Karenni State CDM Committee

Karenni State CDM Committee Love all CDM members

CDM အားလုံးခင်ဗျာ................. ကျွန်တော်တို့ CDM အရေးကိစ္စများ၊ ထောက်ပံ့ကူညီမှု အစီအစဥ်များကို   page အသစ်ဖြစ်သော Co...
02/01/2026

CDM အားလုံးခင်ဗျာ.................
ကျွန်တော်တို့ CDM အရေးကိစ္စများ၊ ထောက်ပံ့ကူညီမှု အစီအစဥ်များကို page အသစ်ဖြစ်သော Council ​page တွင် သာ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
သို့ဖြစ်ပါသဖြင့် အောက်ပါ CDM Council page ကို Like/ Follow ထပ်မံ ပြုလုပ်ပေးပါရန် လေးစားစွာ အသိပေးအပ်ပါသည်။



-CDM

https://www.facebook.com/share/p/14RVDaMvqTV/

31/12/2025

🌹 #နှစ်သစ်ဆုတောင်း
~~~~~~~~~~

🌹 အမြင်ကျဉ်းမြောင်း
စိတ်ကျဉ်းမြောင်း၍
တွင်းအောင်းရသည့်
ဘဝမှ လွတ်ပါစေ ။

🌹 စိတ်ဓာတ်သေးနုပ်
ဉာဏ်သေးနုပ်၍
ချုပ်ချယ်မှု အမျိုးမျိုးမှ လွတ်ပါစေ ။

🌹 တို့အချင်းချင်း
ခေါင်းထက်နင်း၍
သိမ်ဖျင်းလုပ်ဇာတ်
စိတ်ယုတ်ပတ်နှင့်
ပုတ်ခတ်ကြသည့်
ဘဝမှ လွတ်ပါစေ ။

🌹 သူကမမှန်
ငါကမှန်ဟု
တယူသန်စွဲ
စိတ်သေးဖွဲနှင့်
ငရဲဘဝမှလည်း လွတ်ပါစေ ။

🌹 သူ့ဂုဏ်ကိုချ
ကိုယ့်ဂုဏ်ပြကာ
မာနစကား
တဖွားဖွားနှင့်
အမှားကမ္ဘာမှလည်း လွတ်ပါစေ ။

🌹 မကောင်းမှုခင်
ကောင်းမှုကြဉ်သည့်
ဉာဉ်ဆိုးဉာဉ်မိုက်
မီးပုံမြိုက်၍
ငိုရှိုက်ရခြင်းမှလည်း လွတ်ပါစေ ။

🌹 နှစ်သစ်မြတ်ဆု
ဤကောင်းမှုကြောင့်
သာဓု..သာဓု..သာဓု ခေါ်စေသော် ။ ။

#ဆရာကြီးတင်မိုး

(၁၉၉၁)

အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင်အတုအယောင်ရွေးကောက်ပွဲအား ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ဒေသအသီးသီးရှိ CDM နိုင်ငံ့...
28/12/2025

အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင်အတုအယောင်ရွေးကောက်ပွဲအား ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ဒေသအသီးသီးရှိ CDM နိုင်ငံ့ဝန်ထမ်းများကောင်စီများ၏ ပူးတွဲသဘောထားထုတ်ပြန်ချက်
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်

၁။ အကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ပြည်သူလူထု၏ ဆန္ဒအမှန်ဖြင့် ရွေးချယ်တင်မြှောက်ထားသည့် အစိုးရထံမှ နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့ပြီးနောက် နိုင်ငံတစ်ဝှမ်းရှိ အပြစ်မဲ့ ပြည်သူလူထုများကို သတ်ဖြတ်ခြင်း၊ နေအိမ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ သာသနာ့အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခြင်းနှင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းစသည့် လူမဆန်သော စစ်ရာဇဝတ်မှုများကို ယနေ့တိုင် ကျူးလွန်လျက်ရှိသည်။ ယခုအခါ ၎င်းတို့၏ တရားမဝင် အာဏာသိမ်းမှုကို တရားဝင်မှု (Legitimacy) ရရှိရန် ကြိုးပမ်းသည့်အနေဖြင့် နိုင်ငံတကာနှင့် ပြည်သူလူထုအား လှည့်စားပြီး "အတုအယောင်ရွေးကောက်ပွဲ" ကို ကျင်းပရန် လုပ်ဆောင်လာခြင်းသည် မြန်မာ့နိုင်ငံရေး သမိုင်းတွင် အရှက်မဲ့ဆုံးသော လုပ်ရပ်တစ်ခုဖြစ်သည်။

၂။ အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ၎င်းတို့၏ အာဏာတည်မြဲရေးအတွက် ပြည်သူ့အသက်ပေါင်းများစွာကို တန်ဖိုးမထားဘဲ ဖျက်ဆီးမှုကြောင့် တိုင်းပြည်သည် အဘက်ဘက်မှ နိမ့်ကျလျက်ရှိနေချိန်တွင် ရွေးကောက်ပွဲကျင်းပနိုင်ရေးနှင့် အာဏာဆက်လက်တည်မြဲရေးအတွက် ကြိုးပမ်းနေမှုသည် ပြည်သူလူထု၏ သဘောထားဆန္ဒနှင့် ပြောင်ပြောင်တင်းတင်း ဆန့်ကျင်လျက်ရှိပါသည်။ အဆိုပါ တရားမဝင်အတုအယောင် ရွေးကောက်ပွဲမှ ပေါ်ပေါက်လာမည့် အတုအယောင် ရုပ်သေးအစိုးရသည်လည်း ပြည်သူတစ်ရပ်လုံး ရွေးချယ်ထားသည့် ပြည်သူ့အစိုးရတစ်ရပ် မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ပါ။

၃။ စစ်အာဏာရှင်စနစ်အောက် ငြိမ်းချမ်းခြင်းနှင့် တရားမျှတခြင်းမရှိသည့် အခြေအနေတွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး နိုင်ငံတော်အား ပျက်စီးရာပျက်စီးကြောင်းသာ ဖြစ်စေမည်ဖြစ်သည့်အတွက် ဒေသတွင်းနှင့် နိုင်ငံတကာ အစိုးရများကလည်း ၎င်းလုပ်ငန်းစဉ်ကို အားပေးထောက်ခံခြင်း မပြုကြပါရန် အလေးအနက် တောင်းဆိုအပ်ပါသည်။

၄။ မိမိတို့ ဒေသအသီးသီးရှိ CDM နိုင်ငံ့ဝန်ထမ်းများသည် အောက်ပါအချက်များကို အလေးအနက် ထုတ်ဖော်ကြေညာအပ်ပါသည် -

(က) စစ်ကောင်စီကျင်းပသည့် ဤရွေးကောက်ပွဲသည် စစ်မှန်သော ကိုယ်စားပြုမှုမဟုတ်ဘဲ စစ်ဝတ်စုံချွတ် အာဏာရှင်သစ်များ ပေါ်ထွက်လာစေရန် ပြုလုပ်သည့် ဟန်ပြလုပ်ရပ်သာ ဖြစ်ပါသည်။

(ခ) တစ်နိုင်ငံလုံးရှိ ပြည်သူလူထုသည် စစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် အတိဒုက္ခရောက်နေကြရပြီး ၎င်းတို့ကျင်းပမည့် ရွေးကောက်ပွဲအား လုံးဝလက်ခံမည်မဟုတ်သကဲ့သို့ ပြတ်ပြတ်သားသား သပိတ်မှောက်သွားမည်ဖြစ်ပါသည်။

(ဂ) မိမိတို့ CDM နိုင်ငံ့ဝန်ထမ်းများသည် အာဏာရှင်အား အလုပ်အကျွေးပြုမည့် မည်သည့် ယန္တရားတွင်မဆို ပါဝင်မည်မဟုတ်ဘဲ စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်နှင့် ပတ်သက်သည့် လုပ်ငန်းမှန်သမျှကို ဆန့်ကျင်တိုက်ဖျက်သွားမည် ဖြစ်ပါသည်။

(ဃ) ကုလသမဂ္ဂနှင့် နိုင်ငံတကာအစိုးရများအနေဖြင့် စစ်ကောင်စီ၏ တရားမဝင်သော အတုအယောင်ရွေးကောက်ပွဲအား လုံးဝအသိအမှတ်မပြုရန်နှင့် ပြည်သူ့ဆန္ဒကို ဖော်ဆောင်နေသည့် အင်အားစုများကိုသာ ထိရောက်သည့် အကူအညီများ ပေးအပ်နိုင်ရန် တောင်းဆိုသည်။

၅။ စစ်အာဏာရှင်တို့၏ လက်နက်အားကိုး ဗုံးကြဲတိုက်ခိုက်မှုများအောက်တွင် မည်သို့သော တရားမျှတသည့် ရွေးကောက်ပွဲမျှ ဖြစ်လာနိုင်ရန် အကြောင်းမရှိပေ။ စစ်ကောင်စီသည် ၎င်းတို့၏ နိုင်ငံရေး ထွက်ပေါက်အဖြစ် ရွေးကောက်ပွဲကို အသုံးချသော်လည်း ပြည်သူ့ခုခံတွန်းလှန်စစ်၏ အရှိန်အဟုန်ကြောင့် မကြာမီ ပြိုလဲပျက်စီးရမည်မှာ ဧကန်မလွဲပင်ဖြစ်ပါသည်။

၆။ မိမိတို့ ဒေသအသီးသီးရှိ CDM နိုင်ငံ့ဝန်ထမ်းများကောင်စီများအနေဖြင့် ယနေ့ အကြမ်းဖက် စစ်ကောင်စီက ဦးဆောင်ကျင်းပသည့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် ပေါ်ထွန်းလာသည်အထိ ပြည်သူနှင့်အတူ လက်တွဲကာ အဆုံးတိုင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သစ္စာပြု သန္နိဋ္ဌာန်ချမှတ်အပ်ပါသည်။

ပူးပေါင်းထုတ်ပြန်သည့် အဖွဲ့အစည်းများ -
(၁) ကချင်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (KSCCSC)
(၂) ကရင်နီပြည် နိုင်ငံ့ဝန်ထမ်း CDM ကော်မတီ (KCDM)
(၃) စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-SFU)
(၄) ပဲခူးဒေသ CDM နိုင်ငံ့ဝန်ထမ်းကောင်စီ (BRCC)
(၅) မန္တလေးဒေသ အကြမ်းမဖက် အာဏာဖီဆန်ရေးအဖွဲ့ (MCDMO)
(၆) မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-MON)

🎄🎄🎄 Merry Christmas 🎄🎄🎄ခရစ်ယာန်ဘာသာဝင် အပေါင်းနှင့်တကွ CDM သူရဲကောင်းများအားလုံး ကျန်းမာ​ဘေးကင်းကြပါ​စေ။ ခရစ်စမတ် က ယူဆေ...
25/12/2025

🎄🎄🎄 Merry Christmas 🎄🎄🎄
ခရစ်ယာန်ဘာသာဝင် အပေါင်းနှင့်တကွ CDM သူရဲကောင်းများအားလုံး ကျန်းမာ​ဘေးကင်းကြပါ​စေ။ ခရစ်စမတ် က ယူဆောင်လာတဲ့ ချစ်ခြင်း ငြိမ်သက်ခြင်း နဲ့ ပြည့်စုံကြပါစေ။
ပျော်ရွှင်သော မိသားစုဘဝ ပိုင်ဆိုင်ကြပါစေ။

ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း (၆) ခု တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်းရက်စွဲ။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ...
24/12/2025

ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း (၆) ခု တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း
ရက်စွဲ။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်

၁။ ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများအကြား အပြန်အလှန် ချိတ်ဆက်မှု အားကောင်းစေရန်နှင့် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ မြှင့်တင်နိုင်ရန် ရည်ရွယ်သည့် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်၊ ညနေ (၁၆:၃၀) နာရီအချိန်တွင် Zoom Meeting မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။ အဆိုပါ အစည်းအဝေးသို့ ကချင်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (KSCCSC)၊ ကရင်နီပြည် နိုင်ငံ့ဝန်ထမ်း CDM ကော်မတီ (KCDM)၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-SFU)၊ မန္တလေးဒေသ အကြမ်းမဖက် အာဏာဖီဆန်ရေးအဖွဲ့ (MCDMO)၊ မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-MON) နှင့် ပဲခူးဒေသ CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (BRCC) တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

၃။ အစည်းအဝေးတွင် တက်ရောက်လာကြသည့် တာဝန်ရှိသူများက အောက်ပါအချက်များကို အဓိကထား ဆွေးနွေးခဲ့ကြသည် -
(က) ဒေသအလိုက် လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ။
(ခ) CDM ဝန်ထမ်းများ မြေပြင်တွင် ကြုံတွေ့နေရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများ။
(ဂ) ဒေသ (၆) ခုအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးနှင့် ခိုင်မာသော မဟာမိတ်ဆက်ဆံရေး တည်ဆောက်ရေး ကိစ္စရပ်များ။

၄။ အစည်းအဝေး ဆုံးဖြတ်ချက်ရလဒ် အနေဖြင့် ကချင်၊ ကရင်နီ၊ စစ်ကိုင်း၊ မန္တလေး၊ မွန် နှင့် ပဲခူး ဒေသအခြေပြုအဖွဲ့အစည်း (၆) ဖွဲ့တို့အကြား "ခိုင်မြဲသော မဟာမိတ်ဆက်ဆံရေး တည်ဆောက်ကာ အတူတကွ လက်တွဲပူးပေါင်း ဆောင်ရွက်သွားကြရန်" သဘောတူ ဆုံးဖြတ်ခဲ့ကြပါသည်။

၅။ ထို့နောက် တက်ရောက်လာသူများက ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး၊ အစည်းအဝေးကို ညနေ (၁၉:၀၀) နာရီအချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။




-FSU
-MON

ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်​ရက်စွဲ။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်​၁။ ...
23/12/2025

ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်
​ရက်စွဲ။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်

​၁။ ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်သည့် တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်၊ ညနေ (၁၆:၃၀) နာရီအချိန်တွင် Zoom Meeting မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

​၂။ အဆိုပါ အစည်းအဝေးသို့ ​ကချင်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (KSCCSC)၊​ကရင်နီပြည် နိုင်ငံ့ဝန်ထမ်း CDM ကော်မတီ (KCDM)၊​စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-SFU)၊​မန္တလေးဒေသ အကြမ်းမဖက် အာဏာဖီဆန်ရေးအဖွဲ့ (MCDMO)၊​မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-MON)နှင့် ရန်ကုန်ဖက်ဒရယ်ယူနစ်၏ CDM နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်း ဖြစ်ပေါ်လာရေး ကြိုးပမ်းဆောင်ရွက်နေသည့် စုစည်းရေးနှင့် ဖြစ်မြောက်ရေး အလုပ်အဖွဲ့ (ယာယီ) မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

​၃။ အစည်းအဝေးတွင် ဒေသအလိုက် လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် ကြုံတွေ့ရသည့် အခြေအနေများကို အပြန်အလှန် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် ရန်ကုန်ဖက်ဒရယ်ယူနစ်တွင် CDM နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း အောင်မြင်စွာ ဖွဲ့စည်းနိုင်ရေးအတွက် လိုအပ်သည့် ကူညီပံ့ပိုးမှုများနှင့် ပူးပေါင်းဆောင်ရွက်မည့် နည်းလမ်းများကို ဆွေးနွေး ညှိနှိုင်းခဲ့ကြပြီး အစည်းအဝေး ကို ညနေ (၁၈:၀၀) နာရီအချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။



#ဒေသအခြေပြုCDMအဖွဲ့အစည်းများ

17.12.2025 တွင် ကြေငြာခဲ့သော ကျန်းမာရေးဌာန ခက်ခဲ CDM များသို့ ကူညီမှုအစီအစဥ်အတွက် Page Chat box တွင် စာရင်းများလက်ခံရာ အ...
18/12/2025

17.12.2025 တွင် ကြေငြာခဲ့သော
ကျန်းမာရေးဌာန ခက်ခဲ CDM များသို့ ကူညီမှုအစီအစဥ်အတွက် Page Chat box တွင် စာရင်းများလက်ခံရာ အဆင်မပြေမှုများ ရှိပါသဖြင့် ပေးပို့ထားပြီးသူများနှင့် ပေးပို့ရန် ကျန်ရှိသူများအနေဖြင့် အောက်ပါ Google form ဖြင့်
ကျေးဇူးပြု၍ ပြန်လည် ဖြည့်သွင်းပေးပို့ပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံပါသည်။

လေးစားစွာဖြင့် အချက်အလက်များ စီစစ်အတည်ပြုပြီးပါက အကြောင်းပြန်ကြားပေးပါမည်။

ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းများ၏ ပူးတွဲထုတ်ပြန် ကြေညာချက်                                       ၂၀၂၅ခုနှစ်...
17/12/2025

ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းများ၏ ပူးတွဲထုတ်ပြန် ကြေညာချက်
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်

ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းများအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ (၀၄:၀၀) နာရီအချိန်တွင် Zoom Meeting ဖြင့် ကျင်းပပြုလုပ်သည့် ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများ အစည်းအဝေး၏ သဘောတူညီချက်များအရ အောက်ပါအချက်များကို ပူးတွဲထုတ်ပြန်ကြေညာအပ်ပါသည်-

(၁) ဒေသအခြေပြု CDMနိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများသည် ကောင်းမွန်ခိုင်မာသည့် မိတ်ဖက်ဆက်ဆံရေးကို အခြေပြု၍ အဖွဲ့အစည်းတစ်ခုအပေါ် အခြား အဖွဲ့အစည်းများ ၏ လွှမ်းမိုးမှုကင်းခြင်း၊ အပြန်အလှန် လေးစားအသိအမှတ်ပြုခြင်း၊ CDM နိုင်ငံ့ဝန်ထမ်း များ၏ အကျိုးစီးပွားကို ရှေးရှုခြင်း အစရှိသည့် သတ်မှတ်ထားသည့် စံနှုန်းများအပေါ် မြဲမြံစွာ ရပ်တည်ကာ ဆောင်ရွက်သွားကြမည်။

(၂) ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းများသည် လက်ရှိအခြေအနေနှင့်အညီ သက်ဆိုင်ရာဒေသအတွင်း အဓိကလုပ်ဆောင်ရမည့် နိုင်ငံ့ဝန်ထမ်း လူ့စွမ်းအား အရင်းအမြစ် စီမံခန့်ခွဲခြင်း၊ ဝန်ထမ်းရေးရာ အစီအမံများကို ဒေသတွင်း တာဝန်ရှိသူ များနှင့် တိုင်ပင်ညှိနှိုင်း ရေးဆွဲချမှတ်ခြင်းတို့ကဲ့သို့သော အရေးကြီးသည့် လုပ်ငန်းများကို ဦးစားပေးလုပ်ဆောင်သွားကြမည်။

(၃) ဒေသအခြေပြု အဖွဲ့အစည်းများအကြား CDM နိုင်ငံ့ဝန်ထမ်းလူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာ ကိစ္စရပ်များ၊ ဒေသအလိုက် ဆောင်ရွက်လျက်ရှိသည့် နိုင်ငံရေး၊ ဖက်ဒရယ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် အပြန်အလှန်မျှဝေ ဆွေးနွေးမှုများ ပြုလုပ်၍ ပူးပေါင်းလုပ်ဆောင်သွားကြမည်။

(၄) ဒေသအခြေပြုဖွဲ့စည်းထားသည့် CDM နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများသည် နိုင်ငံ့ ဝန်ထမ်း CDM များစုံလင်စွာ ပါဝင်သည့် သက်ဆိုင်ရာဒေသကိုယ်စားပြု CDM နိုင်ငံ့ ဝန်ထမ်းဆိုင်ရာ အဖွဲ့အစည်းတစ်ရပ်ဖြစ်သည့် အားလျော်စွာ အခြား ပြည်နယ်/ တိုင်း/ ဒေသ အခြေပြု CDM နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများ ဆက်လက်ပေါ်ထွက်လာစေရန် အားပေးကူညီသွားကြမည်။

(၅) နိုင်ငံအဆင့် ဆောင်ရွက်ရန်ရှိသော ကိစ္စရပ်များတွင် ဒေသအခြေပြု အဖွဲ့အစည်းများ ပူးပေါင်း၍ ညှိနှိုင်းဆောင်ရွက်သွားကြမည်။

ပူးတွဲထုတ်ပြန်သည့်အဖွဲ့အစည်းများ-

(က) ကချင်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ((KSCCSC)
( ခ) ကရင်နီပြည် CDM နိုင်ငံ့ဝန်ထမ်းများကော်မတီ(KCDM)
( ဂ) စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ
(CCSC-SFU)
(ဃ) မန္တလေးဒေသ အကြမ်းမဖက်အာဏာဖီဆန်ရေးအဖွဲ့(MCDMO)
( င) မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-MON)

“ကျန်းမာ‌ရေးဌာန ခက်ခဲ  CDM များ အတွက် ပံ့ပိုးမှုအစီအစဥ်”ကျွန်တော်တို့ ကရင်နီပြည် နိုင်ငံ့ဝန်ထမ်း CDM ကော်မတီမှ ဆောင်ရွက်...
17/12/2025

“ကျန်းမာ‌ရေးဌာန ခက်ခဲ CDM များ အတွက် ပံ့ပိုးမှုအစီအစဥ်”

ကျွန်တော်တို့ ကရင်နီပြည် နိုင်ငံ့ဝန်ထမ်း CDM ကော်မတီမှ ဆောင်ရွက်လျှက်ရှိသော ကျဆုံး CDM ၏ မိသားစုနှင့် ကိုယ်လက်အင်္ဂါဆုံးရှုံးCDM များအတွက် ပံ့ပိုးမှု အစီအစဥ်ကို ဆက်လက်ဆောင်ရွက်နေရင်းဖြင့် ...............

ယခု ထပ်မံ၍

ကျန်းမာရေး CDM များအတွက် CDM Medical Network မှ နွေဦးထီရန်ပုံငွေခွဲတမ်းမှရရှိသော ပံ့ပိုးမှုများကို ခက်ခဲသော ကျန်းမာရေး CDM များ(သီးသန့်)သို့ ထောက်ပံ့ပေးမည့် အစီအစဥ် ဖြစ်ပါတယ်။ ခက်ခဲ သော ကျန်းမာရေး CDM များ အနေဖြင့် ထောက်ပံ့မှုပေးနိုင်ရန် အတွက် ယခု အချိန်မှစ၍ လာရောက်စာရင်းပေးသွင်းနိုင်ရန် လေးစားစွာ ကြေငြာအပ်ပါသည်။

CDM အတည်ပြုခြင်း၊ ခက်ခဲသော အခြေအနေများကို စီစစ်အတည်ပြုခြင်းတို့ ဆောင်ရွက်ပြီးပါက ရရှိထားသော ရန်ပုံငွေပမာဏအရ ဦးစားပေးအစီအစဥ်ဖြင့် ပံ့ပိုးမှုများ ပေးအပ်သွားမည် ဖြစ်ပါသည်။

**** အခြားဌာန ခက်ခဲ CDM များအတွက်လည်း ကြိုးစားဆောင်ရွက်နေပါသည်။
-----------------------------------------------------------------------------------------------
ကျန်းမာရေးဌာန ခက်ခဲသော CDMများအတွက် တင်ပြရမည့်
အချက်အလက်များမှာ.........................

1_Group ID = ထောက်ပံ့ကြေးရသူ အမှတ်စဥ်
2_Employee Name = CDM အမည်
3_"NRC (In Myanmar)" = မှတ်ပုံတင်အမှတ်
4_"Employee ID (Optional)" = အလုပ်သမား အမှတ်စဥ်
5_Phone Number = ဖုန်းနံပါတ်
6_Ministry = ဝန်ကြီးဌာန
7_"SubMinistry (if known)= ဝန်ကြီးဌာနခွဲ
8_"Department (if known)" = လုပ်ကိုင်သော ဌာန
9_"Rank / Position (If known)" = ရာထူး/ အဆင့်
10_Salary Amount = ရရှိခဲ့သော လစာ
11_Salary Type = လစာ/ လုပ်အားခ
12_Amount to Pay. = ပေးအပ်သော ပမာဏ
13_Home State = နေအိမ်ရှိသော ပြည်နယ်
14_Home Township = နေအိမ်ရှိသော မြို့နယ်
15_Working State = အလုပ်လုပ်သော ပြည်နယ်
16_Working Township = အလုပ်လုပ်သော မြို့နယ်
17_"CDM Start Date (MM/DD/YYYY) = CDM စလုပ်သော ရက်စွဲ
18_ ခက်ခဲသော အခြေအနေတင်ပြချက် =
19_ လက်ရှိနေရပ်လိပ်စာ =
20_ ဆက်သွယ်ရန်လိပ်စာ =


. ကရင်နီပြည် နိုင်ငံ့ဝန်ထမ်းများ စီဒီအမ် ကော်မတီ
. (KCDM)

ဒေသအခြေပြု CDM နိုင်ငံ့၀န်ထမ်းအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရက်စွဲ။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်၁။   ...
14/12/2025

ဒေသအခြေပြု CDM နိုင်ငံ့၀န်ထမ်းအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်
ရက်စွဲ။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်

၁။ ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ည‌နေ မြန်မာစံတော်ချိန်(၁၆:၀၀)နာရီအချိန်တွင် Zoom Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။ အစည်းအဝေးတွင် ဒေသအခြေပြု ဖွဲ့စည်းထားသည့် CDM နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်း(၅)ခုမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ခိုင်မာသည့် မဟာမိတ်ဆက်ဆံ‌ရေးဆိုင်ရာ သဘောတူညီချက် ထုတ်ပြန်နိုင်ရေး၊ ‌ဖွဲ့စည်းပေါ်ပေါက်ပြီးဖြစ်သည့် ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းများနှင့် ဆက်လက်တွေ့ဆုံနိုင်ရေး၊ ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း မဖွဲ့စည်းရသေးသည့် ဒေသများအတွက် လိုအပ်သည့် အကူအညီများ ပေးအပ်ပြီး အားပေးကူညီနိုင်ရေး၊ နိုင်ငံ့ဝန်ထမ်း လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာကိစ္စရပ်များ၊ ဒေသအလိုက် ဆောင်ရွက်လျက်ရှိသည့် နိုင်ငံရေး၊ ဖက်ဒရယ်အရေးဆိုင်ရာကိစ္စရပ်များတွင် အပြန်အလှန် မျှဝေဆွေးနွေးမှုများ လုပ်ဆောင်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

၃။ အဆိုပါ ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းများတွင် ကချင်ပြည်နယ် CDM နိုင်ငံ့၀န်ထမ်းများကောင်စီ (KSCCSC)၊ ကရင်နီပြည် နိုင်ငံ့၀န်ထမ်း CDM ကော်မတီ (KCDM)၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့၀န်ထမ်းများကောင်စီ (CCSC-SFU)၊မန္တလေးဒေသ အကြမ်းမဖက် အာဏာဖီဆန်ရေးအဖွဲ့ (MCDMO) နှင့် မွန်ပြည်နယ် CDM နိုင်ငံ့၀န်ထမ်းများကောင်စီ (CCSC-MON)တို့ ပါဝင်ပြီး တွေ့ဆုံဆွေးနွေးပွဲကို (၁၈:၀၀) နာရီအချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းနိုင်ခဲ့ပါသည်။

"ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများက အမျိုးသားညီညွတ်ရေးအစိုးရသို့ တိုက်တွန်းချက်"၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်၁။...
11/12/2025

"ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများက အမျိုးသားညီညွတ်ရေးအစိုးရသို့ တိုက်တွန်းချက်"

၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်

၁။ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် Myanmar Pressphoto Agency-MPA က ပြည်သူလူထုသို့ တင်ပြသည့် “NUG ဖြေရှင်းရမည့် ဝန်ကြီးချုပ်ရုံးက ငွေကြေးအရှုပ်များ၊ ရုံးတွင်း ဖိနှိပ်မှုများနှင့် အာဏာအလွဲသုံးစားမှုများ” သတင်းသည် လူထုစိတ်ဝင်စားမှု မြှင့်တက်မှုများနှင့် အတူ ထွက်ပေါ်လာခဲ့သည်။ ထို့အပြင် အလွတ်တန်းသတင်းထောက်ဖြစ်သည့် Mratt Kyaw Thu ၏ လူမှုကွန်ရက်စာမျက်နှာနှင့် YouTube Channel တို့တွင် သတင်းများ၊ နစ်နာသူများနှင့် အင်တာဗျူးများလည်း ဆက်လက်ထွက်ပေါ်လာခဲ့ပါသည်။ အဆိုပါဖြစ်စဉ်၌ တိုင်ကြားသူများဖြစ် သည့် ဝန်ကြီးချုပ်ရုံး ဝန်ထမ်းဟောင်း(၁၂)ဦးတွင် CDM နိုင်ငံ့ဝန်ထမ်း (၅) ဦး၊ နိုင်ငံရေးအကျဉ်း သားဟောင်း(၁)ဦး၊ NLD ပါတီဝင်(၂)ဦး၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ(၄)ဦး ပါဝင်နေကြောင်း သိရှိရပါသည်။

၂။ မိမိတို့ ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းများအနေဖြင့် ဤဖြစ်စဉ်ကို အစ ကနဦးကပင် သတိပြုစောင့်ကြည့်ခဲ့ပါသည်။ သို့သော် ဒီဇင်ဘာလ ၇ ရက်နေ့တွင် CJ Platform ၏ လူမှုကွန်ရက်စာမျက်နှာတွင် “နစ်နာသူများ ဖွင့်လှစ်ထားသည့် page ဆက်လက် အသုံးမပြုရန် တားမြစ်ခံရကြောင်း၊ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာက တိုင်ကြားသူ (၁၂)ဦး ကို ပြန်လည်တိုင်ကြားထားကြောင်း” သိရှိရပါသည်။

၃။ မိမိတို့ CDM နိုင်ငံ့ဝန်ထမ်းများသည် ကိုယ်ကျိုးစီးပွားကာကွယ်ကာ လူထုကို အနိုင်ကျင့် ဖိနှိပ်နေသော အကြမ်းဖက်စစ်အုပ်စုကို ဓမ္မအသိဖြင့် ဆန့်ကျင်တော်လှန်ခဲ့ကြသူများ ဖြစ်ပါသည်။ ရာထူး၊ လစာ နှင့် ဘဝအာမခံချက်များကို စွန့်လွှတ်ပြီး ပြည်သူ့အစိုးရနှင့်အတူ ရပ်တည် ခဲ့ကြခြင်းဖြစ်ပါသည်။ သို့ဖြစ်ရာ တော်လှန်ရေးအစိုးရတစ်ရပ်အနေဖြင့် တော်လှန်ရေး ရည်မှန်း ချက်များ ပေါက်မြောက်အောင်မြင်ရန် ပံ့ပိုးနေကြသော CDM နိုင်ငံ့ဝန်ထမ်းများကို ကာကွယ် စောင့်ရှောက်ရန် အပြည့်အဝ တာဝန်ရှိပါသည်။

၄။ သို့သော် တော်လှန်ရေးကာလအတွင်း မလျော်ဩဇာသုံးခြင်းနှင့် စီမံခန့်ခွဲမှု အားနည်းခြင်း များကြောင့် ကနီမြို့နယ်၏ ပညာရေးတာဝန်ခံ ဆရာဦးဝင်းဌေးအပါအဝင် မိသားစုလိုက် မတရား လုပ်ကြံ သတ်ဖြတ်ခံရမှု၊ ကောလင်းမြို့နယ် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အတွင်းရေးမှူး ဆရာ အရိန္ဒမာ လုပ်ကြံခံရမှုနှင့် ဒီပဲယင်းမြို့နယ်၊ ယဉ်ကျေးရွာတွင် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့် ပညာဦးစီးဌာနမှ CDM နိုင်ငံ့ဝန်ထမ်း ဆရာမ ဒေါ်ခင်စန်းယုဆွေ နေအိမ်၌ ပစ်ခတ်သတ်ဖြတ်ခံရမှု အစရှိသည်မှစ၍ ကျွန်ုပ်တို့၏ CDM နိုင်ငံ့ဝန်ထမ်းများအပေါ် ကျူးလွန်ခံရမှုများသည် ယနေ့အချိန် အထိ ဥပဒေ၏ အကာအကွယ် မရရှိခြင်း၊ တရားမျှတမှု ပြန်လည် ဖော်ဆောင် မပေးနိုင်ခြင်းတို့ အပြင် အကြောက်တရားပါ ထပ်ဆင့် ကြီးစိုး ခံနေကြရပါသည်။

၅။ ယခု ဝန်ကြီးချုပ်ရုံးအတွင်းဝန်နှင့်ခင်ပွန်းက မူလတိုင်ကြားသူများအပေါ် ပြန်လည် တိုင် ကြားမှုသည် သက်ဆိုင်ရာပုဂ္ဂိုလ်များ၏ အခွင့်အရေးဖြစ်ကြောင်း မိမိတို့ ကောင်းစွာ နားလည် လက်ခံထားပါသည်။ ဝန်ကြီးချုပ်ရုံးအတွင်းဝန်နှင့်ခင်ပွန်းတို့အပေါ် တိုင်ကြားမှုဖြစ်စဉ်သည် အာ ဏာလက်ဝယ် ပိုင်ဆိုင်ထားသူအချို့အကြား အချင်းချင်း အပြန်အလှန် အကာအကွယ်ပေးခြင်း၊ မလျော်ဩဇာအသုံးပြု၍ နစ်နာသူများအပေါ် ဖိနှိပ်ခြင်း၊ ပြည်သူနှင့် အဆက်အသွယ်ဖြတ် တောက်ခြင်းများ ဆောင်ရွက်လာသဖြင့် မိမိတို့ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်း များက အထူးစိုးရိမ်ပါသည်။ CDM နိုင်ငံ့ဝန်ထမ်းများသည် လက်နက်မဲ့သူများဖြစ်ခြင်း၊ အကြမ်းမ ဖက်အာဏာဖီဆန်ရေး လှုပ်ရှားသူများဖြစ်ခြင်း၊ တော်လှန်ရေး၏ အဓိက ထောက်တိုင်ဖြစ်ခြင်း နှင့် လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်စေရန် မရှိမဖြစ် လိုအပ်သော ပညာရပ်နယ်ပယ် အသီးသီးမှ ဖြစ်ခြင်းတို့ကြောင့် အပြန်အလှန် လေးစား အသိအမှတ်ပြုမှုဖြင့် ဆက်ဆံပေးကြပါရန်နှင့် အမျိုး သားညီညွတ်ရေးအစိုးရအနေဖြင့်လည်း တရားမျှတမှုကို အမြန်ဆုံး ဖော်ဆောင်ပေးရန် လေးနက် စွာ တောင်းဆိုအပ်ပါသည်။

၆။ မိမိတို့ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများအနေဖြင့် အလွန်တရာ ရက်စက် ကြမ်းကြုတ်သည့် အကြမ်းဖက်စစ်အုပ်စုကိုပင် အသက်စွန့်၍ တော်လှန်ပုန်ကန် လာခဲ့ကြသူများ ဖြစ်ပါသည်။ ထို့ကြောင့် ထပ်မံကြုံတွေ့လာနိုင်သည့် မည်သည့် အာဏာရှင်မျိုးကို ဖြစ်စေ၊ မတရားမှုကိုဖြစ်စေ ခေါင်းငုံ့လက်ခံသွားမည်မဟုတ်ဘဲ ရရာနည်းလမ်းဖြင့် တော်လှန်ပုန်ကန် သွားမည် ဖြစ်ပါကြောင်း ပြည်သူသို့ အသိပေးတင်ပြအပ်ပါသည်။ မိမိတို့နှင့်အတူ အခြား CDM နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများ အနေဖြင့်လည်း အတူတကွ ရပ်တည်ပေးကြပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။

(က) ကချင်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (KSCCSC)

( ခ) ကရင်နီပြည် နိုင်ငံ့ဝန်ထမ်းCDMကော်မတီ(KCDM)

( ဂ) စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-SFU)

(ဃ) မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-MON).

ကျွန်တော်တို့ ကရင်နီပြည် နိုင်ငံ့ဝန်ထမ်းCDM ကော်မတီ အနေဖြင့်  ကျဆုံး CDM ပညာရေးဝန်ထမ်း ၁ ဦး၏ မိသားစုထံကျဆုံး CDM သစ်တော...
24/11/2025

ကျွန်တော်တို့ ကရင်နီပြည် နိုင်ငံ့ဝန်ထမ်းCDM ကော်မတီ အနေဖြင့်
ကျဆုံး CDM ပညာရေးဝန်ထမ်း ၁ ဦး၏ မိသားစုထံ
ကျဆုံး CDM သစ်တောဝန်ထမ်း ၁ ဦး၏ မိသားစုထံ
ကိုယ်အင်္ဂါဆုံးရှုံး CDM ပြည်ထဲရေးဝန်ထမ်း ၁ ဦး ထံသို့ ထပ်မံ၍ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်၍လည်း စာရင်းပေးပို့လာသော CDM များအတွက် အချက်အလက် စစ်ဆေးခြင်း၊ CDM အတည်ပြုခြင်းများ ဆောင်ရွက်၍ ထောက်ပံ့ကူညီမှုများ ပေးအပ်သွားပါမည်။
မများသော ပမာဏသာ ထောက်ပံ့ကူညီနိုင်သေးသဖြင့် ဆက်လက်ကြိုးစားနေပါသည်။

သို့ဖြစ်ပါ၍ ကြေငြာထားသော အစီအစဥ်များတွင် အကျုံးဝင်သော CDM ကိုယ်တိုင်ဖြစ်စေ၊ CDM ၏ မိသားစုဖြစ်စေ ကျွန်ုပ်တို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်း CDM ကော်မတီသို့ ဆက်သွယ်၍ အချက်အလက်များ ပေးပို့လာပါရန် လေးစားစွာ ထပ်မံ အသိပေးကြေငြာအပ်ပါသည်။

#ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းCDMကော်မတီ
#ကရင်နီပြည်

#ကျဆုံးCDMမိသားစု
#ကိုယ်လက်အင်္ဂါဆုံးရှုံးCDM

Address

Kayah
Loikaw

Website

Alerts

Be the first to know and let us send you an email when Karenni State CDM Committee posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share