Karenni State-CDM Health Team

Karenni State-CDM Health Team We're helping CDM team for their first-aid ,Healthcare in need.

01/10/2025

Hello

🌹🌹🌹
21/06/2024

🌹🌹🌹

10/06/2024
ဘယ်လိုလဲ ကိုယ့်လူတို့ 😎
17/09/2022

ဘယ်လိုလဲ ကိုယ့်လူတို့ 😎

08/09/2022

KSCC State CDM Committee နှင့်ချိတ်ဆက်ဆောင်ရွက်ပြီး အမေ့ထီး ရန်ပုံငွေမှ ကျန်းမာရေးဌာန (ပက+ကုသ)အတွက် CDM ထောက်ပံ့ ငွေ (၅၁၂၀၀၀၀) ကျပ်ကို ခွဲတမ်းရရှိခဲ့ပါတယ်။
*အဆိုပါ ရရှိငွေထဲမှ နယ်စပ် စစ်ဘေးရှောင် ကျန်းမာရေး CDM ဝန်ထမ်းနှင့် တစ်ခြား တိုင်း/ပြည်နယ်တွင် တာဝန်ကျပြီး CDM ပြုလုပ်ခဲ့သော ကယားဒေသခံ ကျန်းမာရေးဝန်ထမ်းများကို ငွေ (၂၁၂၀၀၀၀)ကျပ် KSCC CDM Committee မှ ချိတ်ဆက်ထောက်ပံ့ပေးခဲ့ပါသည်။
*ကျန်ငွေ(၃၀၀၀၀၀၀)ကို ခွဲဝေရန် မြို့နယ်Focalများဖြင့် အစည်းဝေး ပြုလုပ်ခဲ့ပြီး တစ်ဦးလျှင် (၃၀၀၀၀)ကျပ်နှုန်းဖြင့် ၁၀၀ ဦးရေအား ‌ထောက်ပံ့ပေးရန် ဆွေးနွေးဆုံးဖြတ် အတည်ပြုခဲ့ပါသည်။
*ခွဲဝေရာတွင် အရမ်းခက်ခဲသူ ဦးစားပေးရန် နှင့် ရာထူးစုံ ပါဝင်နိုင်ဖို့ (ရရှိ အရေအတွက်ပေါ် မူတည်ပြီး) ဆွေးနွေးခဲ့ပါသည်။
*ငွေ နှင့် လူဦးရေ အချိုးချပြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဌာန(ကယားပြည်နယ်)များသို့ ထောက်ပံ့ငွေပေးနိုင်ရန် မြို့နယ်များကို ချိတ်ဆက်ထားပြီး ဖြစ်ပါသည်။ မြို့နယ် အလိုက် ထောက်ပံ့ပေးခြင်းများ ပေးပြီးလျှင် ဆက်လက်ဖော်ပြပါမည်။ 💪

22/04/2022
20/04/2022
15/04/2022

❏ သင်္ကြန်အကြတ်နေ့ (၁၅ ဧပြီ ၂၀၂၂)

အကြိုနေ့နဲ့ အကျနေ့မှာ ကျဆုံးအာဇာနည်များ၊ မတရားဖမ်းဆီးခံ သူရဲကောင်းများ နဲ့ PDF EROs စစ်သည်တော်တွေကို လေးစားဦးညွတ် ရည်စူးထောက်ပံ့ကူညီပြီး ဒီနေ့ကတော့ CDM ဝန်ထမ်းများရဲ့ နေ့ပါခင်ဗျာ။

CDM မဏ္ဍိုင်ဟာ တော်လှန်ရေးအတွက် အလွန်အရေးပါလှတဲ့ ထောက်တိုင်ကြီးတခု ဖြစ်ပါတယ်။တော်လှန်ရေးရဲ့တပ်ဦးကနေ တော်လှန်ရေးအုတ်မြစ်ကိုချပြီး အရွေ့ကြီးတခုကို စက်နှိုးမောင်းနှင်ခဲ့တာလည်း CDM တွေပဲဖြစ်ပါတယ်။ သို့သော်လည်း တနှစ်ကျော်ကြာလာပြီး အရှိန်အဟုန် အဆင့်ဆင့်ပြောင်းလဲလာတဲ့ တော်လှန်ရေးကြီးမှာ CDMရဲဘော်များဟာ တဖြည်းဖြည်း အမေ့လျော့ခံဖြစ်လာခဲ့တာ CDM ထောက်ပံ့ကြေးတွေကျဆင်းလာတာ၊ နွေဦးထီထိုးသူ အရေအတွက်နည်းလာတာတွေ က သက်သေပဲဖြစ်ပါတယ်။ ဘယ်လိုပဲမေ့လျော့ခံ ထောက်ပံ့မှုတွေ နည်းလာလည်း ဖေဖော်ဝါရီလ၊၂၀၂၁ မှ စတင်ပြီး ယနေ့ထိတိုင်စိတ်ဓါတ်အားဖြင့်သော်လည်းကောင်း၊ လူအားဖြင့်သော်လည်း နည်းလမ်းမျိုးစုံဖြင့် ကြံကြံခိုင်ခဲ့၊ကြံကြံခိုင်နေဆဲဖြစ်သော ဌာနအသီးသီး၊ ပြည်နယ်တိုင်းအသီးသီးမှ CDM ဝန်ထမ်းများအားလုံးကို ဒီနေ့မှာ သတိတရနဲ့ လှိုက်လှိုက်လှဲလှဲ လေးစားဦးညွှတ် ဂုဏ်ပြုလိုက်ရပါတယ်ခင်ဗျာ။

မည်သို့ပင်ဆိုစေ ဘယ်တော့မှသွေးမအေးကြတဲ့ ကျတော်တို့ ပြည်သူတွေကပဲ ပြည်သူချင်း သော်လည်းကောင်း၊ အခြားအခြားသော ထောက်ပံ့ခြင်းများကနေသော် လည်းကောင်း ထောက်ပံ့မှုတွေဟာ ဆက်လက်ရှိနေပါသောကြောင့် ထောက်ပံပေးခဲ့သူများ၊ထောက်ပံပေးနေဆဲသူများကိုလဲ လေးလေးနက်နက်ကျေးဇူးတင်ကြောင်းပြောပါရစေခင်ဗျာ။

နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ယခုနှစ်တော်လှန်သင်္ကြန်ရဲ့ ယနေ့ အကြတ်နေ့မှာ တော်လှန်သင်္ကြန် လူထုလှုပ်ရှားမှုအဖြစ် CDM ဝန်ထမ်းတွေကို မမေ့မလျော့ လေးလေးနက်နက် ဂုဏ်ပြုကြမယ်၊ အားပေးကြ၊ ပံ့ပိုးကူညီကြမယ်ဗျာ။
"တော်လှန်သင်္ကြန်အမှတ်တရ အနေနဲ့ နွေဦးထီ ထိုးကြမယ်ဗျာ။"
ငွေနဲ့ မကူနိုင်ရင်တောင် နှုတ်အားဖြင့် အားပေးဖေးမပြီး ဂုဏ်ပြုကျေးဇူးတင်စကား ပြောကြပါစို့ဗျာ။

#တော်လှန်သင်္ကြန်



#အပျော်သင်္ကြန်_ဒို့ငြင်းဆန်_တော်လှန်သင်္ကြန်_ပြည်သူ့အသံ

#ပေတရာပေါ်မှာ_စီးတဲ့သွေးကို_သင်္ကြန်ရေနဲ့_မဆေးကြော

#သွေးအေးသွားရင်_ခွင့်မလွှတ်ကြေး

#အာဏာရှင်စနစ်ဟူသမျှ_မုချကျရှုံးရမည်

#ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု_မုချတည်ဆောက်နိုင်ရမည်

#အရေးတော်ပုံ_အောင်ရမည်

၁၅ ဧပြီ ၂၀၂၂

Address

1874 8th Street
Loikaw
100091

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 14:00

Telephone

+959780501561

Website

Alerts

Be the first to know and let us send you an email when Karenni State-CDM Health Team posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Karenni State-CDM Health Team:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram