Grand Hantha International Hospital Bago Office

Grand Hantha International Hospital Bago Office Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Grand Hantha International Hospital Bago Office, Hospital, No. 208, 28street, Yonegyi Quarter, Bago.

22/11/2021

ပဲခူးမြို့မှ မိဘပြည်သူများရှင်
𝐂𝐨𝐯𝐢𝐝-𝟏𝟗 ကာကွယ်ဆေးကို Grand Hantha အဆင့်မြင့် International Hospital ကြီးတွင် စတင်ထိုးနှံနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည် 📣📣
အမြန်ဆုံးထိုးနှံနိုင်ဖို့ ပဲခူးကိုယ်စားလှယ်ရုံးခွဲမှာ အမြန်ဆုံးစာရင်းပေးသွင်းလိုက်ကြတော့နော် 📣📣
------------------------------------------------------------------------
👉ကာကွယ်ဆေးမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း 𝐖𝐇𝐎 မှ အသိအမှတ်ပြုထားပြီး မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ထိုးနှံခွင့်ပြုထားသော 𝐒𝐢𝐧𝐨𝐯𝐚𝐜 𝐂𝐨𝐯𝐢𝐝-𝟏𝟗 𝐕𝐚𝐜𝐜𝐢𝐧𝐞 (𝐕𝐞𝐫𝐨 𝐂𝐞𝐥𝐥) အမျိုးအစား၊ တရုတ်နိုင်ငံ 𝐁𝐞𝐢𝐣𝐢𝐧𝐠 𝐌𝐚𝐧𝐮𝐟𝐚𝐜𝐭𝐮𝐫𝐢𝐧𝐠 ဖြစ်ပါသည်။

👉Grand Hantha International Hospital ဆေးရုံကြီးမှ ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်ချက်များနှင့်အညီ သတ်မှတ်ထားသော အပူချိန်များအတိုင်း ကာကွယ်ဆေး ထိန်းသိမ်းခြင်း၊ စနစ်တကျ ထိုးနှံခြင်းနှင့် ဆေးထိုးနှံပြီး နောက်ဆက်တွဲ လက္ခဏာများ ကြည့်ရှုစောင့်ရှောက်ပေးသွားမှာ ဖြစ်သည့်အပြင် ကျန်းမာရေးဝန်ကြီးဌာန အသိအမှတ်ပြု ကာကွယ်ဆေး ထိုးနှံပြီးကြောင်း လက်မှတ် (Certificate) လည်း ထုတ်ပေးမည် ဖြစ်ပါသည်။

👉ကာကွယ်ဆေးအား (၄) ပတ်ခြား၍ နှစ်ကြိမ် ထိုးနှံရမည်ဖြစ်ပြီး နှစ်ကြိမ်စာ အတွက် (၉၅,၀၀၀) ကျပ် ကျသင့်ပါမယ်။

👨‍⚕️ဒါ့ကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသူများနှင့် အသက် (၁၂) နှစ်အထက် ကလေးများ၊ ပထမအကြိမ် ထိုးနှံပြီး 𝐁𝐨𝐨𝐬𝐭𝐞𝐫 𝐃𝐨𝐬𝐞 ထပ်မံထိုးနှံလိုသူများနှင့် ကုမ္ပဏီများ၊ အဖွဲ့အစည်းများမှ ထိုးနှံလိုသူများ အခုမှစ၍ ဆက်သွယ် စုံစမ်း စာရင်းပေးသွင်းနိုင်ပါပြီ 📣 📣 📣

ဆက်သွယ်ရန်
Grand Hantha ပဲခူးကိုယ်စားလှယ်ရုံးခွဲ
သမာဓိဆေးဆိုင်
No.208, 28လမ်း, မြို့လယ်နာရီစင်ရှေ့, ပဲခူးမြို့

09-406664014
052-2200472
09-429444201
09-885166304

အမေရိကန်နိုင်ငံမှ အဆုတ်နှင့် အသက်ရှု လမ်းကြောင်းဆိုင်ရာ ဆေးပညာ အထူးကု ဆရာဝန်ကြီးဒေါက်တာ အောင်ကျော်ထူးMBBS, MD, FCCPCriti...
18/02/2020

အမေရိကန်နိုင်ငံမှ အဆုတ်နှင့် အသက်ရှု လမ်းကြောင်းဆိုင်ရာ ဆေးပညာ အထူးကု ဆရာဝန်ကြီး
ဒေါက်တာ အောင်ကျော်ထူး
MBBS, MD, FCCP
Critical Care, Pulmonary and Sleep Medicine
California, USA မှ
“ Sleep Apnoea” ခေါင်းစဉ်ဖြင့် ဟောပြောပို့ချမည် ဖြစ်ပါသဖြင့် စိတ်ဝင်စားသူ ဆရာဝန်များ အနေဖြင့် တက်ရောက်နိုင်ပါကြောင်း လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

➡️ ကြိုတင်စာရင်း ပေးသွင်းရန် ၀၉ ၄၀၆ ၆၆၄ ၀၀၁
🍛 နေ့ခင်းစာဖြင့် တည်ခင်း ဧည့်ခံပါမည်။

✅ ဒေါက်တာ အောင်ကျော်ထူးသည် ဂရန်း(ဒ်)ဟံသာ အင်တာနေရှင်နယ်ဆေးရုံကြီးတွင် အောက်ပါ အချိန်ဇယားအတိုင်းလည်း လူနာများကို ကြည့်ရှုကုသပေးသွားမည် ဖြစ်ပါကြောင်းလည်း သတင်းကောင်း ပါးအပ်ပါသည်။

🗓 (၁၈.၂.၂၀၂၀) မှ (၂.၃.၂၀၂၀) ထိ
တနင်္လာနေ့မှ သောကြာနေ့ အတွင်း
နံနက် (၉)နာရီမှ ညနေ (၅)နာရီအထိ

📩အသေးစိတ် စုံစမ်းမေးမြန်းရန်နှင့် ကြိုတင်ရက်ချိန်း
ရယူရန် အောက်ပါ ဖုန်းနံပါတ်များသို့ဆက်သွယ်နိုင်ပါသည်။
☎️052-2200472
09765166304

" Green. Grand. Care For The People “

Grand Hantha International Hospital
အမှတ် (၃)၊ နာနတ်တောလမ်း နှင့် ကြည့်မြင့်တိုင်လမ်း ထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့

ဂဂရန်းဒ်ဟံသာဆေးရုံ၏ အရိုး၊ အကြော၊ အဆစ်ဆိုင်ရာ ခွဲစိတ်ကုသရေးအထူးကုဆေးခန်းသည် အလုံးစုံကုသရေးစနစ်များပါဝင်သောကြောင့် ရောဂါမ...
07/01/2020

ဂဂရန်းဒ်ဟံသာဆေးရုံ၏ အရိုး၊ အကြော၊ အဆစ်ဆိုင်ရာ ခွဲစိတ်ကုသရေးအထူးကုဆေးခန်းသည် အလုံးစုံကုသရေးစနစ်များပါဝင်သောကြောင့် ရောဂါမဖြစ်ပွားမီ ကာကွယ်ခြင်း၊ ရောဂါရှာဖွေ သတ်မှတ်ခြင်းတို့သာမက အထူးခွဲစိတ်ခြင်းအဖြစ် အစားထိုးခွဲစိတ်ခြင်းများ၊ အရေးပေါ်ထိခိုက်ဒါဏ်ရာကုသမှုများနှင့် ကိုယ်ခန္ဓာ ပြန်လည်သန်စွမ်းရေးဆိုင်ရာ ကုသမှုများ စသည်တို့ဆောင်ရွက်နိုင်ပါသည်။

» ဂရန်း(ဒ်)ဟံသာ အရိုး၊ အကြော၊ အဆစ်ဆိုင်ရာ ခွဲစိတ်ကုသရေး အထူးကု ဆေးခန်းတွင် စုံလင်စွာဖြင့်ရရှိနိုင်သောဝန်ဆောင်မှုများမှာ
ဖြစ်လေ့ရှိသော အရိုး၊ အကြော၊ အဆစ်ဆိုင်ရာရောဂါများ ကုသခြင်းနှင့် ထိခိုက်ဒဏ်ရာနှင့် အရိုးကျိုးခြင်းအား ကုသခြင်းတို့ အပြင်

✅ Total joint replacement and reconstructive surgery (အလုံးစုံသော အရိုးအဆစ်များအား အစားထိုးကုသခြင်း၊ ပြန်လည်ပြုပြင်ခြင်းများ)
a. Joint Preservation Procedure (အရိုးအဆစ်များအား ဆက်တိုးမပျက်စီးအောင် ထိန်းသိမ်းခြင်း)
b. Hip Replacement Surgery / total hip arthroplasty (ပေါင်ရင်း အရိုးအဆစ် အစားထိုးကုသခြင်း)
c. Knee Replacement Surgery / total knee arthroplasty (ဒူးခေါင်း အရိုးအဆစ် အစားထိုးကုသခြင်း)
d. Joint aspiration (အရိုးအဆစ်များမှ အရည်စုပ်ယူခြင်း)

✅ Spine and vertebra care (ကျောရိုးဆစ်ဝေဒနာများအား ကုသခြင်း)

✅ Shoulder and Elbow orthopedics (ပုခုံး၊ လက်မောင်း၊

င်နေရာရှိ အရိုး၊ အကြော၊ အဆစ်ဆိုင်ရာကုသခြင်း)

✅ Hip care (ပေါင်ရင်းနေရာရှိ အရိုး၊ အကြော၊ အဆစ်ဆိုင်ရာကုသခြင်း )

✅ Pelvic care (တင်ပါးဆုံးနေရာရှိ အရိုး၊ အကြော၊ အဆစ်ဆိုင်ရာကုသခြင်း)

✅ Knee orthopaedic (ဒူးခေါင်းရိုးနေရာရှိ အရိုး၊ အကြော၊ အဆစ်ဆိုင်ရာကုသခြင်း)
Knee Ligament Repair (ACL – Anterior Cruciate Ligament Reconstruction) (ဒူးအရွတ် ပြန်လည်ပြုပြင်ခြင်း)

✅ Foot, ankle, hand, wrist and upper/lower extremity surgery (ခြေဖဝါး၊ ခြေကျင်းဝတ်၊ လက်ဖဝါး၊ လက်ကောက်ဝတ် နှင့် ခြေချောင်း၊ လက်ချောင်းစသည်တို့အား ခွဲစိတ်ကုသခြင်း)

a. Archilles Tendon Repair Surgery (ခြေကျင်းဝတ် ဖနှောင့်အရွတ် ခွဲစိတ်ပြုပြင်ခြင်း)

b. Ankle Fusion (ankle arthrodesis), Ankle Ligament Reconstruction (ခြေကျင်းဝတ်အရွတ် ပြုပြင်ခြင်း)

c. Carpal Tunnel Release (လက်ကောက်ဝတ်အရွတ် ခွဲစိတ်ပြုပြင်ခြင်း)

d. Replacement and Reconstructive Surgery (အစားထိုးခြင်း နှင့် ပြန်လည်ပြုပြင်ခြင်း ခွဲစိတ်မှုများ)

»»»»»»ထို့အပြင် အောက်ပါအကြောင်းအချက်များ နှင့် ပေါင်းစပ်ဝန်ဆောင်မှုများကြောင့်လည်း ဂရန်းဒ်ဟံသာ၏ အရိုး၊ အကြော၊ အဆစ်ဆိုင်ရာ ခွဲစိတ်ကုသရေးဆေးခန်းသည် မြန်မာနိုင်ငံ၏ စိတ်အချရဆုံးနှင့် အကောင်းဆုံးသော အရိုး၊ အကြော၊ အဆစ်ဆိုင်ရာခွဲစိတ်ကုသရေးစင်တာ တစ်ခုအဖြစ်ရပ်တည်လျက်ရှိပါသည်။

1. Rheumatology Specialist (Comprehensive Arthritis Care)
(အရိုး၊ အကြော၊ အဆစ်ဆိုင်ရာဆေးပညာ သမားတော်များ (အဆစ်အမြစ်ရောင်ရမ်းမှု ကုသခြင်းများ))

2. Orthopaedic oncology (Radiation/ Infusion)
(အရိုး ကင်ဆာရောဂါ ကုသရေး (ဓါတ်ရောင်ခြည်/ကင်ဆာဆေးသွင်းခြင်း)

3. Physical Medicine and Rehabilitation Center
(အကြောအဆစ်ရောဂါနှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးကုသမှုစင်တာ)

4. Modular Operation Theater (နောက်ဆုံးပေါ် အဆင့်မြင့်ခွဲစိတ်ခန်းများ)

5. ခေတ်မီစက်ကိရိယာများ တပ်ဆင်ထားသော ရောဂါရှာဖွေရေးစက်ပစ္စည်းများ (ဥပမာ- Hantha Fully Automated Laboratory, Bone Dexa Scan, 384 Slice Dual Source CT Scanner, 3.0 Tesla MRI)

6. အတွင်းလူနာဆောင် နှင့် နေ့ပိုင်းစောင့်ရှောက်ရေးဋ္ဌာနများ

7. ခွဲစိတ်ခန်း၊ အထူးကြပ်မတ်ဆောင်၊ အရေးပေါ်ဋ္ဌာန၊ ပြင်ပလူနာ၊ အတွင်းလူနာတို့အတွက် အချိန်မရွေး အဆင်သင့်ရှိသော သက်ဆိုင်ရာကျွမ်းကျင်ဆရာဝန်များ

အသေးစိတ်စုံစမ်းရန်နှင့် လူနာရက်ချိန်းရယူရန်အတွက် ပဲခူး agency office No.208 l, 28လမ်း , နာရီစင်ပန်းခြံအနီး ပဲခူးမြို့
09965166304, 0522200472သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်



🎄 🎄🎄'Grand Hantha International Hospital ဆေးရုံကြီး၏ နှစ်စဉ် ကျန်းမာရေးစောင့်ရှောက်မှု Medical Checkup New Year Special ...
14/12/2019

🎄 🎄🎄
'Grand Hantha International Hospital ဆေးရုံကြီး၏ နှစ်စဉ် ကျန်းမာရေးစောင့်ရှောက်မှု Medical Checkup New Year Special Promotion အစီအစဉ်'

🗓🗓🗓
ဒီဇင်ဘာလ ၁၄ ရက်နေ့မှ ဇန်နဝါရီလ ၁၄ ရက်နေ့ အထိ

🎅🏻🎅🏻🎅🏻
မိမိတို့ရဲ့ မိဘ၊ ဘိုးဘွား၊ ဆွေမျိုးဆရာသမားများနှင့် ချစ်သူ ခင်သူများ အားလုံးအတွက် ကျန်းမာရေးစောင့်ရှောက်မှု Medical Checkup ပြုလုပ်ပေးဖို့ အခွင့်အရေး။

📢📢📢
Grand Hantha ဆေးရုံကြီးသည် နှစ်စဉ်လူနာပေါင်း ၅ဝဝဝ ကျော် ကျန်းမာရေး စောင့်ရှောက်မှု Medical Checkup များ ဆောင်ရွက်ပေးလျက်ရှိရာ Grand Hantha မိသားစုမှ ပြန်လည်ကျေးဇူးတုံ့ပြန်သောအားဖြင့် Medical Checkup Package များကို Special Promotion များပေးနေပါပြီ။

🎊🎊🎊
Grand Hantha International Hospital ဆေးရုံကြီးတွင် ဒီဇင်ဘာလ ၁၄ ရက်နေ့မှ ဇန်နဝါရီလ ၁၄ ရက်နေ့အထိ Medical Checkup များကို
၁ မျိုးဝယ်ယူလျှင် နောက်တစ်မျိုးအား ၃ဝ%
Discount ချပေးမယ့်အစီအစဥ် လေးရှိပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

💡💡💡
💪💪💪
Grand Hantha International Hospital ကြီးမှ
သင့်တော်သည့် Medical Checkup Package များကို ရှင်းပြဆောင်ရွက်ပေးခြင်း၊
Blood Tests, Xray, Ultrasound ကျန်းမာရေး စစ်ဆေးဝန်ဆောင်မှုများကို Checkup Center တစ်နေရာတည်းတွင် ဆောင်ရွက်နိုင်သောကြောင့် အချိန်တိုတွင်း ပြီးစီးနိုင်ခြင်း၊
ဂျာမနီနိုင်ငံမှ အကောင်းဆုံး Siemens ဓါတ်ခွဲခန်းသုံးစက်များနှင့် ဆွစ်(စ်)ဇာလန်နိုင်ငံမှ Roche အမှတ်တံဆိပ် စက်များသုံးထားသောကြောင့် တိကျသောအဖြေများပေးနိုင်ခြင်း၊
အတွေ့အကြုံရှိ ဆရာဝန်များမှ ကျန်းမာရေးစစ်ဆေးမှု မတိုင်ခင် ဆွေးနွေးပေးခြင်း၊ စစ်ဆေးပြီး အဖြေများနှင့် ဆွေးနွေးမှု ဆောင်ရွက်ပေးခြင်း၊ အထူးကုသမားတော်များနှင့် တိုက်ရိုက်ချိတ်ဆက်ပေးခြင်း၊
EMR System ဖြင့် အဖြေများ စနစ်တကျသိမ်းထားသဖြင့် အထူးကုဆရာဝန်များနှင့် ပြသလိုပါက ဆေးရုံကဒ် တစ်ခုသာယူဆောင်လာရန်လိုခြင်း၊
Online ငွေပေးချေမှုဖြင့် Checkup Package များကိုဝယ်ယူနိုင်ပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးခြင်း၊
အစရှိသော ဝန်ဆောင်မှုများ ရရှိနိုင်ပါသည်။

❤❤❤ဒါ့ကြောင့်
" နှစ်သစ်မှာ ကိုယ်ကျန်းမာ စိတ်ချမ်းသာပါစေ လို့ ဆုတောင်းပေးရင်း Grand Hantha International Hospital တွင် ကျန်းမာရေးစစ်ဆေးကြပါစို့ "

" Green. Grand. Care For The People “

☎ ပဲခူးၿမိဳ႕မွ အသေးစိတ် စုံစမ်းမေးမြန်းရန်နှင့် ကြိုတင်ရက်ချိန်းရယူရန်အတွက်
ပဲခူးကိုယ်စားလှယ် ရုံးခွဲ 052-2200472
09 785166304 တို့တွင်ဆက်သွယ်စုံစမ်းနိုင်ပါသည်
ပဲခူးကိုယ်စားလှယ်ရုံးခွဲ- No.(208),28လမ်း,မြို့လယ်နာရီစင်ရှေ့ ပဲခူးမြို့

🏥 ဂရန်း (ဒ် ) ဟံသာအင်တာနေရှင်နယ် ဆေးရုံအမှတ် (3)၊ နာနတ်တောလမ်းနှင့် ကြည့်မြင်တိုင်ကမ်းနားလမ်းထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

28/11/2019

သင့်ကလေး အရေးပေါ်အခြေအနေတိုင်းအတွက် ဆက်သွယ်ရန် 📢📢📢
☎️Emergency Hot Line: 09-423 423 600☎️

ဂရန်း(ဒ်)ဟံသာ ဆေးရုံ ကလေးအထူးကု အတွင်းလူနာဌာန ၏ ထူးခြားချက် သည် ကလေးအထူးကုဆရာဝန်၏ ၂၄ နာရီ စောင့်ရှောက်မှု‌ဖြင့် သင့် ကလေးအတွက် အသင့်တော်ဆုံးသော ကုသမှုများ ပေးနိုင်ခြင်း ဖြစ်သည်။

🔖အရေးပေါ်အခြေအနေများအတွက် ကလေးအထူးကုဆရာ၀န်များ ၂၄ နာရီ ဆေးရုံတွင် အဆင်သင့် ရှိခြင်း
🔖ကလေးများအတွက် အထူးစီမံထားသော အတွင်းလူနာဌာန၊ စက်ပစ္စည်းကိရိယာများ
🔖ကျန်းမာရေးစစ်ဆေးမှု အစီအစဉ်များ
🔖ကလေးများအတွက် သီးသန့် ပြင်ပလူနာဌာန
🔖ဝါရင့် ကလေးအထူးကုဆရာ၀န်ကြီးများက စောင့်ရှောက်ကုသမှုပေးခြင်း တို့ဖြင့် သင့်ကလေး
ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းစေရန် ဂရန်း(ဒ်)ဟံသာ ဆေးရုံက တာ၀န်ယူပါရစေ။

🏥 ဂရန်း (ဒ် ) ဟံသာအင်တာနေရှင်နယ် ဆေးရုံ
အမှတ် (3)၊ နာနတ်တောလမ်းနှင့် ကြည့်မြင်တိုင်
ကမ်းနားလမ်းထောင့်၊ ကမာရွတ်မြို့နယ်၊
ရန်ကုန်မြို့။

☎️ 01-2317617, 01523000
" Green. Grand. Care For The People “

သင့်ဒူးဆစ်နာနေတာ ကြာပြီ၊ တစ်ပတ်ထက်ပိုလည်း ကြာနေပြီဆိုလျှင်😔😔😔📌နေ့စဉ် လှုပ်ရှားသွားလာမှုအတွက် ဒူးခေါင်းဟာ အလွန်အရေးပါပါတယ...
28/11/2019

သင့်ဒူးဆစ်နာနေတာ ကြာပြီ၊ တစ်ပတ်ထက်ပိုလည်း ကြာနေပြီဆိုလျှင်😔😔😔

📌နေ့စဉ် လှုပ်ရှားသွားလာမှုအတွက် ဒူးခေါင်းဟာ အလွန်အရေးပါပါတယ်။ ဒူးဆစ်ဟာဆိုရင် ရှုတ်ထွေးတဲ့ အဆစ်အမျိုးအစားဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိမှုတွေရဲ့ ဒဏ်ကို စုပြုံပြီးအခံရဆုံးလဲဖြစ်ပါတယ်။

📌ဒူးဆစ်မှာဆိုရင် အရိုး၊ အရိုးနု၊ အရွတ်၊ ကြွက်သား အကြောမျှင်ဆိုပြီး အဓိက အပိုင်း (၄) ပိုင်းပါရှိပါတယ်။

🤵အားကစားနဲ့ လေ့ကျင့်ခန်း (work-out) တွေမှာ ဖြစ်လေ့ရှိတဲ့ ထိခိုက်ဒဏ်ရာတွေကို ကုသပေးနေကျ အရိုးအကြောခွဲစိတ်အထူးကုဆရာ၀န်တစ်ဦးအနေနဲ့ ခုနောက်ပိုင်း အဆင့်မြင့် ဒူးခေါင်းခွဲစိတ်ကုသမှု တွေမှာ အဓိက တိုးတက်မှုတွေဖြစ်တဲ့ “ Less is more” ခွဲစိတ်ရာ သေးသေးလေးကနေ အများကြီး ကောင်းမွန် အောင် ပြုလုပ်နိုင်နေပြီဆိုတာ တွေကို မျှဝေပေးချင် ပါတယ်။

အရွတ်ပြဲခြင်း၊ ဒဏ်ဖြစ်ခြင်း (Ligament injuries)
-----------------------------------------------------------------
📌ဘောလုံးအားကစားသည် လူကြိုက်များ ထင်ရှားသော အားကစားဖြစ်ပြီး ကလေး၊လူကြီး၊ အမျိုးသား၊အမျိုးသမီး မရွေး နှစ်သက်စွာ ကစားကြသော အားကစားနည်းလည်းဖြစ်သည်။
📌ဒူးဆစ်တွင် အဆစ်ကို ထိန်းပေးရန် အဓိကကျသော အရွတ်များပိုမိုပါရှိပြီး ဘောလုံးကစားသူများတွင် ACL ဟုခေါ်သော Anterior Cruciate Ligament သည် ဒဏ်ရာ အရဆုံးဖြစ်သည်။ အဆိုပါ ACL အရွတ်မရှိပါက အမြင့်အနိမ့်လျောစောက်များ၊လှေကားများကို အတက်အဆင်းပြုရန်အတွက် ဒူးဆစ်ကို ထိန်းညှိရန် အခက်အခဲဖြစ်ခြင်း၊ ရုတ်တရက် လှည့်ခြင်းများတွင် အခက်အခဲဖြစ်ခြင်းများ ကြုံရမည်။
📌MRI ဟုခေါ်သော သံလိုက်စက်ကွင်းသုံး ဓာတ်မှန်ရိုက်ပြီး တိကျစွာ အဖြေထုတ်နိုင်သည်။
📌ကမ္ဘာကျော် ဆွီဒင်ကစားသမား ဇာလက်တန် အီဗရာဟင်မိုဗစ် သည် အဆိုပါ ACL အရွတ်ပြုပြင်ခွဲစိတ်မှု၏ အကျိုးကျေးဇူးကြောင့် မန်ယူတွင် ကစားနေစဉ် ACL အရွတ်ပြဲ ဒဏ်ရာရပြီးမှ ဘောလုံး ပြန်လည်ကစား နိုင်ခြင်းသည် အကောင်းဆုံးသက်သေပင်ဖြစ်သည်။

ဒူးဆစ်ရိုးအတွင်းရှိ Meniscus အရိုးနုကွင်း ပြဲခြင်း (Meniscus tears)
-----------------------------------------------------------------
📌Meniscus ပြဲခြင်းသည် ကားများတွင်ရှော့အိတ်ဇောဗား ပျက်သကဲ့သို့ပင်ဖြစ်သည်။ Meniscus သည် ဒူးဆစ်ကို တိုက်ရိုက်ထိခိုက်မိမှုများအတွက် ကူရှင်ကဲ့သိုိ့ု ငြိမ်အောင်ထိန်းပေးပြီး ဒူးဆစ်ချောမောစွာ လှုပ်ရှားနိုင်ရန် ဆောင်ရွက်ပေးသော အရိုးနုကွင်း အခုအခံဖြစ်သည်။
အဆိုပါအရိုးနုကွင်းပြဲလျှင် ဒူးခေါင်းလှုပ်ရှားတိုင်း အမြဲစိတ်အနှောက်အယှက်ဖြစ်ရသောနာကျင်မှုဒုက္ခကို ခံစားရမည်ဖြစ်သည်။
📌သိပ်ဆိုးရွားသော Meniscus ပြဲခြင်းမျိုးကို “bucket handle tears” ဟုခေါ်ပြီး ဒူးဆစ်သည် အကွေးအဆန့်၊ အထိုင်အထ ပြုလုပ်ရန်အလွန်ခက်ခဲသော ချက်ချင်းကုသမှုခံယူရန် လိုအပ်သော “Locked knee” ကိုဖြစ်စေသည်။

📌ယနေ့ခေတ်တွင် ဒူးဆစ်ကိုယိုယွင်းမှုမရှိဘဲ အကောင်းပကတိထားရှိနိုင်အောင် ထိန်းသိမ်းပြုပြင်သော ခွဲစိတ်မှုနည်းလမ်းများကို ယုံကြည်ကြသည်။ ၄င်းမှာ ဒူးဆစ်ဒဏ်ရာများကို စောစောစီးစီး အဖြေရှာပြီး ကြောက်စရာကောင်းသော ဒူးဆစ်ရောင်ရောဂါ ဖြစ်ပွားခြင်း ကို ကာကွယ်ရန် (သို့မဟုတ်) နှောင့်နှေးရန် မျှော်လင့်ချက်ဖြင့်ဖြစ်သည်။

🤵သင့်ဒူးဆစ်နာနေတာ ကြာပြီ၊ တစ်ပတ်ထက်ပိုလည်း ကြာနေပြီဆိုရင် အရိုးအကြောအဆစ် ခွဲစိတ်အထူးကုဆရာ၀န်တစ်ဦးကို ပြသဖို့ စဉ်းစားဆင်ခြင်သင့်ပါပြီ။

🏥ဂရန်း(ဒ်)ဟံသာဆေးရုံကြီးတွင် အထက်ပါ Minimally Invasive Techniques ဟုခေါ်သော ခွဲစိတ်ဒဏ်ရာ အသေးဆုံး၊ နာကျင်မှုအနည်းဆုံးနှင့် အမြန်ဆုံးနာလန်ပြန်ထူနိုင်သော ခွဲစိတ်ကုသမှုများကို လွန်ခဲ့သော နှစ်များကပင် ကုသမှုခံယူနိုင်ပြီဖြစ်ပါသည်။

---------------------------------------------------------------------
စင်္ကာပူနိုင်ငံမှ အရိုး အကြော အဆစ် ခွဲစိတ်အထူးကု ဆရာဝန်ကြီး
Dr. Chin Pak Lin
M.B., B.S ( Singapore)
MRCSEd, M Med (Ortho), FRCSEd ( Ortho)
Consultant Orthopaedic Surgeon
Hip & Knee Specialist
Grand Hantha International Hospital

Dr. Chin သည် စင်္ကာပူနိုင်ငံမှ ထိခိုက်ဒဏ်ရာနှင့် အရိုးအကြောအဆစ် ခွဲစိတ်အထူးကုဆရာ၀န်ကြီး ဖြစ်ပြီး ဒူးခေါင်းနှင့် တင်ပဆုံရိုးနှင့် ပတ်သက်သည့် ထိခိုက်ဒဏ်ရာရခြင်း၊ အားကစားပြုလုပ်ရင်း ထိခိုက်ဒဏ်ရာရခြင်းများ၊
ဒူးခေါင်းနှင့် တင်ပဆုံရိုး အစားထိုး ကုသခြင်းများကို အထူးကျွမ်းကျင်သူဖြစ်သည်။

စင်္ကာပူနိုင်ငံ Orthopaedic Center (Novena, Orchard, Farrer, Gleneagles) တို့တွင် Medical Director/ Hip and Knee Specialist လည်းဖြစ်ပါသည်။
-------------------------------------------------------------------
ဆရာကြီးသည် ဂရန်း(ဒ်)ဟံသာ အင်တာနေရှင်နယ်
ဆေးရုံကြီး၌နိုဝင်ဘာလ - ၂၉ရက်နေ့ နှင့် ၃ဝရက်နေ့ များတွင် မနက် ၉နာရီခွဲမှစတင်၍ လူနာများအား
ကြည့်ရှုကုသပေးသွားမည်ဖြစ်ပါသည်။
-------------------------------------------------------------------
အသေးစိတ်စုံစမ်းမေးမြန်းရန်နှင့်ကြိုတင်ရက်ချိန်းရယူရန်အတွက် 052-2200472, 09785166304 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

စင်ကာပူနိုင်ငံ Gleneagles ဆေးရုံကြီးမှအစာအိမ်နှင့် အူလမ်းကြောင်း အထူးကုသမားတော်ကြီးDr Thwin Maung Aye(MBBS (Yangon), MRC...
28/11/2019

စင်ကာပူနိုင်ငံ Gleneagles ဆေးရုံကြီးမှ
အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုသမားတော်ကြီး
Dr Thwin Maung Aye
(MBBS (Yangon), MRCP (UK), FRCP (Edin),
FAMS Gastroenterology (S’pore))

ဒေါက်တာသွင်မောင်အေးသည် အင်္ဂလန်နိုင်ငံ King’s College Hospital, London နှင့် John Radcliffe Hospital, Oxford ဆေးရုံများတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး စင်္ကာပူနိုင်ငံ National University Hospital (NUH) ဆေးရုံကြီးရှိ အစာအိမ် အူလမ်းကြောင်း အသည်းဌာနတွင် Consultant Physician & Assistant Professor ဖြစ်သည်အထိ ၁ဝနှစ်ကြာ လုပ်ကိုင်ခဲ့သည်။ အသည်းအစားထိုးကုသမှုဆေးပညာကို ကမ္ဘာ့ထိပ်တန်းအဆင့်ရှိ King’s College Hospital, London တွင် လက်တွေ့သင်ယူလေ့လာပြီးနောက် National University Hospital တွင် ဦးဆောင်အသည်း အစားထိုး အထူးကုသမားတော်ကြီးအဖြစ် တာဝန်ယူခဲ့သည်။ ၂၀၁၆ မှစတင်၍ ဒေါက်တာသွင်မောင်အေးသည် စင်ကာပူနိုင်ငံ Gleneagles ဆေးရုံကြီးတွင် အစာအိမ်၊ အူလမ်းကြောင်း၊ အသည်းရောဂါများနှင့် အသည်း အစားထိုးရောဂါများကို အတိုင်ပင်ခံ ကုသပေးလျက်ရှိပါသည်။

ဆွေးနွေးနိုင်သောရောဂါအခြေအနေများ
~~~~~~~~~~~~~~~~~~~~~~~~
အသည်းနှင့်ပတ်သက်သော ရောဂါများ
- အသည်းရောင် ဘီပိုး၊ စီပိုး နှင့် တခြားသောဗိုင်းရပ်(စ) (hepatitis A/B/C/D/E)
- အသည်းကင်ဆာ (hepatocellular Carcinoma)
- အသည်းကြွတ်ခြင်း (cirrhosis) နှင့် နောက်ဆက်တွဲရောဂါများ
- အသည်းအဆီဖုံးခြင်း နှင့် အသည်းရောင်ခြင်း (fatty Liver/ steatohepatitis)
- အရက်ကြောင့်အသည်းရောင်ခြင်း (alcoholic Hepatitis)
- Autoimmune ကြောင့်ဖြစ်သော အသည်းရောဂါများ
- အသည်းအစားထိုးရန် သင့်မသင့် စစ်ဆေးခြင်း၊ အကြံဉာဏ်ပေးခြင်းနှင့် ၊အသည်းအစားထိုးပြီး
ကုသစောင့်ရှောက်ခြင်း

အစာအိမ်အူလမ်းကြောင်း၊သည်းခြေ၊သရက်ရွက်ဆိုင်ရာ ရောဂါများ
- အစာအိမ် နှင့် အူမကြီးအား မှန်ပြောင်းဖြင့် ရောဂါရှာခြင်း၊ ကုသခြင်း
- အစာမကြေ လေပွလေအောင့်ခြင်း (non-ulcer dyspepsia)
- Helicobacter pylori အစာအိမ်ပိုး
- အစာအိမ်၊အူသိမ်အနာနှင့် အစာအိမ်ရောဂါ (ulcer dyspepsia)
- လေချင်တက်ခြင်း (acid reflux)
- အစာအိမ်နှင့် အူလမ်းကြောင်း လှုပ်ရှားမှု မမှန်ကန်ခြင်း (irritable bowel syndrome)
- နာတာရှည် ဝမ်းချုပ်ဝမ်းပျက်ခြင်း (chronic constipation / chronic diarrhea)
- သရက်ရွက်ရောင်ခြင်း /သရက်ရွက်နှင့်သက်ဆိုင်သောရောဂါရှာဖွေခြင်း
- သည်းခြေအိတ်ကျောက်တည်ခြင်း (gall bladder stone)

-------------------------------------------------------------------
ဆရာကြီးသည် ဂရန်း(ဒ်)ဟံသာ အင်တာနေရှင်နယ်
ဆေးရုံကြီး၌ (5.12.2019),(6.12.2019),(7.12.2019)
(8.12.2019) ရက်များတွင် 8:00AM မှစ၍ လူနာများအား
ကြည့်ရူကုသပေးသွားမည်ဖြစ်ပါသည်။
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

အသေးစိတ်စုံစမ်းရန်နှင့် လူနာရက်ချိန်းရယူရန်အတွက် အောက်ပါဖုန်းနံပါတ်များသို့ ပိတ်ရက်မရှိ အချိန်မရွေးဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
☎️☎️☎️
ဖုန်းနံပါတ် - 052-2200472, 09785166304
" Green. Grand. Care For The People “

Grand Hantha International Hospital
အမှတ် (၃)၊ နာနတ်တောလမ်း နှင့် ကြည့်မြင့်တိုင်လမ်း ထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

အပြည်ပြည်ဆိုင်ရာ မြန်မာ အထူးကုသမားတော်ကြီးများ  (MMPGA) အဖွဲ့ဝင်တစ်ဦးဖြစ်သောအမေရိကန်နိုင်ငံမှ ဆီးနှင့် ကျောက်ကပ် ဆိုင်ရ...
21/11/2019

အပြည်ပြည်ဆိုင်ရာ မြန်မာ အထူးကုသမားတော်ကြီး
များ (MMPGA) အဖွဲ့ဝင်တစ်ဦးဖြစ်သော

အမေရိကန်နိုင်ငံမှ ဆီးနှင့် ကျောက်ကပ် ဆိုင်ရာ ကုသမှုနယ်ပယ်တွင် ဝါရင့်အတွေ့အကြုံရှိ အထူးကုဆရာဝန်ကြီး ဒေါက်တာအိအိနှင်း
(MBBS, MD, FACP, MBA
Internal Medicine / Nephrology
Assistant Professor of Internal Medicine
Nephrology division, University of New Mexico,
USA)

(26.11.2019 , 28.11.2018 , 29.11.2019 , 3.11.2019,
5.11.2019) နေ့များတွင် မနက် 9:00 AM မှ ညနေ
5:00 PM အထိ ဂရန်း(ဒ်)ဟံသာ အင်တာနေရှင်နယ်
ဆေးရုံကြီးတွင် ဆီးနှင့်​ကျောက်ကပ်ဆိုင်ရာ
ဝေဒနာရှင်များကို ဆွေးနွေးတိုင်ပင် ကုသမှုများ
ပေးသွားမည် ဖြစ်ပါ​​သည်။

Grand Hantha International ဆေးရုံကြီးတွင်India နိုင်ငံ Fortis ဆေးရုံကြီးမှ အသည်းအစားထိုးခွဲစိတ်အထူးကု ဆရာဝန်ကြီး Dr.Ajit...
21/11/2019

Grand Hantha International ဆေးရုံကြီးတွင်
India နိုင်ငံ Fortis ဆေးရုံကြီးမှ အသည်းအစားထိုးခွဲစိတ်အထူးကု ဆရာဝန်ကြီး Dr.Ajitabh Srivastava သည် မြန်မာနိုင်ငံရှိအသည်းရောဂါ ဝေဒနာရှင်များကို လာရောက်ကြည့်ရှု ကုသပေးသွားမည်ဖြစ်ပါသည်။

Dr. Ajitabh Srivastava သည် အသည်းနှင့်သည်းခြေလမ်းကြောင်းဆိုင်ရာ ခွဲစိတ်မှုနှင့် အသည်းအစားထိုးခွဲစိတ်ကုသခြင်းတို့တွင် ၁၄နှစ်ကျော် အတွေ့အကြုံရှိပြီး
အသည်းအစားထိုးမှုပေါင်း ၁၅ဝဝကျော်ကို ဦးဆောင်ခွဲစိတ်နိုင်ခဲ့ပါသည်။
ယခုအခါ Fortis Memorial Research Institute ၌
အတိုင်ပင်ခံ အသည်းဆိုင်ရာ ခွဲစိတ်ဆရာဝန်ကြီးအဖြစ်
တာဝန်ထမ်းဆောင် လျှက်ရှိပါသည်။

ဆရာဝန်ကြီးသည်Grand Hantha International ဆေးရုံကြီး၏ နိုင်ငံတစ်ကာအဆင့်မီ ခွဲစိတ်ခန်းများကို အသုံးပြု၍ အသည်းနှင့်
သည်းခြေလမ်းကြောင်းဆိုင်ရာ ခွဲစိတ်မှုများကို ပြုလုပ်
သွားမည်ဖြစ်ပါသောကြောင့် အသည်းရောဂါဝေဒနာ ရှင် လူနာဟောင်း လူနာသစ်များအားလုံး တိုင်ပင်ဆွေးနွေးပြသနိုင်ပြီ ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

Dr Ajitabh Srivastava
MBBS, MS, DNB (Surgery), ASTA (USA)
Senior Consultant (Liver Transplant) - Hepatopancreatobiliary Surgery

ပြင်ပလူနာကြည့်ရှုပေးမည့်အစီအစဥ်
နေ့ရက် ... ၂၃.၁၁.၂၀၁၉ (စနေနေ့)
အချိန် ... နေ့လည် ၂နာရီမှ ၄နာရီအထိ

အသေးစိတ် စုံစမ်းမေးမြန်းရန်နှင့် ကြိုတင်ရက်ချိန်း
ရယူရန် 052-2200472 သို့ဖုန်းဆက်နိုင်ပါတယ်ရှင်။

31/10/2019

Address

No. 208, 28street, Yonegyi Quarter
Bago

Telephone

+959785166304

Website

Alerts

Be the first to know and let us send you an email when Grand Hantha International Hospital Bago Office posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category