Yoon Nadi Pharmacy

Yoon Nadi Pharmacy ယွန်းနဒီ ဆေးမျိုးစုံရောင်းဝယ်ရေး

ယွန်းနဒီ ဆေးဆိုင် ၏ မိတ်ဟောင်း မိတ်သစ်များ ခင်ဗျာ ယခုအချိန်အခါလိုသွားလာရ ခက်ခဲ့နေချိန် မိတ်ဆွေကြီးများ၏ အားပေးမှု့ကိုကျေ...
13/03/2022

ယွန်းနဒီ ဆေးဆိုင် ၏ မိတ်ဟောင်း မိတ်သစ်များ ခင်ဗျာ ယခုအချိန်အခါလိုသွားလာရ ခက်ခဲ့နေချိန် မိတ်ဆွေကြီးများ၏ အားပေးမှု့ကိုကျေးဇူးများစွာ တင်ရှိပါတယ်ခင်ဗျာ pages တွင်ဖြစ်စေ viberမှဖြစ်စေမှာယူလိုသောဆေးများကိုAm 6:00 မှPm 7:00ထိ မှာယူနိုင်ပါတယ် ခင်ဗျာ ခရမ်း မြို့တွင်းမှ မှာယူလိုပါက အိမ်တိုင်ရာရောက် အခမဲ့ ပို့ဆောင်ပေးပါတယ် ခင်ဗျာ အားပေးမှုများကို ကျေးဇူးများစွာတင်ရှိပါတယ် ခင်ဗျာ

COVID-19 အတွက်ထိုးဆေး လိုအပ်လျှင်အမြတ်မတင်ပဲ မှာယူတင်သွင်းပေးပါ့မယ် ..
16/08/2021

COVID-19 အတွက်ထိုးဆေး လိုအပ်လျှင်အမြတ်မတင်ပဲ မှာယူတင်သွင်းပေးပါ့မယ် ..


G_ပေါ်နေပြီ_M_ပေါ်နေပြီအိမ်သားတွေကို_မကူးနိုင်တော့ဘူးမလားTransmission_Vs_Antibody~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~Transm...
16/08/2021

G_ပေါ်နေပြီ_M_ပေါ်နေပြီ
အိမ်သားတွေကို_မကူးနိုင်တော့ဘူးမလား
Transmission_Vs_Antibody
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Transmission ရောဂါကူးတယ် ဆိုတာက ပိုး ကို တစ်ယောက်ကနေ တစ်ယောက် ဖြန့်ဝေနိုင်တာကိုပြောတာပါ။

ကိုဗစ်ဖြစ်ပြီးတဲ့လူက လက္ခဏာမပြရင် (ဒါမှမဟုတ်)
မပြင်းထန်ရင် သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ၁၂ရက် ဆို ပိုး (Virus) မရှိတော့ပါဘူး။သူ့ဆီမှာ Virus မရှိတော့တဲ့အတွက်သူများဆီမကူးနိုင်တော့ပါဘူး ။ရောဂါပြင်းထန်တဲ့ လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာက ၂၂ရက် ဆို ပိုး (Virus) မရှိတော့ပါဘူးသူ့ဆီမှာ Virus မရှိတော့တဲ့အတွက်သူများဆီမကူး နိုင်တော့ပါဘူး။

မြင်သာအောင်ပြောရရင်
“ အိမ်ကြီး မီးလောင်တဲ့အခါ မီးသတ်တပ်ဖွဲ့က မီးငြှိမ်းလိုက်ကြတယ်။ မီးတောက်ရှိ သေးလား ဆိုတော့ မရှိတော့ဘူး။မီးတောက်မရှိတော့ တာနဲ့အိမ်ကြီးက အရင်အတိုင်းဖြစ်သွားရောလား ။(လုံးဝ)မဖြစ်ဘူးနော် မီးဘယ်လောက်လောင်ခဲ့သလဲ ပေါ်မူတည်ပြီး အပျက်အစီးတွေက ကျန်ခဲ့တယ်မလား၊မီးကြီးလွန်းရင် မီးလောင်တာပြီးသွားပြီး၊ မီးတွေအကုန်ငြိမ်းသွားပြီး တာတောင် တစ်အိမ်လုံး ပြိုကျသွားတာ တွေရှိတယ် မလား"

အဲ့လိုပါပဲ လက္ခဏာတွေကျန်သေးတာက Virus ဖျက်ဆီးခဲ့တဲ့ အင်္ဂါအစိတ်အပိုင်းတွေက ချက်ချင်းပြန်မကောင်းသေးတာပါ။

" မီးလောင်ထားတဲ့ အိမ်ကြီး ပျက်စီးပြီး မည်းတူးကာ မီးသွေးတုံးတွေဖြစ်နေတာကိုကြည့်ပြီး မီးတောက်ဆက်ရှိနေတယ်လို့ မှ မဟုတ်တာ"

အဲ့လိုပါပဲ လှုပ်လို့ မောတယ်၊ ချောင်းခြောက်ဆိုးကျန်ခဲ့တယ် ဆိုတာ Virus ကျန်နေသေးတာ မဟုတ်ပါဘူး။
___________

Test Kit က G ဆိုတာ IgG , M ဆိုတာ IgM ပိုးကို သတ်ပစ်နိုင်တဲ့ Antibody တွေပါ။

Antibody ဆိုတာက မိမိ_ကိုယ်တိုင် အတွက်ပဲ
- ရောဂါမဖြစ်ရအောင် ၊
- ဖြစ်ခဲ့ရင်လည်း ရောဂါ မပြင်းထန်အောင်
ကာကွယ်ပေးတာပါ။

မြင်သာအောင်ပြောရရင်
Mask တွေ Faceshield တွေတပ် အပြင်ထွက်လျှောက်သွားပြီး မမြင်လိုက်လို့ (ခွေးချီး)နင်းလာတဲ့လူတစ်ယောက် က သူကိုယ်တိုင် နံ ပမလား။မနံဘူးနော်။သူက မနံပေမယ့် အိမ်ပြန်ရောက်တဲ့အခါ Mask မတပ်ထားတဲ့ အိမ်သားတွေကဘယ်လိုနေမလဲအိမ်သားတွေက နံကြမှာပေါ့။

" ကိုယ်က Antibody ရှိတာ နဲ့ အိမ်သားတွေဆီမရောက်ဘူးဆိုတာ မဟုတ်ပါဘူး "ကိုယ်က ရောဂါဖြစ်ပြီးပြီ၊ ကာကွယ်ဆေးထိုးပြီးပြီပြီးတော့ Antibody ထွက်ပြီ ဆိုပြီး
- လမ်းသလားမယ်
- လျှောက်သွားမယ်
- လျှောက်စားမယ်
- အိမ်လည်သွားမယ်
အဲ့ဒီ သွားတဲ့နေရာက လူတွေမှာ Virus ရှိနေရင်လေထဲကနေကူးတာလေ ၊Antibody ရှိတဲ့လူက အသက်မရှူပဲ နေနေတာမှ မဟုတ်တာ ၊Virus တွေက သူ့ကိုယ်ထဲရောက်တာပေါ့။

ကိုယ်ထဲ ဝင်လာတဲ့ Virus တွေကို သူ့ရဲ့ ကိုယ်ခံအားက သတ်ပစ်လိုက်နိုင်တော့ သူ့အတွက်တော့ ရောဂါမဖြစ်ဘူးပေါ့။ဒါပေမယ့် သူ့ကိုယ်ထဲ ဝင်တဲ့ Virus တွေကို ကိုယ်ခံအားက အကုန် သတ်မပစ်နိုင်ခင်အိမ်ပြန်ရောက်တဲ့အခါ
- အိမ်မှာဆို Mask မတပ်ဘူးလေ
- စကားပြောမယ်
- ထမင်းတူတူစားမယ်
- တစ်ခန်းထဲ တူတူနေမယ်
- တစ်ခန်းထဲ တူတူအိပ်မယ်
အဲ့ဒီတော့ သူနင်းလာတဲ့(ခွေးချီး)က တခြားသူတွေနံစော်ကုန်တာပေါ့။

Antibody ပေါ်နေပြီ သူများကို မကူးတော့ဘူးမလားဆိုတဲ့မေးခွန်းကို သေသေချာချာဖြေရရင်ကိုဗစ်ဖြစ်ပြီး Antibody ထွက်တဲ့လူက (အပေါ်ကပြောထားတဲ့ ရက်အပိုင်းအခြားကျော်ရင်) သူ့မှာဖြစ်ပြီးခဲ့တဲ့ ရောဂါပိုးကတော့ သူများကို မကူးတော့ပါဘူး။

ဒါပေမယ့်သူမဆင်မခြင်နေရင် တော့ အပြင်က နေ ရောဂါပိုး ကို သယ်လာပြီး (သူမဖြစ်တော့ပေမယ့်) တခြားသူတွေဆီ ဖြန့်ပေးနိုင်ပါသေးတယ်။

- ကိုယ်က ရောဂါဖြစ်ပြီးတာဖြစ်စေ
- ကာကွယ်ဆေး အပြည့်ထိုးပြီးတာ ဖြစ်စေ

မိမိအိမ်သားတွေက
- ရောဂါမဖြစ်သေးဘူး
- ဖြစ်ပြီး မဖြစ်ပြီး မသေချာဘူး
- ကာကွယ်ဆေး မထိုးရသေးဘူး ဆိုရင်အထူးဂရုစိုက်ပြီး နေရပါဦးမယ်။
- မလိုအပ်ပဲ အပြင်မထွက်ပါနဲ့
- အိမ်လည်မသွားပါနဲ့
- ဧည့်သည် မခေါ်ပါနဲ့
- မလွှဲသာပဲ အပြင်ထွက်ရရင်
- Mask + Faceshield တပ်ပါ
- လက်ခဏ ခဏ နဲ့ စနစ်တကျဆေးပါ
(Hand gel/ အရက်ပြန်နဲ့ ဆေးရင် စိုနေတာတွကို
သုတ်မပစ်ပါနဲ့ ခြောက်သွားတဲ့ အထိထားပါ)
- အပြင်ဝတ်တဲ့ အဝတ်တွေ ချက်ချင်းမလျှော်ဖြစ်ရင်
အဖုံးပါတဲ့ ထည့်စရာပုံးထဲ သေချာထည့်ပါ
- ထမင်း တူတူ မစားပါနဲ့
- ပူးကပ်စွာမနေကြပါနဲ့

အိမ်သားတိုင်း ကာကွယ်ဆေး ပြည့်အောင်အမြန်ထိုးကြပါ ။ဘယ်တော့မှ စိတ်ချရမလဲ ဆိုရင် တစ်ကမ္ဘာလုံး လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းကာကွယ်ဆေးထိုးပြီးရင် စိတ်ချရပါပြီ။

Antibody ထွက်တာ နဲ့ ရောဂါပိုးဖြန့်တာ ကွဲကွဲပြားပြား သိကြပါစေ။

ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Card - Dr ဘုန်းစည်သူလွင်

နေ့ရက်တိုင်းနေ့ရက်တိုင်းအတွက် အကြားချင်ဆုံးစကားလေးတခွန်းက
02/08/2021

နေ့ရက်တိုင်းနေ့ရက်တိုင်းအတွက် အကြားချင်ဆုံးစကားလေးတခွန်းက

ခရမ်းမြို့နယ်ဆေးရုံတွင် COVID positive လူနာများအသုံးပြုနိုင်ရန်အတွက်လိုအပ်သော Oxygen Concentrator စက်(၃)လုံးအား လှူဒါန်း...
01/08/2021

ခရမ်းမြို့နယ်ဆေးရုံတွင် COVID positive လူနာများအသုံးပြုနိုင်ရန်အတွက်လိုအပ်သော Oxygen Concentrator စက်(၃)လုံးအား လှူဒါန်းပေးခဲ့ပါသည်။ နတ်လူသာဓုခေါ်စေသော်🙏🏻🙏🏻🙏🏻

Ensure ဗူးအသေး(၂၀၀၀၀)ကြီး(၄၀၀၀၀)၊Glucerna ဗူးအသေး(၂၃၀၀၀) ယနေ့ရပါပီ။Ph-09-420155965,09688065160 သို့ဖုန်းဆက်မှာယူနိုင်ပါပ...
29/07/2021

Ensure ဗူးအသေး(၂၀၀၀၀)ကြီး(၄၀၀၀၀)၊Glucerna ဗူးအသေး(၂၃၀၀၀) ယနေ့ရပါပီ။
Ph-09-420155965,09688065160 သို့ဖုန်းဆက်မှာယူနိုင်ပါပီ

🔹 အဆုတ်ထဲမှာ ချွဲတွေရှိပြီး ချွဲကြပ်နေတဲ့ ကိုဗစ်လူနာဆိုရင် Oxygen ကျတက်ပါတယ်။ ပိုပြီး မောစေနိုင်ပါတယ်။ ဆိုတော့ ဒုက္ခပေးန...
26/07/2021

🔹 အဆုတ်ထဲမှာ ချွဲတွေရှိပြီး ချွဲကြပ်နေတဲ့ ကိုဗစ်လူနာဆိုရင် Oxygen ကျတက်ပါတယ်။ ပိုပြီး မောစေနိုင်ပါတယ်။ ဆိုတော့ ဒုက္ခပေးနေတဲ့ ချွဲတွေကို ချွဲကြပ်နေတဲ့ လူနာတွေမှာ ဘယ်လို ထုတ်ကြမလဲ….👍👍👍

🔹 က်ိုဗစ်လူနာတွေအတွက် ‘မှောက်’ ပီး
နောက်ထပ်ထိရောက်တဲ့ အရာကတော့ ‘ပုတ်’ ပေးတာပါ။ ဒါကို ဆေးပညာအရ “Percussion” လို့ခေါ်ပါတယ်

🔹 Percussion ပုတ်တာဟာ Chest Physio Techniques တွေထဲက Manual technique တစ်ခုဖြစ်ပါတယ်။Airway Clearance Chest Physio Technique တွေထဲက ကိုဗစ်အတွက် လက်တွေ့မှာ အထိရောက်ဆုံးနဲ့ အလိုအပ်ဆုံးက Percussion နဲ့ vibration ပါ။ကိုဗစ်လူနာအများစုက ချောင်းခြောက်ဆိုးတာဖြစ်တဲ့အတွက် huffing တို့ coughing တို့ အဲ့လောက်မလိုအပ်ခဲ့ပါဘူး။ ချွဲသလိပ်တွေ ထွက်တာမရှိသလောက်ပါပဲ။ ချွဲပါခဲ့ရင်လည်း အခုပြောပြမယ့် ပုတ်တဲ့နည်းကို သုံးလို့ရပါတယ်။

🔹 ပုတ်ပေးရတဲ့ အဓိကရည်ရွယ်ချက်က မောလို့ကုတင်ပေါ်မှာ မလှုပ်မရှားဘဲ နေတာကြာတာဖြစ်စေ ချွဲသလိပ်တွေထွက်အောင်ဖြစ်စေ အဆုတ်ထဲက လေအိတ်တွေအောက်ဆီဂျင် အလုံအလောက်မရတော့လို့ လေအိတ်တွေကပ်ပီး အဆုတ်ရဲ့အစ်ိတ်အပိုင်းတချို့ခဲသွားတာဖြစ်စေ နမိုးနီးယားလို့ခေါ်တဲ့ အဆုတ်ယောင်ရောဂါဝင်လာတာဖြစ်စေ ဒါမျိုး အခြေအနေတွေကိုကာကွယ်နိုင်အောင် “အဓိကက အဆုတ်မခဲသွားအောင် ဆရာမတို့ percussion ပုတ်တဲ့နေရာမှာ သုံးရတဲ့ လက်အနေအထားရှိပါတယ်။ လက်ဖဝါးကြီးနဲ့ လူနာကျောကို အဆုတ်ကွာအောင် တဖြန်းဖြန်း ရိုက်ပုတ်လို့မရပါဘူး

✅လက်အနေအထား

နည်းမှန် လမ်းမှန်နဲ့ Percussion ပုတ်တဲ့နေရာမှာ သုံးရမယ့်လက်အနေအထားကို အောက်ကပုံမှာပြပေးထားပါတယ်။
လက်မကိုလက်ညှိုးမှာ လာကပ်ပီး လက်ချောင်းတွေစိ လက်ဖမိုးခုံးထားတဲ့ cup hand လက်အခွက်လေးနဲ့ ပုတ်ပေးရတာပါ။

🔹 ပုတ်ရာမှာလည်း လက်တချောင်းလုံးအားလုံးသုံးပီးပုတ်တာမဟုတ်ဘဲ လက်ကောက်ဝတ်ရဲ့လှုပ်ရှားမှုကို အဓိကသုံးပီး ပုတ်ပေးရတာဖြစ်ပါတယ်။ ပုတ်တဲ့အားကလည်း steady beat အားညီရပါမယ် ပုတ်တဲ့အသံကလည်း hollow sound ဖြစ်ရပါမယ်။ တဖြန်းဖြန်း လက်ဖဝါးနဲ့ရိုက်တဲ့အသံဆို လူနာအသားပဲ နာပီး မထိရောက်ပါဘူး။အခုပြထားတဲ့ လက်cup hand ပုံစံအမှန်ဆို လူနာအသားမနာပါဘူး။

🔹 ပုံထဲကလို လက်၂ဖက် အတက်အကျပုတ်တာကတော့ ပညာရှင်တွေလို အတွေ့အကြုံရှိမှ ပုတ်ရတာ အဆင်ပြေမယ်လို့ထင်ပါတယ်။ ဒါကြောင့် အိမ်မှာ အချင်းချင်း ပုတ်ပေးတဲ့အခါမှာ လက်တဖက်ထဲပဲ အသုံးပြုပြီး ပုတ်ပေးလည်းရပါတယ်။ တကယ့်လက်တွေ့မှာလည်း လူနာရှင်တွေကို ဒီလိုနည်းနဲ့ သင်ပေးခဲ့တာ သူတို့အတွက်ပိုအဆင်ပြေတာကို တွေ့ခဲ့ရလို့ပါ။

✅ကြားခံ

ပုတ်ရမယ့် လက်အနေအထား သိပီဆိုရင်လည်း လူနာကျောက်ို တိုက်ရိုက်ပုတ်လို့မရပါဘူး။ ဆရာမတို့ကတော့ PPE နဲ့ ဝင်ရတာမို့ လက်အိတ်တွေ ၂ထပ်လောက်ဝတ်ထားတဲ့အနေအထားပါ။ အခုလို မိမိတို့အိမ်မှာ အချင်းချင်း စောင့်ရှောက်ပေးရမယ့် အနေအထားမှာ လက်အိတ်မရနိုင်လည်း ကိစ္စမရှိပါဘူး။ အဓိကက ကိုယ်ပုတ်မယ့်နေရာပေါ်မှာ သဘတ်အပါးတထည်ကို ခေါက်ပီးမှ အဲ့ သဘက်ပေါ်ကနေ ပုတ်ပေးစေချင်ပါတယ်။

✅နေရာ

အဆုတ်ရဲ့ဘယ်နေရာတွေကို အဓိကထား ပုတ်ပေးရမလဲ?
အဆုတ်မှာ lobes တွေသူ့အပိုင်းနဲ့သူအသီးသီးရှိပါတယ်။ ကိုဗစ်ပိုးဟာ အဆုတ်ရဲ့ကျောဘက်အောက်ဘက်ပိုင်းကို အဓိကဝင်ရောက်တိုက်ခိုက်တာဖြစ်တဲ့အတွက် Percussion ပုတ်တဲ့နေရာမှာလည်း ဒီအပိုင်းကို အလေးပေးပုတ်လေ့ရှိပါတယ်။ ကိုဗစ်အတွက် လူနာတွေရော ဆရာမတို့အတွက်ရော လက်တွေ့မှာ အသုံးဝင်ပီး အသုံးပြုခဲ့တဲ့ အနေအထားတွေကိုပဲ ပြောပြပေးပါ့မယ်။

အလွယ်မှတ်မယ်ဆိုရင် 👍👍👍

၁)မှောက်ရက်အနေအထား အောက်ကျောဘက်
၂) ဘေးစောင်းအနေအထား နံရိုးအောက်ကျောဘက်
၃) ပက်လက်အနေအထား ရင်ဘတ်အပေါ်ပိုင်းပါ။
(အောက်ကပုံတွေမှာ ပြထားပါတယ်)
ဒီလိုအနေအထားနဲ့ လူနာက မှောက်နေတဲ့အချိန်ဖြစ်စေ စောင်းနေတဲ့အချိန်ဖြစ်စေမှာ ပုတ်ပေးရမှာဖြစ်ပါတယ်။ တနေ့ကို ၁၆နာရီစာမှောက်ဖို့ ဆရာမပထမpost မှာတိုက်တွန်းထားပါတယ်။

✅ကြာချိန်/အချိန်

အဆုတ်ဟာ ဘယ်ခြမ်းညာခြမ်းရှိတဲ့အတွက် ကိုယ်အနေအထားတခုစီမှာ ဘယ်ညာ၂ဖက်လုံးကိုမျှပီး ၃-၅မိနစ် ပုတ်ပေးရမှာဖြစ်ပါတယ်။တဖက်ထဲကိုပဲ အကြာကြီး ပုတ်နေလို့ မရပါဘူး။အစာမစားမီနဲ့ စားပီး ၁နာရီခွဲ၂နာရီကြာမှ ပုတ်ရမှာဖြစ်ပါတယ်။ မဟုတ်ရင် စားထားတာတွေ ပြန်အန်ထွက်လာပါလိမ့်မယ်။ ဒါကြောင့် တနေ့ ၂ကြိမ် မနက်စောစော ဖြစ်စေ ညအိပ်ခါနီးဖြစ်စေ မိမိနဲ့အဆင်ပြေသလို လုပ်စေချင်ပါတယ်။

✅Gravity Assist

Percussion ပုတ်မယ်ဆိုတိုင်း postural drainage နဲ့တွဲပီး physiotherapistတွေကစဉ်းစားကြပါတယ်။ Postural Drainage ဆိုတာဟာ လူနာရဲ့ ကိုယ်အနေအထားပုံစံပြောင်းပီး gravity assist နဲ့ အဆုတ်ထဲမှ ကြပ်နေခဲနေတဲ့ ချွဲအရည်များစီးဆင်းစေခြင်း က်ိုခေါ်တာပါ။ ဒါကြောင့် မိမိတို့အိမ်မှာ လူနာကိုပုတ်ပေးတဲ့အခါမှာလည်း gravity ကမ္ဘာ့ဆွဲအားအထောက်အကူဖြစ်စေအောင် မှောက်ရက်နေရင် ပုံထဲကလို ကိုယ်အောက်မှာ ခေါင်းအုံးခံပီး မြင့်ထားပေးတာမျိုး လုပ်ရင်း ပုတ်ပေးရင် ပိုထိရောက်ပါတယ်။

✅ဘယ်လို ကိုဗစ်လူနာတွေ လိုအပ်လဲ?

ကိုဗစ်ဖြစ်တိုင်း ပုတ်ပေးဖို့ မလိုပါဘူး။ မှောက်အိပ်တာတောင် အောက်ဆီဂျင်ရှူနေတာတောင် SpO2တက်မလာဘဲ ကြပ်နေတဲ့သူတွေ ချောင်းဆိုးချွဲကြပ်နေတဲ့သူတွေ ဒီလိုလူနာတွေဆို ပုတ်တာ လုပ်စေချင်ပါတယ်။

‼️‼️Percussion ပုတ်နေတဲ့အချိန်ကော ပုတ်ပီးချိန်ကော SpO2 level Heart Rate Respiratory Rate တို့ကို pulse oximeter နဲ့တောက်လျှောက်စောင့်ကြည့်ပေးဖို့လိုပါတယိ။ ဒီsigns တွေမငြိမ်ဘူးဆိုရင် လုပ်နေတာကို ချက်ချင်းရပ်ပစ်ရမှာပါ။ ပုတ်နေချိန် Vital Signs ငြိမ်မှ လုပ်ဖို့ အကြံပြုပါတယ်။

❌မှားပီး ယောင်လို့တောင် မပုတ်မိစေချင်တဲ့နေရာနဲ့ အခြေအနေတွေပါ
1. ကျောရိုးဆစ်
2. ရင်ညွှန့်ရိုး
3. ရင်သား breast
4. အစာအိမ်
5. အရိုးကျိုးထားတဲ့နေရာ
6. Bony prominent အရိုးအပေါ်
7. Tumor အကျိတ်ရှိတဲ့နေရာ
8. နှလုံးကြောင့်ရင်ခေါင်းစူးအောင့်နေသူ
9. အဆုတ်သွေးကြောခဲရှိသူ
ဒီလိုလူတွေဆို ပုတ် လို့ လုံးဝမရပါဘူး။

: Physiotherapist Daw Ei Mon Khine

အရေးကြီးတဲ့ ဖြစ်စဉ်မို့ အားလုံးပဲ သတိပြုမိပြီး ကူးစက်မှုကိုလျော့ကျလာနိုင်စေဖို့📝ကိုဗစ် ၁၉ ရောဂါကူးစက်မှုအဆင့်ဆင့်ကို ဖော...
24/07/2021

အရေးကြီးတဲ့ ဖြစ်စဉ်မို့ အားလုံးပဲ သတိပြုမိပြီး ကူးစက်မှုကိုလျော့ကျလာနိုင်စေဖို့

📝ကိုဗစ် ၁၉ ရောဂါကူးစက်မှုအဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်

-ကျွန်တော်တို့အနေနဲ့ပထမဦးဆုံး ကိုဗစ် ၁၉ ရောဂါ ဖြစ်စဉ်ကို အဓိက အားဖြင့် အပိုင်းသုံးပိုင်း ခွဲပြီးနားလည်ထားဖို့လိုပါတယ်

1️⃣ လက္ခဏာ မပြမှီကာလ

ဒီ ကာလမှာမိမိကိုယ်ကို ကိုဗစ် ပိုး စတင် ကူးစပ်ပြီး၁ ရက်နေ့ ကနေ ၅ ရက်မြောက်နေ့ ထိ လက္ခဏာ မပြသေးပါဘူး

ဒါပေမယ့် ၃ ရက်မြောက်နေ့မှာတော့ အခြားသူကို ပြန်လည် ကူးစက်နိုင်နေပါပြီ

( ဒါကြောင့် မိမိ ကိုယ်တိုင်မည်သည့် ဝေဒနာ မှ မခံစားရသေးချိန်မှာပိုးမရှိဟု မှတ်ယူလွဲမှားကာ အခြားသူများကို အလွယ်တကူ ကူးစက်သွားစေနိုင်တာကို သတိပြုသင့်ပါတယ် )

_____________________

2️⃣ ပိုးထကြွသည့်ကာလ

ရောဂါကူးစက်ပြီး ပထမပတ်မှာ ဝေဒနာ လက္ခဏာများ ခံစားရတတ်ပြီးရောဂါ အခံမရှိသူ အများစုကတော့ ပြန်လည်သက်သာလာပါတယ်။ဒီလိုရက်ပိုင်းမှာအနံ့ပျောက်ပြီးမှ အနံ့ပြန်ရတဲ့သူများပါတယ်။

🛑 အနံ့ပြန်ရတာဟာ
လက္ခဏာတစ်ခု သက်သာတာဖြစ်ပြီး
ကိုဗစ်ရောဂါပိုးက အရှင်းပျောက်တာ
မဟုတ်သေးတဲ့အပြင် ရောဂါပိုးကိုလည်း
ပတ်ဝန်းကျင်ဆီ ဖြန့်နိုင်စွမ်း ရှိပါတယ်

🛑 ဒါကြောင့်

Home Quarantine ကို၂၀ ရက်ပြည့်အောင် စနစ်တကျ နေထိုင်ပေးကြဖို့ကိုလည်း
သတိပြုမိဖို့ လိုပါတယ် ခင်ဗျာ

3️⃣ ခုခံမှု နှင့် ရောဂါဆိုးသည့်ကာလ

ရောဂါကူးစက် ခံရပြီး နှစ်ပတ်မြောက်မှာပိုပြီး ပြင်းထန် လာတတ်ပါတယ်။အစိုးရိမ်ရဆုံး အခြေအနေ ဖြင့်မောကြပ် ၊ အသက်ရှူ ရခက် ၊ အဆုတ်ရောင်ဝေဒနာ များကို ခံစားရတတ်ပါတယ်

ရောဂါကူးစက်သည့်နေ့မှရက်၂၀ထိတိုင်ပိုးကအခြားသူကိုကူးစက်နိုင်ပါတယ်

ဒါကြောင့် ယင်း အချက်များသည် အမှန်တကယ် လိုက်နာရန် အရေးကြီးကြောင်း
မိမိကိုယ်တိုင် ရှေ့ဆောင်လမ်းပြ ပြုလုပ်ခြင်းဖြင့်အခြားသူများကို သိအောင် လုပ်ကြပါလို့နိူးဆော်တိုက်တွန်းအပ်ပါတယ်ခင်ဗျာ

_____________________




Post Covid Syndrome or Long Covid Covid ကနေ ပြန်ကောင်းသွားပြီးတဲ့ နောက် စိတ်အေးရပြီလား အရင်လိုပဲပြန်နေလို့ရပြီလား ဆိုတာတ...
23/07/2021

Post Covid Syndrome or Long Covid

Covid ကနေ ပြန်ကောင်းသွားပြီးတဲ့ နောက် စိတ်အေးရပြီလား အရင်လိုပဲပြန်နေလို့ရပြီလား ဆိုတာတွေ ခုနောက်ပိုင်း မေးလာကြပါတယ် …. ခုရက်ပိုင်းမှာပဲCovid ကနေ ပြန်ကောင်းလာပြီး မှ သေဆုံးသွားတဲ့ လူတွေရှိနေတယ်..တစ်ချို့ဆိုရုတ်တရတ် ကောင်းလာရက်ကနေ ဆုံးသွားကြတယ် ပေါ့နော် … အဲ့ဒါနဲ့ ပတ်သတ်ပြီး ဘာတွေသတိထားရမလဲ အသက်ကြီးတဲ့ မိဘတွေရှိတဲ့ လူတွေ ဘယ်လိုဂရုစိုက်ရမလဲ ဖတ်မိတာလေးတွေ share ပေးချင်ပါတယ် …

Covid က ခန္ခာကိုယ်ထဲမှာ ဘယ်လောက်ကြာကြာနေနိုင်လဲ
တစ်ချို့တွေက ကောင်းသွားပြီဆိုရင် အကုန် ပြီးသွားပြီလို့ ထင်ကြပါတယ် … ရောဂါကူးစက်နှုန်းနဲ့ ကိုယ်ခံအား ကိုယ်ဖြစ်ခဲ့တဲ့ Covid severity ပေါ်မှာ မူတည်ပြီး ရောဂါကနေ ပြန်ကောင်းလာဖို့ကို ပုံမှန်အတိုင်းဆို ဆယ်ရက်ကနေ ဆယ့်လေးရက်အထိ ကြာပါတယ် … တစ်ချို့တွေဆို ရက် ၂၀ ကနေ လေးဆယ့်ငါးရက်အထိ ကြာနိုင်ပါတယ် .. ဒါပေမယ့် တချို့ အသက်ရှူကြပ်အောက်ဆီဂျင်ကျပြီး အဆုတ်ကို ဆိုးဆိုးရွားရွား ထိသွားတဲ့ ( Severe Acute respiratory syndrome) လူတွေဆိုရင် အဆုတ် အပြင် ဦးနှောက်၊နှလုံး၊ ကျောက်ကပ် ၊သွေးကြောတွေ၊ အရေပြားတွေနဲ့ အာရုံကြောတွေမှာ နာတာရှည်ရောဂါလိုမျိုးတွေကျန်နေတတ်ကြပါတယ် .. တခါတလေကျ လူက ကောင်းသွားပြီးရင်တောင် အဲ့ virus က ကိုယ်ထဲမှာ သုံးလအထိ ရှိနေတတ်ပြီးတော့ တစ်ခါတစ်လေကျ ပြန်စစ်တဲ့ အခါမှာ positive ပြန်ပေါ်တတ်ပါတယ် ..

ခုချိန်ထိတော့ researcher တွေက ဒီ post covid syndrome နဲ့ ပတ်သတ်တဲ့ cause တွေ long term effect ကို ခုချိန်ထိ လေ့လာနေကြတုန်းပဲ ဖြစ်ပါတယ် … ပြီးတော့ ဒါတွေက လူတိုင်းဖြစ်မယ်လို့ ဆိုလိုတာမဟုတ်ပေမယ့် ကိုက Covid ဖြစ်ထားတဲ့ လူဆို ရင်တော့ သိထားသင့်တယ် ထင်ပါတယ် …
ဖြစ်နိုင်ချေ ရှိတဲ့ အချက်တွေကတော့
၁) ကိုယ်ခံအား ကျနေတာ
၂) ရောဂါပိုး ပြန်ကူးတာ
၃) ခန္ခာထဲမှာ ရှိတဲ့ system တွေ ရောင်ရမ်းစေတဲ့ syndrome ဖြစ်တာ
၄) ရောဂါဆိုးရွားပြီး ဆေးကုသမှု အကြာကြီးခံယူရတဲ့အခါ နဲ့
၅) ရောဂါဖြစ်ပြီးနောက် ကျန်ခဲ့တဲ့ Trauma တွေကြောင့် ဖြစ်နိုင်ပါတယ်တဲ့

နောက်ပြီး ရောဂါဖြစ်ပြီး ပြန်ကောင်းလာတဲ့ လူတွေရဲ့ 30-40% က bacterial /fungal infection နဲ့ တခြား နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်ဖို့ အခွင့်အရေးပိုများပါတယ် … အဲ့တော့ ကောင်းသွားပြီးဆိုပြီး လျှောက်သွားတာတွေ မဆင်မခြင်နေတာတွေမလုပ်ကြပါနဲ့လို့…

Post Covid Syndrome ရဲ့ ယေဘုယျလက္ခဏာတွေ ကတော့
- အရိုးအဆစ်တွေကိုက်ခဲတာ ခေါင်းကိုက်တာ
- သွေးထဲ သကြားဓာတ်များတာ
- အဖျား ရှိနေသေးတာ
- အရမ်းပင်ပန်းပြီး နုန်းခွေနေတာ
- အနံ့ပျောက် အရသာပျောက်ဖြစ်တာ
- အသက်ရှူရ ကြပ်တာ ဒါမှမဟုတ် ခက်ခဲတာ
- ချောင်းဆိုး ရင်ဘတ်အောင့် တာ
- Brain Fog လို့ခေါ်တဲ့ အာရုံစူးစိုက်မရတာ
- နှလုံးခုန်မြန်တာ
- Anxiety နဲ့ Depression ဖြစ်တာ
- Orthostatic hypotension လို့ခေါ်တဲ့ ရုတ်တရတ် ထိုင်တဲ့ ထတဲ့ အချိန် မူးဝေတာ
- အရေပြားမှာအနီစက်တွေပေါ်တာ
- Physical activities တွေလုပ်ပြီးတာနဲ့ အပေါ်မှာ ပြောထားတဲ့ ရောဂါလက္ခဏာတွေပိုဆိုးလာတာ တွေဖြစ်တတ်ပါတယ် …

Body system တစ်ခုစီမှာ ရော ဘယ်လိုထိခိုက်စေလဲ ?
အဆုတ်
Covid မှာ ဖြစ်တဲ့ pneumonia နဲ့ ရောင်ရမ်းခြင်းတွေကြောင့် အဆုတ်မှာ အနာရွတ့်ကျန်ခဲ့ပြီး အဆုတ်နဲ့ ပတ်သတ်တဲ့ နာတာရှည်ရောဂါတွေနဲ့ အသက်ရှူ ခြင်းတာနဲ့ ပတ်သတ်ပြိး အခက်အခဲတွေဖြစ်တတ်ပါတယ်

နှလုံး
တချို့ Covid ဖြစ်ပြီးပြန်ကောင်းသွားတဲ့ လူနာတွေမှာ နှလုံးကြွက်သားတွေ ပျက်စီးသွားတတ်ပါတယ် အဲ့ဒါက ရောဂါဆိုးရွားတဲ့ သူမဟုတ်ပဲ ပုံမှန် Mild Covid ဖြစ်ပြီး ပြန်ကောင်းသွားတဲ့လူတွေဆီမှာလဲ တွေ့့ရပါတယ် .. ဒီလိုဖြစ်ရခြင်းက နောက်ပိုင်းအသက်ကြီးလာတဲ့ခါ နှလုံးဖောက်တာ တို့ နှလုံး ကောင်းကောင်းမလုပ်မလုပ်နိုင်တာတို့ ဖြစ်တတ်ပါတယ်

ဦးနှောက်
Covid ဖြစ်တဲ့လူတော်တော်များများမှာ ကြွက်သားတွေအားနည်းတာ လက်တွေ ခြေထောက်တွေထုံတာ အစရှိတဲ့ ဦးနှောက်နဲ့ပတ်သတ်တဲ့ရောဂါလက္ခဏာတွေအပြင် ဆိုးရွားတဲ့ case တွေမှာဆို လေဖြတ်သလို Paralysis ဖြစ်တဲ့ ( Guillian-Barre’ Syndrome)၊ ခေါင်းမူးပြီး ရုတ်တရတ် မိုက်ခနဲ ဖြစ်တာ၊ confusion၊ delirium ၊ တက်တာ ( seizure) နဲ့ လေဖြတ်တာတွေအထိဖြစ်တတ်ပါတယ် … နောက်ပြီး ဒီပိုးရှိခဲ့တဲ့အတွက် အသက်ကြီးလာရင်ဖြစ်တတ်တဲ့ Alzheimer’s နဲ့ Parkinson’s disease ရဖို့ risk ပိုများလာတတ်ပါတယ်

ကျောက်ကပ်
ကျောက်ကပ်မှာ Covid ရဲ့ side effect တွေကြောင့် ကျောက်ကပ်ပျက်စီးတာမျိုးတွေဖြစ်တတ်ပြီးတော့ အရင်ထဲက ကျောက်ကပ်နဲ့ပတ်သတ်တဲ့ ရောဂါရှိတဲ့သူတွေမှာပိုဆိုးလာတတ်ပါတယ်

ရောဂါကနေသက်သာလာတဲ့အခါ ပုံမှန် သွေးပေါင်ချိန် နှလုံးခုန်နှုန်း အသက်ရှူနှုန်း အောက်ဆီဂျင်level တွေအပြင် ဖြစ်နိုင်ရင် System တစ်ခုချင်းစီအတွက် လိုအပ်တဲ့ investigation တွေလုပ်ဖို့လိုအပ်ပါတယ် … ကိုယ်ပြနေတဲ့ physician ကို ရောဂါလက္ခဏာတွေသေချာ ပြောပြပြီး စစ်နိုင်ရင်အကောင်းဆုံးပါပဲ..

ကုသမှုတွေကတော့ လူတစ်ယောက်နဲ့ တယောက် ရောဂါလက္ခဏာပေါ်မူတည်ပြီး ကွာခြားတတ်ပါတယ် … စိတ်ပိုင်းဆိုင်ရာ ထိခိုက်တဲ့လူတွေမှာ ဆိုရင်လဲ ကိုယ့်ကိုယ်ကိုယ်ပြန်လည်ထူထောင်လာနိုင်အောင် anxiety management ကောင်းကောင်းလုပ်ဖို နားနားနေနေ နေပြီး အာဟာရရှိတာတွေစားဖို့ နောက်ပြီး နောက်ထပ် ထပ်ပြီး ရောဂါပိုးပြန်၀င်မလာအောင် နေထိုင်ဖို့ အရမ်းကို အရေးကြီးပါတယ် …. တော်တော်များများ အထူးသဖြင့် မြန်မာပြည်က လူတွေဟာ စိတ်ကျန်းမာရေးကိုလဲသိပ်အရေးမထားတတ်သလို အပိုအလုပ်တွေမြင်တတ်ကြပါတယ် .. နောက်ပြီး နည်းနည်းလေးကျန်းမာရေးကောင်းလာတာနဲ့ ရုတ်တရတ်ထပြီး အလုပ်တွေလုပ်တာ အထူးသဖြင့်physical activities အများဆုံးသုံးရတဲ့ အလုပ်တွေလုပ်တာ အရမ်းကို အန္တရာယ် များပါတယ် …. အားလုံးပဲ ဒီကပ်ဆိုးကြီးကနေ လွတ်မြောက်ပြီး အမြန်ဆုံးပြန်လည်ကျန်းမာလာကြပါစေ ….

Crd:

ရေးသားသူအားကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ🙏🙏🙏OXygen concentrator တွေကို+positive သမား တစ်ယောက် သုံးထားပြီး သားရှုပြီး သား...
22/07/2021

ရေးသားသူအားကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ🙏🙏🙏
OXygen concentrator တွေကို
+positive သမား တစ်ယောက် သုံးထားပြီး သားရှုပြီး သား စက် ကို
နောက်ထပ် တစ်ယောက်
ရှရင်
စက်ကို ပြန် သန့်စင် ဖို့လိုပါသလားဗျ
စက်သန့်ရှင်းရေး ဘယ်လို လုပ်ရပါသလဲခင်ဗျာ
နားလည် သူများ တစ်ချက်လောက်ဖြေပေးပါလာခင်ဗျာ
credit
ဆရာတစ်ယောက် ဖြေပေးထားတဲ့ ဟာ လေးပါ တစ်စုတည်း ဖတ်လို့ရအောင် edit ပေးထားပါတယ်
Oxygen Concentrator #စက်အားပိုးသန့်စင်ခြင်း
Oxygen concentrator မှာ ပိုးသန့်စင်ရန်စဉ်းစားဖို့ (၁) စက်အပြင်ပိုင်း၊ (၂) လေစစ်ဇကာ filters များ၊ (၃) mask နဲ့ လေရှုပြွန် cannula and tubing (၄) ရေအိုး water trap humidifiers (၅) စက်အတွင်းပိုင်း ဆိုပြီး (၅) ပိုင်းခွဲစဉ်းစားပါမယ်။
ပထမတစ်ယောက်သုံးပြီး နောက်တစ်ယောက်မသုံးခင်မှာဖြစ်စေ၊ အခြားနေရာကသယ်ယူလာတာဖြစ်စေ #ပိုးသတ်ပြီးမှသုံးစွဲသင့်ပါတယ်။
ပိုးသန့်စင်မယ့်သူဟာ #လူနဲ့ဝေးရာမှာ mask နဲ့လက်အိတ်သေချာဝတ်ပြီးမှ ပိုးသန့်စင်သင့်ပါတယ်။
(၁) စက်အပြင်ပိုင်းကို အစွန်းချွတ်ဆေးမပါတဲ့ဆပ်ပြာရည်စိမ်ထားတဲ့အဝတ်နဲ့သုတ်နိုင်ပါတယ်။ ပြီးတာနဲ့ kitchen tower စက္ကူလိပ်နဲ့ရေပြန်သုတ်နိုင်ပါတယ်။
စက်ကိုအသုံးပြုနေစဉ်မှာ ရေစိုအဝတ်နဲ့သန့်စင်ခြင်း #မပြုလုပ်ပါနဲ့။
အဓိကကလက်ကိုင်တွေ၊ setting ချိန်တဲ့နေရာတွေ လက်နဲ့ထိတွေ့နိုင်တဲ့နေရာတွေမှာ ပိုးသန့်စင်ပစ်ရမှာဖြစ်ပါတယ်။
(၂) Filters လေစစ်စကာတွေကို ဖြုတ်ထုတ်ပါ။ ဖုန်ခါသန့်စင်ပြီး ချွတ်ဆေးမပါတဲ့ဆပ်ပြာရည်ထဲမှာ ၂ မိနစ်ခန့်စိမ်ပါ။ ပြီးရင်ပိုက်ခေါင်းအောက်ကရေနဲ့ပြန်ဆေးပစ်ပါ။
တတ်နိုင်ရင် UV light ခရမ်းလွန်ရောင်ခြည်ဖြစ်ဖြစ်၊ နေရောင်ထဲမှာ မိနစ် ၂၀ လောက်ထားပြီးဖြစ်ဖြစ် ပိုးသတ်ပါ။
လေသလပ်ခံကာ #လုံးဝခြောက်သွေ့သွားမှပြန်လည်တပ်ဆင်သုံးစွဲပါ။ မခြောက်သွေ့လို့ စက်အတွင်းသို့ရေမှုန်ရေမွှားပါသွားတာ မကောင်းပါ။
ဆေးရုံလိုနေရာများမှာသုံးဖို့ filter အပိုဝယ်ထားသင့်ပါတယ်။
အထဲမှာ HEPA လို့ခေါ်တဲ့ လေစစ်ဇကာပါပါတယ်။ အဲ့ဒါကိုသေချာဖြုတ်ပြီး ဘရပ်ရ်ှလေးနဲ့သန့်စင်ရပါတယ်။
ဖုန်ထဲမှာလူနာကရှုထုတ်ထားတဲ့ #ဗိုင်းရပ်စ်ပိုးတွေကပ်နေနိုင်တာကြောင့် mask နဲ့ goggles 🥽 တပ်ပြီးမှဖုန်သန့်စင်သင့်ပါတယ်။
(၃) လေရှုပြွန် cannula and tubing နဲ့ mask ကို နောက်တစ်ယောက်ပြန်သုံးရန် သန့်စင်ဖို့က #လက်တွေ့မကျပါဘူး။ နောက်တစ်ယောက်သုံးရင် #အသစ်လဲပါ။
Cannula ထိပ်နဲ့ mask ကို တစ်ယောက်တည်းသုံးရင်တောင်မှ ❌ ကြမ်းပြင်၊ စားပွဲခုံ၊ အိပ်ရာပေါ်စသည်တို့အပေါ်မှာမချမိဖို့ ဂရုစိုက်ပါ။ အဲ့လိုချမိရင် ရောဂါပိုးကိုဒါရိုက်ရှုမိသလိုဖြစ်စေပါတယ်။
မျက်နှာပြင်တစ်ခုခုပေါ် ချမိတယ်ဆိုရင် ဆပ်ပြာရည်ပါတဲ့ရေနွေးထဲမှာစိမ်ပါ။ ပြီးရင်ရေနဲ့ဆေးပါ။ ပြီးရင် (white vinegar ၁ ဆ - ရေ ၃ ဆ) ပါတဲ့ရေနွေးထဲ မိနစ် ၂၀ စိမ်ပြီးခြောက်အောင်သုတ်ပြီးမှ သုံးပါ။
အကယ်လို့ antiseptic solution ပိုးသတ်ဆေးရည်ရှိရင် အဲ့ဒီအထဲမှာမိနစ် ၃၀ စိမ်ပါ။
UV အလင်းရောင် (သို့မဟုတ်) နေရောင်ထဲထားပြီးလည်း ပိုးသတ်နိုင်ပါတယ်။
ဒါက cannula ထိပ်နဲ့ mask ကိုသာဆေးကြောသန့်စင်ဖို့ပြောတာဖြစ်ပြီး tubing ပြွန်ရှည်ကိုလုံးဝရေမစိမ်ရပါ။ ❌
ပြွန်ထဲရေဝင်သွားရင် ခြောက်သွေ့အောင်လုပ်ရတာအရမ်းခက်ပါတယ်။
လူနာတစ်ယောက်တည်းသုံးတာတောင်မှ လူနာကနေမကောင်းဖျားနာမှုရှိခဲ့ရင် cannula နဲ့ mask ကိုအသစ်လဲလှယ်သင့်ပါတယ်။
(၄) ရေအိုး water trap humidifiers ကိုလည်း အပေါ်ကနည်းအတိုင်းဆေးကြောနိုင်ပါတယ်။ လူနာပြောင်းရင် ကျိန်းသေပိုးသတ်ဖို့လိုပါတယ်။ လူနာမပြောင်းရင်တောင် ၅ ရက်တစ်ခါလောက်ဆေးပေးပါ။
အကယ်လို့ antiseptic solution ပိုးသတ်ဆေးရည်ရှိရင် အဲ့ဒီအထဲမှာမိနစ် ၃၀ စိမ်ပါ။
အဲ့ဒီ humidifier ပလတ်စတစ်ဘူးလေးထဲထည့်တဲ့ရေဟာ ရေသန့်ဖြစ်ရပါမယ်။ ကြိုချက်ထားတဲ့ရေသန့်ဖြစ်ရင်ပိုကောင်းပါတယ်။ အဲ့ဒီရေကို ထပ်ထပ်ဖြည့်တာထက် #နေ့စဉ်အသစ်လဲလှယ်ပေးတာမျိုးလုပ်ပေးသင့်ပါတယ်။
ရေမသန့်ခဲ့ရင်၊ ဘူးမသန့်ခဲ့ရင် mucormycosis လို့ခေါ်တဲ့ Covid လူနာမှာနောက်ဆက်တွဲမှိုနက်ရောဂါဖြစ်တတ်ပါတယ်။
ဟုတ်ပြီ။ အပေါ်က အဆင့် (၄) ဆင့်နဲ့စက်အပြင်လည်းသန့်ပြီ။ လေစစ်ဇကာတွေလည်းသန့်ပြီ။ လေရှုပြွန်ကလည်းအသစ်သုံးထားပြီးပြီ။ ရေဘူးကိုလည်းသေချာဆေးပြီးရေအသစ်လဲလှယ်ပြီးပြီ။
ဒါဆိုရင် လူနာတစ်ယောက်နဲ့တစ်ယောက်မကူးစက်ဘူးလို့ ၁၀၀ % သေချာပြီလား❓
Filter ဘယ်လောက်ကောင်းသလဲပေါ်မှာမူတည်ပါတယ်။ ကျနော့်အယူအဆကိုပြောပါမယ်။
အရင်လူနာရှုထုတ်သမျှလေဟာ စက်ပတ်ဝန်းကျင်ကိုရောက်သွားမှာပါ။ စက်ကအဲ့ဒီလေကိုစုပ်ယူပြီး နိုင်ထရိုဂျင်ဖယ်ထုတ်ကာ အောက်ဆီဂျင်ကိုစုစည်းပေးလိုက်တာပါ။
အဲ့ဒီတော့ စက်ရဲ့ Filter တွေက ဗိုင်းရပ်စ်နဲ့ဘက်တီးရီးယားကိုမစစ်ထုတ်ပေးနိုင်ဘူးဆိုရင် စုပ်ယူတဲ့လေနဲ့အတူအထဲကိုဝင်သွားမှာဖြစ်ပါတယ်။
စက်ထဲက ဇီယိုလိုက်ဇကာနဲ့ပိုက်ထဲမှာ အချိန်အတိုင်းအတာတစ်ခုအထိရှိကောင်းရှိနေနိုင်ပါတယ်။ စက်အထဲပိုင်းကိုသန့်စင်ဖို့မဖြစ်နိုင်ပါ။
အဲ့လိုပါသွားခဲ့ရင်တော့ အနည်းဆုံး (၅) ရက်ခန့်ထားပြီးမှသုံးသင့်ပါတယ်။
Richard Myo Thant
12-July-2021

အရမ်းမောနေတဲ့ Oxygen ရှူနေရတဲ့လူနာဟာ အစာစားဖို့ Oxygen ခဏဖယ်လိုက်တာနဲ့ Oxygen ကျပါတယ်။ ရှင်းရှင်းပြောရရင် ရှူထားတဲ့ Oxyg...
21/07/2021

အရမ်းမောနေတဲ့ Oxygen ရှူနေရတဲ့လူနာဟာ အစာစားဖို့ Oxygen ခဏဖယ်လိုက်တာနဲ့ Oxygen ကျပါတယ်။ ရှင်းရှင်းပြောရရင် ရှူထားတဲ့ Oxygen ဖယ်ပြီး ရေသောက်ရင်တောင် Oxygen ကျပါတယ်။ Oxygen မရှူရတဲ့အချိန်ကြာလေ သွေးတွင်း Oxygen ကျလေပါပဲ။

ရောဂါကိုတိုက်နေတုန်း အာဟာရပြည့်မှ ကိုယ်ခံအားကောင်းပြီး နလန်ထတာ မြန်ပါလိမ့်မယ်။ ထမင်း၊ ဟင်း ဘယ်လိုမှမစားနိုင်တဲ့ လူနာကို အာဟာရပြည့်တဲ့ Ensure တို့၊ နို့တို့၊ ကြက်ပေါင်းတို့မှ မကျွေးရင် အာဟာရပြတ်ပြီး ဒုက္ခများပါလိမ့်မယ်။

Oxygen ကျရတဲ့ အကြောင်းရင်းက

(၁) အဆုတ်ဟာ ရင်ခေါင်းထဲမှာ ရှိပါတယ်။

(၂) အဆုတ်ပိုးဝင်တဲ့အခါ အဆုတ်ထဲရောက်နေတဲ့တဲ့ပိုး 🦠 တွေကို ကိုယ်ခံအား (သွေးဖြူဥတွေ) က တိုက်တဲ့အတွက် အဆုတ်ဟာ ရောင်လာပါတယ်။

(၃) ပုံမှန်အားဖြင့် အဆုတ်က (အသက်ရှူလမ်းကြောင်း ခြောက်ကပ်မနေရဘဲ စိုစွတ်နေအောင်) အရည်အနည်းငယ် ထုတ်ပါတယ်။

(၄) ပိုးဝင်လို့ ရောင်လာတဲ့အဆုတ်ဟာ အဲ့ဒီအရည်တွေ အများကြီးထုတ်ပါတော့တယ်။

(၅) အဆုတ်ကထုတ်တဲ့ အရည်တွေ၊ ပိုး 🦠 အသေတွေ၊ သွေးဖြူဥအသေတွေ ရောနေတဲ့ အရည်တွေကြောင့် အဆုတ်က အသက်ရှူတဲ့အခါ "ခရူး ခရူး" ဆိုတဲ့ အသံထွက်လာတာပါ။ (ချွဲထတယ်ပေါ့)

(၆) လေပဲရှိရမယ့် အဆုတ်ထဲက လေအိတ်လေးတွေထဲမှာ ချွဲဆိုတဲ့ အရည်တွေပြည့်လာတော့ လူနာက မောကျပ်လာရတာပါ။

(၇) လူနာက ပက်လက်ပဲအိပ်တဲ့အခါ အဲ့ဒီအရည်တွေဟာ စုပြီး ခဲသွားပါတယ်။

(၈) အဲ့လိုခဲသွားတဲ့ အဆုတ်ဟာ လေလုံးဝမဝင်တော့ပါဘူး။ (အဲ့ဒီကနေ Oxygen ကျလာရခြင်းဖြစ်ပါတယ်)
___________

Oxygen ပေးတာများလို့ အဆုတ်ကွဲပြီး နှုတ်ခမ်းပြာသေတယ်

"Covid လူနာကြည့်တဲ့ ဆရာဝန်တွေနဲ့ ရေဝေးကလူတွေပြောတာ Oxygen ပေးတာများလို့ အဆုတ်ကွဲပြီး နှုတ်ခမ်းပြာသေတယ်" ဆိုတဲ့ဟာက တကယ့်ကို ထင်ရာမြင်ရာပြောကြတာပါ။ ဘယ် Covid လူနာကိုမှ ရင်ခွဲစစ်ဆေးမှု မလုပ်တဲ့အတွက် အဆုတ်ကွဲတာ/မကွဲတာ မသိနိုင်ပါဘူး။ နှုတ်ခမ်းပြာရခြင်းက အသက်မရှူနိုင်ခြင်းကြောင့် သွေးတွင်း Carbon Dioxide များပြီး Cyanosis ရနေခြင်းသာ ဖြစ်ပါတယ်။
___________

အရွက်တွေထောင်းကျိတ်ရှူ တိုင်းရင်းဆေးတွေရှူရင် Oxygen မလိုဘူး

မိစ္ဆာကြီးစိုးတဲ့နေရာမှာ Oxygen ရှာရခက်လို့ ဆင်းရဲဒုက္ခရောက်နေရတဲ့ ကောက်ရိုးတစ်မျှင်လည်း အားကိုးတကြီးဆွဲနေရတဲ့ ပြည်သူတွေကို

- မြန်မြန်သေအောင်၊
- မသေသင့်တဲ့လူတွေပါ သေအောင် လုပ်နေကြတာပါပဲ။

Oxygen ရှာရခက်တယ်၊ ရှာလို့မရနိုင်ရင် တကယ်အသုံးဝင်တဲ့ Position ပြောင်းပြောင်းပြီးနေရတဲ့ အသက်ကယ်တဲ့ အကြံပြုချက်တွေထက်ကို ဟိုဟိုဒီဒီ လျှောက်ရှူခိုင်းတာဟာ အဲ့ဒီအမှုန်တွေဟာ အသက်ရှူလမ်းကြောင်းထဲရောက်ပြီး နဂိုက ရောင်ရမ်းနေတဲ့ အသက်ရှူလမ်းကြောင်းကို ပိုပြီး ရောင်စေတဲ့အတွက် လူနာကို ပိုခံစားရစေပြီး အဆုတ်ပျက်စီးမှုကို ပိုပြီးဆိုးစေပါတယ်။

ရေးသာရေးရတာပါ၊ ကျွန်တော်တို့ရေးတာ ဖတ်တဲ့သူက သတ်သတ်၊ အမှုန်တွေရှူပြီးအရွက်ကျိတ်သောက်တဲ့လူက သတ်သတ်ဆိုတာ နားလည်ပါတယ်။ 😰

Covid ရန်ကင်းဝေးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ။

ေါက်တာ ဘုန်းစည်သူလွင်


Address

No. 264, (3) Wards, Phayarlan Street,
Kayan
11321

Opening Hours

Monday 06:00 - 22:00
Tuesday 06:00 - 22:00
Wednesday 06:00 - 22:00
Thursday 06:00 - 22:00
Friday 06:00 - 22:00
Saturday 06:00 - 22:00
Sunday 06:00 - 22:00

Website

Alerts

Be the first to know and let us send you an email when Yoon Nadi Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram