18/10/2025
အလှဆုံးမင်္ဂလာမောင်နှံများဖြစ်စေဖို့သတင်းကောင်း
မင်္ဂလာပွဲနီးလာပြီဆိုတော့ ပွဲအလယ်မှာ သွားဖြူဖြူလေးနဲ့ အလှဆုံးပြုံးဖို့လိုအပ်လာပြီပေါ့။
စစ်မှန်နွေးထွေးတဲ့ အပြုံးနဲ့မိမိကိုယ်ကို ယုံကြည်မှု တည်ဆောက်ရသလို ပြုံးလိုက်တဲ့အခါ မိမိရဲ့သွားလေးတွေ ဖြူဖွေးလှပနေတယ်ဆိုရင်တော့ လူပရိတ်သတ်အလယ်မှာ သတို့သား သတို့သမီးလေးတွ ယုံကြည်မှု ပို ရှိလာမှာအမှန်ပါပဲ။ မင်္ဂလာပွဲကျင်းပမယ့် မောင်နှံလေးတွေအတွက် အတောက်ပဆုံးအပြုံးလေးတွေ ဖန်တီးပေးနိုင်ဖို့အတွက် Tooth Whitening Treatment များကို 20.10.2025 မှ 30.11.2025 အထိ တန်ဆောင်တိုင် အထူးပရိုမိုးရှင်းများနဲ့အတူ ချမ်းငြိမ်းသာ သွားနှင့်ခံတွင်းဆေးခန်းမှာ ရရှိနိုင်ပါပြီ။
Promotion 1
သတို့သား+သတို့သမီး စုံတွဲလေးတွေ အတွက် tooth whitening treatment ၂ ယောက်စာ ယူမယ်ဆို 25% off ပါရှင်။
Promotion 2
တယောက်ထဲ တောက်ပမဲ့ သူလေးတွေ အတွက် whitening treatment ၁ ယောက်စာ ယူမယ်ဆို 20% off ပါရှင်။
Treatment မှာပါဝင်မှာတွေကတော့ Tooth scaling and polishing (သွားကျောက်ခြစ်ခြင်း နဲ့ တောက်ပအောင် လုပ်ဆောင်ပေးခြင်း) နဲ့ china/korea/USA product များဖြင့် Tooth whitening treatment (သွားဖြူဖွေးအောင် လုပ်ဆောင်ပေးခြင်း) များ ပါဝင်ပမယ်။ Treatment time အနေဖြင့် တဦးလျှင် ၁ နာရီခွဲ ဝန်းကျင် ကြာမြင့်ပါမယ်ရှင်။
အသေးစိတ်စုံစမ်းလိုသူများနဲ့ ကြိုတင် booking ယူလိုသူများအနေဖြင့် 09660777161 / 09791102100 နံပတ်များသို့ ဆကသွယ်နိုင်ပါတယ်ရှင်။
သွားလေးတွေ ဖြူဖွေးစေမယ့် Tooth Whitening Treatment အကြောင်းကို ဗဟုသုတ အနေနဲ့ ပြောပြရမယ်ဆိုရင်
(၁) သွားဖြူဖွေးစေခြင်း (Tooth Whitening) ဆိုတာဘာလဲ?
Tooth Whitening ဆိုတာကတော့ သွားမျက်နှာပြင် ကို လုံး၀မထိခိုက်စေပဲနဲ့ မိမိသွားရဲ့ရှိရင်းစွဲ သဘာ၀ အရောင် ကို ပိုမို ဖွေး လာအောင် လုပ်ဆောင်ပေးတဲ့ နည်းပညာပဲဖြစ်ပါတယ်။
(၂) ဘာကြောင့် Tooth Whitening Treatment လုပ်သင့်?
လူတိုင်းက ကိုယ့်သွားလေးတွေ ဖြူဖွေးနေချင်ကြမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ဆန္ဒဟာ အမြဲတမ်း မပြည့်၀နိုင်ပါဘူး။ အထူးသဖြင့် အသက်အရွယ်ရလာတဲ့အခါ သွားအရောင်ဟာ မှိန်သွားတတ်တယ်။ သွားကို စွန်းထင်းလွယ်တဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ဝိုင် တွေ သောက်သုံးတာများတဲ့သူတွေမှာလည်း သွားတွေဟာ ညိုညစ်ညစ်ဖြစ်နေတတ်တယ်။ ဆေးလိပ်သောက်တဲ့သူတွေမှာဆို ပိုဆိုးတာပေါ့။
ဒါကြောင့် မှန်ကြည့်လိုက်တိုင်း ကိုယ့်သွားညစ်ညစ်တွေကြောင့် မပျော်ရွှင်ရတော့ဘူးဆိုရင် Tooth Whitening Treatment ရှိတယ်ဆိုတာ သတိရလိုက်ပါ။
(၃) Tooth Whitening Treatment ကိုလေဆာ (Laser) ဖြင့် သွားဖြူဖွေးနည်းပညာဘယ်လိုလုပ်?
သွားဖြူဖွေး အောင် လုပ်တော့မယ်ဆိုရင် သွားဆရာ၀န်ကနေပြီး လုပ်သင့်မလုပ်သင့် အရင်ဆုံး စစ်ဆေး အကြံပြုပါလိမ့်မယ်။
ယနေ့မှာဆိုလျှင်ဖြင့် အဆင့်မြင့်တဲ့ လေဆာ နည်းပညာနဲ့အချိန်တိုအတွင်း သွားဖြူဖွေးအောင် ပြုလုပ်လို့ရနိုင်ပါပြီ။ Treatment ကတော့ Bleaching Product သုပ်လိမ်းပြီးရင် သွားဆရာ၀န်မှ လေဆာနည်းပညာနဲ့သွားတွေကို နာရီ၀က် ၁နာရီခန့်လေဆာ အလင်းပေးမှာဖြစ်ပါတယ်။ လေဆာနည်းပညာဟာ ပုံမှန်အခြားသွားဖြူဖွေး ကုသနည်းထက် ပိုမြန်၊ ပိုထိရောက်တဲ့အပြင် မိမိနဂိုသွားအရောင်ထက် ၆ဆခန့်ထိ ဖြူဖွေးလာအောင် စွမ်းဆောင်နိုင်ပါတယ်။
(၅) Whitening Treatment ယူပြီးလျှင် ဘယ်လောက်ကြာကြာ ခံပါသလဲ?
ထိရောက်မှုနှုန်းဟာ လူတစ်ယောက်နဲ့တစ်ယောက်ပေါ်မူတည်ပြီး ကွဲပြားနိုင်ပေမယ့် ယေဘုယျ အားဖြင့် ၁ နှစ်မှ ၂ နှစ်ခန့်ထိ ရလဒ်ဟာ ကြာရှည်နိုင်ပါတယ်။ ဒါပေမယ့် ကုသမှုခံယူပြီးနောက် သွားအရောင်စွန်းစေတဲ့ အရာတွေ စားသောက်မယ်၊ ဆေးလိပ်သောက်မယ်ဆိုရင်တော့ သွားအရောင်ပြန်မှိန်သွားဖို့ပိုမြန်ပါတယ်။
(၆) သွားဖြူဖွေးခြင်းနည်းပညာ ဟာ ဘေးထွက်ဆိုးကျိုးရှိနိုင်လား?
ဘေးထွက်ဆိုးကျိုးနည်းပါတယ်။ ကုသမှု ခံယူစဉ် အနည်းငယ် ထုံတာကျဉ်တာမျိုး၊ ကုသမှု ခံယူပြီးခါစမှာ အအေး ကို sensitive ဖြစ်တာ၊ သွားဖုံး မှာ ခိုးလိုးခုလု ဖြစ်တာမျိုး၊ လည်ချောင်းနာတာ၊ သွားဖုံး တစ်ဝိုက် အဖြူရောင်အကွက်လေးတွေကျန်ခဲ့တာမျိုးရှိနိုင်ပါတယ်။ ဒါတွေဟာလည်း ယာယီ လက္ခဏာများသာဖြစ်တဲ့အတွက် ကုသမှုခံယူအပြီး ရက်အနည်းငယ်အတွင်းပျောက်ကင်းသွားမှာဖြစ်ပါတယ်။
ဆေးခန်းဖွင့်ချိန်
တနလ်ာ၊ အဂ်ါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ
နံနက် 8:00 မှ နေ့လည် 1:00 နာရီ
ညနေ 4:00 မှ ည 6:30 နာရိီ
စနေ၊ တနင်္ဂနွေ
နေ့လည် 12:00 မှ ည 6:30 နာရီ