Panditarama Sayatawgyi - ပဏ္ဍိတာရာမ ဆရာတော်ကြီး

  • Home
  • Myanmar
  • Bago
  • Panditarama Sayatawgyi - ပဏ္ဍိတာရာမ ဆရာတော်ကြီး

Panditarama Sayatawgyi - ပဏ္ဍိတာရာမ ဆရာတော်ကြီး ပဏ္ဍိတာရာမ ရွှေတောင်ကုန်းဆရာတော်ဘု

🌼 သံလွင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ရှိ ပဏ္ဍိတာရာမ ရွှေတောင်ကုန်း သာသနာ့ရိပ်သာကြီးမှာ ဝိပဿနာတရားအားထုတ်ဖူးတဲ့ ရဟန်း...
03/12/2025

🌼 သံလွင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ရှိ ပဏ္ဍိတာရာမ ရွှေတောင်ကုန်း သာသနာ့ရိပ်သာကြီးမှာ ဝိပဿနာတရားအားထုတ်ဖူးတဲ့ ရဟန်းတော်များ၊ ဆရာလေးများနှင့် ယောဂီသူတော်စင်များ အမှတ်ရစရာ နေရာများ

December 1, 2025.

🏵️ ပဏ္ဍိတာရာမ ရွှေတောင်ကုန်း သာသနာ့ရိပ်သာ (ဗဟန်း၊ ရန်ကုန်)ရှိ ရဟန်း‌တော်များ၊ ဆရာလေးများ၊ ယောဂီ(အမျိုးသား၊ အမျိုးသမီး)တိ...
03/12/2025

🏵️ ပဏ္ဍိတာရာမ ရွှေတောင်ကုန်း သာသနာ့ရိပ်သာ (ဗဟန်း၊ ရန်ကုန်)ရှိ ရဟန်း‌တော်များ၊ ဆရာလေးများ၊ ယောဂီ(အမျိုးသား၊ အမျိုးသမီး)တို့ မနက် 3am မှ ည 9pm အထိ ရုပ်နာမ်ဖြစ်ပျက်တရားများအား မပြတ်ရှုမှတ်အားထုတ်ရာ ဓမ္မာရုံ။

December 1, 2025.

🌷 ပဏ္ဍိတာရာမ ဆရာတော်ဘုရားကြီး သက်တော်ထင်ရှားရှိခဲ့စဉ် ပဏ္ဍိတာရာမ ရွှေတောင်ကုန်း သာသနာ့ရိပ်သာ(ဗဟန်း၊ ရန်ကုန်)၌ သီတင်းသုံး...
03/12/2025

🌷 ပဏ္ဍိတာရာမ ဆရာတော်ဘုရားကြီး သက်တော်ထင်ရှားရှိခဲ့စဉ် ပဏ္ဍိတာရာမ ရွှေတောင်ကုန်း သာသနာ့ရိပ်သာ(ဗဟန်း၊ ရန်ကုန်)၌ သီတင်းသုံးခဲ့သော အဆောင်။

December 1, 2025.

🏵️ နမော တဿဘဂဝတောအရဟတော သမ္မာသမ္ဗုဒ္ဓဿ🔸 "ဦးပဏ္ဍိတဟာ တောစခန်းမှာ သာသနာပိုင်ဖြစ်အောင် ပြုလုပ်နေတာ၊ သိပ်ကောင်းတာပဲ" ဆိုပြီး ...
01/10/2025

🏵️ နမော တဿဘဂဝတော
အရဟတော သမ္မာသမ္ဗုဒ္ဓဿ

🔸 "ဦးပဏ္ဍိတဟာ တောစခန်းမှာ သာသနာပိုင်ဖြစ်အောင် ပြုလုပ်နေတာ၊ သိပ်ကောင်းတာပဲ" ဆိုပြီး ရွှေဥမင် ဆရာတော်ဘုရားကြီးဟာ ပဏ္ဍိတာရာမ ဆရာတော်ဘုရားကြီးကို မိန့်တော်မူခဲ့ပါတယ်။

🔸 ထို့အတူ ပဏ္ဍိတာရာမ ဆရာတော်ဘုရားကြီးသည် ၎င်းထံချဉ်းကပ်လာကြသော ရဟန်းရှင်လူအပေါင်းတို့ကိုလည်း "မြတ်စွာဘုရား အလိုတော်နှင့်အညီ ကိုယ့်ရဲ့နှလုံးသားထဲမှာ ဓမ္မစေတီတည်သွားပြီးတော့ စိတ်ချနိုင်လောက်တဲ့အထိ သာသနာပိုင်ဖြစ်အောင်၊ ကိုယ်ပိုင်သာနာဖြစ်အောင် ကြိုးစားအားထုတ်ကြပါ"ဟု မိန့်မှာတော်မူခဲ့ပါသည်။

🌷 Panditarama Sayatawgyi
#ပဏ္ဍိတာရာမ #ပဏ္ဍိတဘိဝံသ
#ပဏ္ဍိတာရာမဆရာတော်ကြီး
October 1, 2025

21/07/2025

🥀 ဘီးလင်းဆရာတော်ကြီး၏ ရုပ်ကလာပ်အား ရန်ကုန်ရွှေတောင်ကုန်းကျောင်းမှ ပဲခူးဆယ်မိုင်ကုန်းကျောင်းသို့ ပြောင်းရွှေ့အပူဇော်ခံ (Live, Repost)

23/06/2025

🥀 ဘီးလင်းဆရာတော်ကြီး၏ အန္တိမ အဂ္ဂိဈာပန ပူ‌ဇော်ပွဲသို့ June 24, 2025 နံနက်(၈)နာရီအချိန်တွင် ရန်ကုန် ပဏ္ဍိတာရာမ ရွှေတောင်ကုန်းမှ - ပဲခူး ဆယ်မိုင်ကုန်း တောစခန်းရိပ်သာသို့ မော်တော်ယာဉ်များ ထွက်ခွါပါမည်။

🛎️ လိုက်ပါလိုသူများအနေဖြင့် June 23, 2025 ညနေ(၃)နာရီ နောက်ဆုံးထား စာရင်းပေးသွင်းကြစေလိုပါသည်။

🍚 ဧည့်ပရိတ်သတ်အပေါင်းတို့အား နံနက်(၇)နာရီမှ ညနေ(၄)နာရီအထိ အင်းတကော်မြို့ ဦးဆန်းဦး+ဒေါ်ယဉ်မင်းထွန်း (ဒေါင်းအိုးဝေ ကဖီး) မိသားစုမှ စတုဒိသာ ထမင်းအာဟာရ ကျွေးမွေးဧည့်ခံပါမည်။

🏵️ ဈာပနပွဲပြီးလျှင် ကားများဖြင့် ပြန်လည်ပို့ဆောင်ပေးပါမည်။

22/06/2025

🥀 ဘီးလင်းဆရာတော်ကြီး၏ ရုပ်ကလာပ် ပဲခူးဆယ်မိုင်ကုန်းကျောင်းသို့ အဝင်လမ်း

🥀 "ဘီးလင်းဆရာတော်၏ ရုပ်ကလာပ်တော်အား ပင့်ဆောင်မည့်လမ်းကြောင်း လမ်းညွှန်အစီအစဉ်"🏵️ (၂၂-၆-၂၀၂၅) တနင်္ဂနွေနေ့၊ နေ့လည်(၁၂:၀၀)...
21/06/2025

🥀 "ဘီးလင်းဆရာတော်၏ ရုပ်ကလာပ်တော်အား ပင့်ဆောင်မည့်လမ်းကြောင်း လမ်းညွှန်အစီအစဉ်"

🏵️ (၂၂-၆-၂၀၂၅) တနင်္ဂနွေနေ့၊ နေ့လည်(၁၂:၀၀)အချိန်တွင်

(က) ရုပ်ကလာပ်တော်ကို ရန်ကုန် ရွှေတောင်ကုန်း ရိပ်သာမှ အင်းယားမြိုင်လမ်းပေါ်ရှိ ကရဝိတ်ယာဉ်တော်ပေါ်သို့ တပည့်ရဟန်းများနှင့် လူပုဂ္ဂိုလ်များက လက်ဆင့်ကမ်း ပင့်ဆောင်ပါမည်။

(ခ) အင်းယားမြိုင်လမ်းမှ တက္ကသိုလ်ရိပ်သာလမ်းသို့ (ကရဝိတ်ဖောင်တော်နှင့် ယာဉ်တန်းများ) နေ့လည်(၁၂း၀၀)မှ စတင်၍ အင်းယားမြိုင်လမ်းမှာ ယာဉ်အစီးရေ (၂၅)စီးခန့် အသင့်စောင့်နေပါသည်။

(ဂ) တက္ကသိုလ်ရိပ်သာလမ်းမှ အင်းယားလမ်းသို့။

(ဃ) အင်းယားလမ်းမှ ပြည်လမ်းသို့။

(င) ပြည်လမ်းမှ ရန်ကုန်-မန္တလေးလမ်းဟောင်းသို့။

(စ) ရန်ကုန်-မန္တလေးလမ်းဟောင်းမှ ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့နယ်၊ သဲဖြူချောင်းကျေးရွာရှိ ပဏ္ဍိတာရာမ ဆယ်မိုင်ကုန်း တောစခန်းရိပ်သာသို့ အဆင့်အဆင့် ပင့်ဆောင်သွားပါမည်။



fb/panditaramasayatawgyi

🥀 June 20, 2025 ဘီးလင်းဆရာတော်ဘုရားကြီး၏ ဈာပနတရားပွဲ (7:00)PM🏵️ ကံကော်မြိုင်သာသနာ့ရိပ်သာဆရာတော်အဂ္ဂမဟာပဏ္ဍိတဒေါက်တာ ဘဒ္ဒ...
20/06/2025

🥀 June 20, 2025 ဘီးလင်းဆရာတော်ဘုရားကြီး၏ ဈာပနတရားပွဲ (7:00)PM

🏵️ ကံကော်မြိုင်သာသနာ့ရိပ်သာဆရာတော်
အဂ္ဂမဟာပဏ္ဍိတ
ဒေါက်တာ ဘဒ္ဒန္တသာသန ဟောကြားပါသည်။

🛎️ June 22, 2025 နေ့လည် (၁၂)နာရီအချိန်တွင် ဘီးလင်းဆရာတော်ကြီး၏ ရုပ်ကလာပ်ကို ပဲခူးမြို့၊ ဆယ်မိုင်ကုန်းတောစခန်းရိပ်သာသို့ စံကျောင်းပြောင်းအစီအစဉ်ဖြင့် ပြောင်းရွှေ့ပြီး June 24, 2025 ညနေ(၃)နာရီအချိန်တွင် ၎င်းဆယ်မိုင်ကုန်း တောစခန်းရိပ်သာ၌ပင် အန္တိမအဂ္ဂိဈာပန ပူဇော်ကျင်းပပါမည်။

🏵️ အန္တိမအဂ္ဂိဈာပန ပူဇော်ပွဲ အစီအစဉ်အကျဉ်းပဏ္ဍိတာရာမ ရွှေတောင်ကုန်းသာသနာ့ရိပ်သာများ၏ မဟာနာယကချုပ် ဘဒ္ဒန္တပညာဒီပ - ဘီးလင်...
19/06/2025

🏵️ အန္တိမအဂ္ဂိဈာပန ပူဇော်ပွဲ အစီအစဉ်အကျဉ်း

ပဏ္ဍိတာရာမ ရွှေတောင်ကုန်းသာသနာ့ရိပ်သာများ၏ မဟာနာယကချုပ် ဘဒ္ဒန္တပညာဒီပ - ဘီးလင်းဆရာတော် (သာသနဓဇသီရိပဝရ ဓမ္မာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)

၁။ ဘီးလင်းဆရာတော်ကြီး၏ ရုပ်ကလာပ်တော်ကို (၁၈-၆-၂၀၂၅) မှ (၂၂-၆-၂၀၂၅) အထိ (၅)ရက်တိုင်တိုင် ရန်ကုန်ရိပ်သာကြီးတွင် ပူဇော်ထားရှိမည်။

၂။ (၂၂)ရက်နေ့ နေ့လည်(၁၂)နာရီအချိန်တွင် ပဲခူးမြို့ တောစခန်းရိပ်သာသို့ စံကျောင်းပြောင်း အစီအစဉ်ဖြင့် ပြောင်းရွှေ့ပါမည်။

၃။ (၂၄-၆-၂ဝ၂၅) ရက်နေ့ ညနေ(၃)နာရီအချိန် ပဲခူးမြို့ ဆယ်မိုင်ကုန်း တောစခန်းရိပ်သာတွင် အန္တိမအဂ္ဂိဈာပန ပူဇော်ကျင်းပပါမည်။

၅။ ရန်ကုန်ရိပ်သာ တရားပွဲ အစီအစဉ် (၁၉/၂ဝ/၂၁) သုံးရက်တိုင်တိုင် ရန်ကုန်ရိပ်သာကြီးတွင် ညစဉ်(၇)နာရီအချိန်တွင် တရားပွဲ ကျင်းပပူဇော်ပါမည်။

၆။ ပဲခူးမြို့ ဆယ်မိုင်ကုန်း တောစခန်းရိပ်သာ တရားပွဲ အစီအစဉ် - (၂၂/၂၃)ရက်နေ့များတွင် ပဲခူးမြို့ ဆယ်မိုင်ကုန်း တောစခန်းရိပ်သာကြီး၌ ညစဉ်(၆)နာရီအချိန်တွင် (၂)ညတိုင်တိုင် တရားပွဲ ကျင်းပပူဇော်မည်။

Address

Bago
08011

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Panditarama Sayatawgyi - ပဏ္ဍိတာရာမ ဆရာတော်ကြီး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

ပဏ္ဍိတာရာမ တောစခန်းရိပ်သာ

ပဏ္ဍိတာရာမ တောစခန်းရိပ်သာ ဆယ်မည့်ကုန်း (ဆယ်မိုင်ကုန်း) တောစခန်းရိပ်သာ အလှမ်းမဝေးလှပါ စခန်းကလေးကသာ ဓမ္မောဇဟာ ကောင်းမြတ်လှတာ လာပါ လာပါ အမြန်သွားရောက်ကာ လေ့လာကြစို့ဗျာ။ ပဏ္ဍိတာရာမဆရာတော်ဘုရားကြီး (၂၀၀၁ ခုနှစ်၊ အောက်တိုဘာလ) ပင်မကျောင်းဆောင်၊ တောစခန်းရိပ်သာတွင် ဖွဲ့ဆိုချီးမြှင့်ပေးခဲ့ပါသည်။ ဆယ်မည့်ကုန်း (ဆယ်မိုင်ကုန်း) - ကိလေသာနွံနစ်နေသူများကို နိဗ္ဗာန်ကြည်းကုန်းသို့ တင်ပေးရာဌာန။ ဓမ္မောဇ - (ဓမ္မ + သြဇာ) - တရားအရသာ။ 📍ယောဂီများ လိုက်နာရန် 🕒 နံနက် (၃) နာရီ အိပ်ရာထ၊ စင်္ကြန်လျှောက် 🕓 နံနက် (၄) နာရီ တရားထိုင်မှတ် 🕔 နံနက် (၅) နာရီ အရုဏ်ဆွမ်းစား 🕕 နံနက် (၆) နာရီ တရားထိုင်မှတ် (ရဟန်းတော်များ ဆွမ်းခံကြွရန်) 🕖 နံနက် (၇) နာရီ စင်္ကြန်လျှောက်မှတ် 🕗 နံနက် (၈) နာရီ တရားထိုင်မှတ် 🕘 နံနက် (၉) နာရီ ရေချိုးရန် 🕙 နံနက် (၁၀) နာရီခွဲ နေ့ဆွမ်းစားရန် 🕛 နံနက် (၁၂) နာရီ တရားထိုင်မှတ် 🕐 နေ့ (၁) နာရီ စင်္ကြန်လျှောက်မှတ် 🕑 နေ့ (၂) နာရီ တရားနာ 🕒 နေ့ (၃) နာရီ တရားလျှောက်ရန် 🕓 ညနေ (၄) နာရီ တရားထိုင်မှတ် 🕔 ညနေ (၅) နာရီ ရေချိုးရန် 🕕 ညနေ (၆) နာရီ တရားထိုင်မှတ် 🕖 ည (၇) နာရီ စင်္ကြန်လျှောက်မှတ် 🕗 ည (၈) နာရီ တရားထိုင်မှတ် 🕘 ည (၉) နာရီ စင်္ကြန်လျှောက်မှတ်

𝗣𝗮𝗻𝗱𝗶𝘁𝗮𝗿𝗮𝗺𝗮 𝗙𝗼𝗿𝗲𝘀𝘁 𝗠𝗲𝗱𝗶𝘁𝗮𝘁𝗶𝗼𝗻 𝗖𝗲𝗻𝘁𝗲𝗿 𝗧𝗵𝗲 𝗣𝗵𝘆𝘂 𝗖𝗵𝗮𝘂𝗻𝗴 𝗩𝗶𝗹𝗹𝗮𝗴𝗲, 𝗜𝗻𝗻𝗱𝗮𝗸𝗮𝘄, 𝗕𝗮𝗴𝗼 𝗧𝗼𝘄𝗻𝘀𝗵𝗶𝗽, 𝗕𝗮𝗴𝗼 𝗗𝗶𝘃𝗶𝘀𝗶𝗼𝗻, 𝗠𝘆𝗮𝗻𝗺𝗮𝗿. 𝗣𝗵𝗼𝗻𝗲 : 𝟬𝟵𝟳𝟳𝟴𝟵𝟰𝟴𝟲𝟱𝟬, 𝟬𝟵𝟳𝟲𝟳𝟴𝟲𝟰𝟲𝟳𝟮 𝗘𝗺𝗮𝗶𝗹 : 𝗰𝗼𝗺𝟮𝗽𝗮𝗻𝗱𝗶𝘁𝗮𝗿𝗮𝗺𝗮@𝗴𝗺𝗮𝗶𝗹.𝗰𝗼𝗺 𝗪𝗲𝗯𝘀𝗶𝘁𝗲 : 𝘄𝘄𝘄.𝗽𝗮𝗻𝗱𝗶𝘁𝗮𝗿𝗮𝗺𝗮.𝗻𝗲𝘁 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 : 𝘄𝘄𝘄.𝗳𝗮𝗰𝗲𝗯𝗼𝗼𝗸.𝗰𝗼𝗺/𝗽𝗮𝗻𝗱𝗶𝘁𝗮𝗿𝗮𝗺𝗮𝗳𝗼𝗿𝗲𝘀𝘁𝗺𝗲𝗱𝗶𝘁𝗮𝘁𝗶𝗼𝗻𝗰𝗲𝗻𝘁𝗲𝗿