16/09/2025
🩸 CA-125 Test အကြောင်း သိကောင်း စရာ
CA-125 (Cancer Antigen 125) ဆိုသည်မှာ သွေးထဲတွင် တိုင်းတာနိုင်သော ပရိုတင်း ဇီဝအမှတ်အသား (protein biomarker) တစ်မျိုးဖြစ်ပြီး အချို့သော ကင်ဆာဆဲလ်များထဲကနေ ထွက်ပေါ်ခြင်းဖြစ်သည်။
၎င်းကို ၁၉၈၀ ပြည့်နှစ် အစောပိုင်းကာလများတွင် ပထမဆုံး ဖော်ထုတ်တွေ့ရှိခဲ့ပြီး သားဥအိမ်ကင်ဆာနှင့် ဆက်စပ်မှုရှိသည်ဟု လေ့လာတွေ့ရှိခဲ့ကြပါသည်။
သို့သော် CA-125 သည် ကင်ဆာရောဂါများကို စောင့်ကြည့်ရာတွင် အလွန်အသုံးဝင်သော်လည်း ရောဂါရှိ၊ မရှိ စစ်ကြိုစစ်ဆေးရန်အတွက်မူ ပြီးပြည့်စုံသော စစ်ဆေးမှုတစ်ခု မဟုတ်ပါ။ သိထားသင့်သည့် အချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
📊 သားဥအိမ်ကင်ဆာတွင် CA-125 ၏ အခန်းကဏ္ဍ
• ရောဂါအစောပိုင်းအဆင့် သားဥအိမ်ကင်ဆာများ၏ ~၅၀% ခန့်တွင် မြင့်တက်နေတတ်သည်။
• ရောဂါနှောင်းပိုင်း သားဥအိမ်ကင်ဆာများ၏ >၈၀% ခန့်တွင် မြင့်တက်နေတတ်သည်။
• ကုသမှု အခြေအနေကို စောင့်ကြပ်ကြည့်ရှုရန် :
• ပမာဏကျဆင်းခြင်း → ကုသမှုထိရောက်သည်
• ပမာဏမြင့်တက်ခြင်း → ရောဂါပြန်ဖြစ်ခြင်း သို့မဟုတ် ပိုဆိုးလာခြင်း
🔴 CA-125 မြင့်တက်စေနိုင်သော ကင်ဆာရောဂါများ
• သားဥအိမ်၊ သားဥပြွန်၊ သားအိမ်နံရံ၊ ဝမ်းဗိုက်ခေါင်းအတွင်းမှေး ကင်ဆာများ
• ရင်သားကင်ဆာ
• အဆုတ်ကင်ဆာ
• ပန်ကရိယနှင့် အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ကင်ဆာများ
• ပြန်ရည်ကျိတ်ကင်ဆာ (Lymphoma)
🟡 CA-125 မြင့်တက်စေနိုင်သော ကင်ဆာမဟုတ်သည့် အကြောင်းအရင်းများ
• ပုံမှန် ရာသီသွေးဆင်းခြင်း
• ကိုယ်ဝန်ဆောင်ခြင်း
• Endometriosis
• သားအိမ်အလုံး (Uterine fibroids)
• တင်ပဆုံကွင်းရောင်ရမ်းခြင်းရောဂါ (PID)
• ပန်ကရိယရောင်ခြင်း (Pancreatitis)
• အသည်းရောဂါ (ဥပမာ - အသည်းခြောက်ခြင်း)
• ကင်ဆာမဟုတ်သော သားဥအိမ်အကျိတ်များ
✨ သင့်အတွက် မှတ်သားရန်: CA-125 စစ်ဆေးမှုသည် သိရှိပြီးသား သားဥအိမ်ကင်ဆာများကို စောင့်ကြည့်လေ့လာရန်နှင့် ကုသမှုဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အလွန်အရေးပါပါသည်။ သို့သော် ၎င်းတစ်ခုတည်းဖြင့် ရောဂါရှိ၊ မရှိ စစ်ဆေးရန်အတွက်မူ ယုံကြည်စိတ်ချရသော စစ်ဆေးမှုတစ်ခု မဟုတ်ပါ။ CA-125 မြင့်တက်ခြင်းသည် ကင်ဆာ နှင့် ကင်ဆာမဟုတ်သော အခြေအနေများစွာတွင် ဖြစ်ပေါ်စေနိုင်ပါသည်။
လာမည့်ကြာသပတေးနေ့တွင် နှင့် CA125 ပတ်သက်၍ ဆက်လက်တင်ပြသွားမည်ဖြစ်ပါသဖြင့်ကျေးဇူးပြု၍ စောင့်မျှော်ပေးကြပါဦး။
𝐃𝐫. 𝐖𝐢𝐧 𝐌𝐲𝐚𝐭 𝐎𝐨
𝐌.𝐁. 𝐁. 𝐒; 𝐌. 𝐌𝐞𝐝. 𝐒𝐜; 𝐏𝐡𝐃 (𝐏𝐚𝐭𝐡𝐨𝐥𝐨𝐠𝐲); 𝐃𝐢𝐩. 𝐌𝐞𝐝. 𝐄𝐝.
𝐅𝐞𝐥𝐥𝐨𝐰𝐬𝐡𝐢𝐩 𝐢𝐧 𝐇𝐞𝐦𝐚𝐭𝐨𝐩𝐚𝐭𝐡𝐨𝐥𝐨𝐠𝐲 (𝐒𝐢𝐫𝐢𝐫𝐚𝐣 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥, 𝐌𝐚𝐡𝐢𝐝𝐨𝐥 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲)
𝐌𝐞𝐦𝐛𝐞𝐫 𝐨𝐟 𝐢𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐜𝐥𝐢𝐧𝐢𝐜𝐚𝐥 𝐜𝐲𝐭𝐨𝐦𝐞𝐭𝐫𝐲 𝐬𝐨𝐜𝐢𝐞𝐭𝐲
• References:
• CA-125 Blood Test: Results, Normal Range & What To Expect
• CA 125 test - Mayo Clinic
• CA 125 Blood Test: Normal Range, Levels, Ovarian Cancer