09/09/2025
🧑🏻🏫 Year-3 #ဆေးကျောင်းသားတွေကို စာသင်ရမယ်ဆိုတော့ PowerPoints တွေ အတော်ပြင်ဆင်ရပါတယ်.. Integrated curriculum ဖြစ်တဲ့အတွက် Team-based learning၊ Case-based learning၊ small-group teaching၊ lectures စသည့်ဖြင့် အတတ်နိုင်ဆုံး ဘောင်ဝင်အောင် ကြိုးစားပြင်ဆင်ရတဲ့အခါ .. တခါတရံ ည ၂-၃ နာရီ…ညဉ့်နက်သည်အထိ မပြီးသေး..
🧑🏻⚕️ရွှေပြည်ကြီးရဲ့ ထုံးစံအတိုင်း ညနေခင်းဘက်မှာ ဆေးရုံဆေးခန်းပြေးရတာမို့ ပြင်ဆင်ချိန်က မရှိဘူးလေ..အနောက်နိုင်ငံတွေမှာတော့ clinician educators တွေအတွက် ဆိုပြီး teaching material တွေ ပြင်ဖို့ သီးသန့်အချိန် ပေးထားတတ်တယ်ပေါ့..
🙄 ခုလို အားပါးတရ ပြင်ဆင်ပြီးတဲ့နောက် လူစုံတက်စုံလာတက်ကြလို့ အားတက်ရတာရှိသလို…ပျက်ကွက်တာများရင်လည်း “အိပ်ရေးပျက်ခံပြင်နေလည်း အလကားပါပဲ” လို့ တွေးမိပြန်တယ်..
🙂 မှာ မိမိ စာသင်ခဲ့စဉ်ကတော့ ကျောင်းပျက်တဲ့သူ မရှိသလောက်ကို အင်မတန် နည်းတာကို တွေ့ရတယ်.. RLA ခေါ်တဲ့ required learning activities တွေမှာ Attendance 90% မပြည့်ရင် စာမေးပွဲဖြေလို့ မရတာရယ်.. Sydney medical school ရဲ့ ကျောင်းလခါကိုက #တနှစ်ကို A$ 93000 (မြန်မာငွေ သိန်း ၂၅၀၀ ခန့်) မို့….လူ့သဘာဝအတိုင်း..စျေးကြီးတော့ တန်ဖိုးပိုထားကြတာရယ်လည်း ပါမယ် ထင်ပါရဲ့..
🍀 The science of medicine, I strive to teach,
With generous grace, to all within my reach.
🍀Their skills to raise, their knowledge to enhance;
And watch them grace the world with healing hands.
Best wishes…..
🧑🏻⚕️ #ဒေါက်တာဝင်းမင်းဦး
PhD in Medicine (Sydney Uni); FRCP (Edin)
နိုင်ငံတကာ #ကျီးပေါင်းခါးနာ ကျွမ်းကျင်သူ