Zewaka - ဇီ၀က

Zewaka - ဇီ၀က Zewaka is a Healthcare products and suppliment provider

17/10/2024
ရှစ်ပါးသီလပေးတရား
17/10/2024

ရှစ်ပါးသီလပေးတရား

20/08/2024

"ကမ္ဘာပေါ်မှာ အကောင်းဆုံး သမားတော် ၇ ဦး"

(၁) နေရောင်ခြည်
(၂) အနားယူခြင်း
(၃) ကိုယ်လက်လေ့ကျင်ခန်းပြုလုပ်ခြင်း
(၄) အစားအသောက်ကို ချင့်ချိန်စားသောက်ခြင်း
(၅) မိမိကိုယ်ကိုယုံကြည်မှု
(၆) လောဘ၊ ဒေါသ၊ မောဟ နည်းပါးအောင်နေထိုင်ခြင်း
(၇) အပေါင်းအသင်း မိတ်ဆွေသူငယ်ချင်း

အဲ့ဒီ သမားတော် ၇ ဦးကို အသက်ရှိစဉ် ခေါင်းထဲမှာ အမြဲထည့်ထားပြီး ကျန်းမာအောင်နေထိုင်ပါ။

အချိန်ကျရင်တော့ ငါတို့ဟာ ကန့်လန့်ကာချပြီး နှုတ်ဆက်ထွက်ခွါကြရမှာပါ။ အဲ့ဒါကြောင့် အသက်ရှိနေစဉ်

သင့်မိသားစုကို ချစ်ပါ။
သူငယ်ချင်း၊ မိတ်ဆွေတွေကို ချစ်ပါ။
သင့်ရဲ့ဘဝလက်တွဲဖော်ကို ချစ်ပါ။
သင့်အပေါ် ကောင်းဖူးတဲ့လူတွေကို ချစ်ပါ။
သင့်ပတ်ဝန်းကျင်အပေါ် တတ်နိုင်တာလေး ကူညီလိုက်ပါ။

Credit -
17-2-2023

16/08/2024

" #လိမ်ညာပြောမှု သတိပြုလော့ "....
°°°°°°°°°°°°°

#မြတ်စွာဘုရားက ရာဟုလာကိုခေါ်တယ်၊
ရာဟုလာ ငါနဲ့ လိုက်ခဲ့ဆိုပြီး ခေါ်သွားတယ်။

#မြတ်စွာဘုရားက ခြေဆေးတဲ့နေရာမှာထိုင်ပြီး
ခြေဆေးဖို့ခပ်ထားတဲ့ ရေအိုးထဲက ခွက်ကလေးနဲ့
ရေခပ်ယူလိုက်တယ်၊ ခပ်ယူပြီးတဲ့အခါ ရေကလေးကို
တစ်၀က်သွန်ပြီး မြတ်စွာဘုရားက မေးတယ်။

🌼 "ရာဟုလာတွေ့လား ဟောဒီမှာ ရေခွက်ထဲမှာ
ရေတစ်၀က်ပဲ ရှိတယ် တွေ့လား" ဆိုတော့…

🌸 "တွေ့ပါတယ် ဘုရား"

🌼 "လောကမှာ လိမ်ပြောတတ်တဲ့လူဆိုတာ
ကိုယ်ကျင့်တရား ပြည့်ပြည့်၀၀ မရှိဘူး"

#ကိုယ်ကျင့်တရားဟာ မပြည့်၀ဘူး။

🌼 "ဒီခွက်ထဲကရေတွေ မပြည့်သလိုပဲ
လိမ်တတ်ပြီဆိုရင် မင်း ကိုယ်ကျင့်တရားတွေ
မပြည့်နိုင်ဘူး" တဲ့။

#မြတ်စွာဘုရားက ခွက်ထဲကရေတွေကို
သွန်လိုက်တယ်၊

🌼 "ရာဟုလာ ဟောဒီခွက်ထဲမှာ ရေတွေရှိသေးလား"

🌸 "မရှိတော့ဘူး ဘုရား"

ရေတွေ သွန်လိုက်တယ်၊

🌼 "အေး အဲဒီလို သွန်လိုက်သလိုပဲ လိမ်ပြောတဲ့
ပုဂ္ဂိုလ်ဟာ ကိုယ်ကျင့်တရားတွေကို အကုန်လုံး
စွန့်ပစ်လိုက်တာနဲ့ အတူတူပဲ" တဲ့။

#မြတ်စွာဘုရားက ခွက်ကို မှောက်ပြီးတော့
မေးတယ်၊

🌼 "ရာဟုလာ တွေ့လား ငါခွက်ကလေးကို
မှောက်ထားတာ၊ အဲဒီ ခွက်ကလေး မှောက်လိုက်
သလိုပဲ လိမ်ပြောတတ်တဲ့ ပုဂ္ဂိုလ်ရဲ့
ကိုယ်ကျင့်တရားတွေဟာ အကုန်လုံးဇောက်ထိုးပဲ၊
ဘာမှမရှိတော့ ဘူးပေါ့၊ ကိုယ်ကျင့်တရားတွေကို
အကုန်လုံးမှောက်ပစ်လိုက်တာနဲ့ အတူတူပဲ" တဲ့။

#​နောက်တခါ မြတ်စွာဘုရားက ခွက်ကလေးကို
ပြန်လှန်လိုက်တယ်၊

🌼 "ဟောဒီခွက်ထဲမှာ ဘာရှိလဲ ဘာမှမရှိဘူး၊
အေး.. ခွက်ထဲမှာ ဘာမှမရှိသလိုပဲ လိမ်ပြောတတ်တဲ့
ပုဂ္ဂိုလ်သန္တာန်မှာ ကိုယ်ကျင့်တရားဆိုတာ ဘာမှမရှိဘူး
တဲ့၊ ဒါကြောင့် ရယ်စရာ အနေနဲ့တောင် လိမ်တာဟာ
အင်မတန်အပြစ်ကြီးတယ်"

#မြတ်စွာဘုရားက - လိမ်ပြောတတ်လို့ ရှိရင်တဲ့
ဘာမှ ကိုယ်ကျင့်တရား မရှိတော့ဘူးလို့ ဒီလိုကို
ဟောထားတာ၊ လိမ်မှာ စိုးလို့နော်။

#လိမ်ပြောတတ်တဲ့ပုဂ္ဂိုလ် မလုပ်တဲ့
အကုသိုလ်မရှိဘူး၊
မုသားစကားပြောပြီ ဆိုမှတော့ ကျန်တဲ့
အကုသိုလ်တွေလည်း သူလုပ်မှာဘဲတဲ့၊
ဘာလုပ်လုပ် လိမ်လိုက်ရင် ပြီးသွားတာကိုး။
အဲတော့ လုပ်ဖို့ရာအတွက် ဘာမှ ၀န်မလေးတော့ဘူး
လို့ပြောတာ။

#ဒါကြောင့်မို့ ရာဟုလာကို မြတ်စွာဘုရားက
လိမ်ပြောတဲ့ အပြစ် ဖြစ်မှာစိုးလို့
စိတ်ထဲမှာ စွဲသွားအောင် သင်ကြားပေးတာပါ။

ကျေးဇူး​တော်ရှင်
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာ အရှင်​နန္ဒမာလာဘိဝံသ
🙏🙏🙏🙏🙏

Credit. 🙏

🌼𝓛𝓸𝓿𝓮𝓻 𝓸𝓯 𝓑𝓾𝓭𝓭𝓱𝓲𝓼𝓶.🌸
ထာဝရ သစ္စာ

16/08/2024

Address

Damayone Street
Hlaing
11051

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959790141255

Website

Alerts

Be the first to know and let us send you an email when Zewaka - ဇီ၀က posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share