Win Clinic - South Dagon

Win Clinic - South Dagon ဝင်း၂၄နာရီအထွေထွေရောဂါကုဆေးခန်း
၃/၂၀၊ မြိတ်လမ်း၊ ၂၁ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်
၀၉၇၇၂၄၈၄၄၂၄
၀၉၉၇၉၅၇၈၉၀၉

🙏 မင်္ဂလာပါခင်ဗျာ🙏ကလေးမိဘတို့ အမေးများသည့် ကလေးအစာမစားခြင်းနှင့်ပတ်သက်၍ သိသင့်​သောအကြောင်းရင်းများကို  ဝင်း ၂၄နာရီ​ဆေးခန...
30/01/2023

🙏 မင်္ဂလာပါခင်ဗျာ🙏
ကလေးမိဘတို့ အမေးများသည့် ကလေးအစာမစားခြင်းနှင့်ပတ်သက်၍ သိသင့်​သောအကြောင်းရင်းများကို ဝင်း ၂၄နာရီ​ဆေးခန်းမှ မိဘပြည်သူများအတွက် ဝေမျှလိုက်ရပါတယ်ခင်ဗျာ။

ကလေးအစာမစားလျှင် -

ကလေးတွေပုံမှန်ထက် အစားအသောက် လျော့နည်းရတဲ့အကြောင်းရင်းတွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

၁၊ ကြီးထွားမှုနှုန်း ပုံမှန်လျော့နည်းသွားခြင်း

ကလေးတစ်ယောက်ဟာ မွေးပြီးတစ်နှစ် အတွင်းမှာကြီးထွားနှုန်းမြန်သလိုဒီလိုကြီးထွားမှုအတွက် လိုအပ်တဲ့အစားအသောက်ကိုလည်းပိုမိုပြီးစားသုံးပါတယ်။ တစ်နှစ်ကျော်တာနဲ့သူ့ရဲ့ကြီးထွားမှုနှုန်းက ပုံမှန်လျော့သွားတဲ့အတွက် ဒါနဲ့လိုက်လျောညီထွေစွာသူ့ရဲ့အစားအသောက်စားသုံးမှုဟာ လျော့နည်းသွားပါတယ်။ ဒါဟာပုံမှန်ပါ။
တချို့ကလေးတွေက အစောပိုင်းမှာ ပေါင်ချိန်တအားတက်ပြီး နောက်ပိုင်း အရင်ထက် တက်နှုန်း စားနှုန်း လျော့နည်းသွားတာလည်းရှိပါတယ်။

၂၊ သာမန်နေမကောင်းခဏခဏဖြစ်ခြင်း

ကလေးတွေဟာအကြောင်းတစ်ခုခုကြောင့်နေမကောင်းဖြစ်လျှင်- ဥပမာဖျားတယ်၊ လည်ချောင်းနာတယ်၊နှာစေးချောင်းဆိုးဖြစ်တယ်၊ ဝမ်းပျက်တယ်၊ စသည်တို့ ဖြစ်လာလျှင် ခံတွင်းပျက်ပြီးတော့အဲဒီအချိန်မှာအစားအသောက်လျော့နည်းတတ်ပါတယ်။သုံးလေးနှစ်ကလေးတွေ မူကြိုကျောင်း စတက်တဲ့အချိန်မှာ ကလေးအချင်းချင်းအတွေ့များပြီးရောဂါပိုစုံတတ်ပါတယ်။ အဖျားအနာထူတတ်ပါတယ်။အစားသောက်ပျက်ပါတယ်။

၃၊ ဆေးဝါးများ

ဒါဟာအထက်မှာပြောခဲ့တဲ့မကြာခဏနေမကောင်းဖြစ်ခြင်းတွေနဲ့ဆက်စပ်မှုရှိပါတယ်။ ကလေးနေမကောင်းဖြစ်တိုင်း၊ ဆေးတွေတိုက် မယ် အထူးသဖြင့်ပိုးသတ်ဆေးတွေတိုက်မယ် ဆိုရင် ဒီဆေးတွေကြောင့်လည်းအစားအသောက်ပျက်နိုင်ပါတယ်။
တချို့မိဘတွေဟာ ဆေးကိုအင်မတန်တိုက်ချင်ပါတယ်။ တကယ်တော့ကလေးအတော်များများမှာဖြစ်တဲ့သာမန်နေမကောင်းခြင်းအများစုဟာ သူ့အလိုအလျောက်နှစ်ရက်သုံးရက် အတွင်းမှာပျောက်ကင်းသွားတဲ့ရောဂါတွေဖြစ်ပါတယ်။

၄၊ စိုးရိမ်သောကများခြင်း၊ စိတ်ဓါတ်ကျခြင်း

ဒီနှစ်ခုဟာဆက်စပ်နေနိုင်ပါတယ်။
ကလေးတွေမှာလည်းသူ့အရွယ်အလိုက်စိုးရိမ်သောကဒဏ်ကိုမခံနိုင်တာဖြစ်တတ်ပါတယ်။ ဒီလိုစိုးရိမ် သောကများလာတယ်၊ Stress များလာတယ်ဆိုရင် အစားအသောက် ပျက်လာတတ်ပါတယ်။ ကလေးတွေမှာ stress များနိုင်တဲ့၊ စိတ်ဓါတ်ကျနိုင်တဲ့ အကြောင်းရင်းတွေကတော့
- မိသားစုအတွင်းမှာပြဿနာရှိခြင်း
- ကျောင်းမှာ ကလေးအချင်းချင်းအနိုင်ကျင့်ခံရခြင်း၊
- ကျောင်းစာ၊ အိမ်စာ၊ မိဘဖက်မှဖြစ်သင့် တာထက်ပိုပြီးပညာရေးနှင့် ပတ်သက်၍ မျှော်လင့်ချက်ထားတာကို ဒဏ်မခံနိုင်ခြင်း
- ပတ်ဝန်းကျင်ဟာ စိုးရိမ်စရာ ပတ်ဝန်းကျင်တစ်ခု ဖြစ်နေခြင်း - ဥပမာ ခုလို COVID-19 ကာလ

ဒီအချက်တွေကို မိဘတွေဘက်ကသတိထားလိုက်နာသင့်ပါတယ်။

၅၊ သွေးအားနည်းခြင်း

သွေးအားနည်းတာနဲ့ သွေးပေါင်ကျတာမတူပါဘူး။ သွေးပေါင်ကျတယ်ဆိုတာသွေးပေါင်ချိန် တိုင်းကြည့်လို့ Pressure ကျတာပါ။ ကလေးတွေမှာတော်ရုံတန်ရုံရောဂါမရှိလျှင် သွေးပေါင်ဆိုတာကျလေ့မရှိပါဘူး။ သွေးအားနည်းတယ်ဆိုတာတော့သွေးထဲမှာရှိတဲ့ဟီမိုဂလိုဘင် (hemoglobin)ဆိုတဲ့ဓာတ်တစ်မျိုးနည်းတာပါ။ ဒီလိုနည်းရင် ကလေးငယ်ရဲ့လက်ဖဝါး၊ မျက်ခမ်းနဲ့ သိပ်ဆိုးလာရင်အရေပြားပါ ဖြူဖတ် ဖြူရော်ဖြစ်လာပါတယ်။ မြန်မာနိုင်ငံမှာအဖြစ်များတဲ့သွေးအားနည်းတဲ့အကြောင်းရင်းကတော့ သံဓာတ်ချို့တဲ့လို့ဖြစ်ပါတယ်။
ဒီလိုသွေးအားနည်းလာမယ်ဆိုရင် ကလေးတွေဟာအစားအသောက်ပျက်မယ်၊ နုံးမယ်၊ကစားချင်စိတ် စားချင်စိတ်မရှိဘူး၊ ကျောင်းစာစိတ်မဝင်စားဘူး၊ စသည်တို့ဖြစ်လာနိုင်ပါတယ်။ရေရှည်မှာကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ အသိဉာဏ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကိုပါ အဟန့်အတားဖြစ်စေပါတယ်။ မိမိကလေးမှာသွေးအားနည်းတယ်လို့ယူဆရင်၊ ဖြူဖတ်ဖြူရော်ဖြစ်နေတယ်ဆိုရင် ဆရာဝန်နဲ့ပြသတိုင်ပင်သင့် ပါတယ်။ သွေးစစ် ကြည့်လို့ရပါတယ်။

၆၊ သန်ကောင်များ

သန်ကောင်တွေရှိရင်လည်းကလေးဟာအစားအသောက်ပျက်တတ်ပါတယ်။ သွေးအားလည်း နည်းနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေကိုနှစ်နှစ်နောက်ပိုင်းကစပြီးအနည်းဆုံး ၆လ-တစ်နှစ် တစ်ကြိမ် သို့မဟုတ် ဆရာဝန်ညွှန်ကြားတဲ့အတိုင်းသံချသင့်ပါတယ်။ အိမ်မှာအိမ်မွေးတိရစ္ဆာန်လေးတွေ- ကြောင်ခွေးစသည်တို့မွေးထားရင်လည်းသူတို့ကိုပါသန်ချပေးသင့်ပါတယ်။

၇၊ ဝမ်းချုပ်ခြင်း

အစားအသောက်ပျက်ခြင်းနဲ့ ဝမ်းချုပ်ခြင်းဟာလည်းအပြန်အလှန်ဆက်သွယ်မှုရှိပါတယ်။ အစားအသောက်ပျက်လို့ဝမ်းချုပ်နိုင်သလိုဝမ်းချုပ်နေတဲ့ကလေးတစ်ယောက်ဟာလည်းပြန်ပြီးတော့အစားအသောက်ပျက်တတ်ပါတယ်။

၈၊ ခံတွင်းသန့်ရှင်းရေးမကောင်းလျှင်

ကလေးတွေခံတွင်းသန့်ရှင်းရေးမကောင်းလို့ သွားဖုံးရောင်မယ်၊ သွားပိုးစားမယ်ဆိုရင်လည်းနာကျင်နေတတ်တဲ့အတွက်အစားလျော့တတ်ပါတယ်။

၉၊ ရောဂါတစ်ခုခုရှိခြင်း

ခန္ဓာကိုယ်မှာရောဂါတစ်ခုခုရှိလာမယ်ဆိုရင်လည်း အစားသောက်ပျက်ပါတယ်။ ဒါဆိုရင် ကလေးတွေဟာပေါင်ချိန်ကျရုံမက တခြားသောအဲဒီရောဂါရဲ့လက္ခဏာတွေပါယှဉ်တွဲတွေ့လာတတ်ပါတယ်။
ဥပမာတီဘီရောဂါဖြစ်တယ်ဆိုရင် ရက်ရှည်ဖျားခြင်း၊ ချောင်းဆိုးခြင်းစသည်တို့ဖြစ်ပါတယ်။ ဒါကြောင့် အစားအသောက်ပျက်တဲ့ကလေးတွေကို မိဘတွေဟာပုံမှန်ပေါင်ချိန်သင့်ပါတယ်။ ပေါင်ချိန်တဖြည်းဖြည်းကျကျလာတယ်ဆိုရင် ဆရာဝန်နဲ့ပြသတိုင်ပင်သင့်ပါတယ်။
Crd

ေးကျန်းမာသိကောင်းစရာ

🙏 မင်္ဂလာပါခင်ဗျာ🙏 လူကြီးမိဘတို့ အဖြစ်များသော ခါးနာခြင်း ပေါင်တန်းနာခြင်းနှင့်ပတ်သက်၍ သိသင့်​သောဗဟုသုတလေးများကို ဝင်း ၂၄...
27/01/2023

🙏 မင်္ဂလာပါခင်ဗျာ🙏
လူကြီးမိဘတို့ အဖြစ်များသော ခါးနာခြင်း ပေါင်တန်းနာခြင်းနှင့်ပတ်သက်၍ သိသင့်​သောဗဟုသုတလေးများကို ဝင်း ၂၄နာရီ​ဆေးခန်းမှ မိဘပြည်သူများအတွက် ဝေမျှလိုက်ရပါတယ်ခင်ဗျာ။
🔔🔔🔔🔔🔔🔔🔔🔔🔔
Sciatica pain (​ခါးနာခြင်းနှင့် ပေါင်​တန်​းနာ) အ​ကြောင်​း

Sciatic nerve ဟာ လူ့ခန္ဓာကိုယ်​မှာ အကြီးဆုံး
အာရုံ​ကြော ဖြစ်​ပါတယ်​။ ၎င်းအာရုံ​ကြောဟာ ခါးဆစ်​ရိုး L4-L5 ​နေရာက စထွက်​ပြီး တင်​ပခွက်​နဲ့ ​ပေါင်​​နောက်​
တ​လျှောက်​မှ ဒူးဆစ်​အ​နောက်​တ​လျှောက်​ supply လုပ်​​ပေးပါတယ်​။
ဒါ​ကြောင်​့​ ခါးရိုးအတက်​ထွက်​သူ၊ ခါးဆစ်​ပြားကျွံသူ နဲ့ ခါးဆစ်​ရိုးကျဉ်​းသွားတဲ့သူ​တွေမှာ sciatica pain (​ပေါင်​တန်​းနာ) ရတတ်​ပါတယ်​။

လက္ခဏာ ​တွေက​တော့ ​ခြေ​ထောက်​တ​ချောင်​း ထုံတာ ကျဉ်​တာ နာတာ ဖြစ်​ပါတယ်​။

အသက်​အရွယ်​ကြီးသူ၊ အဝလွန်​သူ၊ အထိုင်​များတဲ့
အ​လေ့အကျင်​့ရှိသူ နဲ့ ဆီးချိုရှိတဲ့သူ​တွေမှာ ဖြစ်​နိုင်​ပါ
တယ်​။ အချိန်​ကြာမြင်​့စွာထိုင်​ရတဲ့အလုပ်​မျိုး လုပ်​ရသူ (ဥပမာ- စာရင်​းတွက်​ရသူ၊ ကား​မောင်​းသမား) ​တွေမှာ ခန္ဓာကိုယ်​ပုံစံအ​နေအထားမှားယွင်​းမှု​ကြောင်​့ ခါးနာရာမှတဆင်​့ sciatica pain (​ပေါင်​တန်​းနာ) ရတတ်​ပါတယ်​။

​နောက်​ဆက်​တွဲပြသနာများ

ခါးနာပြီး sciatica pain ရ​နေတဲ့သူ​တွေဟာ ​ရောဂါကို​သေချာမကုသဖြစ်​ပါက ​နောက်​ဆက်
တွဲဆိုးကျိုးများစွာကိုခံစားတတ်​ရပါတယ်​။
-တချို့​သောသူ​တွေမှာ ​ခြေ​ထောက်​တ​လျှောက်​လုံးကို​ထောက်​ပံ့​ပေးထားတဲ့ sciatic nerve အာရုံ​ကြော ဖိမိတဲ့ (သို့) ပျက်​စီးတဲ့​နေရာ​ပေါ်မူတည်​ပြီး ​ခြေ​ထောက်​ရှိ
ကြွက်​သားများအားနည်​းတတ်​ပါတယ်​။ များ​သောအားဖြင်​့ ​ခြေကျင်​းဝတ်​​မ​ကော့နိုင်​ခြင်​း၊ ​ခြေမ မ​ကော့နိုင်​ခြင်​းစသည်​့ ကြွက်​သားများလှုပ်​ရှားမှုအားနည်​းနိုင်​ပါတယ်​။
-လမ်​း​လျှောက်​တဲ့​နေရာမှာအ​ရေးကြီးတဲ့ကြွက်​သား​တွေအားနည်​းသွားပါက ​ခြေ​ထောက်​ကြွလမ်​းမ​လျှောက်​နိုင်​​တော့ဘဲ ​ခြေတရွတ်​ဆွဲ​သွားတတ်​ပါတယ်​။
-တချို့​သောသူ​တွေမှာ​တော့ ဆီးဝမ်​းထိန်​းတဲ့ကြွက်​သား​တွေပါ အားနည်​းသွားတတ်​ပါတယ်​။

Physiotherapy treatment

- ပုံမှန် ဂရုတစိုက် ကုသမှုခံယူပြီး အ​ကြောအဆစ်​
ကျွမ်​းကျင်​ပညာရှင်​ (Physiotherapist) နှင့်ပြသ၍
လိုအပ်တဲ့ ခါးကြွက်​သားလေ့ကျင့်ခန်းများ၊ ​ပေါင်​နောက်​ကြွက်​​သားများဆွဲဆန်​့​သော​လေ့ကျင်​့ခန်​းများ၊ အ​နေအထိုင်​ပုံစံ ​ဆောင်​ရန်​​ရှောင်​ရန်​များဖြင်​့ကုသနိုင်​ပါ
တယ်​။
- ​ခြေ​ထောက်​ကြွက်​သားအားနည်​းသူများအတွက်​လည်​း Electrical Stimulation စက်​ဖြင်​့ ကြွက်​သားများပြန်​လည်​သန်​စွမ်​းလာ​စေရန်​ ​ကုသနိုင်​ပါတယ်​။
Credit
By PT MYMP

🙏 မင်္ဂလာပါခင်ဗျာ🙏 လက်တုန်​ခြင်းနှင့်ပတ်သက်၍ သိသင့်​သောဗဟုသုတလေးများကို ဝင်း ၂၄နာရီ​ဆေးခန်းမှ မိဘပြည်သူများအတွက် ဝေမျှလိ...
25/01/2023

🙏 မင်္ဂလာပါခင်ဗျာ🙏
လက်တုန်​ခြင်းနှင့်ပတ်သက်၍ သိသင့်​သောဗဟုသုတလေးများကို ဝင်း ၂၄နာရီ​ဆေးခန်းမှ မိဘပြည်သူများအတွက် ဝေမျှလိုက်ရပါတယ်ခင်ဗျာ။

👨‍⚕️👩‍⚕️လက်တုန်တတ်သူတွေ သိဖို့
ဘာအကြောင်းအရင်းမှ မယ်မယ်ရရမရှိပဲ လက်တွေ တုန်တုန်နေတာမျိုး ကြုံဖူးကြလား။
လက်တုန်တယ်ဆိုတိုင်း ကော်ဖီသမားတွေ၊ အရက်ဘီယာသောက်တာတွေကြောင့်ပဲ မဟုတ်ပါဘူး။
ကျား၊ မ မရွေး အရွယ်သုံးပါးမရွေး အခန့်မသင့်ရင် လက်တွေတုန်တာမျိုးကို ကြုံရနိုင်ပါတယ်။
ဖြစ်နိုင်ခြေရှိတဲ့ တခြား အကြောင်းရင်းတွေကတော့

💧အာရုံကြော ရောဂါ

Essential Tremor လို့ ခေါ်တဲ့ အာရုံကြောရောဂါ တစ်မျိုး ကြောင့် လက်တုန် စေတတ်ပါတယ်။ ဘာကိုင်ကိုင် လက်တုန်နေတယ်ဆိုတဲ့သူတွေရဲ့ အဓိကလက်သည်ပါ။ နေ့စဉ် အလုပ်တွေမှာ နည်းနည်း အဆင်မပြေ ရှိတတ်ပေမယ့် Essential Tremor ခံစားရသူ အများစု ကတော့ အန္တရာယ် မရှိသလို နောက်ဆက်တွဲ ပြဿနာ ကြီးကြီးမားမား မရှိတတ်ပါဘူး။

💧ကဖင်း လွန်ကဲခြင်း

တစ်နေ့တစ်နေ့ ကော်ဖီသောက်လိုက်၊ လက်ဖက်ရည်သောက်လိုက်၊ အချိုရည်သောက်လိုက်ဆိုရင်လည်း လက်တုန်မှာပါပဲ။ ကဖင်းက အာရုံလန်းဆန်းအောင် နှိုးဆွတဲ့ ဓာတ်တစ်မျိုးဖြစ်သလို သောက်တာများရင်လည်း လက်တုန်အောင် ပိုနှိုးဆွတဲ့အရာလည်း ဖြစ်ပါတယ်။

💧အရက် ဖြတ်နေခြင်း

အရက်ကြိုက်သူတွေ မသောက်ရတဲ့အခါ ဖြစ်တတ်တဲ့ လက္ခဏာတွေထဲ လက်တုန်ခြင်း ပါဝင်ပါတယ်။ နောက်ဆုံးသောက်ခဲ့ပြီး ၁၀ နာရီအတွင်းမှာ စပြီး ခံစားရတတ်ပါတယ်။

💧ပါကင်ဆန် ရောဂါရှိနေခြင်း

ပါကင်ဆန်ရောဂါရှိသူ တွေမှာ ကြွက်သားတွေကို လှုပ်ရှားဖို့ သတင်းပို့တဲ့ ဦးနှောက်ဆဲလ်တွေ ပျက်စီးလာတာကြောင့် လက်တုန်တတ်ပါတယ်။ စစချင်းတော့ လက်တစ်ဖက်မှာပဲ တုန်တတ်ပေမယ့် ကြာလာတာ နဲ့အမျှ နောက်တစ်ဖက် မှာပါ ဖြစ်လာပါတော့တယ်။ လှုပ်ရှားမှုတွေ နှေးလာနိုင်သလို ဟန်ချက်ညီအောင် ထိန်းဖို့လည်း ခက်လာတယ်၊ ဒါမှမဟုတ် လက်နဲ့ ခြေထောက်တွေ တောင့်တင်းလာနိုင်ပါတယ်။ ပါကင်ဆန်ကြောင့် တုန်ရီတာ ဆိုရင်တော့ သောက်ဆေးတွေ ဒါမှမဟုတ် ခွဲစိတ်ကုသမှု လိုအပ်လာနိုင်ပါတယ်။

💧ဦးနှောက် အာရုံကြော ရောဂါ (MS)

Multiple Sclerosis (MS) ဟာ myelin လို့ခေါ်တဲ့ အာရုံကြောအပေါ်ယံအလွှာကို ပျက်စီးစေပါတယ်။ ဒီလိုဖြစ်လာရင် လက်တွေ သို့မဟုတ် တခြားအစိတ်အပိုင်းတွေမှာ တုန်ခါတဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။

💧သိုင်းရွိုက် ရောဂါ (Hyperthyroidism)

လက်တုန်ခြင်းက သိုင်းရွိုက်ဟော်မုန်းများခြင်းရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ သိုင်းရွိုက်ဂလင်းက အရမ်းအလုပ်လုပ်လွန်းပြီး နှလုံးခုန်နှုန်းကိုမြင့်စေပါတယ်။ ဘာမှလည်း မလုပ်ရဘဲ ကိုယ်အလေးချိန် ကျဆင်းသွားတာ၊ အလင်းရောင်ကို မခံနိုင်တာ၊ နှလုံးခုန်မြန်တာ၊ ကောင်းကောင်းအိပ်မပျော်တာတွေလည်း ဖြစ်နိုင်ပါတယ်။

💧အိပ်ရေးပျက်ခြင်း

လောင်စာအလုံအလောက် မဖြည့်ပေးရင် ကားစက်တောင် နှိုးမရပါဘူး။ လူ့ခန္ဓာကိုယ်တစ်ခုလုံးကို ကောင်းကောင်းလည်ပတ်နိုင်ဖို့က အစားအသောက်နဲ့ အိပ်ရေးဝနေဖို့လိုပါတယ်။ မအိပ်ဘဲနဲ့ဆို ဦးနှောက်က မှန်မှန်ကန်ကန် အလုပ်လုပ်မယ် ထင်ပါသလား။ ဦးနှောက်ရဲ့ မှားယွင်းသတိပေးချက်တွေ ကြောင့် လက်တုန်တာ အပါအဝင် အာရုံကြောစနစ်တွေ ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။

💧သွေးချို ကျခြင်း

ကြွက်သားတွေနဲ့ အာရုံကြောတွေ ဆိုတာ သွေးတွင်းသကြားဓာတ်နဲ့ အားဖြည့်ပေးထားတာပါ။ သကြားဓာတ် အလုံအလောက်မရရင် လက်တွေတုန်လာနိုင်တယ်။ ဆီးချိုကြောင့်၊ဆေးဝါးတချို့ကြောင့်၊ အရက်ကြောင့်၊ အစားနည်းတာကြောင့်သွေးတွင်းသကြားဓါတ်ကျဆင်းနိုင်ပါတယ်။

💧စိတ်ဖိစီးခြင်း

စိတ်ဖိစီးတဲ့ အခါ ခန္ဓာကိုယ်က အာရုံကြော တွေရဲ့ လှုပ်ရှားမှု ကလည်း လွန်ကဲလာပါတယ်။ နှလုံးခုန်တွေ မြန်လာပြီး လက်လည်း တုန်တတ်ပါတယ်။ ဒါကတေ့ာ အသက်ရှူလေ့ကျင့်ခန်းဖြစ်ဖြစ်၊ တရားထိုင်တာ ဖြစ်ဖြစ် တစ်နည်းနည်းနဲ့ စိတ်ဖိစီးမှုကို ဖြေလျော့လိုက်တဲ့ အခါ ပြန်ပြေပျောက်သွားမှာပါ။

💧မှီဝဲနေကျ ဆေးဝါးများကြောင့် လက်တုန်နေခြင်း

လက်တုန် ခြင်းက စိတ်ကျန်းမာရေး ဆိုင်ရာ ဆေးတွေ၊ အတက်ရောဂါ၊ ခေါင်းတစ်ခြမ်း ကိုက်ခြင်း၊ အာရုံကြော ရောဂါ၊ ပန်းနာရင်ကျပ် တို့လိုရောဂါတွေ အတွက် သောက်သုံးရတဲ့ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်နေတတ်ပါတယ်။

💧ဗီတာမင်တစ်မျိုးမျိုး ချို့တဲ့နေခြင်း

အာရုံကြောစနစ် ကျန်းမာရေးအတွက် B12 ရဲ့အခန်းကဏ္ဍ က ကြီးမားပါတယ်။ အသား ၊ကြက်ဥ သိပ်မစားရင် ဒါမှမဟုတ် နွားနို့ မသောက်ရင်၊ ဗီတာမင် B12 ကြွယ်ဝတဲ့ အစားအစာတွေ မစားရင် အားနည်းနိုင်ပါတယ်။ ဗီတာမင် B12 ချို့တဲ့တဲ့ အခါ လက်တုန် တာ၊ ခြေလက်တွေ ထုံကျဉ်တာ၊ အားနည်းတာတွေ ဖြစ်တတ်ပါတယ်။

ကဲ တကယ်လို့များ သင် လက်တွေတုန်နေပြီဆိုရင် ဘာကြောင့်တုန်နေတာလဲဆိုတာကို အရင်ဆန်းစစ်ကြည့်ပါရောဂါတစ်ခုခုနဲ့ဆက်စပ်နေမယ်လို့ သံသယရှိရင်တော့ တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နဲ့ပြသသင့်ကြောင်း အကြံပေးလိုပါတယ်
Credit to Healtppy

🙏 မင်္ဂလာပါခင်ဗျာ🙏 ဘိုးဘိုးဘွားဘွားတို့တွင် ဖြစ်တတ်သည့် dementia ရောဂါနှင့် ပတ်သက်သောဗဟုသုတလေးများကို ဝင်း ၂၄နာရီ​ဆေးခန်...
23/01/2023

🙏 မင်္ဂလာပါခင်ဗျာ🙏
ဘိုးဘိုးဘွားဘွားတို့တွင် ဖြစ်တတ်သည့် dementia ရောဂါနှင့် ပတ်သက်သောဗဟုသုတလေးများကို ဝင်း ၂၄နာရီ​ဆေးခန်းမှ မိဘပြည်သူများအတွက် ဝေမျှလိုက်ရပါတယ်ခင်ဗျာ။

ကိုယ့်ရဲ့မိသားစုထဲက အသက်ကြီးကြီး လူကြီးသူမတွေ မှတ်ဉာဏ်မကောင်းတာ၊ မှတ်ဉာဏ်တွေ မေ့လျော့လာတာကို ကြုံဖူး၊တွေ့ဖူးကြမှာပါ။

ဒါဟာ Dementiaရောဂါလက္ခဏာပဲ ဖြစ်ပါတယ်။ ဒီရောဂါဖြစ်တဲ့သူဟာဆိုရင် သူ့ရဲ့ဦးနှောက်က ကောင်းကောင်းအလုပ်မလုပ်တော့ဘဲ စိတ်တွေရှုပ်ထွေးလာမယ်။ မေ့တတ်လာမယ်။ ဒါကြောင့် အပြင်လောကကြီးနဲ့ အဆက်အသွယ်ပြတ်တောက်သွားမယ်။ ဒီရောဂါဟာ အသက် ၆၅နှစ်အောက်မှာ ဖြစ်တတ်တာရှားပြီးတော့ အသက်၈၀နဲ့အထက်တွေမှာ အဖြစ်များပါတယ်။

Dementiaရောဂါဟာ ဖြည်းဖြည်းချင်း အစပျိုးတဲ့ရောဂါ ဖြစ်ပါတယ်။ ဒါကြောင့် ရောဂါအစပျိုးတဲ့ စောစောစီးစီးအဆင့်မှာဆိုရင်‌တော့ လက္ခဏာတွေက မထင်ရှားပါဘူး။ ရောဂါလက္ခဏာတွေ ထင်ထင်ရှားရှားပေါ်လာဖို့ အချိန်တစ်ခုကြာပါတယ်။

ဘာကြောင့်ဖြစ်လာရတယ်ဆိုတာကတော့ မသေချာပါဘူး။ ဒါပေမယ့် ဦးခေါင်းကို ထိခိုက်ဒဏ်ရာရတာ၊ အရက်အလွန်အကျွံသောက်သုံးတာ၊ တချို့သောဆေးဝါးတွေနဲ့ ဦးနှောက်ရဲ့ သွေးကြောတွေကျဥ်းတာတို့ကနေလည်း Dememtiaဖြစ်နိုင်တာတွေ့ရပါတယ်။ တခါတလေမှာတော့ Dememtiaရောဂါဟာ မျိုးရိုးလိုက်တတ်ပါတယ်။

ဆက်ပြီးတော့ အဖြစ်များတဲ့ Dememtia‌ရောဂါအမမျိုးအစားတစ်ခုကို ဖော်ပြပေးကြပါတယ်။ ဒါကတော့ အများခေါ်ဆိုနေကြတဲ့ အယ်ဇိုင်းမား (Alzheimer’s disease)လို့ခေါ်တဲ့ ရောဂါပဲ ဖြစ်ပါတယ်။

ဘာကြောင့်ဖြစ်လဲဆိုတာတော့ ပြောရခက်ပါတယ်။

ဘယ်အသက်အရွယ်မှာမဆို ဖြစ်နိုင်ပေမယ့် အသက်၆၅နှစ်အောက်မှာ ဖြစ်တယ်ဆိုရင်တော့ presenile dementia လို့ခေါ်ပါတယ်။

တခါတရံမှာတော့ မျိုးရိုးလိုက်တတ်ပါတယ်။

ဒီအယ်ဇိုင်းမားရောဂါဟာဆိုရင် Parkinson’s disease, Down’s syndromeတို့လို ရောဂါရှိတဲ့သူတွေမှာ အဖြစ်များတာ တွေ့ရပါတယ်။

နောက်ထပ်အဖြစ်များတဲ့ Dementiaအမျိုးအစားကတော့ vascular dementiaပဲ ဖြစ်ပါတယ်။ ဒီအမျိုးအစားကတော့ ဦးနှောက်ကသွေးကြောလေးတွေမှာဖြစ်တဲ့ ရောဂါကြောင့် ခဏခဏလေဖြန်းရာကနေဖြစ်တဲ့ Dementiaပဲ ဖြစ်ပါတယ်။

ရောဂါလက္ခဏာတွေက ဘာလဲ?

အဓိက လက္ခဏာကတော့ လောလောလတ်လတ် ဖြစ်ပွားနေတဲ့ ကိစ္စတွေကို မမှတ်မိတာပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နာရီပိုင်းအတွင်းက ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို မမှတ်မိတာမျိုးပါ။ ဒါပေမယ့် ဟိုအရင်အတိတ်က ကိစ္စတွေကိုတော့ မှတ်မိပါတယ်။

ဒါ့အပြင်...

- ဘေးပတ်ဝန်းကျင်ကို စိတ်ပါဝင်စားမှု မရှိတော့တာ

- ပစ္စည်းတွေ နေရာအထားမှားတာ

- အပြောအဆိုတွေ အမှားအယွင်းဖြစ်တာ ( စကားလုံးရွေးချယ်ပြောဆိုနိုင်မှု အားနည်းလာတာ)

- အရင်က လုပ်ကိုင်နေကျ လုပ်ငန်းဆောင်တာတွေလုပ်ဖို့ ခဲယဥ်းလာတာ

- အချိန်၊ နေရာတွေ မသိတော့တာ

- ဆုံးဖြတ်နိုင်စွမ်း လျော့နည်းလာတာ

- အကျင့်စရိုက်တွေတွေ ပြောင်းလဲလာတာ ( ဥပမာ - သံသယဝင်လာတာ၊ ‌‌ဒေါသထွက်လာတာ၊ ဟာသဉာဏ်စွမ်းရည်တွေ လျော့နည်းလာတာ၊ အများသူငါနဲ့ပူးပေါင်းဆောင်ရွက်မှု မလုပ်နိုင်တော့တာ )

- စိတ်ခံစားချက်တွေ၊ အပြုအမူတွေပြောင်းလဲတာ ( ဥပမာ - စိတ်အပြောင်းအလဲမြန်တာ၊ စိတ်ရှုပ်ထွေးတာ၊ ဂနာမငြိမ်တာ)

- တစ်ကိုယ်ရေ သန့်ရှင်းမှုဆိုင်ရာတွေ အားနည်းလာတာ၊ မိမိဘာသာ လုပ်ဆောင်နိုင်စွမ်း မရှိတာ အစရှိတာတွေ ခံစားရနိုင်ပါတယ်။

ရောဂါခံစားရသူဟာ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော မတည်ငြိမ်မှုတွေ ခံစားရနိုင်ပါတယ်။ မိသားစုဝင်တွေအနေနဲ့လည်း ကိုယ်ချစ်ရတဲ့ မိသားစုဝင်ရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းလာတာ၊ အပြုအမှုတွေ ရုန့်ရင်းကြမ်းတမ်းလာတာ၊ သူများတွေအပေါ် စိတ်ဝင်စားမှု လျော့နည်းလာတာ စတဲ့လက္ခဏာတွေ ခံစားရတာကြည့်ပြီး တော်‌တော်လေး စိတ်မကောင်း ဖြစ်ရပါတယ်။

Dementiaက ဘယ်လောက် အဖြစ်များလဲ?

လူတစ်ယောက်က အသက်အရွယ်ကြီးရင့်လာပြီဆိုတာနဲ့ dementiaဖြစ်နိုင်ချေ ပိုများလာတာပါပဲ။ အသက် ၆၅နှစ်နဲ့အထက် လူ ၁၀ယောက်မှာ ၁ယောက်၊ အသက် ၈၀အရွယ် လူ၅ယောက်မှာ ၁ယောက်၊ အသက် ၁၀၀အရွယ်မှာ ဆိုရင်တော့ လူ၁၀ယောက်မှာ ၃ယောက်လောက်အထိ အဖြစ်များတဲ့ရောဂါဖြစ်ပါတယ်။

Dementiaရောဂါရှိခြင်းကြောင့် တခြားဘာအန္တရာယ်တွေရှိနိုင်လဲ?

ပတ်ဝန်းကျင်ကို စိတ်ဝင်စားမှုအားနည်းတာ၊ အာရုံမစိုက်နိုင်တာတို့ကြောင့် အိမ်တွင်းမှာဖြစ်နေရင်တောင် မီးအန္တရာယ်၊ ရေနွေးပူလောင်တာ၊ ဓားနဲ့ထိခိုက်မိတာ အစရှိတဲ့ မတော်တဆမှုတွေ ဖြစ်ပွားနိုင်ပါတယ်။

အပြင်ထွက်တာအခါမျိုးတွေမှာဆိုလည်း လမ်းဖြတ်ကူးတာ၊ ကားမောင်းတာ အစရှိတဲ့အချိန်မျိုးတွေမှာ အမြင်အာရုံ၊ အကြားအာရုံ လျော့ကျနေတာကြောင့် အန္တရာယ်ဖြစ်နိုင်ပါတယ်။

ဒါကြောင့် Dementiaရှိတဲ့သူတွေကို မော်တော်ယာဥ်တွေ မမောင်းစေအောင် ဂရုပြုပေးဖို့ လိုအပ်ပါတယ်။

သေချာ အနီးကပ် ဂရုစိုက်ပေးမယ့်သူမရှိရင် ကာယကံရှင်တွေက ကောင်းကောင်းလည်း မစားနိုင်၊ မိမိကိုယ်ကိုယ်လည်း ဂရုမစိုက်နိုင်၊ တစ်ကိုယ်ရေသန့်ရှင်းမှုလည်းမရှိတော့တာကြောင့် အရေပြားရောဂါတွေ၊ ရောဂါပိုးကူးစက်ဝင်ရောက်တာတွေအထိ ဖြစ်တတ်ပါတယ်။

ဘယ်လို ကုသနိုင်လဲ?

ကိုယ့်ရဲ့မိတ်ဆွေ၊ မိသားစုမှာ Dementiaရှိတယ်လို့ သံသယရှိခဲ့ရင် ဒါကို စစ်ဆေးဖို့အတွက် ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်။

လုံးဝ ကုသပျောက်ကင်းနိုင်တာတော့ မဟုတ်ပေမယ့် လက္ခဏာတွေကို သက်သာစေတဲ့ ဆေးတွေပေါ်ထွက်နေတာကြောင့် အချိန်တစ်ခုအထိ ဆရာဝန်နဲ့ စနစ်တကျ တိုင်ပင်ပြသဖို့တော့ လိုပါတယ်။

အကောင်းဆုံး ကုသနည်းကတော့ မိသားစုဝင်တွေက ဝေဒနာသည်ကို ကိုယ်တိုင် နွေးနွေးထွေးထွေးနဲ့ အနီးကပ် ဂရုစိုက်ပေးဖို့ပဲ ဖြစ်ပါတယ်။

မိသားစုဖြစ်စေ၊ မိတ်ဆွေသူငယ်ချင်းဖြစ်စေ၊ ရောဂါကုသပေးတဲ့ ဆရာဝန်၊ သူနာပြုတွေရဲ့ ဂရုစိုက်ပေးမှုကို အထူးလိုအပ်လှပါတယ်။

Dementiaဝေဒနာရှင်တွေဟာ သူတို့ရဲ့ကိုယ်ပိုင်အိမ်လိုမျိုး ရင်းနှီးနေကျပတ်ဝန်းကျင်တစ်ခုမှာဆိုရင် ‌လက္ခဏာတွေ သက်သာတာကို တွေ့ရပါတယ်။

သူတို့ရဲ့ နေ့စဥ်လုပ်ငန်းဆောင်တာ၊ ဆေး အစားအသောက်နဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုတွေအပေါ် ဂရုတစိုက် လုပ်ဆောင်ပေးဖို့၊ ကူညီပေးဖို့ အရေးကြီးပါတယ်။

ဒါ့အပြင် မိမိရဲ့ ပတ်ဝန်းကျင်က အယ်ဇိုင်းမား ဝေဒနာရှင်တွေကို ကူညီစောင့်ရှောက်ပေးတဲ့ support groupတွေနဲ့ ဆက်သွယ်ထားဖို့၊ လိုအပ်ရင် အကူအညီယူဖို့လည်း အရေးကြီးပါတယ်။

ဒီလောက်ဆို Dementiaနဲ့ ပတ်သက်ပြီး ဗဟုသုတအချို့ သိရှိပြီးဖြစ်တယ်လို့ ထင်ပါတယ်။ မိမိရဲ့ မိသားစု မိတ်ဆွေဆွေထဲမှာဖြစ်စေ၊ ပတ်ဝန်းကျင်မှာဖြစ်စေ Dementiaရောဂါရှင်များတွေ့ခဲ့ရင် နွေးနွေးထွေးထွေး ကူညီဂရုစိုက်ပေးဖို့ တိုက်တွန်းပါရစေ

Crd:Tele Health

🙏 မင်္ဂလာပါခင်ဗျာ🙏ကလေးမိဘတို့ အ​မေးများသည့် ကလေးဝမ်းချုပ်ခြင်းနှင့်ပတ်သက်၍ သိသင့်​သောဗဟုသုတလေးများကို ဝင်း ၂၄နာရီ​ဆေးခန်...
22/01/2023

🙏 မင်္ဂလာပါခင်ဗျာ🙏
ကလေးမိဘတို့ အ​မေးများသည့် ကလေးဝမ်းချုပ်ခြင်းနှင့်ပတ်သက်၍ သိသင့်​သောဗဟုသုတလေးများကို ဝင်း ၂၄နာရီ​ဆေးခန်းမှ မိဘပြည်သူများအတွက် ဝေမျှလိုက်ရပါတယ်ခင်ဗျာ။

ကလေးဝမ်းချုပ်လျှင် -

ကလေးတွေမှာ မွေးကင်းစကစပြီး ဝမ်းချုပ်နိုင်ပါတယ်။ ဝမ်းချုပ်တယ်ဆိုတာ ရက်အတော်တော်များများကြာမှ ဝမ်းတစ်ခါသွားတာဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ်ဝမ်းသွားတဲ့အချိန်မှာအရမ်းမာတဲ့အတွက် နာတာ၊ သွေးပါတာ ဖြစ်ချင်ဖြစ်ပါမယ်။ တချို့ကလေးတွေကတော့ဝမ်းချုပ်တဲ့ကြားထဲက ဝမ်းအရည်လေးတွေ တစ်နေ့လုံး နည်းနည်းစိမ့်ထွက်နေတတ်ပါတယ်။

ကလေးအများစု ဝမ်းချုပ်တာဟာ ရောဂါကြောင့်မဟုတ်ဘဲအစားအသောက်၊ အနေအထိုင်၊ အမူအကျင့် ပုံမမှန်လို့ ဖြစ်တာများပါတယ်။ အနည်းစုမှာသာ ရောဂါတစ်ခုခုကြောင့်ဖြစ်တတ်ပါတယ်။

👉. ဝမ်းချုပ်ရတဲ့အကြောင်းရင်းများ

ဝမ်းချုပ်ရတဲ့အကြောင်းရင်း တစ်ခုကတော့ ကလေးတွေကဝမ်းသွားချင်စိတ်ကိုထိန်းထားလို့ဖြစ်ပါတယ်။ ကစားမက်နေလို့ပဲဖြစ်ဖြစ်၊ ကျောင်းမှာအကြောင်းအမျိုးမျိုးကြောင့်အိမ်သာမသွားချင်လို့ပဲဖြစ်ဖြစ် ဝမ်းကိုထိန်းထားတတ်ပါတယ်။ ဝမ်းမသွားဘဲထိန်းထားလေလေ၊ ဝမ်းကအူလမ်းကြောင်းထဲမှာပိုကြာလာလေလေ၊ ပိုမာလေ၊ ပိုပြီးပါရခက်လေဖြစ်ပါတယ်။အဲဒီအခါနာလာတော့ ဝမ်းသွားရမှာပိုကြောက်လာပါတယ်။

ကလေးကိုပုံမှန်ဝမ်းသွားဖို့ အတင်းကျင့်ပြန်ရင်လည်းကလေးကဒါကိုဆန့်ကျင်ပြီးဝမ်းသွားချင်စိတ်လျော့နည်းတတ်ပါတယ်။ဝမ်းချုပ်တတ်ပါတယ်။

ကလေးအစားအသောက်မှာအသီးအနှံ၊အမျှင်ဓာတ်၊အရည် များများမပါရင်ဘဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ပုံမှန်အရည်များတဲ့အစာကိုအဓိကကျွေးနေရာက အဖတ်များတဲ့အစာကို တိုက်ရိုက်၊မြန်မြန် အပြောင်းအလဲလုပ်ရင်ပဲဖြစ်ဖြစ် ဝမ်းတအားမာ၊ ဝမ်းချုပ်လာပါတယ်။

ကိုယ်လက်လှုပ်ရှားအားကစားနည်းပြီး အထိုင်များတဲ့ကလေးတွေ၊ တစ်နေကုန် တီဗွီ၊ ဖုန်း၊ဂိမ်းတွေရှေ့မှာပဲ အချိန်ကုန်နေတဲ့ကလေးတွေဟာလည်း ဝမ်းချုပ်တတ်ပါတယ်။

ပတ်ဝန်းကျင်အပြောင်းအလဲ ဥပမာ- နေအိမ်ပြောင်းတယ်၊ ခရီးထွက်တယ်၊ ကျောင်းစထားတယ် စသည်တို့မှာလည်း ဝမ်းချုပ်တတ်ပါတယ်။ ကလေးမှာ စိုးရိမ်သောကသိပ်များနေရင်လည်းဝမ်းချုပ်တတ်ပါတယ်။

ဝမ်းချုပ်တာဟာ မျိုးရိုးလည်း လိုက်တတ်ပါတယ်။

ရောဂါတွေကြောင့်ဝမ်းချုပ်တဲ့အကြောင်းရင်းတွေထဲမှာ အူလမ်းကြောင်းနဲ့ပတ်သက်တဲ့ရောဂါတွေ၊ သိုင်းရွိုက်ဟော်မုန်းချို့တဲ့ရောဂါနဲ့ အချို့သောဦးနှောက်အာရုံကြောရောဂါတွေပါဝင်ပါတယ်။

👉 ဝမ်းမချုပ်ရန်ဘယ်လိုကာကွယ်မလဲ?

(၁) အစားအသောက်ဖြင့်ကုသပါ။ အသီးအနှံများများကျွေးပါ။ ထမင်းကျွေးလျှင်ဟင်းရည်များများ၊ ချဉ်ရည်ဟင်းစသည်တို့နဲ့ကျွေးနိုင်ပါတယ်။ လတ်ဆတ်သောသစ်သီးဖျော်ရည် ဥပမာ- လိမ္မော်ရည်၊မန်ကျည်းဖျော်ရည် စသည်တို့တိုက်နိုင်ပါတယ်။

(၂) ရေများများသောက်ပါ။

(၃) ကိုယ်လက်လှုပ်ရှားအားကစားမှန် မှန်ပြုလုပ်ပေးပါ။

(၄) ကလေးအနေအထားအရ တစ်နေ့တစ်ကြိမ်သို့မဟုတ်နှစ်ကြိမ်ခန့် အစာစားပြီးတိုင်း/အိပ်ရာဝင်/အိပ်ရာထ အိမ်သာပုံမှန်ထိုင်တတ်ရန် ကျင့်ပေးပါ။ အဲဒီအချိန်မှာ ကလေးသက်တောင့်သက်သာရှိရန်အရေးကြီးပါတယ်။ အိမ်သာ/ခွက်ပေါ်ထိုင်နေစဉ် ကလေးခြေထောက်အောက်မှာလွတ်မနေဖို့လဲ အရေးကြီးပါတယ်။ အတင်းအကျပ်မလုပ်ခိုင်းပါနဲ့။ ထိုသို့ပုံမှန်ကြိုးစားမှုအတွက်လည်းကလေးကိုအသိအမှတ်ပြုပါ၊ ဆုချပါ။

(၅) ဝမ်းသွားချင်စိတ်ရှိလာလျှင် ချက်ချင်းသွားဖို့ကလေးကိုတိုက်တွန်းရှင်းပြပါ။

(၆) ပုံမှန် အစားအသောက်၊ အနေအထိုင်၊ အမူအကျင့်ပြောင်းလဲခြင်းများနှင့် မရဘဲ ဆက်လက်ဝမ်းချုပ်နေရင်တော့ Lactulose လို့ခေါ်တဲ့ဆေးတစ်မျိုးတိုက်ကျွေးနိုင်ပါတယ်။ ဒီဆေးကိုလသားအရွယ်မှစ၍တိုက်ကျွေးနိုင်ပြီး ပမာဏအနည်းအများကိုတော့ ကလေးဝမ်းသွား၊ဝမ်းချုပ်တဲ့အပေါ်မူတည်ပြီးအပြောင်းအလဲလုပ်တိုက်ကျွေးရပါတယ်။ ချက်ချင်းအာနိသင် မလာတတ်ပါ။

Lactulose -
၁ နှစ်အောက် - 2.5 ml
၁နှစ်မှ ၅နှစ် - 2.5 မှ 10 ml
၅ နှစ်အထက် - 5 မှ 20 ml
၁-၂ ကြိမ် တိုက်ကြည့်ပါ

ဝမ်းအနေအထားကြည့်ပြီး အတိုးအလျှော့လုပ်ပါ။

👉 ဘယ်ချိန်မှာဆရာဝန်နဲ့ပြသတိုင်ပင်သင့်သလဲ?
- မွေးကတည်းကစပြီး ဝမ်းချုပ်လျှင်၊အထူးသဖြင့်မွေးပြီးနှစ်ဆယ့်လေးနာရီအတွင်း ငယ်ချေးမပါလျှင်
- ဝမ်းထဲသွေးပါလျှင်၊
- ဗိုက်အရမ်းဖောင်းတင်းကားနေလျှင်၊
- ဆီးပိုးဝင်တာနဲ့ တွဲဖြစ်လျှင်၊
- ကိုယ်အလေးချိန်ကျလာလျှင်
- အထိုင် အထ လမ်းလျှောက် စကားပြောနောက်ကျလျှင်

ခြုံပြီးပြောရလျှင် ဝမ်းချုပ်တဲ့ကလေးအများစုဟာပုံမှန်ပါ။သူတို့ရဲ့အစားအသောက်၊ အနေအထိုင်၊ အမူအကျင့်ကိုပြုပြင်ပေးရင်အများစုဟာအဆင်ပြေပါတယ်။ဝမ်းချုပ်ပေမယ့်ကလေးအတွက် မနာမကျင်၊ သက်သောင့်သက်သာရှိနေရင် နေ့တိုင်းမသွားလည်း မစိုးရိမ်ပါနဲ့။

Crd

ေးကျန်းမာသိကောင်းစရာ

🙏 မင်္ဂလာပါခင်ဗျာ🙏 ​ဆောင်းရာသီတွင်အဖြစ်များသော ထိပ်ကပ်နာနှင့် ပတ်သက်၍ သိသင့်​သောဗဟုသုတလေးများကို ဝင်း ၂၄နာရီ​ဆေးခန်းမှ မ...
19/01/2023

🙏 မင်္ဂလာပါခင်ဗျာ🙏
​ဆောင်းရာသီတွင်အဖြစ်များသော ထိပ်ကပ်နာနှင့် ပတ်သက်၍ သိသင့်​သောဗဟုသုတလေးများကို ဝင်း ၂၄နာရီ​ဆေးခန်းမှ မိဘပြည်သူများအတွက် ဝေမျှလိုက်ရပါတယ်ခင်ဗျာ။

#ထိပ်ကပ်နာ သို့မဟုတ် နှာခေါင်းနှင့်နှာခေါင်းဘေးလေးအိတ်ရောင်ရောဂါ ဆိုတာ ဘာလဲ?

နှာခေါင်းနှင့် နှာခေါင်းဘေးလေအိတ်တွေရောင်ရမ်းပြီး အောက်ပါလက္ခဏာများထဲမှ ၂ခု သို့မဟုတ် ၂ခုနှင့်အထက်ရှိလျှင် ထိပ်ကပ်နာရောဂါဟု သတ်မှတ်နိုင်ပါသည်။
- နှာခေါင်းပိတ်ခြင်း၊
- နှာရည်ရည်ယိုခြင်း၊ နှပ်ပုတ်ကျခြင်း၊
- ခံတွင်းထဲတွင် နှာရည်များကျခြင်း၊
- မျက်နှာ နာခြင်း၊တင်းခြင်း၊
- အနံ့ပျောက်ခြင်း၊ အနံ့ရတာနည်းခြင်း စသည်တို့ဖြစ်ပါသည်။

#ထိပ်ကပ်နာကို
- ကာလတိုထိပ်ကပ်နာရောဂါနှင့်
- ကာလရှည်ထိပ်ကပ်နာရောဂါဟူ၍ ၂ပိုင်းခွဲနိုင်ပါသည်။

# ထိပ်ကပ်နာ ဘာကြောင့်ဖြစ်သနည်း။

- ဗိုင်းရပ်စ်
- ဘက်တီးရီးယား
- မှိုပိုး
- မွေးရာပါနှာခေါင်းဖွဲ့စည်းပုံ ပုံမမှန်ခြင်း
(သို့မဟုတ်) နှာခေါင်းဒဏ်ရာရ၍ နှာခေါင်းဖွဲ့စည်းပုံ ပုံမမှန်ခြင်း၊
- နှာခေါင်းတွင်း အသားပိုများရှိ‌နေခြင်း၊
- ကိုယ်ခံအားကျဆင်းနေခြင်း တို့ကြောင့် ထိပ်ကပ်နာဖြစ်နိုင်ပါသည်။

#ထိပ်ကပ်နာ‌ရောဂါကို ဘယ်လိုကုကြမလဲ?

- သောက်ဆေးများနှင့်ကုသခြင်း၊
- နှာခေါင်းဖြန်းဆေးများနှင့်ကုသခြင်း၊
- နှာ‌ခေါင်းကို ဆားရည်ဖြင့် ဆေးခြင်း၊
- ရေနွေးငွေ့ရှူခြင်းများပြုလုပ်နိုင်ပါသည်။

#သောက်ဆေး၊ ဖြန်းဆေးများဖြင့်ကုသ၍ မသက်သာလျှင် ဘာလုပ်သင့်ပါသလဲ?

- နှာခေါင်းတွင်းအသားပိုရှိ၊ မရှိ၊
- နှာခေါင်းရိုးကောက်ခြင်း ရှိ၊ မရှိ၊
- နှာသီးဘုများရောင်၍ ပိတ်ခြင်း ရှိ၊ မရှိ
သေချာသိရှိနိုင်ရန် (Nasoscopy) နှာခေါင်းတွင်းကြည့်မှန်ပြောင်းဖြင့် စမ်းသပ်ကြည့်ရှူနိုင်ပါသည်။

#အထက်ပါလက္ခဏာများနှင့်တွဲ၍ ထိပ်ကပ်နာရောဂါဖြစ်နေပါက လိုအပ်လျှင် ခွဲစိတ်ကုသရပါသည်။

#ဘယ်လိုကာကွယ်နိုင်မလဲ?

- ထိပ်ကပ်နာရောဂါသည် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုးများကြောင့် အဖြစ်များသည်ဖြစ်ရာ
*တစ်ကိုယ်ရည်သန့်ရှင်းကို ဂရုစိုက်ခြင်း၊
*လက်ကိုဆပ်ပြာနှင့်သေချာဆေးခြင်း၊
*နှာခေါင်းစည်းမျက်နှာဖုံးတပ်ဆင်ခြင်း၊
*ခြင်ဆေးငွေ့၊ မီးခိုးငွေ့များကိုရှောင်ကြဉ်ခြင်း၊
*ဆေးလိပ်မသောက်ခြင်း၊
*အပူ၊ အအေးမျှတအောင်နေထိုင်ခြင်း၊
*ကိုယ်ခံအား ကောင်းအောင်နေထိုင်၊ စား‌‌သောက်ခြင်းဖြင့် တတ်နိုင်သမျှ ကာကွယ်နေထိုင်သင့်ပါသည်။

#အားလုံးပဲ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေရှင်။

Crd
#ဒေါက်တာခင်ဇာနည်မွန်
နား၊နှာခေါင်း၊လည်ချောင်း၊ဦးခေါင်းနှင့်လည်ပင်းခွဲစိတ်အထူးကုဆရာဝန်

🙏 မင်္ဂလာပါခင်ဗျာ🙏 အစာမကြေ လေပွလေကယ်ခြင်းနှင့်ပတ်သက်၍သိသင့်​သောဗဟုသုတလေးများကို ဝင်း ၂၄နာရီ​ဆေးခန်းမှ မိဘပြည်သူများအတွက်...
18/01/2023

🙏 မင်္ဂလာပါခင်ဗျာ🙏
အစာမကြေ လေပွလေကယ်ခြင်းနှင့်ပတ်သက်၍
သိသင့်​သောဗဟုသုတလေးများကို ဝင်း ၂၄နာရီ​ဆေးခန်းမှ မိဘပြည်သူများအတွက် ဝေမျှလိုက်ရပါတယ်ခင်ဗျာ။
🍬🍬🍬🍬🍬🍬🍬🍬🍬

အစာမကြေ လေပွလေကယ် ဖြစ်တဲ့အခါ
အစာစားပြီးချိန်မှာ အစာမကြေ လေပွလေကယ်ဖြစ်ပြီး ဗိုက်ထဲ အီလည်လည်ဖြစ်တတ်တဲ့လက္ခဏာဟာ လူဦးရေ ၃၀% လောက်မှာ ခံစားရတတ်တယ်လို့ ဆိုပါတယ်။

အောက်ဖော်ပြပါလက္ခဏာတွေထဲက တစ်ခုနဲ့အထက်ရှိရင် အစာမကြေ လေပွလေကယ်ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
● အစာအိမ်လမ်းကြောင်းမှာ မီးစနဲ့ထိုးသလို ပူလောင်ခြင်း
● အစာစားပြီးနောက်မှာ တအားပြည့်အင့်နေခြင်း
● စားနေရင်း ခဏလေးနဲ့ ဗိုက်ပြည့်မြန်ခြင်း
● အစာခြေလမ်းကြောင်းမှာ နာကျင်ခြင်း
● လေပွတာ၊ ပျို့တာမျိုးလည်း ရှိနိုင်ပါတယ်။
အများကြီးမစားမိဘဲနဲ့လည်း ဒီလက္ခဏာတွေ ခံစားရနိုင်ပါတယ်။
>> အများဆုံးဖြစ်လေ့ရှိတဲ့ အကြောင်းရင်းတွေကတော့ -
● အစားအသောက်
● ဆေးလိပ်သောက်ခြင်း
● အဝလွန်ခြင်း
● စိတ်ဖိစီးမှုများခြင်း စတာတွေကြောင့် ဖြစ်ပါတယ်။
ဒါ့အပြင် အစာအိမ်အချဉ်ပြန်ရောဂါ၊ အစာအိမ်အူသိမ်အနာ၊ အစာအိမ်ကင်ဆာ၊ အကိုက်အခဲပျောက်ဆေးနဲ့ ပိုးသတ်ဆေးတချို့၊ အဝလွန်ခြင်း၊ မုန့်ချိုအိတ်ရောင်ခြင်း၊ သည်းခြေကျောက်တည်ခြင်း၊ အသည်းရောဂါ၊ အစာအိမ်ရောင်ခြင်း၊ H.pylori ပိုးဝင်ခြင်းနဲ့ အခြားအူလမ်းကြောင်းရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
>> ကုသနည်းများ
ကုသနည်းတွေကတော့ ဖြစ်စေတဲ့အကြောင်းရင်းနဲ့ ဘယ်လောက်ဆိုးလဲပေါ်မှာ မူတည်ပါတယ်။ အောက်ခံအကြောင်းရင်းကို ကုသလိုက်ရင် သက်သာသွားတတ်ပါတယ်။
လက္ခဏာအပျော့စားဆိုရင်တော့ ဒီနည်းလမ်းလေးတွေနဲ့ သက်သာပျောက်ကင်းနိုင်ပါတယ်။
● အကြော်အလှော်တွေ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချောကလက်စတဲ့ ပိုဆိုးစေတဲ့ အစားအသောက်တွေကို ရှောင်ခြင်း
● ဆိုဒါအစား ရေသောက်ခြင်း
● ကဖိန်း၊ အရက်ကို ရှောင်ခြင်း
● နည်းနည်းနဲ့ မကြာမကြာ စားပေးခြင်း
● ဖြည်းဖြည်းစားပေးခြင်း
● သင့်တင့်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း
● အင်္ကျီအကျပ်ဝတ်တာကို ရှောင်ခြင်း
● အိပ်ရာမဝင်ခင် ၃ နာရီအလိုမှာ အစာမစားတော့ခြင်း
● အိပ်ရာခေါင်းရင်းကိုမြှင့်ခြင်း
● ဆေးလိပ်ဖြတ်ခြင်း
ရောဂါလက္ခဏာ ပိုဆိုးသူတွေမှာတော့ သေချာစစ်ဆေးကုသမှုတွေ လိုအပ်တာမို့ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်နော်။
Credit: Dr. Mya Phoo Ngon(drmyanmar.com)

🙏 မင်္ဂလာပါခင်ဗျာ🙏 က​လေးကျန်းမာအကြောင်း သိသင့်စရာဗဟုသုတလေးများကို ဝင်း ၂၄နာရီ​ဆေးခန်းမှ မိဘပြည်သူများအတွက် ဝေမျှလိုက်ရပါ...
17/01/2023

🙏 မင်္ဂလာပါခင်ဗျာ🙏
က​လေးကျန်းမာအကြောင်း သိသင့်စရာဗဟုသုတလေးများကို ဝင်း ၂၄နာရီ​ဆေးခန်းမှ မိဘပြည်သူများအတွက် ဝေမျှလိုက်ရပါတယ်ခင်ဗျာ။

👶👶👶👶👶👶👶👶👶👶👶👶👶

ကလေးတစ်ယောက် နေမကောင်းဖြစ်ရင် အောက်ပါအချက်တွေဟာ အရေးကြီးပါတယ်။

(၁) ဘာလက္ခဏာဖြစ်တာလဲ?
(၂) ဘယ်လောက်ဆိုးသလဲ?
(၃) ဘယ်နှစ်ရက်ကြာပြီလဲ?
(၄) တဖြည်းဖြည်းပိုဆိုးလာသလား၊ သက်သာလာသလား?

(၁) ဘာလက္ခဏာဖြစ်တာလဲ?

ကိုယ်ပူတယ်၊ နှာစေးချောင်းဆိုး၊ အန်တယ်၊ ဝမ်းပျက်တယ်၊ နှာခေါင်းသွေးလျှံတယ်၊ ဆီးသွားနည်းတယ်၊ အရေပြားမှာအနာပေါက်တယ်စတာတွေကလက္ခဏာတွေပါ။ အဖြစ်များ၊ သာမန်အတွေ့ရများတဲ့လက္ခဏာတွေဖြစ်ပါတယ်။ ဒီလက္ခဏာတစ်ခုချင်းအလိုက်ကတော့အရေးပေါ်ကုသမှုအတွက်အဆုံးအဖြတ်မပေးပါဘူး။
လက္ခဏာပေါ်မူတည်ပြီးသာမန်ကုသမှုမျိုးတော့ပေးလို့ရပါတယ်။ ဥပမာ- ပါရာစီတမောတိုက်တာမျိုး၊ အအန်ပျောက်ဆေး/နှာစေးပျောက်ဆေးတိုက်တာမျိုး၊ ဓာတ်ဆား/အရည်များများတိုက်တာမျိုးစသည်ဖြင့်ပေါ့။
တနည်းပြောရင် မိဘတွေအတွက်တော့ ဒီအချိန်မှာဒီလက္ခဏာတွေအတွက် ကလေးတွေကိုအိမ်မှာစောင့်ကြည့်ကုသလို့ရပါတယ်။

အထက်ပါသာမန်အတွေ့များတဲ့လက္ခဏာမျိုးမဟုတ်ဘဲ အခြားအန္တရာယ်ရှိနိုင်တဲ့လက္ခဏာမျိုးတွေ ဥပမာ- တက်တယ်၊ ကော်ဖီရောင်အန်တယ်၊ ဝမ်းမှာသွေးပါတယ်၊ အဆစ်ရောင်နေတယ် စသည်တို့ဆိုရင်တော့ဆရာဝန်နဲ့တိုင်ပင်ပြီးကုသမှု၊ စမ်းသပ်မှု ခံယူသင့်ပါတယ်။

(၂) ဘယ်လောက်ဆိုးသလဲ?

ဒီအချက်ကတော့အရေးကြီးပါတယ်။ ဘာလက္ခဏာပဲဖြစ်ဖြစ်အောက်ပါလက္ခဏာတွေပေါ်လာရင်ရောဂါဆိုးတယ်လို့သတ်မှတ်ပါတယ်။ အရေးပေါ်ဆေးရုံဆေးခန်းပြသင့်ပါတယ်။

👉 နို့အဓိကစို့နေတဲ့ကလေးတစ်ယောက်အတွက်ပုံမှန်နို့စို့တာထက်တစ်ဝက်လောက်သိသိသာသာလျော့သွားလျှင် -

ဒီနေရာမှာနို့တစ်ခါနှစ်ခါလောက် မစို့တာလောက်ကိုတော့သိပ်မစိုးရိမ်ပါနဲ့။ သိသိသာသာ၊ အချိန်အတိုင်းအတာတစ်ခု၊ အနည်းဆုံးလေးငါးနာရီလောက်အထိ နို့ကောင်းကောင်းမစို့ဘူးဆိုရင်တော့အရေးကြီးပါတယ်။ နို့သိသိသာသာအစို့နည်းသွားရင် ဆီးလည်းမသွားသလောက်ဖြစ်သွားပါမယ်။

👉 ကလေးအကြီးတွေအတွက်တော့အရည်မဝင်လျှင် -

ဒီနေရာမှာထမင်းမစားတာ၊ အဖတ်မစားတာအရေးမကြီးပါဘူး။ ဒါပေမယ့်အရည်တော့ဝင်ရပါမယ်။ အရည်မသောက်နိုင်လောက်အောင်အရမ်းမှိန်းနေလျှင်အရေးကြီးပါတယ်။

👉 အရမ်းမှိန်းနေမယ်၊ နှိုးရခက်နေမယ်ဆိုလျှင် -

ဒီနေရာမှာသတိထားဖို့တစ်ခုကကလေးတွေဟာအဖျားကြီးရင်တော့မှိန်းတတ်ပါတယ်။ဒါကြောင့်အဖျားကျတဲ့အချိန်မှာစောင့်ကြည့်ဖို့လိုပါတယ်။အဖျားကျသွားတာတောင် ဆက်မှိန်းနေတယ်ဆိုရင်အရေးကြီးပါတယ်။ နှာစေးချောင်းဆိုးပျောက်ဆေးတွေတိုက်ထားလို့အရမ်းအိပ်ငိုက်နေတာလည်း ဖြစ်တတ်ပါတယ်။

တကယ်မှိန်းလာပြီဆိုရင် အခေါ်ရခက်ပါတယ်။နှိုးရခက်တယ်၊ မျက်လုံးမဖွင့်တော့ဘူး၊ တုံ့ပြန်မှုအရမ်းနှေးနေတတ်ပါတယ်။

👉 အသက်ရှူသိသိသာသာမြန်နေလျှင် -

ဒီနေရာမှာလည်း ကလေးတစ်ယောက်အဖျားကြီးနေရင်အသက်ရှူမြန်တတ်ပါတယ်။ ဒါကိုတော့သတိထားဖို့လိုပါတယ်။ ရင်ပတ်အောက်ပိုင်းသိသိသာသာချိုင့်ဝင်အောင်အသက်ရှူနေရင်လည်းပိုအရေးကြီးပါတယ်။

👉 တစ်ကိုယ်လုံးအေးစက်နေလျှင်၊အထူးသဖြင့်လက်ဖျံ၊ လက်မောင်း၊ခြေသလုံး၊ ပေါင်စသည်တို့ အရမ်းအေးစက်ရုံမက ကလေးကလည်း မှိန်းနေလျှင် -

ဒီနေရာမှာလည်း အဖျားအရမ်းကြီးတဲ့အချိန်မှာကလေးတွေရဲ့လက်ဖျားခြေဖျားလေးတွေအေးစက်တတ်ပါတယ်။ ဒါဟာပုံမှန်ပါ။ဒါကြောင့်အဖျားကျနေတဲ့အချိန်မှာ လက်ဖျားခြေဖျားကိုမစမ်းဘဲလက်ဖျံ၊ လက်မောင်း၊ ခြေသလုံး၊ ပေါင်စသည်တို့ကိုစမ်းသပ်ဖို့လိုပါတယ်။

👉 ကလေးရဲ့အသက်အရွယ်အလိုက်ပုံမှန်လုပ်ရမယ့် လုပ်ငန်းဆောင်တာကို ထိခိုက် အနှောင့်အယှက်ဖြစ်လောက်အောင် ဆိုးဝါးလာလျှင် -

ဥပမာ - နို့စို့အရွယ်ကလေးနို့မစို့နိုင်ဖြစ်လျှင်၊ ကစားတဲ့အရွယ်မှာကောင်းကောင်းမကစားတော့ဘူးဆိုရင်၊ ကျောင်းတက်အရွယ်ကလေးကျောင်းတက်ပျက်လာလျှင် အရေးကြီးတယ်လို့သတ်မှတ်ရပါမယ်။

ဒီအမှတ်စဉ် (၂) မှာပြထားတဲ့လက္ခဏာတွေကတော့ရောဂါဆိုးရွားတဲ့လက္ခဏာတွေဖြစ်ပါတယ်။ မိဘတွေအနေနဲ့မိမိသားသမီးဒီလိုလက္ခဏာမျိုးတွေရှိနေပြီဆိုရင်တော့ဆေးရုံဆေးခန်းကိုအမြန်ဆုံးသွားရောက်သင့်ပါတယ်။

၃) ဘယ်နှစ်ရက်ကြာပြီလဲ?

ကလေးတွေမှာ ရောဂါလက္ခဏာပြတဲ့ရက်ကိုထည့်ပြီးစဉ်းစားရတာကဗိုင်းရပ်စ်ပိုးတွေကြောင့်ဖြစ်တတ်တဲ့ရောဂါတွေများလို့ဖြစ်ပါတယ်။သာမန်အားဖြင့်ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့လက္ခဏာတွေဟာ နှစ်ရက်သုံးရက်လောက်ခံစားရပြီးရင်တဖြည်းဖြည်းသက်သာပြီး တစ်ပတ်လောက်ကြာရင်ရောဂါလက္ခဏာပျောက်သွားလေ့ရှိပါတယ်။အကယ်၍ဒီသတ်မှတ်ရက်တွေထက်ပိုပြီးကြာနေရင် အပေါ်ကနံပါတ် (၂) မှာပြထားတဲ့ရောဂါလက္ခဏာဆိုးရွားတဲ့အန္တရာယ်လောက် အရမ်းအရေးမကြီးပေမယ့် ဆရာဝန်တွေနဲ့ပြသတိုင်ပင်သင့်ပါတယ်။ ရောဂါရှာသင့်ပါတယ်။ဥပမာသုံးရက်မြောက်ဖျားလာရင်သွေးလွန်တုပ်ကွေးစစ်တာမျိုး၊ တစ်ပတ်ကျော်အထိဖျားလာရင်တိုက်ဖွိုက်၊ တီဘီရောဂါစစ်တာမျိုးပေါ့။

(၄) တဖြည်းဖြည်းပိုဆိုးလာသလားသက်သာလာသလား?

အမှတ်စဉ် (၃) မှာပြောထားသလိုပဲ ဗိုင်းရပ်စ်တွေကြောင့်အများစုဖြစ်ရတဲ့ရောဂါလက္ခဏာတွေကနှစ်ရက်သုံးရက်လောက်ဖြစ်ပြီးရင် အရာရာတဖြည်းဖြည်းသက်သာလာလေ့ရှိပါတယ်။ ပိုအဖျားကျလာမယ်၊ ပိုလန်းလာမယ်၊ဆော့လာမယ်၊ အစားအသောက်ပိုဝင်လာရပါမယ်။အဲဒီလိုမဟုတ်ဘဲတစ်ရက်ထက်တစ်ရက်ပိုဆိုးလာရင်လည်းဆရာဝန်ပြသင့်ပါတယ်။

ခြုံပြီးပြောရမယ်ဆိုရင် မိဘတွေဟာမိမိသားသမီးရောဂါလက္ခဏာတွေပေါ်လာရင်အထူးသဖြင့်ခုလိုအချိန်မှာ စောင့်သင့်သလား၊ အရေးကြီးသလားဆိုတာကိုခွဲခြားနိုင်ဖို့ ရည်ရွယ်ရေးသားတာ ဖြစ်ပါတယ်။

ေးကျန်းမာသိကောင်းစရာ

🙏 မင်္ဂလာပါခင်ဗျာ🙏အမျိုးသမီးများအ​တွက် သားဆက်ခြားနည်းနှင့် ပတ်သက်သော ဗဟုသုတလေးများကို ဝင်း ၂၄နာရီ​ဆေးခန်းမှ မိဘပြည်သူမျာ...
16/01/2023

🙏 မင်္ဂလာပါခင်ဗျာ🙏
အမျိုးသမီးများအ​တွက် သားဆက်ခြားနည်းနှင့် ပတ်သက်သော ဗဟုသုတလေးများကို ဝင်း ၂၄နာရီ​ဆေးခန်းမှ မိဘပြည်သူများအတွက် ဝေမျှလိုက်ရပါတယ်ခင်ဗျာ။
👪👪👪👪👪👪👪👪👪👪👪👪👪

ကျမ ဘယ်သားဆက်ခြားနည်း သုံးရမလဲ။ ဒါဆေးခန်းကိုလာတဲ့သူအများစုရဲ့ အမေးပါ။

ဘယ်နည်းကို သုံးမလဲဆိုတာ ကိုယ်ဘယ်နည်းနဲ့သင့်တော်မလဲပေါ်မူတည်ပါတယ်။
၁။ ဘယ်လောက်ကြာအောင် ကိုယ်ဝန် တားချင်တာလဲ။

၂။ ဟော်မုန်းပါတာသုံးမှာလား မပါတာသုံးမှာလား ဆိုတဲ့ အဓိကနှစ်ချက်ပေါ်မူတည်ပါတယ်။

(တချို့ အမျိုးသမီးတွေမှာ ကျန်းမာရေး အခြေအနေအရ ဟော်မုန်းပါတဲ့နည်း သုံးမရတာတို့၊ ဟော်မုန်းကို မခံနိုင်တာတို့ ဖြစ်တတ်ပါတယ်။)

ကိုယ်နဲ့ အဆင်ပြေနိုင်မယ့် သန္ဓတားနည်းတွေ ကိုယ်တိုင်ရွေးနိုင်ဖို့ ကိုယ်ဝန်တားနည်းတွေကို အကြမ်းဖျဉ်း ရှင်းပြပါ့မယ်။ (ကိုယ်ဝန်တားဖို့ သိပ်မသေချာတဲ့ ရက်ရှောင်တဲ့ နည်းတို့၊ မြန်မာပြည် ဈေးကွက်ထဲမှာ ရှာရခက်တဲ့ အမျိုးသမီးသုံး ကွန်ဒုံ တို့လို နည်းတွေတော့ ချန်ခဲ့ပါမယ်။)

👶 လက်မောင်းအရေပြားအောက်ထည့် သန္ဓေတားနည်း

အချိန်ကြာကြာ ကိုယ်ဝန်တားချင်သူတွေ၊ ဟော်မုန်းနဲ့ တည့်သည့်သူများ သုံးသင့်ပါတယ်။

၄ စင်တင်မီတာလောက်ရှိတဲ့ ပလစ်စတစ်ချောင်းကလေးကို လက်မောင်းအရေပြားအောက်ထဲ ထည့်ထားတာပါ။ ခန္ဓာကိုယ်ထဲကို ဟော်မုန်းနဲနဲချင်း စိမ့်ထုတ်ပေးပြီး တစ်လတစ်ခါ သားဥကြွေတာ ရပ်သွားစေခြင်းဖြင့် ကလေးမရအောင် ကာကွယ်ပေးပါတယ်။ ရာသီလာတာမမှန်တာ၊ လုံးဝမလာတာမျိုးဖြစ်တတ်ပါတယ်။ အမျိုးအစားပေါ်မူတည်ပြီး ၃ နှစ်မှ ၅နှစ်ထိ ခံတဲ့နည်းဖြစ်လို့ ကလေးမရအောင်ကြာကြာတားချင်တဲ့ အမျိုးသမီးတွေအတွက် သင့်တော်ပါတယ်။ အဲဒါကြောင့် တချို့သန္ဓေတားနည်းတွေလို ဆေးသောက်ဖို့မေ့သွားလို့/ ဆေးထိုးဖို့ ရက်နောက်ကျသွားလို့ ကိုယ်ဝန်ရသွားတာမျိုးပူစရာမလိုပါဘူး။ ကိုယ်ဝန်မရအောင် ၉၉ %ကျော် ကာကွယ်ပေးနိုင်ပါတယ်။

👶 သားအိမ်ထဲထည့် သန္ဓေတားနည်း /IUD

အချိန်ကြာကြာ ကိုယ်ဝန်တားချင်သူတွေ၊ ဟော်မုန်န်းမပါတာ သုံးချင်တဲ့ ူတွေနဲ့ သင့်တော်ပါတယ်။

၃.၅ စင်တီမီတာလောက်ပဲ အရှည်ရှိတဲ့ အင်္ဂလိပ်အက္ခရာ“T” ပုံစံပလပ်စတစ်ချောင်းလေးရဲ့ အမြီးလေးမှာ အပ်ချည်ကြိုးလိုကြိုးစလေးတပ်ထားတာပါ။ ဟော်မုန်းပါတာနဲ့ မပါတာဆိုပြီးနှစ်မျိုးရှိတယ်။
သုံးတဲ့ အမျိုးအစားပေါ်မူတည်ပြီး ၅နှစ်ကနေ ၁၀နှစ်အထိခံပါတယ်။အဲဒါကြောင့် တချို့သန္ဓေတားနည်းတွေလို ဆေးသောက်ဖို့မေ့သွားလို့/ ဆေးထိုးဖို့ ရက်နောက်ကျသွားလို့ ကိုယ်ဝန်ရသွားတာမျိုးပူစရာမလိုပါဘူး။ ကိုယ်ဝန်မရအောင် ၉၉ %ကျော် ကာကွယ်ပေးနိုင်ပါတယ်။

👶 သုံးလခံထိုးဆေး ( ဒက်ပို Depo ထိုးဆး)

အမျိုးသမီး ဟော်မုန်းပါတဲ့ သုံးလတစ်ကြိမ်ထိုးဆေးဖြစ်ပါတယ်။ ရာသီလာတာမမှန်တာ၊ လုံးဝမလာတာမျိုးဖြစ်တတ်ပါတယ်။ ဆေးထိုးတာကြာသွားပြီဆိုရင် ရာသီလုံးဝထိမ်သွားတတ်ပါတယ်။ ကိုယ်အလေးချိန် ပြောင်းတတ်ပါတယ်။ (တချို့က ဝလာပြီး တချို့က ပိန်သွားတတ်ပါတယ်) ဟော်မုန်းကြောင့်ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်မရအောင် ၉၀ %ကျော် ကာကွယ်ပေးနိုင်ပါတယ်။ တချို့ ရောဂါရှိတဲ့သူတွေက ဟော်မုန်းပါတဲ့ နည်းတွေသုံးမရပါဘူး။

သတိပြုရန်။ ။ တချို့ အမျိုးသမီးတွေမှာ ဆေးရပ်ပြီး ကလေးရဖို့ ခြောက်လတစ်နှစ်ပြန်စောင့်ရတတ်ပါတယ်။ အဲဒါကြောင့် ကိုယ်ဝန်ခဏပဲတားပြီး ကလေးအမြန်ပြန်ယူချင်သူတွေ မသုံးသင့်ပါဘူး။

👶 အမျိုးသားသုံး ကွန်ဒုံး

အကြာကြီး ကိုယ်ဝန်တားဖို့ အစီအစဉ်မရှိတဲ့သူတွေ၊ ဟော်မုန်းပါတဲ့ နည်း မသုံးချင်သူတွေ၊ လိင်ဆက်ဆံဖော်များတဲ့သူတွေ၊ လိင်ဆက်ဆံရာကတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကို ကာကွယ်ချင်သူတွေ နဲ့ သင့်တော်ပါတယ်။

အမျိုးသားအင်္ဂါမာနေချိန်မှာ စွပ်ပြီးသုံးရတဲ့ အရမ်းပါးလွှာတဲ့ အစွပ်ကလေးပါ။ လိင်တစ်ခါဆက်ဆံရင် တစ်ခါစွပ်ရတာဖြစ်လို့ အမျိုးသမီးရဲ့ ရာသီစက်ဝန်းကို ထိခိုက်မှု မရှိပါဘူး။ကလေးလိုချင်ရင် တချို့ဟော်မုန်းပါတဲ့နည်းတွေလို ခြောက်လတစ်နှစ်ပြန်စောင့်ရတာမျိုးလည်း မရှိပါဘူး။
ထူးခြားချက်။ ။ လိင်ဆက်ဆံရာမှတစ်ဆင့် ရောဂါတွေမကူးနိုင်အာင် ကာကွယ်ပေးနိုင်တဲ့ တစ်ခုတည်းသော ကိုယ်ဝန်တားနည်းပါ။

👶 သားကြောဖြတ်ခြင်း
သားသမီးပြည့်စုံသွားပြီ။ ကလေးထပ်ယူဖို့လည်း အစီအစဉ် မရှိတော့တဲ့ သူတွေနဲ့ သင့်တော်ပါတယ်။

အမျိုးသမီးသားကြောဖြတ်ခြင်း၊ အမျိုးသား သားကြောဖြတ်ခြင်း နှစ်မျိုးရှိပါတယ်။ ခွဲစိတ်မှု အသေးစားလေးလုပ်ရတာပါ။ သားကြောဖြတ်ပြီးမှ စိတ်ပြောင်းပြီး ကလေးပြန်လိုချင်ရင်တော့ မရတော့ပါဘူး။

👶တားဆေး

တနေ့တလုံးပုံမှန်သောက်ရတဲ့ဆေးနဲ့ အရေးပေါ် တားဆေးဆိုပြီးနှစ်မျိုး ရှိပါတယ်။ အဲဒိနှစ်မျိုး မမှားဖို့လိုပါတယ်။

💊တနေ့တလုံး သောက်တားဆေး

လအနည်းငယ်လောက်ပဲ သန္ဓေတားပြီး မကြာခင် ကလေးလိုချင်တဲ့ အမျိုးသမီးတွေ အတွက် သင့်တော်ပါတယ်။
ဟော်မုန်းပါတဲ့ တားဆေးပါ။ တနေ့တလုံးပုံမှန်သောက်ရပါတယ်။
ဆေးသောက်ရပ်ပြီး လ အနည်းငယ် အတွင်းမှာ ကိုယ်ဝန်ပြန်ရနိုင်ပါတယ်။နို့ထွက်နည်းစေတဲ့အတွက် နို့တိုက်မိခင်တွေ ကလေးမွေးပြီး (၆) လ နေမှ စသောက်ပါ။ (နို့တိုက်မိခင်တွေ မွေးပြီး ၆ လ အတွင်း သောက်လို့ရတဲ့ ဟော်မုန်းတမျိူးပဲ ပါတဲ့ တားဆေးကဒ်ရှိပါသေးတယ်။ မာရီစတုပ်စ်ဆေးခန်းတွေမှာတော့ မရပါဘူး) ရာသီပေါ်ချိန် မဟုတ်ဘဲ သွေးနည်းနည်း ဆင်းတာ၊ နည်းနည်း ဝလာတာ၊ ပိန်သွားတာတွေ ဖြစ်တတ်ပါတယ်။ ဆေးသောက်တာ ကြာလာရင် ဒီဘေးထွက်ဆိုးကျိုးတွေ တဖြည်းဖြည်း ပျောက်သွားပါတယ်။ တချို့အမျိုးသမီးတွေဆို ဘာဘေးထွက် ဆိုးကျိုးမှ မခံစားရပါဘူး။

💊အရေးပေါ်တားဆေး

အရေးပေါ်တားဆေးဆိုတာက သန္ဓေတားနည်း တစ်ခုခုမသုံးဘဲ အမျိုးသားနဲ့ အတူတူနေမိတယ် ဒါမှမဟုတ် ပုံမှန်သုံးနေကျ သန္ဓေတားနည်း မှာ အကြောင်းတစ်ခုခုကြောင့် ( ဥပမာ ကွန်ဒုံးသုံးရင်ပေါက်တာ) အရေးပေါ်တာားနည်းလိုအပ်ရင် သုံးဖို့ပါ။ လိင်ဆက်ဆံမိပြီး (၅)ရက်အတွင်း သောက်ရပါမယ်။ စောစောသောက်နိုင်လေ ကိုယ်ဝန်မရအောင် ကာကွယ်နိုင်လေဖြစ်ပါတယ်။ အရေးပေါ်သန္ဓေတားဆေးဖြစ်တဲ့အတွက် အရေးပေါ်မှပဲ သုံးရပါမယ်။ ရေရှည်သန္ဓေတားဖို့အတွက် လုံး၀ မသင့်တော်ပါ ။ ခဏခဏ အရေးပေါ်မယ့် အခြေအနေမျိုးရှိရင်တော့ တခြားသားဆက်ခြားနည်းတွေနဲ့ ကိုယ်ဝန်မရအောင် ကာကွယ်ဖို့ စဉ်းစားသင့်ပါတယ်။

Crd..

Address

၃/၂၀၊ မြိတ်လမ်း၊ ၂၁ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ရန်ကုန်မြို့။

Telephone

+959772484424

Website

Alerts

Be the first to know and let us send you an email when Win Clinic - South Dagon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Win Clinic - South Dagon:

Share