Shwe Myitta Laboratory

Shwe Myitta Laboratory Health Check Up

10/11/2024

#ဓာတ်ခွဲခန်းတွင်လုပ်ကိုင်ရန်ဝန်ထမ်းခေါ်ဆိုခြင်း

🔵ဓာတ်ခွဲခန်းတွင်လုပ်ကိုင်ရန် မ (၂)ဉီး

🔵ပညာအရည်အချင်း ၁၀တန်းအောင်/ဘွဲ့ရ

🔵အဖွဲ့အစည်းနှင့် အလုပ်လုပ်ကိုင်တက်သူဖြစ်ရမည်

🔵အကျင့်စာရိတ္တကောင်းမွန်ရမည်

🔵ဧရာဝတီတိုင်းအတွင်း ဓာတ်ခွဲခန်းရှိရာမြို့များသို့
လိုအပ်သလို လှည့်လည်လုပ်ကိုင်နိုင်ရမည်

🔵နေစရာစီစဉ်ပေးမည်

🔵လစာ ညှိနှိုင်း

🔵အသေးစိတ်chat boxမှစုံစမ်းနိုင်သည်

🔵လျောက်ထားလိုသူများ Cb ဖောင်နှင့်အတူ
Chat box Messenger သို့
ဆက်သွယ် လျှောက်ထားနိုင်သည်
# ​ရေရှည်လုပ်ကိုင်နိုင်သူဦးစား​ပေးပါမည် #
#ရွှေမေတ္တာဓာတ်ခွဲခန်း

Happy Thadingyut !!! 🎆🎆🧨🧨🎉🎉​ပျော်ရွှင်စရာ သီတင်းကျွတ်ပိတ်ရက်​လေး​တွေပိုင်ဆိုင်ကြပါ​စေရှင့်🤩🤩သီတင်းကျွတ်အခါသမယ​လေးမှာ လူက...
25/10/2023

Happy Thadingyut !!! 🎆🎆🧨🧨🎉🎉
​ပျော်ရွှင်စရာ သီတင်းကျွတ်ပိတ်ရက်​လေး​တွေပိုင်ဆိုင်ကြပါ​စေရှင့်🤩🤩
သီတင်းကျွတ်အခါသမယ​လေးမှာ
လူကြီးမိဘ​တွေကို ဂါရဝ လက်​ဆောင်အဖြစ် 🙏🙏🙏
ကျန်းမာ​ရေးစစ်​ဆေးမှုများပြုလုပ်​ပေးနိုင်​အောင်
ကျွန်မတို့ ​ရွှေ​မေတ္တာ​ရောဂါရှာ​ဖွေ​ရေးဓါတ်ခွဲခန်းမှ Medical Check Up Promotion Packages ​
လေး​တွေပြင်​ပေးထားပါတယ်ရှင့်😊😊

👉👉Promotion ကာလ​လေးက​တော့ 26.10.2023 မှ 26.11.2023 ထိ ၁ လတိတိဖြစ်ပါတယ်​နော် 👈👈

ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဆိုသကဲ့သို့ ကိုယ်ကျန်းမာမှ စိတ်ချမ်းသာနိုင်မှာမို့ ကိုယ့်ရဲ့ မိဘ ဘိုးဘွား ​လူကြီး ​ဆွေမျိုးများကို ကျန်းမာ​ရေးစစ်​ဆေးခြင်းဖြင့် ဂရုစိုက်ကြပါစို့​နော်😍😍

လိပ်စာ​လေးက​တော့ -👇👇
(၁) အမှတ် (၃၈) ၊ မြဝတီလမ်း ၊ မြဝတီရပ်ကွက် ၊
ဒါးကမြို့။
(၂) ​ဆေးရုံလမ်း ၊ ပြည်သူ့​ဆေးရုံ​ရှေ့ ၊ ​ကျောင်းကုန်းမြို့။
တို့မှာ လာ​ရောက်စစ်​ဆေးနိုင်ပါတယ်ရှင့်😊

လာ​ရောက်၍အဆင်မ​ပြေ​သော သူများအတွက်လည်း အိမ်အ​ရောက်​သွေး​ဖောက်​ပေးတဲ့ ဝန်​ဆောင်မှု​လေးလည်းရှိပါတယ်​နော် 😊😊

သိချင်တာများရှိလျှင်လည်း ဆက်သွယ်​မေးမြန်းနိုင်ပါတယ်ရှင့်😊
Ph - 09974980611

CP Auto/ CBC (complete blood count)  CBC ဆိုတာဘာလဲ????CBC ဆိုတာ medical check လုပ်တဲ့​နေရာမှာပါဝင်တဲ့ blood test တစ်ခုပါ...
18/09/2023

CP Auto/ CBC (complete blood count)
CBC ဆိုတာဘာလဲ????
CBC ဆိုတာ medical check လုပ်တဲ့​နေရာမှာပါဝင်တဲ့ blood test တစ်ခုပါ​နော်
ဘာအတွက်စစ်လဲဆို​တော့ ???👇👇
Anemia (​သွေးအားနည်း​ရောဂါ),
Infection (ကူးစက်​ရောဂါ),
Leukemia (​သွေးကင်ဆာ)
👆👆စတဲ့​​ရောဂါ​တွေသိရ​​အောင်စစ်တာပါ​နော်
CBC test မှာဘာ​တွေပါလဲ???👇👇
WBCs(White blood cells) ​သွေးဖြူဥ - ကူးစက်​ရောဂါ​တွေကိုတိုက်ထုတ်​ပေးတဲ့​နေရာမှာကူညီ​ပေးပါတယ်​
RBCs(Red blood cells)​သွေးနီဥ - ​သွေးထဲမှာ oxygen သယ်​ဆောင်တဲ့​နေရာမှာကူညီ​ပေးပါတယ်​
Haemoglobin (Hb%) - oxygen သယ်​​ဆောင်​ပေးတဲ့ ​သွေးနီဥထဲက protein ပါ
Platelets (Plt) ​သွေးဥ မွှား - ​သွေးခဲဖို့လုပ်​ဆောင်ရာမှာကူညီ​ပေးပါတယ်
Hematocrit (HCT) - ​သွေးထဲမှာရှိတဲ့ ​သွေးနီဥ ပမာဏ

👆👆စတာ​တွေပါပါတယ်​နော်
အဲ့​တော့ ကိုယ့်မှာ​သွေးအားနည်း​ရောဂါရှိ​နေလား?
ကူးစက်​ရောဂါဝင်​နေလား?
ကိုယ်ခံအားနည်း​နေလား?
သိချင်ရင် သက်ဆိုင်ရာဆရာဝန်နှင့်ပြ၍ဖြစ်ဖြစ် ကိုယ့်ဘာသာသိချင်လို့ပဲဖြစ်ဖြစ် စစ်လို့ရပါတယ်​နော်😊😊

ကိုယ့်ရဲ့ ချစ်သဲ​လေး​တွေပဲဂရုစိုက်​နေကြ​တော့မှာလား☺☺     ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်ကြပါဦး​နော်😃😃ကိုယ့်ကိုယ်ကို ဂရုစိုက...
06/09/2023

ကိုယ့်ရဲ့ ချစ်သဲ​လေး​တွေပဲဂရုစိုက်​နေကြ​တော့မှာလား☺☺
ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်ကြပါဦး​နော်😃😃
ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ဆို ကိုယ်ကျန်းမာမှ စိတ်ချမ်းသာမှာမို့ ကျန်းမာ​ရေး​လေးကိုဂရုစိုက်ကြပါ​နော်
အဲ့​တော့ ကိုယ့်ရဲ့အသဲ​လေးမဟုတ်တဲ့ အသည်း​လေးကိုဂရုစိုက်ကြည့်ကြမယ်​နော်😄😄

👉👉LIVER ( အသည်း)

- အသည်းဆိုတာ ခန္ဓာကိုယ်ဝမ်းဗိုက် ညာဘက်အ​ပေါ်နား​လေးက နံရိုး​အောက်မှာရှိ​နေတဲ့ ကိုယ်တွင်းအင်္ဂါတစ်ခုပါ​နော်

အသည်းရဲ့လုပ်​ဆောင်ချက်​တွေကဘာလဲ???
- ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရကိုထုတ်​ပေးတယ်
- ​သွေးထဲမှာရှိတဲ့ အဆိပ်အ​တောက်​တွေကို စစ်ထုတ်​ဖယ်ရှား​ပေးတယ် ( ဥပမာ - အရက်,​ဆေးဝါး )
- အစာ​ချေစနစ်အတွက်လိုအပ်တဲ့ သည်း​ချေရည်, အက်စစ် တို့ကိုလည်း ထုတ်​ပေးပါတယ်​နော်
- ​သွေးတွင်းသကြားဓါတ်ကိုလည်းထိန်းညှိ​ပေးပါတယ်​နော်
- ​ရောဂါကူးစက်မှုကိုလည်း ကူညီတိုက်ဖျက်​ပေးပါတယ်​နော်

အသည်းက ​ကောင်း​ကောင်းအလုပ်မလုပ်​တော့ဘူး အသည်းမှာ ပြသနာတစ်ခုခုရှိ​နေပီဆို ဘယ်လိုလက္ခဏာ​တွေပြမလဲ???
- ကိုယ်အ​လေးချိန်ကျလာမယ်
- အစားစားချင်စိတ်​ပျောက်ဆုံးလာမယ်
- အလိုလို ​မောပန်း​နေမယ်
- ဖျားနာ , အော့အန် မယ်
- နှာ​ခေါင်း​သွေးလျှံမယ်
- ဆီးအ​​ရောင်ရင့်မယ်
- မျက်လုံး , အသား​တွေ ဝါလာမယ်
- ဗိုက်အောင့်မယ်

အသည်းနဲ့ပတ်သတ်တဲ့​ရောဂါ​တွေက ဘာ​တွေဖြစ်မလဲ???
- Hepatitis A,B,C ( ​ဘီပိုး, စီပိုး ​ကြောင့်ဖြစ်တဲ့ အသည်း​ရောင်အသားဝါ​ရောဂါ)
- Liver Cirrhosis ( အသည်း​ခြောက်​ရောဂါ)
- Fatty Liver ( အသည်းအဆီဖုံးခြင်း​ရောဂါ)
- Live cancer ( အသည်းကင်ဆာ)

အသည်းနဲ့ပတ်သတ်ပီး ဘာ​တွေစစ်လို့ရလဲ???

- LFT with enzymes (ALT,AST,ALP,Tbil)
- GGT
- HBsAg,HCV Ab
- AFP
ဆိုတဲ့ test ​တွေကိုစစ်လို့ရပါတယ်​နော်😊😊


ကိုယ့်မှာ အသည်းနဲ့ပတ်သတ်တဲ့ လက္ခဏာ တစ်ခုခု ခံစား​နေရပီလား ?
အရက်အလွန်အကျွံ​သောက်ထားသူလား😁?
အဝလွန်​နေသူလား?
​ဆေးဝါး​တွေပုံမှန်ထက် ပိုသုံးစွဲ​နေရသူလား?
ဒီတိုင်း အသည်း​လေးပုံမှန်အတိုင်း အလုပ်လုပ်​နေရဲ့လား??
အဲ့တာဆိုရင်​တော့ အသည်း​လေးကို ပုံမှန်စစ်​ဆေးသင့်ပါတယ်​နော်
ကျွန်မတို့​ရွှေ​မေတ္တာ ဓါတ်ခွဲခန်း 🔬🔬(​ကျောင်းကုန်း, ဒါးက) တွင်လည်း သက်ဆိုင်ရာဆရာဝန်နဲ့ ပြသပီးဖြစ်​စေ(or) ကိုယ်တိုင်စစ်ဆေးလို၍ ဖြစ်​စေ စစ်​ဆေးနိုင်ပါတယ်ရှင့်☺☺☺
​သွေးလာ​ဖောက်လို့အဆင်မ​ပြေတဲ့သူများအတွက်လည်း အိမ်တိုင်ရာ​ရောက်​သွေး​ဖောက်​ပေးတဲ့ service ​လေးလည်းရှိပါတယ်​နော် 🩸🩸🩸
သိချင်တာ ​မေးချင်တာများရှိရင်လည်း ဆက်သွယ်နိုင်ပါတယ်ရှင့် 📞📞 09974980611

Vitamin Dဗီတာမင် D ဆိုတာကို လူတိုင်း ကြားဖူး၊ရင်းနှီးဖူးပြီးသားဖြစ်မှာပါ။ ဒါပေမယ့် တချို့သိထားတာနဲ့ ကွဲလွဲ​နေတာဖြစ်ကောင်...
09/12/2022

Vitamin D

ဗီတာမင် D ဆိုတာကို လူတိုင်း ကြားဖူး၊ရင်းနှီးဖူးပြီးသားဖြစ်မှာပါ။ ဒါပေမယ့် တချို့သိထားတာနဲ့ ကွဲလွဲ​နေတာဖြစ်ကောင်းဖြစ်နိုင်မယ့်အချက်တွေရယ်၊ ခန္ဓာကိုယ်အတွက်အရေးပါပုံကို ဗဟုသုတအနေနဲ့ ထပ်ပြီးသတိပေးတင်ပြ​ပေးသွားမှာပါ😊။

ဘယ်သူတွေမှာ ဗီတာမင် ဒီ ပိုချို့တဲ့တတ်လဲ??
[ ၁ ] အများစုထင်ကြပါတယ် ညိုတဲ့အသားအရေရှိတဲ့သူက နေရောင်ခံစရာမလိုအပ်ဘူး။ အမှန်တော့ ညိုသူတွေက ဖြူသူတွေထက် ဗီတာမင် ဒီ ပိုချို့တဲ့တတ်ပါတယ်။
အရေပြားမှာ အညိုရောင်ကိုဖြစ်ပေါ်စေတဲ့ melanin ကို အသားညိုတဲ့သူမှာ ပုံမှန်ကိုက ပိုများနေတဲ့အတွက် နေရောင်က UV ကို အသားဖြူသူတွေထက် ပိုစုပ်ယူမှုဖြစ်ပေါ်စေပါတယ်။ အဲ့ဒီအတွက် တူညီတဲ့ ဗီတာမင် ဒီ ပမာဏဖြစ်ပေါ်ဖို့အတွက်ဆို အသားညိုတဲ့သူတွေက ဖြူတဲ့သူတွေထက် နေရောင်ပိုရရှိဖို့လိုအပ်ပါတယ်။
[ ၂ ] အိမ်တွင်း အနေများသူတွေ၊ အပြင်ထွက်တဲ့အခါ အရေပြားအများစုလုံအောင်(ဥပမာ-အင်္ကျီလက်ရှည်၊ ဘောင်းဘီအရှည်) ဝတ်ဆင်တတ်သူတွေ၊ UV ကာကွယ်တဲ့ cream သုံးတတ်သူတွေ၊ ထိုသူတွေမှာလည်း ဗီတာမင် ဒီ ချို့တဲ့တတ်ပါတယ်။
[ ၃ ] ရေရှည် alcohol သောက်သုံးသူတွေ၊ အာဟာရချို့တဲ့သူတွေ၊ ကျောက်ကပ်နှင့် အသည်းဆိုင်ရာ ရောဂါအခံရှိသူတွေ ၊ လမစေ့ပဲ မွေးတဲ့ကလေးငယ်တွေ၊ ဗီတာမင် ဒီ ဖြည့်စွက်တိုက်ကျွေးခြင်းမရှိတဲ့ နို့စို့အရွယ်မွေးကင်းစကလေးငယ်တွေမှာလည်း ဗီတာမင် ဒီ ချို့တဲ့တတ်ပါတယ်(မိခင်နို့ရည်မှာ ဗီတာမင် ဒီ ပါဝင်မှုနည်းပါးပါတယ်)

ချို့တဲ့ရတဲ့ အကြောင်းတွေပြောတော့ ဟုတ်ပါပြီ ဗီတာမင်ဒီက ဘာအတွက်အရေးပါသလဲ၊ ချို့တဲ့ရင်ရော ဘာတွေဖြစ်တတ်လဲ???🤔🤔

Vit D ရဲ့​ကောင်းကျိုးများက​တော့👇

- [ ] Vit d သည် ခန္ဓာကိုယ်အတွင်းရှိ ကယ်လ်စီယမ်နှင့် ဖော့စဖိတ်ပမာဏကို ထိန်းညှိပေးတဲ့အတွက် အရိုးများ၊ သွားများနှင့် ကြွက်သားများ ကျန်းမာစေပါတယ်💪💪💪
- [ ] Vit D သည် ကိုယ်ခံအားကိုတက်​စေပီး သာမန် ဖျားနာခြင်း၊ အ​အေးမိခြင်း တို့ကိုလည်းကာကွယ်​ပေးနိုင်ပါတယ်💪💪💪
-[ ] Vit D သည် ကင်ဆာ,နှလုံး,​​သွေးတိုး,ဆီးချို , အရိုးပွရောဂါတို့ဖြစ်နိုင်​ချေကိုလည်း​​လျော့ချ​ပေးနိုင်ပါတယ်💪💪💪

Vit D ချို့တဲ့ရင်​တော့👇

- [ ] Vit d ချို့တဲ့ တဲ့အခါ အရိုးပျော့ရောဂါလို့ ခေါ်တဲ့ လူကြီးတွေမှာဆို osteomalacia နဲ့ ကလေးတွေမှာဆို rickets ကိုဖြစ်စေနိုင်ပါတယ်။ ကလေးတွေမှာဆို အရိုးပုံသဏ္ဍန်မမှန်တော့တာ၊ ကြီးထွားမှု ချို့ယွင်းတာထိတောင် ဖြစ်စေနိုင်ပါတယ်။
- [ ] နောက်လက္ခဏာတွေအနေနဲ့ Vit d ချို့တဲ့လို့ဖြစ်ပေါ်လာတဲ့ ကယ်လ်ဆီယမ်လျော့နည်းလာတဲ့အတွက် ကြွက်သားတွေတင်းတောင့်တာ၊ ကြွက်တက်တာတွေ၊ နှလုံးခုန်မမှန်တာ၊ အစာအိမ်အူလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေပါဖြစ်ပေါ်စေပါတယ်
-[ ] vit d ချို့တဲ့တဲ့ အခါ မကြာခဏ ဖျားနာခြင်း, အာရုံ​ကြော​ဝေဒနာခံစားရခြင်း, ပင်ပန်းနွမ်းနယ်ခြင်း တို့ကိုလည်းဖြစ်​စေပါတယ်😔😔

တချို့နိုင်ငံတွေမှာဆိုရင် ကျန်းမာရေးဝန်ကြီးဌာနကိုယ်တိုင်က ကလေးသူငယ်တွေမှာ အသက်အရွယ်အလိုက် နေ့စဉ်ဗီတာမင် ဒီ ကိုဖြည့်စွက်သောက်သုံးဖို့ တိုက်တွန်းကြပါတယ်။

Vitamin D ရဲ့​ကောင်းကျိုး, ဆိုးကျိုး​တွေကို သိသွားပီဆိုရင်​တော့ ကိုယ့်ရဲ့ကျန်းမာ​ရေးကို ဂရုစိုက်တဲ့အ​နေနဲ့ ကြိုတင်ကာကွယ်လို့ရ​အောင် သက်ဆိုင်ရာ ဆရာဝန်နဲ့ပြသ၍ ကိုယ့်ရဲ့ vit d နည်း​နေလား လုံ​လောက်မှုရှိရဲ့လား ​ဆေး​သောက်ရမလား သိရ​အောင် ​

(​ရွှေ​မေတ္တာ ​​ရောဂါရှာ​ဖွေ​ရေးဓါတ်ခွဲခန်း) တွင်
စစ်​ဆေးနိုင်ပါတယ်ရှင့်😊😊


📞📞09974980611

Thyroid Gland ဟာလည်ပင်း၏အရှေ့ဘက်၊ အသက်‌ရှူလေပြွန် ပတ်ပတ်လည်တွင်ရှိသော သေးငယ်သည့်အင်္ဂါတစ်ခုဖြစ်ပါတယ်။  လိပ်ပြာ ပုံသဏ္ဍာန...
14/10/2022

Thyroid Gland ဟာလည်ပင်း၏အရှေ့ဘက်၊ အသက်‌ရှူလေပြွန် ပတ်ပတ်လည်တွင်ရှိသော သေးငယ်သည့်အင်္ဂါတစ်ခုဖြစ်ပါတယ်။ လိပ်ပြာ ပုံသဏ္ဍာန်ရှိပြီး ကျယ်ဝန်းသော အတောင်ပံနှစ်ခုပါရှိပါတယ်။ သိုင်းရွိုက်ဟာ သင့်ခန္ဓာကိုယ်၏ အရေးကြီးသော လုပ်ငန်းဆောင်တာများစွာကို ကောင်းမွန်စွာ လုပ်ဆောင်နိင်ရန်အတွက် ဟော်မုန်းများ ဖန်တီးပေးပြီး ခန္တာကိုယ်အတွင်းရှိ ဇီဝဖြစ်ပျက်မှုများကို ထိန်းချုပ်ပေးပါတယ်။ 💪

Thyroid Glands များ အလုပ်မလုပ်ပါက ခန္ဓာကိုယ်တစ်ခုလုံးကို ထိခိုက်စေနိုင်ပါတယ်။ သိုင်းရွိုက်ရောဂါဟာ သိုင်းရွိုက်ဟော်မုန်းပမာဏကို မှန်ကန်စွာထုတ်မှုမရှိခြင်း ဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွင်း သိုင်းရွိုက်ဟော်မုန်းများလွန်းပါက hyperthyroidism လို့ ခေါ်တဲ့ အခြေအနေမျိုး ဖြစ်ပေါ်လာနိုင်ပြီး သိုင်းရွိုက်ဟော်မုန်းနည်းလွန်းပါက hypothyroidism လို့ခေါ်တဲ့‌အခြေအနေကိုခံစားရနိုင်ပါတယ်။ 🤢

⭕ Hyperthyroidism

သိုင်းရွိုက်ဂလန်းများမှ သိုင်းရွိုက်ဟော်မုန်းအလွန်အကျွံထုတ်တဲ့အခါ ခန္ဓာကိုယ်က စွမ်းအင်ကို ပုံမှန်ထက် ပိုမိုမြန်ဆန်စွာ အသုံးပြုပါတယ်။ စွမ်းအင်မြန်မြန်ဆန်ဆန် အသုံးပြုခြင်းကို Hyperthyroidism ‌ဟုခေါ်ပြီး
- ပုံမှန်ထက်ပိုမိုပင်ပန်းခြင်း
- နှလုံးခုန်နှုန်းကို မြန်ခြင်း
- ကိုယ်အလေးချိန်ကျခြင်း
- ပုံမှန်ထက်ပိုပြီး စိတ်လှုပ်ရှုားခြင်း
စသည်တို့ကိုဖြစ်ပေါ်စေပါတယ်။

⭕ Hypothyroidism
ခန္တာကိုယ်အတွင်း သိုင်းရွိုက်ဟော်မုန်းနည်းလွန်းခြင်းကို hypothyroidism ဟုခေါ်ပြီး

- ပင်ပန်းနွမ်းနယ်ခြင်း
- ကိုယ်အလေးချိန်တက်ခြင်း
- အအေးဒဏ်မခံနိုင်ခြင်း
စသည်တို့ကို ခံစားရတတ်ပါတယ်။

⭕ ရောဂါလက္ခဏာများ

သိုင်းရွိုက်ရောဂါခံစားနေရပါက ရောဂါလက္ခဏာအမျိုးမျိုး တွေ့ရှိနိုင်သော်လည်း သိုင်းရွိုက်ရောဂါလက္ခဏာများဟာ အခြားရောဂါလက္ခဏာများနှင့် ဆင်တူတာကြောင့် သေချာသိရှိနိုင်ရန်ခက်ခဲပါတယ်။ သိုင်းရွိုက်ရောဂါခံစားနေရလျှင်
🔸ဦးနှောက်လုပ်ငန်းဆောင်တာများ နှေးခြင်း
🔸ဝမ်းချုပ်ခြင်း
🔸သတိမေ့ခြင်း
🔸အသက်ရှူရခက်ခြင်း
🔸အလွန်အမင်း ချမ်းတတ်ခြင်း
🔸အိပ်မပျော်၊စားမဝင်ခြင်း
🔸အမျိုးသမီးများရာသီမမှန်ခြင်း စတဲ့လက္ခဏာတွေကို ခံစားရတတ်ပါတယ်။

ထိုမှတဆင့်
🔸သိုင်းရွိက် gland ကြီးလာခြင်း (သို့) လည်ပင်းအကြိတ်ကြီးခြင်း
🔸သိုင်းရွိက် gland ရောင်ရမ်းခြင်းနဲ့
🔸 Autoimmune ရောဂါတွေ ဖြစ်ပွားနိုင်ပါတယ်။

ဒါကြောင့် အဆိုပါလက္ခဏာတွေ တွေ့ရတဲ့အခါ ... Hyperthyroidism ( သိုင်းရွိက်ဟော်မုန်းများခြင်း) ကြောင့်လား Hypothyroidism (သိုင်းရွိက်ဟော်မုန်းလျော့နည်းခြင်း)ကြောင့်လား သိရအောင် 𝐓𝐡𝐲𝐫𝐨𝐢𝐝 𝐅𝐮𝐧𝐜𝐭𝐢𝐨𝐧 𝐓𝐞𝐬𝐭 (fT4,𝐓4,𝐓𝐒𝐇) စစ်ဆေးကြည့်ဖို့လိုအပ်ပါတယ်။

Thyroid ဟော်မုန်းကြောင့်ဖြစ်တဲ့ ​နောက်ဆက်တွဲ​ရောဂါများကို သက်ဆိုင်ရာဆရာဝန်👨‍⚕️👩‍⚕️နှင့်ပြသ၍ ဓါတ်ခွဲခန်းတိုင်းတွင် လွယ်ကူစွာ စစ်​ဆေးနိုင်ပါပီရှင်👩‍🔬👨‍🔬

☎️09974980611

Credit to owner

22/09/2022

သွေးထဲမှာရှိတဲ့ အဆီဓာတ်မျိုးစုံကိုစစ်တာကို Lipid profile လို့ ခေါ်ပါတယ်.. အဲ့ဒီမှာ အဓိက (၄) မျိုး ပါဝင်ပါတယ်..

Total Cholesterol
==============
စုစုပေါင်း Cholesterol ဘယ်လောက်ရှိလဲဆိုတာ တိုင်းတာတာပါ.. ကောင်းတာရော မကောင်းတာရော အကုန်ပါပါတယ်.. သာမန်လူတစ်ယောက်မှာ

22/09/2022

Hello ဆရာဝန်မှ ၂၀၂၂ ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်တမ်းကောက်ခံခဲ့ရာ ၁၁၉ယောက်သော ဖြေဆိုသူများရဲ့ နှလုံးကျန်းမာရေးနဲ့ ပတ်သက်တဲ့သဘောထားကို ခုလိုသိရှိခဲ့ရပါတယ်။

စက်တင်ဘာလ ၂၉ ရက်နေ့ ဟာ World Heart Day (ကမ္ဘာ့နှလုံးကျန်းမာရေးနေ့) ဖြစ်ပါတယ်။

#2022

Hello Hello !!!📣📣📣အားလုံးအတွက် သတင်း​ကောင်း​လေးလာပါပီ​နော်🤩🤩🤩🤩🤩🤩အခုလိုခက်ခဲ​နေတဲ့အချိန်ကာလ​လေးမှာ 💁‍♂️💁‍♂️နိုင်ငံခြားသွာ...
13/09/2022

Hello Hello !!!📣📣📣
အားလုံးအတွက် သတင်း​ကောင်း​လေးလာပါပီ​နော်
🤩🤩🤩🤩🤩🤩
အခုလိုခက်ခဲ​နေတဲ့အချိန်ကာလ​လေးမှာ
💁‍♂️💁‍♂️နိုင်ငံခြားသွားမယ့်သူတွေအတွက်ပဲဖြစ်ဖြစ်
💁‍♀️💁‍♀️ မိမိကိုယ်တိုင် စစ်ချင်လို့ပဲဖြစ်ဖြစ်
💁‍♂️💁‍♀️ဘီပိုးကာကွယ်​ဆေးထိုးချင်လို့ပဲဖြစ်ဖြစ်
အသည်း​ရောင် အသားဝါ ဘီပိုး, စီပိုး ,
HIV (ခုခံအားကျဆင်းမှု​ရောဂါပိုး) ရှိ,မရှိ
စစ်​ဆေးချင်တဲ့သူများအတွက်
20% Discount Promotion ​လေးရှိပါတယ်​နော်
Promotion ကာလ​လေးကတော့
14 September ~ 30 September
၂ ပတ်တိတိ ဖြစ်ပါတယ်ရှင့်
20 % Dis အပြင်👇👇👇
Service,accessories - Free of charge😍😍😍​လေးပါ ပါဦးမှာပါ​နော်
အခွင့်အ​ရေး​လေးကို လက်လွှတ်မခံဖို့ အခုပဲ ​
ရွှေ​မေတ္တာ​ရောဂါရှာ​ဖွေ​ရေးဓါတ်ခွဲခန်း​လေးကို
အ​ပြေး​လေးလှမ်းလာခဲ့ပါ​နော်🏃‍♂️🏃‍♀️🏃‍♂️🏃‍♀️

📞📞📞09974980611

02/09/2022
01/09/2022

❌ဆီးချိုရောဂါရှိသူများအတွက် ဆောင်ရန်/ရှောင်ရန် အစားအစာများ ❌

✅ စိတ်ကြိုက်စားနိုင်သော အစားအစာများ

သန့်ရှင်းလတ်ဆတ်သည့် အစိမ်းရောင် ဟင်းရွက်များ- ဘူးရွက်၊ ကိုက်လန်ရွက်၊ မုန်ညင်းရွက်၊ ဆူးပုတ်ရွက်၊ ချဉ်ပေါင်ရွက်၊ မြင်းခွာရွက်၊ ကန်စွန်းရွက်၊ ပန်းပွင့်စိမ်း (Broccoli)၊ မန်ကျည်းရွက်၊

အချိုဓာတ်မပါ၀င်သည့် အသီးများ - သံပုရာသီး၊ ခရမ်းချဉ်သီး၊ မုန်လာဥဖြူ၊ ဘူးသီး၊ ဂေါ်ရခါးသီး၊ ခရမ်းသီး၊ ခဝဲသီး၊ ရုံးပတီသီး၊ ကင်းပုံသီး၊ ကြက်ဟင်းခါးသီး။

အသားငါးများ
ကြက်၊ ဘဲ၊ ဆိတ်၊ အမဲ၊ ဝက်၊ ငါး၊ ပုဇွန်၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ

👉 အသင့်အတင့် စားသုံးနိုင်သော အစားအစာများ

အောက်ပါအစားအစာများသည် ကစီဓာတ်အလွန်များသောကြောင့် မိမိနှင့်သင့်တော်သော တစ်နေ့အတွက် ကစီဓာတ်ပမာဏကို ဆရာ၀န်နှင့်တိုင်ပင်ရန် လိုအပ်ပါသည်။

ကစီဓာတ်များသော အသီးအနှံများ - အာလူး၊ ပိန်းဥ၊ ပဲအမျိုးမျိုး၊ ငှက်ပျောသီး၊ မာလကာသီး၊ လိမော်သီး၊ ဖရုံသီး၊ ကန်စွန်းဥ။

ဆန်နှင့်ပြုလုပ်သော အစားအစာများ - ထမင်း၊ ဆန်ပြုတ်၊ ဆန်ခေါက်ဆွဲ၊ မုန့်တီ၊ မုန့်ဟင်းခါး၊

ဂျုံနှင့် ပြုလုပ်သော အစားအစာများ - အချိုမပါ၀င်သော ပေါင်မုန့်၊ ခေါက်ဆွဲ၊ နံပြား၊ အီကြာကွေး၊ ထပ်တရာ၊ ပလာတာ။

❌ ရှောင်ရန်အစားအစာများ

သကြားပါ၀င်သော အစားအစာများ- ဂလူးကို့စ်၊ ချောကလက်၊ ရေခဲမုန့်၊ လမုန့်၊ ထိုးမုန့်၊ ကိတ်မုန့်၊ ထန်းလျက်၊ ယိုအမျိုးမျိုး၊ ဘီစကစ်၊ ကိတ်မုန့်၊ နို့ဆီ၊ ကော်ဖီမစ်၊ လက်ဖက်ရည်၊
တို့ ဖြစ်ပါသည်။ 🤫 ဆီးချိုသမား အများစုဟာ လျှာပေါ် တင်လိုက်တာနဲ့ ချိုသော (သို့) အချို လွန်ကဲထားသော အစားအသောက်များကို ရှောင်ခြင်းအားဖြင့် မိမိ ဆီးချို အထိန်းကောင်းရန် လုံလောက်သည်ဟု ယူဆလေ့ရှိကြပါတယ်👩🏼‍⚕️

✅ ဆီးချို အထိန်းကောင်းရန်အတွက် မိမိ နေ့စဉ်စားသောက်နေသော အစားအသောက်များတွင် လျှာပေါ်တင်လိုက်တာနဲ့ အချို အရသာမရှိသော်လည်း သွေးတွင်းအချိုဓာတ် တက်စေနိုင်သော အစားအစာများလည်း ရှိပါသေးတယ် 🥖👩🏼‍⚕️

🔴 ထိုအစားအစာများကို စားလိုက်လျှင် ဆီးချို မတက်လောက်ပါဘူး လို့ မှားယွင်းယူဆပြီး ပမာဏအများအပြား စားသုံးမိသောအခါ သွေးတွင်း သကြားဓာတ်ကို အလွန်အမင်း မြင့်တက်စေပါတယ်❗️

🔴 မချိုသော်လည်း သတိထား စားသုံးရမည့် ဆီးချို တက်နိုင်သော အစားအစာမှာ ကစီဓာတ်များသာ ဖြစ်ပါတယ်❗️

🟢 ကစီဓာတ် ကြွယ်ဝသော အစားအစာများသည် စေးကပ်သော ကစီဓာတ် များခြင်းကြောင့် သဘာဝ အစားအစာ တစ်ခုဟာ ချိုသောအရသာ မရှိသော်လည်း စေးနေလျှင် ဆီးချိုပိုတက်နိုင်သည်ဟု ဆီးချိုလူနာများ အလွယ် သတိပြု မှတ်သား ထားနိုင်ပါတယ် 🟢

🔴 ကစီဓာတ် ပါဝင်သော အစားအစာများ ဖြစ်တဲ့ -
▪️ထမင်း/ဆန်
▫️ကောက်ညှင်း ၊ မြန်မာမုန့်အစုံ
▪️သာကူ
▫️ခေါက်ဆွဲ
▪️ဆန်ကြာဆံ၊ ပဲကြာဆံ
▫️မြူစွမ်
▪️မုန့်ဖတ်အမျိုးမျိုး
▫️ပေါင်မုန့်
▪️ပေါက်စီ
▫️နံပြား
▪️တိုရှည်
▫️ချာပါတီ
▪️ပူရီ
▫️အီကြာကွေး
▪️ပလာတာ
▫️သစ်ဥသစ်ဖုများ - အာလူး၊ကန်စွန်းဥ၊ပိန်းဥ၊အာတာလွတ်ဥ၊ပီလောပီနံဥ၊ပဲမြစ်
▪️ပြောင်းဂျူံ၊ပြောင်းကော်မှုန့်၊ သကြားပြောင်း

အထက် ဖော်ပြပါ အစားအစာများကို တစ်ပြိုင်နက်ထဲ တွဲဖက် စားသုံးမိသည့်အခါ (ဥပမာ - ထမင်းနှင့်အာလူးဟင်း၊ အာလူးထမင်းနယ်၊ ထမင်းနှင့်ပြောင်းဖူးကြော်၊ ပိန်းဥ ထမင်းပေါင်း၊ ကော်ရည် ခေါက်ဆွဲ၊ မုန့်ဟင်းခါး နှင့် ထမင်း၊ အီကြာကွေးနှင့် ရောစားခြင်း၊ သာကူ နှင့် ကန်စွန်းဥ ) စသဖြင့် တွဲဖက်စားသုံးလိုက်တဲ့ အခါမှာ စားပြီး ၂နာရီလောက် အကြာ သွေးတွင်း သကြားဓာတ် ဖောက်စစ်လျှင် ပုံမှန်ထက် ဆီးချို ပိုတက်နေနိုင်တာ ဖြစ်လို့ သတိပြု စားသုံးပေးကြပါနော်……….

Original Uploader

“ဒေါ်ကြည်သန်း၂ ကိုမင်းသူ” ဆေးကိရိယာပစ္စည်းမျိူးစုံရောင်းဝယ်ရေး page မှ ကူးယူဖော်ပြပါသည်

🔹 ဆီးချိုရောဂါ ရှိ/မရှိ သေချာအောင် စမ်းသပ်စစ်ဆေးခြင်း 🔹 ဆီးချိုရောဂါ အမှန်တကယ် ဖြစ်နေကြောင်း စမ်းသပ်မှုများ ပြုလုပ်ရသလို...
12/08/2022

🔹 ဆီးချိုရောဂါ ရှိ/မရှိ သေချာအောင် စမ်းသပ်စစ်ဆေးခြင်း 🔹

ဆီးချိုရောဂါ အမှန်တကယ် ဖြစ်နေကြောင်း စမ်းသပ်မှုများ ပြုလုပ်ရသလို ဆီးချိုရောဂါ ဖြစ်ပွားရသည့် အကြောင်းအရင်းကို သိစေရန် ဆီးချိုရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ ရှိ/မရှိ စစ်ဆေးရန်နှင့် မိမိကုသနေသော လူနာ၏အခြေအနေ တိုးတက်မှု ရှိ/မရှိ သိရှိနိုင်စေရန် အောက်ပါ စမ်းသပ်စစ်ဆေးမှုများကို ပြုလုပ်ရလေ့ရှိပါသည်။

ဆီးစစ်ဆေးခြင်း (Urine RE)
--------------------------
ဆီးထဲ၌ ဂလူးကို့စ် ပါ/မပါ စစ်ဆေးခြင်းဖြစ်သည်။ သာမန် ကျန်းမာနေသူ၏ ဆီးထဲတွင် ဂလူးကို့စ် မပါဝင်ရပါ။ အကယ်၍ ဆီးကိုစစ်ကြည့်ပြီး ဂလူးကို့စ်ပါနေပါက ဆီးချိုရောဂါ ဖြစ်နိုင်ပါသည်။ ဆီးကို အစာစားပြီး ၂ နာရီ အကြာ၌ ယူလျှင် အကောင်းဆုံးဖြစ်သည်။ ဆီးထဲ၌ ဂလူးကို့စ်တွေ့ရုံနှင့် ဆီးချိုရောဂါ ရှိနေပြီဟု တန်းပြော၍ မရသေးပါ။ သေချာအောင် သွေးထဲရှိ ဂလူးကို့စ်ကို စစ်ဆေးပြီး သွေးထဲမှာပါ များနေမှသာ ဆီးချိုဟု ပြောနိုင်ပါသည်။ အချို့သူများ (ဥပမာ ကိုယ်ဝန်ဆောင်များ၊ ကျောက်ကပ်က ဂလူးကို့စ်ကို ပုံမှန်စွန့်ထုတ်နေသူများ) တွင် သွေးထဲ၌ ဂလူးကို့စ် များလေ့မရှိပါ။ အချို့သောဆေးများ (ဥပမာ Ampicillin, Amoxycillin, Levodopa, Aspirin) သည်လည်း ဂလူးကို့စ် စမ်းသပ်မှုကို နှောင့်ယှက်ဟန့်တားနိုင်ပါသည်။

ဆီးစစ်ရာတွင် ဆီးချိုရောဂါသည်များ ဖြစ်လေ့ရှိသည့် ဆီးလမ်းကြောင်း ပိုးဝင်သောလက္ခဏာများ (ဥပမာ ဆီးတွင်း၌ ဘက်တီးရီးယားပိုးများ တွေ့ခြင်း၊ ပြည်များ တွေ့ခြင်း) ရှိ/မရှိ သိနိုင်သလို ကျောက်ကပ်ပျက်စီးမှု ရှိ/မရှိကိုလည်း ဆီးတွင်း၌ ပရိုတင်းဓာတ် (Urine protein) ပါဝင်မှု ရှိ/မရှိကို ကြည့်၍လည်း သိနိုင်ပါသည်။ အခြားသော အချက်အလက်များဖြစ်သည့် ကီတုံးများ (Ketones) ပါဝင်ပါက ဆီးချိုထိန်းသိမ်းမှု ပို၍ဂရုစိုက်ရန်လိုကြောင်း ပြသပေးသဖြင့် အကျိုးရှိပါသည်။

သွေးတွင်းဂလူးကို့စ် စစ်ဆေးခြင်း (Blood glucose testing)
----------------------------------------------------
သွေးဖောက်၍ စစ်ဆေးရာတွင် အဓိကအားဖြင့် လက်မောင်းရှိ သွေးပြန်ကြောမှ ဖောက်ယူလေ့ရှိသည်။ အိမ်တွင်တိုင်းသည့် သွေးတွင်းရှိ ဂလူးကို့စ်တိုင်းသောစက် (Glucometer) ဖြင့် တိုင်းပါက လက်ထိပ်ရှိ ဆံခြည်မျှင် သွေးကြောများမှ သွေး (Capillary blood) ကို ယူခြင်းဖြစ်၍ လက်မောင်းသွေးပြန်ကြောမှယူသော သွေးထက် ဂလူးကို့စ်ပမာဏ အနည်းငယ် ပိုများနိုင်သည်။

သွေးဖောက်သည့် အချိန်ပေါ်မူတည်၍ သွေးတွင်းရှိ ဂလူးကို့စ်ပမာဏ အပြောင်းအလဲရှိသည်။ ထို့ကြောင့် မည်သည့်အချိန်တွင် သွေးဖောက်သည်ကိုပါ ပူးတွဲဖော်ပြရပါမည်။ တစ်ညလုံး အစားမစားဘဲ မနက်မိုးလင်းလင်းချင်း သွေးဖောက်စစ်ဆေး၍ ရသည့်အဖြေကို Fasting blood glucose ဟုခေါ်သည်။ ယင်းကိုစံပြုပြီး အမြဲတိုင်းတာလေ့ရှိသည်။ အစာ စားပြီး ၂ နာရီကြာမှ တိုင်းခြင်းကို 2 hours postprandial glucose ဟုခေါ်သည်။ ယင်းသည် သွေးအတွင်း အစာစားပြီး ဂလူးကို့စ် မည်မျှအသုံးပြုနိုင်သည်ကို ပြသခြင်းဖြစ်သည်။

အချို့မှာ ကြိုတင်စီစဉ်ထားခြင်း မရှိဘဲ ၂၄ နာရီအတွင်း ကြုံသည့်အချိန်တွင် သွေးဖောက်စစ်ဆေးခြင်းကို Random blood glucose ဟုခေါ်သည်။ ဆေးရုံ၊ ဆေးခန်းသို့ ရောက်လာသော လူနာများ၊ ယခင်က ဆီးချိုရှိမှန်း မသိသော လူနာများအား ဆီးချိုသံသယရှိပါက ချက်ချင်းသိစေရန် စစ်ဆေးခြင်းဖြစ်သည်။ ယင်းသို့စစ်ဆေးပြီး သွေးတွင်းဂလူးကို့စ် များစွာတက်နေလျှင်လည်း ဆီးချိုရှိသည်ဟု သတ်မှတ်နိုင်သည်။
(ဒေါက်တာခင်မောင်လွင်)

၃ လအတွင်း ​သွေးတွင်းဆီးချိုဓါတ်စစ်​ဆေးခြင်း(HbA1c)
---------------------------------‐-------------------------------------
HbA1c testing ကိုများ​သောအားဖြင့် ဆီးချိုသမားများတွင် အစစ်များပါသည် ။ ပုံမှန်​ဆေး​သောက်​နေ​သော်လည်း အချိုဓါတ်များ​သောအစားအစာများကို အလွန်အကျွံစားထားလျှင် ​သွေးစစ်​ဆေးခြင်းအားဖြင့် သိနိုင်၍ ​ဆေးအတိုးအ​လျော့လုပ်ခြင်းဖြင့်ဆီးချိုဓါတ်ကိုထိန်းနိုင်​အောင် ကူညီ​ပေးသော test ဖြစ်ပါသည်။ ဆီးချို​ရောဂါမရှိ​သောသူများတွင် ဆီးချို မရှိတာ​သေချာလား? ဆီးချိုအကြိုဖြစ်​နေပီလား? ဆီးချိုတစ်ကယ်ဖြစ်​နေပီလား? HbA1c test ကိုစစ်​ဆေးခြင်းဖြင့် သိရှိနိုင်ပါသည်


📞📞📞 09974980611

Address

အမှတ်(၁၇)၊​ ( ၂ ) ရပ်ကွက် ဆေးရုံလမ်း
Kyaunggon

Opening Hours

Monday 08:00 - 19:00
Tuesday 08:00 - 19:00
Wednesday 08:00 - 19:00
Thursday 08:00 - 19:00
Friday 08:00 - 19:00
Saturday 08:00 - 19:00
Sunday 08:00 - 19:00

Telephone

+959974980611

Website

Alerts

Be the first to know and let us send you an email when Shwe Myitta Laboratory posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Shwe Myitta Laboratory:

Share