁၈.၇.၂၀၂၃ (အင်္ဂါနေ့) )
အထိ ဆေးလှူဒါန်း ပွဲ ဆက်လက် ကျင်းပမည် ဖြစ်ပါသဖြင့်

🛑အရိုး အကြော၊ အဆစ်၊ ထုံကျင် ကိုက်ခဲ ယားနာ အစရှိသည့် အထွေထွေ ရောဂါများ ပျောက်ကင်း အောင် ကုသလို သော မိဘ ပြည်သူများ

"မြန်မာသမားတော်" ဆေးခန်း ရှိရာ သို့ ကြွရောက် ပါရန် ဖိတ်ခေါ်အပ်ပါသည်။

📌ဆေးခန်း လိပ်စာ

အမှတ် (၁၁၂/A)၊ စံပြ (၅) လမ်း၊ စံပြဈေး မှတ်တိုင် အနီး၊ သင်္ဃန်းကျွန်း မြို့နယ်၊ ရန်ကုန်မြို့။

☎️ ဆက်သွယ်ရန် ဖုန်းနံပါတ်များ

၀၉ ၅၁၈၈၆၈၅ ၊ ၀၉၇၉၅၆၈၁၅၃၂။

"ကျန်းမာ ရွှင်လန်းကြပါစေ။" ✨



Address

အမှတ် (၁၁၂/A) စံပြ (၅) လမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
ရန်ကုန်မြို့။

Telephone

+9595188685

Website

Alerts

Be the first to know and let us send you an email when Sayar Aung Shwe Lin - မြန်မာသမားတော်ဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share