ပြုံးပြုံး-ပြည်သူ့မေတ္တာ အင်္ဂလိပ်/မြန်မာဆေးဆိုင်

  • Home
  • ပြုံးပြုံး-ပြည်သူ့မေတ္တာ အင်္ဂလိပ်/မြန်မာဆေးဆိုင်

ပြုံးပြုံး-ပြည်သူ့မေတ္တာ အင်္ဂလိပ်/မြန်မာဆေးဆိုင် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ပြုံးပြုံး-ပြည်သူ့မေတ္တာ အင်္ဂလိပ်/မြန်မာဆေးဆိုင်, Medical and health, Budar Street, .

၁ နှစ် ကလေး အရွယ် မှ စ၍ တိုက်သင့်သော ကလေးများအတွက် Nutrikid အားဆေး အရည် / အခဲ ဆိုင်မှာ ဝယ်ယူရရှိနိုင်ပါပြီရှင့်
15/03/2025

၁ နှစ် ကလေး အရွယ် မှ စ၍ တိုက်သင့်သော
ကလေးများအတွက်
Nutrikid အားဆေး အရည် / အခဲ
ဆိုင်မှာ ဝယ်ယူရရှိနိုင်ပါပြီရှင့်

1.1.2025မဂ်လာနှစ်သစ်ပါ ရှင့်
01/01/2025

1.1.2025
မဂ်လာနှစ်သစ်ပါ ရှင့်

ဆိုင် ဘုရားကျောင်းဆောင်လေးအရာခပ်သိမ်း အေးချမ်းပါစေ။
18/10/2024

ဆိုင် ဘုရားကျောင်းဆောင်လေး
အရာခပ်သိမ်း အေးချမ်းပါစေ။

18/10/2024
ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ( Cholera)ဝမ်းပျက်ဝမ်းလျှောဖြစ်စေတဲ့အကြောင်းအရင်းတွေ အများကြီးရှိသလို ဝမ်းလျှောတဲ့ လက္ခဏာ...
06/07/2024

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ( Cholera)

ဝမ်းပျက်ဝမ်းလျှောဖြစ်စေတဲ့အကြောင်းအရင်းတွေ အများကြီးရှိသလို ဝမ်းလျှောတဲ့ လက္ခဏာပုံစံတွေ အမျိုးမျိုးရှိကြပါတယ်

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ( ကာလဝမ်းရောဂါ)ဆျိုတာ က vibrio cholerae လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့်ဖြစ်တာပါ

ကာလဝမ်းရောဂါ ကပြင်းထန်ဝမ်းလျှောခြင်းနဲ့ ရေဓာတ်ခန်းခြောက်ခြင်းကို နာရီပိုင်းအတွင်းဖြစ်စေတတ်တယ်

မကုသဘဲထားပါက ယခင်က ကျန်းမာသောလူများတွင်ပင် နာရီပိုင်းအတွင်း သေဆုံးနိုင်ပါတယ်

ဘယ်လိုကူးစက်ပြန့်ပွားလဲ

ရောဂါပိုးပါသောရေကိုသောက်သုံးခြင်း

ရောဂါပိုးပါသော အစာကိုစားသုံးခြင်း

လူနာရဲ့မစင် အန်ဖက်နဲ့ထိုအရာတွေမှာ ပေနေသောအရာဝတ္ထုများကို ကိုင်တွယ်မိခြင်း

အဆိုပါရောဂါဖြင့်သေဆုံးသူကိုထိတွေ့မိခြင်းတို့ကြောင့် ကူးစက်ပြန့်ပွားနိုင်ပါတယ်

ရောဂါလက္ခဏာများ

ပြင်းထန်စွာဝမ်းလျှောခြင်း

ဝမ်းအရောင်က ဆန်ဆေးရေ အရောင်လိုဖြစ်နေမယ်
အညှီနံ့ ရှိနေနိုင်တယ်
ဝမ်းလျှောတဲ့ ပမာဏများတဲ့အတွက်အချိန်အနည်းငယ်အတွင်းမှာ ခန္ဓာကိုယ်ထဲက ရေဓာတ်များစွာဆုံးရှုံးနိုင်ပါတယ်

ပျို့ခြင်း / အန်ခြင်း

တခါတရံ ဝမ်းပျက်ဝမ်းလျှောမဖြစ်ခင် အရင်ဆုံး အန်တာနဲ့စလာတတ်ပါတယ်

ကြွက်တက်ခြင်း

ဝမ်းအရည်နဲ့အတူ ခန္ဓာကိုယ်ထဲကနေ ဆိုဒီယမ် ပိုတက်ဆီယမ် ကလိုရိုက်စတဲ့ ဓာတ်တွေအလျင်အမြန်ဆုံးရှုံးသွားတဲ့အခါ ဖြစ်တတ်ပါတယ်

ရေဓာတ်ခမ်းခြောက်ခြင်း

နာရီပိုင်းအတွင်းဖြစ်နိုင်တဲ့အတွက် သတိထားရပါမယ်
အားအင်ကုန်ခမ်းသလိုဖြစ်နေမယ်
ကလေးငယ်လေးတွေမှာ တချိန်လုံးဂျီကျနေတာမျိုး
ရေအလွန်အမင်းဆာနေတာ မျက်ရည်မထွက်တာ
မျက်တွင်းချိုင့်ဝင် ငယ်ထိပ်ချိုင့်ဝင်
ဆီးပေါက်နည်းသွားတာမျိုး သွေးပေါင်ကျလာတာမျိုးရှိနေနိုင်ပါတယ်

ဒါမျိုးလက္ခဏာရှိလာရင် နီးစပ်ရာကျန်းမာရေးငှာနကိုချက်ချင်းသွားပါ

ဘယ်လိုကုသမလဲ

ဓာတ်ဆား

အသက်ကယ်ဆေးက ဓာတ်ဆားပါ
ဝမ်းလျှောခြင်းမှာ အဓိက အန္တရယ်က ရေဓာတ်ဆားဓာတ်ဆုံးရှုံးမှု ဖြစ်တဲ့အတွက် အချိုးကျဖျော်စပ်ထားတဲ့ WHO ဖော်မြူလာအတိုင်းထုတ်ထားတဲ့ ဓာတ်ဆားကိုသာသုံးရပါမယ်

ဖျော်ပုံဖျော်နည်းမှန်ကန်ဖို့လည်းလိုပါတယ် ( တလီတာအတွက် အထုပ် နဲ့ ရေ 200 ml အတွက်အထုပ်ဆိုပြီးလည်းရှိပါတယ်)

ဓာတ်ဆားထုပ် အဆင်အသင့်မရှိလျှင်အရေးပေါ်အိမ်တွင်းဓာတ်ဆားဖျော်နည်းအတိုင်း ဖျော်ပြီးတိုက်ပါ
ဒီ link မှာဝင်ကြည့်လို့ရပါတယ်

https://m.facebook.com/story.php?story_fbid=125452237253085&id=100093649274709

ရေဓာတ်အလွန်အကျွံဆုံးရှုံးမှုမဖြစ်စေရန်
၂ နှစ်အောက်ကလေး - ဝမ်းတကြိမ်သွားပြီးတိုင်းဓာတ်ဆား ၅၀ - ၁၀၀ မီလီလီတာ
၂ နှစ်အထက် - ၁၀၀ - ၂၀၀ မီလီလီတာ ကို ဝင်နိုင်သလောက်တိုက်တိုက်ပေးပါ

ကလေးက အန်နေလျှင် ၁၀ မိနစ်ခန့်စောင့်ပြီး နည်းနည်းစီပြန်တိုက်ကြည့်ပါ

လူကြီးတယောက် ကာလဝမ်းရောဂါဖြစ်တဲ့အခြေအနေမှာ ရေဓာတ်ခန်းခြောက်တဲ့လက္ခဏာရှိနေရင် တရက်ကို ဓာတ်ဆား ၆ ထုပ်(၆ လီတာ)ခန့် လိုနိုင်ပါတယ်

ရေဓာတ် အလွန်အမင်းဆုံးရှုံးလာရင်တော့ သွေးကြောထဲ ဓာတ်ဆားရည်သွင်းဖို့လိုနိုင်ပါတယ်

ဝမ်းလျှောခြင်းနဲ့ပက်သက်တဲ့အယူအဆအမှားတွေလည်း ရှောင်ကြဉ်ပါ
ဒီ link မှာ ဖတ်လို့ရပါတယ်

https://m.facebook.com/story.php?story_fbid=124420690689573&id=100093649274709

Zinc ( ဇင့် ဆေး အရည် / ဆေးပြား )

ဝမ်းပျက်ဝမ်းလျှောဖြစ်နေတဲ့ အသက် ၅ နှစ်အောက်ကလေးတွေမှာ Zinc တိုက်ကျွေးခြင်းဟာ ဝမ်း
သွားတဲ့အကြိမ်ကို လျော့နည်းစေနိုင်သလို နောက်ထပ်
ဝမ်းလျှောခြင်းကိုပါကာကွယ်ပေးနိုင်ပါတယ်

၆ လအောက်ကလေး - တနေ့လျှင် Zinc 10 mg
၆ လအထက်ကလေး - တနေ့လျှင် Zinc 20 mg

ပိုးသတ်ဆေး

အလွန်အကျွံမသုံးပါနဲ့
သင့်တော်သောဆေးကိုကျွမ်းကျင် ဆရာဝန် ဆရာမ နှင့်တိုင်ပင်ပြီးမှသာသောက်ပါ

အစားအသောက်နှင့်အာဟာရ

- မိခင်နို့တိုက်နေတဲ့ကလေးဝမ်းလျှောနေရင် မိခင်နို့ကိုဆက်တိုက်ပါ

- သန့်ရှင်းစွာပြင်ဆင်ထားသောအစားအသောက် များ စားသုံးလို့ရပါတယ်

- ဆန်ပြုတ် စွပ်ပြုတ် လိုကြေလွယ်တဲ့အစာများ ထမင်းရည်၊ အုန်းရည် များ တိုက်ပေးလို့ရပါတယ်

ကာကွယ်ခြင်း

သန့်ရှင်းသောရေကိုသောက်သုံးပါ
ရေသန့်မရနိုင်လျှင် ရေကိုကျိုချက်ပြီးမှသောက်ပါ
အိမ်သုံးရေကို ကလိုရင်းဆေးပြားခတ်ပြီးမှသုံးပါ

ယင်လုံအိမ်သာအသုံးပြုပါ
ယင်လုံအိမ်သာမရှိသောနေရာတွင် ရောဂါပိုးရှိသော မစင်ကနေတဆင့် ထပ်ပြန့်ပွားဖို့မဖြစ်ရအောင် မစင်ကိုစနစ်တကျစွန့်ပစ်ပါ
သောက်သုံးရေအရင်းအမြစ်မှ ပေ ၁၀၀ ခန့်အကွာမှာ ကျင်းတူးပြီး စွန့်ပစ်ပါ
အရေးပေါ်အခြေအနေမှာ ယာယီအိမ်သာကျင်း ကို ရေရှိသောနေရာနှင့် ပေ ၁၀၀ အကွာမှာ၁ ပေခွဲ အနက်ခန့်တူးပြီး စွန့်ပစ်ပါ

သန့်ရှင်းလတ်ဆတ်သော အစားအသောက်များစားသုံးပါ

ယင်နားစာများ မစားပါနဲ့

အသားငါးအသီးအရွက်များ ကျက်အောင်ချက်ပြုတ်ပြီးမှစားသုံးပါ

လက်ကိုဆပ်ပြာဖြင့် သေချာသန့်စင်အောင်ဆေးပါ

စားသောက်တဲ့ကလေးရဲ့လက်နဲ့ ကျွေးမွေးပြုစုတဲ့လူကြီးရဲ့လက် ၊ ဝမ်းသွေးပြီးတိုင်း သန့်ရှင်းရေးလုပ်ပေးတဲ့ လက်ကို ဆပ်ပြာနှင့်သေချာဆေးပါ

အစားမစားခင် နဲ့ ဝမ်းသွားပြီးတိုင်းလက်ကိုသေချာစွာဆေးပါ

မီးဖိုချောင်သုံးပစ္စည်းများနှင့် အစားအစာများကို ချက်ပြုတ်သည့်နေရာများကို သန့်ရှင်းပြီး ပိုးသတ်ပါလုံးဝခြောက်သွေ့အောင်ထားပါ

သောက်သုံးရေအရင်းအမြစ်များမှ မီတာ ၃၀ (ပေ ၁၀၀) အကွာအဝေးခန့်တွင် အဝတ် သို့မဟုတ် အနှီးများကို လျှော်ပါ

ညစ်ညမ်းနေသော အိမ်သာများနှင့် မျက်နှာပြင်များကို သန့်ရှင်းပြီး ပိုးသတ်ပါ

သန့်ရှင်းရေး ပြီးသောအခါ၊ ဆပ်ပြာရည်နှင့် ပိုးသတ်ဆေးရည်များကို ရေမြောင်း၊ အိမ်သာ သို့မဟုတ် အိမ်သာထဲသို့ လောင်းထည့်ခြင်းဖြင့် ဘေးကင်းစွာ စွန့်ပစ်ပါသန့်စင်ပြီး ပိုးသတ်ပြီးနောက် လက်ကို ဆပ်ပြာနှင့်ရေဖြင့် ထပ်မံဆေးကြောပါ

အထက်ပါနည်းလမ်းများဖြင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကူးစက်ပြန့်ပွားခြင်းကိုအလျင်အမြန်ကာကွယ်နိုင်မှာဖြစ်ပါတယ်

crd

မဂ်လာပါရှင့် Vitamin CVitamin D & Zinc ပါဝင်သော  immune C ဆေးလေး ဆိုင်မှာ ဝယ်ယူရရှိနိုင်ပါပြီရှင့်
14/06/2024

မဂ်လာပါရှင့်

Vitamin C
Vitamin D & Zinc ပါဝင်သော

immune C ဆေးလေး

ဆိုင်မှာ ဝယ်ယူရရှိနိုင်ပါပြီရှင့်

ဆိုးဆေး နှင့် ဓာတုပစ္စည်း မပါဝင်သောအမေ့အိမ် ဆေးတိုက်က ထုပ်သော  သဘာဝမုန်ညှင်းဆီသန့် ဆိုင်မှာ ဝယ်ယူရရှိနိုင်ပါပြီရှင့်
29/02/2024

ဆိုးဆေး နှင့် ဓာတုပစ္စည်း မပါဝင်သော

အမေ့အိမ် ဆေးတိုက်က ထုပ်သော

သဘာဝမုန်ညှင်းဆီသန့်

ဆိုင်မှာ ဝယ်ယူရရှိနိုင်ပါပြီရှင့်

မဂ်လာနံနက်ခင်းပါရှင့် UTM ယူတီအမ် တိုင်းရင်းဆေးကပ်ခွာဝါးမင်း ကျီးပေါင်းဆေးကပ်ခွာ Kinoki ခြေဖဝါး အဆိပ်ထုပ် ဆေးကပ်ခွာ လိုအ...
09/01/2024

မဂ်လာနံနက်ခင်းပါရှင့်

UTM ယူတီအမ် တိုင်းရင်းဆေးကပ်ခွာ
ဝါးမင်း ကျီးပေါင်းဆေးကပ်ခွာ
Kinoki ခြေဖဝါး အဆိပ်ထုပ် ဆေးကပ်ခွာ

လိုအပ်တယ် ဆိုင်ရင်

ပြုံးပြုံး ပြည့်သူ့မေတ္တာဆေးဆိုင်
ဟဲဟိုးမြို့
09456004440
ဝယ်ယူအားပေးလို့ ရပါပြီရှင့်😘😘😘

ကျေးဇူးပါရှင့်

01/01/2024

1.1.2024
ကျန်းမာခြင်း နှင့်
ပြည့်စုံသော မဂ်လာနှစ်သစ် ဖြစ်ပါစေရှင့်

မဂ်လာနံနက်ခင်းပါရှင့် Lovely Baby တံဆိပ်Mamy Poko တံဆိပ်Good Baby.  တံဆိပ် မွှေးစ ကလေး လူကြီး / ကလေး ဝတ် Diaper ဆိုင်မှာ...
17/11/2023

မဂ်လာနံနက်ခင်းပါရှင့်
Lovely Baby တံဆိပ်
Mamy Poko တံဆိပ်
Good Baby. တံဆိပ်
မွှေးစ ကလေး
လူကြီး / ကလေး ဝတ် Diaper
ဆိုင်မှာ ဝယ်ယူအားပေးလို့ ရပါပြီရှင့် 😘😘😘

Address

Budar Street

Telephone

+959456004440

Website

Alerts

Be the first to know and let us send you an email when ပြုံးပြုံး-ပြည်သူ့မေတ္တာ အင်္ဂလိပ်/မြန်မာဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share