Lamin Sandar Pharmacy-လမင်းစန္ဒာဆေးဆိုင်

Lamin Sandar Pharmacy-လမင်းစန္ဒာဆေးဆိုင် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lamin Sandar Pharmacy-လမင်းစန္ဒာဆေးဆိုင်, Medical and health, ရန်ကုန်-ပြည်လမ်း, Gyobingauk.

မင်္ဂလာပါရှင်အေဗိုလက် ဝမ်းပျော့ ဝမ်းမှန်ဆေးနဲ့ ပတ်သတ်ပြီး မေးတတ်တဲ့ မေးခွန်းလေးကို ဖြေကြားပေးလိုပါတယ်...✅ အေဗိုလက်သည် ပု...
10/03/2023

မင်္ဂလာပါရှင်

အေဗိုလက် ဝမ်းပျော့ ဝမ်းမှန်ဆေးနဲ့ ပတ်သတ်ပြီး မေးတတ်တဲ့ မေးခွန်းလေးကို ဖြေကြားပေးလိုပါတယ်...

✅ အေဗိုလက်သည် ပုလင်းအဖုံးကို ဖွင့်လိုက်သည်နှင့် အချိန်အတိုင်းအတာတစ်ခုအတွင်း ဆေးအာနိသင် ပျက်သွားမည့်ဆေး မဟုတ်ပါ။

✅ ဆေးပုလင်းပေါ်တွင် ဖော်ပြထားသော သက်တမ်းကုန်ဆုံးသည့်နေ့အထိ ကောင်းမွန်သည်။

✅ ဆေးပုလင်းကို မှန်ကန်စွာ ထားသိုရန် နည်းလမ်းကိုလည်း မျှဝေပေးလိုက်ပါတယ်...

🔹လေလုံအောင်ပိတ်ပါ
🔹နေရောင်ခြည် နှင့် တိုက်ရိုက်မထိသော နေရာတွင်သိမ်းဆည်းပါ
🔹ပုံမှန် အခန်းအပူချိန် (15 ~ 30* C) အတွင်းသာ ထားပါ (အေးခဲနေအောင် လုံးဝ မထားရပါ)

👉 ဝမ်းချုပ်ဝေဒနာအမျိုးမျိုးအတွက်
အစွမ်းထက်ဆုံးနှင့် ယုံကြည်စိတ်ချရဆုံး Avolac 👈

လမင်းစန္ဒာဆေးဆိုင်
ရန်ကုန်-ပြည်လမ်းဘေး၊ကြို့ပင်ကောက်မြို့

#အရွယ်သုံးပါးအတွက်Avolac #ဝမ်းတစ်လုံးကောင်းခေါင်းမခဲရအောင်Avolacကိုဆောင်


#အေဗိုလက်

အစာအိမ်နာ နှင့် အစာအိမ်ဆေးများ 💊💊———————————လူတိုင်း တစ်နေ့မဟုတ် တစ်နေ့တော့ အစာအိမ်ရောဂါ ဖြစ်ဖူးကြပါတယ် 😣😣အပူအစပ်လည်း စာ...
07/03/2023

အစာအိမ်နာ နှင့် အစာအိမ်ဆေးများ 💊💊
———————————
လူတိုင်း တစ်နေ့မဟုတ် တစ်နေ့တော့ အစာအိမ်ရောဂါ ဖြစ်ဖူးကြပါတယ် 😣😣

အပူအစပ်လည်း စားတယ်၊ စားချိန်လည်း မမှန်ဘူး၊ တခါစားတော့လည်း အများကြီး စားတယ် အရက်လည်း တခါတေလေသာက်တယ်၊ အကိုက်အခဲ ပျောက်ဆေးနဲ့ စတီးရွိက်ပါတဲ့ဆေး တွေ သုံးတယ် 🍻🍻

အဲဒါဆိုရင် တော့ အစာအိမ် ဗိုက်အောင့်ဖို့က မလွဲမသွေပါပဲ
အစာအိမ်ဆေးကတော့ လူတိုင်းရင်းနှီးပီးသား ဖြစ်သလို ဆေးဆိုင်တော်တော်များများမှာလည်း အလွယ်တကူ မေးဝယ်လို့ ရပါတယ်👨‍⚕️👨‍⚕️

လူတွေ မသိသေးတဲ့ အချက်က ဘယ်ဆေးကို ဘယ်လို နေရာမှာ သုံးလဲဆိုတာနဲ့ ဘယ်အချိန်မှာ ဆေးသောက် ရုံနဲ့ မပီးဘဲ လိုအပ်တာတွေ ထပ်စစ်သင့်လဲ ဆိုတာပါ🔬🔬

အစာအိမ်နာဆိုတာက အစာအိမ်ထဲက အက်ဆစ်တွေကြောင့် ဖြစ်နိုင်သလို အစာအိမ်နံရံက အလွှာတွေ ပါးလို့လဲ ဖြစ်နိုင်ပါတယ်

✅ ပထမအုပ်စု ဖြစ်တဲ့ အစာအိမ်နာရင် အရင်ဆုံး ပေးတဲ့ဆေးကေတာ့ ဂျယ် လို Antacid သောက်ဆေးတွေပါ သူတို့က အစာအိမ်ထဲက အက်ဆစ်ကို အားနည်းသွားအောင် လုပ်တဲ့ဆေးတွေပါ 😶‍🌫️😶‍🌫️
ဥပမာ Siloxogene, Kremil S, Tricaine gel

တစ်နေ့ကို ၃ ကြိမ်ခန့် သောက်လို့ ရသလို နာရင် နာသလိုလည်း သောက်လို့ရပါတယ်
အခဲဆိုရင်တော့ ဝါးစားတာ ပိုကောင်းပါတယ်

✅ ဒုတိယ အုပ်စုကတော့ အစာအိမ်က ထွက်တဲ့ အက်ဆစ်ကို ပိတ်တာပါ
ဥပမာ Omeprazole, Pantoprazole, Rabeprazole, Ranitidine, Famotidine
ဒီဆေးတွေကတော့ အက်ဆစ်ကို ပိတ်တဲ့ ဆေးတွေဖြစ်ပီး အနည်းဆုံး တစ်ပတ်ခန့်ကနေ အများဆုံး ၃ လ ထိ ပေးလေ့ ရှိပါတယ်

အစာအိမ်နာရင် ပထမအုပ်စုက မပါမဖြစ်ပါ၊ ဒုတိယ အုပ်စုက ဆေးအာနိသင် ပြတာကြာပီး ထွက်ပီးသား အက်ဆစ်ကို သက်ရောက်မှု မရှိတဲ့ အတွက် ပထမ အုပ်စုနဲ့ပဲ တွဲပေးလေ့ ရှိပါတယ်

✅ တတိယ အုပ်စုကတော့ အစာအနာကို အပေါ်က အလွှာတစ်ခုနဲ့ ဖုံးလိုက်သလိုမျိုး အာနိသင်ရှိတဲ့ ဆေးပါ
ဥပမာ sucrate gel လိုဆေးပါ
အစာအိမ်နာ ရှိမှ ဆေးက အာနိသင် ရှိပါတယ်
ပထမ နဲ့ တတိယ အုပ်စုကို တူတူတွဲမသောက်ရတာလည်း ရှိပါတယ်

နိုင်ငံခြားမှာ ဆိုရင်တော့ ဆေးပေးလို့မှ မသက်သာရင် အစာအိမ်ပိုး ⚠️H.pylori စစ်တာ၊ ⚠️မှန်ပြောင်း ကြည့်တာတွေ လုပ်ရပါတယ်

‼️အကယ်လို့ အစားအသောက်ပျက်တာ၊ ရုတ်တရက် ဝိတ်ကျတာ၊ သွေးအားနည်းတာ အစ ရှိတာတွေ ဖြစ်နေရင်လည်း မှန်ပြောင်း တခါတည်း တန်းကြည့်တတ်ပါတယ်

❗️အစာအိမ်ရောင်ရမ်းတာ ကာလကြာရှည်တယ်၊ အစာအိမ်ပိုးလည်း ရှိတယ်ဆိုရင်တော့ တစ်ချိန်ကျရင် အစာအိမ်ကင်ဆာ ဖြစ်ဖို့ အလားအလာ ပိုများပါတယ်

အဲဒါကြောင့် အစာအိမ်ရောင်ရမ်းတာကို ပုံမှန်လေးပဲ ထင်ပီး ဂရုမစိုက်သလို မလုပ်ဘဲ နီးစပ်ရာ ဆရာဝန်နှင့် သေချာ ပြသပီး ကုသမှု ခံယူသင့်ပါတယ်
Crd
Dr. Kevin
MBBS, MRCP (UK)
#အစာအိမ်နာ
#အစာအိမ်ဆေး

#လမင်းစန္ဒာဆေးဆိုင်

Rowatinex(ဆီးကျောက်ပျော်ဆေး)လမင်းစန္ဒာဆေးဆိုင်၊ရန်ကုန်-ပြည်လမ်းဘေးကြို့ပင်ကောက်မြို့ #လမင်းစန္ဒာဆေးဆိုင်
06/03/2023

Rowatinex(ဆီးကျောက်ပျော်ဆေး)

လမင်းစန္ဒာဆေးဆိုင်၊ရန်ကုန်-ပြည်လမ်းဘေးကြို့ပင်ကောက်မြို့

#လမင်းစန္ဒာဆေးဆိုင်

🙏🙏🙏
05/03/2023

🙏🙏🙏

လောကသားတွေကို လမ်းမှန်ညွှန်ပြကာ ကယ်တင်ဖို့
ဉာဏ်အရင့်ဆုံး၊ အကြင်နာတတ်ဆုံး လူသားတစ်ဦး..၊
လွန်ခဲ့တဲ့ နှစ်ပေါင်းရှစ်ဆယ်ကျော်က ဒီနေ့လို
တပေါင်းလပြည့်မှာ မွေးဖွားလာခဲ့ပါတယ် .. 🙏

အရှင်ဘုရား မွေးဖွားသန့်စင်ခဲ့ခြင်းဟာ
ကောင်းသော ဖွားမြင်ခြင်းပါပဲဘုရား။

အမိုက်အမှောင်ဖုံးနေတဲ့ လောကတစ်ခွင်ကို
ဉာဏ်ပညာဆီမီးနဲ့ ဆက်လက်
အလင်းပြတော်မူပါဘုရား။

ဘုန်းတော်ကြီးသော အရှင်ဘုရား ..
သက်ရှည် ကျန်းမာ‌တော်မူပါစေ .. ✨🙏🙏🙏

Quality ကောင်းပြီး Review ကောင်းတွေ ရထားတဲ့ USA Made Alaska(OMEGA - 3) (100 softgels)☑️စျေးနှုန်းလေးလည်း သင့်တင့်ပီး ကျန...
05/03/2023

Quality ကောင်းပြီး Review ကောင်းတွေ ရထားတဲ့ USA Made Alaska(OMEGA - 3) (100 softgels)

☑️စျေးနှုန်းလေးလည်း သင့်တင့်ပီး ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ 💯U.S.A ထုတ် Dietary supplement ငါးကြီးဆီလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်

☑️OMEGA 3
နှလုံးသွေးကြောကျဉ်းရောဂါများနှင့်လေဖြတ်ခြင်းကိုကာကွယ်‌‌ပေးပါတယ်။နှလုံးသွေးကြောကျဉ်းသူများ၊အသဲအဆီဖုံးသူများအတွက် အသုံးဝင်ပါတယ်။
သွေးတွင်းမကောင်းသောအဆီများဖြစ်တဲ့(LDL)နဲ့Triglyceride များကိုလျော့ကျစေပါတယ်။
ဦးနှောက်နှင့်မျက်စိကျန်းမာရေးကိုအထူးကောင်းမွန်စေပါတယ်။

#လမင်းစန္ဒာဆေးဆိုင်

ဆေးလိပ် အရက် မှမဟုတ်ပါဘူး။ကွမ်းထဲမှာပါတဲ့ဆေးရွက်ကြီး၊ထုံး စတဲ့အရာတေကြောင့်လည်းနှလုံသွေးကြောကျဉ်းရောဂါကိုဖြစ်စေပါတယ်။ကွမ်...
04/03/2023

ဆေးလိပ် အရက် မှမဟုတ်ပါဘူး။ကွမ်းထဲမှာပါတဲ့ဆေးရွက်ကြီး၊ထုံး စတဲ့အရာတေကြောင့်လည်းနှလုံသွေးကြောကျဉ်းရောဂါကိုဖြစ်စေပါတယ်။
ကွမ်းယာ၊ဆေးလိပ်၊အရက် မမှီဝဲခြင်းဖြင့်ကျန်းမာတဲ့ခန္ဓာများပိုင်ဆိုင်ကြပါစို့။
#လမင်းစန္ဒာဆေးဆိုင်

ကတ်သီးကတ်သတ်

#တယ်လီကျန်းမာကာတွန်း

(မှတ်ချက် − ဆေးလိပ်တင် မကပါဘူး။ အရက်ကြောင့်လည်း သင့် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်)

  ခလေးငယ်၊ လူကြီး၊ ကျားမ မရွေးတို့အတွက်... ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ပရိုတိန်းဓါတ်8မျိုးနဲ့ အားဆေးကောင်းတလက်ကို...
04/03/2023



ခလေးငယ်၊ လူကြီး၊ ကျားမ မရွေးတို့အတွက်... ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ပရိုတိန်းဓါတ်8မျိုးနဲ့ အားဆေးကောင်းတလက်ကို ရှာဖွေနေပါသလား...

ကျန်းမာလန်းရွှင် Aminomin နှင့်ပတ်သက်ပြီး အမေးများသောမေးခွန်းများ

📌 Aminomin အားဆေးမှာ ဘာတွေပါဝင်တာလဲ❓
👉 Aminomin အားဆေးမှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်စစ် (ပရိုတင်းဓါတ်) ၈ မျိုးနဲ့ ဗီတာမင် A, B Complex, C, D, E တို့ အချိုးကျပါဝင်ပါတယ်။

📌 Aminomin အားဆေးကို ဘယ်အသက်အရွယ်ကနေစပြီး သောက်လို့ရပြီလဲ❓
👉 Aminomin အားဆေးကို အသက် ၂နှစ်အရွယ်ကလေးတွေကနေစပြီးတော့ သက်ကြီးရွယ်အို ဖိုးဖိုးဖွားဖွားတွေအထိ သောက်လို့ရပါတယ်။

📌 Aminomin အားဆေးကို ဘယ်လောက်ပမာဏသောက်ရမှာလဲ❓
👉 Aminomin အားဆေးကို အသက်အရွယ်အလိုက် အောက်ပါအတိုင်း သောက်သုံးသင့်ပါတယ်။
👶 အသက် (၂)နှစ်မှ (၆)နှစ်အထိကလေးငယ်များအတွက် တစ်ခါသောက်လျှင် လက်ဖက်ရည်ဇွန်းတစ်ဇွန်း (5 ml) တစ်နေ့လျှင် တစ်ကြိမ် (သို့) နှစ်ကြိမ်ထိ
👧 အသက် (၆)နှစ်အထက်ကလေးများအတွက် တစ်ခါသောက်လျှင်
လက်ဖက်ရည်ဇွန်းတစ်ဇွန်း (5 ml) တစ်နေ့လျှင် နှစ်ကြိမ် (သို့) သုံးကြိမ်ထိ
🧔👨‍🦳 အရွယ်ရောက်ပြီးသူများအတွက် တစ်ခါသောက်လျှင်
ထမင်းစားဇွန်း (15 ml) တစ်ဇွန်း တစ်နေ့လျှင် နှစ်ကြိမ် (သို့) ဆရာဝန်၏ အညွှန်းအတိုင်း
သောက်သုံးသင့်ပါတယ်။

📌 Aminomin အားဆေးကို ဘယ်လိုလူတွေ အဓိကသောက်သုံးသင့်သလဲ❓
👉 Aminomin အားဆေးကို အမိုင်နိုအက်စစ် (ပရိုတင်းဓါတ်) အထူးလိုအပ်နေသော

✅ ကိုယ်ခန္ဓာဖွံ့ဖြိုးကြီးထွားဆဲ ကလေးငယ်များ၊
✅ သက်ကြီးရွယ်အိုများ၊
✅ နလန်ထစလူနာများ၊
✅ သားသတ်လွတ်စားသုံးသူများနှင့်
✅ အားကစားသမားများအတွက် နေ့စဉ်ပုံမှန်သောက်သုံးနိုင်ပါတယ်။

📌 Aminomin အားဆေးသောက်ရင် ရေရှည်မှာဘေးထွက်ဆိုးကျိုးရှိနိုင်လား❓
👉 ပုံမှန်အားဖြင့် ရေရှည်မှာဘေးထွက်ဆိုးကျိုးဖြစ်နိုင်ချေ အင်မတန်နည်းပါးပါတယ်။ သို့သော် ရံဖန်ရံခါတွင် အရေပြားယားယံခြင်း၊ အင်ပြင်ထခြင်း၊ ဝမ်းဗိုက်မအီမသာဖြစ်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း သို့ ဝမ်းချုပ်ခြင်းစတာတွေကို တစ်ချို့သောသူများမှာခံစားရနိုင်ပါတယ်။

📌 Aminomin အားဆေးကို အခြားဆေးဝါးတွေနဲ့ရော တွဲသောက်လို့ရလား❓
👉 Aminomin အားဆေးကို ပုံမှန်အားဖြင့် အခြားသောဆေးဝါးတွေနဲ့လည်း တွဲ၍သောက်သုံးနိုင်ပါတယ်။

📌 Aminomin အားဆေးကို ရေရှည်စွဲသောက်လို့ရော ရပါသလား❓
👉 Aminomin အားဆေးကို နေ့စဉ်သတ်မှတ်ထားတဲ့ပမာဏအတိုင်းသာ သောက်သုံးပါက ဘေးထွက်ဆိုးကျိုးတစ်စုံတည်သောက်သုံးနိုင်ပါတယ်။

ကျန်းမာလန်းရွှင်


#လမင်းစန္ဒာဆေးဆိုင်၊ကြို့ပင်ကောက်မြို့
Crd

Instock here
02/03/2023

Instock here

ဒီတစ်ခါတော့ ကျောက်သူဌေးတွေအတွက် 😮😮😮

သည်းခြေရည်က အနည်ကျပြီး ဖြစ်လာတဲ့ သည်းခြေကျောက်လား🤔

ဆီးကအနည်ကျပြီး ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းထဲမှာ တည်တဲ့ကျောက်လား🤔

ကျောက်ဆိုတာနဲ့ ပျောက်ချင်တဲ့သူတွေအတွက် FAME ရှိပါတယ်👍

သည်းခြေကျောက်အတွက်ဆို
ဆူးပန်းလုံး၊ ကြိတ်မှန်၊ ဆောင်းမေးခါး၊ ပဲပုပ်အဆီအနှစ် နှင့် ဆီးဖြူသီးအမှုန့်တို့ ပေါင်းစပ်ပါဝင်တဲ့
💚Cholecrush (သည်းခြေကျောက်ပျော်ဆေး)💚

အစွမ်းထက်ဆေးဖက်ဝင်ပစ္စည်းတွေကိုပဲ ပေါင်းစပ်ထုတ်လုပ်ထားလို့ သည်းခြေကျောက်တွေ ပျော်အောင်ကူညီပေးပြီး ပိုမကြီး၊ မများလာအောင်နှင့် နောက်ထပ်မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။
✅ တစ်ဘူး(အလုံး ၆၀) - ၁၂,၀၀၀ ကျပ် ✅
--------------------------------------------

ဆီးကျောက်အတွက်ဆိုရင်တော့
ကျောက်ကွဲပင်၊ အလိုကျူအဆီအနှစ်၊ နတ်ဆေးဂမုန်း၊
သံမနိုင်ကျောက်မနိုင်တို့ ပေါင်းစပ်ပါဝင်တဲ့
💜Urocrush (ဆီးကျောက်ပျော်ဆေး)💜

ဆီးလမ်းကြောင်းမှာပဲဖြစ်ဖြစ်၊ ကျောက်ကပ်မှာပဲဖြစ်ဖြစ် တည်နေတဲ့ကျောက်တွေကို တဖြည်းဖြည်းပျော်ဝင်စေပါတယ်။ ဆီးကျောက်တည်နိုင်ခြေများသူတွေ၊ ပျောက်ကင်းပြီးတဲ့သူတွေမှာလည်း ကာကွယ်ဖို့ သောက်သုံးပေးနိုင်ပါတယ်။
✅ တစ်ဘူး(အလုံး ၆၀) - ၇,၀၀၀ ကျပ် ✅
------------------------------------------------------

ဆေးတွေ ပြောပြပြီးပြီဆိုတော့ နောက်ထပ်အရေးကြီးတာ ပြောပြမယ်နော်။
ဆီးကျောက်ဖြစ်ဖြစ် သည်းခြေကျောက်ဖြစ်ဖြစ် သက်သာပျောက်ကင်းဖို့၊ ကာကွယ်နိုင်ဖို့ဆို အစားအသောက်၊ အနေအထိုင်ပေါ်လည်း မူတည်တာဖြစ်လို့ ဒါတွေကို စနစ်တကျဖြစ်အောင် ဂရုစိုက်ဖို့လဲ လိုပါမယ်နော်။

FAME ဆေးဝါးများကို
ရွှေအိုးဆေးဆိုင်၊ City Mart , Ocean, Marketplace ရှိ City Careဆေးကောင်တာ၊
Medicare ဆေးဆိုင်များ၊ Life Plus ဆေးဆိုင်ခွဲများ၊
ဘေးမခဆေးဆိုင်၊ Padauk Oo ဆေးဆိုင်ခွဲများ၊
နွေမိုးဆောင်းဆေးဆိုင်ခွဲများ၊ သစ်ခွဆေးဆိုင်များနှင့် အမြို့မြို့အနယ်နယ်ရှိ ဆေးဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါတယ်။

မှာယူချင်တယ်ဆိုရင်တော့
☎️09 95 500 5000
☎️09 75 273 1908
☎️09 75 284 1908
☎️09 95 616 1908
☎️09 96 512 1908
☎️09 98 521 1908 နံပါတ်များသို့
တနင်္လာမှ ‌သောကြာ (မနက် 7:45 နာရီမှ ညနေ 4:00 နာရီအတွင်း) ဆက်သွယ်နိုင်ပါတယ်ရှင်။

⚠️ စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များ ပိတ်ပါသည် ⚠️

အသက်တနှစ်ပြည့်ပီးဝါးစားတတ်သည့်အရွယ်မှစပီးတိုက်ကျွေးနိုင်ပါတယ်ရှင့်
02/03/2023

အသက်တနှစ်ပြည့်ပီးဝါးစားတတ်သည့်အရွယ်မှစပီးတိုက်ကျွေးနိုင်ပါတယ်ရှင့်

မိဘတိုင်း ကိုယ့်ကလေးကို ဉာဏ်ကောင်းထူးချွန်စေချင်ကြပါတယ်။ 🥰
ဒါဆို အခုပြောပြမယ့် ကလေးတွေဉာဏ်ကောင်းစေဖို့ အလေ့အကျင့်ကောင်းတွေကို အသုံးချကြည့်လိုက်ပါ။ 👇👇
၁။ တိုးတက်မှုတိုင်းအတွက် ချီးကျူးပေးပါ။ 🥰
၂။ အသက်အရွယ်အလိုက် ဉာဏ်ရည်တိုးလာစေတဲ့ ကစားစရာတွေနဲ့ ကစားပါစေ။ 🤩
၃။ အိပ်ချိန်လုံလောက်ပါစေ။ 😴
၄။ ကျောင်းစာအပြင် အထွေထွေပြင်ပဗဟုသုတတွေလည်း သင်ပြပေးပါ။ 🤓
၅။ ကလေးတို့ရဲ့ မှတ်ဉာဏ်စွမ်းအား အာရုံစူးစိုက်မှုနဲ့ စာသင်ကြားမှုစွမ်းရည်တို့ကို ပိုမိုတိုးတက်စေတဲ့ Appeton Hi-Q Taurine with DHA အားဆေးကို နေ့စဉ်တိုက်ကျွေးလိုက်ပါ။ 🥰😇



01/03/2023

လည်ချောင်းနာခြင်းမှကင်းဝေးဖို့strepsil ကိုဆောင်ကြပါစို့။available now

Address

ရန်ကုန်-ပြည်လမ်း
Gyobingauk
18.22132°N,95.64385°E

Website

Alerts

Be the first to know and let us send you an email when Lamin Sandar Pharmacy-လမင်းစန္ဒာဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram