ProHealth

ProHealth Teleconsultation service

 #ဆေးရုံချက်ချင်းခေါ်သွားသင့်သည့်သွေးလွန်တုပ်ကွေးလက္ခဏာများ (၁) အဖျားကျသွားပေမယ့် မှိန်းနေခြင်း၊(၂) အဆက်မပြတ်အန်ခြင်း၊(၃...
18/08/2025

#ဆေးရုံချက်ချင်းခေါ်သွားသင့်သည့်သွေးလွန်တုပ်ကွေးလက္ခဏာများ

(၁) အဖျားကျသွားပေမယ့် မှိန်းနေခြင်း၊
(၂) အဆက်မပြတ်အန်ခြင်း၊
(၃) ကော်ဖီရောင်အန်ခြင်း၊ ဝမ်းမည်းမည်းသွားခြင်း၊
(၄) နှာခေါင်းသွေးလျှံခြင်း၊ သွားဖုံးသွေးယိုခြင်း၊
(၅) အနီရောင်အကွက်များပေါ်လာခြင်း၊
(၆) ဂဏာမငြိမ်ဖြစ်ခြင်း၊ (သို့ ) အရမ်းမှိန်းလာခြင်း ၊
(၇) ရုတ်တရက်ဗိုက်အောင့်ခြင်း
(၈) ခြေဖျားလက်ဖျား အေးစက်နေခြင်း တို့ဖြစ်ပါတယ်။

ကလေးကျန်းမာရေးနဲ့ပတ်သက်ပြီး ဖတ်ရှုချင်ရင် comment မှာချပေးထားတဲ့ Link ကတဆင့်ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

23/07/2022

ဆေးခန်းရှေ့တည့်တည့်မှာ ဘုန်းကြီးကျောင်းရှိတော့ လာပြတဲ့ ဦးဇင်းတွေ၊ ဒုလ္လဘရဟန်းတွေ ၊ ဆရာလေးတွေ အကုန်လုံးကို အမြဲတမ်း အလကား ကုပေးဖြစ်သလို လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကိုလည်း ကိုယ်တတ်သလောက်ပညာလေးနဲ့ အ်ချိန်ရရင် ရသလာက်အားတဲ့အချိန်လေးတွေမှာ စောင့်ရှောက်ပေးဖြစ်တယ်။

ဟိုးတုန်းက
ဘွဲ့လွန်တွေ ဆက်တက်တယ်၊ သင်ယူတယ် ဆိုတာတွေဟာ ဂုဏ်ယူနိုင်ဖို့ ဆိုတဲ့ ဦးတည်ချက်ပဲ ရှိခဲ့တယ်။

နောက်ပိုင်းမှာတော့ သင်ယူတယ် ဆိုတာ
အသုံးချဖို့၊
မျှဝေဖို့၊
စတဲ့ အကြောင်းအရင်းတွေနဲ့သင်ယူ လာတယ်။ဘွဲ့လွန်တွေဆက်တက်ဖြစ်တယ် ကျောင်းတွေ တစ်ခု တစ်ခု တက်တယ်ဆိုတာတွေကလည်း ကိုယ့်ရဲ့ လုပ်နိုင်စွမ်းကို သာမန်ဆရာဝန်တစ်ယောက်ထက် ပိုပြီး လုပ်နိုင်ကိုင်နိုင် ကုသနိုင်အောင် မြှင့်တင်ချင်တဲ့ စိတ်တစ်ခုပဲဖြစ်လာတယ်။

"အစပိုင်းမှာ
လူတွေ သတ်မှတ် ထားတဲ့
အောင်မြင်မှုကို ရှာတယ်

နောက်ပိုင်း မှာတော့
ကိုယ့်ရင်ထဲက ယုံကြည်နေတဲ့
အောင်မြင်မှုကိုပဲ ရှာတော့တယ်

ဒါဆို ရင့်ကျက်လာပြီ။" ဆိုတဲ့ဆရာအောင်သင်းရေးသလို ကျွန်တော်လည်း ရင့်ကျက်လာပြီနဲ့တူပါရဲ့။

ယနေ့အတွက် အာဟာရအလှူ 🙏🏻🙏🏻🙏🏻ဇွဲမေတ္တာဆေးခန်းသစ္စဝါဒီလမ်း၊ အောင်ဆန်းဈေးအနီး၊အင်းစိန်
09/03/2022

ယနေ့အတွက် အာဟာရအလှူ 🙏🏻🙏🏻🙏🏻

ဇွဲမေတ္တာဆေးခန်း
သစ္စဝါဒီလမ်း၊ အောင်ဆန်းဈေးအနီး၊အင်းစိန်

၂၇.၂.၂၂🏥🏥🏥ဇွဲမေတ္တာ အထွေထွေနှင့် ကလေးအထူးကုဆေးခန်း စဖွင့်ပါပြီရှင်တင်္နလာမှစနေ (4:00pm-8:00pm)တနင်္ဂနွေနေ့တိုင်း ဆေးခန်း...
27/02/2022

၂၇.၂.၂၂

🏥🏥🏥ဇွဲမေတ္တာ အထွေထွေနှင့် ကလေးအထူးကုဆေးခန်း စဖွင့်ပါပြီရှင်
တင်္နလာမှစနေ (4:00pm-8:00pm)
တနင်္ဂနွေနေ့တိုင်း ဆေးခန်းပိတ်ပါသည်

(အင်းစိန်၊အောင်ဆန်းစျေးအနီး၊သစ္စဝါဒီလမ်း)

✅သွေးပေါင်အခမဲ့ချိန်ပေးပါသည်
✅COVID Test Kit စစ်ဆေးနိုင်ပါသည်
✅ဆီးချိုသွေးချို စစ်ဆေးနိုင်ပါသည်

ကျန်းမာရေးစောင့်ရှောက်မှုများအတွက်လိုအပ်ပါက လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်

24/09/2021

အဖျားနှင့် ပါရာစီတမော💊💊
➖➖➖➖➖➖➖➖

ကလေးတွေကိုယ်ပူတာ ကိုယ်ခန္ဓာတုံ့ပြန်မှုတစ် ခုဖြစ်လို့ ကိုယ်နည်းနည်းပူတိုင်း ပါရာစီတမောတိုက်စရာမလိုပါဘူး။ ဒါပေမဲ့ ကိုယ်ပူချိန်တအားတက်ပြီး ကလေး နုံးမယ် မှိန်းမယ် ဂျီကျမယ်ဆိုရင်တော့ ကိုယ်ပူချိန်ကျအောင် ပါရာစီတမောတိုက်နိုင်ပါတယ်။တချို့ ကလေးတွေဟာ ဖျားပေမဲ့ လန်းနေ ဆော့နေရင် ဆေးမလိုပါ။ ဖျားမှာစိုးလို့ ကြိုတိုက်တာမျိုး၊ ၄နာရီတိုင်း တိုက်နေတာမျိုး ရှောင်သင့်ပါတယ်။၅-၆ နာရီတစ်ခါလောက်ပဲတိုက်သင့်ပါတယ်။ ပါးစပ်ကတိုက်နိုင် သောက်နိုင် သားနဲ့ စအိုထဲ ထည့်တာမျိုးတော့လုံးဝရှောင်သင့်ပါတယ်။

ပါရာစီတမောကြောင့်အဖျားဟာလုံးဝအမြစ် ပြတ်သွားနိုင်တာမဟုတ်ဘဲ ကလေးယာယီသက်သာအောင်ပေးရတာသာဖြစ်တဲ့အတွက် သက်သာနေတဲ့ကလေးကို ဆေးတိုက်စရာမလိုပါဘူး။

ပါရာစီတမောလိုဆေးတွေတိုက်ရာမှာ သတိပြုသင့်တာ နောက်တစ်ခုက ဆေးရည်တွေရဲ့ပါရာစီတမောပါဝင်မှု အမျိုးအစားပါ။ ပါရာစီတမောတိုင်းကို ပုံသေမှတ်ပြီး ပမာဏ အတူတူ မသောက်သင့်ပါဘူး။ ညှစ်ပြီး အစက်ချတိုက်ရတဲ့ အမျိုးအစားကပါရာစီတမောပါဝင်မှု ပိုများလို့ နည်းနည်းပဲ တိုက်ရပါတယ်။ 1 ml မှာ 100mg ပါပါတယ်။ အခြားပုလင်းကြီးတွေ က 125/5 ml, 250/5ml စသည်ဖြင့် မျိုးစုံ လာပါတယ်။ 125 အားဆိုရင် 1 ml မှာ 25 mg ပါပြီး 250 အားဆိုရင် 1ml မှာ 50mg ပါပါတယ်။ ဒါ့ကြောင့် ပါရာစီတမောမြင်တိုင်း ရမ်းမတိုက်သင့်ပါဘူး။ ဆေးပုလင်းမှာရေးထားတဲ့ အသက်အလိုက် တိုက်တာလဲ မှားနိုင်ပါတယ်။

အမှန်ကန်ဆုံးကတော့ ကလေးရဲ့ ကိုယ်အလေးချိန်နဲ့ ချိန်ဆပြီး တိုက်တာပါ။ အောက်မှာ ကလေးရဲ့ ကိုယ်အလေးချိန်၊ ပါရာစီတမော အမျိုးအစားနဲ့
တိုက်သင့်တဲ့ ပမာဏ တွေ ပူးတွဲပြထားပါတယ်။

Ibuprofen လို့ လို့ခေါ်တဲ့ဆေးတစ်မျိုးကိုလည်းအဖျားကျဖို့သုံးပါတယ်။အထူးသဖြင့်နိုင်ငံခြားတွေမှာပိုသုံးပါတယ်။ မြန်မာပြည်မှာတော့ကျွန်တော်တို့သုံးရတာနည်းနည်း ကြောက်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သွေးလွန်တုတ်ကွေးမှာသုံးမိရင် အန္တရာယ်ရှိလို့ပါ။ဒါကြောင့် သွေးလွန်တုပ်ကွေးမဟုတ်မှန်းသေချာမှသုံးသင့်ပါတယ်။

ေးကျန်းမာသိကောင်းစရာ

05/09/2021

#ကလေးနှင့်ကာကွယ်ဆေး
------------------------------
ကျွန်တော့်ကို သားဦးလေးတွေမွေးထားတဲ့၊ အတွေ့အကြံမရှိသေးတဲ့ ကလေးမေမေတချို့က လာလာမေးကြတဲ့အကြောင်းတချို့ကို ကျွန်တော်ဖတ်ဖူးသမျှထဲက ပြန်လည်မျှဝေပေးပါရစေ။

✅တချို့ကမေးတယ်။ ကာကွယ်ဆေးကို စောထိုးလို့ရလားတဲ့။
- အကောင်းဆုံးကတော့ ထိုးရမယ့်အသက်အရွယ်ရောက်မှထိုးတာကောင်းပါတယ်။ မဖြစ်မနေဆိုရင်တော့ လေးရက်ခန့် စောထိုးလို့ရပါတယ်။ ဒါပေမယ့် ဒုတိယအကြိမ်၊ တတိယအကြိမ် ပြန်ထိုးရမယ့် ဆေးတွေဆိုရင်တော့ သူခြားရမယ့်ကာလခြားပြီးထိုးတာ အကောင်းဆုံးပါ။

✅နောက်တစ်ခုက ထိုးရမယ့်ရက်ကျော်သွားရင် ဘယ်လိုလုပ်ရမလဲ။ အစကပြန်ထိုးရမလားတဲ့။
- ရက်ကျော်သွားရင် အစကပြန်ထိုးစရာမလိုပါဘူး။ ရောက်တဲ့နေရာက ပြန်ဆက်ထိုးလိုက်ပါ။ (1,2) နောက်ပြီး ထိုးရမယ့် ရက်ကျော်သွားပြီး နောက်မှပြန်ထိုးရင်လည်း ကာကွယ်ဆေးကစွမ်းပါတယ်။ အကြိမ်ရေပြည့်အောင်ထိုးမယ်ဆိုရင် ကာကွယ်မှုကမလျော့ပါဘူး။ ထိုးရမယ့်ရက်မှာထိုးတာတော့အကာင်းဆုံးပါ။

✅ကာကွယ်ဆေးထိုးတဲ့နေရာက နီပြီရောင်နေလို့ ဘာလုပ်ရမလဲဆရာတဲ့။
- ထိုးပြီးပြီးချင်း အရမ်းရောင်နေလျှင် ရေခဲရေစွတ်ထားသောအဝတ်သန့်သန့်လေးနဲ့အုပ်ပေးပါ။ ကလေးအရေပြားက အေးလွန်းတဲ့ဒဏ်ကိုသိပ်မခံနိုင်တာကြောင့် ရေခံတုံးကိုတိုက်ရိုက်မကပ်ပါနဲ့။

✅တချို့ကမေးတယ် တည့်မတည့်ဘယ်လိုသိနိုင်မလဲတဲ့။ - မထိုးမချင်းတော့တည့်မတည့်ခန့်မှန်းလို့မရပါဘူး။ ဒါပေမယ့် မတည့်ဘူးဆိုတာက တော်တော်ရှားပါတယ်။ကျွန်တော်တော့ ခုထိမတွေ့ဖူးသေးပါ။ အကယ်၍ ထိုးပြီးတစ်ကိုယ်လုံး အင်ပြင်ထွက်ခြင်း၊ နှုတ်ခမ်းများရောင်လာပြီး အသက်ရှုခက်ခဲလာလျှင်မတည့်ခြင်းဖြစ်နိုင်သည်။ ဆရာဝန်နှင့်ဆွေးနွေးပါ။
( လိုအပ်သည်များရှိပါက ခွင့်လွှတ်ပါ) 🙏🏻

Dr-Zwe Nyi Nyi Thu

Pandemic ကာလအတွင်း စိတ်ကျန်းမာရေးကို ဘယ်လိုထိန်းသိမ်းကြမလဲMy-Medicine2021-07-15 17:00:00Pandemic ကာလအတွင်း စိတ်ကျန်းမာရေ...
03/09/2021

Pandemic ကာလအတွင်း စိတ်ကျန်းမာရေးကို ဘယ်လိုထိန်းသိမ်းကြမလဲ
My-Medicine
2021-07-15 17:00:00
Pandemic ကာလအတွင်း စိတ်ကျန်းမာရေးကို ဘယ်လိုထိန်းသိမ်းကြမလဲ

COVID-19 ကာလဟာ အရမ်းကို စိတ်ဖိစီးရတဲ့ အချိန်တစ်ခုဖြစ်ပါတယ်။ ကျွန်ုပ်၏တို့ရဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေကို ကိုဗစ်ကြောင့် ဆုံးရှုံးနေရတဲ့အပြင် ဘာတွေဖြစ်လာဦးမလဲဆိုတဲ့ စိုးရိမ်ကြောင့်ကြမှုတွေနှင့် ရင်ဆိုင်နေရတဲ့ ကာလတစ်ခုလည်းဖြစ် ပါတယ်။

ဗိုင်းရပ်စ်ကူးစက်ခံရမည်ကို စိုးရိမ်နေရသည့်အပြင် ကိုဗစ်ကြောင့် စီးပွားရေးမတည်ငြိမ်မှုများကိုလည်း ခံစားနေရပါတယ်။ အလုပ်လက်မဲ့ဖြစ်မှာ စိုးရိမ်မှုများ၊ အသေးစားစီးပွားရေးလုပ်ငန်းများအတွက် အလုပ်အကိုင်အခွင့်အလမ်းများနှင့် ၀င်ငွေဆုံးရှုံးမှုများက စိတ်ဖိစီးမှုများကို မြင့်တက်စေပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများကို နေ့စဉ်ပုံမှန်ခံစားနေရပါတယ်။

ဒါကြောင့် ယခုဆောင်းပါးမှာ သင့်ရဲ့ စိတ်ခံစားမှုများနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အထောက်အကူပြုပေးနိုင်တဲ့ နည်းလမ်းများကို ဖော်ပြပေးထားပါတယ်။

1. ဆေးဝါးများကို စနစ်တကျကိုင်တွယ်ပါ။
သင့်ရဲ့ စိတ်ကျန်းမာရေးအတွက် ညွှန်းကြားထားတဲ့ ဆေးများကို သောက်နေရတယ်ဆိုလျှင် မရပ်လိုက်ဘဲ ဆက်သောက်ပါ။ အကယ်၍ အလုပ်အကိုင်ဆုံးရှုံးမှု၊ အာမခံဆုံးရှုံးမှုနှင့် အခြားပြဿနာများကြောင့် ဆေးဝယ်ဖို့ မတတ်နိုင်ခဲ့လျှင် အကူအညီတောင်းခံနိုင်တဲ့နေရာများရှိပါတယ်။

2. အချိန်ဇယားတစ်ခု တည်ဆောက်ပါ။
အချိန်ဇယားတစ်ခုဆွဲပြီး နေ့တိုင်းလိုက်နာနိုင်အောင် ကြိုးစားပါ။ ပုံမှန်လုပ်ရိုးလုပ်စဉ်လုပ်ငန်းများအတိုင်း လိုက်နာခြင်းက သင့်ခန္ဓာကိုယ်နှင့် စိတ်ကျန်းမာရေးကို ထိန်းသိမ်းရာမှာ အရေးကြီးတဲ့ အချက်တစ်ခုဖြစ်ပါတယ်။

3. ကျန်းမာအောင် စားသောက်ပါ။
အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များလို လတ်ဆတ်ကျန်းမာတဲ့ အစားအသောက်များက သင့်ခန္ဓာကိုယ်နှင့် စိတ်ကျန်းမာရေးကို ထိန်းသိမ်းရာမှာ အထောက်အကူပြုပေးပါတယ်။ အသုံးမဝင်တဲ့ ကယ်လိုရီတွေသာပေးတဲ့ အဆီနှင့် သကြားဓာတ်ပါဝင်မှု မြင့်မားတဲ့ အစာများကို ရှောင်ကြဉ်ပါ။

4. လေ့ကျင့်ခန်းလုပ်ပါ။
လတ်ဆတ်တဲ့လေကို ရှူရှိုက်ရင်း လေ့ကျင့်ခန်းလုပ်ပါ။ ယခုကာလမှာ gym သွားလို့ မဖြစ်နိုင်ပေမယ့် စိတ်ဓာတ်မြှင့်တင်ပေးနိုင်တဲ့ လေ့ကျင့်ခန်းများသင်ကြားပေးတဲ့ online class များစွာရှိပါတယ်။

ယောဂကျင့်ခြင်းကလည်း ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်ဆိုင်ရာ ကျန်းမာရေးအတွက်ပါ အထောက်အကူပြုပေးနိုင်သလို အပြင်ထွက်ပြီး လမ်းလျှောက်တာမျိုးလည်း လုပ်လို့ရပါတယ်။ အပြင်ထွက်တဲ့အခါများတဲ့ social distance စည်းမျဉ်းကို လိုက်နာပြီး maskတပ်သွားဖို့ သတိပြုပါ။

5. စိတ်ဓာတ် မြှင့်တင်ပေးနိုင်မယ့် playlist တစ်ခု လုပ်ထားပါ။

Source : academly.io
သင့်အကြိုက်ဆုံး သီချင်းများဖြင့် playlist တစ်ခု တည်ဆောက်ထားခြင်းက စိတ်ခံစားမှုများကို မြှင့်တင်ပေးနိုင်ပြီး စိုးရိမ်ကြောင့်ကြမှုများကိုလည်း ပြေလျော့စေပါတယ်။

6. အဆက်အသွယ် မပြတ်ပါစေနှင့်။

Source: expressionscounselling
မိသားစု၊ သူငယ်ချင်းမိတ်ဆွေများနှင့် ဆက်သွယ်လို့ရမယ့် နည်းလမ်းအသစ်များကို ရှာဖွေပါ။ ကိုဗစ်ကာလမှာ အစိုးရိမ်ရဆုံးက အိမ်ထဲမှာပဲ နေရတာကြောင့် အထီးကျန်နေပြီး အပြင်လောကနှင့် အဆက်အသွယ်ပြတ်နေခြင်းပဲ ဖြစ်ပါတယ်။ ဖုန်းခေါ်၍ဖြစ်စေ၊ social media မှတစ်ဆင့်ဖြစ်စေ မိတ်ဆွေများနှင့် ဆက်သွယ်ခြင်းက အထီးကျန်မှုကို သက်သာစေမှာပါ။

7. စိတ်ဝိညာဉ်ရဲ့ ကျန်းမာရေးကို ဂရုစိုက်ပါ။

Source : michiganacupuncturestudio
သင့်စိတ်ဝိညာဉ်ရဲ့ ကျန်းမာရေးကိုလည်း လျစ်လျူရှုမထားသင့်ဘဲ တရားထိုင်ခြင်း၊ ယုံကြည်မှုနှင့် ဆုတောင်းပေးခြင်းတို့က ယခုလိုအချိန်တွေမှာ သင့်စိတ်ကျန်းမာရေးအတွက် အထောက်အကူပြုပေးနိုင်ပါတယ်။

ယခုလိုအချိန်မှာ ပြောင်းလဲလို့မရနိုင်တာတွေကို ဂရုမစိုက်သင့်ဘဲ သင်ထိန်းချုပ်ပြောင်းလဲလို့ ရတာတွေအပေါ်မှာသာ အာရုံနှစ်ထားသင့်ပါတယ်။ အကူအညီလိုအပ်လာတဲ့ အခါမျိုးမှာလည်း virtual therapy ဖြစ်စေ၊ hotline မှဖြစ်စေ အကူအညီယူဖို့ လုံးဝမတွန့်ဆုတ်ပါနှင့်။ မိတ်ဆွေသူငယ်ချင်းများနှင့်အတူ အဆက်အသွယ်မပြတ်နေရင်း ပိုပြီးကောင်းမွန်တဲ့ အချိန်ကာလတွေ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။
Reference: healthline

From expert interviews, real talks, to global buzz, Academly covers the most disparate topics related to health and wellness. Our team of experts and writers awaits you, with hands on guidance to sustain a happy and healthy lifestyle. Explore our virtual world of articles, podcasts, videos, and more...

03/09/2021

⭕️Covid 19 မှာဘာကြောင့်အနံ့ပျောက်သလဲ။ ⁉️⁉️

အားလုံးပဲ မင်္ဂလာပါ ။
ဒီနေ့ကျွန်တော် အနံ့ပျောက်တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး information လေးပေးပါရစေ။

✅ပထမဆုံးအနံ့ဘာကြောင့်ရသလဲ။
လူတစ် ဦး ၏အနံ့ဟာ အချို့သောဖြစ်စဉ်များကြောင့်ဖြစ်ပေါ်လာတယ်။ ဦးစွာ ပြောရရင် အမှုန်မှထွက်သောမော်လီကျူး တွေဟာ ( ဥပမာ-ပန်းပွင့်မှရနံ့ Fragrance from a flower ) ရှုသွင်းလိုက်တဲ့အခါ nasal cavity မှာ ရှိတဲ့ အထူးအာရုံကြောဆဲလ်များ( olfactory cells ) ကိုလှုံ့ဆော်ပေးတယ်။ အဲဒီအာရုံကြောဆဲလ်တွေကသတင်းအချက်အလက်ကို ဦးနှောက်ဆီကိုပို့ပေးတယ်။Brain က ခွဲခြမ်းစိတ်ဖြာပြီး ဘယ်အရာကတော့ ဘာနံ့စသဖြင့် မှတ်ထားပေးတယ်။ နှာခေါင်းပိတ်ဆို့ခြင်း( nasal congestion , nasal blockage) ၊ အာရုံကြောဆဲလ်များပျက်စီးခြင်း ( Damage to the nerve cells ) ၊ Certain medications ( antibiotics , antidepressant) စတဲ့ ဤဖြစ်စဉ်များကိုဝင်ရောက်စွက်ဖက်သည့်မည်သည့်အရာမဆိုအနံ့ပျောက်စေနိုင်ပါတယ်။

✅Covid 19 မှာ ဘာကြောင့် အနံ့ပျောက်ရသလဲဆိုရင် SARS-CoV-2 virus infects the sensory neurons and then causes persistent epithelial and olfactory nervous system inflammation. Furthermore, in some patients with persistent clinical signs, anosmia is associated with prolonged epithelial and olfactory nervous system inflammation and lasting presence of the virus in the olfactory epithelium တဲ့။ အလွယ်ပြောရရင် အနံ့ခံစနစ်ကိုရောင်ရမ်းပြီး ပျက်စီးစေတဲ့အတွက် အနံ့ပျောက်ရခြင်းဖြစ်ပါတယ်။

ခုကျွန်တော်သတိထားမိတာကတော့ ‼️အနံ့ပျောက်သွားတဲ့ လူနာတွေဟာ ပရုတ်ဆီတွေ တခြားအနံ့ပြင်းတဲ့ အရာတွေကို ရှုခိုင်းတာတို့ လုပ်ကြတယ် ။ နောက်ပြီး ထုံး နဲ့ လျက်ဆား ရောရှူလိုက်ရင် ပွင့်သွားမယ် တို့ ဘာတို့ ရေးနေကြတာပါတွေ့မိလို့ စိုးရိမ်လို့ပါ။ ❌❌

Covid လူနာ အနံ့ပျောက်တာဟာ ခုနကျွန်ဆေယ်ပြောခဲ့သလို အနံ့ခံ တဲ့ အာရုံကြော ရောင်ယမ်းနေလို့ပါ .. ဒါကြောင့် အချိန် တစ်ခုရောက်ရင် အနံ့က သူ့အလိုလို ပြန်ရလာပါလိမ့်မယ် ။

ပရုတ်ဆီတို့၊ ထုံး တို့ဆိုတာဟာ အပြင်းစား chemical ဖြစ်တဲ့အတွက် ပြင်းပြင်းရှူရှိူက်လိုက်ရင် နှာခေါင်းထဲမှာ ရှိတဲ့ mucosa တွေ membrane အမြှေးပါးတွေ ထိခိုက်ပွန်းပဲ့ ပြီး နှာခေါင်းသွေးလျှံခြင်း , burn ဖြစ်ခြင်း တို့ ဖြစ်နိုင်ပါတယ်။ အဆုတ်ကိုလဲ ထိခိုက်စေနိုင်သလို သူတို့ကြောင့်လည်းအနံ့ပျောက်တာမျိုးဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်

စိတ်ကိုတည်ငြိမ်စွာထားပါ။ အားရှိအောင် စားပါ ။ အားဆေးသောက်ပါ။ အိပ်ရေး ဝအောင် အိပ်ပါ။ အရက်တွေပဲစွတ်သောက်မနေပါနဲ့ 😁

အချိန်တန်ရင် အနံ့ ပြန်ရလာပါလိမ့်မယ် ။
ကျေးဇးတင်ပါတယ်ခင်ဗျာ။

‼️🛑Pulse Oximeter (SpO2) 🛑‼️လို့ခေါ်တဲ့ လက်ချောင်းတွေမှာ အောက်စီဂျင်တိုင်းတာနဲ့ ပတ်သက်လို့ information လေးရှယ်ပါရစေခင်ဗျ...
03/09/2021

‼️🛑Pulse Oximeter (SpO2) 🛑‼️လို့ခေါ်တဲ့ လက်ချောင်းတွေမှာ အောက်စီဂျင်တိုင်းတာနဲ့ ပတ်သက်လို့ information လေးရှယ်ပါရစေခင်ဗျာ။ ( Non- medical person တွေအတွက်ပါ)

🅰️သူဟာ လက်တချောင်းနဲ့တချောင်း တိုင်းတဲ့အခါ အဖြေမတူကြဘူးလို့ အမေးများပါတယ်။

ဟုတ်ပါတယ်ခင်ဗျ။ Oximeter တွေဟာ တိုင်းတဲ့အခါ တော်တော်များများက လက်တစ်ချောင်းနဲ့ တစ်ချောင်းအဖြေ အနည်းငယ်ကွာတတ်ပါတယ်။
နောက်ပြီး တိုင်းတဲ့အခါ
- အချိန် ၁ မိနစ်အပြည့်တိုင်းပြီး အမြင့်ဆုံး ဂဏန်းကိုယူရပါမယ်။
- ညာဘက်လက်ခလယ်မှာ တိုင်းတဲ့အဖြေကတော့ အနီးစပ်ဆုံးမှန်ပါတယ်လို့ဆိုပါတယ်။
- တိုင်းတဲ့အချိန် ခြေတွေလက်တွေအေးနေရင်လည်းမှားတတ်ပါတယ်။ နွေးအောင်လုပ်ပြီးမှတိုင်းရပါမယ်။

- တိုင်းနေတုန်း လက်ကိုလှုပ်ရမ်းမနေပဲ ငြိမ်ငြိမ်ထားရပါမယ်။
- တိုင်းတဲ့လက်မှာ လက်သည်းနီဆိုးထားရင်လည်း မှားတတ်ပါတယ်။
- နောက်ပြီး ဝတဲ့သူတွေမှာ အနည်းငယ်ကျတတ်ပါတယ်။ Oxygen level decrease as BMI increases ပါ။
- နောက်ဆုံးကတော့ စက်ဓါတ်ခဲအားမရှိရင်လဲ မမှန်ပါဘူးနော်။

🅱️နောက်ထပ်တစ်ခုကတော့ သူ့မှာ normal range ဆိုတာရှိပါတယ် ။ SPO2 95 to 100 % အတွင်းမှာ ရှိနေရင် စိုးရိမ်စရာမရှိပါဘူး။ ဒါကြောင့် ခုတိုင်းတယ် 95 တော်ကြာ 97 တော်ကြာ ဘယ်လောက်ဆိုပြီး စိတ်မပူကြပါနဲ့ ။ Normal Range အတွင်း ဝင်နေရင်ရပါပြီ။

ကျန်းမာချမ်းသာကြပါစေခင်ဗျာ။ 🙏🙏🙏

02/09/2021

Address

သစ္စဝါဒီ
Insein

Telephone

+959422519760

Website

Alerts

Be the first to know and let us send you an email when ProHealth posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ProHealth:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram