08/10/2024
Calcium ဆိုတာဘာလဲ...❓
ခန္ဓာကိုယ်အတွက် ဘာလုပ်ပေးတာလဲ...❓
Calcium သည်ကျွန်ုပ်တို့
အသက်ရှင်သန်ခြင်း၏အရင်းအမြစ်ဖြစ်သည်။
လူ့ဘဝကြီးပြင်းလာမှု အဆင့်ဆင့်တွင်
အလွန်တ ရာထိရောက်သော အကျိုးပြုမှုရှိသည့်အတွက်
ခန္ဓာကိုယ်ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော ဒြပ်စင်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။
❣️ ခန္ဓာကိုယ်ကို ကန်ထောက်ထားရန်အရိုးဖြစ်တည်ခြင်း။
ကယ်လ်ဆီယမ်ချို့တဲ့ပါက-
အရပ်ပုခြင်း၊ခါးကုန်းခြင်း၊အရိုးအဆစ်နာကျဉ်ကိုက်ခဲခြင်း၊အရိုးအားမရှိခြင်းများဖြစ်တတ်သည်။
❣️ ဆဲလ်များအကြားပူးပေါင်းမှုတွင် ပါ၀င်ခြင်း။
ထို့ကြောင့် အနာကျက်မြန်စေခြင်း၊အသားအရေတင်းရင်းလှပစေခြင်း၊အရေးအကြောင်းများလျော့ကျစေခြင်းများကို စွမ်းဆောင်ပေးသည်။
❣️ ခန္ဓာကိုယ်အားအင်ဖြစ်ထွန်းရေးအတွက် အဓိကအကျိုးသက်ရောက်မှုပြုခြင်း။
ကယ်လ်ဆီယမ်ချို့တဲ့ပါက ပင်ပမ်းလွယ်ပြီး အသားအရေလျော့တွဲခြင်း၊အိုမင်းလွယ်ခြင်း၊အရွယ်ကျလွယ်များဖြစ်တတ်သည်။
❣️နှလုံးခုန်နှုန်းပုံမှန်ထိန်းသိမ်းထားခြင်း။
နှလုံးခုန်မြန်လွန်းခြင်းနှင့် နှေးလွန်းခြင်းဖြစ်လျှင် အထူးဂရုစိုက်ပါ၊ကယ်လ်ဆီယမ်လုံးဝမရှိတော့လျှင် နှလုံးခုန်ရပ်၍ရုတ်တရက်သေဆုံးနိုင်သည်အထိ အရေးကြီးလှသည်။
❣️အာရုံကြောသတင်းပို့ဆောင်မှုအဖွဲ့အစည်းအား ပိုမိုကောင်းမွန်စေသည်။
ကယ်လ်ဆီယမ်ပြည့်ဝလျှင် မှတ်ဉာဏ်စွမ်းအားသာမက ထိတွေ့တုံ့ပြန်မှုအာရုံခံစနစ် လှုပ်ရှားခိုင်းစေမှုစနစ်များ ပို၍ ကောင်းမွန်စေသဖြင့် သွက်လက်နိုးကြားတက်ကြွဖျတ်လက်စေသည်။
❣️ကြွက်သားများကျုံ့ခြင်းဆန့်ခြင်းတွင် ပါဝင်ခြင်း။
ကယ်လ်ဆီယမ်မပြည့်ဝပါက-
ကြွက်တက်ခြင်း၊ကြွက်သားနာကျဉ်ခြင်း၊ကြွက်သားအားပျော့ခြင်း၊အသားအရေပျော့တွဲခြင်းများဖြစ်တတ်သည်။
အမျိုးသမီးများတွင် မျက်အိတ်ကျခြင်း၊ရင်သားတွဲခြင်း၊လက်မောင်းသားတွဲကျခြင်း၊သားအိမ်ကျခြင်းတို့သည် ကယ်လ်ဆီယမ်ချို့တဲ့မှု၏သိသာသော လက္ခဏာများဖြစ်သည်။
❣️ဆဲလ်အဖြူများ ဝါးမျိုမှုမြန်ဆန်စေခြင်းနှင့်
ခန္ဓာကိုယ်ခုခံမှုစွမ်းအားမြှင့်တင်ပေးခြင်း။
ပြင်ပရောဂါများ ကူးစက်ရောဂါများအလွယ်တကူမဝင်ရောက်နိုင်ရန် ကာကွယ်တားဆီးပေးသဖြင့်
အလွယ်တကူ ဖျားနာရောဂါရခြင်းများမှ ကင်းဝေးစေသည်။
❣️သွေးခဲခြင်းအဆင့်ဆင့်တွင်ပါ၀င်ခြင်း။
ထိခိုက်ဒဏ်ရာရပါက သွေးတိတ်စေခြင်း သဘောတရား သွေးယိုစီးမှုမဖြစ်လွယ်ခြင်း...
ဥပမာ နှာခေါင်းသွေးလျှံခြင်း၊ရာသီသွေးအဆင်းများခြင်း၊အရေပြားမှ သွေးစိမ့်ထွက်ခြင်း၊သွားဖုံးသွေးယိုခြင်းများ မဖြစ်အောင်တားဆီးဟန့်တားပေးခြင်းမျိုးကို ဆိုလိုပါသည်။
(၃၅)နှစ်၀န်းကျင်တွင် အရိုးသိပ်သည်းမှုအားကောင်းဆုံးဖြစ်ပြီး ၄င်းနောက်ပိုင်းတွင်တဖြည်းဖြည်းကျဆင်းသွား မည်ဖြစ်သည်။
အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ ခန္ဓာအချိုးအစားပြောင်းသွားပြီးခါးကိုက်၊ကျောနာခြင်း၊ အဆစ်အမြစ်နာကျင်ခြင်း စသည့်လက္ခဏာများ ကျွန်ုပ်တို့ခန္ဓာပေါ်တွင် တစ်ခုပြီးတစ်ခုပေါ်လာသည်။
၄င်းတို့မှာ Calciumချို့တဲ့သည့်အတွက်
အရိုးပွပြီးဖြစ်ပွားလာခြင်းများပင်ဖြစ်သည်။
🔄ခန္ဓာကိုယ်တွင်း ကယ်လ်ဆီယမ်အချေးအငှါးလည်ပတ်မှုပုံစံ🔄
💚ကျွန်ုပ်တို့ခန္ဓာကိုယ်တွင် Calcium မှာကိုယ်အလေးချိန်၏1.5-2% နေရာယူထားသည်။1200-1500g ၀န်း ကျင်ဖြစ်သည်။
အရိုးCalcium
➡️ ၄င်းမှ99% မှာကျွန်ုပ်တို့၏အရိုး၊သွား၊ဆံပင်စသည့်မာကျောသောအဖွဲ့အစည်းတွင်တည်ရှိပြီး အရိုးCalciumဟုခေါ်ဆိုသည်။
သွေးတွင်း Calcium
➡️ ကျန်ရှိသည့်1%မှာလူ့ခန္ဓာကိုယ်၏ သွေးရည်နှင့်ပျော့သော အဖွဲ့အစည်းတွင် တည်ရှိပြီးသွေးတွင်းCalciumဟုခေါ်ဆိုသည်။
💚Calcium ရေရှည်ချို့တဲ့ခြင်းသည်
ခန္ဓာအတွင်းရှိသွေးတွင်းCalcium၏
သွေးပျစ်နှုန်းကိုကျဆင်းစေသဖြင့်
ထိုအချိန်မျိုးတွင် ခန္ဓာကိုယ်တွင်းငြိမ်သက်နေသော အဖွဲ့အစည်းများအလုပ်လှုပ်ရှားရတော့သည်။
💚 သွေးတွင်းCalciumချို့တဲ့ချိန်တွင် Parathyroid Hormone Secretion တိုးလာပြီးအရိုး Calciumတွင်းမှ Calciumများကို
ထုတ်လွှတ်လိုက်ပြီးသွေးတွင်းCalcium၏
သွေးပျစ်နှုန်းပုံမှန်ဖြစ်အောင် ထိန်းပေးသည်။
၄င်းမှ အဖွဲ့အစည်းတိုင်းနှင့်ဆဲလ်များ၏စွမ်းအားများကိုလည်း
ပုံမှန်ဖြစ်အောင်ထိန်းထားပေးသည်။
🦴(Bone Ca) 🔜🔴 (Blood Ca)
💚အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှအရိုးCalcium၏ဆုံးရှုံးမှုအရှိန်သည်အဆက်မပြတ်တိုးလာသည်။
အသက်၅၀နှစ်နောက်ပိုင်းတွင်
အရိုး၏စုစုပေါင်းအလေးချိန်မှာ
30%လျော့ကျသွားပြီးအရိုးသန်မာမှုမှာ
သိသိသာ သာပင်ကျဆင်းသွားပြီး
သက်ကြီးပိုင်းအရိုးပွရောဂါအဖြစ်သို့အလွယ်တကူရောက်ရှိသွားနိုင်သည်။
💚တချိန်တည်းမှာပင်သွေးတွင်းCalciumမှာအရိုးCalcium၏မပြတ်ဖြည်းဆည်းမှုကို ရနေသည့်အတွက် ပမာဏ ပိုလွန်သွားသော
သွေးတွင်းCalciumများသည်သွေးကြောနံရံတွင်မပြတ်ကျန်ရှိနေသည်။
အချိန်ကြာလာသောအခါသွေးကြောနံရံထူလာပြီးသွေးလွှတ်ကြော တောင့်တင်းခြင်းများဖြစ်လာကာ အလွယ်တကူပင်သွေးတိုးခြင်း၊ဦး နှောက်သွေးကြောတွင်သွေးခဲခြင်း၊ဆီးချိုအစရှိသည့်ရောဂါအမျိုးမျိုးဖြစ်ပွားလာနိုင်ပါသည်။
💚 သွေးတွင်းCalcium၏သွေးပျစ်နှုန်းအလွန်အမင်းမြင့်တက်သွားချိန်တွင်
ThyroidမှCalciumကျဆင်းစေသော
ဒြပ်စင်တစ်မျိုးစစ်ထွက်လာပြီးပိုလျှံနေသောသွေးCalciumကိုအရိုးသို့ရောက်အောင်ပြန်လည်ပို့ဆောင်ပေးပြီး
အရိုးပြန်လည်တည်ဆောက်ခြင်းပြုသည်။
💚အရိုးတွင်းပြန်လည်ပို့ဆောင်ခြင်းခံရသောCalciumကိုအရည်အသွေးကွဲပြားသောCalciumဟုခေါ်သည်။
၄င်း Calciumသည်အရိုးအဆစ်၏တာ၀န်ကြီးသောနေရာများလည်ဆစ်ရိုး၊ရင်ပိုင်းအရိုးဆစ်၊ဒူးဆစ်တို့တွင် အနည် ထိုင်ပါကအရိုးပွားခြင်း(သို့)အရိုးအတက်ထွက်ခြင်းများဖြစ်လာသည်။
၄င်းသည်၀မ်းဗိုက်ပိုင်းဆိုင်ရာဖြစ်သည့် ကျောက်ကပ်၊သည်းခြေကျောက်တည်ခြင်းများဖြစ်ပေါ်စေသည်။
အရိုးပွခြင်းနှင့်အရိုးအတက်ထွက်ခြင်းသည်အမှန်မှာCalciumချို့တဲ့သည့်အတွက်ဖြစ်ပွားရသောအမြွှာအရိုးရောဂါတစ်စုံပင် ဖြစ်ကြသည်။
🚩အာဟာရနှင့်ကျန်းမာရေး စစ်တမ်းများအရ နိုင်ငံတကာတွင် လူသားများ၏ ကယ်လ်ဆီယမ်ချိုတဲ့မှုအခြေအနေ မှာ အလွန်ပင်ဆိုးရွားလှသည်။
🚩မြန်မာနိုင်ငံတွင်လည်း အသက်အရွယ်နှင့် အလုပ်အကိုင်ခြားနားမှုအလိုက် ကယ်လ်ဆီယမ်ရရှိမှုပမာဏ အလွန်ပင်နိမ့်ကျနေသည်။
🚩 ပျမ်းမျှတွက်လိုက်လျှင် လူတစ်ဦး၏ နေ့စဉ်လိုအပ်သော ကယ်လ်ဆီယမ်ပမာဏမှာ50%ပင်ပြည့်မီမှု မရှိသည်ကိုတွေ့ရှိရသည်။
🚩ထို့ကြောင့်ကယ်လ်ဆီယမ်ချို့တဲ့မှုကြောင့် ဖြစ်ပေါ်လာနိုင်သောရောဂါများမှ ကာကွယ်နိုင်ရန်အတွက် အမြန်ဆုံးဖြည့်တင်းပေးရန်လိုအပ်သည်။