ငွေအိမ်စံ ဆေးဆိုင် အိမ်မဲမြို့- Ngwe Eain San Pharmacy

  • Home
  • Myanmar
  • Einme
  • ငွေအိမ်စံ ဆေးဆိုင် အိမ်မဲမြို့- Ngwe Eain San Pharmacy

ငွေအိမ်စံ ဆေးဆိုင် အိမ်မဲမြို့- Ngwe Eain San Pharmacy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ငွေအိမ်စံ ဆေးဆိုင် အိမ်မဲမြို့- Ngwe Eain San Pharmacy, Pharmacy / Drugstore, အမှတ် (၂၀၄ )၊ ၂လမ်း ၊ ချောင်းဝပိုင်း ၊ CB ဘဏ်အနီး၊ အိမ်မဲမြို့။, Einme.

Detussin ချောင်းဆိုးပျောက်ဆေးချောင်းဆိုးချွဲကျပ်သက်သာပျောက်ကင်းစေသော   ချောင်းဆိုးပျောက်ဆေးကဒ်များ ငွေအိမ်စံ ဆေးဆိုင် အိ...
07/10/2024

Detussin ချောင်းဆိုးပျောက်ဆေး

ချောင်းဆိုးချွဲကျပ်သက်သာပျောက်ကင်းစေသော ချောင်းဆိုးပျောက်ဆေးကဒ်များ ငွေအိမ်စံ ဆေးဆိုင် အိမ်မဲမြို့- Ngwe Eain San Pharmacy တွင်ဝယ်ယူရရှိနိုင်ပါသည်။

🏡 ငွေအိမ်စံ ဆေးဆိုင်၊ ၂လမ်း၊ ချောင်းဝပိုင်း၊ CB bankအနီး၊ အိမ်မဲမြို့။
📲 09770536224

Elixir ကြက်ပေါင်းရည်မလေးရှားနိုင်ငံထုတ် ကြက်ပေါင်းရည် Elixir Chicken essenceကို ငွေအိမ်စံ ဆေးဆိုင် အိမ်မဲမြို့- Ngwe Eai...
07/10/2024

Elixir ကြက်ပေါင်းရည်

မလေးရှားနိုင်ငံထုတ် ကြက်ပေါင်းရည် Elixir Chicken essenceကို ငွေအိမ်စံ ဆေးဆိုင် အိမ်မဲမြို့- Ngwe Eain San Pharmacy တွင်ဝယ်ယူရရှိနိုင်ပါသည်။

📲 09770536224

#ကြက်ပေါင်းရည်

Carditas Re**rdNifedipine 20mg ပါဝင်သော သွေးပေါင်ကျဆေး အညိုကဒ်  **rd ကို ငွေအိမ်စံ ဆေးဆိုင် အိမ်မဲမြို့- Ngwe Eain San P...
07/10/2024

Carditas Re**rd

Nifedipine 20mg ပါဝင်သော သွေးပေါင်ကျဆေး အညိုကဒ် **rd ကို ငွေအိမ်စံ ဆေးဆိုင် အိမ်မဲမြို့- Ngwe Eain San Pharmacy တွင်ဝယ်ယူရရှိနိုင်ပါသည်။
📲 09770536224

#သွေးပေါင်ကျဆေး

ပစ္စည်းပြတ်နေတာကြာပြီဖြစ်တဲ့   တားဆေးကဒ်များ ငွေအိမ်စံ ဆေးဆိုင် အိမ်မဲမြို့- Ngwe Eain San Pharmacy တွင် ဝယ်ယူရရှိနိုင်ပ...
01/10/2024

ပစ္စည်းပြတ်နေတာကြာပြီဖြစ်တဲ့ တားဆေးကဒ်များ ငွေအိမ်စံ ဆေးဆိုင် အိမ်မဲမြို့- Ngwe Eain San Pharmacy တွင် ဝယ်ယူရရှိနိုင်ပါသည်။
Ph - 09770536224

  တားဆေးကဒ် ပြန်လည်ရောက်ရှိပါပြီ📌  အစိမ်းရောင်လေးက နို့တိုက်မိခင်တွေအတွက်အထူးထုတ်လုပ်ထားတာကြောင့် ကလေးနို့တိုက်နေစဉ် နို...
01/10/2024

တားဆေးကဒ် ပြန်လည်ရောက်ရှိပါပြီ

📌 အစိမ်းရောင်လေးက နို့တိုက်မိခင်တွေအတွက်အထူးထုတ်လုပ်ထားတာကြောင့် ကလေးနို့တိုက်နေစဉ် နို့ထွက်နည်းခြင်းများကို မဖြစ်စေတဲ့အပြင် ၉၉ ရာခိုင်နှုန်းထိ သားဆက်ခြားပေးနိုင်ပါတယ်။

ို ငွေအိမ်စံ ဆေးဆိုင် အိမ်မဲမြို့- Ngwe Eain San Pharmacy တွင် ပစ္စည်းမှန် ဈေးနှုန်းမှန်ကန်ချိုသာစွာဖြင့် ဝယ်ယူရရှိနိုင်ပါပြီ။

🏡 ၂လမ်း၊ ချောင်းဝပိုင်း၊ CB bankအနီး၊ အိမ်မဲမြို့။

📱 09770536224

Martian ကလေးအားဆေးများ ပြန်လည်ရရှိနိုင်ပါပြီ
01/10/2024

Martian ကလေးအားဆေးများ ပြန်လည်ရရှိနိုင်ပါပြီ

 #ဝမ်းသွားနေတာဓာတ်ဆားသောက်တိုင်းထပ်ထပ်သွားနေလို့ဓာတ်ဆားမသောက်တော့ဘူး #သွေးတိုးရှိတယ်လေ_ဆီချိုရှိတယ်လေ_ဘာလို့ဓာတ်ဆားသောက်...
27/08/2024

#ဝမ်းသွားနေတာဓာတ်ဆားသောက်တိုင်းထပ်ထပ်သွားနေလို့ဓာတ်ဆားမသောက်တော့ဘူး
#သွေးတိုးရှိတယ်လေ_ဆီချိုရှိတယ်လေ_ဘာလို့ဓာတ်ဆားသောက်ရမှာလဲ

#ဓာတ်ဆားရည် (ORS)

ရေဓာတ် ၇၀ ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းထားတဲ့ ကျွန်တော်တို့ ခန္ဓာကိုယ်ကြီးက တကယ်တမ်းပြောရရင် ရေထုပ်ကြီးပါ။
အဲ့လို ရေထုပ်ကြီးကနေ ဝမ်းပျက်တဲ့အခါ ရေတင်မက ဓာတ်ဆားဓာတ် (Electrolytes) တွေပါ ဆုံးရှုံးပါတယ်
အဲ့လိုအချိန်မျိုးမှာ ဆုံးရှုံးသွားသလောက်ပြန်ဖြည့်ပေးဖို့က အရေးကြီးဆုံးပါ

ရေဓာတ် ဆုံးရှုံးသလောက်ပြန်မဖြည့်တဲ့အခါ
- အာခေါင်ခြောက်ခြင်း
- ရေငတ်ခြင်း
- အရေပြားတင်းအားလျော့ရွဲလာခြင်း
- မျက်တွင်းဟောက်ပက်ဖြစ်လာခြင်း
- အထိုင်အထမူးခြင်း
- ခြေဖျားလက်ဖျားအေးခြင်း
- ရင်တုန်ခြင်း ဖြစ်ရာကနေ
- သွေးပေါင်ကျ Shock ရပြီး
ကျောက်ကပ်ပျက်ခြင်းမှ သည် အသက်ဆုံးရှုံးသည် အထိဖြစ်တတ်ပါတယ်
ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးတဲ့အခါ
- နုံးချိခြင်း
- ကြွက်တက်ခြင်း မှသည်
- နှလုံးဖောက်ကာ အသက်ဆုံးရှုံးသည် အထိဖြစ်တတ်ပါတယ်

အဲ့ဒါကြောင့် အသက်ကယ်ဆေးရည် လို့ခေါ်ရလောက်တဲ့ ဓာတ်ဆားရည်ကို ဆုံးရှုံးသွားသလောက် အမြန်ဆုံးပြန်ဖြည့်ရပါတယ်
❌ ဓာတ်ဆားသောက်လို့ ဝမ်းပိုမပျက်ပါဘူး
✳️ ဆီးချိုရှိလည်း ဝမ်းပျက်များနေချိန် ဓာတ်ဆားရည်က သောက်ကိုသောက်ရပါမယ်
✳️ သွေးတိုးရောဂါ ရှိလည်း ဝမ်းပျက်များနေချိန် ဓာတ်ဆားရည်က သောက်ကိုသောက်ရပါမယ်

မျောက်ကျောက်က ချိမ်းခြောက်လာချိန် ဝမ်းရောဂါက မပြီးဆုံးသေးလို့ ဓာတ်ဆားရည်ကို လိုအပ်ချိန်မှာ သောက်ဖို့ ဆင်ခြေမပေးကြပါနှင့်
Social media တွေမှာ ဝမ်းပျက်ပြီး မျက်တွင်းဟောက်ပက်လေးနဲ့ ရုတ်တရက်ဆုံးသွားတဲ့ သူတွေ တွေ့နေရတယ် မလား သတိထားကြပါ

ဝမ်းမပျက်ရအောင်
👉 အစားအစာကို သေချာစွာချက်ပြုတ်စားသောက်ပါ
👉 ရေကို ကျိုချက်ပြီးသောက်သုံးပါ
👉 ယင်လုံအိမ်သာသုံးပါ
👉 အစာမစားမီ အိမ်သာအသုံးပြုပြီး အပြင်မှပြန်လာလျှင် လက်ကိုစင်ကြယ်စွာဆေးကြောကြပါ

ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr. ဘုန်းစည်သူလွင်
10:05 pm/26.08.24
(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 )

အိပ်လို့မရအောင် ဆိုးတဲ့ ချောင်းတွေကို 𝐙𝐞𝐜𝐮𝐟 (ဇီးကပ်ဖ်) နှင့်အတူ မောင်းထုတ်လိုက်ပါ... 😎😎တစ်နေ့တာမှာ အလုပ်တာဝန်တွေကများ၊ အ...
28/07/2024

အိပ်လို့မရအောင် ဆိုးတဲ့ ချောင်းတွေကို 𝐙𝐞𝐜𝐮𝐟 (ဇီးကပ်ဖ်) နှင့်အတူ မောင်းထုတ်လိုက်ပါ... 😎😎

တစ်နေ့တာမှာ အလုပ်တာဝန်တွေကများ၊ အနားယူဖို့အချိန်ကိုတောင် လုနေရတဲ့ကြားထဲမှာ အေးအေးဆေးဆေး အိပ်စက်အနားယူဖို့အတွက် ပြင်လိုက်မယ်ကြံကာမှ ချောင်းက အိပ်လို့မရအောင် ဆိုးနေမယ်ဆိုရင်တော့ အဆင်မပြေတော့ပါဘူးနော်... 😑😑

ဒီအတွက်တော့ မပူပါနဲ့.. 𝐙𝐞𝐜𝐮𝐟 (ဇီးကပ်ဖ်) ငုံဆေးလေးနဲ့ဆိုရင် ဘာကိုမှ ‌ကြောက်နေစရာမလိုတော့ပါဘူး 🤩🤩

ဘာလို့ ချောင်းဆိုးပျောက်ဆေးတွေ အများကြီးထဲမှာ 𝐙𝐞𝐜𝐮𝐟 (ဇီးကပ်ဖ်) ကိုမှ ရွေးချယ်ရတာလဲဆိုရင်.. ❓❓

လူတော်တော်များများက ချောင်းဆိုးပျောက်ဆေးသောက်ရင် အိပ်ငိုက်မှာကိုကြောက်တတ်ကြပါတယ်.. 𝐙𝐞𝐜𝐮𝐟 (ဇီးကပ်ဖ်) မှာတော့ အယ်လ်ကိုဟော လုံး၀မပါ၀င်တဲ့အတွက် လုံး၀အိပ်မငိုက်စေပဲ အာနိသင်အပြည့်အ၀ကို ရရှိစေမှာဖြစ်လို့ပါ 🤩🤩

𝐙𝐞𝐜𝐮𝐟 (ဇီးကပ်ဖ်) က ငုံဆေးအနေနဲ့ရော ဆေးရည်အနေနဲ့ပါ ပုံစံ ၂ မျိုးထွက်ရှိထားပြီး.. သဘာ၀ပါ၀င်ပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတာကြောင့် ယုံကြည်စိတ်ချရပါတယ်.. အရသာကလည်း ချိုချိုလေးဆိုတော့ ကလေးတွေအတွက်လည်း အဆင်ပြေတာပေါ့ 👶👶

“လည်ချောင်းနာခြင်း ချောင်းဆိုးကင်း လျင်မြန်ထိရောက် 𝐙𝐞𝐜𝐮𝐟 (ဇီးကပ်ဖ်) သောက်”

#𝐙𝐞𝐜𝐮𝐟
#𝐋𝐨𝐳𝐞𝐧𝐠𝐞𝐬

#𝐂𝐨𝐮𝐠𝐡

🏡 ငွေအိမ်စံ ဆေးဆိုင်၊ ၂လမ်း၊ ချောင်းဝပိုင်း၊ CB bankအနီး၊ အိမ်မဲမြို့ တွင်ဝယ်ယူရရှိနိုင်ပါသည်။

📲 09770536224

🌦 ခုလိုရာသီဥတုအကူးအပြောင်းမှာ လည်ချောင်းရောင်ရမ်းတာ၊ နာကျင်တာတွေဖြစ်လေ့ရှိကြပါတယ်။Throatsil ဟာ လည်ချောင်း နာကျင်ခြင်း၊ရေ...
28/07/2024

🌦 ခုလိုရာသီဥတုအကူးအပြောင်းမှာ လည်ချောင်းရောင်ရမ်းတာ၊ နာကျင်တာတွေဖြစ်လေ့ရှိကြပါတယ်။

Throatsil ဟာ လည်ချောင်း နာကျင်ခြင်း၊
ရောင်ရမ်းခြင်းတွေကို သက်သာစေတဲ့အပြင် 🌬

လည်ချောင်းယားယံခြင်း၊ ခြောက်ကပ်ခြင်းတွေကိုလည်း လျှော့ချပေးပြီး ခံတွင်းရနံ့သင်းပျံ့စေတာကြောင့်
သင့်အတွက်ပြီးပြည့်စုံတဲ့ ရွေးချယ်မှုပဲပေါ့။ ❤️

ငုံဆေးကို ငွေအိမ်စံ ဆေးဆိုင် အိမ်မဲမြို့- Ngwe Eain San Pharmacy တွင် ဝယ်ယူရရှိနိုင်ပါသည်။

🏡 ငွေအိမ်စံဆေးဆိုင်၊ ၂လမ်း၊ ချောင်းဝပိုင်း၊ CB bankအနီး၊ အိမ်မဲမြို့။
📲 09770536224

#ခံတွင်းရနံ့သင်းလည်ချောင်းရှင်း ိုကောင်းတယ် ံတွင်းရနံ့သင်းလည်ချောင်းရှင်း

28/07/2024

Ascoril ချောင်းဆိုးရင်ကျပ်ပျောက်ဆေးရည်

ငွေအိမ်စံ ဆေးဆိုင် အိမ်မဲမြို့- Ngwe Eain San Pharmacy တွင်ဝယ်ယူရရှိနိုင်ပါသည်။

Ph -09770536224

မကြာခဏကြုံကြရတဲ့ ခေါင်းမူးခြင်း
28/07/2024

မကြာခဏကြုံကြရတဲ့ ခေါင်းမူးခြင်း

#ခေါင်းမူးတယ်
#ရိတ်တိတ်ရိတ်တိတ်ပဲ_လည်ထွက်နေတာမဟုတ်ဘူး
ောက်ထားတယ်_မသက်သာဘူး



မူးတယ်ဆိုတဲ့ ခံစားချက်က လူတိုင်းနီးပါးခံစားဖူးကြပါတယ်။
ဒီလိုပဲ အနားယူလိုက်လို့ သက်သာသွားတာများပေမယ့် ဆေးရုံ/ဆေးခန်းသွားရလောက်အောင် ကြီးမားတဲ့ အရာတွေလည်းရှိပါတယ်။

#မူးတယ် ဆိုတာ ရောဂါမဟုတ်ပါဘူး 👉 လက္ခဏာပါ။

ကျွန်တော်စာရေးရင် အမြဲ ရောဂါ နဲ့ လက္ခဏာကို ခွဲပြီးပြောတတ်ပါတယ်။
ရောဂါဆိုတာက 👉 ကုသရတာဖြစ်ပြီး
လက္ခဏာက 👉 အဲ့ဒီလက္ခဏာဖြစ်ရတဲ့ ရောဂါကို ရှာရပါတယ် (အဲ့ဒါမှ အပြီးပျောက်တာပါ)

အခု #မူးတယ် ဆိုတဲ့ ဟာ အာရုံခံစားမှုပြဿနာပါ (အထူးသဖြင့် အမြင်အာရုံ ၊အကြားအာရုံ နဲ့ ခန္ဓာကိုယ်ရဲ့ Balance ထိန်းညှိမှု ပြဿနာပါ)

လူနာတစ်ယောက် #မူးတယ်ဆိုပြီး လာရင် ကျွန်တော် 🤔 စဉ်းစားတဲ့ အတိုင်းရှင်းပြပါမယ်။

#သောက်နေကျဆေး
ဘာဆေးတွေသောက်နေတာရှိလည်း
- သွေးကျဆေး ( အခုခေတ်မှာ သွေးပေါင် ၁၃၅/၈၀ လောက်ကို သွေးတိုးရောဂါ လို့သတ်မှတ်ပြီး ဆေးသောက်နေကြပါတယ်)
စိတ်ပျက်စရာပါ ကျွန်တော်က အောက်သွေး ၉၀ ကျော်နေလို့ အမေသောက်တဲ့ Amlong သောက်နေတယ် 😰😰😰
လူငယ်တွေ အောက်သွေးတက်တာဟာ
- အဆီအစားများခြင်း၊
- အရက် Beer ၊
- ဆေးလိပ်သောက်သုံးမှုများခြင်း ၊
- လှုပ်ရှားမှုနည်းခြင်း
- စိတ်ဖိစီးမှုများခြင်းတွေကြောင့် ဖြစ်လို့

သွေးကျဆေး မသောက်ခင် Life style changes အရင်လုပ်ခိုင်းရပါတယ်။
မလိုအပ်ပဲ ဆေးတွေ လျှောက်သောက်တော့ #သွေးပေါင်ကျပြီး ***မူးနေတတ်ပါတယ်
___
#သွေးပေါင်တက်လည်း မူးပါတယ်

လူငယ်တွေက သွေးပေါင်လေး ၁၃၀ လောက်ကို ဆေးတွေသောက်ကြပေမယ့် လူကြီးတွေကျပြန်တော့ ၁၅၀/၁၆၀ လောက်ကို ကျွန်တော်က ဒီလောက်နဲ့မှ နေလို့ကောင်းတာ ဆိုပြီး မသောက်ကြပါဗျာ

အဲ့တော့ #သောက်နေကျဆေး ***မသောက်လည်း မူးပါတယ်
___
အခုဒီရက်ပိုင်း Mask တပ်ရတော့ ဝက်ခြံတွေပေါက်ကြပါတယ်။
ဝက်ခြံပျောက်ဆေး ဆိုပြီး နီးစပ်ရာမေးပြီး #ပိုးသတ်ဆေးတွေသောက်ပါတယ်
အဲ့ဒီ ဝက်ခြံပျောက်တယ်ဆိုတဲ့ ပိုးသတ်ဆေးတွေက မူးပါတယ် (တော်တော်ကို မူးပါတယ်)
___
#ဆီးချိုဆေး

ဆီးချိုတက်လည်း မူးတတ်သလို
ဆီးချိုကျရင် မူးရုံမကပဲ အရမ်းကျရင် သတိပါလစ်တတ်ပါတယ်။

အဲ့ဒါကြောင့် #မူးတယ် ဆိုရင်
- သွေးပေါင်ချိန်ရပါမယ် (သွေးပေါင်ချိန်သိရပါမယ်)
- ဆီးချိုရောဂါရှိရင် ဆီးချိုစစ်ကြည့်ရပါမယ်

___
#အခုအချိန် Stay Home နဲ့ အားနေကြတော့
ဖုန်းကြည့် ၊ Game ဆော့ ၊ ရုပ်ရှင်ကြည့် နဲ့

မျက်စိပါဝါတွေ တက်ပါတယ်။
ရိုးရိုးပါဝါ မတက်တောင် စလင်ဒါတက်ပါတယ်။

အဲ့ဒါကလည်း ဇတ်ကြောတက်ပြီး ရိတ်ရိတ် ရိတ်ရိတ် မူးရတဲ့ အကြောင်းပါပဲ

👉 မျက်စိပါဝါ Check ပါ
___
ရေဓာတ်ခမ်းခြောက်တာကလည်း မူးတတ်ပါတယ်

ဒီရက်ပိုင်း
- ဝမ်းလျှောထားတယ်
- အန်ထားတယ် (အူရောင်ရောဂါ)
- ချွေးတွေအများကြီးထွက်ထားတယ်
- အမျိုးသမီးတွေ ဓမ္မတာ လာထားတယ်
ဆိုရင် ရေဓာတ်နည်းနေတဲ့ အတွက် ရိတ်ရိတ် မူးနေရုံမက ရုတ်တရက် ထလိုက်ရင် မျက်လုံးတွေပါ ပြာဝေပြီး သတိလစ်မတတ် ဖြစ်တတ်ပါတယ်။

👉 အရည်များများပြန်သောက်ပေးပါ၊
___
အလွန်အကျွံ Diet လုပ်ခြင်းကလည်း သွေးတွင်း သကြားဓာတ်ကျတတ်လို့ #မူးတတ်ပါတယ်

မူးနေရုံမက ပဲ စိတ်ပါတိုနေရင် ကျိန်းသေ ပါတယ်
(အခု ခေတ်စားနေတဲ့ IF Intermittent Fasting 16:8 => 16 နာရီ အစားမစားပဲနေ 8 နာရီအတွင်းပဲ စားရတာပါ)

ကျွန်တော်လည်း IF လုပ်ပါတယ် Ratio ကတော့ ပြောင်းပြန်ပါ ၁၆ နာရီစားပြီး ၈ နာရီ မစားပါဘူး (၈ နာရီက အိပ်နေတဲ့ အချိန်လေ 😁)

👉 ဆိုလိုတာက တော်ရုံတန်ရုံလုပ်ပါ (Diet ဆိုတဲ့ အဓိပ္ပာယ်က ကျန်းမာရေးကောင်းအောင်လုပ်တာပါ အလွန်အကျွံလုပ်ရင်းကနေ ဆေးရုံ/ဆေးခန်း ရောက်ရရင် မတန်ပါဘူး)

အပေါ်က ရှင်းပြခဲ့တာတွေက အဖြစ်များတဲ့ အကြောင်းရင်းတွေပါ

***မူးတာအပြင် #အရေးကြီးတဲ့လက္ခဏာတွေက
- ခြေ/လက် လေးသွားခြင်း (ကိုယ်တစ်ခြမ်းလေးသွားခြင်း)
- ကိုယ်တစ်ခြမ်း ထုံကျဉ်ခြင်း (လက်ထိပ်ခြေထိပ်လေးတွေကျဉ်တာ မဟုတ်ပါဘူးနော်)
- မျက်နှာရွဲ့သွားခြင်း
- အစာမျိုချ၍မရတော့ခြင်း
- လျှာလေး၍စကားမပီသတော့ခြင်း (စကားမပြောနိုင်တော့ခြင်း)
- သတိလစ်ခြင်း
- တက်ခြင်း
အစရှိတာတွေ နဲ့တွဲဖြစ်လျှင်တော့ ဆေးရုံချက်ချင်းပြသပါ (လေဖြတ်ခြင်း ဖြစ်ဖို့များပါတယ်)

👉👉👉
ပြန်ခြုံရရင်

#မူးတယ်ဆိုတာ
- လက္ခဏာပါ ရောဂါမဟုတ်ပါဘူး
- ​ဖြစ်ရတဲ့အကြောင်းရင်းရှာရပါမယ် (အမူးပြေဆေးသောက်နေရုံနဲ့မရပါဘူး)
- Betex ဆိုတာ Vitamin B1,B6,B12 ရယ်ပါတဲ့ဆေးပါ သူ့သောက်တာနဲ့ မူးတာကြီးကပျောက်မသွားပါဘူး
- အရေးကြီးတဲ့ Danger signs တွေကို စောင့်ကြည့်ပါ ရှိတာနဲ့ ချက်ချင်းဆေးရုံပြပါ

- အနည်းဆုံးတော့ သွေးပေါင်ချိန်ပါ (ဆီးချိုရောဂါရှိလျှင် ဆီးချိုစစ်ပါ)
- ဖုန်းသုံးတာ မျက်စိအသုံးပြုတာလျှော့ပါ
- မျက်စိပိတ် စိတ်လျှော့ပြီး အိပ်ယာပေါ်မှာ အနားယူလိုက်ပါ

- မူးတာအပြင်စိတ်တိုပြီး ရင်ပါတုန်ရင်တော့ ချိုတာစားပါ။
- ရေ အရည် များများသောက်ပါ။

အားလုံးကို ***ကာမိအောင် ရေးပေးထားပါတယ်
#သင့်တော်ရာ_ယူသုံးပါ
ဒီထဲမပါပဲ #ထူးခြားတဲ့_Presentation နဲ့ *မူးနေရင်တော့ ဆရာဝန်ပြလိုက်ပါ

(မူးနေမှာပေါ့ ကျီးပေါင်းရှိတာကိုးလို့ ပြောတတ်ကြပါတယ်) ကျီးပေါင်းကြောင့်မူးတယ် ဆိုတာ ချာချာလည်အောင်မူးပါတယ်

ကျန်းမာရေးဗဟုသုတ တိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr. ဘုန်းစည်သူလွင်
09:00 pm/ 28.01.2021

အဖြစ်များနေတဲ့ တုပ်ကွေးရောဂါ
28/07/2024

အဖြစ်များနေတဲ့ တုပ်ကွေးရောဂါ

#ကိုယ်လက်ကိုက်ခဲတယ်_ဖျားနေတယ်
#ချောင်းဆိုးတယ်_လည်ချောင်းနာတယ်_နှာမွှန်တယ်

#ဘယ်လိုလုပ်ရမလဲ ⁉️

အခုအချိန်မှာ မိမိ အိမ်မှာရှိတဲ့ အိမ်သားတစ်ယောက်ယောက်တော့ အဲ့လိုတွေခံစားနေရပါပြီ

မိုးရာသီရောက်နေပြီဖြစ်လို့

* Covid
- တုပ်ကွေးရောဂါ ( Flu )
- ရာသီဖျား ( Common Cold )
- အဆုတ်အအေးမိ/အဆုတ်ရောင်ရောဂါ ( Pneumonia )

အစရှိသည်တို့ ပေါင်းစည်းပြီး "ရောဂါကပ်" အနေ ဖြင့် နှိပ်စက်နေပါပြီ

ရောဂါပိုးအားလုံးက အဓိကအားဖြင့် အသက်ရှူလမ်းကြောင်းကို တိုက်ခိုက်ဖျက်ဆီးကြတာဖြစ်လို့
ဘယ်အကောင်ကြောင့်ဖြစ်ဖြစ်

- နှာစေး၊ နှာမွှန်၊ နှာချေ၊ နှာပိတ်
- လည်ချောင်းနာ၊ အသံဝင်
- ချောင်းဆိုး
- ကိုယ်အပူချိန်တက်ပါတယ်
- ခေါင်းကိုက် ၊ ကိုယ်လက်ကိုက်ခဲပါတယ်

အခြေအနေဆိုးလာရင် (Danger Signs)
- အသက်ရှူမြန်လာပါတယ် (တစ်မိနစ် အကြိမ် ၃၀ ကျော်)
- သွေးတွင်း Oxygen ကျလာတတ်ပါတယ်
- အသက်ရှူရခက်/ကြပ်လာပြီး မောလာတတ်ပါတယ်
- လူနာက အရမ်းမှိန်းသွားနိုင်သလို၊ ကယောင်ကတမ်းနဲ့ ဂဏာမငြိမ်ဖြစ်လာတတ်ပါတယ်

___________

သာမန် အအေးမိဖျားနာတာပါ ၊ တုပ်ကွေးပါ ၊ Covid ပါ လို့အတိအကျ မပြောနိုင်သလို
အတူတူနေပြီး တူတူဖျားကြတဲ့ လူတွေထဲမှာကို ကူးစက်တဲ့ Source မတူတဲ့အတွက် ဖြစ်တဲ့ရောဂါချင်း တူချင်မှ တူမှာပါ။

ဆိုလိုတာက
- တစ်ယောက်က Covid ကြောင့်ဖျားနေတယ်၊
- တခြားတစ်ယောက်က တုပ်ကွေး
- နောက်တစ်ယောက်က ရာသီဖျား ဖြစ်နေရင်

တူတူ ပူးပူးကပ်ကပ် နေကြရင် တစ်ယောက်ဆီကနေ တယောက်ကူးစက်ပြီး ရောဂါတစ်ခုထဲ ဖြစ်တာထက် ရောဂါ ၂-၃ ခုပေါင်းဖြစ်ရင် ပိုခံရပါတယ်

နှာစေး၊ ချောင်းဆိုး၊ ဖျားနေကြတာ တူလည်း တစ်အိမ်ထဲ၊ တိုက်ခန်းတစ်ခန်းထဲ ပေမယ့်
- ဝေးဝေးနေကြပါ
- Mask တပ်ထားနိုင်က ပိုပြီး ကောင်းမွန်ပါတယ်
- မျက်နှာချင်းဆိုင်ထိုင်၊ အစားတူတူစားတာ ၊ စကားဖောင်ဖွဲ့တာ တွေမလုပ်ကြပါနဲ့
- ချစ်ခင်ပြီး ဖက်လျက် မနေကြပါနဲ့

တစ်ယောက်နဲ့ တစ်ယောက် ကိုယ်ခံအားခြင်း မတူသလို၊ ရောဂါအခံ အသက်အရွယ် ခြင်းမတူပါက ရောဂါပြင်းထန်ပုံခြင်း မတူကြပါ။

သွေးတွင်း Oxygen တိုင်းစက် Pulse Oximeter လေးတွေ ရှိကြမယ်ထင်ပါတယ်။
တိုင်း ကြည့်ကြပါ။ (ရေရှည်ဆေးလိပ်သောက်လို့ အဆုတ်ပွရောဂါမရှိသူ၊ မွေးရာပါနှလုံးရောဂါမရှိသူ) သာမန်လူတစ်ယောက်ဟာ SpO2 >94% ကျော်ရှိရပါမယ်
တစ်မိနစ် အသက်ရှူနှုန်း တိုင်းကြပါ။ အသက်ရှူသွင်းတာ + ရှူထုတ်တာ ကို (၁) ကြိမ်ပါ။ ဘယ်နှကြိမ်ရှူလဲ ရေတွက်ကြည့်ပါ။

လိုက်နာရမယ့် နည်းလမ်းတွေ ပြောပြပြီး ပေမယ့် တစ်ကြိမ်ထပ်ပြောပါမယ်။

#အဖျားကျဆေး Paracetamol 500mg (Biogesic, Para, Napa, Tylenol) (၆) နာရီခြား တစ်နေ့ လေးကြိမ်သောက်လို့ရပါတယ်
#ချောင်းဆိုး
- ချွဲထွက်/သလိပ်ထွက်လျှင် expectorant Bromhexine ပါသည့် Solmux, Ascoril တစ်နေ့ (၃) ကြိမ်ထိသောက်လို့ရပါတယ်)
- ချောင်းခြောက်ဆိုးလျှင် Cough suppressant Bromchest, Cherricough( တစ်နေ့ (၃) ကြိမ်ထိသောက်လို့ရပါတယ်)
#နှာစေး_နှာချေ_နှာမွှန်
- Cetrine (Cetrizine 10 mg) တစ်နေ့တစ်လုံး သောက်လို့ရပါတယ် (အိပ်ငိုက်ပါတယ်၊ ခေါင်းအုံတတ်ပါတယ်)
- Cetrine (မသောက်ချင်ပါက) Loratidine တစ်နေ့တစ်လုံးသောက်ပါ။ (သူက သိပ်မငိုက်ပါဘူး)
- အပေါ်က ဆေးတွေမရှိပါက Burmeton လည်းသောက်၍ရပါတယ် လက္ခဏာပေါ်မူတည်ပြီး (၆) နာရီခြား တစ်နေ့ (၄) ကြိမ်အထိသောက်လို့ရပါတယ်။
#လည်ချောင်းနာ
- (ရေနွေး+ဆား) ဆားရည်ဖြင့် ပါးလုတ်ကျင်းပါ တစ်နေ့ အနည်းဆုံး (၃) ကြိမ် {နေရခက်တိုင်း ခဏခဏ လုပ်ပါ} *မျိုမချပါနှင့်
- Mybacin ငုံဆေးလေး ငုံလိုက ငုံလို့ရပါတယ်

👉 ရေများများသောက်ပါ၊ အာခေါင်မခြောက်ပါစေနှင့်
👉 အစားပုံမှန်စားပါ (အစာကြေလွယ်ပြီး ခွန်အားဖြစ်တာတွေ စားပါ) (*ဆန်ပြုတ်ချည်းသောက်မနေပါနှင့်)
👉 အိပ်ရေး ဝ ဝ အိပ်ပါ
👉 အလုပ်မှ အနားယူပါ၊ စိတ်ဖိစီးမှုလျှော့ပါ

ပိုးသတ်ဆေးအပြင်းတွေလျှောက်မသောက်ပါနှင့် (တချို့ပိုးသတ်ဆေးတွေက ကိုယ်ခံအားကျစေပါတယ်)
ပိုးသတ်ဆေး လိုအပ်တယ် လို့ ယူဆပါက ဆရာဝန်ပြပါ
___________
တခါတရံ တုပ်ကွေးမှာ #ဝမ်းပျက်တတ်ပါတယ်
Covid မှာလည်း ဝမ်းပျက်တတ်ပါတယ်

=> ***ဝမ်းပိတ်ဆေး #မသောက်ပါနဲ့
=> အရေးကြီးဆုံး က #ဓာတ်ဆားရည် သောက်ပါ၊ ဝမ်းသွားသလောက်ပြန်သောက်ပေးပါ
ဓာတ်ဆားတစ်ထုတ်ကို ရေတစ်လီတာနှင့်ရောပြီးသောက်ပါ။
=> လက်ကို စင်ကြယ်စွာဆေးပါ
___________
#အနံ့ပျောက်ခြင်း

ယခုအချိန်တွင် ရုတ်တရက် အနံ့ပျောက်ခြင်း သည် Covid မှလွဲ၍ တခြားအကြောင်းဖြစ်ခဲပါသည်
(( ကျန်းမာရေးဌာနသို့အကြောင်းကြား၍ ညွှန်ကြားချက်လိုက်နာပါ ))

#ဆောင်ရန်
- မိမိတစ်ဦးထဲ သီးသန့်နေပါ
- လက်ကိုစင်ကြယ်အောင် မကြာခဏ စနစ်တကျဆေးပါ
- တစ်ကိုရည် သန့်ရှင်းမှုကို ဂရုပြုဆောင်ရွက်ပါ
- မိမိ အသုံးပြုနေသော နေ့စဉ်အသုံးဆောင် ပစ္စည်းများကို အထူးဂရုပြု၍ သန့်ရှင်းရေးဆောင်ရွက်ပါ
- အသုံးဆောင် ပစ္စည်းများကိုင်တွယ်ပြီးတိုင်း လက်ကိုစနစ်တကျဆေးပါ
- Surgical Mask တပ်ဆင်ထားပါ

#ရှောင်ရန်
- မိမိကြောင့်မည်သူမျှရောဂါမကူးစက်ရအောင် ဂရုပြုဆင်ခြင်ပါ
- မလိုအပ်ပဲ မျက်နှာ၊နှာခေါင်း၊ပါးစပ်တို့အား မထိတွေ့၊မကိုင်တွယ်ပါနှင့်
- စည်းကမ်းမဲ့ တံတွေးထွေးခြင်း၊ နှပ်ညှစ်ချခြင်း လုံးဝ(လုံးဝ) မပြုလုပ်ပါနှင့်
- လူထူထပ်သောနေရာများသို့ သွားလာခြင်းမှ လုံးဝ(လုံးဝ)ရှောင်ကြဉ်ပါ
- ဆေးလိပ်သောက်ခြင်းသည် အဆုတ်နှင့် အသက်ရှူလမ်းကြောင်းကိုပျက်စီးစေသဖြင့် ဆေးလိပ် လုံးဝ (လုံးဝ) မသောက်ပါနှင့်
- အရက်သောက်ခြင်းသည် ကိုယ်ခံအားကို ကျဆင်းစေသဖြင့် အရက် အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဉ်ပါ

#ကိုယ်ခံအားကောင်းစေရန်
- အာဟာရပြည့်ဝစွာစားသုံးပါ
- Vitamin C ကြွယ်ဝသော အစာများ၊ အသီးအရွက်များစားသုံးပါ၊ Vitamin အားဆေးများသောက်သုံးပါ
- ဆားရည်နှင့် တစ်နေ့ (၃) ကြိမ် အာလုတ်ကျင်းပါ
- ရေများများသောက်ပါ၊ အာခေါင်မခြောက်ပါစေနှင့်
- ကိုယ်/စိတ် ဖြေလျှော့စေမည့်လေ့ကျင့်မှုများနှင့်၊ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများ မှန်မှန်ပြုလုပ်ပါ
- အိပ်ရေးဝဝ အိပ်ပါ
- စိတ်ဖိစီးမှု လျှော့ချပါ (စိတ်ညစ်မနေပါနှင့်)

သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr. ဘုန်းစည်သူလွင်

#မိသားစုအထွေထွေရောဂါကုဆေးခန်း
အမှတ် (၅၂၀) ၊ ဇေယျာ (၁၇) လမ်း၊ (၁၀) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်။ 09962220060

Address

အမှတ် (၂၀၄ )၊ ၂လမ်း ၊ ချောင်းဝပိုင်း ၊ CB ဘဏ်အနီး၊ အိမ်မဲမြို့။
Einme
1111

Opening Hours

Monday 06:30 - 20:00
Tuesday 06:30 - 20:00
Wednesday 06:30 - 20:00
Thursday 06:30 - 20:00
Friday 06:30 - 20:00
Saturday 06:30 - 20:00
Sunday 06:30 - 20:00

Telephone

+959770536224

Website

Alerts

Be the first to know and let us send you an email when ငွေအိမ်စံ ဆေးဆိုင် အိမ်မဲမြို့- Ngwe Eain San Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share