Thu Rein Edition - Health & Fitness Performance

  • Home
  • Thu Rein Edition - Health & Fitness Performance

Thu Rein Edition - Health & Fitness Performance ♻️Train Smart. Move Better. Live Stronger

21/07/2025

🔥Core Version 🔥Train Smart. Move Better.Live Stronger.

♻️ကျန်းမာ‌ ရေးက မိသားစုအတွက် အကောင်းဆုံးလက်‌ ဆောင်တစ်ခု✅မိသားစုကို ချစ်ကြောင်း ဖော်ပြဖို့ဆိုတာ ချစ်တယ်လိုပြောနေရုံနဲ့ မပ...
21/07/2025

♻️ကျန်းမာ‌ ရေးက မိသားစုအတွက် အကောင်းဆုံးလက်‌ ဆောင်တစ်ခု

✅မိသားစုကို ချစ်ကြောင်း ဖော်ပြဖို့ဆိုတာ ချစ်တယ်လိုပြောနေရုံနဲ့ မပြည့်စုံပါဘူးဗျာ။ မိမိကျန်းမာ ရေးကို ဂရုစိုက်တာကလည်း ကိုယ့်မိသာစုအတွက် ကိုယ်တတ်နိုင်သမျှ အကောင်းဆုံး လုပ်ပေးခြင်း တစ်မျိုးပါပဲ။

ဘားမှမလုပ်ဖြစ်ရင်‌‌ တောင်❗️
♻️ပထမဦးဆုံး အနေနဲ့
မနက်အိပ်ယာနိုးလာတာနဲ့ 10min လောက် Breathing Exercises လေးနဲ့ အတူတူ Stretching Exercises လေးတွ လုပ်ပေးတာမျိုး။
ပြီးတော့ မနက်စာကို အထူသဖြင့် အိမ်ထောင်ရှင်အမျိုးသမီး တွေ ကိုယ်စားဖို့ ရော ကိုယ်မိသားစု စားဖို့‌ အတွက်ပါ အာဟာရ ပြည့်ဝ အောင် ပြင်ဆင်တာမျိုး အရင်ဆုံးလုပ်ကြည့်ပါ ။

♻️ဒုတိယတစ်ခုအ နေနဲ့
အားလပ်တဲ့အချိန်မှာ ဖုန်းပဲကြည့်တာမျိုးထက်
မိသားစုနဲ့အတူခြံထဲ လမ်းလျှောက်တာမျိုး လေးလုပ်ကြည့်ပါ။

♻️တတိယတစ်ခုအနေနဲ့
မိမိကိုယ်တိုင်လည်း တစ်နေတာ သောက်သုံးရ မဲ့ ရေပမာဏကိုပြည့်ဝ အောင် သောက်ပြီး ကိုယ့်မိသားစုကိုလည်း ရေသောက်ဖို့ သတိပေးပါ။

✅ကျွန် တော်တို့ တစ်ယောက်ထဲ အတွက်မဟုတ်ပဲ
ကျွန်တော်တို့ချစ်တဲ့သူ တွေအတွက်ပါ ကျန်းမာရေးအတွက်အထာက်အကူပြု ‌‌‌အောင် စတင်စဉ်စားပြီး ပြုလုပ်ပေးပါ။

♻️အဲ့ဒီလိုမျိုး အစလေးက ပဲ အနာဂတ်အတွက် အများကြီး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အပြောင်းအလဲ ဖြစ်စေနိုင်ပါတယ်။

❗️ကျန်းမာ ရေး‌ေကာင်းမွန်ခြင်းက မိသားစုအတွက် လက်ဆောင်တစ်ခု
Thu Rein Edition
Train Smart .Move Better. Live Stronger

Dynamic Posture (လှုပ်ရှားနေစဉ်မှာဖြစ်ပေါ်တဲ့ကိုယ်ဟန်အနေအထား)static posture မှာ မမှန်တဲ့သူက Dynamic Posture မှာလည်းမမှန်...
12/07/2025

Dynamic Posture (လှုပ်ရှားနေစဉ်မှာဖြစ်ပေါ်တဲ့ကိုယ်ဟန်အနေအထား)

static posture မှာ မမှန်တဲ့သူက Dynamic Posture မှာလည်းမမှန်နိုင်ပါဘူး။
ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့Kinetic Chain အရ
joint တစ်ခုရဲ့Posture တစ်နေရာမှာလွဲတာနဲ့ kinetic Chain တစ်ခုလုံး Injury ရပါပီ။
(အောက်ပါပုံတွင်ကြည့်နိုင်ပါတယ်)

အဲ့တာကြောင့် တစ်ချို့လူတွေရဲ့ ခါးနာတာရဲ့ ပြသနာက (ခြေချင်းဝတ်အတွင်းသို့ဝင်ခြင်း)Flat feet
ကနေလာတာဖြစ်လို့ ဒီFlat feel ဖြစ်နေတဲ့ ခြေချင်းဝတ်ကို မပြင်မခြင်း ခါးနာတာကအရှင်းပျောက်မည်မဟုတ်ပါ။
အဲ့တာကြောင့် ဆေးလူး ဆေးထိုးလိုက် သက်သာလိုက် ပြန်လှုပ်ရှားလိုက် ပြန်နာ သွားလိုက်နဲ့ သံသရာလည်နေကြတာပါ။

နောက်တစ်ခုက Dynmaic posture errorရှိနေလျှက်

လေ့ကျင့်ခန်း ပြုလုပ်ရင် body posture ကမမှန်တာကြောင့် ဘယ်လောက်ပဲ လေ့ကျင့်တဲ့ form(ပုံစံ)မှန်နေသော်ငြားလည်း
ကိုယ်ထိရောက်စေချင်တဲ့ Muscle ကို မထိရောက်ပဲ အဲ့ကြွက်သား အနီးတစ်ဝိုက်က အဆစ်တွေ အရွတ်တွေကို သွားထိပြီး Injury ရကုန်ပါတယ်။

အထူးသဖြင့်အမျိုးသမီးတွေ တင်ပါးထွက်ချင်လို့
Squat (ထိုင်ထ)လေ့ကျင့်ခန်းကိုပြုလုပ်သော်လည်း
Dynamic Postureမမှန်တာကြောင့် တင်ပါးကိုမထိပဲ
ခါးကို သွားထိပြီး ခါးနာတာမျိုးတွေအဖစ်များကြပါတယ်။

ယောက်ျားလေးတွေလည်း Chest (ရင်အုပ်)အတွက်
Bench Press လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ
Body Posture က မမှန်တာကြောင့် ကိုယ်ထိချင်တဲ့ Chest muscleကို သွားမထိပဲ ပခုံး အဆစ်ဆီကိုသွားထိ ပြီးပခုံးနာသွားတဲ့သူတွေတော်တော်များပါတယ်။

လေ့ကျင့်ခန်းလုပ်မှမဟုတ်ပါဘူး
Dynamic body posture မှားနေရင်
လမ်းကြာကြာလျောက်ရင်တောင်
ခါးနားက ညောင်းသလိုလိုနာသလိုလိုတွေ
ဒူးက နာသလိုလို တွေ ခြေချင်းဝတ်လေးတွေ နာသလိုလိုဖြစ်တာမျိုးလေးတွေ ခံစားရပါလိမ့်မယ်

အဲ့တာကြောင့် ကျွန်တော်တို့တွေ လှုပ်ရှားမှု့တိုင်းမှာ
Ready to move ဖြစ်စေဖို့ အတွက် Body postureကို မှန်အောင်ပြန်ပြီး Train ဖို့လိုအပ်ပါတယ်။
နောက်ဆုံး မိတ်ဆွေတို့ရဲ့ Goal ဖြစ်တဲ့ Fat loss ဖြစ်စေ Muscle gainဖြစ်စေ အဲ့လိုGoalတွေကို ရောက်ဖို့အတွက်လေ့ကျင့်ခန်း ပြုလုပ်တော့မယ်ဆိုရင်
လွယ်ကူလျှင်မြန်စွာရောက်စေဖို့ Body posture မှန်ဖို့အင်မတန်မှအရေးကြီးလိုအပ်ပါတယ် ။

သိချင်တာနဲ့ နားမလည်တာရှိရင် မေးလို့ရပါတယ်။

Thu Rein Edition
♻️ Train smart. Move better. Live stronger.

❗️Body Transformation လုပ်ချင်တဲ့သူတိုင်းမဖြစ်မနေ လိုအပ်တဲ့ အချက် က ဘာဖြစ်မယ်ထင်လဲ?❗️What do you think is the key to bod...
09/07/2025

❗️Body Transformation လုပ်ချင်တဲ့သူတိုင်းမဖြစ်မနေ လိုအပ်တဲ့ အချက် က ဘာဖြစ်မယ်ထင်လဲ?

❗️What do you think is the key to body transformation?

ဒါနဲ့ပတ်သတ်ပြီး ကျွန်တော် Video၁ပုဒ် တင်ပေးပါမယ်ခမျာ

♻️Train Smart. Move Better. Live Stronger

မိမိက အသက်၃၀/၃၀ကျော် အမျိုး သမီးတစ်ယောက်ဖြစ်တယ်ပြီးတော့ ❗️အထိုင်များပြီး လှုပ်ရှားမှု့နည်း တဲ့ အပြင်❗️လေ့ကျင့်ခန်းလည်းမလ...
08/07/2025

မိမိက အသက်၃၀/၃၀ကျော် အမျိုး သမီးတစ်ယောက်ဖြစ်တယ်ပြီးတော့
❗️အထိုင်များပြီး လှုပ်ရှားမှု့နည်း တဲ့ အပြင်
❗️လေ့ကျင့်ခန်းလည်းမလုပ်
❗️ရေသောက်လည်းနည်း
❗️အာဟာရလည်းလုံလောက်အောင် မစား
❗️ ညဘက်အိပ်ချိန်လည်း နည်းတဲ့ Life Style ရှိတယ်ဆိုရင် သေချာပေါက် အနှေးနဲ့အမြန် ကြုံတွေနိုင်တယ်အာရုံကြောပြဿနာ တွေက ဘာတွေဖြစ်မလဲဆိုရင် (ပုံမှာပြထားပါတယ်)
✅Carpal Tunnel Syndrome(လက်ကောက်ဝတ်အာရုံကြောညပ်ခြင်း)
ကွန်ပြူတာ ကြာကြာသုံးရတဲ့သူတွေမှာ အဖြစ်များ
လက်ချောင်းတွေ ထုံတာတွေ ကျဥ်တာတွေ
တစ်ခုခုကိုင်ရင် လက်မမြဲ တဲ့ပြဿနာတွေဖြစ်
✅Sciatica (ခါးအာရုံကြောညပ်ခြင်း)
အထိုင်များခြင်း/ထိုင်တဲ့အခါမှာလည်း ပုံစံအမှားကြီးနဲ့ ထိုင်ခြင်း/(ကိုယ်၀န်ဆောင်ချိန် မှာလည်း ခါးအပေါ်ဖိအားများပြီး ဖြစ်တတ်)/လေ့ကျင့်ခန်းလုပ်တဲ့အခါမှာလည်း ပုံစံအမှားနဲ့လုပ်မိခြင်း အထူးသဖြင့် Squat /Dead Lift စတဲ့လေ့ကျင့်ခန်းတွေ)ရုတ်တရက်ခါးကိုinjury ဖြစ်ခြင်း
ဘယ်လိုခံစားရလဲဆိုရင်
ခါးအောက်ပိုင်း မှ ပေါင်အနောက် /ခြေသလုံး/ခြေဖျားထိ စူးပြီး ကျဥ်ခြင်း ။

✅Tarsal Tunnel Syndrome (ခြေဖနောက်အာရုံကြောညှပ်ခြင်း)
ကိုယ်နဲ့အဆင်မပြေတဲ့ဖိနပ်၀တ်ပြီး အချိန်ကြာကြာလမ်းသွားရတာတွေ/ မတ်တပ်ကြာကြာရပ်တာတွေ / ခြေထောက် Posture မှား နေတဲ့သူတွေ အဖြစ်များပါတယ်။
ဘာတွေခံစားရလည်းဆိုရင်
ခြေဖျာတွေထုံ တာတွေ /စပ်ဖျင်းဖျင်းဖြစ်တာတွေ/
ကြွက်သာတွေအားနည်းပြီး ခြေချောင်းလေးတွေ လှုပ်ရခက်လာတွေ ဖြစ်တတ်ပါတယ် ညဘက်တွေပိုဆိုးတတ်ပါတယ်
✅Varicose Vein (သွေးပြန်ကြောထုံးခြင်း)
ဘယ်လိုသူတွေမှာအဖြစ်များလည်းဆိုရင်
ဟောမုန်းအပြောင်းအလဲဖြစ်တဲ့အချိန်/အထိုင်များသူများ/အ၀လွန်တဲ့သူများ/သွေးလည်ပတ်မှု့စနစ် အားနည်းတဲ့သူတွေ/နောက်ပြီးတော့ မျိုးရိုးမှာရှိရင်လည်း ၄၀%လောက်ဖြစ်နိုင်ချေရှိပါတယ်
ဘယ်လိုမျိုးခံစားရလဲ ဆိုရင်
ခြေထောက်က ပူပြီး လေးလံနေသလို ခံစားရတာတွေ။ညဘက်တွေ ကြွက်တက်တွေ /အရေပြားယားတာတွေ/ခြေထောက်ရောင်တာတွေ ဖြစ်တတ်ပါတယ်

♻️အခြေအနေမဆိုးခင် အမြန်ဆုံးဆရာ၀န်နဲ့ပြပြီး
လေ့ကျင့်ခန်းတွေလုပ်ရင် လုံးအ၀ အရှင်းပြန်ကောင်းနိုင်တာမို့ မပေါ့ပဲ ဂရုစိုက်စေချင်ပါတယ်
သက်သာအောင်နဲ့ ကြိုတင်ကာကွယ် ခြင်းက ကုသခြင်းထက် ပိုကောင်းတာမို့
✅အာဟာရမျှတအောင်စားခြင်း
✅ကြွက်သားတွေ သန်မာအောင်လေ့ကျင့်ခန်းလုပ်ခြင်း(မှန်ကန်စွာလုပ်ဖို့လိုအပ်ပါတယ်)
✅လှုပ်လှုပ်ရှားရှားနေခြင်း
✅အိပ်ရေး၀အောင်အိပ်ခြင်း
ရိုးရိုးရှင်းရှင်းလေးတွေ အမျိုးသမီးတိုင်းသေချာအချိန်ပေးလုပ်စေချင်ပါတယ်။

ကျွန်တော့်မိတ်ဆွေအထဲမှာကောအထက်ပါအချက်တွေ ဖြစ်နေတဲ့သူတွေရှိလား
Thu Rein (Fitness Trainer )
💪Train Hard & Train Smart🧠
Thu Rein Fitness Performance Center(Bago)

♻️လူကြီးတွေအတွက်  မဖြစ်မနေ သန်စွမ်းဖို့ လိုအပ်တဲ့ ကြွက်သား၂ခုက ဘာလဲဆိုရင် ✅Pelvic Floor (ဆီးအိမ်နှင့် သားအိမ်ကို ထောက်ပံ...
08/07/2025

♻️လူကြီးတွေအတွက် မဖြစ်မနေ သန်စွမ်းဖို့ လိုအပ်တဲ့ ကြွက်သား၂ခုက ဘာလဲဆိုရင်

✅Pelvic Floor (ဆီးအိမ်နှင့် သားအိမ်ကို ထောက်ပံ့ပေးသောကြွက်သား)နဲ့
✅Inner Core (၀မ်းဗိုက်အတွင်းပိုင်းကြွက်သား)
လို့ပြောရမယ်။
ဘာလို့လဲဆိုရင်
ဒီနှစ်ခုက နေ့စဥ် လှုပ်ရှားမှု့ တွေနဲ့ ကျန်းမာရေးအတွက် အလွန်အရေးပါတယ်။

💯ဒီကောင်တွေ သန်မာနေပြီးသူ့တာ၀န် သူထမ်းဆောင်နိုင်မှ လူကြီးတွေအဖြစ်များတဲ့
ဆီး မထိန်းနိုင်တဲ့ ပြဿနာတွေ❗️
ခါးနာတဲ့ပြဿနာတွေ❗️
ချော်လှဲ လွယ်တဲ့ပြဿနာတွေ❗️
မှာ အများကြီး အထောက်အကူဖြစ်ပြီး
လူကြီးများ အနေနဲ့ နေ့စဥ်လှုပ်ရှားသွားလာ
မှု့တွေမှာ အများကြီး အထောက်အကူဖြစ်ပြီး
♻️ကျန်းမာသန်စွမ်းတဲ့ အိုဇာတာကောင်းခြင်းဆိုတဲ့ အရာကို ရယူနိုင်မှာပါ
💪Train Hard & Train Smart🧠
Thu Rein Fitness Performance Center (Bago)
ကျွန်တော့် Client တိုင်း ကျန်းမာသန်စွမ်း၍သွက်လက်စေရမည်💪

♻️အဆုတ်ထဲဝင်နိုင်တဲ့ လေပမာဏ Lung 🫁 Capacity ကောင်းရင် ပုံမှန်ထက်အသက်ရှည်နိုင်ဖို့ အခွင့်ရေးပိုများပါတယ်။ဘာလို့လဲဆိုရင် အ...
08/07/2025

♻️အဆုတ်ထဲဝင်နိုင်တဲ့ လေပမာဏ Lung 🫁 Capacity ကောင်းရင် ပုံမှန်ထက်
အသက်ရှည်နိုင်ဖို့ အခွင့်ရေးပိုများပါတယ်။
ဘာလို့လဲဆိုရင် အဆုတ်ကောင်းမှ ကျွန်တော်တို့ခန္ဓာကိုယ်တစ်ခုလုံးအတွက် လိုအပ်တဲ့Oxygen အလုံအလောက်ထောက်ပံ့နိုင်မှာပါ။

ပုံမှန်အားဖြင့် အသက် 30 -50 ကြားမှာ အဆုတ်ထဲ လေဝင်နိုင်တဲ့ ပမာဏ Lung Capacity က ၁၂%လောက်ကျတတ်ပါတယ်
သို့သော် ယနေ့ခေတ်လို လူတိုင်းနီးပါး အသက်ရှူတဲ့ပုံစံမှားနေကြတာရယ်
လှုပ်ရှားမှု့နည်းတဲ့ အပြင် အထိုင်များပြီး ဆေးလိပ်သောက်တဲ့ အသက်၂၀ ဝန်းကျင်လူငယ်တွေတောင် အဲ့ပမာဏထက် ပိုများပြီး Lungs Capacity ကျနေကြတာ တွေ့ရပါတယ် ။

အဲ့တာကြောင့်လည်း အဆုတ်ကို တိုက်ရိုက်ထိခိုက်တဲ့ ကိုဗစ်ကာလတွေမှာ ဘာရောဂါအခံမှ မရှိပဲ ပါသွားတဲ့သူတွေအင်မတန်များပါတယ် ။

ဒါကြောင့် အဆုတ်စွမ်းရည်ကောင်းမွန်ခြင်းက
ကျန်းမာရေးနှင့် အသက်ရှည်မှု့အတွက်အရေးကြီးပါတယ်။
အဆုတ်စွမ်းရည် တိုးတက်စေဖို့ဘာတွေလုပ်ရမလဲ ဆိုရင်

(၁) လေ့ကျင့်ခန်း
Cardio Exercises တွေက Lung Capacity ကို ၁၅% တိုးစေနိုင်တာမို့
လမ်းလျှောက်ခြင်း /ပြေးခြင်း/ရေကူးခြင်း/Gymသွားခြင်းစတာတွေကိုလုပ်ပေးလို့ရပါတယ်

(၂)Meditation လုပ်ခြင်း (တရားထိုင်ခြင်း)

(၃)သန့်ရှင်းသော ပတ်ဝန်းကျင်မှာ နေထိုင်ခြင်း

(၄)ဆေးလိပ် မသောက်ခြင်း

အကုန်လုံးကျန်းမာသန်စွမ်းပြီး အသက်ရှည်ကာ
ရောဂါကင်းဝေးကြပါစေ🙏🫁

ThuRein (Fitness Trainer)
💪Train Hard & Train Smart 🧠
ThuRein Fitness Performance Center (Bago)

အသက် ၃၀ ကျော်တဲ့အမျိုးသမီးတိုင်း ဒီအချက်တွေကို သိထားသင့်ပြီ…! 💯ဘယ်လိုပဲအလုပ်များများ ကိုယ့်ကျန်းမာရေးကို ဒီလိုဂရုစိုက်ပါ...
08/07/2025

အသက် ၃၀ ကျော်တဲ့အမျိုးသမီးတိုင်း ဒီအချက်တွေကို သိထားသင့်ပြီ…! 💯

ဘယ်လိုပဲအလုပ်များများ ကိုယ့်ကျန်းမာရေးကို ဒီလိုဂရုစိုက်ပါ 👇
♻️အသက် ၃၀ ကျော်လာတာနဲ့အမျှ အမျိုးသမီးတို့ရဲ့ ခန္ဓာကိုယ်မှာ ဟော်မုန်းအပြောင်းအလဲနဲ့အတူ ဇီဝကမ္မဖြစ်စဉ်တွေ နှေးကွေးလာပါတယ်။ ဒါကြောင့် ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုအပ်လာပါတယ်။
အသက်၃၀ဝန်းကျင်မှာ လုပ်ဆောင်တဲ့အချက်တွေပေါ်မူတည်ပြီး အသက်၅၀/၆၀မှာ ဖြစ်မဲ့ ကျန်းမာရေးအခြေအနေကို မှန်းစလို့ရတာမို့
ကဒီအချက်လေးတွေကို လိုက်နာပြီး
ကိုယ့်ရဲ့နေ့စဉ်ဘဝကို ပိုမိုကျန်းမာစွာ ပိုမိုကောင်းမွန်တိုးတက်အောင်ဖြတ်သန်းကြရအောင်

၁။ အာဟာရညီညွှတ်စွာ စားသုံးပါ**
Calcium (ကယ်လ်ဆီယမ်)နဲ့ Vitamins D (ဗီတာမင် D)ကြွယ်ဝတဲ့ အစားအစာတွေ (နို့၊ ဒိန်ချဉ်၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ) စားပါ။
အရိုးပွခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
Proteinဓာတ်လုံလောက်အောင်(ကြက်သား၊ ငါး၊ ပဲအမျိုးမျိုး) နဲ့ Fiber (သစ်သီး၊ ဟင်းသီးဟင်းရွက် များများစားပါ။
အမျိုးသမီးတွေကို ဒုက္ခပေးတဲ့ရောဂါထဲမှာ အစာအိမ်နဲ့ အူလမ်းကြောင်းပြဿနာတွေလည်းပါတာမို့ မဖြစ်မနေ အာဟာရမျှတအောင်စားပြီး
-သကြား၊ အချိုရည်၊ အသင့်စား အစားအစာတွေကို လျှော့စားပါ။

၂။ ပုံမှန်လေ့ကျင့်ခန်း လုပ်ပါ
တစ်ပတ်ကို (၃-၄ )ကြိမ်အနည်းဆုံး (၃၀ မိနစ်)လမ်းလျှောက်၊ ယောဂ၊ အေရိုးဗစ် လေ့ကျင့်ခန်းလုပ်ပါ
ကြွက်သားသန်မာရေး (Strength Training) ကို တစ်ပတ် ၃ ကြိမ်လောက် လုပ်ပေးပါ။ အသက်ကြီးလာတဲ့အခါ ကြွက်သားဆုံးရှုံးမှုကို ကာကွယ်နိုင်ပါတယ်။

၃။ ရေများများသောက်ပါ
တစ်နေ့ကိုအနည်းဆုံး (ရေ ၈-၁၀ ခွက်) (၂ လီတာ)သောက်ပါ။ အသားအရေစိုပြေပြီး ဇီဝကမ္မလုပ်ငန်းစဉ်တွေ ပုံမှန်ဖြစ်စေဖို့ အရေးကြီးပါတယ်။

၄။ အိပ်ရေးဝဝအိပ်ပါ
တစ်ညကို (၇-၈ နာရီ)အိပ်စက်နိုင်ဖို့ ကြိုးစားပါ။ အိပ်ရေးပျက်ခြင်းက စိတ်ဖိစီးမှု၊ ကိုယ်အလေးချိန်တက်ခြင်းနဲ့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ဖြစ်စေနိုင်ပါတယ်။

၅။ စိတ်ဖိစီးမှုကို ထိန်းချုပ်ပါ
တရားထိုင်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းတွေလုပ်ပါ။
အနားယူချိန် သတ်မှတ်ပါ။ အလုပ်နဲ့ ကိုယ်ပိုင်အချိန်ကို မျှမျှတတ ခွဲဝေပါ။

၆။ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုလုပ်ပါ
သွေးပေါင်၊ ဆီးချို၊ သွေးတွင်းအဆီ၊ ရင်သားစစ်ဆေးမှုတွေကို ပုံမှန်စစ်ဆေးပါ။
သားအိမ်ခေါင်းကင်ဆာ (Pap Smear)နဲ့ အရိုးသိပ်သည်းဆစစ်ဆေးမှု (Bone Density Test) တို့ကိုလည်း လုပ်ဆောင်သင့်ပါတယ်။

၇။ အရေပြားနဲ့ အလှအပဂရုစိုက်ပါ**
နေလောင်ကာခရင် (SPF 30+) နေ့တိုင်းလိမ်းပါ
ဗီတာမင် C၊ ကိုလာဂျင်ပါတဲ့ အစားအစာတွေ စားပေးပါ။ စားပါလို့ပြောတာနော် အစားစာတွေ စားပါ❗️

၈။ ဆေးလိပ်၊ အရက်ရှောင်ပါ
ဆေးလိပ်နဲ့ အရက်က အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို မြန်စေပြီး နှလုံး၊ အသည်း နဲ့ အဆုတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

---
**အသက် ၃၀ ကျော်လာရင် ခန္ဓာကိုယ်က ပိုပြီးဂရုစိုက်ပေးဖို့လိုပါတယ်။ဒီအချက်လေးတွေကို နေ့စဉ်ဘဝမှာ အလေ့အထလုပ်ပြီး ကျန်းမာပျော်ရွှင်တဲ့ ဘဝကို တည်ဆောက်လိုက်ကြရအောင် 💪❤️

💪Train Hard & Train Smart 🧠
Thu Rein Fitness Performance Center (Bago)

♻️တစ်ခြား ဘာရောဂါမှ မရှိရင်တောင် မိတ်ဆွေတို့ ဦးခေါင်း က ဒီလိုပုံစံဖြစ်နေပြီဆိုရင် သေချာပေါက် ခများတို့ရဲ့ life style မှာ...
08/07/2025

♻️တစ်ခြား ဘာရောဂါမှ မရှိရင်တောင်
မိတ်ဆွေတို့ ဦးခေါင်း က ဒီလိုပုံစံဖြစ်နေပြီဆိုရင်
သေချာပေါက် ခများတို့ရဲ့ life style မှာ
နေလို့ကောင်းမှာ မဟုတ်ပါဘူး

✅ဝမ်းနည်းစရာတစ်ခုက အသက်၃၀ဝန်းကျင် အရွယ်
အထူးသဖြင့် အမျိုးသမီးအများစု ဖြစ်နေကျတယ်

♻️နေလို့မကောင်းတာနဲ့ နေမကောင်းတာနဲ့က်ိုကွဲကွဲပြားပြားသိစေချင်တယ်
ပုံပါအတိုင်း Forward Head posture ဖြစ်နေတဲ့သူတိုင်း
အာရုံကြောပြဿနာဖြစ် ခြင်း❗️
သွေးတိုးခြင်း❗️
အကြောတက်ပြီး အာရုံစူးစိုက်မှု့အားနည်းခြင်း❗️
အိပ်ပျော်ရခက်ခြင်း❗️
မျက်မှန်ပါဝါ ခနခနပြောင်းရခြင်း❗️
ခနခန ခေါင်းမူးခြင်း❗️
စတဲ့ပြဿနာတွေသေချာပေါက်ကြံုရမှာ
✅Forward Head Posture ကိုမပြင်မချင်း
ခနခန ပြန်ဖြစ်နေမှာ မို့သေချာပေါက် Posture ကို Corrective Exercises တွေနဲ့ ပြန်
Trainဖို့လိုပါတယ်

ကျွန်တော့်Client တိုင်း ကျန်းမာသန်စွမ်းပြီး
လျှင်မြန်သွက်လက်၍ လှပစေရမည်💪
Thu Rein(Fitness Coach)
💪Train Hard & Train Smart 🧠
Thu Rein Fitness Performance Center (Bago)

Address


Website

Alerts

Be the first to know and let us send you an email when Thu Rein Edition - Health & Fitness Performance posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram