Zabu-Tun Clinic

Zabu-Tun Clinic Caring for Pre and Post of Gynecological And General Services “မိသားစုတိုင်း ကျန်းမာသက်သာစေဖို့ အလေးထားဆောင်ရွက်လျက်”

 #ဇမ္ဗူထွန်းအထွေထွေရောဂါနှင့်သားဖွားမီးယပ်အထူးကုဆေးခန်းလပြည့်နေ့ ဆေးခန်းပိတ်ပါတယ်။  🙏🙏🙏
02/03/2026

#ဇမ္ဗူထွန်းအထွေထွေရောဂါနှင့်သားဖွားမီးယပ်အထူးကုဆေးခန်း

လပြည့်နေ့ ဆေးခန်းပိတ်ပါတယ်။ 🙏🙏🙏


 #ဓာတ်ဆားအမှုန့်ထုပ်(Oral Rehydration Salt-ORL)နဲ့  #အူလမ်းကြောင်းအကျိုးပြုအမှုန့်ထုပ် (Probiotic s) မတူဘူးဆိုတာ သိစေဖို...
20/02/2026

#ဓာတ်ဆားအမှုန့်ထုပ်(Oral Rehydration Salt-ORL)နဲ့ #အူလမ်းကြောင်းအကျိုးပြုအမှုန့်ထုပ် (Probiotic s) မတူဘူးဆိုတာ သိစေဖို့ အကြံပြုပြောကြားထားတဲ့

ိုင်းမြတ်သူ
Credit to original author
page-

https://www.facebook.com/share/p/1CFGg52pZD/?mibextid=wwXIfr.

ဓာတ်ဆား အမှုန့်ထုပ်နဲ့
အူလမ်းကြောင်းအကျိုးပြု အမှုန့်ထုပ် မတူဘူးဆိုတာ သိစေဖို့

ဒီနှစ်ဆောင်းတွင်းမှာ ကလေးတွေ ဝမ်းပျက်ဝမ်းလျှော၊ အထက်လန်အောက်လျှောနဲ့ အစာအဆိပ်သင့်တာတွေ တအားဖြစ်ခဲ့တယ်။ ဆရာတို့လည်းနေ့တိုင်း ဒါတွေပဲထိုင်ကုနေရသလိုဖြစ်တဲ့အထိကို များခဲ့ပါတယ်။ အဲဒီမှာ ဆရာသတိထားမိလိုက်တာတစ်ခုက ပရိုဘိုင်အိုးတစ်အမှုန့်ထုပ် (Probiotics) နဲ့ ဓာတ်ဆားကို သိပ်ပြီးသဲသဲကွဲကွဲမသိကြတဲ့ မိဘတွေအများစုရှိနေတာကိုတွေ့ရတယ်။
ဒါအရေးကြီးပါတယ်။ မိဘတိုင်းသိဖို့လိုအပ်ပါတယ်။ အဲဒါကြောင့် ဒီနေ့ဆရာ Probiotics နဲ့ ဓာတ်ဆားအသုံးပြုပုံကို ပြောပြချင်ပါတယ်။

✅ ဓာတ်ဆား ဆိုတာဘာလဲ? ဓာတ်ဆားဘာကြောင့်တိုက်ရသလဲ?

ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ ဝမ်းအရည်တွေသွားတာဖြစ်တဲ့အတွက် အဓိကဆုံးရှုံးတာကတော့ ရေဓာတ်ပါ။ ဒါပေမယ့် ရေနဲ့အတူတူ ခန္ဓာကိုယ်ကနေ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက် (Sodium, Potassium, Chloride) စတဲ့သတ္တုဓာတ်တွေလဲ အတူတူပါသွားပါတယ်။ ဒီသတ္တုဓာတ်တွေဟာ ရေဓာတ်ထိန်းညှိမှု၊ ကိုယ်တွင်းအင်္ဂါများလှုပ်ရှားနိုင်မှု နဲ့ ကိုယ်ခံအားအတွက်အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် ဝမ်းလျှောတဲ့အခါ ဒီဓာတ်တွေကိုပြန်ဖြည့်ပေးဖို့အတွက် "ဓာတ်ဆား" (Oral Rehydration Salt - ORS) ပြန်တိုက်ပေးရပါတယ်။

ဝမ်းလျှောတဲ့ အကြိမ်ရေများလာပြီး ဒီသတ္တုဓာတ်၊ ဆားဓာတ်တွေ ဆက်တိုက်ဆုံးရှုံးနေပေမယ့် ဓာတ်ဆားပြန်မဝင်ရင်တော့ ခန္ဓာကိုယ်တွင်းဇီဝကမ္မဖြစ်စဥ်တွေ ပုံမှန်မလုပ်နိုင်တော့ဘဲ အသက်အန္တရာယ်ရှိတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ဝမ်းပျက်ဝမ်းလျှောရင် ဓာတ်ဆားပြန်တိုက်ရတာဖြစ်ပါတယ်။

✅ အူလမ်းကြောင်းကောင်းမွန်စေတဲ့ အမှုန့်ထုပ်လေးတွေ (သို့မဟုတ်) ပရိုဘိုင်အိုးတစ်

ဆရာတို့ အူလမ်းကြောင်းအတွင်းမှာ အစာခြေစနစ်ကိုအကျိုးပြုတဲ့ ပိုးမွှားတွေရှိပါတယ်။ ဒီပိုးတွေက အူလမ်းကြောင်းကို ကျန်းမာစေဖို့အကျိုးပြုပါတယ်။ ဝမ်းပျက်ဝမ်းလျှောပိုးဝင်လာတဲ့အခါ အူလမ်းကြောင်းအကျိုးပြု ပိုးမွှားတွေနဲ့ ခန္ဓာကိုယ်ရဲ့ ဂေဟစနစ်ပျက်စီးသွားပါတယ်။ ဒါကြောင့် ဝမ်းပျက်ဝမ်းလျှောပိုးကိုပြန်တိုက်ထုတ်ဖို့အတွက် အကျိုးပြုပိုးမွှားတွေပါဝင်တဲ့ ပရိုဘိုင်အိုးတစ်အမှုန့်ထုပ် (Probiotics) တွေကို ကလေးငယ်ကိုပြန်တိုက်ပေးပြီး ဝမ်းပျက်ဝမ်းလျှောသက်သာအောင်ကုကြပါတယ်။ ကစ်လက်၊ ဘိုင်အိုဖလော၊ အင်နိုလက် စသည်ဖြင့်စျေးကွက်ထဲမှာဝယ်လို့ရပါတယ်။

✅ ဓာတ်ဆားနဲ့ ပရိုဘိုင်အိုးတစ် မှားကြတဲ့အခါ

များသောအားဖြင့် မှားကြတာက ပရိုဘိုင်အိုးတစ်ကို ဓာတ်ဆားလို့မှားမှတ်ကြတာပဲ။ ဝမ်းလျှောတဲ့အခါ ဒီနှစ်မျိုးလုံးကိုတိုက်ဖို့လိုအပ်ပေမယ့် ကလေးငယ်က အင်မတိအင်မတန် အီးပန်းလာတဲ့အခါ ဆားဓာတ်ပါတဲ့ဓာတ်ဆားတိုက်ဖို့က အလွန်အရေးကြီးပါတယ်။
ဓာတ်ဆားတိုက်တဲ့အခါ ဓာတ်ဆားအငန်ထုပ်တိုက်လို့ရပါတယ်။ အရသာပါယုံစွက်ထားတဲ့ ဓာတ်ဆားတွေတိုက်လို့ရပါတယ်။ တစ်လီတာနဲ့ဖျော်ရပါတယ်။
ကလေးဓာတ်ဆားလည်းတိုက်လို့ရပါတယ်။ များသောအားဖြင့် 150ml ဒါမှမဟုတ် 250ml နဲ့ဖျော်ရပါတယ်။
ပရိုဘိုင်အိုးတစ်အမှုန့်ထုပ် တိုက်တဲ့အခါ ရေအများကြီးနဲ့ဖျော်စရာမလိုပါဘူး။ ကလေးသောက်ဖို့အဆင်ပြေယုံရေပမာဏနဲ့ပဲ ဖျော်ပေးရင်ရပါတယ်။

ဓာတ်ဆားကို ရေနည်းနည်းနဲ့ဖျော်မိတဲ့အခါ သတ္တုဓာတ်နဲ့ရေဓာတ်အချိုးမကျဘဲ ဝမ်းလျှောတာမသက်သာတဲ့အပြင် မလိုလားအပ်တဲ့ဆိုးကျိုးတွေရှိသွားနိုင်ပါတယ်။
ပရိုဘိုင်အိုးတစ်ကို ရေများများနဲ့ဖျော်မိတဲ့အခါ ဒီအချိုးမကျတဲ့ဖျော်ရည်ကြီးသောက်နေရတဲ့အတွက် ကလေးရသင့်တဲ့အခြားအစာအာဟာရတွေလဲ မဝင်၊ ကလေးဆီရောက်သင့်တဲ့ပရိုဘိုင်အိုးတစ်ပမာဏလဲမရောက် ဖြစ်ပြီး ဘာမှအကျိုးမထူးဖြစ်တတ်ပါတယ်။

ဒါကြောင့် ပရိုဘိုင်အိုးတစ် နဲ့ ဓာတ်ဆားမမှားရအောင် ဆရာခေါင်းစဥ်တစ်ခုအဖြစ်ထုတ်နုတ်ရေးပေးလိုက်ပါတယ်။

နောက်တစ်ပတ်မှာ ဝမ်းပျက်ဝမ်းလျှောချိန်မှာ တိုက်သင့်တဲ့ဓာတ်ဆားနဲ့ တိုက်ရန်မသင့်တော်တဲ့ဓာတ်ဆားအကြောင်းကို တင်ပြသွားပါမယ်။

ဒီစာဖတ်မိတဲ့ကလေးမိဘတို့ အသိပညာတစ်ခုတိုးသွားမယ်၊ သိပြီးသားကလေးမိဘတွေလည်း ကိုယ့်အသိမှန်ကန်ကြောင်း စိတ်ချသွားမယ်လို့မြော်လင့်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်က ကိုယ့်ရဲ့မိတ်ဆွေ သားငယ်သမီးငယ်ပိုင်ရှင်တွေအသိတိုးအောင် ကုသိုလ်ဖြစ်အနေနဲ့ ကူညီမျှဝေဖို့လည်း အကြံပြုချင်ပါတယ်။

မေတ္တာဖြင့်
စိုင်းမြတ်သူ

 #နီပါးရ်virus အသိပေးချက် #ဇမ္ဗူထွန်းအထွေထွေရောဂါနှင့်သားဖွားမီးယပ်အထူးကုဆေးခန်း-🤰ကိုယ်ဝန်စောင့်ရှောက်ခြင်းနှင့် သားဖွား...
28/01/2026

#နီပါးရ်virus အသိပေးချက်

#ဇမ္ဗူထွန်းအထွေထွေရောဂါနှင့်သားဖွားမီးယပ်အထူးကုဆေးခန်း-

🤰ကိုယ်ဝန်စောင့်ရှောက်ခြင်းနှင့် သားဖွားမီးယပ်ဆိုင်ရာ ရောဂါများကုသခြင်း

🙆‍♀️ အထွေထွေရောဂါများကို ဆွေးနွေးတိုင်ပင်ကုသခြင်း

🧩။ တိကျမှန်ကန်သော ဓါတ်ခွဲခန်းနှင့် ချိတ်ဆက်ကာ ရောဂါအဖြေရှာပေးခြင်း

❤️ အီးစီဂျီ (ECG) နှင့် အာထရာဆောင်း(Ultrasound) ဖြင့် စစ်ဆေးဆောင်ရွက်ခြင်းနှင့်

🚑။ ဆေးရုံတက်ရောက်ကုသရန် လိုအပ်ပါကလည်း ချိတ်ဆက်ဆောင်ရွက်ပေးပါသည်။

✅ ၂၄ နာရီ အချိန်မရွေး လာရောက်ကုသစစ်ဆေးနိုင်ပါတယ်။

31/12/2025

Happy New Year 2026 !!

#ဇမ္ဗူထွန်းအထွေထွေရောဂါနှင့်သားဖွားမီးယပ်အထူးကုဆေးခန်း


21/12/2025

၂၅-၁၂-၂၀၂၅ ရက်နေ့မှာ ကျရောက်မဲ့ ပျော်ရွှင်စရာခရစ်စမတ် အချိန်အခါသမယလေးမှာ ချစ်ခင်ရပါသော ရပ်ဝေးရပ်နီးမိတ်ဆွေအပေါင်း မိဘဆွေမျိုးများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍​လိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း #ဇမ္ဗူထွန်းအထွေထွေရောဂါနှင့်_သားဖွားမီးယပ်အထူးကုဆေးခန်း မိသားစုများက ဆုတောင်းလိုက်ပါတယ်။

 #ဇမ္ဗူထွန်းအထွေထွေရောဂါနှင့်သားဖွားမီးယပ်အထူးကုဆေးခန်း-🔹 ကိုယ်ဝန်စောင့်ရှောက်ခြင်းနှင့် သားဖွားမီးယပ်ဆိုင်ရာ ရောဂါများက...
19/12/2025

#ဇမ္ဗူထွန်းအထွေထွေရောဂါနှင့်သားဖွားမီးယပ်အထူးကုဆေးခန်း-

🔹 ကိုယ်ဝန်စောင့်ရှောက်ခြင်းနှင့် သားဖွားမီးယပ်ဆိုင်ရာ ရောဂါများကုသခြင်း

🔹 အထွေထွေရောဂါများကို ဆွေးနွေးတိုင်ပင်ကုသခြင်း

🔹 တိကျမှန်ကန်သော ဓါတ်ခွဲခန်းနှင့် ချိတ်ဆက်ကာ ရောဂါအဖြေရှာပေးခြင်း

🔹 အီးစီဂျီ (ECG) နှင့် အာထရာဆောင်း(Ultrasound) ဖြင့် စစ်ဆေးဆောင်ရွက်ခြင်းနှင့်

🔹 ဆေးရုံတက်ရောက်ကုသရန် လိုအပ်ပါကလည်း ချိတ်ဆက်ဆောင်ရွက်ပေးပါသည်။

✅ ၂၄ နာရီ အချိန်မရွေး လာရောက်ကုသစစ်ဆေးနိုင်ပါတယ်။

 #ဇမ္ဗူထွန်းအထွေထွေရောဂါနှင့်သားဖွားမီးယပ်အထူးကုဆေးခန်းဒီရက်ပိုင်း ဖြစ်နေတဲ့ ဝမ်းလျှောဝမ်းပျက် လက္ခဏာတွေက-credit  . Sai ...
17/12/2025

#ဇမ္ဗူထွန်းအထွေထွေရောဂါနှင့်သားဖွားမီးယပ်အထူးကုဆေးခန်း

ဒီရက်ပိုင်း ဖြစ်နေတဲ့ ဝမ်းလျှောဝမ်းပျက် လက္ခဏာတွေက-

credit . Sai Myat Thu - ကလေးကျန်းမာရေး

ဒီရက်ပိုင်း ဖြစ်နေတဲ့ ဝမ်းလျှောဝမ်းပျက် လက္ခဏာတွေက

- အန်တာနဲ့စတယ်
- ပြီးရင် ဝမ်းလျှောတယ်
- ပြီးရင်ဖျားတယ်။
သုံးခုလုံးမဟုတ်တောင်နှစ်ခုလောက်ဖြစ်ကြတယ်။

လိုတိုရှင်းပြောပြပါမယ်။

🍒 အန်တာက စဖြစ်ပြီး ၂၄နာရီအတွင်း ကလေး အများစု အအန်ရပ်သွားပါတယ်။

🍒 ဖျားတာက ၃၆ နာရီ (တစ်ရက်ခွဲ) ဝန်းကျင်ထိကြာတတ်ပါတယ်။

🍒 ဝမ်းလျှောတာက ၂ ရက် ကနေ ၇ ရက် ကြား ကြာတတ်ပါတယ်။

ဒါကြောင့် ဆေးတိုက်ပြီးပြီးချင်း အအန်မရပ်ပါ၊ အဖျားမကျပါ ၊ ဝမ်းမပိတ်ပါ။ ကလေးလန်းတယ်ဆိုရင် ဆေးတိုက်ရင်းစောင့်ကြည့်လို့ရပါတယ်။

အကယ်၍
- ပါရာတိုက်ထားတာတောင် အဖျားအရမ်းကြီးတယ်၊ မှိန်းတယ်
- အစာဘာမှမဝင်ဘူး အအန်ပျောက်ဆေးတိုက်လဲ အန်တုန်းပဲ
- ဝမ်းက အရည်တွေအရမ်းအရမ်းပန်းတယ်
- ဝမ်းထဲမှာ သွေးစ ချွဲစပါတယ် ၊ နံနံပုပ်ပုပ်ဟောင်​ဟောင်ဖြစ်တယ်
- တက်တယ် ၊ အသက်ရှူတအားမြန်တယ် စတာတွေရှိရင် ချက်ချင်းပြန်ပြပါ။

တချို့မိဘတွေ ဆေးခန်းသွားလျက်နဲ့ မသိလိုက်ဖြစ်သွားနိုင်တဲ့အချက်တွေက

၁✅ တအားအန်နေတဲ့ကလေးတွေ ဆေးတွေအကုန်ရောမတိုက်ပါနဲ့ဦး၊ ဘာအစာမှမလို ဘာဆေးမှမတိုက်ခင် အအန်ပျောက်ဆေးအရင်တိုက်ပါ၊ တိုက်ပြီး နာရီဝက်စောင့်ပါ၊ နာရီဝက်အတွင်းပြန်အန်ရင် အဲဒါ မဝင်ဘူး ပြန်တိုက်ပြီး နာရီဝက်စောင့်၊ မအန်တော့ဘူးဆိုမှ ကျန်တဲ့ဆေးတိုက် အစာကျွေးပါ။

၂✅ အရမ်းအန်နေတဲ့အချိန် ၂၄နာရီအတွင်း အရည်ဆန်ဆန်၊ ခပ်ပျော့ပျော့ကို နည်းနည်း နဲ့ ခဏခဏ ကျွေးပါ။ အရည်ကျွေးနေတဲ့အချိန် ဝမ်းအရည်သွားတာတော့ရှိနိုင်ဦးမှာမို့ ဝမ်းက ချက်ချင်း ပြန်မမာပါ။ မအန်တော့ဘူးဆို ထမင်းဆီဆမ်း ကြက်ဥပြုတ်၊ ငါးကြော် အဲဒီလို ဝမ်းမာမယ့် ကလေးစားလို့လွယ်မယ့်အစားတွေကျွေးပါ (ကျွေးရမယ့်အရွယ်ဆိုရင်)။ အသီးအရွက်တွေ အချိုအသီး၊အချိုမုန့်တွေ၊ လေပွစာ၊ ပဲ စတာတွေခဏ ​ရှောင်ထားပါ။

၃✅ အဖျား ကြီးရင် ရေချိုးချပါ၊ အဖျားမရှိရင် ရေချိုးချပါ ရတယ်။ အဖျားငွေ့ငွေ့ဆို ရေပတ်တိုက်ပါ။

၄✅ ဝမ်းက ချက်ချင်း ဘတ်ခနဲမရပ်ပါ။ တနေ့ဆယ်ကြိမ်သွားရင် နောက်နေ့ လေးငါးကြိမ်၊ ဝမ်းပိုမာလာမယ်၊ နောက်နေ့ နှစ်ကြိမ်သုံးကြိမ် အဲလိုမျိုး တဖြည်းဖြည်းအဆင်ပြေလာမှာပါ။

၅✅ အစားပျက်ပါမယ်။ အအန်ရပ်ပြီး ဝမ်းရပ်ပြီး အဖျားကျပြီး နောက်ထပ်နှစ်ရက်သုံးရက်ထိ သိကြားမင်းကြီး ရွှေဇွန်းကိုင်ပြီး နတ်သုဒ္ဓါ လာခွံ့ရင်တောင် ကလေးတွေ စားဦးမှာမဟုတ်ပါဘူး။ သူတို့ကြိုက်တတ်တာ တည့်လဲတည့်တာလေးတွေကို နည်းနည်းစီချော့ကျွေးပါ။ ဖြည်းဖြည်းမှစားလာပါလိမ့်မယ်။

ကျန်းမာကြပါစေ
Dr. စိုင်းမြတ်သူ

13/12/2025

#ဇမ္ဗူထွန်းအထွေထွေရောဂါနှင့်သားဖွားမီးယပ်အထူးကုဆေးခန်း-

🔹 ကိုယ်ဝန်စောင့်ရှောက်ခြင်းနှင့် သားဖွားမီးယပ်ဆိုင်ရာ ရောဂါများကုသခြင်း

🔹 အထွေထွေရောဂါများကို ဆွေးနွေးတိုင်ပင်ကုသခြင်း

🔹 တိကျမှန်ကန်သော ဓါတ်ခွဲခန်းနှင့် ချိတ်ဆက်ကာ ရောဂါအဖြေရှာပေးခြင်း

🔹 အီးစီဂျီ (ECG) နှင့် အာထရာဆောင်း(Ultrasound) ဖြင့် စစ်ဆေးဆောင်ရွက်ခြင်းနှင့်

🔹 ဆေးရုံတက်ရောက်ကုသရန် လိုအပ်ပါကလည်း ချိတ်ဆက်ဆောင်ရွက်ပေးပါသည်။

✅ ၂၄ နာရီ အချိန်မရွေး လာရောက်ကုသစစ်ဆေးနိုင်ပါတယ်။

video

 #ဇမ္ဗူထွန်းအထွေထွေရောဂါနှင့်သားဖွားမီးယပ်အထူးကုဆေးခန်း ဇမ္ဗူထွန်းအထွေထွေရောဂါနှင့် သားဖွားမီးယပ်အထူးကုဆေးခန်းထွန်းပြည့်...
04/12/2025

#ဇမ္ဗူထွန်းအထွေထွေရောဂါနှင့်သားဖွားမီးယပ်အထူးကုဆေးခန်း

ဇမ္ဗူထွန်းအထွေထွေရောဂါနှင့် သားဖွားမီးယပ်အထူးကုဆေးခန်း
ထွန်းပြည့်စုံသောက်ရေသန့်၊ စံဖရီးကျေးရွာအုပ်စု
စက်မှုဇုန်၊ ဘားအံမြို့
Ph:- 0968177779

ဆေးခန်းဖွင့်ချိန်
***************
နံနက် (၈)နာရီမှ ည (၈)နာရီထိ
(လပြည့်နေ့တိုင်း ဆေးခန်းပိတ်ပါသည်။)

30/11/2025

#ဇမ္ဗူထွန်းအထွေထွေရောဂါနှင့်သားဖွားမီးယပ်အထူးကုဆေးခန်း-

🔹 ကိုယ်ဝန်စောင့်ရှောက်ခြင်းနှင့် သားဖွားမီးယပ်ဆိုင်ရာ ရောဂါများကုသခြင်း

🔹 အထွေထွေရောဂါများကို ဆွေးနွေးတိုင်ပင်ကုသခြင်း

🔹 တိကျမှန်ကန်သော ဓါတ်ခွဲခန်းနှင့် ချိတ်ဆက်ကာ ရောဂါအဖြေရှာပေးခြင်း

🔹 အီးစီဂျီ (ECG) နှင့် အာထရာဆောင်း(Ultrasound) ဖြင့် စစ်ဆေးဆောင်ရွက်ခြင်းနှင့်

🔹 ဆေးရုံတက်ရောက်ကုသရန် လိုအပ်ပါကလည်း ချိတ်ဆက်ဆောင်ရွက်ပေးပါသည်။

✅ ၂၄ နာရီ အချိန်မရွေး လာရောက်ကုသစစ်ဆေးနိုင်ပါတယ်ရှင်။

 #ဇမ္ဗူထွန်းအထွေထွေရောဂါနှင့်သားဖွားမီးယပ်အထူးကုဆေးခန်း တွင် 🔹 ကိုယ်ဝန်စောင့်ရှောက်ခြင်းနှင့် သားဖွားမီးယပ်ဆိုင်ရာ ရောဂါ...
14/11/2025

#ဇမ္ဗူထွန်းအထွေထွေရောဂါနှင့်သားဖွားမီးယပ်အထူးကုဆေးခန်း တွင်

🔹 ကိုယ်ဝန်စောင့်ရှောက်ခြင်းနှင့် သားဖွားမီးယပ်ဆိုင်ရာ ရောဂါများအတွက်
ဆွေးနွေးတိုင်ပင်ကုသခြင်း ဆောင်ရွက်နိုင်ပါသည်။

🔹 အီးစီဂျီ (ECG)
🔹 အာထရာဆောင်း(Ultrasound) ဖြင့် စစ်ဆေးဆောင်ရွက်နိုင်ပါသည်။

🔹 တိကျမှန်ကန်သော ဓါတ်ခွဲခန်းနှင့် ချိတ်ဆက်ကာ ရောဂါအဖြေရှာပေးပါသည်။

🔹 ဆေးရုံတက်ရောက်ကုသရန် လိုအပ်ပါကလည်း ချိတ်ဆက်ဆောင်ရွက်ပေးပါသည်။

✅ ၂၄ နာရီ အချိန်မရွေး လာရောက်ကုသစစ်ဆေးနိုင်ပါသည်။

မိသားစုများ ကျန်းမာစစ်ဆေးမှုများအတွက် #ဇမ္ဗူထွန်းအထွေထွေရောဂါနှင့်သားဖွားမီးယပ်အထူးကုဆေးခန်း ကို လာခဲ့ပါ။

 #ဇမ္ဗူထွန်းအထွေထွေရောဂါနှင့်သားဖွားမီးယပ်အထူးကုဆေးခန်း ဇမ္ဗူထွန်းအထွေထွေရောဂါနှင့် သားဖွားမီးယပ်အထူးကုဆေးခန်းထွန်းပြည့်...
07/11/2025

#ဇမ္ဗူထွန်းအထွေထွေရောဂါနှင့်သားဖွားမီးယပ်အထူးကုဆေးခန်း

ဇမ္ဗူထွန်းအထွေထွေရောဂါနှင့် သားဖွားမီးယပ်အထူးကုဆေးခန်း
ထွန်းပြည့်စုံသောက်ရေသန့်၊ စံဖရီးကျေးရွာအုပ်စု
စက်မှုဇုန်၊ ဘားအံမြို့

Ph:- 0968177779

ဆေးခန်းဖွင့်ချိန်
***************

နံနက် (၈)နာရီမှ ည (၈)နာရီထိ

(လပြည့်နေ့တိုင်း ဆေးခန်းပိတ်ပါသည်။)

Address

Hpa-an
13021

Website

Alerts

Be the first to know and let us send you an email when Zabu-Tun Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram