BestMedi

BestMedi ဆေးနှင့်ဆေးရုံသုံးပစ္စည်းဖြန့်ချီရေး

19/09/2025

ဆီးချိုတိုင်းစက် များရဲ့ဘုရင်
(Thada )

#တန်ဖိုးနည်းတယ်ဆိုပေမယ့်အရမ်းကိုသုံးလို့ကောင်းသောစက်လေးပါစက်တလုံးဝယ်ထားရုံနဲ့ တသက်လုံးသုံးနိုင်ပါမယ်နော်
#ဘယ်လိုလဲ ဆိုတော့
စက်တလုံးပျက်ရင်တလုံးအစားထိုးပြန်ရမယ် အခွင့်ကောင်းလေး ရှိပါတယ်
ဒီလိုအခွင့်ကောင်းတွေကိုတော့ လက်မလွတ်စေဖို့ အကြံလေးပြုပါရစေ

#စက်၁လုံး 12000
1​ချောင်း 700

👉☎️09450117267 (သို့မဟုတ်)
Page messenger မှတဆင့်လည်းစုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်

B ပိုးကာကွယ်ဆေး လက်ကားစျေးရနိုင်ပါမယ် ရှင့် စျေးနှုန်းချိုသာမည်09450117267
10/08/2025

B ပိုးကာကွယ်ဆေး လက်ကားစျေးရနိုင်ပါမယ် ရှင့် စျေးနှုန်းချိုသာမည်
09450117267

ကဆုန်လပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။☸️ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမ...
11/05/2025

ကဆုန်လပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။
☸️ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခဲ့သည်။
☸️မဟာသက္ကရာဇ် ၆၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခဲ့သည်။
☸️မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူခဲ့သည်။
☸️မဟာသက္ကရာဇ် ၁၄၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။

ဤသို့ ထူးခြားချက် (၄) ရပ်နှင့် ပြည့်စုံသဖြင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ကဆုန်လပြည့်နေ့အား ဘုရားနေ့ဟု သတ်မှတ်ခဲ့ကြသည်။ ဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူရန်အတွက် ဗောဓိပင်အား အမှီပြု၍ တရားအားထုတ်တော်မူခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် ဗောဓိပင်အား ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြသည်။ ရေသွန်းလောင်းကြသည်မှာ ကဆုန်လတွင် ရေရှားပြတ်လပ်၍ ညှိုးလျော်အံ့ဆဲဖြစ်သော ဗောဓိပင်ကို လန်းဆန်းစိုပြေစေရန်အတွက် ဖြစ်ပေသည်။

ထိုအလေ့အထသည် ဗုဒ္ဓဘာသာဝင်တို့တွင် ပျောက်ကွယ်သွားခြင်းမရှိဘဲ ယနေ့ထက်တိုင် ရှင်သန်ဆဲဖြစ်သည်။ နှစ်စဉ်အမြဲပင် ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲများ ပြုလုပ်လျက်ရှိသည်။

09/05/2025

ဆီးချိုတိုင်းစက်လက်လီ/ကား09450117267

ဆေးနှင့်ဆေးရုံသုံးပစ္စည်းဖြန့်ချီရေး

မှတ်ဥာဏ်လျော့ပါးလာသော ရောဂါ (Dementia) အကြောင်း သိကောင်းစရာဘာကြောင့်ဖြစ်ဘယ်လိုဖြစ်လက္ခဏာကာကွယ် ကုသခြင်းအစားသောက်အနေထိုင်...
05/04/2025

မှတ်ဥာဏ်လျော့ပါးလာသော ရောဂါ (Dementia)
အကြောင်း သိကောင်းစရာ
ဘာကြောင့်ဖြစ်
ဘယ်လိုဖြစ်
လက္ခဏာ
ကာကွယ် ကုသခြင်း
အစားသောက်အနေထိုင်စသည့်အကြောင်းအရာများရေးသားထားခြင်းဖြစ်ပါသည်။
https://youtu.be/3c2eCcbQIps?si=0HIOpxzh_3BnVG99
မှတ်ဥာဏ်လျော့ပါးလာသော ရောဂါ ဆိုသည်မှာ
မှတ်ဥာဏ်လျော့ပါးလာသော ရောဂါမှာ လူတစ်ဦး၏ မှတ်ဥာဏ်၊ သတိရှိမှု၊ နားလည် သဘောပေါက်မှု၊ စဉ်းစားတွေးတောနိုင်မှု၊ မှန်ကန်စွာ ချင့်ချိန်ဆုံးဖြတ်နိုင်မှုနှင့် ဘာသာစကား စွမ်းရည် (အရေး ၊ အဖတ် ၊ အပြော ) အစရှိသည့် ဦးနှောက်၏ စွမ်းရည်များတဖြည်းဖြည်း ဆုံးရှုံးမှု ဖြစ်လာသော ရောဂါတစ်ခု ဖြစ်ပါသည်။ယေဘုယျအားဖြင့် အသက် (၆၅) နှစ်ကျော်သော သူများတွင် ဖြစ်ပွားတတ်ပြီးအသက်ကြီးလေလေဖြစ်ပွားနှုန်း ပိုများလေလေ ဖြစ်ပါသည်။ မှတ်ဥာဏ်လျော့ပါးလာသော ရောဂါဖြစ်ပွား
သူများ၏ ၅၀%ခန့်မှ အယ်ဇိုင်းမား ရောဂါကြောင့်ဖြစ်ကြောင်း တွေ့ရှိရပါသည်။ ၂၀%ခန့်မှာ ဦးနှောက်သွေးကြောကျဉ်းခြင်းနှင့် ဆက်စပ်မှုရှိပြီး ယင်းတို့အနက် အများစုမှာ လေဖြတ်ရောဂါ ခံစားခဲ့ဖူးသူများ ဖြစ်ပါသည်။ အခြားအဖြစ်နည်းပြီး မှတ်ဥာဏ်လျော့ပါးလာသော ရောဂါများလည်းရှိပါသည်။အောက်ပါ အချက်များ ရှိနေလျှင် မှတ်ဥာဏ်လျော့ပါးလာသော ရောဂါ ဖြစ်နေနိုင်ပါသည်။
(၁) သာမာန်ထက် ပို၍ မေ့လျော့တတ်ခြင်း
ဥပမာ - မနက်စာ စားပြီးမှန်း မသိ

(၂) စိတ်ခံစားမှု ပြောင်းလဲခြင်း
ဥပမာ - အကြောင်းမဲ့ ဝမ်းနည်းခြင်း၊
ကြောက်လန့်ခြင်း၊ ဒေါသထွက်ခြင်း။

(၃) လူမှုဆက်ဆံရေးတွင် အခက်အခဲရှိခြင်း
ဥပမာ - စကားပြောဆိုရာတွင် စကားလုံး ရှာဖွေရ ခက်ခြင်း၊ ပြောမည့် စကားလုံးကိုမေ့လျော့ခြင်း၊ လူနာမည်များ၊ အရာဝတ္ထုပစ္စည်းများ၏
အမည်များ မေ့လျော့နေခြင်း။

(၄) နေ့စဉ် လုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် ခက်ခဲခြင်း နေ့စဉ် လုပ်ငန်းဆောင်ရွက်ရမည်လုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင်သူတစ်ပါး အကူအညီမပါပဲ ဆောင်ရွက်ရန်ခက်ခဲခြင်း။ ဥပမာ - အဝတ်အစား ဝတ်ဆင်ရန်ခက်ခဲခြင်း၊ အစားအသောက် စားရန် မေ့နေခြင်း၊
အစားအစာ စားပြီးသော်လည်း မေ့နေခြင်း၊
ပစ္စည်းများ သိမ်းဆည်းထားပြီး မေ့နေခြင်း။-
မှတ်ဥာဏ်လျော့ပါးလာသော ရောဂါလက္ခဏာများကို
ဖြစ်ခါစတွင် လူနာကိုယ်တိုင် သတိမထားမိတတ်ပဲ
မိသားစုများကသာ သတိထားမိတတ်ပါသည်။
ထိုကဲ့သို့သော ရောဂါလက္ခဏာများ တွေ့ရှိပါကတတ်ကျွမ်းနာလည်သော ဆရာဝန်များနှင့်
ပြသရန် လိုအပ်ပါသည်။
မှတ်ဥာဏ်လျော့ပါးလာသော ရောဂါကိုပျောက်ကင်းအောင် ကာကွယ်ကုသနိုင်သည့် နည်းများမှာမှတ်ဥာဏ်လျော့ပါးလာသောရောဂါအများစုမှာ လုံးဝ ပျောက်ကင်းအောင် ကုသ၍ မရသော်လည်း ရောဂါလက္ခဏာများ
သက်သာအောင် ကုသ၍ ရပါသည်။
မိသာစုများနှင့် ပြုစုစောင့်ရှောက်သူများ၏ အားပေးကူညီမှုသည် အလွန် အရေးကြီးပါသည်။
ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင်စားသောက်ခြင်းဖြင့် လေဖြတ်ခြင်းကြောင့်ဖြစ်သော မှတ်ဥာဏ်လျော့ပါးလာသော ရောဂါကို ကာကွယ်၍ ရနိုင်ပါသည်။ လေဖြတ်နိုင်သေအကြောင်းများ ဖြစ်သည့် သွေးတိုးရောဂါ
၊သွေးချိုရောဂါများအား ထိရောက်စွာ ကုသခြင်း၊ဆေးလိပ်ဖြတ်ခြင်း၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းတို့ဖြင့်လည်း ကာကွယ်နိုင်ပါသည်။
ဦးနှောက် သုံးရသော အလုပ်များ ပြုလုပ်ခြင်း
ဥပမာ - စာဖတ်ခြင်း၊ ဘာသာရပ်အသစ်များလေ့လာခြင်း၊ တေးဂီတ သီဆိုခြင်း၊ တီးခတ်ခြင်း နှင့်ကခုန်ခြင်း။
အပြည့်စုံကို အောက်ပါ video တွင်ကြည့်ရှုနိုင်ပါသည်။

မှတ်ဥာဏ်လျော့ပါးလာသော ရောဂါ (Dementia) အကြောင်း သိကောင်းစရာဘာကြောင့်ဖြစ်ဘယ်လိုဖြစ်လက္ခဏာကာကွယ် ကုသခြင်းအစားသော...

ဆီးချိုတိုငိးစက်လက်လီလက်ကားPh. 09450117267
03/04/2025

ဆီးချိုတိုငိးစက်
လက်လီလက်ကား
Ph. 09450117267

Ceftriaxone လက်ကားစျေးနဲ့ရပါမယ်ရှင်
03/04/2025

Ceftriaxone လက်ကားစျေးနဲ့ရပါမယ်ရှင်

ဆေးရံု ဆေးခန်းသံုးExamination Bed ရိုးရိုး 250000Examination Bed ခေါင်းထောင် 270000မှာယူမယ်ဆို  Ph 09450117267 သို့ဆက်သွ...
14/01/2024

ဆေးရံု ဆေးခန်းသံုး
Examination Bed ရိုးရိုး 250000
Examination Bed ခေါင်းထောင် 270000
မှာယူမယ်ဆို
Ph 09450117267 သို့ဆက်သွယ်နိုင်ပါတယ်ရှင့်
Cb မှတဆင့်လဲ မေးမြန်းနိုင်ပါတယ်

ဆီးချိုရှိသူတွေ သတိထားသင့်တဲ့လက္ခဏာတွေ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~သွေးတွင်းသကြားဓာတ်မြင့်နေတဲ့အခါဆီးချိုရောဂါရှိသူတစ်...
08/01/2024

ဆီးချိုရှိသူတွေ သတိထားသင့်တဲ့လက္ခဏာတွေ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

သွေးတွင်းသကြားဓာတ်မြင့်နေတဲ့အခါ

ဆီးချိုရောဂါရှိသူတစ်ယောက်အနေနဲ့သွေးတွင်းသကြားဓာတ်မြင့်တက်နေတဲ့အခါ အခုလိုမျိုးလက္ခဏာတွေတွေ့ရနိုင်ပါတယ်။

ဆီးခဏခဏသွားမယ် -သွေးတွင်းကပိုလျှံနေတဲ့ သကြားဓာတ်တွေကိုချေဖျက်ဖို့ကျောက်ကပ်ကတော်တော်လေးအလုပ်လုပ်နေရတာပါ။

ရေငတ်မယ် -သွေးတွင်းသကြားဓာတ်များတာကြောင့် တစ်ရှူးတွေကထဲကရေတွေကုန်ခမ်းသွားတာကြောင့် ခန္ဓာကိုယ်က လုပ်ငန်းစဉ်တွေကို ပုံမှန်လုပ်ဆောင်ဖို့အတွက်ရေများများသောက်ဖို့လိုအပ်ကြောင်း ဦးနှောက်က အသိပေးနေတာ။

ခံတွင်းခြောက်မယ် -သွေးတွင်းသကြားဓာတ်မြင့်တဲ့အခါရေဓာတ်နည်းသွားတာကြောင့် ခံတွင်းခြောက်တာ၊ နှုတ်ခမ်းကွဲတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ ဒီလိုအခြေအနေမှာ တံထွေးထွက်ရှိမှုနည်းသွားပြီး လျှာနဲ့ ပါးစောင်တွေမှာအဖြူကွက်တွေဖြစ်တာ၊ သွားဖုံးရောင်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။

အရေပြားပြဿနာဖြစ်မယ် -သွေးတွင်းသကြားဓာတ်မြင့်ပြီး ကိုယ်တွင်းရေဓာတ်နည်းသွားတဲ့အခါ အရေပြားခြောက်သွေ့တာ၊ ကွဲအက်တာ၊ အရေပြားယားယံတာ၊ အနာမကျက်တာတွေဖြစ်နိုင်ပါတယ်။

အမြင်အာရုံပြဿနာဖြစ်မယ် -သွေးချိုအရမ်းတက်တဲ့အခါ အမြင်အာရုံတွေဝေဝါးတာဖြစ်စေနိုင်ပါတယ်။ ဒီလိုဖြစ်တာနဲ့အတူ သွေးချိုမြင့်တက်မှုကြောင့် မျက်လုံး အတွင်းပိုင်းကသွေးကြောလေးတွေ ထိခိုက်ပျက်စီးနိုင်ပါတယ်။

ခြေကုန်လက်ပန်းကျမယ် -သွေးတွင်း သကြားဓာတ် အရမ်း မြင့်သွားတဲ့အခါ အမျိုးအစား (၂) ဆီးချိုရောဂါ ရှိသူတွေမှာ အင်ဆူလင်ကို တုံ့ပြန်နိုင်စွမ်း နည်းသွားပြီး ခြေကုန်လက်ပမ်းကျ သွားနိုင်ပါတယ်။

အစာမကြေတာမျိုးဖြစ်မယ် -သွေးတွင်း သကြားဓာတ် မြင့်တက်မှုက အစာခြေစနစ်ရဲ့ လုပ်ဆောင်မှုကို အဟန့်အတား ဖြစ်စေပြီး အစာ ချေဖျက်မှုကို နှေးကွေးစေပါတယ်။ ဒါကြောင့် ဗိုက်အောင့်တာ၊ ရင်ပူတာ၊ အော့အန်တာတွေ ခံစားရနိုင်ပါတယ်။

သွေးတွင်း သကြားဓာတ် ကျနေတဲ့အခါ

ခြေကုန် လက်ပမ်း ကျမယ် -သွေးတွင်း သကြားဓာတ် အရမ်း ကျသွားတဲ့ အခါမျိုးမှာလည်း ခြေကုန်လက်ပမ်းကျ နိုင်ပါတယ်။

နှလုံးခုန် မမှန် ဖြစ်မယ် -သွေးတွင်း သကြားဓာတ် ကျသွားတဲ့အခါ နှလုံး ခုန်နှုန်းက နှေးသွားပြီး နှလုံး မမှန်တာမျိုး ဖြစ်နိုင်ပါတယ်။

ကတုန်ကယင်ဖြစ်မယ် –ခြေဖျား လက်ဖျားတွေ အေးစက်ပြီး ခြေလက်တွေ တုန်တာကလည်း သွေးတွင်း သကြားဓာတ် ကျဆင်းနေတယ်ဆိုတဲ့ လက္ခဏာ တစ်ခုပါ။

ချွေးတွေအရမ်းထွက်နေမယ် -ခန္ဓာကိုယ်မှာချွေးစေးတွေပြန်နေမယ်၊ချွေးတွေရွှဲနစ်နေအောင်ထွက်နေမယ်ဆိုရင် သွေးတွင်းသကြားဓာတ်က ရှိသင့်တာထက်တော်တော်လေးနည်းနေတာပါ။

ဗိုက်ဆာမယ် – အစား ပြည့်ပြည့်ဝဝ စားထားရက်နဲ့ ဗိုက်ဆာတယ်လို့ ခံစားရတာက သွေးတွင်း သကြားဓာတ် နည်းနေတာကြောင့် ခန္ဓာကိုယ်က သွေးတွင်း သကြားဓာတ် လိုအပ်နေကြောင်း ပြသနေတဲ့ လက္ခဏာ တစ်ရပ်ပါ။

မအီမသာဖြစ်မယ် – ဗိုက်ထဲမှာ အော်ဂလီဆန်ပြီး မအီမသာ ခံစားနေရတယ် ဆိုရင် ဒါက သွေးတွင်း သကြားဓာတ် နည်းနေတဲ့ လက္ခဏာတစ်ခုပါ။

မူးဝေမယ် -သွေးတွင်း သကြားဓာတ် နည်းသွားတာကြောင့် ဦးနှောက်ဆဲလ်တွေက လိုအပ်တဲ့ အချိုဓာတ်ကို မရရှိတဲ့ အတွက် ခေါင်းမူးဝေရတာပါ။

စိတ်ရှုပ်ထွေးမယ် -သွေးတွင်း သကြားဓာတ် ကျသွားတဲ့အခါ အာရုံ ရှုပ်ထွေးတာတွေ၊ ပလုံးပထွေး စကားပြောတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
to original uploader

Blood pressure monitor သွေးပေါင်ချိန်တိုင်းစက်အိမ်တိုင်းမှာလိုအပ်ဆံုးအရာ ဆောင်ထားသင့်ဆံုး ပစ္စည်းပါရှင်Dr Smith တခု 5800...
04/01/2024

Blood pressure monitor
သွေးပေါင်ချိန်တိုင်းစက်
အိမ်တိုင်းမှာလိုအပ်ဆံုးအရာ ဆောင်ထားသင့်ဆံုး ပစ္စည်းပါရှင်
Dr Smith တခု 58000
Jumper. တခု45000
အများစျေး CB မှာမေးပါရှင်
📞09450117267 သို့လည်းမေးမြန်းနိုင်ပါတယ်ရှင် 🙏

Spinal needle No.231ချောင်း 5000
23/12/2023

Spinal needle No.23
1ချောင်း 5000

  Glucometer (ဆီးချိုတိုင်းစက်) #ခရီးသွားရင်းဆောင်ထားလို့လဲရ #နေ့စဉ်သုံးရသူအတွက်လဲစျေးတန် ပစ္စည်းမှန်  လေးလဲအလွယ်တကူ ဝယ်...
15/12/2023

Glucometer (ဆီးချိုတိုင်းစက်)
#ခရီးသွားရင်းဆောင်ထားလို့လဲရ
#နေ့စဉ်သုံးရသူအတွက်လဲစျေးတန် ပစ္စည်းမှန်
လေးလဲအလွယ်တကူ ဝယ်လို့လွယ်ကူ
#စက်1လုံး5500 ,Strip 1​ချောင်း 500
တသက်တာအာမခံပစ္စည်းပါ။
Auto Error တက်ပါကအစားထိုးပြန်လဲပေးပါတယ်ရှင့်( ပွန်းပဲ့ပျက်စီးပါကလဲပေးခြင်းမရှိပါ)
အများစျေး C b မှာမေးပါရှင်

Address

Ahlone

Telephone

+959450117267

Website

Alerts

Be the first to know and let us send you an email when BestMedi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to BestMedi:

Share