မဂ္ဂတစ် အထူးကုဆေးခန်း

  • Home
  • Myanmar
  • Bago
  • မဂ္ဂတစ် အထူးကုဆေးခန်း

မဂ္ဂတစ် အထူးကုဆေးခန်း A healthcare facility where patients receive medical care and treatments.

မဂ္ဂတစ် အထူးကုဆေးခန်း စတုဒီသာ အလှူ
19/04/2026

မဂ္ဂတစ် အထူးကုဆေးခန်း စတုဒီသာ အလှူ

Thingyan trip
19/04/2026

Thingyan trip

"မဂ္ဂတစ်" အထူးကုဆေးခန်း(ပဲခူးမြို့ )တွင် တာဝန်ထမ်းဆောင်ရန် အတွက် *Marketing  ကျား/မ (၂) ဦး ခေါ်ယူခြင်း- - - - - - - - - ...
19/04/2026

"မဂ္ဂတစ်" အထူးကုဆေးခန်း(ပဲခူးမြို့ )တွင်

တာဝန်ထမ်းဆောင်ရန် အတွက်

*Marketing ကျား/မ (၂) ဦး
ခေါ်ယူခြင်း
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

အရည်အချင်း
- - - - - - - - -
၁။ Marketing Ideasများလိုအပ်သလိုအကြံဥာဏ်များကူညီပေးနိုင်ရမည်။

၂။ ဆရာဝန်များနှင့် ချိုသာစွာပြောဆိုဆက်ဆံနိုင်သူဖြစ်ရမည်။

၃။ နေရာမရွေးအဆင်ပြေလွယ်ကူစွာသွားလာနိုင်သူ ဖြစ်ရမည်။

၄။(ဆီဖိုး+အခြားစရိတ်များ)ခံစားခွင့်ရှိသည်။

*Marketingလုပ်ငန်းအတွေ့အကြုံရှိသူဦးစားပေးမည်။*

အလုပ်ချိန်
**********
တစ်ပါတ်လျှင် တစ်ရက် နားရက်ရမည်။

ခန့်မှန်းလစာ - ညှိနှိုင်း ( လုပ်ငန်းအတွေ့အကြုံပေါ်မူတည်၍ လစာ ပြောင်းလဲနိုင်ပါသည်။)

-အစမ်းခန့် ကာလ ၃ လ

အတည်ဝန်ထမ်းဖြစ်ပါက . . .
*အရည်အချင်းအပေါ်မူတည်၍ လစာတိုးမည်*

*ဘောနပ်စ် & ရှားပါးစာရိတ် စတင် ခံစားခွင့်ရှိသည်*
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

လျှောက်ထားလိုသူများသည် မိမိတို့၏

1.ကိုယ်ရေးရာဇ၀င်( CV form)

2.မှတ်ပုံတင် (မိတ္တူ)

3.လိုင်စင်ဓာတ်ပုံ(၂)ပုံ

4. အိမ်ထောင်စုစာရင်း(မိတ္တူ) တို့ဖြင့်
၂၅.၄.၂၀၂၆ရက်နေ့ နောက်ဆုံးထားပြီး
မဂ္ဂတစ်ဆေးခန်း- (မဂ္ဂတစ် လမ်းမပေါ် ဆိုရှယ်လစ် ၆ လမ်းထောင့် )သို့ လာရောက်လျှောက် ထားနိုင်ပါသည်။

ညနေ (၄) နာရီ နောက်ဆုံးထားပြီး လျှောက်လွှာတင်ပေးပါရန်

*interview ဖြေရမယ့်သူများကို ၂၆.၄.၂၀၂၆ညနေတွင် ဖုန်းဖြင့်ပြန်လည်ဆက်သွယ်ပါမည်။*

*သိရှိလိုသည်များရှိပါက မဂ္ဂတစ်ဆေးခန်းဖုန်း( 09754242650/09762821257)သို့ မနက်၈ နာရီမှည၇နာရီအတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

"မဂ္ဂတစ်" အထူးကုဆေးခန်း(ပဲခူးမြို့ )တွင် တာဝန်ထမ်းဆောင်ရန် အတွက် *Security လုံခြုံရေးဝန်ထမ်း  ကျား (၂) ဦး ခေါ်ယူခြင်း- -...
19/04/2026

"မဂ္ဂတစ်" အထူးကုဆေးခန်း(ပဲခူးမြို့ )တွင်

တာဝန်ထမ်းဆောင်ရန် အတွက်

*Security လုံခြုံရေးဝန်ထမ်း ကျား (၂) ဦး
ခေါ်ယူခြင်း
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

အရည်အချင်း
- - - - - - - - -
၁။ အသင်းအဖွဲ့နှင့် အဆင်ပြေစွာ အလုပ်လုပ်နိုင်သူ ဖြစ်ရမည်။

၂။ လူနာများကို ချိုသာပြေပြစ်စွာ ပြောဆို ဆက်ဆံနိုင်ရမည်။

*လုပ်ငန်းအတွေ့အကြုံရှိသူဦးစားပေးမည်။*

လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များ
- - - - - - - - - - - - - - - - - - - - - - -
*လူနာများ ၏ ကား/ဆိုင်ကယ်များ အား
ကြည့်ရှူ့စောင့်ရှောက် ပေးရန်

*ဆရာဝန်ကြီးများ ၏ ကား များ
အဆင်ပြေ ချောမွေ့စွာ ရပ်နားနိုင်ရန် စီစဥ်ပေးရန်

အလုပ်ချိန်
**********
မနက်(၇)နာရီမှ ည(၇)နာရီ၊
တစ်ပါတ်လျှင် တစ်ရက် နားရက်ရမည်။

ခန့်မှန်းလစာ - ညှိနှိုင်း ( လုပ်ငန်းအတွေ့အကြုံပေါ်မူတည်၍ လစာ ပြောင်းလဲနိုင်ပါသည်။)

-အစမ်းခန့် ကာလ ၃ လ

အတည်ဝန်ထမ်းဖြစ်ပါက . . .
*အရည်အချင်းအပေါ်မူတည်၍ လစာတိုးမည်*
*ဘောနပ်စ် & ရှားပါးစာရိတ် စတင် ခံစားခွင့်ရှိသည်*
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

လျှောက်ထားလိုသူများသည် မိမိတို့၏

1.ကိုယ်ရေးရာဇ၀င်( CV form)

2.မှတ်ပုံတင် (မိတ္တူ)

3.လိုင်စင်ဓာတ်ပုံ(၂)ပုံ

4. အိမ်ထောင်စုစာရင်း(မိတ္တူ) တို့ဖြင့် ၁၀.၁.၂၀၂၆ရက်နေ့နောက်ဆုံးထားပြီး
မဂ္ဂတစ်ဆေးခန်း- (မဂ္ဂတစ် လမ်းမပေါ် ဆိုရှယ်လစ် ၆ လမ်းထောင့် )သို့ လာရောက်လျှောက် ထားနိုင်ပါသည်။

၂၅.၄.၂၀၂၆(စနေညနေ (၄) နာရီ နောက်ဆုံးထားပြီး လျှောက်လွှာတင်ပေးပါရန်

*interview ဖြေရမယ့်သူများကို ၂၆.၄၂၀၂၆တနင်္ဂနွေနေ့ ညနေတွင် ဖုန်းဖြင့်ပြန်လည်ဆက်သွယ်ပါမည်။*

*သိရှိလိုသည်များရှိပါက မဂ္ဂတစ်ဆေးခန်းဖုန်း( 09754242650/09762821257)သို့ မနက်၈ နာရီမှည၇နာရီအတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

✨မင်္ဂလာရှိသောနှစ်သစ်မှစ၍ ​ကျန်းမာပျော်ရွှင်သောနေ့သစ်များကိုပိုင်ဆိုင်နိုင်ပါစေကြောင်း "မဂ္ဂတစ်အထူးကုဆေးခန်း"မိသားစုမှ ဆ...
17/04/2026

✨မင်္ဂလာရှိသောနှစ်သစ်မှစ၍ ​ကျန်းမာပျော်ရွှင်သောနေ့သစ်များကိုပိုင်ဆိုင်နိုင်ပါစေကြောင်း

"မဂ္ဂတစ်အထူးကုဆေးခန်း"မိသားစုမှ ဆုမွန်​ကောင်းတောင်းအပ်ပါသည်ရှင်။✨


ဆေးခန်းလိပ်စာ🏡
အမှတ်(၁၀၇၈)၊မဂ္ဂတစ်လမ်းနှင့် ဆိုရှယ်လစ်(၆)လမ်းထောင့်၊ပဲခူးမြို့။

ဖုန်း-09 762821257, 09 754242650,
09 950209216

⏰ဆေးခန်းဖွင့်ချိန်-နံနက်(၇)နာရီမှ ည(၇)နာရီ။⏰

#အထူးကုဆရာ၀န်ကြီးများ

#မဂ္ဂတစ်အထူးကုဆေးခန်း

07/04/2026

မိုးရာသီအတွက် ရာသီ တုတ်ကွေး ကာကွယ်ဆေးထိုးလို့သူများ ဆေးခန်းတွင်လာရောက်ထိုးနိူင်ပါပြီရှင့်။

☀️ 🥵 အပူရှပ်ခြင်း (Heat Stroke) ဟာ ရာသီဥတုပူပြင်းလွန်းချိန်မှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာ တစ်ခုဖြစ်ပါတယ်။ အခုလို အပူ...
05/04/2026

☀️ 🥵 အပူရှပ်ခြင်း (Heat Stroke) ဟာ ရာသီဥတုပူပြင်းလွန်းချိန်မှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာ တစ်ခုဖြစ်ပါတယ်။ အခုလို အပူချိန်တွေ စံချိန်တင်မြင့်တက်နေချိန်မျိုးမှာ အပူလျှပ်တဲ့ ဒဏ်ကို ပိုခံစားရနိုင် ပါတယ်။ အပူလျှပ်ခြင်း ဖြစ်ရတဲ့အဓိကဖြစ်ရတဲ့အကြောင်းရင်းကတော့ ရုတ်တရက်အပူချိန်အပြောင်းအလဲ ဖြစ်ခြင်း (နေပူထဲကနေပြန်လာလာချင်း အဲယားကွန်းဖွင့်ထားတဲ့ အခန်းထဲဝင်လိုက်ခြင်း၊ ရေခဲရေသောက်ခြင်း၊ ရေချိုးခြင်း ဒါမှမဟုတ် အအေးခန်းထဲကနေ ရုတ်တရက်နေပူထဲထွက်လိုက်ခြင်း) ကြောင့်ဖြစ်ပါတယ်။

အပူရှပ်ခြင်း (Heat Stroke) လက္ခဏာများ❗️❗️

⚠ ကိုယ်အပူချိန်သာမန်ထပ်မြင့်တက်လာခြင်း (၁၀၄ ဒီဂရီဖာရင်ဟိုက် ဒါမှမဟုတ် ၄၀ ဒီဂရီစင်တီဂရိတ်)

⚠ အရေပြားခြောက်သွေ့ခြင်း

⚠ ချွေးခန်းခြောက်ခြင်း

⚠ မူးဝေအော့အန်ခြင်း

⚠ သတိလစ်သွားခြင်း

⚠ အသက်ရှုမြန်လာခြင်း

⚠ နှလုံးခုန်မြန်လာခြင်း

စတဲ့လက္ခဏာတွေပါဝင်ပြီး အချိန်မှီကျန်းမာရေးစောင့်ရှောက်မှုမခံယူရင် အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

ဘယ်သူတွေမှာ အပူရှပ်ခြင်း (Heat Stroke) ပိုဖြစ်နိုင်သလဲ ❓

🚨 ကလေးငယ်များနှင့်သက်ကြီးရွယ်အိုများ

🚨 ရေသောက်နည်းသူများ

🚨 နေပူထဲတွင် အချိန်ကြာမြင့်စွာအလုပ်လုပ်ရသူများ

🚨 အားကစားပြင်းပြင်းထန်ထန်လုပ်သူများ

🚨 သာမန်ထက်ချွေးထွက်များသူများ

🚨 ရောဂါအခံရှိသူများ (ဥပမာ - နှလုံးရောဂါ၊ ဆီးချိုရောဂါ)

🚨 အရက်သောက်သုံးသူများ

စတဲ့သူတွေက တခြားသူများထက် အပူလျှပ်ခြင်းပိုဖြစ်နိုင်ပါတယ်။

အပူရှပ်ခြင်း (Heat Stroke) ကို ဘယ်လိုကာကွယ်မလဲ 💜

✅ ရာသီဥတုပူပြင်းချိန် အပြင်မထွက်ပါနှင့်

✅ မလွှဲမရှောင်သာထွက်ရမယ်ဆိုလျှင် ထီး၊ ဦးထုပ်၊ နေကာမျက်မှန်၊ သောက်ရေဘူးယူဆောင် သွားပါ

✅ ရေခဲရေမသောက်ပါနှင့်၊ ရိုးရိုးရေသောက်ပါ၊ ဓာတ်ဆားရည်သောက်ပါ

✅ အေးမြသည့်နေရာမှ နေပူထဲသို့သွားမည်ဆိုလျှင် ကြိုတင်ရေသောက်ထားပါ

အပူရှပ်ခြင်း (Heat Stroke) ခံစားရတဲ့လူနာကို ဘယ်လိုပြုစုမလဲ❓
အပူရှပ်ခြင်း (Heat Stroke) ကြောင့်သတိလစ်နေတဲ့လူနာကို အောက်ပါနည်းလမ်းတွေအတိုင်း အရေးပေါ်ကုသမှုပေးနိုင်ပါတယ်

✳️ လူနာကိုအရိပ်ရတဲ့နေရာကို ရွှေ့ပါ၊ အဲယားကွန်း (ဒါမှမဟုတ်) ပန်ကာဖွင့်ထားတဲ့အခန်းမှာ ထားပေးပါ

✳️ လူနာရဲ့ ခြေရင်းဘက်ကိုမြှင့်ပြီး ပက်လက်အနေအထားနဲ့ထားပေးပါ

✳️ လူနာရဲ့ အဝတ်အစားတွေကို ချွတ်ပေးပါ

✳️ ရေအေးအေး (ဒါမှမဟုတ်) ဓာတ်ဆားရည်တိုက်ပေးပါ

✳️ အချိုရည်တွေ၊ ဂတ်စ်ပါတဲ့ အချိုရည်တွေ မတိုက်ပါနှင့်

✳️ လူနာရဲ့ လည်ပင်း၊ ချိုင်း၊ ပေါင်ခြံနေရာတွေကို ရေအေးအေးဖြင့်စွတ်ထားတဲ့ အဝတ်နဲ့ရေဖတ်တိုက် ပေးပါ

ပြီးလျှင်နီးစပ်ရာ ဆေးရုံဆေးခန်းကို ပို့ပြီးကုသမှုဆက်လက်ခံယူရပါမယ်။

အပူရှပ်ခြင်း (Heat Stroke) ဝေဒနာ ခံစားရရင် အရေးပေါ်ဆေးကုသမှုခံယူသင့်ပါတယ်။ အချိန်မှီကုသမှု မခံယူနိုင်ရင် ဦးနှောက်၊ အဆုတ်၊ နှလုံး၊ အသည်း၊ ကျောက်ကပ် စတဲ့ကိုယ်တွင်းကလီစာတွေကို ထိခိုက်ပျက်စီးစေပြီး နောက်ဆုံးမှာ အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်တာကြောင့်မပေါ့ဆသင့်တဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။Crd.

📣သင်္ကြန်နှစ်သစ်ကူးပိတ်ရက်ကြေညာခြင်း📣📣သင်္ကြန်အကြိုနေ့မှ နှစ်ဆန်းတစ်ရက်နေ့ (13.4.2026)မှ(17.4.2026)အထိ (၅)ရက်ဆေးခန်းပိတ်...
28/03/2026

📣သင်္ကြန်နှစ်သစ်ကူးပိတ်ရက်ကြေညာခြင်း📣📣

သင်္ကြန်အကြိုနေ့မှ နှစ်ဆန်းတစ်ရက်နေ့ (13.4.2026)မှ(17.4.2026)အထိ (၅)ရက်ဆေးခန်းပိတ်ကြောင်း အသိပေးအပ်ပါသည်ရှင်💌

နှစ်သစ်မှစ၍ စီးပွားလာဘ်လာဘများ တိုးပွားပြီးကျန်းမာရွှင်လန်းကြပါစေရှင်🎁🙏

💦ပျော်ရွှင်စရာသင်္ကြန်အခါသမယလေးဖြစ်ပါစေရှင်💦

ဒေါက်တာ နှင်းလဲ့ဝေM.B.,B.S,M.Med.Sc(ORL-HNS)Consultant ORL-Head and Neck Surgeonပဲခူးပြည်သူ့ဆေးရုံကြီး"နား၊ နှာခေါင်း၊ လ...
25/02/2026

ဒေါက်တာ နှင်းလဲ့ဝေ
M.B.,B.S,M.Med.Sc(ORL-HNS)
Consultant ORL-Head and Neck Surgeon
ပဲခူးပြည်သူ့ဆေးရုံကြီး

"နား၊ နှာခေါင်း၊ လည်ချောင်းပြဿနာတွေက ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေကြောင့် ဖြစ်ရတာပါ။ ထိရောက်တဲ့ ကုသမှုကို ခံယူနိုင်ဖို့ ဘက်တီးရီးယားကြောင့် ဖြစ်တာလား၊ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာလားဆိုတာ သိဖို့ လိုပါတယ်။
ဗိုင်းရပ်စ်ကြောင့်က အဖြစ်များပြီး ဥပမာ ပြောရရင် အအေးမိဗိုင်းရပ်စ်လည်း ပါပါတယ်။
ဘက်တီးရီးယားကြောင့်ဖြစ်တာက ဗိုင်းရပ်စ်နဲ့ ယှဉ်ရင် အဖြစ်နည်းပေမယ့် ပိုပြီးပြင်းထန်တတ်ပါတယ်။ ဘက်တီးရီးယားကြောင့် ဖြစ်တာကိုတော့ ပိုးသတ်ဆေးတွေနဲ့ ကုသနိုင်ပါတယ်။"
ဗိုင်းရပ်စ်ရော၊ဗိုင်းရပ်စ်ရော၊ ဘက်တီးရီးယားရောက နား၊ နှာခေါင်း၊ လည်ချောင်းပြဿနာတွေကို ဖြစ်စေနိုင်ပေမယ့် လက္ခဏာတွေကတော့ ဖြစ်တဲ့နေရာပေါ် မူတည်ပါတယ်။
နားပိုးဝင်တာဆိုရင်တော့ နားကိုက်တာ၊ နားပြည်ယိုတာ၊ အကြားအာရုံ ထိခိုက်တာ၊ မတ်မတ်မရပ်နိုင်ဘဲ မူးတာတွေ ဖြစ်နိုင်ပါတယ်။
နှာခေါင်းမှာဆိုရင်တော့ နှာခေါင်းပိတ်တာ၊ နှာစေးတာ၊ နှာရည်ယိုတာနဲ့ တစ်ခါတလေ ခေါင်းကိုက်တာတွေ ဖြစ်တတ်ပါတယ်။
လည်ချောင်းပိုးဝင်တာဆိုရင်တော့ လည်ချောင်းနာတာ၊ လည်ချောင်းယားတာနဲ့ အစာမျိုရခက်တာတွေ ဖြစ်တတ်ပါတယ်။
နား၊ နှာခေါင်းနဲ့ လည်ချောင်းမှာ ပိုးဝင်တဲ့အခါ တစ်နေရာကနေ တစ်နေရာကို အလွယ်တကူပြန့်နိုင်တာကြောင့် လက္ခဏာပေါင်းစုံကို တစ်ချိန်တည်းမှာ ခံစားရနိုင်ပါတယ်။"အပေါ်မှာ ပြောခဲ့တဲ့ လက္ခဏာတွေ ခံစားရရင် ဒါမှမဟုတ် နာတာ၊ တခြားထူးခြားတဲ့ လက္ခဏာတွေ ခံစားရရင် နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ဒီလိုပဲ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါတွေကို အထွေထွေရောဂါကုဆရာဝန်နဲ့ ပြသနေရင်းကနေ မသက်သာဘူးဆိုရင်လည်း အထူးကုနဲ့ ပြောင်းပြသင့်ပါတယ်။

"မဂ္ဂတစ်အထူးကုဆေးခန်း"တွင် လူကြီးမင်းတို့၏ ကျန်းမာရေးပြဿနာ များကို ကျွမ်းကျင်သူဆရာ၀န်ကြီးများနှင့် တိုင်ပင်ဆွေးနွေး ကုသနိုင်ရန် အထူးအလေးထားဆောင်ရွက်ပေးနေပါသည်ရှင်💊🩺

"မဂ္ဂတစ်အထူးကုဆေးခန်း" မှ
ကောင်းမွန်သော၀န်ဆောင်မှု သင့်တင့်သော ဈေးနှုန်းများဖြင့် အောက်ပါတို့ကို ဆောင်ရွက်ပေးနေပါသည်ရှင်။

📣အထူးကုဆရာ၀န်ကြီးများနှင့် ပြသခြင်း။
📣အထွေထွေရောဂါကုဆရာ၀န်များနှင့်ပြသခြင်း။
📣အမေရိကန်နိုင်ငံထုတ်GEစက်အသစ် တယ်လီဗေးရှင်းဓာတ်မှန်ဖြင့် ရောဂါရှာဖွေပေးခြင်း။
(Ultrasonography)
📣သွေး/၀မ်း/ဆီး/သလိပ် ဓာတ်ခွဲစမ်းသပ်ပေးခြင်း။
📣ကာကွယ်ဆေးထိုး၀န်ဆောင်မှုပေးခြင်း။
(ရာသီတုပ်ကွေး/အသည်းရောင်ဘီပိုး/သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး)
📣Home Visit အိမ်တိုင်ရာရောက်ဆေးကုသမှုလုပ်ငန်း။

🚩ဆေးခန်းလိပ်စာ🏨
အမှတ်(၁၀၇၈)၊မဂ္ဂတစ်လမ်းနှင့် ဆိုရှယ်လစ်(၆)လမ်းထောင့်၊ပဲခူးမြို့။

-Booking တင်ရန် ဖုန်းနံပါတ်များ-
09 762821257, 09 754242650,
09 950209216

🔻ဆေးခန်းဖွင့်ချိန်-နံနက်(၇)နာရီမှ ည(၇)နာရီ။

#အထွေထွေရောဂါကုဆရာ၀န်များ

#မဂ္ဂတစ်အထူးကုဆေးခန်း

သတိပြုဖွယ် E-စီးကရက် (V**e )အန္တရာယ်
20/02/2026

သတိပြုဖွယ် E-စီးကရက် (V**e )အန္တရာယ်

မဂ္ဂတစ် အထူးကုဆေးခန်း(ပဲခူးမြို့ )တွင် တာဝန်ထမ်းဆောင်ရန် အတွက်*Nurse Aid (သူနာပြုအကူ) မ (၂) ဦး ခေါ်ယူခြင်း- - - - - - - ...
19/02/2026

မဂ္ဂတစ် အထူးကုဆေးခန်း(ပဲခူးမြို့ )တွင် တာဝန်ထမ်းဆောင်ရန် အတွက်

*Nurse Aid (သူနာပြုအကူ) မ (၂) ဦး ခေါ်ယူခြင်း
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

အရည်အချင်း
- - - - - - - -
၁။ သူနာပြုအကူ လုပ်ငန်းအား အမှန်တကယ် စိတ်ဝင်စားပီး ရေရှည် လုပ်ကိုင်နိုင်သူ။

၂။ ၁၀ တန်းအောင်မြင်ပြီးသူ (သို့မဟုတ်) အခြေခံပညာအထက်တန်းအဆင့်ရှိသူဖြစ်ရမည်။

၃။ သူနာပြုအကူ သင်တန်းကျောင်းတစ်ခုခုမှ လက်မှတ်ရရှိထားသူဖြစ်ရမည်။

၃။ ဆက်ဆံရေး ပြေပြစ် ကောင်းမွန်ရမည်။

*လုပ်ငန်းအတွေ့အကြုံရှိသူဦးစားပေးမည်။*

လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များ
- - - - - - - - - - - - - - - - - - - - - - -
*ဆေးခန်းသို့လာရောက်ပြသသော လူနာများအား
သွေးပေါင်ချိန်တိုင်းတာခြင်း၊ ကိုယ်အလေးချိန် အရပ်တိုင်းတာခြင်းများ ပြုလုပ်ပေးရမည်။
*ဆရာဝန်များ အခန်းတွင် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးရမည်။ ရာထူးနှင့်သက်ဆိုင်သော လိုအပ်သောနေရာများတွင် လိုအပ်သလို ဝိုင်းဝန်းဆောင်ရွက်နိုင်ရမည်။

အလုပ်ချိန်
**********
မနက်(၇)နာရီမှ ည(၇)နာရီ၊
တစ်ပါတ်လျှင် တစ်ရက် နားရက်ရမည်။

ခန့်မှန်းလစာ - ညှိနှိုင်း ( လုပ်ငန်းအတွေ့အကြုံပေါ်မူတည်၍ လစာ ပြောင်းလဲနိုင်ပါသည်။)

-အစမ်းခန့် ကာလ ၃ လ

အတည်ဝန်ထမ်းဖြစ်ပါက . . .
*အရည်အချင်းအပေါ်မူတည်၍ လစာတိုးမည်*
*ဘောနပ်စ် & ရှားပါးစာရိတ် စတင် ခံစားခွင့်ရှိသည်*
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

လျှောက်ထားလိုသူများသည် မိမိတို့၏

1.ကိုယ်ရေးရာဇ၀င်( CV form)

2.မှတ်ပုံတင် (မိတ္တူ)

3.လိုင်စင်ဓာတ်ပုံ(၂)ပုံ

4. အိမ်ထောင်စုစာရင်း(မိတ္တူ) တို့ဖြင့် ၁.၃.၂၀၂၆ရက် (တနင်္ဂနွေနေ့) နောက်ဆုံးထားပြီး
မဂ္ဂတစ်ဆေးခန်း- (မဂ္ဂတစ် လမ်းမပေါ် ဆိုရှယ်လစ် ၆ လမ်းထောင့် )သို့ လာရောက်လျှောက် ထားနိုင်ပါသည်။

၁.၃.၂၀၂၆.ရက်တနင်္ဂနွေနေ့ညနေ (၄) နာရီ နောက်ဆုံးထားပြီး လျှောက်လွှာတင်ပေးပါရန်

*interview ဖြေရမယ့်သူများကို၂.၃.၂၀၂၆(တနင်္လါနေ့ )ညနေတွင် ဖုန်းဖြင့်ပြန်လည်ဆက်သွယ်ပါမည်။*

*သိရှိလိုသည်များရှိပါက မဂ္ဂတစ်ဆေးခန်းဖုန်း( 09754242650/09762821257)သို့ မနက်၈ နာရီမှည၇နာရီအတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

24/01/2026

❗️သေဆုံးနှုန်း ၄၀% ကျော်ရှိပြီး လတ်တလော အိန္ဒိယမှာ ဖြစ်ပွားနေတဲ့ နီပါ (Nipah) ဗိုင်းရပ်စ်အကြောင်း

Nipah ဗိုင်းရပ်စ်ဆိုတာ တိရိစ္ဆာန်များမှ လူသို့ ကူးစက်နိုင်သော (zoonotic) ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ပါတယ်။ သစ်သီးစားလင်းနို့ အမျိုးအစားတွေဖြစ်တဲ့ (fruit bats/ flying foxes) တွေဟာ ဒီဗိုင်းရပ်စ်ရဲ့ သဘာဝ သယ်ဆောင်သူများပါ။

ဒီ Nipah ဗိုင်းရပ်စ်ကို ရိုးရိုးရှင်းရှင်း ကြိုတင်ကာကွယ်မှုတွေနဲ့တင် ကူးစက်ခံရနိုင်ခြေကို များစွာလျှော့ချနိုင်ပါတယ်။ မြန်မာနိုင်ငံမှာလက်ရှိ ဖြစ်ပွားမှု ရှိ/မရှိ မသိသေးပေမယ့် ဒီကာလမှာ အထူးသဖြင့် တောတောင်ဒေသထဲတွေမှာ နေထိုင်နေရသူတွေ၊ တောထဲ ဂူတွေထဲ စစ်ရှောင်နေရသူတွေ၊ အိန္ဒိယနိုင်ငံအတွင်း (သို့) နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဒေသတွေမှာ နေထိုင်နေသူတွေအတွက် အချိန်နှင့်အမျှ ထွက်ပေါ်နေတဲ့သတင်း အချက်အလက်တွေကို သိထားရအောင် ရေးလိုက်ပါတယ်။....

၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင်း အိန္ဒိယနိုင်ငံ West Bengal ပြည်နယ်မှာ Nipah ကူးစက်ခံရသူ ၅ ဦး အတည်ပြုနိုင်ခဲ့ပြီး ၂၀၂၅ တုန်းကလည်း Kerala ပြည်နယ်မှာ ကူးစက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ၂၀၀၁ မှ ၂၀၂၆ အထိ အိန္ဒိယမှာ Nipah ကူးစက်ခံရသူ ၁၀၀ ခန့်ရှိပြီး အဲဒီထဲမှ ထက်ဝက်ကျော် သေဆုံးခဲ့ပါတယ်တဲ့။

ဒါဆို လက်တလောမှာ ကူးစက်မှုအရေအတွက် ၁၀ ဦးအောက်ပဲ ရှိသေးတာကို ဘာလို့ အထူးတလည်ရေးလဲဆိုတော့ ဒီဗိုင်းရပ်စ်က ကူးစက်ခံရပြီဆိုရင် သေဆုံးနှုန်းက ၄၀% နဲ့ ၁၀၀% ကြားရှိလို့ပါ။ ဆိုလိုတာကတော့ ကူးစက်ခံရသူ ၁၀ ဦးရှိတယ်ဆိုရင် အဲ့ထဲမှာ ၄ ဦး ကနေ ၁၀ ဦးအထိ သေဆုံးနိုင်ခြေရှိတယ်လို့ ဆိုတာပေါ့။

လက်ရှိအချိန်မှာ ကာကွယ်ဆေးနဲ့ တိကျတဲ့ ကုသဆေးတွေ မရှိသေးတဲ့အတွက် မကူးစက်အောင် ကြိုတင်ကာကွယ်ခြင်းသာ အကောင်းဆုံး နည်းလမ်းဖြစ်လို့ ဘယ်လိုကာကွယ်ရမလဲ ကြိုသိနေရင် ကောင်းတာပေါ့။

ဘယ်လို ကူးစက်နိုင်သလဲ။

• လင်းနို့ ကိုက်စားထားသော သစ်သီးများကို မဆေးဘဲ စားခြင်း

• လင်းနို့၏ ဆီး၊ မစင် သို့မဟုတ် တံတွေး ပေကျံနေသော အစားအစာများ စားသောက်မိခြင်း

• သေချာ မသိမ်းဆည်း/ မသိုလှောင်ထားသော သောက်ရေ/ ထန်းရည်အစိမ်း (ညဘက် လင်းနို့များ လာရောက်သောက်တတ်၊ ဆီးပေါက်ချထားတတ်) ကို မကျိုဘဲ သောက်မိခြင်း

• ကူးစက်ခံထားရသော ဝက်/တိရိစ္ဆာန်များ၏ သွေး၊ တစ်သျှူး၊ ခန္ဓာကိုယ်အရည်များနှင့် ထိတွေ့ခြင်း

• ကူးစက်ခံထားရသော လူနာ၏ သွေး၊ ဆီး၊ နှာရည်၊ တံတွေး စသည်တို့နှင့် ထိတွေ့ခြင်း

• လူနာကို ပြုစုစောင့်ရှောက်ရာတွင် နှာခေါင်းစည်း၊ လက်အိပ်စတဲ့ အကာအကွယ်တွေ မပါခြင်း

ရောဂါလက္ခဏာများ

ဗိုင်းရပ်စ်ပိုးဝင်ပြီး ၄ ရက်မှ ၁၄ ရက်အတွင်း လက္ခဏာတွေ စတင်ပေါ်နိုင်ပါတယ်။

အစောပိုင်း လက္ခဏာတွေကတော့ သာမန် တုပ်ကွေး၊ ဖျားနာလက္ခဏာ (ဖျားခြင်း၊ ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ အော့အန်ခြင်း၊ လည်ချောင်းနာခြင်း) တွေနဲ့ ဆင်ပြီး

ပြင်းထန်လာရင်တော့ . . .

အသက်ရှူကျပ်ခြင်း၊ နမိုးနီးယားကဲ့သို့သော အဆုတ်ရောင် လက္ခဏာတွေပြခြင်း

ဉီးနှောက်ရောင်တဲ့ လက္ခဏာတွေဖြစ်တဲ့ တက်ခြင်း၊ သတိလစ်ခြင်း၊ အလွန်အမင်းမှိန်းနေခြင်း၊ ပုံမှန် စိတ်အခြေအနေမဟုတ်ခြင်းတို့ ဖြစ်တတ်ပါတယ်။

ဒီပြင်းထန်လက္ခဏာတွေဟာ အခြားရောဂါတွေနဲ့လည်း ဆင်တူနိုင်တာကြောင့် ဒီလက္ခဏာတွေရှိနေပြီဆိုရင် နီးစပ်ရာ ကျန်းမာရေးဌာနမှာ အမြန်ဆုံး ပြသဖို့ လိုပါတယ်။....

✅ ဆောင်ရန်၊ ❌ရှောင်ရန်

🍎 အစားအသောက်

✅ သစ်သီးများကို ရေသေချာ ဆေးပြီးမှ စားပါ။
✅ အခွံခွာနိုင်လျှင် ခွာပြီးမှ စားပါ။
✅ ရေကို ကျိုချက်ပြီးမှ သောက်ပါ။
✅ ထန်းရည်၊ ဓနိရည် စသည်တို့ကို ကျိုချက်ပြီးမှ သောက်ပါ။

❌ လင်းနို့ ကိုက်ထားသော၊ တစ်ဝက်တစ်ပျက် စားထားသော သစ်သီးများ မစားပါနှင့်
❌ မြေပေါ်ကျနေသော သစ်သီးများ မစားပါနှင့်

🧼 သန့်ရှင်းရေး

✅ လက်ကို ဆပ်ပြာဖြင့် မကြာခဏ ဆေးပါ။ (အထူးသဖြင့် အစာ မစားမီ။ တိရိစ္ဆာန်များနဲ့ ထိတွေ့ပြီးနောက်)
✅ တိရိစ္ဆာန်များကိုင်တွယ်ချိန်၊ ခြံများကို သန့်ရှင်းရေးလုပ်ချိန်တွင် အကာအကွယ် အဝတ်အစား၊ လက်အိတ်၊ ဖိနပ်တို့ ဝတ်ဆင်ပါ။
✅ ကူးစက်ခံရတယ်လို့ သံသယရှိသူတွေကို ပြုစုရာတွင် နှာခေါင်းစည်း၊ လက်အိတ် သုံးပါ။

❌ လူနာရဲ့ သွေး၊ ဆီး၊ အန်ဖတ် စသည်တို့နဲ့ တိုက်ရိုက် မထိတွေ့ပါနဲ့။

📢 အခြား အရေးကြီးတဲ့အချက်များ

✅ တိရိစ္ဆာန်အစာများကို လင်းနို့များ မရောက်နိုင်သော နေရာများတွင် သိမ်းဆည်းပါ။

✅ ထန်းရည်ခံသော အိုးများ၊ ရေတွင်းများ၊ ရေသိုလှောင်သော နေရာများကို လင်းနို့များ မဝင်ရောက်နိုင်အောင် ဖုံးအုပ်ထားပါ။

❌🦇 လင်းနို့များနှင့် မထိတွေ့ပါနဲ့။

❌ စွန့်ပစ်ထားသော အိမ်များ၊ တွင်းများ၊ ဂူများ၊ လင်းနို့ဆွဲသောနေရာများသို့ မသွားပါနဲ့။

❌ လင်းနို့များ စုဝေးနေထိုင်ရာ သစ်ပင်များအောက်မှာ မအိပ်ပါနဲ့၊ အစားအစာ မထားပါနဲ့။

❌ ဖျားနေသော သို့မဟုတ် သေဆုံးနေသော တိရိစ္ဆာန်များကို လက်ဗလာဖြင့် မကိုင်ပါနဲ့။

🩺 ဗိုင်းရပ်စ်အသစ်ဆိုပြီး ကြောက်လန့်ဖို့ မဟုတ်ဘဲ သတိထားပြီး ကြိုတင်ကာကွယ်နိုင်ဖို့ အတွက်ပါ.... ။

ချစ်ခြင်းများစွာဖြင့်
ဒေါက်တာဇုန်တူး

Address

မဂ္ဂတစ် လမ်း နှင့် ဆိုရှယ်လစ်( ၆ ) လမ်းထောင့်
Bago

Telephone

+959754242650

Website

Alerts

Be the first to know and let us send you an email when မဂ္ဂတစ် အထူးကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share