𝘏𝘵𝘰𝘰 𝘛𝘩𝘪𝘵𝘴𝘢𝘳 𝘗𝘩𝘢𝘳𝘮𝘢𝘤𝘺

  • Home
  • Myanmar
  • Loikaw
  • 𝘏𝘵𝘰𝘰 𝘛𝘩𝘪𝘵𝘴𝘢𝘳 𝘗𝘩𝘢𝘳𝘮𝘢𝘤𝘺

𝘏𝘵𝘰𝘰 𝘛𝘩𝘪𝘵𝘴𝘢𝘳 𝘗𝘩𝘢𝘳𝘮𝘢𝘤𝘺 We post about medicine, drug and health

အမျိုးသမီးများအသုံးများတဲ့ဆေး++++++++++++++++++ယခင် post က မိတ်ဆွေများ comment များမှာ မန့်ကြတဲ့ ဆေးတစ်မျိုးဖြစ်တဲ့ mefe...
17/05/2022

အမျိုးသမီးများအသုံးများတဲ့ဆေး
++++++++++++++++++
ယခင် post က မိတ်ဆွေများ comment များမှာ မန့်ကြတဲ့ ဆေးတစ်မျိုးဖြစ်တဲ့ mefenamic acid အကြောင်းကို သေချာနားလည်အောင် တင်ပေးလိုက်ပါတယ်။ လက်တွေ့သောက်နေကြပေမဲ့ ဆေးနဲ့ပတ်သတ်ပြီး ကိုယ်မသိသေးတဲ့ အချက်များကို သိရှိနားလည်သွားတဲ့အတွက် အကျိုးများမယ်လို့ ယုံကြည်ပါတယ်။

acid ( အကိုက်အခဲပျောက်ဆေး)

ဆေးအမျိုးအစား
***************
အမျိုးသမီးများမှာ အသုံးများတဲ့ဆေးဖြစ်တယ်။ ရာသီလာစဉ် ကိုက်ခဲတာကို သက်သာစေတဲ့ အကိုက်အခဲပျောက်ဆေးဖြစ်တယ်။ အခြားနာကျင်ကိုက်ခဲမှု့များကိုလည်း သက်သာစေတယ်။

ဆေးရဲ့အာနိသင်
***************
နာကျင်မှု့ကိုဖြစ်ပေါ်စေတဲ့ hormone ထွက်တာကို တားပေးတယ်။ နာကျင်မှု့ကို သက်သာစေတယ်။ သားအိမ်ကြွက်သားကျုံခြင်း၊ ညှစ်ခြင်းကို လျော့နည်းစေတယ်။ ရာသီလာချိန် ကိုက်ခဲနာကျင်တာကို သက်သာစေတယ်။ ရာသီသွေးဆင်းများကိုလည်း လျော့ပါးစေတယ်။ အရိုးအဆစ်နာကျင် ကိုက်ခဲတာ ကိုလည်း သက်သာစေတယ်။ ခေါင်းတခြမ်းကိုက်၊ သွားကိုက်သွားနာ၊ ခွဲစိတ်ပြီး နာကျင်တာ၊ ကလေးမီးဖွားပြီး နာကျင်တာတွေကိုလည်း သက်သာစေတယ်။

ဆေးပမာဏ
************
250mg နဲ့ 500mg ဆိုပြီး (၂) မျိုးရှိတယ်

အားသာချက်
************
အခြားအကိုက်အခဲပျောက်ဆေးတွေဖြစ်တဲ့ Diclofenac sodium, Ibuprofen တို့နဲ့ယှဉ်ရင် အစာအိမ်ကို ထိခိုက်မှု့နည်းတယ်။ ဆေးသောက်ပြီး အာနိသင်ရတာ မြန်တယ်။

ဆေးသောက်နည်း နှင့် သတိထားရမည့်အချက်များ
******************************
နာကျင်ကိုက်ခဲရင် သောက်နိုင်တယ်။ တနေ့ကို ၃ ကြိမ်သောက်နိုင်တယ်။ တစ်ကြိမ်သောက်လို့ သက်သာသွားရင် ဆက်ပြီးသောက်စရာမလို။ (၁) ပတ်ထက်ပိုမသောက်ရ။
အစာအိမ်လေဆေးများဖြစ်တဲ့ Digene, Gelmag, Siloxogen များနဲ့ mefanamic acid ကို တွဲမသောက်ပါနဲ့။ အစာအိမ်လေဆေးများက mefenamic acid ကို ခန္ဓာကိုယ်က စုပ်ယူတာကို နှောင့်ယှက်နိုင်လို့ဖြစ်တယ်။

ဘေးထွက်ဆိုးကျိုးများ
*******************
ရင်ပူမယ်
အစာအိမ်မအီမသာဖြစ်၊
ဝမ်းပျက်ဝမ်းလျော၊
ခေါင်းကိုက်၊
နားအူ တာတို့ဖြစ်နိုင်တယ်။

Mefenamic acid မသောက်သင့်သူများ
*****************************
ပန်းနာရင်ကျပ်ရောဂါရှိသူ
အစာအိမ်မကောင်းသူ၊
နှလုံးခွဲစိတ်ထားသူ၊
နှလုံးရောဂါရှိသူ
အသည်းမကောင်းသူ၊
ကျောက်ကပ်မကောင်းသူ၊
သွေးတိုးရောဂါပြင်းထန်သူ များသတိထားသင့်တယ်။ အထက်ပါရောဂါရှိသူများ သောက်ဖို့လိုအပ်ပါက ဆရာဝန်နဲ့ပြသတိုင်ပင်ပြီးမှာ ဆရာဝန်ညွန်ကြားချက်အတိုင်း သောက်သင့်ပါတယ်။

တွဲမသောက်သင့်သောဆေးများ
***************************
သွေးကျဲဆေး ( warfarin, aspirin )
အရောင်ကျဆေး ( dexamethasone, methyprenisolone )
အခြားအကိုက်အခဲပျောက်ဆေး ( ibuprofen, diclofenac sodium)

ရနိုင်သောဆေးအမည်များ
***********************
Dofenal, Ponstan, Mefenamic acid, Mefenac, Meftal spas, Ponasic
acid

#အကိုက်အခဲပျောက်ဆေး
#ရာသီလာကိုက်ခဲ
#ဒေါက်တာထွန်းမြတ်ဝင်း (ဆေးဝါးပညာ)

 #ထူးသစ္စာဆေးဆိုင်မှာ  🙋‍♀️ Chame' Collagen နဲ့ အဆီကျကော်ဖီလေးတွေ instock ရှိပါသေးတယ်နော်.....
17/05/2022

#ထူးသစ္စာဆေးဆိုင်မှာ 🙋‍♀️ Chame' Collagen နဲ့ အဆီကျကော်ဖီလေးတွေ instock ရှိပါသေးတယ်နော်.....

ထူးသစ္စာ​ဆေးဆိုင်ကို ​အောင်ပန်း ရွာငံစုရပ် ​အောင်မြတ်လမ်း (​စျေး​အ​ရှေ့ တစ်လမ်း) မှာ ​ပြောင်းလဲဖွင့်လှစ်ထားပါတယ် မိတ်​ဟေ...
14/05/2022

ထူးသစ္စာ​ဆေးဆိုင်ကို ​အောင်ပန်း ရွာငံစုရပ် ​အောင်မြတ်လမ်း (​စျေး​အ​ရှေ့ တစ်လမ်း) မှာ ​ပြောင်းလဲဖွင့်လှစ်ထားပါတယ် မိတ်​ဟောင်း မိတ်သစ်များ လာ​ရောက် အား​ပေးနိုင်ပါတယ်နော်......💁🏻‍♀️

ကဆုန်လပြည့် ဗုဒ္ဓ​နေ့မှာ အားလုံး ကိုယ်ကျန်းမာစိတ်ချမ်းသာ နိုင်ကြပါ​စေလို့ ထူးသစ္စာ မိသားစုမှာ ဆုမွန်​ကောင်း​တောင်း​ပေးပါ...
14/05/2022

ကဆုန်လပြည့် ဗုဒ္ဓ​နေ့မှာ အားလုံး ကိုယ်ကျန်းမာစိတ်ချမ်းသာ နိုင်ကြပါ​စေလို့ ထူးသစ္စာ မိသားစုမှာ ဆုမွန်​ကောင်း​တောင်း​ပေးပါတယ်

 #အာရုံကြောအားဆေးဆိုတာ  vitamin B1 ,B6,B12ကို အချိုးကျပေါင်းစပ်ထားတဲ့ အားဆေးဖြစ်ပါတယ်။nurobion(နူယိုဘီယွန်),Betex (ဘီတက်...
15/12/2021

#အာရုံကြောအားဆေးဆိုတာ
vitamin B1 ,B6,B12ကို အချိုးကျပေါင်းစပ်ထားတဲ့ အားဆေးဖြစ်ပါတယ်။nurobion(နူယိုဘီယွန်),Betex (ဘီတက်ခ်)စတဲ့ နာမည်အမျိုးမျိုးနဲ့လာပါတယ်။ အာရုံခံဆဲလ် နာမ့်ဆဲလ်တွေရဲ့ ဇီဝ ဖြစ်ပျက်မှုကိုအကျိုးသက်ရောက်ပါတယ်။နာတာရှည် ထုံကျင် ညောင်းညာကိ်ုက်ခဲ
အကြောတင်းနေသူ ထိတွေ့မှု အာရုံနည်းပါးသူ အသက်အရွယ်ကြီးသူတွေ မှာဖြစ်တတ်တဲ့ ထိုလဏ္ခာများကို အထောက်အပံ့ဖြစ်ပါတယ်။
ခန္ဓာ ကိုယ်တွေမှာ အနေအထိုင်း အစားအသောက် လွဲမှားတာတွေကနေ အခြားသော vitamin တွေလည်းချို့တဲ့တတ်ပါတယ်။အဲ့အတွက် အထောက်အပံ့ဆေးကတော့ B complexs, Burplex(ဘားပလပ်) ဖြစ်ပါတယ်။
Vitamins B အကြောင်းတွေကိုတော့ အောက်မှာ ကူးယူဖော်ပြပေးထားပါတယ်။👇
သုခ #

Vitamins B(ကိုယ်ခန္ဓာအတွက် မရှိမဖြစ် ဗီတာမင်)

1. Vitamin B1 (သိုင်ရာမင်း)
2. Vitamin B2 (ရိုင်ဘိုဖလာဘင်)
3. Vitamin B3 (နိုင်ရာစင်)
4. Vitamin B5 (ပန်တိုသနစ်အစ်ဆစ်)
5. Vitamin B6 (ပယ်ရီဒေါက်ဆင်)
6. Vitamin B12
7. Folice Acid

Vitamin B1 (သိုင်ရာမင်း)
လုပ်ဆောင်ချက်
၁. ဦးနှောက်နဲ့ ကြွက်သားတွေကို လှုံ့ဆော်မှုပေးတယ်
ဥပမာ - Oil + Wood = Inflame
B1 + CHO = Energy
၂. အစာကြေစေတယ်
၃. ခံတွင်းကောင်းစေတယ်
၄. အသည်းထဲမှာ B1 ပါဝင်မှုအများဆုံးဖြစ်တယ်(ခန္ဒာကိုယ်ရဲ့ နေရာတိုင်းမှာရှိတယ်)

Vitamin B2 (ရိုင်ဘိုဖလာဘင်)
လုပ်ဆောင်ချက်
ကြီးထွားမှု၊ အရေပြား၊ မျက်စီ၊ အာရုံကြောစနစ်၊ ပါးစပ်အတွင်းအမြှေးပါး၊ ခေါင်းကိုက်ခြင်းတို့ကို အကာအကွယ်ပေးတယ်

Vitamin B3 (နိုင်ရာစင်)
လုပ်ဆောင်ချက်
၁။ ဇီဝကမ္မဖြစ်စဉ်အတွက် Coenzyme တွေကို စွမ်းအင်အဖြစ် ကူညီပေးတယ်
၂။ Fatty Acid ကို ထုတ်ပေးတယ်
၃။ ကဆီ နှင့် အဆီရဲ့ ဇီဝကမ္မဖြစ်စဉ်ကိုပေးတယ်
၄။ အရေးပြားကျန်းမာရေးကို ကောင်းစေတယ်
၅။ မကောင်းတဲ့အဆီကို ကျစေတယ်
4. Vitamin B5 (ပန်တိုသနစ်အစ်ဆစ်)
လုပ်ဆောင်ချက်
၁။ ကဆီဓာတ်၊ အသားဓာတ်၊ အဆီဓာတ်နှင့် ဇီဝကမ္မဖြစ်စဉ် လုပ်ဆောင်ချက်တွေမှာ ပါဝင်တယ်
၂။ စွမ်းအင်ပေးတယ်
၃။ ခုခံအားစနစ်ကို မြှင့်တင်ပေးတယ်
၄။ စိတ်ဓာတ်တက်ကြွစေတယ်
၅။ အဆစ်အမြစ်နာကို သက်သာစေတယ်

5. Vitamin B6
လုပ်ဆောင်ချက်
၁။ အသားနှင့်အဆီဓာတ်ရဲ့ ဇီဝကမ္မလုပ်ဆောင်ချက်ကိုပေးတယ်
၂။ Amino Acid ရဲ့ ဇီဝကမ္မ လုပ်ဆောင်ချက်ကိုပေးတယ်
၃။ ဟော်မုန်းတွေကိုထုတ်လုပ်ပေးတယ်
၄။ သွေးနီဥ ထုတ်လုပ်ပေးတယ်
၅။ ရာသီမလာခင် နာကျင်ကိုက်ခဲတာကို သက်သာစေတယ်
၆။ သွေးအားနည်းခြင်းကို ကာကွယ်ပေးတယ်
(တစ်သျှူးအားလုံးထဲမှာ ပါဝင်တယ်)

6. Vitamin B12
လုပ်ဆောင်ချက်
၁။ သွေးနီဥ ထုတ်လုပ်ပေးတယ်
၂။ အာရုံကြောကို လှုံ့ဆော်မှုကောင်းစေတယ်
၃။ DNA ထုတ်လုပ်မှုမှာ လိုအပ်တယ်

7. Folic Acid
လုပ်ဆောင်ချက်
၁။ သွေးနီဥကို ထုတ်ပေးတယ်
၂။ အာရုံကြော လှုံ့ဆော်မှုအားကောင်းစေတယ်
၃။ DNA,RNA ထုတ်လုပ်မှုမှာ လိုအပ်တယ်
၄။ လျှာ၊အစာအိမ်၊အူလမ်းကြောင်းစတဲ့နေရာတွေမှာ ဆဲလ်အသစ်ဖြစ်ပေါ်ဖို့ လုပ်ဆောင်ပေးတယ်

Vitamin B Complex ချို့တဲ့ခြင်းကြောင့်

၁။ ပါးစပ် - ကျီးကန်းပါးစပ်နာဖြစ်ခြင်း၊ ရေယုံပေါက်ခြင်း၊ အပူကန်ခြင်း၊
အပူနာများပေါက်ခြင်း၊ နှုတ်ခမ်းကွဲခြင်း၊ လျှာကွဲခြင်း၊ ခံတွင်းအနံ့နံခြင်း၊

၂။ အရေပြား- အရေပြားတွေကြမ်းမယ်၊ ခြောက်မယ်၊

၃။ နှုတ်ခမ်း - နှုတ်ခမ်းကွဲခြင်း၊ နှုတ်ခမ်းခြောက်ခြင်း၊

၄။ ခြေ၊လက်- ခြေဖနောင့်ကွဲခြင်း၊ အရေခွံကွာခြင်း၊ ခြေစွယ်ငုတ်ခြင်း၊ ကြမ်းခြင်း၊
ခြောက်ခြင်း၊ ခြေသည်းလက်သည်းအထွက်နှေးခြင်း၊

၅။ နား - မျက်လုံးအတွင်း သွေးကြောမျှင်တွေ နီရဲခြင်း၊

၆။ အာရုံကြောစနစ် - နုံးခြင်း၊ ပင်ပန်းလွယ်ခြင်း၊ ခနခနဖျားခြင်း၊ ဒေါသထွက်လွယ်ခြင်း၊
နှစ်နှစ်ခြိုက်ခြိုက်အိမ်မပျော်ဖြစ်ခြင်း၊ မှတ်ဥာဏ်ချို့ယွင်းခြင်း၊ သတိမေ့တတ်ခြင်း၊

၇။ လျှာ - လျှာတွေချောပြောင်နေခြင်း၊ ဖြူနေခြင်း၊ ခံတွင်းပျက်ခြင်း

၈။ ဆံပင် - ဆံပင်အရောင်လွင့်ခြင်း/မွဲခြောက်ခြောက်ဖြစ်ခြင်း(B12)၊
ဘောက်ထခြင်း (B3)

Vitamin B Complex ချို့တဲ့ရသောအကြောင်းရင်းများ
၁။ ချက်ပြုတ်မှုနည်းစနစ်မှားယွင်းခြင်း၊
ဥပမာ - ဆန်ကိုအကြာကြီးပွတ်တိုက်ဆေးကြောခြင်း၊ ဟင်းသီးဟင်းရွက်တွေ ရေထဲမှာ
အချိန်ကြာကြာ စိမ်ထားခြင်း
၂။ နေထိုင်စားသောက်မှုပုံစံ မမှန်ခြင်း

https://m.facebook.com/story.php?story_fbid=129383959493916&id=100072669360144

ဥပမာ - ဆေးလိပ်၊အရက်သောက်ခြင်း၊ ပုံမှန်မအိပ်ခြင်း၊ ဟန်းဖုန်းအလွန်အကျွံသုံးခြင်း၊ TV / Game ကြာကြာထိုင်သုံးခြင်း၊ မှားယွင်းစွာ ဝိတ်ချခြင်း၊ အစားအသောက်ထဲမှာ ဗီတာမင် လျော့နည်းခြင်း၊တို့ဖြစ်သည်၊၊

#ဆရာမျိုး(ဆေး)Credit;Origin
ကျန်းမာရေးဗဟုသုတမျှဝေသည်။

10.12.2021(Friday) ထူးသစ္စာဆေးဆိုင်မှ တရက်ပိတ်ပါမည်......🙅‍♀️
09/12/2021

10.12.2021(Friday) ထူးသစ္စာဆေးဆိုင်မှ တရက်ပိတ်ပါမည်......🙅‍♀️

 #ပြတ်နေတဲ့Wood'sအနီအပြာinstock_၅လုံးစီပဲရှိတာမို့_လိုအပ်တဲ့customerများအမြန်လာဝယ်ကြနော်....💁‍♀️
12/11/2021

#ပြတ်နေတဲ့Wood'sအနီအပြာinstock_၅လုံးစီပဲရှိတာမို့_လိုအပ်တဲ့customerများအမြန်လာဝယ်ကြနော်....💁‍♀️

 #ထူးသစ္စာဆေးဆိုင်မှာ_ဆီးချို_နလုံးနဲ့ပတ်သက်တဲ့ဆေးတွေလဲရှိပါတယ်နော်.....💁‍♀️
12/11/2021

#ထူးသစ္စာဆေးဆိုင်မှာ_ဆီးချို_နလုံးနဲ့ပတ်သက်တဲ့ဆေးတွေလဲရှိပါတယ်နော်.....💁‍♀️

   's Essence  's Bird's Nest ( Rock sugar ) and Sugar free 💁‍♀️
06/11/2021


's Essence
's Bird's Nest ( Rock sugar )
and Sugar free 💁‍♀️

 ီ_instock_နဲနဲရပါမယ်_စျေးတွေမိုးထိခေါင်ခိုက်နေလို့_အရည်တွက်နဲနဲပဲယူထားပါတယ်ရှင့်....🤭
19/10/2021

ီ_instock_နဲနဲရပါမယ်_စျေးတွေမိုးထိခေါင်ခိုက်နေလို့_အရည်တွက်နဲနဲပဲယူထားပါတယ်ရှင့်....🤭

ထိုင်းနိုင်ငံမှာလည်းအကောင်းဆုံးCollagen ဆုရထားတဲ့  လေးပဲဖြစ်ပါတယ်။သောက်ဖူးသူတိုင်းက Chame မှ Chame ပဲနော်🥰
18/10/2021

ထိုင်းနိုင်ငံမှာလည်းအကောင်းဆုံး
Collagen ဆုရထားတဲ့
လေးပဲဖြစ်ပါတယ်။

သောက်ဖူးသူတိုင်းက Chame မှ Chame ပဲနော်🥰



 ြန်ရပြီနော်_ခွဲတမ်းနဲ့ရတာမို့_အရေတွက်နဲနဲပဲရမယ်နော်....💁‍♀️
23/09/2021

ြန်ရပြီနော်_ခွဲတမ်းနဲ့ရတာမို့_အရေတွက်နဲနဲပဲရမယ်နော်....💁‍♀️

Address

No-321, Kannarawady Street, Minelone Quarter, Loikaw City
Loikaw

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

+959450006817

Website

Alerts

Be the first to know and let us send you an email when 𝘏𝘵𝘰𝘰 𝘛𝘩𝘪𝘵𝘴𝘢𝘳 𝘗𝘩𝘢𝘳𝘮𝘢𝘤𝘺 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to 𝘏𝘵𝘰𝘰 𝘛𝘩𝘪𝘵𝘴𝘢𝘳 𝘗𝘩𝘢𝘳𝘮𝘢𝘤𝘺:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram