25/07/2024
မာန်အောင်မြို့နယ်အတွင်းရှိမိဘပြည်သူများထံသို့အသိပေးကြေညာခြင်း
၂၅-၇-၂၀၂၄
မာန်အောင်မြို့နယ်ဆေးရုံတွင်ယခုလက်ရှိအချိန်၌သွေးသွင်းရန်လိုအပ်သည့်လူနာများပြားလာခြင်းကြောင့် ယခင်လက်ကျန်သွေးအိတ် (Blood Bag) များအားလုံးအသုံးပြုလိုက်ရပြီး သွေးအိတ်များအားလုံးပြတ်လပ်သွားခဲ့ပြီဖြစ်ပါသည်။
သို့ဖြစ်ပါ၍ မာန်အောင်မြို့နယ်အတွင်းရှိဒေသခံမိဘများကိုယခုကဲ့သို့လမ်းခရီးကြန့်ကြာမူအခြေအနေများတွင်အရေးပေါ်သွေးသွင်းရန်လိုအပ်သည့်လူနာများကိုမြို့နယ်ပြည်သူ့ဆေးရုံအနေဖြင့်သွေးသွင်းကုသမူ၊၀န်ဆောင်မူများကိုဆက်လက်ဆောင်ရွက်ပေးနိုင်တော့မည်မဟုတ်ကြောင်းညိုးငယ်စွာဖြင့်အသိပေးကြေညာအပ်ပါသည်။
(မှတ်ချက်၊ မိဘပြည်သူများအနေဖြင့်ထိခိုက်ဒဏ်ရာများအတတ်နိုင်ဆုံး၊မရရှိကြစေဖို့ဂရုပြုနေထိုင်ပေးကြပါရန်လေးစားစွာဖြင့်ပန်ကြားအပ်ပါသည်။)
သတင်းပြန်ကြားရေး
မြို့နယ်ပြည်သူ့ဆေးရုံ
ရခိုင်ပြည်နယ်၊မာန်အောင်မြို့