Talent & Lush Yoga Studio

Talent & Lush Yoga Studio Yoga and Healthy

ဘာကြောင့် ယောဂကျင့်သင့်လဲ ??
03/10/2025

ဘာကြောင့် ယောဂကျင့်သင့်လဲ ??

Why do Yoga?ဘာကြောင့် ယောဂ
လေ့ကျင့်သင့်တာလဲ?🪷🧘🏻‍♂️🕉️

မျက်စိထဲ တန်းပီးရှင်းရှင်းလင်းလင်း မြင်သာအောင် ပြောရရင် ဘာစက်ပစ္စည်း ဘာကိရိယာ ဘာတစ်ခုမှ မလိုအပ်လို့ပါပဲ။ အနဲဆုံး စက်ဘီးလေး စီးဦးမယ်၊ ကြက်တောင်လေး ရိုက်ဦးမယ် ဆိုရင်တောင် Bike နဲ့ Badminton တို့ ဝယ်ထားဦးမှ။ Fitness တွေ ကစားမယ်ဆိုရင်လဲ Gym သွားဖို့က မဖြစ်မနေလိုလာပီ။ စက်ပစ္စည်းတွေ အများကြီး လိုအပ်လာပီ။

ယောဂကျင့်စဥ်မှာတော့ ဖွင့်ထားတဲ့ နှလုံးသားနဲ့ တည်ငြိမ်နေတဲ့ နှလုံးသားတစ်ခုပဲ လိုပါတယ်။ ယောဂလိုမျိုးပဲ တခြားကိရိယာလွတ် free hand exercise တွေလဲ ရှိပါသေးတယ်။
Yoga ကတော့ ဒါတွေထက်ပိုပီး Therapy ဆိုတဲ့ ကုထုံးအမျိုးအစားထဲမှာ ပါပါတယ်။ ကျနော်တို့တွေက နေထိုင်မကောင်းဖြစ်ကြတဲ့အခါ ဆေးရုံ၊ ဆေးခန်းတွေ သွားကြရတယ်။ ဆရာဝန် ညွန်ကြားပေးတဲ့ ဆေးတွေကို ပုံမှန်သောက်ပီး ရောဂါဝေဒနာတွေကို ကုစားကြရတယ်။ ဒီလို ခေတ်မှီ science နဲ့ သိပ္ပံနည်းကျ ကုသတာကို Allopathy နည်းလို့ သုံးပါတယ်။⚕️🩺

Homeopathy နည်းဆိုတာလဲ ရှိသေးတယ်။ ရိုးရာတိုင်းရင်းဆေးပညာတို့၊ တရုတ်အပ်စိုက်၊ ဗိန္ဓော၊ အနှိပ်ကုထုံး၊ အနံ့ကုထုံး စတာတွေကို ခေါ်တာပါ။ ခေတ်ပေါ်ဆေးပညာနဲ့ ကုသလို့
မပျောက်နိုင်သေးတာတွေကို တခါတလေမှာ ဒီလို ရိုးရာအိမ်သုံး ဆေးဝါးတွေနဲ့ ကုသလို့ သက်သာသွားတာ လုံးဝပျောက်ကင်းသွားတာမျိုးတွေ ရှိတယ်။ ဘာကြောင့်လဲဆိုတာ သိပ္ပံနည်းလမ်းနဲ့
ရှင်းမပြနိုင်သေးပေမယ့် ပျောက်တဲ့သူတွေက ပျောက်နေတော့ သက်ရှည်ကျန်းမာစေတဲ့ ကုထုံးတွေအဖြစ် လက်ခံလာကြရပါပီ။🙌🧿

ဒါ့ကြောင့် ဒီဘက်ခေတ်မှာ ကင်ဆာလို ရောဂါတွေ ဆီးချိုသွေးချို၊ နှလုံးစတဲ့ နာတာရှည်ရောဂါတွေအတွက် အပေါ်က ကုထုံး ၂ မျိုးစလုံးကို‌ပေါင်းပီး တွဲဖက်ကုသတဲ့ Altermative Medicine တွေ ပေါ်ပေါက်လာနေပါပီ။ Yoga ကြတော့ နှစ်ပေါင်း ၅၀၀၀ ကျော် သက်တမ်းရှိနေတဲ့ အိန္ဒိယ Ayuveda အာယုဗေဒပညာရပ်နဲ့ ခေတ်သစ် Scientific Medicine နည်းတွေကို
ပေါင်းစပ်ပီး ကုသပေးရတာဖြစ်လို့ Holistic Therapy လို့ ခေါ်ကြပါတယ်။🕉️🪷

ဗမာလို ဥသုံကုထုံးလို့ ခေါ်လို့ ရနိုင်မလားပဲ။ ဟုတ်ပါတယ်။ အလုံးစုံပါဝင်ကုသခြင်းလို့ ဆိုနိုင်လောက်အောင် Yoga မှာ ရှေးကမ္ဘာဦးက ပဒေသာပင်တွေလို အကောင်းဆုံးဆိုတဲ့ အရာတွေ အပြည့်အဝ ပေါင်းစပ်ပါဝင်နေပါတယ်။ မိတ်ဆွေက ပိန်ချင်နေတာ ဝိတ်ချချင်နေတာမလား? Viyasa Yoga ရှိတယ်။ ကျွမ်းဘာလို ပြေးခုန်ပစ်ကစားနည်းလို ထူးထူဆန်းဆန်းတွေ လုပ်ပြချင်တာမလား။ Ashtanga Viyasa ရှိပါတယ်။ ဟုတ်ဘူး။ အလေးတုံးတွေ weight တုံးတွေနဲ့ပဲ workout ဆန်ဆန်လုပ်ချင်တာ။ ရပါတယ်။ Iron Yoga ရှိပါတယ်။

ဟုတ်ဘူး ဆရာရေ။ ကျွန်မတို့က social media ပေါ်ကလို ခန္ဓာကိုယ်ကို ပျော့ပြောင်းနေချင်တာ။ သူတို့တွေလို အရိုးမရှိသလိုဖြစ်ချင်တာ။ ပုံလှလှလေးတွေ ရိုက်ချင်တာ။ Hatha Yoga လေ့ကျင့်ပါ။ ကျွန်မတို့ကတော့ Music နဲ့ ဒွန့်ချင်တာ။ မကရ မနေနိုင်ဘူးရှင့်။ ရှိလား ယောဂမှာ။ ရှိပါ့ဗျာ စိတ်ကြိုက် တီးလုံးနဲ့ သက်ဝင်ခံစားနိုင်မယ့် Yoga Dance ရှိနေပါတယ်။ နောက်ထက်လဲ အမျာ့ အများကြီး ရှိပါသေးတယ်။
ပြောရရင် မိတ်ဆွေတို့ရဲ့ စရိုက်၊ အကြိုက်ပေါ် လိုက်ပီး တီထွင်ထားတဲ့ ယောဂအမျိုးအစားတွေ ရာနဲ့ချီပီး ရှိနေပါတယ်။

တကယ်လို့များ Yoga မလေ့ကျင့်ဘူးသေးရင် လေ့ကျင့်ဘူးတဲ့သူတွေကို တချက်မေးကြည့်ပါလားဗျ။ သူတို့ အကုန်လုံးက ‌ယောဂ လေ့ကျင့်ပီးသွားရင် နေလို့ကောင်းသွားတာ၊ ခန္ဓာနဲ့ စိတ်မှာ ပေါ့ပါး လန်းဆန်းသွားတယ်လို့ တညီတညွတ်ထဲ ပြောကြပါလိမ့်မယ်။ ဘာ့ကြေင့်များ ဒီလို အကျိုးတွေ ဖြစ်လာရတာပါလိမ့်။

မိတ်ဆွေ တချက်ဘေးကို ကြည့်ကြည့်လိုက်ပါလား။ ခင်းများဘေးမှာ ဖွင့်ထားတဲ့ ပန်ကာတို့၊ aircon တို့မှာ ဖုန်တွေ၊ အမှိုက်တွေပိတ်နေရင် ဒီတိုင်းထားလို့ ရလားဗျ။ air cooler နောက်က ဇကာမှာလဲ ဖုန်တွေနဲ့ ပိတ်နေရင် ကျနော်တို့တွေက ဖြုတ်ဆေးပေးရပါတယ်။ ရေကုန်ရင် ပြန်ပြန်ဖြည့်‌‌ပေးရတယ်။ aircon တွေမှာလဲ လေထွက်အားမကောင်းရင်၊ မအေးတော့ရင် servicing လုပ်ပေးရတယ်မလား။ တရက်မှာ ၂၄ နာရီ၊ တပါတ်ကို ၇ ရက် အချိန်ပြည့် အားချိန်မရှိအောင် အလုပ်လုပ်ပေးနေရတဲ့ မိတ်ဆွေတို့ရဲ့ ခန္ဓာကိုယ်ကြီးကိုကော servicing လုပ်‌ပေးဖြစ်ပါရဲ့လား??

မိတ်ဆွေတစ်ယောက်က အစာမကြေဘူး၊ လေထိုးလေအောင့် အမြဲဖြစ်တယ်။ ဆေးတွေသောက်တာလဲ မပျောက်နိုင်ဖြစ်နေတာ။ သူ့ကို တခါဘဲ Yoga Shatkarma နည်းတွေထဲက ဆားရေသောက်ပီး အန်ထုတ်ခိုင်းလိုက်တာ တခါထဲ gastritis လေအောင့်တဲ့ရောဂါ အရှင်းပျောက်ပါလေရော။ ဆေးတွေဆိုတာက သောက်တိုင်းလဲ မကောင်းသလို၊ သောက်တုန်းခဏပဲ သက်သာမှာပါ။ အရှင်းသက်သာမယ် မဟုတ်ဘူး။ Yoga ကျင့်စဥ် ကုထုံးတွေဆိုတာက ရောဂါတွေ ဝေဒနာတွေကို ယာယီသက်သာအောင် လုပ်ပေးတာမဟုတ်ပါဘူး။ အမြစ်ကနေ ဆွဲထုတ်ယူလိုက်သလို အမြစ်ပြတ်ကုသပေးတာပါ။

မိတ်ဆွေပိုင်တဲ့ ကားတွေကို မကြာမကြာဆိုသလိုပဲ အင်ဂျင်ဝိုင်အသစ်လဲတာ၊ ရေတို့ ဘရိတ်ဆီတို့ လဲတာတွေကို လုပ်ပေးရတယ်မလား။ ဒါမှသာ ကားက ဗွေမဖောက်ဘဲ ကောင်းကောင်းလည်ပတ်နိုင်မှဦပါ။ ဒီလိုပဲ သင် ပိုင်ဆိုင်တဲ့ Body ကြီးကိုကော သေသေချာချာလေး ဂရုတစိုက်နဲ့ ထိန်းသိမ်းပေးဖြစ်ရဲ့လား။ ကားတစ်ခုခုဖြစ်ရင် အသစ်လဲလို့ရရင် လဲ၊ မရရင်လဲ နောက်တစ်စီး ဝယ်စီးလို့ ရနိုင်ပါသေးတယ်။ ခင်များပိုင်တဲ့ ခန္ဓာကိုယ်ကြီးမှာ တချို့ organ တွေ ချို့ယွင်းရင် အသစ်ဝယ်လဲလို့ မရဘူးနော်၊ အစားထိုးလဲလို့ ရတယ်ထားဦး ငွေတွေ သောက်သောက်လဲ ကုန်မှာနော်၊ တသက်လုံး ရှာထားသမျှ ဆေးရုံကုတင်ပေါ်မှာ ပေးမလောက် ဖြစ်သွားမှာပါပဲ။

Holistic Method လို့ ခေါ်ကြတဲ့ Yoga ရဲ့ Shatkarma နည်းလမ်းတွေက ယောဂီတို့ကို အသစ်တဖန် နုပျိုလာစေပါတယ်။ အကြောင်းကတော့ ဒီနည်းစနစ်တွေက ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို
Detox ဖြစ်စေပီး လုံးဝ Purification သန့်စင်သွားစေနိုင်လို့ပါ။ ဒါ့အပြင် ယောဂ Asana အကွက်တွေကလဲ ကြွက်သားတွေ ကိုယ်တွင်း organs တွေကို ကြံ့ခိုင်သန်စွမ်းလာစေမယ်။ paranayama အသက်ရှုနည်းစနစ်တွေက ကိုယ်တွင်းကိုယ်ပ အလုံးစုံ ‌ဆေးကြောသန့်စင်ခြင်းကို ဖြစ်စေမယ်။ Diet နည်းလမ်းတွေက ခန္ဓာကိုယ်ကို ငယ်ရွယ်နုပျိုပီး ခွန်အားဖြစ်စေမယ်။ meditation နဲ့ positive thinking တွေက လူမှုပတ်ဝန်းကျင်ကို ငြိမ်းအေးပျော်ရွင်စေပါမယ်။

ဆိုတော့ကာ ယောဂကြောင့် ဒီလိုမျိုး ကောင်းကျိုးတွေ အများကြီးရလာတယ်ဆိုတာ လူတော်တော်များများက နဂိုထဲက သိထားကြပီးသားပါ။ ကျနော် သိပါတယ်။ ပီးတော့ ခင်များတို့ ယောဂကို ဘာကြောင့် မလေ့ကျင့်ရသလဲ ဆိုတာလဲ ကျနော် သိနေပါတယ်။ လူတော်တော်များများက Yoga လေ့ကျင့်ရင် သူတို့ရဲ့ ဘဝနေထိုင်မှုပုံစံတွေကို ချိန်းပစ်ရမယ်လို့ ထင်မှားနေကြတယ်။ ကျီးပေါင်းရောဂါကို နှစ်ရှည်လများ ခံစားနေရတဲ့ မိတ်ဆွေအမျိုးသမီး တစ်ယောက်ရှိတယ်။ ဘာကြောင့် ကျီးပေါင်းဖြစ်ရလဲဆိုတာ သူကိုယ်တိုင်လဲ သိတယ်။

သူက ရုံးတစ်ရုံးမှာ လက်နှိပ်စက်ရိုက်ရတာကိုး။ ဒီလိုပဲ ခါးအမြဲတန်း နာနေတဲ့ အဝေးပြေးကားမောင်းတဲ့ မိတ်ဆွေတစ်ယောက်လဲ ရှိတယ်။ တကယ်တန်းတော့ Yoga လေ့ကျင့်တယ်ဆိုတာ ကျနော်တို့ရဲ့ နေ့စဥ်ဘဝတွေကို ပိုပိုပီး ပျော်ရွင်တက်ကြွလာစေဖို့ ဖြစ်ပါတယ်။ Yoga လေ့ကျင့်နေလို့ ကိုယ့်ရဲ့ Life Style ကို ချိန်းပစ်ရမှာ မဟုတ်ဘူး။ ဆေးလိပ်သောက်တတ်တဲ့ မိတ်ဆွေတွေ ရှိမယ်။ ဖုန်းတွေ social media တွေကို သာမာန်ထက်ပိုပီး စွဲလန်းနေသူတွေ ရှိမယ်။

Yoga ကတောင်းဆိုတာက ဟန်ချက်ညီတဲ့ ဘက်ညီမျှတတဲ့ Balance ဖြစ်တဲ့ အခြေအနေကိုပါ။ လက်နှိပ်စက်ကို ရိုက်နိုင်ပါတယ်။ နားချိန်လေးမှာ ရုံးတစ်ပါတ် လမ်းလျှောက်လိုက်တာ ရေများများသောက်ပေးတာမျိုး
သင် လုပ်နိုင်ပါတယ်။ ဆေးလိပ်မဖြတ်နိုင်သေးရင် ရပါတယ်။ paranayama အသက်ရှုလေ့ကျင့်ခန်းတွေ များများလုပ်ပေးပါ။ ဖုန်းသုံးလို့ မိနစ် ၂၀ ကြာတိုင်း မျက်စိကို အဝေးကို လှမ်းကြည့်ပေးတာ၊ မျက်လုံးကို
အဖွင့်/အပိတ် ခပ်မြန်မြန်လေး အကြိမ် ၃၀ လောက် သင် လုပ်ပေးနိုင်ပါတယ်။ ဒါတွေက Yoga ကျင့်စဥ်တွေပါပဲ။

တခြားသော လေ့ကျင့်ခန်းတွေကိုလဲ လေ့ကျင့်နိုင်ပါတယ်။ ဒါပေမယ့် ကြက်တောင်ရိုက်တယ် ထားပါတော့၊ ဒါမှမဟုတ် ဘော်လုံးကန်တယ် ပေါ့။ ဒီ လေ့ကျင့်ခန်းတွေက ကိုယ်သန်တဲ့ ညာ/ဘယ် ဘက်ကိုသာ တဖတ်သန် လေ့ကျင့်နေကြရတာမျိုးပါ။ Yoga မှာကြတော့ ခန္ဓာကိုယ်ရဲ့ ဘယ်/ညာ ကို လုံးဝ alignment ဖြစ်အောင် မဖြစ်မနေ လေ့ကျင့်ရပါတယ်။ အများသိကြသလိုပဲ။ ဒါက ခန္ဓာကိုယ်ကို ဆန့်ကျင်ဘက်ကနေ ထိန်းချုပ်နေတဲ့ ဦးနှောက်ရဲ့ ဘယ်/ညာ ၂ ခြမ်းလုံးကို အချိုးညီညီ ဖွံ့ဖြိုးတိုးတက်လာစေဖို့ပါပဲ။

ဒါတွေအပြင် Yoga ဆိုတာ Body,Mind နဲ့ Soul ကို ပေါင်းစပ်လေ့ကျင့်ပေးရတဲ့ အကောင်ဆုံးသော Spiritual ကျင့်စဥ်ပါ။ energy နဲ့ ကုသပေးကြတဲ့ Healing နည်းစနစ်တွေထဲမှာမှ Yoga Healing,
Chakra Healing, Song Healing စရှိသဖြင့် သိပ်ကို အကျိုးများတဲ့ နည်းလမ်းတွေကို သုံးပီး ကျွန်တော်တို့ရဲ့ ဘဝတွေကို နေပျော်စေပီး ကြီးကြယ်ခမ်းနားအောင် လုပ်ယူနိင်ပါတယ်။ ဒီလိုမျိုး ကောင်းကျိုးတွေ ဝေဝေဆာဆာနဲ့ အကျိုးကျေးဇူးများစွာ ရဖို့ဆိုတာက သင့်ဘက်ကတော့ ခြေတစ်လှမ်းလောက် စတင်လိုက်ဖို့ လိုပါတယ်။

ကျန်တာကတော့ Yoga တာဝန်ထားလိုက်ပါ။ ကျနော်တို့ရဲ့ Yoga ကမ္ဘာကနေ မိတ်ဆွေတို့ကို အမြဲတန်း အပြုံးနဲ့ ကြိုဆိုနေပါ့မယ်ဗျ။

#ကောင်းသောနေ့ 🪷
Ref:Sir Sanjay Kumar
Day 1:Yoga Therapy Workshop

ယောဂကျင့်စဉ်တွေဟာ လွယ်သလိုလိုနဲ့ခက် ခက်သလိုလိုနဲ့လွယ် သင်တနိးသူတို့ရဲ့Baby Crow pose ကြိုးစားထားတဲ့ပုံလေးတွေမျှဝေပေးချင်...
05/06/2025

ယောဂကျင့်စဉ်တွေဟာ လွယ်သလိုလိုနဲ့ခက်
ခက်သလိုလိုနဲ့လွယ်
သင်တနိးသူတို့ရဲ့Baby Crow pose ကြိုးစားထားတဲ့ပုံလေးတွေမျှဝေပေးချင်ပါတယ်ရှင့်

Baby Crow Pose ရဲ့ အကျိုးကျေးဇူးတွေကတော့
* ပခုံး၊လက်မောင်းများကို သန်မာစေခြင်း။
* နောက်ကျောအပေါ်ပိုင်းကိုဆန့်ထုတ်ပေးပြီး
ကျောရိုးတန်းမကြီးကို ပျော့ပြောင်းစေခြင်း။
* ဝမ်းဗိုက်ကြွက်သားများကို ကျစ်လစ်သန်မာစေခြင်း။
* ခန္ဓာကိုယ်ရဲ့အလေးချိန်ကိုဟန်ချက်ညီထိန်းချုပ်ရသောကြောင့်အာရုံစူးစိုက်မှုအားကောင်းလာစေခြင်း။
* မိမိစွမ်းရည်ကိုမိမိယုံကြည်မူ့တိုးလာခြင်းတို့ပဲဖြစ်ပါတယ်ရှင်။

Online class Mon, Tue & Wed
6~7 PM

Inperson class Mon to Fri
7~8 AM , 4~5 PM
အောင်မင်္ဂလာ ၄ လမ်း အနီးစခန်း ပြင်ဦးလွင်
Happy life GYM

ချစ်စရာ အရမ်းကြိုးစားတဲ့ သင်တန်းသူလေးတွေ
07/03/2025

ချစ်စရာ အရမ်းကြိုးစားတဲ့ သင်တန်းသူလေးတွေ

ချစ်သူများနေ့မှာဒီ "ချစ်သူသုံးယောက်"ကိုလည်း ချစ်ဖို့မမေ့ပါနဲ့ .. တဲ့။ပထမချစ်သူ ကျန်းမာရေး --- ကိုယ့်ရဲ့ တစ်သက်တာလက်တွဲဖေ...
19/02/2025

ချစ်သူများနေ့မှာ
ဒီ "ချစ်သူသုံးယောက်"ကိုလည်း ချစ်ဖို့
မမေ့ပါနဲ့ .. တဲ့။

ပထမချစ်သူ
ကျန်းမာရေး --- ကိုယ့်ရဲ့ တစ်သက်တာလက်တွဲဖော်

ဒုတိယချစ်သူ
အကောင်းမြင်စိတ်-- ကိုယ့်စိတ်ဝိညာဉ်ရဲ့မိတ်ဆွေကောင်း

တတိယချစ်သူ
အကြင်နာတရား-- ဘဝရဲ့ အခြေခံအရောင်

ချစ်သူများနေ့ရဲ့ အဓိပ္ပာယ်က
နှင်းဆီပန်း၊ ချောကလက်၊ ကတိသစ္စာလောက်တင် မကပါဘူး။

ကျန်းမာရေးက ကိုယ့်ကို တောတောင်ရေမြေအနှံ့ ခြေဆန့်ဖို့ ယုံကြည်မှုပေးတယ်။

အကောင်းမြင်စိတ်က လေပြင်းမုန်တိုင်းကြားမှာ မျှော်လင့်ချက်သက်တံကို မြင်စေတယ်။

အကြင်နာတရားက ကိုယ့်ကို လောကကြီးနဲ့
ညင်ညင်သာသာ ဖက်တွယ်စေတယ်။

မိမိကိုယ်ကို ချစ်ခြင်းက
အဆင့်မြင့်ဆုံး ချစ်သူများနေ့လက်ဆောင်
ဖြစ်ပါတယ်။

Crd;💌

#အနီးစခန်း

Address

Block(11)
Lashio
06301

Telephone

+959660110929

Website

Alerts

Be the first to know and let us send you an email when Talent & Lush Yoga Studio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Talent & Lush Yoga Studio:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram