Soe Myittar Mobile and Pharmacy

Soe Myittar Mobile and Pharmacy Mobile & Pharmacys Store
(Maharbandula Road , Kadonkani)
�0949762378,09450345066

 #နာကျင်မှု့မှတဆင့် ညွှန်ပြနေသော ရောဂါလက္ခဏာများ🔔🔔ဘယ်ဘက် လက်မောင်းနာတာ နှလုံးမှာ ပြသနာရှိနေလို့လား။လူ့ခန္ဓာကိုယ်ဟာ မော်တ...
16/09/2025

#နာကျင်မှု့မှတဆင့် ညွှန်ပြနေသော ရောဂါလက္ခဏာများ🔔🔔

ဘယ်ဘက် လက်မောင်းနာတာ နှလုံးမှာ ပြသနာရှိနေလို့လား။

လူ့ခန္ဓာကိုယ်ဟာ မော်တော်ကားနဲ့ တူပါတယ်။
ကားတစီးမှာ စက်တခုခု ချို့ယွင်းလာရင်
ဒတ်ရှ်ဘုတ်မှာ မီးရောင်စုံလေးတွေ လင်းလာပြီး သတိပေးသလို
ခန္ဓာကိုယ်မှာ တခုခုပြသနာတက်ရင်လည်း
သတိပေးတတ်တဲ့ လက္ခဏာတွေ ရှိပါတယ်။

ဒီသတိပေးချက်တွေကို နားလည်ထားရင်
ဘယ်နားမှာနာတာက ဘယ်အင်္ဂါအစိတ်အပိုင်းကို
ညွှန်ပြနေလဲဆိုတာ ကောင်းကောင်းသဘောပေါက်ပါလိမ့်မယ်။

#ကျောက်ကပ်မှာပြသနာရှိနေရင် ခါးနာတတ်ပါတယ်။
ကျောက်ကပ်နှစ်လုံးက တင်ပါးအပေါ် ခါးတဝိုက်မှာ
ဘယ်တလုံး ညာတလုံးရှိတာမို့ ကျောက်ကပ်မှာ
ပြသနာရှိနေရင် ခါးနာတာကနေတဆင့်
သိရှိနိုင်ပါတယ်။

#နှလုံးနဲ့ပတ်သက်တဲ့ ပြသနာတွေကိုတော့
ဘယ်ဘက်လက်မောင်းအတွင်းဘက် နာတာ၊
ရင်ဘတ်အောင်တာတွေကနေတဆင့် သိနိုင်ပါတယ်။

#လည်ပင်းနဲ့ပုခုံးတဝိုက်နာကျင်တာ က အဆုပ်နဲ့
ဝမ်းဗိုက်အတွင်းမှာရှိတဲ့ ကြွက်သားပြားမှာ ပြသနာရှိတာကို
ပြသနေတဲ့ လက္ခဏာတခုပါ။

#ဘယ်ဘက်ပုခုံးထိပ်နာကျင်တာက သရက်ရွက်မှာ
ပြသနာရှိနေပြီးလို့ သတိပေးနေတာပါ။

#ရင်ပူတာရင်ဝတဝိုက်နာကျင်နေပြီဆိုရင်
အစာအိမ်မှာ တခုခုဖြစ်နေပါပြီ။
အစာအိမ်နာတဲ့ဝေဒနာက ကျောဘက်မှာလည်း
ခံစားရနိုင်တာကို သတိထားရပါမယ်။

#ဝမ်းဗိုက်ညာဘက်နံရိုးတွေအဆုံးမှာနတာက
အသည်းက ပြသနာတွေကို သတိပေးနေတာပါ။
ဝမ်းဗိုက်ညာဘက်အပြင် ကျောညာဘက်ခြမ်းမှာလည်း
နာတတ်သေးလို့ မပေါ့ဆသင့်ပါဘူး။

#အူအတက်ရောင်တဲ့ဝေဒနာက ဝမ်းဗိုက်ညာဘက်အောက်ပိုင်းမှာ
အထိမခံနိုင်အောင် နာတာမျိုးဖြစ်တတ်လို့ အဲလိုနာနေရင်
အမြန်ဆုံး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။

#‌ခြေထောက်တဘက်တည်းနာတယ်
#တံခေါက်ခွက်ထဲကနာတယ်ဆိုတာက ခြေထောက်မှာ
ပြသနာရှိနေတာမဟုတ်ပဲ ခါးမှာ တခုခုဖြစ်နေတာမျိုးပေါ့။
ခါးဆစ်ရိုးတွေကြီးလာလို့ အာရုံကြောမကြီးကို ဖိမိရင်
ဖြစ်တတ်တဲ့ ပြသနာပေါ့။


မေတ္တာဖြင့်ပြန်လည်မျှဝေသည်။😊

ကျန်းမာရေးဗဟုသုတများကို ပုံမှန်တင်ပေးနေတာမို့
Pageထဲကိုဝင်ရောက်လေ့လာဖို့ ဖိတ်ခေါ်ပါရစေ🙏🏻

&shareများလုပ်ပေးခြင်းဖြင့် ကူညီနိုင်ပါသည်။😊

🚫 ပြင်းထန်တဲ့ အပူရှပ်ခြင်း (Heatstroke) 🚫 #နေပူထဲကပြန်လာပြီး_သတိလစ်သွားတယ် #အာတွေလျာတွေ_လေးလာတယ် #ကိုယ်တွေအရမ်းပူတယ် #သွ...
09/04/2024

🚫 ပြင်းထန်တဲ့ အပူရှပ်ခြင်း (Heatstroke) 🚫

#နေပူထဲကပြန်လာပြီး_သတိလစ်သွားတယ်
#အာတွေလျာတွေ_လေးလာတယ်
#ကိုယ်တွေအရမ်းပူတယ်
#သွေးပေါင်လည်း_အရမ်းတက်နေတယ်
#အပူရှပ်တယ်_ဆိုတာ

ပြင်းထန်တဲ့ အပူရှပ်ခြင်း (Heatstroke) ဆိုတာ ဘာလဲ

အပူရှပ်တယ်ဆိုတာ ပူလွန်းတဲ့ ပါတ်ဝန်းကျင်မှာ ကြာရှည် ထိတွေ့လိုက်မိလို့ ကိုယ်ခန္ဓာ အပူချိန်ပါ အလွန်အကျွံ လိုက်တက်လာတဲ့ အခြေအနေကို ဆိုလိုပါတယ်။

ကိုယ်အပူချိန် ၁၀၄ ဒီဂရီ ဖာရင်ဟိုက် (၄၀ ဒီဂရီ စင်တီဂရိတ်) အထိ တက်ရင်တော့ Heatstroke ခေါ်တဲ့ အပူရှပ်တာ ဖြစ်ပါပြီ။

အပူရှပ်တာ အသက်အန္တရာယ်ရှိတာမို့ အရေးပေါ် ကုသမှု ပေးဖို့လိုပါတယ်။

အရေးပေါ် ကုသမှု မပေးနိုင်ရင်တော့ ဦးနှောက်၊ နှလုံး၊ ကျောက်ကပ် နဲ့ ကြွက်သား တွေကို လျှင်လျှင် မြန်မြန် ရောင်ရမ်း ပျက်စီး စေပါလိမ့်မယ်။

ထိရောက်တဲ့ ကုသမှု ယူဖို့ ကြာလေလေ ထိခိုက်ပျက်စီးတာ ဆိုးလေလေပါပဲ။ သေဆုံးခြင်း အပါအဝင် ပြင်းထန်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ကြုံနိုင်ခြေ များလာပါတယ်။
x x x x x x x

အပူရှပ် တာရဲ့ လက္ခဏာတွေက ဘာတွေလဲ

အဓိက ကေတာ့
ကိုယ်အပူချိန် ၁၀၄ ဒီဂရီ ဖာရင်ဟိုက် (၄၀ ဒီဂရီ စင်တီဂရိတ်) အထိ တက်တာပါပဲ။

နောက်ထပ် လက္ခဏာတွေ ကတော့
စိတ်မူမမှန်ရင် (စိတ်နောက်ခြင်း၊ ကနာမငြိမ်ခြင်း၊ စကားသံလေးလာခြင်း၊ ဂျီကျခြင်း၊ စိတ်ကရောင်ကတမ်းဖြစ်ခြင်း၊ တက်ခြင်း၊ သတိလစ်မေ့မြောခြင်း)
ပျို့ တာ၊ အန်တာ ဖြစ်ရင်
အရေပြား ရှိန်းတိန်းဖိန်းတိန်း ဖြစ်ရင်
အသက်ရှူ နှုန်း သိသိသာသာ မြန်လာရင်
နှလုံးခုန်နှုန်း သိသိသာသာ မြန်လာလို့ ရင်တုန်သလို ခံစားလာရရင်
ခေါင်းထိုးပြီး ကိုက်လာရင် အပူရှပ်တာ ဖြစ်နိုင်ပါတယ်။

အပူရှပ်တာရဲ့ အကြောင်းရင်းခံက ဘာလဲ

ပူပြင်းတဲ့ အခြေအနေမှာ
ပြင်းထန်တဲ့ အလုပ်၊ လေ့ကျင့်ခန်းတွေ လုပ်ဆောင်တာ၊
အရက်သောက်တာ
ရာသီနဲ့ မလိုက်ဖက်တဲ့ အဝတ်အစားတွေ ဝတ်တာ
ရေ လုံလောက်အောင် မသောက်တာ တွေက အပူရှပ်တာ ဖြစ်စေတဲ့ အကြောင်းရင်းခံတွေ ဖြစ်ပါတယ်။

အပူရှပ်တဲ့သူကို ဘယ်လို ရှေးဦးပြုစုပေးရမလဲ

အပူရှပ်တာ အရေးပေါ် အခြေအနေ ဖြစ်ပါတယ်။ ဆိုလိုတာ "အချိန်မှီ" "စနစ်တကျ" မကုသရင် သေနိုင်ပါတယ်။

အဲ့ဒီတော့ ကုသမှု မရခင် စပ်ကြား ရှေးဦးပြုစုပေးနိုင်ဖို့ အရေးကြီးပါတယ်။

(၁) လူနာကို အေးပြီး အရိပ်ရတဲ့ တနေရာရာကို ရွေ့ပါ
(၂) ခြေထောက်ကို အနည်းငယ် မြှင့်ပေးပြီး လဲလျောင်းတဲ့ အနေအထားမှာ ထားပေးပါ
(၃) ရေအေးစိမ်၊ ရေဖျန်း၊ ရေခဲဝတ် တိုက်ပေး၊ ကပ်ပေးတာ တွေ လုပ်ပေးပါ၊ အထူးသဖြင့် လည်ပင်း၊ ချိုင်းကြား နဲ့ ပေါင်ခြံ လို နေရာတွေ မှာ ကပ်ပေး တိုက်ပေးပါ။
(၄) အဲကွန်းခန်းထဲ ရွေ့တာ၊ ပန်ကာ နဲ့ မှုတ်ပေးတာလည်း လုပ်ပေးနိုင်ပါတယ်
(၅) ပါးစပ်ကဝင်မယ် သတိလစ်မနေဘူး ဆိုရင် ရေအေးလေး တိုက်ပေးနိုင်ပါတယ်
(၆) ဒါတွေ လုပ်လို့မှ လူနာ အခြေအနေ မကောင်းဘူး (ကိုယ်ပူမကျ၊ သတိလစ်၊ တက်တာ တွေ ဖြစ်လာမယ်) ဆိုရင်တော့ အရေးပေါ်ကုသမှု ဋ္ဌာနရှိတဲ့ ဆေးရုံကို နောက်မကျစေဘဲ အမြန်ဆုံးသွားဖို့သာ တိုက်တွန်း လိုက်ပါတယ်။


#မေတ္တာဖြင့်ပြန်လည်မျှဝေသည်။😊

ကျန်းမာရေးဗဟုသုတများကို ပုံမှန်တင်ပေးနေတာမို့
Pageထဲကိုဝင်ရောက်လေ့လာဖို့ ဖိတ်ခေါ်ပါရစေ🙏🏻

&shareများလုပ်ပေးခြင်းဖြင့် ကူညီနိုင်ပါသည်။😊

Soe Myittar Mobile and Pharmacy

စိုးမေတ္တာ

(ဆေးမျိုးစုံနှင့်မိုဘိုင်း၊နာရီ၊မျက်မှန်၊လျှပ်စစ် စတိုး)

#ကဒုံကနိ

🇨🇭 #အယ်နီညို တော့လာနေပြီ ၊ အဆင်ပြေစွာ ကျော်ဖြတ်နိုင်ပါစေ... အယ်နီညို ဖြစ်စဉ်၏ ရိုက်ခတ်မှုကြောင့် လာမည့် ၁၀ ရက်အတွင်း ကမ္...
09/04/2024

🇨🇭 #အယ်နီညို တော့လာနေပြီ ၊ အဆင်ပြေစွာ ကျော်ဖြတ်နိုင်ပါစေ...

အယ်နီညို ဖြစ်စဉ်၏ ရိုက်ခတ်မှုကြောင့် လာမည့် ၁၀ ရက်အတွင်း ကမ္ဘာတစ်ဝှမ်း နေရာအများအပြားတွင် အပူလှိုင်းများ ဖြစ်ပေါ်လာမည်ဟု မိုးလေဝသ ပညာရှင်များက ထုတ်ပြန်ထားသည် ။

အရှေ့တောင် အာရှနိုင်ငံများသည် အပြင်းထန်ဆုံးသော ဒေသများဖြစ်သည့် စင်ကာပူ ၊ မလေးရှား ၊ အင်ဒိုနီးရှား ၊ ထိုင်းတို့တွင် အပူချိန် ၄၀ မှ ၄၅ ဒီဂရီစင်တီဂရိတ် အထိ မြင့်မားသော အပူလှိုင်းများကို နိုင်ငံများက ကောင်းမွန်စွာကိုင်တွယ်ဖြေရှင်းရန် ..
ပထမအချက်မှာ လျှပ်စစ်ဓာတ်အားရရှိရေးဖြစ်သည် ။ မြန်မာနိုင်ငံ အတွက် စိုးရိမ်စရာအကောင်းဆုံးက အပူချိန်နဲ့ အပူလှိုင်းတွေအောက်မှာ လျှပ်စစ်မီး မရှိခြင်းဖြစ်သည် ။

💥 ဒါဆို ဘာလုပ်သင့်လဲ.?
အပူချိန် ၃၈ ဒီဂရီရောက်ရင် ရေနွေးကို တတ်နိုင်သမျှ သောက်သုံးသင့်တယ်
လို့ စင်ကာပူ တရုတ်လူမျိုး ဒေါက်တာ Chen က သတိပေးထားပါတယ် ။

အပူချိန်မြင့်လွန်းခြင်းကြောင့် သွေးကြောတွေ ပေါက်ကွဲတာ ၊ လေဖြတ်တာ ၊ သေဆုံးတာတွေ
ဖြစ်တတ်တယ်လို့ ဆရာဝန်က ပြောပါတယ် ။

💥 အပူချိန်မြင့်နေချိန်

-ရုတ်တရက် နောက်ပြန်လှည့်တာမျိုး

-ရေခဲရေ သောက်သုံးခြင်းမျိုး

-လေအေးပေးစက်ကို တိုက်ရိုက်မှုတ်ခြင်းမျိုး

-ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း မလုပ်ပါနဲ့

-ထိုင်ရာမှ ရုတ်တရက် အရမ်းကြီး မထပါနဲ့

အထူးသဖြင့် သက်လတ်ပိုင်းနှင့် သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါရှိသူများ အထူးသတိထားသင့်သည် ။

💥 အပူချိန် မြင့်မားသော ရာသီဥတုတွင်

-ရေဓာတ် အချိန်မီပြန်လည်ဖြည့်တင်းခြင်း

-ရေဓာတ်ဆုံးရှုံးသွားသည့် အတိုင်း ပြန်လည်ဖြည့်တင်းခြင်း

-ချွေးအလွန်အကျွံထွက်ခြင်းကြောင့် ဓာတ်ဆားမှုန့် ၊ စပျစ်သီးမှုန့် စသည်တို့ကို စနစ်တကျ ဖြည့်တင်းပေးခြင်း

-အသီးအရွက်နှင့် သစ်သီးဝလံများကို များများစားပြီး လေးလံထိုင်းမှိုင်းစေသော အစားအစာများ လျှော့စားပါ။

အပူချိန် မြင့်မားခြင်းကြောင့် စိတ်တိုလေလေ
စိတ်မသက်မသာ ဖြစ်လေလေပါပဲ ။ မိသားစုနဲ့ ကိုယ့်ကိုကိုယ် ကာကွယ်ပါ ။ ( ဒီပူပြင်းလှတဲ့အပူရှိန်နှင့် လျှပ်စစ်မီး မရှိသောကြောင့် အပူချိန်များ မြင့်နေသဖြင့် လူတိုင်းသတိ ထားသင့်ပါသည် ။ )
အချို့နေရာတွင် အပူချိန်ပြောင်းလဲကာ အပူချိန်
ကျဆင်းသွားစေရန်အတွက် မိုးအနည်းငယ် ရွာနိုင်မည်ဖြစ်ပါသည် ။

အားလုံးအစစအရာရာအဆင်ပြေကြပါစေ..💟

Credit Original Uploader

ကျန်းမာ ပျော်ရွှင်ကြပါစေ •♥


#မေတ္တာဖြင့်ပြန်လည်မျှဝေသည်။😊

ကျန်းမာရေးဗဟုသုတများကို ပုံမှန်တင်ပေးနေတာမို့
Pageထဲကိုဝင်ရောက်လေ့လာဖို့ ဖိတ်ခေါ်ပါရစေ🙏🏻

&shareများလုပ်ပေးခြင်းဖြင့် ကူညီနိုင်ပါသည်။😊

Soe Myittar Mobile and Pharmacy

စိုးမေတ္တာ

(ဆေးမျိုးစုံနှင့်မိုဘိုင်း၊နာရီ၊မျက်မှန်၊လျှပ်စစ် စတိုး)

#ကဒုံကနိ

‼️အစာအိမ်ရောင်၊ အစာအိမ်နာခြင်း‼️အစာအိမ်ရောင်ပြီး ဗိုက်အောင့်တာ ဗိုက်နာတာဟာ လူတိုင်းနီးပါးဖြစ်ဖူးကြပါတယ်။✅အစာအိမ်ရောင်ခြင...
14/03/2024

‼️အစာအိမ်ရောင်၊ အစာအိမ်နာခြင်း‼️
အစာအိမ်ရောင်ပြီး ဗိုက်အောင့်တာ ဗိုက်နာတာဟာ လူတိုင်းနီးပါးဖြစ်ဖူးကြပါတယ်။

✅အစာအိမ်ရောင်ခြင်း ၂ မျိုး ရှိပါတယ်။
☑️Acute Gastritis ( အစာအိမ်ရုတ်တရက်ရောင်/နာခြင်း)
☑️Chronic Gastritis( နာတာရှည် အစာအိမ်ရောင်/နာ ခြင်း)
တို့ဖြစ်ပါတယ်။

*တချို့အစာအိမ်နာတဲ့ သူတွေ ဟာ ရေရှည်မှာ အစာအိမ်အနာနဲ့ အစာအိမ်
ကင်ဆာ တွေဖြစ်တတ်ပါတယ်။
*လူအများအတွက်ကတော့ အစာအိမ်ရောင်လျှင် မပြင်းထန်ပဲနဲ့ အချိန်တိုတိုအတွင်းမှာ
ဆေးသောက်ခြင်းနှင့် အစားအသောက် အနေအထိုင်ဆင်ခြင်တာနဲ့ ပျောက်ကင်းကြပါတယ်။

✅အစာအိမ်ရောင်ရတဲ့ အကြောင်းအရင်းတွေကတော့ ….
🔺အကိုက်အခဲ ပျောက်ဆေး တွေ သောက်ခြင်း
🔺အရက်သောက်ခြင်း
🔺ဆေးလိပ်သောက်ခြင်း
🔺စိတ်ဖိစီးမှုများခြင်း
🔺H Pylori ဘက်တီးရီးယားကြောင့် ဖြစ်ခြင်း
🔺ခန္ဓာကိုယ် ခုခံအားက အစာအိမ်ကိုပြန် တိုက်ခိုက်ခြင်း တို့ကြောင့်ဖြစ်ပါတယ်။

✅ဒါ့ကြောင့် ကြိုတင်ကာကွယ်ဖို့ဆိုရင် အနေအထိုင်အစားအသောက်ဆင်ခြင်ဖို့ (Lifestyle Changes) လိုအပ်ပါတယ်။
🔘အပူအစပ် အစားအစာရှောင်ပါ။
🔘အချိန်မှန်စားပါ။ အဆာမခံပါနဲ့။
🔘ညအိပ်ရေးဝဝအိပ်ပါ။
🔘စိတ်ဖိစီးမှုလျော့ချပါ။
🔘ကဖင်း (caffeine) ရှောင်ပါ။
🔘ဆေးလိပ်ဖြတ်ပါ။
🔘အရက်သောက်သုံးခြင်းလျော့ချပါ။
🔘အကိုက်အခဲပျောက်ဆေးများ၊ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သောက်သင့်ပါတယ်။

✅ရောဂါလက္ခဏာများ ကတော့…..
🔻ရင်ဘက်အရှိုက် နေရာက ပူပြီး အောင့်ခြင်း၊
🔻ပျို့ အန် ခြင်း၊
🔻အစာစားပြီးတဲ့ အခါ ဝမ်းဗိုက် အပေါ်ပိုင်း က
ပြည့်တင်းနေခြင်း၊
🔻အစားအသောက်ပျက်ခြင်း၊
🔻ဝမ်းအမည်းတွေသွားခြင်း၊ တို့ဖြစ်ပါတယ်။

အထက်ပါ လက္ခဏာတွေခံစားရပြီဆိုလျှင် အစာအိမ် နှင့် အူလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်း၊သွေးစစ်ခြင်း၊H Pylori ပိုးစစ်ခြင်း
တို့မှတဆင့် အစာအိမ် ရောင်မရောင် စစ်ဆေးနိုင်ပါသည်။
အစာအိမ်နာ‌ရောဂါခံစားနေရပြီဆိုလျှင်တော့ဆရာဝန်ပြပြီး စနစ်တကျ ဆေး ကုသမှုခံယူသင့်ပါတယ်။


မေတ္တာဖြင့်ပြန်လည်မျှဝေသည်။😊

ကျန်းမာရေးဗဟုသုတများကို ပုံမှန်တင်ပေးနေတာမို့
Pageထဲကိုဝင်ရောက်လေ့လာဖို့ ဖိတ်ခေါ်ပါရစေ🙏🏻

&shareများလုပ်ပေးခြင်းဖြင့် ကူညီနိုင်ပါသည်။😊

Soe Myittar Mobile and Pharmacy

စိုးမတ်ေတာ

(ဆေးမျိုးစုံနှင့်မိုဘိုင်း၊နာရီ၊မျက်မှန်၊လျှပ်စစ် စတိုး)

❗❗❗လူတိုင်းအချိန် (၁) မိနစ်လောက်ပေးပီးဖတ်ပါနှလုံးသွေးကြောမပိတ်မီတစ်လအတွင်းနိမိတ်ပြလက္ခဏာ(၈)ချက် ===========ရင်ဘတ် အကြီးအ...
13/03/2024

❗❗❗လူတိုင်းအချိန် (၁) မိနစ်လောက်ပေးပီးဖတ်ပါ

နှလုံးသွေးကြောမပိတ်မီတစ်လအတွင်းနိမိတ်ပြလက္ခဏာ(၈)ချက်
===========

ရင်ဘတ် အကြီးအကျယ်အောင့်
နှလုံးသွေ:ကြောရုတ်တရက် ကျဉ်းတာ၊
ပိတ်တာတွေ ရှိလာပြီး ဆေ:ရုံကို
အရေးပေါ် တက်ရောက်ကုသရသူတွေဟာ
မဖြစ်ခင်တစ်လအတွင်း ခန္ဓာကိုယ်က
ဒါဖြစ်တော့မယ်ဆိုတာကို
ကြိုတင်သတိပေးနေတတ်ပါသတဲ့ ။

၁။အလိုလိုနေရင်း နုန်းနေခြင်း -

နှလုံးသွေ:ကြော ကျဉ်းလာရင်
ခန္ဓာကိုယ်က ခြေတွေ၊ လက်တွေ၊
အင်္ဂါတွေကို သွေ:အရောက် နည်းလာပါတယ်။
ဒီအတွက် ခါတိုင်းထက် ညောင်းတာ၊
နုံးတာတွေ ဖြစ်ပေါ်ခံစားရပါတယ်။

၂။မျက်နှာနဲ့ မေးရိုးနဲ့ လည်ပင်းတွေ ကျဉ်ခြင်း -

နှလုံးသွေးကြောကျဉ်းလာပြီး သွေ:ငတ်တဲ့အခါ
ရင်ဘတ်အောင့်တာအပြင် မေးရိုးနဲ့ မျက်နှာ၊
လည်ပင်းတွေ ကျဉ်လာတတ်ပါတယ်။

၃။မောပန်းမယ် -

အလိုလိုနေရင်း လှေကားတက်၊
တစ်ခုခုလုပ်တိုင်း မောနေတတ်ပါတယ်။
နှလုံးသွေ:ကြော ကျဉ်းလာတဲ့အခါ
အဆုတ်ထဲမှာ ရေစုလာတတ်ပါတယ်၊
အသက်ရှူမဝသလို ဖြစ်လာတတ်ပါတယ်။

၄။ပျို့ချင်အန်ချင်တာတွေ ဖြစ်မယ် -

ရင်ထဲမှာ နေလို့မကောင်းဘူး၊ ဘာရယ်မဟုတ်
ဗိုက်ထဲမှာ လေပွသလို စားပြီးရင် ပျို့ချင်သလို
အန်ချင်သလို မကြာခဏ ခံစားရနိုင်ပါတယ်။

၅။ချွေးစေးတွေ ပြန်လာတတ်မယ် -

ရင်ဘတ်ထဲမှာ နေလို့မကောင်းတာနဲ့အတူ
မကြာခဏ ချွေးပြန်တာကို ခံစားရပါမယ်။

၆။ရင်တလှပ်လှပ်တုန်ခြင်း -

ရင်ထဲမှာ ဟာနေခြင်း ရင်ထဲမှာဆို့ပြီး
နေလို့မကောင်းတာ ရင်တွေ တုန်နေတာတွေက
နှလုံးစည်းချက်မမှန်တာရဲ့ နိမိတ်ပြလက္ခဏာ
ဖြစ်ပါတယ်။ နှလုံးတုန်၊ ရင်ခုန်တာက ပုံမှန်ဖြစ်သလို နှလုံးရောဂါသမားတွေအတွက် စတင်နိမိတ်ပြလက္ခဏာလည်း ဖြစ်နိုင်ပါတယ်။

၇။ခြေဖျား၊ လက်ဖျားတွေ အေးနေတတ်မယ် -

နှလုံးက စတင်ခုန်နှုန်းကျလာတာမို့
ခန္ဓာကိုယ် အစွန်အဖျား၊
ခြေတွေ လက်တွေကို
သွေ:အရောက် နည်းလာပြီး
ခြေဖျား အေးလာတတ်ပါတယ်။
ရာသီဥတု မှန်ပါလျက်နဲ့
ခြေဖျား လက်ဖျားလေးတွေ
အေးစက်စက် ခံစားရပါမယ်။

၈။မူးဝေလာတတ်မယ် -

တရိပ်ရိပ်နဲ့ မူးနေတတ်တာ
နေရင်းထိုင်ရင်း ခေါင်းထဲမှာ
ရီဝေဝေဖြစ်တာတွေ ရှိတဲ့အခါ
နှလုံးသွေ:ကြောကျဉ်းတာကို မေ့မထားသင့်ပါဘူး။ ဦးနှောက်ကို မှန်ကန်တဲ့ သွေ:စီးဆင်းမှု မရှိတဲ့အတွက်
မူးနောက်တဲ့ ခံစားချက်ရတာ ဖြစ်ပါတယ်။
နှလုံးသွေ:ကြော လုံးဝပိတ်မသွားခင်
ကျဉ်းနေတဲ့အဆင့်မှာ ခံစားရနိုင်ပါတယ်။

ဖော်ပြပါလက္ခဏာတွေကို ကြည့်ပြီး
မိမိမွာ နှလုံးသွေ:ကြော ကျဉ်းနေပြီလား၊
နှလုံးသွေ:ကြော ပိတ်နေပြီလား၊
နှလုံးရောဂါ ခံစားရနိုင်တဲ့
အရိပ်အယောင်ရှိမလားလို့
မိမိကိုယ်ကို ဆန်းစစ်ကြည့်နိုင်ပါတယ်။

!!အနည်းဆုံး သုံးလေးခုလောက်
ခံစားနေရပြီဆိုရင်ကို မပေါ့ဆဘဲ
ဆရာဝန်နဲ့ ပြသတိုင်ပင်စေလိုပါတယ်..!!

မေတ္တာဖြင့်ပြန်လည်မျှဝေသည်။😊

ကျန်းမာရေးဗဟုသုတများကို ပုံမှန်တင်ပေးနေတာမို့
Pageထဲကိုဝင်ရောက်လေ့လာဖို့ ဖိတ်ခေါ်ပါရစေ🙏🏻

&shareများလုပ်ပေးခြင်းဖြင့် ကူညီနိုင်ပါသည်။😊

Soe Myittar Mobile and Pharmacy

စိုးမတ်ေတာ

(ဆေးမျိုးစုံနှင့်မိုဘိုင်း၊နာရီ၊မျက်မှန်၊လျှပ်စစ် စတိုး)

🫀နှလုံးစည်းချက် မမှန်ခြင်းရဲ့ နောက်ကွယ်က အကြောင်းအရာများ🫀နှလုံးစည်းချက် မမှန်ခြင်းဟာ အသက်ရွယ်လူတိုင်း မရွေးဖြစ်ပွားနိုင်...
17/12/2023

🫀နှလုံးစည်းချက် မမှန်ခြင်းရဲ့ နောက်ကွယ်က အကြောင်းအရာများ🫀

နှလုံးစည်းချက် မမှန်ခြင်းဟာ အသက်ရွယ်လူတိုင်း မရွေးဖြစ်ပွားနိုင်ပါတယ်။ နှလုံးခုန်ခြင်းကို လုပ်ဆောင်‌ပေးတဲ့ 𝐞𝐥𝐞𝐜𝐭𝐫𝐢𝐜𝐚𝐥 𝐬𝐢𝐠𝐧𝐚𝐥𝐬 လေးတွေ ကောင်းစွာအလုပ်မလုပ်တဲ့အခါမှာ နှလုံးခုန်မြန်ခြင်း၊ နှလုံးခုန်နှေးခြင်း (သို့မဟုတ်) နှလုံးခုန်တဲ့ ပုံစံပုံမှန်မဟုတ်ခြင်း ဖြစ်ပေါ်စေပါတယ်။ တချို့နှလုံးစည်းချက်မမှန်ခြင်း၊ နှလုံးခုန်မမှန်ခြင်းဟာ အသက်အန္တရာယ်မထိခိုက်နိုင်ပေမဲ့၊ တချို့နှလုံးစည်းချက်မမှန်ခြင်းဟာတော့ အသက်အန္တရာယ်အထိ ထိခိုက်နိုင်ပါတယ်။ 🫀💔

‌ယေဘုယအားဖြင့် နှလုံးစည်းချက်မမှန်ခြင်းကိုတော့ နှလုံးခုန်နှုန်းပေါ်မှုတည်ပြီး အမျိုးအစား ခွဲခြားနိုင်ပါတယ်။

🔺𝐓𝐚𝐜𝐡𝐲𝐜𝐚𝐫𝐝𝐢𝐚 (နှလုံးခုန်သံ မြန်ခြင်း)
နှလုံးခုန်သံက တစ်မိနစ်မှာ ၁၀၀ ထက်ကျော်လွန်တဲ့ အခြေအနေ

🔻𝐁𝐫𝐚𝐝𝐲𝐜𝐚𝐫𝐝𝐢𝐚 (နှလုံးခုန် နှေးခြင်း)
နှလုံးခုန်သံက တစ်မိနစ်မှာ ၆၀ ထက်နည်းတဲ့ အခြေအနေ

နှလုံးစည်းချက်မမှန်ခြင်းကို ဖြစ်ပေါ်စေတဲ့ နောက်ကွယ်က အကြောင်းအရာများကတော့-

🟥နှလုံးနှင့် နှလုံးသွေးကြောဆိုင်ရာရောဂါများ
နှလုံးသွေးကြောကျဥ်းခြင်း၊ နှလုံးကြွက်သားထူခြင်း၊ နှလုံးအဆိုရှင်ဆိုင်ရာရောဂါများ၊ သွေးတိုးခြင်း

🟥ရောဂါအခံရှိသူများ
သိုင်းရွိက်ရောဂါ( လည်ပင်းကြီးရောဂါ)၊ ဆီးချိုရောဂါ၊ အဝလွန်ခြင်း၊ နာတာရှည်ကျောက်ကပ်ရောဂါ၊ အိပ်နေစဥ်ဟောက်ခြင်း (𝐎𝐛𝐬𝐭𝐫𝐮𝐜𝐭𝐢𝐯𝐞 𝐒𝐥𝐞𝐞𝐩 𝐀𝐩𝐧𝐞𝐚)

🟥လက်ရှိသောက်သုံးနေသော ဆေးဝါးများ
ပုံမှန်သောက်သုံးနေသော ဆေးဝါးတချို့ကြောင့် နှလုံးခုန် မမှန်ခြင်း

🟥ကဖိန်းဓာတ်ပါသော အစားအသောက်များ
လက်ဖက်ရည်၊ ကော်ဖီ၊ အားဖြည့်အချိုရည်များ၊ ‌𝐀𝐥𝐜𝐨𝐡𝐨𝐥 ပါဝင်သော သောက်စရာများ

🟥မျိုးရိုးဗီဇ နှင့် အသက်ရွယ်ကြီးခြင်း
အသက်ရွယ်ကြီးရင့်ခြင်းနှင့် မိသားစုထဲမှာ နှလုံးစည်းချက်မမှန်ခြင်းရောဂါကြောင့် ဖြစ်ပွားနိုင်ခြင်း
နှလုံးစည်းချက်မမှန်ခြင်းဖြစ်ပွားခြင်း အကြောင်းအရာများထဲမှ 𝟕𝟎% နှုန်းလောက်ဟာ နှလုံးသွေးကြောကျဥ်းခြင်းနဲ့ ဆက်စပ်နေပါတယ်။

နှလုံးစည်းချက်မမှန်ခြင်းရဲ့ ရောဂါလက္ခဏာတွေကတော့-

✔️ရင်တလှပ်လှပ်ဖြစ်ခြင်း
✔️ရင်ဘက်အောင့်ခြင်း
✔️မူးမော်ခြင်း
✔️ခေါင်းမူးခြင်း
✔️အသက်ရှုမဝခြင်း
✔️ပင်ပန်းနွမ်းနယ်ခြင်း တို့ပဲဖြစ်ပါတယ်။

နှလုံးစည်းချက်မမှန်ခြင်းဟာ တချို့သောအခြေအနေတွေကြောင့်ဖြစ်တဲ့ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ကဖိန်းဓာတ်ပါသော အစားအသောက်များ စားသောက်ခြင်းအခြေအနေမှာဆို နှလုံးခုန်မြန်ခြင်းဟာ အန္တရာယ်မဖြစ်စေနိုင်ပေမဲ့၊ တချို့သော အခြေအနေမှာတော့ အသက်အန္တရာယ်ထိခိုက်နိုင်ပါတယ်။ မကုသပဲထားမယ်ဆိုရင်တော့ နောက်ဆက်တွဲ ရောဂါတွေဖြစ်တဲ့ နှလုံးကြွက်သား အားနည်းခြင်း၊လေဖြတ်ခြင်း၊ နှလုံးရပ်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။ 🫀💔



#မေတ္တာဖြင့်ပြန်လည်မျှဝေသည်။😊

ကျန်းမာရေးဗဟုသုတများကို ပုံမှန်တင်ပေးနေတာမို့
Pageထဲကိုဝင်ရောက်လေ့လာဖို့ ဖိတ်ခေါ်ပါရစေ🙏🏻

&shareများလုပ်ပေးခြင်းဖြင့် ကူညီနိုင်ပါသည်။😊

Soe Myittar Mobile and Pharmacy

စိုးမတ်ေတာ

(ဆေးမျိုးစုံနှင့်မိုဘိုင်း၊နာရီ၊မျက်မှန်၊လျှပ်စစ် စတိုး)

🛑❗️🐕ခွေးကိုက်ခံရလျှင်🐕🛑❗️၁ ။ ခွေကိုက်ခံရလျှင် ကိုက်ခံရသည့် နေရာကို အရင်ဆုံး ဆပ်ပြာနှင့်တိုက်၍ ရေစင်စင်၅မိနစ်ခန့် ဆေးပါ။၂...
14/11/2023

🛑❗️🐕ခွေးကိုက်ခံရလျှင်🐕🛑❗️

၁ ။ ခွေကိုက်ခံရလျှင် ကိုက်ခံရသည့် နေရာကို အရင်ဆုံး ဆပ်ပြာနှင့်တိုက်၍ ရေစင်စင်၅မိနစ်ခန့် ဆေးပါ။

၂။ ကိုက်ခံရချိန်မှ ၂၄နာရီ အတွင်း ခွေးရူးကာကွယ်ဆေးထိုးပါ။ ၄၈နာရီထက် နောက်ကျပြီးထိုးရင် ဆေးထိုးခြင်း မထိရောက်ပါတဲ့။ ခွေးကိုက်ခံရတဲ့ နေ့မှာ ဆေးတစ်လုံးထိုးပါ။(တစ်ကြိမ်)

၃ ။ကိုက်ခံရတဲ့နေ့မှ ၃ရက်ကြာ တစ်လုံးထပ်ထိုးပါ။(၂ကြိမ်)

၄။ ကိုက်ခံရတဲ့နေ့မှ ၇ရက်ကြာရင် တစ်လုံးထပ်ထိုးပါ။(၃ကြိမ်)

၅။ ကိုက်ခံရတဲ့နေ့မှ ၁၄ရက်ကြာ တစ်လုံးထပ်ထိုးပါ။(၄ကြိမ်)

၆။ ကိုက်ခံရတဲ့နေ့မှ ၂၈ရက်ကြာ တစ်လုံးထပ်ထိုးပါ။( ၅ကြိမ်)ထိုးရပါမယ်။

၅ကြိမ် ထိုးရသော စနစ်ဖြစ်ပါသည်။
***ကာကွယ်ဆေးထိုးရမည့် နေ့ရက်ထက် (၂ရက်)ကျော်
သွားပါက အစမှ ပြန်လည်ထိုးရမည်။

'ခွေးရူး'
======

ခွေးရူး ၂မျိုး ရှိပါသည်။

၁...။ ကြမ်းတမ်းသော ခွေးရူး
••••••••••••••••••••••

လက္ခဏာများမှာ...

ခွေး၏အနေအထိုင် ပြောင်းလာခြင်း

အကြောင်းမဲ့ ပြေးလွှားနေခြင်း

တစ်နေကုန် ဟောင်နေတတ်ခြင်း

တစ်ခုခုကို ဒေါသတကြီး ကိုက်နေတတ်ခြင်း

အစာ သိပ်မစားတော့ခြင်း

ရန်လိုနေခြင်း

ပြောစကား နားမထောင်ခြင်း

ခွေးကောင်းများက ခွေးရူးနောက်မှ လိုက်ဟောင်တတ်ခြင်း

ပါးစပ်တွင် အမြှုပ်တစီစီနှင့် သွားရည်တမြားမြားဖြစ်နေတတ်ခြင်း

၂...။ လေဖြတ် / အကြောခွေးရူး
•••••••••••••••••••••

လက္ခဏာများမှာ.....

ကြွက်သားများ လေဖြတ်ခြင်းကြောင့်
ယိုင်တိယိုင်တိုင် သွားနေခြင်း

အောက်မေးရိုး ပိတ်မရပဲ သွားရေတွဲလောင်းကျကာ ပါးစပ်အဟောင်းသားနှင့် သွားတတ်ခြင်း

တိတ်ဆိတ်သော နေရာများတွင် ငြိမ်ငြိမ်လေး အိပ်နေတတ်ခြင်း

စသည်တို့သည် ခွေးရူးလက္ခဏာများဖြစ်ပါသည်။

*ခွေးကိုက်ပြီးဘယ်နှစ်ရက်အကြာမှာ ခွေးရူးပြန်တတ်သလဲ ?

သတ်သတ်မှတ်မှတ်ပြော၍ မရပါ။ ခွေးကိုက်သည့်နေရာနှင့် ဦးနှောက် အကွာအဝေးပေါ် မူတည်၍မျက်နှာ၊လည်ပင်းတို့တွင် အကိုက်ခံရပါက ရောဂါပေါ်ချိန် မြန်ပြီး ခြေ၊ လက်တို့၌ အကိုက်ခံရပါက ရောဂါပေါ်ချိန်ကြာတတ်ပါသည်။
ရောဂါဖြစ်ရန် အစောဆုံး ၅ရက်မှ ၃လအတွင်း အဖြစ်များပါသည်။ အကြာဆုံး ၆နှစ်အထိ ကြာတတ်ပါသည်။

*ခွေးကိုက်ပြီး ဘယ်အချိန်အတွင်း ဆေးထိုးသင့်သလဲ ?

ခွေးကိုက်ခံရတိုင်း ခွေးရူးကာကွယ်ဆေး ချက်ချင်းထိုးသင့်ပါသည်။
စောနိုင်သမျှ စောထိုးပါက စိတ်ချရပါသည်။ ချက်ချင်းမထိုးနိုင်လျှင်လည်း ထိုးနိုင်ချိန်တွင်အမြန်ဆုံးထိုးသင့်သည် ။
တစ်နည်းအားဖြင့် ခွေးရူးပြန် လက္ခဏာ မပေါ်သေးသမျှ ထိုးနိုင်ပါသည်။ ကုသရန် ဆေးမရှိသည့်အတွက် လက္ခဏာပေါ်မှ ဆေးထိုးပါက ဧကန်မုချ သေဆုံးနိုင်ပါသည်။

*ခွေးရူးပြန်ရောဂါ မဖြစ်အောင် မည်သို့ ကာကွယ်နိုင်ပါသနည်း ?

ခွေးရူးပြန်ရောဂါကာကွယ်ဆေးနှင့် ရောဂါပိုးအဆိပ်ဖြေဆေးဟူ၍ ၂မျိုးရှိပါသည်။ ခွေးရူးကာကွယ်ဆေးကို ထိုးသင့်သူများမှာ...

တိရိစ္ဆာန် အကိုက်ခံရသူများ၊တိရိစ္ဆာန် မွေးမြူသူများ၊တိရိစ္ဆာန်မွေး
မြူရေးခြံများတွင် တိရိစ္ဆာန်များနှင့်ထိတွေ့ အလုပ်လုပ်နေရသူများ၊တောရိုင်းတိရိစ္ဆာန်များနှင့် ထိတွေ့နေရသူများ တိမွေးကုဆရာ၀န်များ ခွေးရူးရောဂါ ဖြစ်ပွားနေသူကို အနီးကပ်စောင့်ရှောက်နေသူများ စသည်တို့ဖြစ်ကြပါသည်။

ရောဂါကာကွယ်ဆေး ကြိုတင် ထိုးလိုသူများသည် ဆေးစထိုးသည့် နေ့တွင် ၁ လုံး၊ ၇ ရက်အကြာတွင် ၁လုံး၊ ၂၁ရက်အကြာတွင် ၁လုံး၊ စုစုပေါင်း ၃လုံးထိုးရန် လိုအပ်ပါသည်။

ခွေးကိုက်ခံရပါက စောနိုင်သမျှစောစော ကာကွယ်ဆေးထိုးထားသင့်ပါသည်။ အရင် ကာကွယ်ဆေး မထိုးသူများသည် ၀၊ ၇၊ ၂၁ရက်အတိုင်း အနည်းဆုံး ၃ကြိမ်ထိုးရန်လိုအပ်ပါသည်။ ပထမရက်တွင် ဆေး၂လုံးထိုးရမည် ဖြစ်၍ စုစုပေါင်း ကာကွယ်ဆေး ၄လုံး ထိုးရပါမည်။

ကာကွယ်ဆေးထိုးဖူးသူဖြစ်ပါက အကိုက်ခံရသည့်နေ့တွင် ၁ကြိမ်၊ ၃ ရက်အကြာတွင် ၁ကြိမ်၊ စုစုပေါင်း ၂လုံး ထပ်မံဖြည့်ထိုးရပါမည်။

တိရိစ္ဆာန်အကိုက်ခံရသူများသည် ဒဏ်ရာအရွယ်အစား၊ ကိုက်သည့် တိရစ္ဆာန်ပေါ် မူတည်၍ကာကွယ်ဆေးထိုးရုံမကပဲ အဆိပ်ဖြေဆေးကိုလည်းထိုးရနိုင်ပါသည်။ထို့အပြင် မေးခိုင်ရောဂါကာကွယ်ဆေးကိုပါ ထိုးသင့်ပါသည်။

ခွေးရူးပြန်ရောဂါလက္ခဏာများ ပြပါက ပျောက်ကင်းအောင် ကုသရန် ခဲယဉ်းပါသည်။

လူနာသက်သာစေရန် နာကျင်မှုများ သက်သာစေရန် ရောဂါလက္ခဏာများ သက်သာစေရန်သာ ပြုလုပ်နိုင်ပါသည်။

ထို့ကြောင့်ခွေးရူးပြန်ရောဂါသည် ကုသရန်ထက် ကာကွယ်ခြင်းသည်သာအဓိကဖြစ်ပါသည်။

အိမ်မွေးတိရစ ္ဆာန်များကို ကာကွယ်ဆေးထိုးပေးခြင်း ခွေးရူးပြန်ရောဂါဖြစ်နေသော ၊ သံသယဖြစ်ဖွယ်ရှိသော တိရိစ္ဆာန်များကို ထိန်းသိမ်းထားခြင်း အခြားနေရာမှ သွင်းလာသော တိရစ္ဆာန်များကို သီးခြားထား၍ စောင့်ကြည့်ခြင်း အကိုက်မခံရအောင် ဂရုစိုက်ခြင်းဖြင့် ရောဂါကိုကာကွယ် နိုင်ပါသည်။

ထို့ပြင် တိရိစ္ဆာန်အကိုက်ခံရပါကလည်း နီးစပ်ရာဆေးရုံ၊ ဆေးခန်းများတွင် ခွေးရူးပြန်ကာကွယ်ဆေး ထိုးထားသင့်ပါသည်။


#မေတ္တာဖြင့်ပြန်လည်မျှဝေသည်။😊

ကျန်းမာရေးဗဟုသုတများကို ပုံမှန်တင်ပေးနေတာမို့
Pageထဲကိုဝင်ရောက်လေ့လာဖို့ ဖိတ်ခေါ်ပါရစေ🙏🏻

&shareများလုပ်ပေးခြင်းဖြင့် ကူညီနိုင်ပါသည်။😊

Soe Myittar Mobile and Pharmacy

စိုးမေတ္တာ

(ဆေးမျိုးစုံနှင့်မိုဘိုင်း၊နာရီ၊မျက်မှန်၊လျှပ်စစ် စတိုး)

#ကဒုံကနိ

🚫💊💊💊💊💊🚫ဖြစ်တဲ့ ရောဂါနဲ့ သောက်တဲ့ဆေးမလွဲရလေအောင် ဆေးအမည်တွေကိုအသံထွက်နဲ့တကွ ဘာသာပြန်ပြီးရေးသားဖော်ပြပေးထားပါတယ်။postကို L...
13/10/2023

🚫💊💊💊💊💊🚫

ဖြစ်တဲ့ ရောဂါနဲ့ သောက်တဲ့ဆေး

မလွဲရလေအောင် ဆေးအမည်တွေကို

အသံထွက်နဲ့တကွ ဘာသာပြန်ပြီး

ရေးသားဖော်ပြပေးထားပါတယ်။

postကို Like&Share လုပ်ထားဖို့မမေ့နဲ့နော်🥰👇


#မေတ္တာဖြင့်ပြန်လည်မျှဝေသည်။😊

ကျန်းမာရေးဗဟုသုတများကို ပုံမှန်တင်ပေးနေတာမို့
Pageထဲကိုဝင်ရောက်လေ့လာဖို့ ဖိတ်ခေါ်ပါရစေ🙏🏻

&shareများလုပ်ပေးခြင်းဖြင့် ကူညီနိုင်ပါသည်။😊

Soe Myittar Mobile and Pharmacy

စိုးမတ်ေတာ

(ဆေးမျိုးစုံနှင့်မိုဘိုင်း၊နာရီ၊မျက်မှန်၊လျှပ်စစ် စတိုး)

#ကဒုံကနိ

🚫အသက် ၄ဝ အရွယ်......သတိပြုဖွယ်ရာများ🚫လူငယ်ဘဝကို နှုတ်ဆက်ချိန်ပဲ ဖြစ်ပါတယ်။ လူငယ် တုန်းက စားချင်သလိုစား၊ သွားချင်သလို သွာ...
04/08/2023

🚫အသက် ၄ဝ အရွယ်......သတိပြုဖွယ်ရာများ🚫

လူငယ်ဘဝကို နှုတ်ဆက်ချိန်ပဲ ဖြစ်ပါတယ်။ လူငယ် တုန်းက စားချင်သလိုစား၊ သွားချင်သလို သွား၊ နေချင်သလိုနေခဲ့ပေမဲ့ ၄ဝ ပိုင်း ရောက်ပြီဆို သတိထားရပါတော့မယ်။ အထူးသဖြင့် ကျန်းမာရေးပေါ့။ ဘာလို့လဲ ဆိုတော့ ရှေ့လာမယ့် အသက်ကြီးပိုင်း အတွက် ကြိုတင်ပြင်ဆင်ရတော့မှာ ဖြစ်လို့ ပါ။ ကားတစ်စီးနဲ့ နမူနာပြုပြောရရင် အ နှစ် ၄ဝ လုံးလုံး သုံးလာတဲ့ ကားဟာ ကား အိုစာရင်းထဲ ရောက်နေပါပြီ။

ဒါပေမဲ့ စနစ်တကျနဲ့ ပြင်ဆင်မွမ်းမံတာမျိုး အမြဲ လိုလုပ်ပေးရင်တော့ ကားသစ်တွေနဲ့ ယှဉ် နိုင်သေးတာပေါ့။ (ကားအို၊ ကားဟောင်း တွေကိုတော့ အခုနေခါမှာ ပြန်အပ်နေရ ပါတယ်) လူကျတော့ ပြန်အပ်လို့ မရဘူး။ စလစ်အသစ်ထုတ် လုပ်လည်း မရဘူး။ Overhaul လုပ်လို့လည်း မရဘူး။ နှစ် ၄ဝ လုံးလုံး စားသောက်နေလာခဲ့တာ။ အဆိုး တွေရော၊ အကောင်းတွေရော သင့်တာရော၊ မသင်တာရော အစုံပဲ။ ကံကောင်း ထောက်မလို့ ကြီးကြီးကျယ်ကျယ် ထွေ ထွေထူးထူး ရောဂါကြီးတွေ မဖြစ်ခဲ့တာ။

ဒီတော့ ၄ဝ ရောက်ပြီဆိုတာနဲ့ လူငယ် တုန်းကလို မဆင်မခြင် လုပ်လို့ မရတော့ ပါဘူး။ ရှေ့လာမယ့် အသက်အပိုင်းအခြား အတွက် ဆင်ခြင်ပြင်ဆင်ရမယ်။
ကနေ့ ကမ္ဘာအဝှမ်း ကြည့်ကြည့်ပါ။ ၄ဝ ရောက်လာတဲ့တိုင် ဆင်ခြင်မပြင်ဆင် တာတွေ မရှိကြလို့ ၄ဝ နဲ့ ၆ဝ အရွယ်တွေ ရောဂါအထူဆုံး၊ အသေအများဆုံး ဖြစ် နေကြတယ်။
၄ဝ ဝန်းကျင် လူလတ်ပိုင်းတွေမှာ ဆိုရင် နှလုံးသွေးကြော အဆီပိတ်တာ၊ သွေးတိုး၊ သွေးချို၊ အသည်းအဆီဖုံး၊ သည်းခြေအိတ် ကျောက်တည်တာတွေ၊ အစာအိမ်ရောဂါတွေ၊ ကျောက်ကပ် ကျောက်တည်တာ၊ အဆစ်အမြစ်ရောင် ရောဂါတွေ အဖြစ်များကြတယ်။

ကင်ဆာ ရောဂါတွေကြောင့် သေတာလည်းများ တယ်။ ဒါကြောင့် သန်တုန်း၊ မြန်တုန်း ၄ဝ ဝန်းကျင် လူလတ်ပိုင်းကတည်းက ပြောခဲ့တဲ့ ရောဂါမျိုးတွေ မဖြစ်အောင် ကာကွယ်ရတယ်။ တားရမယ်။
ကာကွယ်မယ်၊ တားမယ်ဆိုပြီး ပါးစပ်နဲ့ ပြောနေရုံနဲ့တော့ မဖြစ်ဘူး။ ဗဟု သုတ (Knowledge) တွေ ရှိရမယ်။ လေ့ လာရမယ်။ သဘောထား ခံယူချက် (Attitude) တွေ ပြင်ရမယ်။ ပြောင်းရ မယ်။ မှားနေတဲ့ အယူအဆ အတွေး အခေါ်တွေ ပြင်ရမှာ။ Attitude ပြောင်းပြီး ပြီဆိုရင်လည်း တကယ်လက်တွေ့ကျကျ လုပ်ဆောင်ရမယ်။ ကောင်းတဲ့ အမူအ ကျင့်စရိုက်တွေအဖြစ် Pratice လက်တွေ့ ကျင့်ဆောင်ရမယ်။

ငယ်ငယ်တုန်းက ကြိုက်တာတွေ အကုန်လုံး စားချင်သလို စားခဲ့တယ်။ ည ဘက်ဆိုလည်း မအိပ်ဘူး။ ကဲချင်တာတွေ ကဲခဲ့ကြတယ်။ အရက်ဆိုလည်း မူးအောင် သောက်ရမှ ကျေနပ်တယ်။ မမူးရင်တောင် အမူးပြိုင်ကြသေးတယ်။ အားကစားလည်း လုပ်ချင်မှ လုပ်တယ်။ မလုပ်တာ များပါ တယ်။ လုပ်ရကောင်းမှန်းလည်း မသိဘူး။ ဝါသနာပါတဲ့သူတွေကတော့ လုပ်ကြ
တယ်။ လုပ်တဲ့သူတွေ ကျတော့လည်း အပြင်းအထန်လုပ်ကြတာ။ နည်းစနစ်တွေ မရှိဘူး။ အပျော်အပါးဆိုလည်း ပွဲတိုင်း ကျော် မလွတ်စေရဘူး။ အန္တရာယ်ရှိတဲ့ ဆိုင်ကယ်စတန့်တွေ၊ ကားစတန့်တွေဆို လည်း လုပ်ခဲ့ကြတယ်။ အခုတော့ ဒါတွေ ...ဒါတွေ ...ပြီးခဲ့ပါပြီ ...ပြီးခဲ့ပါပြီ ဆိုပြီး အားလုံးကို မေ့ပစ်လိုက်ပါ။ ြ>ွခင်း ချက်အနေနဲ့ မမေ့နိုင်စရာ မမေ့ရက် နိုင်သူ၊ ဒါ မျိုးလေးတွေတော့ ရှိပါလိမ့် မယ်။

၄ဝ အရွယ်ရောက်ပြီဆိုတာနဲ့ ဟင်း သီးဟင်းရွက်နဲ့ သစ်သီးတွေ အဓိကစားရ မယ်။ ဒါမှ ကိုယ့်အတွက်လိုအပ်တဲ့ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေရပြီး ရော ဂါဘယတွေ ကာကွယ်နိုင်မယ်။ သဘာဝ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ၊ အသီးသီးတွေထဲမှာ ရောဂါတွေကို ကာ ကွယ်နိုင်၊ တိုက်ဖျက်နိုင်တဲ့ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ၊ အင်ဇိုင်းတွေ ပါတယ် လေ။ အဲဒါတွေသာ မှန်မှန်စားရင် ဘယ် အားဆေး၊ ထိုးဆေးမှ မလိုဘူး။ နှာစေး၊ ချောင်းဆိုးတောင် ဖြစ်ခဲတယ်။ အဲ တစ်ခု တော့ ရှိတယ်။ အဲဒီဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေက ဓာတုဆေးဝါး သုံးတာတွေ ကင်းဖို့တော့ အရေးကြီးတယ်။

သဘာဝ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေထဲမှာ ဓာတ်တိုးဆန့်ကျင် ဓာတ်ပစ္စည်းတွေ ပါတယ်။ အဲဒီဓာတ်တွေ ဟာ ခန္ဓာကိုယ်ထဲက ရောဂါဖြစ်နိုင်တဲ့ ကလာပ်စည်း (ဆဲလ်) တွေကို ရောဂါမ ဖြစ်အောင် ကာကွယ်တိုက်ဖျက်ပေးတဲ့ အစွမ်းတွေ ရှိတယ်။ ဒါကြောင့် လူလတ် ပိုင်းအရွယ်ကတည်းက ရောဂါတွေ မဖြစ် အောင် နေ့တိုင်း၊ အစာစားတိုင်း ဟင်းသီး ဟင်းရွက်တွေ စားပေးရမယ်။ အစာစား ပြီး တိုင်းလည်း အရည်ရွှမ်းတဲ့ သစ်သီး တစ်မျိုးမျိုး၊ ဒါမှမဟုတ် ဖျော်ရည်တစ်မျိုး မျိုး စားရမယ်။ သောက်ရမယ်။ အခုဖြစ် နေကြတာက ထမင်းစားပြီး ပြီဆိုရင် အချိုပွဲ တည်းနေကြတယ်။ အဲဒါလွဲနေတယ်။ တကယ်က သဘာဝသစ်သီးချဉ် ဒါမဟုတ် ဖျော်ရည်တစ်မျိူးမျိုး တည်းရမှာ။ အလှူ မင်္ဂလာပွဲတွေမှာဆို ထမင်းစားပြီး အချိုပွဲ တည်းကြတာ ထုံးစံဖြစ်နေပြီ။ တကယ်ဆို အချဉ်ပွဲတည်းရမှာ။

၄ဝ လူလတ်ပိုင်းအရွယ် ရောက်လာ ရင် ငယ်ငယ်တုန်းကလို အများကြီး မစား သင့်တော့ဘူး။ လျှော့စားရမယ်။ ဗိုက်ထဲ က အစာခြေအင်္ဂါအစိတ်အပိုင်းတွေဟာ နှစ်ပေါင်း ၄ဝ လောက် အလုပ်လုပ်ခဲ့ရတာ မို့ ပင်ပန်းနေကြပြီ။ နောက်တစ်ခုက အစာအများကြီး စားရင် နှလုံးကလည်း အလုပ်ပိုလုပ်ရတယ်။ ဒါကြောင့် အစာ စားရင် နှလုံးလည်း သက်သာ၊ ကိုယ်တွင်း က အစိတ်အပိုင်းတွေလည်း သက်သာ အောင် ညှာတဲ့ အနေနဲ့ ဗိုက်တင်းအောင် မစားပါနဲ့။ လျှော့စားပါ။ (မှတ်ချက်... ပုဆိုး လျှော့စားခိုင်းခြင်းမဟုတ်ပါ။ အစာ ပမာဏ လျှော့စားရန် ဆိုလိုခြင်း ဖြစ်ပါသည်။)

ကျွန်တော်တို့တစ်တွေဟာ ထမင်းကို အားပြုစားကြပါတယ်။ ဒါကြောင့်မို့လည်း ထမင်းကို မြန်မာတို့ရဲ့ ှStaple Foodသသိ လို့ တောင်းဆိုထားတယ်။ ထမင်းစားရမှ တင်းတိမ် ကျေနပ်ကြပါတယ်။ စားရင် လည်း ဗိုက်ကားအောင် စားတတ်ကြပါ တယ်။ ထမင်းဟာ ကစီဓာတ် (Carbohydrate) ဖြစ်တဲ့ ကစီဓာတ်တွေ များပြီး လူလတ်ပိုင်းတွေ ဆီးချိုဖြစ်ကြတာ။ မြန်မာပြည်မှာတော့ ထမင်းအစားများလို့ ဆီးချိုဖြစ်ကြတာပါ။ မဖြစ်ရိုးလား။ တစ် နေ့ကို ထမင်း ၃ နပ်စားတယ်။ တစ်ခါစား ရင်လည်း နှစ်ပန်းကန်၊ သုံးပန်းကန် စားကြတာဆိုတော့ ကာဗိုဟိုက်ဒရိတ်တွေ များပြီး ဆီးချိုဖြစ်ကုန်ကြတာပေါ့။ ဒါကြောင့် လူလတ်ပိုင်းတွေ အချိုစားတာ ထိန်းဖို့လိုပါတယ်။

သကြားလုံးဝ ရှောင် နိုင်ရင် ကောင်းပါတယ်။ အခြားအချိုစာ တွေလည်း အတတ်နိုင်ဆုံး ရှောင်ရပါ မယ်။ တစ်သက်လုံး စားခဲ့ပြီးပြီပဲ။
ဟင်းသီးဟင်းရွက်တွေ သစ်သီးတွေ စားပါလို့ ပြောခဲ့တော့ သတ်သတ်လွတ် စားခိုင်းတာမဟုတ်ပါဘူး။ အလေးပေး စားဖို့၊ ဦးစားပေးစားဖို့ ပြောတာပါ။ အသားငါးတွေလည်း စားရမှာပါ။ ကိုယ်ခံ စွမ်းအား ဖြည့်ဖို့အတွက် အသားဓာတ် လည်း လိုပါတယ်။ အသားစားတဲ့ အခါ မှာတော့ အဆီ၊ အခေါက်တွေ ရှောင်ရပါ မယ်။ အသားချည်းသက်သက် စားရ မယ်။ ငါးကိုတော့ အဆီရော၊ အသားရော စားလို့ ရတယ်။ ငါးဆီကျတော့ အဆိုးမ ဖြစ်ပါဘူ။ အကျိုးပြုပါတယ်။

နောက်ပြီး လူလတ်ပိုင်းတွေ မလုပ် သင်တော့တဲ့ အရာတွေ ရှိပါတယ်။ အဲ့ဒါ ကတော့ ဆေးလိပ်သောက်တာနဲ့ အရက် သောက်တာပါဘဲ။ဆေးလိပ်သောက် တတ်ရင်လည်း ဖြတ်ပါ။ အရက်သောက် တတ်ရင်လည်း ဖြတ်ပါ။ ချက်ခြင်းကြီး မဖြစ်နိုင်ရင်လည်း ဖြည်းဖြည်းခြင်း ဖြတ် ပါ။
မလုပ်သင့်တာတွေ ဖြတ်ပြီးတော့ မ ဖြစ်မနေ လုပ်သင့်တာကတော့ ကိုယ် လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ရမှာပါ။ လေ့ကျင့်ခန်းတွေ အားကစားတွေ ပြင်း ပြင်း ထန်ထန် လုပ်ရမှာ မဆိုလိုပါဘူး။ ပေါ့ပေါ့ပါးပါး အားကစားတွေ ပြင်းပြင်း ထန်ထန် လုပ်ရမှာ မဆိုလိုပါဘူး။ ပေါ့ပေါ့ ပါးပါး အားကစားတစ်မျိုးမျိုးပေါ့။ ကြက် တောင်ရိုက်တာ၊ ပင်ပေါင် ရိုက်တာ (စားပွဲတင်တင်းနစ်)၊ ရေကူးတာ၊ ကာယ လေ့ကျင့်ခန်း လုပ်တာမျိုးတွေ လုပ်ရပါ မယ်။ လေကောင်းလေသန့်ရတဲ့ နေရာ တွေမှာ လမ်းသွက်သွက်လျှောက်တာ၊ ရွ ရွလေး ပြေးတာမျိုး လုပ်ရင်လည်း ကောင်းပါတယ်။

ရောဂါတွေ မဖြစ်အောင် ကာကွယ် တဲ့ အနေနဲ့ အစာလည်းဆေး၊ ဆေးလည်း အစာ ဖြစ်တဲ့ အစားအစာတွေလည်း မကြာမခဏစားရပါမယ်။ နေ့တိုင်းလည်း စားနိုင်ပါတယ်။ ကင်ဆာရောဂါ၊ နှလုံး ရောဂါ၊ နှလုံးသွေးကြောရောဂါ၊ သွေးတိုး ရောဂါတွေ မဖြစ်အောင် ကြက်သွန်ဖြု၊ ကြက်သွန်နီစားရမယ်။ ကင်ဆာတွေ မဖြစ်အောင် သင်္ဘောရွက်၊ ရဲယိုရွက်တွေ စားရမယ်။ ကျောက်တည်တာတွေ မဖြစ် အောင် ကျော်ကဖရုံသီးစားရမယ်။ ကိုယ် ထဲက အဆိပ်အတောက်တွေ ထုတ်တဲ့ အနေနဲ့ ကန်စွန်းနီစားရမယ်။ သွေးထဲမှာ အဆီဓာတ်တွေ ရှင်းအောင် ကြက်နားရွက် မှိုအနက် စားပေးရမယ်။ အသက်ရှည်စေ တဲ့ မြင်းခွာရွက် စားရမယ်။
အသက် ၄ဝ ပြည့်တော့မယ့် သူတွေ အတွက်လည်း စကားလက်ဆောင်ပါး လိုက်ပါတယ်။

အသက် ၄ဝ ပြည့်တဲ့ နေမှာ နွားနို့စစ်စစ် တစ်ပိဿာတိတိ သောက်ပါ။ တစ်ပိဿာကျော်လည်း ရပါ တယ်။ သောက်နိုင်သလောက်သောက်ပါ။ ဘာကြောင့် လဲဆိုတော့ အမေ့နို့ဟာ အသက် ၄ဝ အထိဘဲ စွမ်းအားပေးနိုင်ပါ တယ်။ အသက် ၄ဝ နောက်ပိုင်းကစလို့ စွမ်းအားတွေ ဆက်ရဖို့အတွက် သတိပြု တဲ့ အနေနဲ့ နွားနို့သောက်စေတာ ဖြစ်ပါ တယ်။တကယ်လည်း အသက် ၄ဝ နောက်ပိုင်းမှာ နို့ကို နေ့စဉ်သောက်သင့် ပါတယ်။ ကယ်စီယမ်ဓာတ် ဖြည့်ပြီးသား ဖြစ်တာပေါ့။

အမျိုးသမီးတွေဆို ပိုလို့ တောင့် သောက်သင့်သေးတယ်။ အရိုးပွ ရောဂါ ကာကွယ်ပြီးသားဖြစ်တာပေါ့။
ဘဝရဲ့ ကောင်းဆုံးအချိန် လူလတ် ပိုင်းအရွယ်တွေဟာ ဘဝမှာအောင်မြင်ချိန် အကောင်းဆုံးအချိန်ဖြစ်ပေမယ့် ကျန်းမာ ရေးအတွက် လစ်လျူရှုကြတာကြောင့် စောစောစီးစီး သေနေကြတယ်။ သားသ မီးတွေဆိုလည်း မိတဆိုး၊ ဖတဆိုးဖြစ်လို ဖြစ်၊ မိန်းမတွေလည်း မုဆိုးမ ဖြစ်ရ၊ ယောက်ျားလည်း မုဆိုးဖိုဖြစ်ရ၊ မိအို ဖအို တွေဆိုလည်း သားသမီးတွေ ဆုံးရှုံးရနဲ့ ကျန်းမာရေး အလေးပေး သတိချပ်ကြပါ။

Credit


#မေတ္တာဖြင့်ပြန်လည်မျှဝေသည်။😊

ကျန်းမာရေးဗဟုသုတများကို ပုံမှန်တင်ပေးနေတာမို့
Pageထဲကိုဝင်ရောက်လေ့လာဖို့ ဖိတ်ခေါ်ပါရစေ🙏🏻

&shareများလုပ်ပေးခြင်းဖြင့် ကူညီနိုင်ပါသည်။😊

Soe Myittar Mobile and Pharmacy

စိုးမေတ္တာ

(ဆေးမျိုးစုံနှင့်မိုဘိုင်း၊နာရီ၊မျက်မှန်၊လျှပ်စစ် စတိုး)

#ကဒုံကနိ

အဲကွန်းကို အန္တာရယ်ကင်းစွာသုံးဖို့အဲကွန်းကို ပြင်ပအပူချိန်ထက် ဘယ်လောက်ပဲ လျှော့ပြီးထားရမယ်ဆိုတာ နားလည်ဖို့လိုပြီ။ကျွန်တေ...
09/05/2023

အဲကွန်းကို အန္တာရယ်ကင်းစွာသုံးဖို့

အဲကွန်းကို ပြင်ပအပူချိန်ထက် ဘယ်လောက်ပဲ လျှော့ပြီးထားရမယ်ဆိုတာ နားလည်ဖို့လိုပြီ။

ကျွန်တော်တို့ လူတွေတော်တော်များများ သိနေကြတာ အဲကွန်းဆိုရင် ၁၆/၁၈ ဒီကရီ စင်တီဂရိတ်ထိထားမှ ကောင်းတယ် အေးတယ်လို့ ထင်တတ်ကြတယ်။

ပြင်အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ် လောက်ဖြစ်တဲ့အချိန်ဆို ၁၈ ဒီကရီအထိ မရောက်နိုင်တော့ဘူး။ အဲဒီ့တော့ အဲကွန်းယူနစ်မှာပါတဲ့ ကွန်ပရက်ဆာက မရပ်ရတော့ဘူး။ ကွန်ပရက်ဆာက မရပ်ပဲ အလုပ်လုပ်ရတော့ ကားအင်ဂျင်ကလည်း တလျောက်လုံး ပိုရုန်းရပါတယ်။ အဲ့လိုဖြစ်တဲ့အခါ အင်ဂျင်ခန်းမှာ အပူလွန်တာတွေ ဖြစ်ပြီး ဝါယာရှော့ခ်တွေ ဖြစ်ကုန်တာပါပဲ။

အဲ့လိုမဖြစ်ရအောင် ဘယ်အချိန်မှာဖြစ်ဖြစ် အဲကွန်းကို ၂၅-၂၈ ဒီဂရီလောက်ပဲ ထားသင့်တယ်။ အဲ့လောက်ဆို ကားထဲမှာ နေလို့ဖြစ်ပါတယ်။ ကွန်ပရက်ဆာလည်းသက်သာ အင်ဂျင်လည်း အပူမလွန်တော့ဘူး။

အလွန်အကျွံ ၁၆-၂၀ လောက်အထိထားတော့ ကားထဲမှာ အေးစက်နေပြီး အပြင်အပူချိန် ၄၀ ဒီဂရီလောက်ဖြစ်တဲ့အချိန်မှာ Heat stroke ဝင်ပြီး အသက်ဆုံးပါးရတာပါ။

အဲကွန်း အပူချိန်ကို ၂၅-၂၈ လောက်မှာပဲထားကြဖို့ မေတ္တာရပ်ခံတိုက်တွန်းပါတယ်။

ပူပြင်းတဲ့ နွေရာသီမှာ မြန်မာပြည်သူပြည်သားတွေက ရေခဲရေ အေးအေးလေး သောက်ချင်ကြတယ် အဲကွန်းကို 18.အထိချလို့ Fanကို အဆုံးထိတင်ဖွင့်ကြတယ်..သာမာန်အားဖြင့် မထိခိုက်ပေမယ့်
အဲကွန်းခန်းထဲက နေပူကို ရုတ်တရက်ထွက်တဲ့အခါ နေပူထဲကအပြန် ရေခဲရေ သောက်လိုက်တဲ့အခါမှာ
အရမ်းသွေးလည်ပတ်မှုမြန်နေတဲ့ ခန္ဓာကိုယ်ဟာ ရေခဲရေနဲ့ တွေ့လိုက်တဲ့အခါ ရုတ်တရက်အေးခဲပြီး နှလုံးသွေးရပ် ဦးနှောက်ကြောပြတ်ကြတာဘဲ..
ကျွန်တော်ကတော့ ရေခဲရေ မကြိုက်ပါ.. အခုလို နွေရာသီမှာ အေးခဲနေတဲ့ရေခဲရေ လုံးဝရှောင်ကြဉ်ပါတယ်..အဲကွန်း အလွန်အကျွံသုံးခြင်း ရှောင်ကျဉ်သင့်ပါတယ်..။

Credit_To_Original_Writer


#မေတ္တာဖြင့်ပြန်လည်မျှဝေသည်။😊

ကျန်းမာရေးဗဟုသုတများကို ပုံမှန်တင်ပေးနေတာမို့
Pageထဲကိုဝင်ရောက်လေ့လာဖို့ ဖိတ်ခေါ်ပါရစေ🙏🏻

&shareများလုပ်ပေးခြင်းဖြင့် ကူညီနိုင်ပါသည်။😊

Soe Myittar Mobile and Pharmacy

စိုးမေတ္တာ

(ဆေးမျိုးစုံနှင့်မိုဘိုင်း၊နာရီ၊မျက်မှန်၊လျှပ်စစ် စတိုး)

#ကဒုံကနိ

 #ဆေးရုံဆေးခန်းက 🩻⚕️🩺🔬စစ်ခိုင်းလို့သာ စစ်လိုက်ရတယ်ဘာတွေကို ဘာလို့စစ်ခိုင်းတယ်ဆိုတာ မသိဘူးဆိုပီးလာမေးထားလို့@ ECG (Electr...
12/03/2023

#ဆေးရုံဆေးခန်းက 🩻⚕️🩺🔬

စစ်ခိုင်းလို့သာ စစ်လိုက်ရတယ်
ဘာတွေကို ဘာလို့စစ်ခိုင်းတယ်ဆိုတာ မသိဘူးဆိုပီး
လာမေးထားလို့

@ ECG (Electro Cardiogram )- နှလုံးစစ်ဆေးတာ
(နှလုံး ကြွက်သားလုပ်ဆောင်ချက်နဲ့ နှလုံးရောဂါများကို စစ်ဆေးတာ)
> EST (exercise stress test ) - ပြေးစက်ပေါ် နှလုံးစမ်းသပ်တာ

@ Urine test - ဆီးစစ်ဆေးတာ ( ဆီးလမ်းကြောင်း တစ်လျှောက်ပိုး၀င်ခြင်း မူမှန်မမှန်နဲ့ ကျောက်ကပ်ကို စစ်ဆေးတာ )
> Urine RE - ဆီးစစ္​တာ
>Urine Protein - ဆီးမှအသားဓာတ်ယိုစိမ့်မူတိုင်းတာ တာ

@ HbA1c - ( 3လအတွင်း ဆီးချိုရောဂါ ထိန်းသိမ်းမှုအတွက် စစ်ဆေးတာ )
>Blood Sugar - သွေးတွင်းသကြားပမာဏ စစ်ဆေးတာ(ဆီးချိုးရောဂါရှိမရှိ သိရှိရန် အတွက် အစစ်များ )
>FBS (fasting Blood Sugar )- အစာရပ်ပီး ဆီးချိုစစ်တာ

@ SGOT, SGPT, Serum Bilirubin.,ALT - အသည်းရဲ့
စွမ်းဆောင်ရည် အင်ဇိုင်းပမာဏနဲ့ သွေးတွင်း ဘီလီယူဘင်ကိုစစ်တာ
(အသားဝါစေသော ဓာတ်ကို အကဲဖြတ်မလို့ အစစ်များ)
> Alkaline Phosphates - အသည်း အရိုးနဲ့ဆိုင်သောဓာတ် စစ်ဆေးတာ

>AFP( Alpha Feto Protein) - အသည်းကင်ဆာစစ်တာ
>ALT,AST - အသည်းအင်ဇိုင်းများစစ်ဆေးတာ

@ Blood urea and Serum Creatinine. - သွေးတွင်း
ယူရီးယား,ခရီယေတနင်းဓာတ်ကိုစစ်တာ(ကျောက်ကပ်စွမ်းဆောင်ရည်
သိရှိ အကဲဖြတ်ဖို့အတွက် )
> Creatinine GFR - ကျောက်ကပ်လုပ်ဆောင်ချက် စစ်ဆေးတာ
> BUN (Blood Urea Nitrogen) - ကျောက်ကပ်စစ်တာ
>Electrolyte - သွေးတွင်း သတ္ထုဓာတ်လေးမျိုး စစ်တာ

@ Lipid Profile - သွေးတွင်းအဆီ ပမာဏက်ိုစစ်တာ (ကောင်းကျိုးပေးသောအဆီနဲ့ မကောင်းတဲ့အဆီတွေကို ကြည့်ပီး
နှလုံးကျန်းမာရေး အကဲဖြတ်နိုင်ရန်အတွက် )
> Cholesterol - သွေးထဲရှိ ကိုလက်စထရောစစ်တာ
>Triglyceride - ထရိုင်ဂလီစရိုက်ဓာတ်ကိုစစ်တာ
> HDL Cholesterol- သွေးထဲရှိ အကျိုးပြုတဲ့ ကောင်းတဲ့ အဆီဓာတ် ကိုစစ်တာ
> LDL Cholesterol -အကျိုးမပြုတဲ့ မကောင်းတဲ့ အဆီဓာတ်ကို
စစ္​တာ

@ Haemogram - (သွေးဖြူဥ ,သွေးနီဥ, သွေးမွှားဆဲလ် စတာတွေကို အဏုစိတ် စစ်ဆေးတာ)
> CP Auto - သွေးဖြူဥ သွေးနီဥ စစ်တာ

@ HBs Antigen ,HCV Antibody- အသည်းရောင်အသားဝါ ဘီပိုး,စီပိုး ရှိမရှိစစ်တာ
>HBsAg -အသည်းရောင်အသားဝါ Bပိုးစစ်တာ
>Anti HBS - Bပိုး ကိုယ်ခံအားစစ်တာ
> Anti HCV - C ပိုးစစ္​တာ
> Bilirubin -အသားဝါစစ်ဆေးတာ

@( X -ray )- ဓာတ်မှန်ရိုက်တာ (ရင်ဘတ်ဓာတ်မှန် နဲ့ အရိုးကျိုး အက် စတာတွေအတွက်စစ်တာ)
Chest X-ray (CXR)- ရင်ဘတ်ဓာတ်မှန် ရင်ခေါင်းအတွင်းရှိ အဆုတ်နဲ့ နှလုံး ပုံမှန်ဟုတ်မဟုတ် ရောဂါရှိမရှိ စစ်ဆေးတာ

@ USG (Ultrasound) - အယ်ထရာဆောင်း (တယ်လီဗီးရှင်း ဓာတ်မှန်ရိုက်တာ) အသည်း
သည်းခြေအိတ် ကျောက်ကပ် မုန့်ချိုအိတ် သရက်ရွက် ဆီးကျောက်တည်ခြင်း သည်းခြေကျောက်တည်ခြင်း စသည့်၀မ်းတွင်း အင်္ဂါများရောဂါများရှာဖွေရန်နဲ့ ကိုယ်၀န်ဆောင် များ အစစ်များ

@ Thyroid Function Test - လည်ပင်းကြီးဟော်မုန်းစစ်တာ
> T3,T4,TSH - သိုင်းရွိုက် ဟော်မုန်းစစ်တာ

@> HIV(Retro test) - HIV ပိုးစစ်တာ (ခုခံအားကျဆင်းရောဂါ)
@> VDRL - ကာလသားရောဂါ ပိုး စစ်တာ
@> Vitamin D (total ) - အရိုးပွရောဂါအတွက်စစ်တာ
@>Uric acid (Gout ) - အဆစ်အမြစ်ရောဂါ . ဂေါက်ရောဂါ အတွက်စစ်ဆေးတာ
@> - A*o - လေးဘက်နာရောဂါ စစ်ဆေးတာ
@> RA -သွေးကြောင့်ဖြစ်တဲ့ လေးဖက်နာရောဂါကို စစ်တာ
@> ESR - သွေးနီဥတွေ တစ်နာရီအတွင်း အနယ်ထိုင်တဲ့နှုန်းကို စစ်တာ(သွေးအားနည်း နှလုံးရောင် ကျောက်ကပ်မကောင်း
အရိုးအတွင်းရောင် ကိုယ်၀န်ဆောင် လေးဘက်နာ (ရူမက်တစ် )
အဆစ်နာရောဂါ ဆစ်ဖလက် လည်ပင်ကြီး တီဘီ အဆစ်နာရောဂါ
စတဲ့သူတွေကို စစ်တာ
@>PSA/CA 125/CA 153 -ကင်ဆာဖြစ်နိုင်ခြေရှိမရှိ
စစ်ဆေးတာ
@> PSA - ဆီးကျိတ်ကင်ဆာ စစ်တာ
@> CEA - အစာအိမ်နဲ့ အူလမ်းကြောင်း ကင်ဆာစစ်တာ
@> CA 125- သားဥအိမ်ကင်ဆာ စစ်တာ
@> PSA - အမျိုးသား ဆီးကျိတ်ကင်ဆာ စစ်တာ
@> Helicobacter Pylori - အစာအိမ်ရောဂါပိုး ရှိမရှိစစ်တာ
@> AFP - အသည်းကင်ဆာ စစ်တာ
@> faecal Occoult Blood - ၀မ်းတွင်းသွေးပါမပါ စစ်တာ
@> Digital Mammogram - ရင်သားဓာတ်မှန် ရိုက်တာ
@> CRP ( C Reactive Protein) - သွေးကြောရောင်
်ကိုင်းတာကို စစ်တာ@> Echo - နှလုံးလုပ်ငန်းဆောင်တာ စစ်ဆေးတာ
(နှလုံးတစ်ခုလုံးကို အပြင်မှာမျက်လုံးနဲ့ မြင်ရသလိုမြင်နိုင်တယ်)
@> T&DP - ခန္ဓာကိုယ် အတွင်းမှ အသားဓာတ် စစ်ဆေးတာ
@> albumin - ခန္ဓာကိုယ် အသားဓာတ်စစ်ဆေးတာ

(ဗဟုသုတအဖြစ်သာ)


#မေတ္တာဖြင့်ပြန်လည်မျှဝေသည်။😊

ကျန်းမာရေးဗဟုသုတများကို ပုံမှန်တင်ပေးနေတာမို့
Pageထဲကိုဝင်ရောက်လေ့လာဖို့ ဖိတ်ခေါ်ပါရစေ🙏🏻

&shareများလုပ်ပေးခြင်းဖြင့် ကူညီနိုင်ပါသည်။😊

Soe Myittar Mobile and Pharmacy

စိုးမေတ္တာ

(ဆေးမျိုးစုံနှင့်မိုဘိုင်း၊နာရီ၊မျက်မှန်၊လျှပ်စစ် စတိုး)

#ကဒုံကနိ

Address

Mahar Bandula Road
Kadonkani

Website

Alerts

Be the first to know and let us send you an email when Soe Myittar Mobile and Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram