16/09/2025
အမျိုးသမီးများသည် အိမ်ထောင်ပြုပြီးနောက် မိမိတိုဆန္ဒဖြစ်သော ကိုယ်ဝန်ဆောင်နိုင်သလို
မလိုချင်လျှင်လည်း တားမြစ်နိုင်ရပါမည် ထိုအခါ သားဆက်ခြားချင်နည်းလမ်းများကို သုံးစွဲရမည်
သားဆက်ခြားခြင်းဆိုသည်မှာ လူတိုပြုလုပ်ထားသောနည်းလမ်းများ သို့မဟုတ် သဘာဝနည်းလမ်းများဖြင့် ကိုယ်ဝန်မရစေရန် ရည်ရွယ်ချက်ဖြင့် ကာကွယ်ခြင်းဖြစ်သည်
သားဆက်ခြားနည်းလမ်းများတွင် ရေတိုနည်လမ်းနှင့် ရေရှည်နည်းလမ်းဟု နှစ်မျိုးရှိသည်
ရေရှည်နည်းလမ်းများမှာ
လက်မောင်းအရေပြားအောက်ထည့်သားဆက်ခြားပစ္စည်းထည့်ခြင်း
သားအိမ်တွင်းထည့်သားဆက်ခြားပစ္စည်းအသုံးပြုခြင်း
အမျိုးသမီးသားကြောဖြတ်ခြင်းတို့ဖြစ်သည်
ရေတိုသားဆက်ခြားနည်းလမ်းများမှာ
အရေးပေါ်သားဆက်ခြားခြင်း
ကွန်ဒုံးအသုံးပြုခြင်း
နေ့စဉ် သောက်တားဆေး
သုံးလခံ သားဆက်ခြားထိုးဆေး
သဘာဝနည်းလမ်းဖြစ်သော ရက်ရှောင်ခြင်း နှင့် အပြင်သို့ သုတ်ရည်စွန့်ထုတ်ခြင်း တို့ ဖြစ်ပါသည်