Linn Latt Pharmacy,Lashio.

Linn Latt Pharmacy,Lashio. ဆေးမျိုးစုံနှင့်အိမ်သုံးအလှကုန်မျ?

**ကလေးတွေမှာ အိုမီခရွန်ဖြစ်ရင် စောင့်ကြည့်သင့်တဲ့ နီ ၊ ဝါ ၊ စိမ်း လက္ခဏာများ **
15/02/2022

**ကလေးတွေမှာ အိုမီခရွန်ဖြစ်ရင် စောင့်ကြည့်သင့်တဲ့ နီ ၊ ဝါ ၊ စိမ်း လက္ခဏာများ **



ဆရာဝန်တယောက်ရဲ့ အိုမီခရွန် မှတ်တမ်း ✍🏻တဆင့်ချင်းဖြစ်တဲ့ အဖြစ်များတဲ့ ရောဂါလက္ခဏာတွေက _နှာစေး နှာမွှန် နှာရေယိုမယ်_ကိုယ်ပ...
15/02/2022

ဆရာဝန်တယောက်ရဲ့ အိုမီခရွန် မှတ်တမ်း ✍🏻

တဆင့်ချင်းဖြစ်တဲ့ အဖြစ်များတဲ့ ရောဂါလက္ခဏာတွေက
_နှာစေး နှာမွှန် နှာရေယိုမယ်
_ကိုယ်ပူမယ် ဖျားမယ် low grade fever လည်းလာသလို high grade လည်းလာတယ်. . ဆေးထိုးဆေးသောက် သိသိသာသာ မသက်သာဘူး ပြန်ဖျားတယ်
_မျက်လုံးတွေ ပူစပ်နေမယ်
_ခေါင်းအုံပြီးကိုက်မယ်
_ကိ်ုယ်လက်နာမယ် နှုန်းမယ်
_ချမ်းတုန်မယ် အရိုးထဲကချမ်းမယ် မနက်ပိုင်းတွေပိုချမ်းမယ်
_ချွေးထွက်လိုက် ချမ်းလိုက်ဖြစ်နေမယ်
_ဝမ်းပျော့မယ် မပျက်ဘူး ဝမ်းလည်းချုပ်တတ်တယ် ဒါပေမယ့် ပျော့မယ်
_လည်ပင်းယားလာမယ် ချောင်းနည်းနည်းဆိုးမယ် သလိပ်ထွက်မယ်
_လှုပ်လှုပ်ရှားရှားလုပ်ရင် မောလာမယ် Heart rate တက်မယ် SpO2 မကျတာများတယ်
*ရောဂါကူးပြီး ၂ရက်ကနေ ၅ရက်အတွင်းမှာ လက္ခဏာတွေ တခုပြီးတခုပြလာမယ် *

~~~~~~~~~~
covid မှာ mild / moderate symptom နဲ့ severe symptom ဆိုပြီးခွဲတယ်. . covid ဖြစ်ပြီဆိုတာနဲ့ သူ့လက္ခဏာတွေကိုအနည်းနဲ့အများခံမှာဘဲ . . (ကျနော်တော့အားလုံးခံရတယ်)

omicron သည် delta နဲ့ ယှဉ်ရင်ပျော့တယ်လို့ပြောလို့ရတယ် . . Mild and moderate symptom တွေလောက်နဲ့ပြီးတာများတယ် . .
ဒါပေမယ့် covid is not a joke ဘဲ . . ကိုယ်ခံနိုင်တယ်ဆိုပေမယ့် ကိုယ့်မိသားစုခံနိုင်ချင်မှခံနိုင်မယ် . . သွားမပေါ့ပါနဲ့ . . လူကြီးတွေကူးမှ Sry ဆိုပြီး အချိန်နောက်ပြန်လှည့်လို့မရဘူး . .

~~~~~~~~~~~~~~~~
ကျနော် guidline ပေးရရင်
covid like symptom တွေခံစားနေရရင် isolation လုပ်ပါ . . သေချာဂရုစိုက်ရင် တအိမ်တည်းလည်း မကူးနိုင်ပါဘူး . . rapid test kit နဲ့စစ်ပါ . . Negative ဖြစ်ရင်တောင် သီးခြားဘဲနေပါ . .

> Vaccine ထိုးထားရင် ၇ ရက်
> Vaccine မထိုးထားဘူးဆိုရင် ၁၁ ရက်လောက် isolation ဂရုတစိုက်နေပါ . .

Omicron ရဲ့အချိန်သည် delta ထက်မြန်ပါတယ် . .

>>> Treatment အနေနဲ့က

vaccine လည်းထိုးထားတယ် risk person လည်းမဟုတ်ဘူးဆို symptomatic treatment လောက်နဲ့ နေလို့ရပါတယ် . . တပါတ်အတွင်းမှာ သူ့ immune နဲ့သူပြန်ကောင်းတာများပါတယ်

_ Antiviral Role❗️
covid သည် virus ဖြစ်တာကြောင့် antiviral လိုအပ်တဲ့အခါရှိပါမယ် . . (အမြဲတမ်း case တိုင်းမလိုပါ)
သောက်ဆေး Molnupiravir 800mg BD x 5days
ထိုးဆေး Remdesivir 200mg follow by 100mg
ရှိပါတယ် . .
Rem ပိုကြိုက်ပါတယ် . . favivirir ကတော့ သိသိသာသာ evidence မရှိလို့ not recommendပါ

risk person တွေ/ blood result/ chest xray အရလိုအပ်ရင် အစပိုင်းမှာ antiviral တင်တာ အတော် effective ဖြစ်ပါတယ် . .
covidရဲ့ပြင်းထန်မှုနှုန်း/ ရောဂါလက္ခဏာတွေကိုလျော့ပေးနိုင်ပါတယ်. . risk ရှိရင် အသည်း function တွေကောင်းရင် ဘယ်ချိန် oxygen ကျမလည်းထိုင်စောင့်မနေဘဲ viral replication (ဗိုင်းရပ်ပွားချိန်) မှာအုပ်ထားတာပိုကောင်းပါတယ် . .

** omicron ဆို first 5 days / delta ဆို first 10 days လောက်မှာမိမှ ကောင်းပါတယ် . **
virus အကောင်ပွားတဲ့အဆင့်ကျော်သွားမှဆိုရင် ဆေးရဲ့ အသုံးဝင်မှုထက် side effect ပိုရနိုင်ပြီး ပို weak သွားနိုင်ပါတယ်

⚡️အာ့ကြောင့် antiviral တွေကို indication မရှိဘဲကိုယ့်သဘောနဲ့ကိုယ် ပဲကြီးလှော်စားသလို မသောက်စေချင်ပါဘူး . . လူတိုင်း case တိုင်းလည်းမလိုပါဘူး . .
〰️〰️〰️〰️〰️〰️〰️

နောက်ထပ် . . .
_antibiotics ပိုးသတ်ဆေး
_supportive အားဆေး probiotics စသည့်
_symptomatic အဖျားကျဆေး ချောင်းဆိုးပျောက်ဆေး ချွဲပျော်ဆေး
စတာတွေကတော့ ခြေနေအရလိုက်ပေးနေရမှာပါ . .

အရေးကြီးတာက - - -
*** အစားအသောက် အာဟာရ intake လုံးဝမပြတ်ပါစေနဲ့ စားနိုင်သမျှစားပါ . . အစားမဝင်တာနဲ့ဆရာဝန်ကိုချက်ချင်းတိုင်ပင်ပါ ***

*** ရေဓါတ်များများဖြည့်ပါ . . . covid ဖြစ်တာနဲ့ dehydration တော်တော်ဖြစ်ပါတယ် တနေ့ ၂ လီတာလောက်ဝင်အောင်သောက်ပါ ***

*** အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ မှောက်အိပ်ပါ ကျောပုတ်ပေးပါ ***

*** ရနိုင်ရင် blood investigation တွေလုပ်ပါ ***

*** SpO2/ နှလုံးခုန်နှုန်း/ အသက်ရှူနှုန်း/ လှုပ်ရှားပြီး SpO2 ကျနှုန်းတွေကို နေ့စဉ်နှိုင်းယှဉ် စောင့်ကြည့်ပါ***

အခု covid postive case တွေမှာ omicron ရော delta တွေပါတွေ့နေရပါတယ် . . Delta ဆိုပိုမိုပြင်းထန်တဲ့အတွက် ပိုဂရုစိုက်သင့်ပါတယ် . .

~~~~~~~~~~~~~~~~~
Vaccine ထိုးပြီးသားကို ဘာလို့ covid ဖြစ်လည်း??

vaccine ထိုးလို့ covid မဖြစ်နိုင်တာ မကူးနိုင်တာ မဟုတ်ပါ .. contact ရှိရင် ကူးမှာဘဲဖြစ်ပါတယ် . .
vaccine သည် covid ဖြစ်တဲ့အခါ ပြင်းထန်မှုနှုန်း သေနှုန်း ဆေးရုံတက်နှုန်း ICU ရောက်နှုန်း အသက်ရှူကူစက်တပ်ရနှုန်းတွေကိုလျော့ချပေးနိုင်ပါတယ် . .
guidline တွေမှာတောင် vaccine ထိုးပြီးသားလူနာ vaccine မထိုးထားတဲ့လူနာဆိုပြီးတောင် မတူကြပါဘူး . .
အဲ့တော့ ထိုးပါ မကူးအောင် ကာကွယ်ပါ . .

~~~~~~~~~~~~~~~~
ခုဆို treatment guidline တွေလည်း ရှိနေသိနေ အတွေ့အကြုံတွေရပြီးဖြစ်နေပြီဖြစ်တဲ့အတွက်လည်း အရမ်း panic ဖြစ်မနေကြပါနဲ့ . .
covid ကို အရမ်းကြီးကြောက်နေလို့လည်းမရသလို ပေါ့နေလို့လည်းမရဘဲ ဉာဏ်သုံးပြီး သတိထားကာကွယ်နေရမှာပါဘဲ . .

သတိနဲ့ကာကွယ်ပါ
တိုင်ပင်ပါ
ဆွေးနွေးပါ

အိုမီခရွန် case အသစ်တွေလည်းကူးနေသလို
delta လက်ကျန်တွေလည်းကူးနေပါတယ်

ပျော့သည်ဘဲဖြစ်ဖြစ်
ပျင်းသည်ဘဲဖြစ်ဖြစ်
covid သည် covid လိုခံရတဲ့အပြင်
stress တွေ anxiety တွေပါအတော်တက်စေတယ်. . positive case တွေအတွက် အကူအညီလိုရင်လည်းမေးပါ . . . 💪


.phone

24/08/2021

‼️ကလေးရှိသောမိဘများ သတိထားကြဖို့ပါ

မိသားစုတခုလုံး နီးပါး ကိုဗစ်ဖြစ်တယ် ။ P ထွက်ကြတယ်။

၁၂ နှစ်ကလေးလေး Neg ဖြစ်တယ်။

နောက် ဖျားတယ်။ ကိုယ်ပူက ၁၀၂-၁၀၃ တုန်ပြီးဖျားတယ် ။ လုံးဝမကျဘူး။ မူးပြီးလဲတယ်။ သွေးပေါင်က ၉၀/၆၀ ပဲရှိတယ်။ စိတ်ပူပြီး Covid ထပ်စစ်တယ်။ N တုန်းပဲ။ ဘာဖြစ်တယ်ထင်ကြလဲ.??
ကျတော် စိတ်ထဲမသင်္ကာလို့ သွေးဖောက်စစ်ကြည့်ခိုင်းတော့ သွေးလွန်တုပ်ကွေးပါ။

Dengue Duo မှာ IgG / Ig M/ NS1 အကုန် positive ပါ။

ရာသီချိန်ပါနော်။ covid ကို အာရုံစိုက်နေချိန်လွတ်သွားရင် အသက်ဆုံးရှုံးနိုင်ပါတယ်။ အပေါ်က ကလေးတော့ အပြင် ဆေးရုံသွားခိုင်းပြီး monitor လုပ်ဖို့ ပြဖို့ပြောထားပါပြီ။

မိဘများ

ကလေးတွေမှာ ကိုဗစ်လက္ခဏာက အရမ်းမဆိုးပါ။ ဖျားရင် နည်းနည်းပဲဖျားပါတယ်။ low grade fever ပါ။ ကလေးတွေမှာ ဘာမှသိပ်မဖြစ်ပါ။

တကယ်လို့ အရမ်းဖျား ဆက်တိုက်ဖျားနေရင် ( high continuous fever ) ဆို သွေးလွန်တုပ်ကွေးကို စဉ်းစားပါ။ ခြေဖျားအေးစက် အန် ဆို ဆေးရုံသွားပါ။

ကာကွယ်ဖို့ ခြင်မကိုက်ပါစေနဲ့။ ဘောင်းဘီရှည်ဝတ်ပေးပါ။ နေ့လည်ခြင်ထောင်ထောင်ပေးထားပြီး အထဲမှာပဲ ဆော့ပါစေ။

တစ်ပူပေါ်နှစ်ပူ မဆင့်ဖို့ ဂရုစိုက်ကြပါ။

: Original uploader

24/08/2021

ကလေးCOVID 👶👶
ပါမောက္ခဒေါက်တာစောဝင်း (ကလေးကျန်းမာရေး) page မှ ကူးယူဖော်ပြပါသည်

✳️အခုတလော ကိုဗစ်ဖြစ်တဲ့ကလေးတွေ များလာပါတယ် တအိမ်ထဲက ဖြစ်နေတဲ့ လူကြီးတွေဆီကကူးတာပါ

ကလေးမှာ ကိုဗစ်ကပြင်းထန်လေ့မရှိပါ သာမာန် တုပ်ကွေးလိုပဲပြီးသွားပါမယ်
( ရှားရှားပါးပါး ပြင်းထန်တာရှိပါတယ် တော်တော်ရှားပါတယ် အဖျားကြီးပြီးရက်ကြာရင် စဉ်းစားရပါမယ်)

➡️ဖျားရင်/ ကိုက်ခဲရင် ( ငိုနေ / ဂျီကျနေ ) ရင်ပါရာစီတမောတိုက်ပါ
ယေဘူယျအားဖြင့် ၁၅ မီလီဂရမ် / ကီလိုဂရမ် ကိုယ်အလေးချိန်နဲ့ ၄-၆ နာရီ တခါ တိုက်လို့ရပါတယ် ပုံမှန်တိုက်ဖို့မလိုပါဘူး တိုက်ပြီး ချွေးထွက်လာရင် ပြောင်အောင် မသုတ်ပါနဲ့ အင်္ကျီမလဲပါနဲ့ ချွေးကအငွေ့ပျံဖို့လိုတဲ့အပူ ကို ခန္ဓာကိုယ်ကစုပ်ယူ ခြင်းဖြင့် အပူချိန်ကိုကျစေတာပါ

➡️၁နှစ်အောက် ( အစက်ချဆေး Drop )
Biogesic drop / Babygesic drop / Napa drop / အလားတူတွေရှိပါတယ်
100 mg / ml ပါပါတယ်
၆ နာရီ တခါလိုရင်တိုက်နိုင်ပါတယ်

➡️၁နှစ်က ၅ နှစ်
အရည် (Syrup or suspension) တွေရှိပါတယ်
120/ 5ml နဲ့ 250 / 5 ml ဆိုပြီး၂ မျိုးရှိပါတယ်
၄-၆ နာရီ တခါ တိုက်နိုင်ပါတယ်
Biogesic / Progesic / Sara / Napa စသည်ဖြင့်တံဆိပ်မျိုးစုံ ရှိပါတယ် အကုန်အတူတူပါပဲ

➡️၅ နှစ် အထက်
ဆေးပြားသောက်တာ ပိုဈေးသက်သာပါတယ်
တပြား ၅၀၀ မီလီဂရမ်ပါတယ်
တံဆိပ်မျိုးစုံရှိပါတယ် အကုန်အတူတူပါပဲ
ကိုယ်အလေးချိန်နဲ့ ၁၀-၁၅ မီလီဂရမ် /kgတွက် ပြီးတိုက်ပါ
ကိုယ်အလေးချိန် ဘယ်လောက်ရှိရှိ အများဆုံးတခါသောက် ၂ ပြားထက်ပိုမသောက်သင့်ပါ

😤နှာစေး နှာခေါင်းပိတ်ရင်
Cetrizine syrup ( Cetrine/ Adezio/ Ormist /
အလားတူတွေရှိပါတယ်
5 mg / 5 ml. 1ml မှာ 1 mg ပါပါတယ်
၂နှစ်အောက်အတွက် ကလေးပမာဏ မဖေါ်ပြထားပါ

➡️မိမိအနေနဲ့ ပေးလေ့ရှိတာကတော့
၆ လအောက် - 1 ml ၂ ကြိမ်
၆လ နဲ့ ၁နှစ်ကြား - 1.5 ml ၂ ကြိမ်
၁နှစ် နဲ့ ၅ နှစ် ကြား - 2.5 ml ၂ ကြိမ်
ဆေးပြား 10 mg /tab ဆိုရင်
၁-၃ နှစ်ကြား တစိတ် ၁/၄ ၂ ကြိမ်
၃-၅ နှစ်ကြား ၁/၃ ၂ကြိမ်
၅ နှစ် အထက် ၁/၂ ၂ ကြိမ် ပေးပါတယ်

✳️နှာခေါင်းအခြောက်ပိတ်ရင်
ဆားရည် (Physiodose or Seawater spray ) တွေကို မကြာခဏ ထည့်ပေးနိုင်ပါတယ်

ဝယ်မရရင် - ရေသန့်၁ဖန်ခွက် မှာ ဆားသန့်သန့် လဖက်စားဇွန်းတဝက်နဲ့ ထည့်ဖျော် လို့ရပါတယ်

🩺ဝမ်းသွားရင်
အရေးအကြီးဆုံးက ဓါတ်ဆားရည်ပါ
ရိုးရိုး အရသာမပါ - MPF
လိမ္မော်အရသာ - Pharolit / Peditral/ Electral / Electrorush ( ဖျော်ပြီးသား) မျိုးစုံရှိပါတယ်
အညွှန်းအတိုင်းဖျော်ပါ
ဆေးလိုမသောက်ရပါ ရေဆာ တိုင်းရေအစားသောက်ရပါမယ်
ဓါတ်ဆားရည် မသောက်ပါက အုန်းစိမ်းရည် / ဆန်ပြုတ်ကျဲကျဲ ဆားခတ် သောက်နိုင်ပါတယ်

🤮အန်ရင်
Domperidone အအံပျောက်ဆေး တကြိမ် သောက်လို့ရပါတယ်
အစက်ချဆေးဆိုရင်
၀.၀၂ -၀.၀၄ မီလီဂရမ် / 5 kgနဲ့ တွက်လို့ရပါတယ်
( Voneta/ Deflux / စသည်ဖြင့် )
အရည် ဆိုရင်
၀.၀၂ -၀.၀၄ မီလီဂရမ် / kg နဲ့တွက်လို့ရတယ်
( Motilium syrup/ Cosy စသည်ဖြင့် )
ဆက်တိုက်အန် ဘာမှမဝင်ရင်ဆေးရုံတက်ရပါမယ်

👩🏻‍🦰👶မိခင် ကိုဗစ်ဖြစ်ရင်လည်း နို့စို့ကလေးငယ်ကို မိခင်နို့ဆက်တိုက်လို့ရပါတယ်
ကလေးနို့မတိုက်မီ လက်ဆေးပါ မိခင် maskတပ်ပါ မျက်နှာအုပ် (face shield ) ပါတတ်ပါ

👶ကလေး ကိုဗစ်ဖြစ်ရင် လူကြီးတွေကိုကူးနိုင်ပါတယ် အထူးသဖြင့် အဖိုးအဖွားတွေကိုကူးရင် သူတို့မှာ အသက်အန္တရာယ်ရှိပါတယ် သတိ အရမ်းထားဖို့လိုပါတယ်

15/08/2021

Hello..!! မင်္ဂလာပါရှင့်..💜
လင်းလက်ဆေးဆိုင် (Lashio)မှဆေးဝါးများကိုဝယ်ယူအားပေးကြသော ချစ်သော customers မိတ်ဟောင်း မိတ်သစ်များရှင့်..🙏
ကျွန်မတို့ လင်းလက်ဆေးဆိုင်(Lashio) ကို ယခင်လပိုင်းတွင် ရောဂါကူးစက်မှုနှုန်းများမြင့်မားလာခြင်းကြောင့် ခေတ္တယာယီပိတ်ထားရာမှ🔒
💁‍♀️ယခုတွင်..ချစ်မိတ်ဆွေcustomers များ၏ဆေးဝါးလိုအပ်မှုများကိုဖြည့်ဆည်းရန်အတွက်💁‍♀️
🗓(16.8.21) ရက်နေ့မှစ၍
⏰နေ့စဉ် နံနက် (၉:၃၀ )နာရီမှ ညနေ (၄:၃၀) နာရီအထိ
ပြန်လည်ဖွင့်လှစ်ရောင်းချပေးသွားမည့်အကြောင်း လေးစားစွာဖြင့် အသိပေး သတင်းပါးအပ်ပါတယ်ရှင့်..🙏
ချစ်မိတ်ဆွေများအားလုံး ရောဂါဘယကင်းဝေး၍
အစဉ်ကျန်းမာပါစေကြောင်း (လင်းလက်ဆေးဆိုင် မိသားစု)မှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင့်..🙏

Address

Lashio, Myanmar, Burma (Myanmar)
Lashio

Opening Hours

Monday 09:00 - 20:30
Tuesday 09:00 - 20:30
Wednesday 09:00 - 20:30
Thursday 09:00 - 20:30
Friday 09:00 - 20:30
Saturday 09:00 - 20:30
Sunday 09:00 - 20:30

Telephone

+959788045088

Website

Alerts

Be the first to know and let us send you an email when Linn Latt Pharmacy,Lashio. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram