Rebirth With Sirius

Rebirth With Sirius 🔮Astrological Consulting 🔮

"Your Path Is Illuminated By A Road Map Of Stars". I Am Here To Guide U !

၂လပိုင်းရောက်တာနဲ့အိပ်နေရင်းနဲ့ သူဌေးဖြစ်မယ့် မွေးရက်များ 💰✨ဖေဖော်ဝါရီလဆိုတာ💫 ငွေစီးဝင်လမ်းကြောင်းတွေ အလိုလိုဖွင့်ပေးတဲ့...
01/02/2026

၂လပိုင်းရောက်တာနဲ့

အိပ်နေရင်းနဲ့ သူဌေးဖြစ်မယ့် မွေးရက်များ 💰✨

ဖေဖော်ဝါရီလဆိုတာ

💫 ငွေစီးဝင်လမ်းကြောင်းတွေ အလိုလိုဖွင့်ပေးတဲ့ လ ဖြစ်ပါတယ်။
အထူးသဖြင့် မွေးရက်အချို့ကတော့
မပြေးမလွှားပဲ
အရမ်းကြိုးစားလွန်းမလိုပဲ

အခွင့်အရေး၊ ကံကောင်းခြင်း၊ ငွေဝင်မှုတွေ ကိုယ်တိုင်လာရှာတဲ့ လ ဖြစ်နိုင်ပါတယ် 🌙

မွေးရက် များကတော့

✨ ၁ / ၄ / ၈ ရက် မွေးသူများ
လုပ်နေတာတွေထဲကနေ
မထင်မှတ်တဲ့ order၊ deal၊ message တွေ ဝင်လာနိုင်ပါတယ်။အိပ်နေရင်းတောင် ငွေအကြောင်းသတင်းကောင်းကြားရနိုင်တဲ့ ကံရှိသူတွေပါ 💌

✨ ၉ / ၁၀ / ၁၉ ရက် မွေးသူများ
ကိုယ့်ကိုယ်ကို ယုံကြည်မှု + ကံတရား ပေါင်းစပ်ထားတဲ့ မွေးရက်တွေပါ။
ဖေဖော်ဝါရီမှာငွေကို ကိုယ်တိုင်မလိုက်ရပဲ
ငွေက ကိုယ့်ကို လိုက်လာမယ့် လမ်းကြောင်း ဖွင့်နေပါတယ် 💼✨

✨ ၁၃ / ၁၄ / ၂၃ ရက် မွေးသူများ
စကား၊ အွန်လိုင်း၊ content၊ ရောင်းဝယ်မှုကနေ
လက်မလွတ်ဘဲ အခွင့်အရေးတွေ ဆက်တိုက်ဝင်လာနိုင်ပါတယ်။လူတွေက သင့်ကို သဘောကျပြီး
ငွေက သင့်နောက်လိုက်လာမယ့် နိမိတ်ပါ 💬💰

✨ ၂၂ / ၂၄ / ၂၆ ရက် မွေးသူများ
အရင်က တိတ်တိတ် စိုက်ထားခဲ့တဲ့ အရာတွေ
ဒီလထဲမှာပဲ အသီးအပွင့်ထွက်လာနိုင်ပါတယ်။
“မထင်ဘူး” လို့ထင်ထားတဲ့ နေရာကနေ
ငွေတစ်ခါတည်း ဝင်လာနိုင်ပါတယ် 🌱✨

🌕 ဖေဖော်ဝါရီလအတွက် အရေးကြီးတဲ့ အလေ့အကျင့်တစ်ခုမအိပ်ခင်လက်ကို နှလုံးပေါ်ထားပြီး
“ငွေက ကျွန်မကို လုံခြုံစေတယ်”
“ငွေက လွယ်လွယ်နဲ့ ဝင်လာတယ်”
လို့ ၃ ကြိမ် တိတ်တိတ်လေး ပြောပြီး အိပ်ပါ

ချစ်တဲ့

Ashley Phyu (The Light Giver ~ The Lamp Holder)

ဒီည ၉:၀၀ PM မှာMoney Block Remover အကြောင်းZoom FREE Session ရှိပါတယ် 🤍ဒီညမှာMoney Block ကို ဖယ်ရှားပေးဖို့ မဟုတ်ဘဲ👉 Mon...
01/02/2026

ဒီည ၉:၀၀ PM မှာ
Money Block Remover အကြောင်း
Zoom FREE Session ရှိပါတယ် 🤍

ဒီညမှာ
Money Block ကို ဖယ်ရှားပေးဖို့ မဟုတ်ဘဲ
👉 Money Block ဆိုတာ ဘာလဲ
👉 ဘာကြောင့် လူအများစု
အနာဂတ်အတွက် ငွေကို စိတ်ပူနေရလဲ
👉 ကိုယ့်အတွင်းမှာ ဘယ်လိုအလုပ်လုပ်နေလဲ
ကို နားလည်သွားအောင်
ရှင်းပြပေးသွားမှာပါ 🌙

နောက်ပြီး
ဒီ Zoom ကို လာရောက်နားထောင်ပေးလာတဲ့
ညီမတွေရဲ့ ရင်တွင်းက စကားသံတွေကို
နားထောင်ပေးသွားမှာပါ 🤍

💬 တက်ချင်ရင်
comment မှာ “ZOOM” လို့ ရေးထားပါနော် ✨

ချစ်တဲ့

Ashley Phyu

February 2026 ကြိုတင်ဟောချက် 🌙February 2026 က သင့်ဘဝထဲမှာ “ဘာကို ဆက်လုပ်ရမလဲ၊ ဘယ်လမ်းကို ရွေးရမလဲ” ဆိုတဲ့ မေးခွန်းတွေကို...
01/02/2026

February 2026 ကြိုတင်ဟောချက် 🌙
February 2026 က သင့်ဘဝထဲမှာ “ဘာကို ဆက်လုပ်ရမလဲ၊ ဘယ်လမ်းကို ရွေးရမလဲ” ဆိုတဲ့ မေးခွန်းတွေကို တစ်ခါတည်း ထွက်လာစေမယ့် လပါ။ ဒီလမှာ စိတ်ပူခြင်း၊ မသေချာခြင်းတွေ ပိုများလာနိုင်ပေမယ့် အဲ့ဒါတွေက အားနည်းလို့ မဟုတ်ဘဲ သင့်ဘဝရဲ့ နောက်တစ်ဆင့်ကို တက်ဖို့ Universe က လှုပ်ခါပေးနေတာပါ။
အလုပ်အကိုင်ဘက်မှာ အခုလုပ်နေတာကို ဆက်သွားသင့်လား၊ လမ်းပြောင်းသင့်လားဆိုတဲ့ အတွေးတွေ မရပ်မနား လာမယ်၊

ငွေကြေးဘက်မှာတော့ ငွေမဝင်မှာ ကြောက်တဲ့စိတ်၊ အနာဂတ်အတွက် စိတ်ပူနေရတဲ့ Money Fear တွေ ပေါ်လာနိုင်ပါတယ်၊ ဒါပေမယ့် အဲ့ဒီစိတ်တွေက သင့် Money Block ကို သိအောင် ပြနေတဲ့ signal ဖြစ်လို့ အခုအချိန်က ငွေနဲ့ပတ်သတ်တဲ့ အယူအဆတွေကို ပြန်ပြင်ဖို့ အကောင်းဆုံးအချိန်ပါ။

အချစ်ရေးဘက်မှာလည်း မပြောဖြစ်ခဲ့တဲ့ ခံစားချက်တွေ၊ မပြီးပြတ်သေးတဲ့ အချစ်အဟောင်း energy တွေ ပြန်ပေါ်လာနိုင်ပြီး Single တွေအတွက်တော့ ကိုယ့်ကို နားလည်ပေးနိုင်တဲ့ လူမျိုးကို ဆွဲဆောင်မိလာမယ့် လဖြစ်ပါတယ်။

စုစုပေါင်းပြောရရင် February 2026 က အနာဂတ်ကို ကြောက်ရမယ့် လ မဟုတ်ဘဲ အနာဂတ်ကို ကိုယ်တိုင် ပြန်ရွေးချယ်ဖို့ Universe က တံခါးဖွင့်ပေးတဲ့ လပါ၊ အခု စိတ်ပူနေတာတွေဟာ သင့်ဘဝတစ်ခုလုံးကို ပြောင်းလဲနိုင်မယ့် လမ်းကြောင်းအသစ်ရဲ့ အစဖြစ်နိုင်ပါတယ်။ ✨💫

February လရဲ့ energy က Aquarius ➜ Pisces season ပြောင်းတဲ့လ ဖြစ်လို့
ကံကောင်းခြင်းက တိတ်တိတ်လေး ဝင်လာတဲ့ style ပါ ✨
အော်… လက်ထဲ လာချမပေးဘူးနော် 😄
ကိုယ်ဖက်က လက်လှမ်းမီရင် ကံက ပိုဖမ်းမိမယ်။ဆိုလိုတာကတော့ လှုပ်နေမှ ငွေကံကောင်းမယ့်သဘောပါ အားနေလှုပ်နေကြည့်ပါ 😁

♒ Aquarius
ဒီလက Aquarius တွေအတွက် spotlight month ပါ
စိတ်ကူးအကြံတွေ၊ plan အသစ်တွေ အရမ်းထွက်လာမယ်
👉 အလုပ်၊ project, online work, teaching, healing, content creator လုပ်တဲ့ Aquarius တွေ ကံကောင်း
လူတွေက သင့်ကို မြင်လာမယ်၊ နားထောင်လာမယ်
“ငါ့အချိန် ရောက်ပြီ” လို့ ခံစားရနိုင်တဲ့ လပါ 🌬️✨

♓ Pisces
February နောက်ပိုင်းက Pisces energy တက်လာတော့
Pisces တွေအတွက် Universe က နောက်ကနေ ကာပေးထားတဲ့ လ လို့တောင် ပြောလို့ရပါတယ်
အခွင့်အရေးတွေက
👉 တိုက်တိုက်ဆိုင်ဆိုင်
👉 အလိုလို
👉 မမျှော်လင့်ပဲ
ဝင်လာတတ်တယ်
ငွေ၊ အချစ်၊ support – သုံးခုလုံးမှာ soft lucky ဖြစ်နိုင် 🌊🤍

♉ Ta**us
ဒီလ Ta**us တွေအတွက်
👉 ငွေကြေးဘက်မှာ “ထိန်းနိုင်ရင် တိုးမယ်”
အလုပ်နဲ့ပတ်သတ်ပြီး တည်ငြိမ်လာမယ်
မမြန်ပေမယ့် တစ်ဆင့်တစ်ဆင့် တက်နေတဲ့ ကံ ပါ
Property, savings, long-term plan လုပ်တဲ့ Ta**us တွေ အားသာ 🌱နေပါတယ်

♋ Cancer
Cancer တွေအတွက် February က
👉 စိတ်ပိုင်းဆိုင်ရာ အေးချမ်းမှု + လူကံ
အထောက်အပံ့ရမယ့်လ
ကိုယ်တိုင်မတောင်းဘဲ
လူတွေက ကူညီပေးချင်လာတတ်တယ်
Healing, care, relationship, family business လုပ်သူတွေ ကံကောင်း 🌙ဆုံးပါနော်

♐ Sagittarius
Sagittarius တွေအတွက်
ဒီလက လမ်းအသစ်ဖွင့်တဲ့ ကံ
အလုပ်ပြောင်းချင်သူ
နိုင်ငံခြား၊ online, travel, learning, teaching
အဲ့ဒီဘက်တွေမှာ signal ကောင်းတွေ လာနိုင်ပါတယ်
ထိုင်မနေဘဲ လှုပ်ရှားရင် ကံပိုပွင့် 🔥နိုင်တာမို့ လှုပ်နေနော်😁

♻️ Mercury Retrograde (February 2026)
👉 January 26 – February 15, 2026 အထိ
အထူးသဖြင့် February လ အစပိုင်း မှာ retrograde energy ကို ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။
ဒီကာလမှာ ဖြစ်နိုင်တာတွေက
စကားလွဲ၊ အထင်လွဲ၊ misunderstanding
စာချုပ်၊ စာရွက်စာတမ်း၊ payment delay
ဖုန်း၊ အင်တာနက်၊ tech error
လူဟောင်းတွေ ပြန်ပေါ်လာတာ (ex / အလုပ်ဟောင်း / plan ဟောင်း)
ဒါပေမယ့် မကြောက်ပါနဲ့နော် ✨
Mercury Retrograde က
👉 ပြန်စဉ်းစားဖို့၊ ပြန်ပြင်ဖို့၊ ပြန်စီမံဖို့ အချိန် ပါ
လုပ်သင့်တာတွေ
✔️ အဟောင်းပြန်စစ် (plan / budget / relationship)
✔️ စာရွက်စာတမ်း double check
✔️ စကားပြောရာမှာ သေချာဖတ်၊ သေချာမေး
✔️ Healing, journaling, review work
ရှောင်သင့်တာတွေ
❌ အရေးကြီးစာချုပ်ကို အလျင်စလိုချုပ်တာ
❌ စိတ်တိုတိုနဲ့ ဆုံးဖြတ်ချက်ကြီးတွေ ချတာ
🌓 February 15 နောက်ပိုင်း မှာ Mercury direct ပြန်ဖြစ်လာတော့
အရာရာ သွက်လက်လာမယ်
စိတ်ရှင်းလာမယ်
ဆုံးဖြတ်ချက်တွေ လိုက်လုပ်လို့ရမယ့် အချိန်ပါ ✨
ပျော်ရွှင်ပြည့်စုံသော February လလေး ဖြစ်ကြပါစေရှင် 🌌
ဒီလမှာ ကောင်းသောစကား၊ ကောင်းသောစိတ်ဆန္ဒ၊ ကောင်းသောပတ်ဝန်းကျင်တွေကသာ
သင့်ဘဝထဲကို ဝင်လာပြီး
စိတ်ရော ဘဝပါ အလင်းရောင်ပိုထွန်းလင်းနိုင်ကြပါစေ ✨

ချစ်တဲ့

Ashley Phyu (The Light Giver~ The Lamp Holder)

ဖေဖော်၀ါရီလစလေးမှာ မာလာရေစင်လေး ကပ်လှူဖို့မမေ့နဲ့နော်🌼ဘာပဲလုပ်လုပ် အဆင်ပြေချင်တယ်ဆိုရင် မာလာရေစင်လေး ပြုလုပ်ပြီး ကုသိုလ်...
31/01/2026

ဖေဖော်၀ါရီလစလေးမှာ မာလာရေစင်လေး ကပ်လှူဖို့မမေ့နဲ့နော်🌼

ဘာပဲလုပ်လုပ် အဆင်ပြေချင်တယ်ဆိုရင် မာလာရေစင်လေး ပြုလုပ်ပြီး ကုသိုလ်ယူပါနော်...💦🌼

🙏🏻 မာလာရေစင်ကပ်ရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲ...💦🌼

🙏🏻 စီးပွားရေး အဆင်ပြေစေမယ်

🙏🏻 ငွေကြေးအခက်အခဲတွေပြေပျောက်မယ်

🙏🏻 စိတ်ရှုပ်ထွေးပြီး ပူပင်နေရတာတွေ ပျောက်မယ်

🙏🏻 စိတ်ကိုအေးချမ်းကြည်နူးစေနိုင်တာကြောင့် မာလာရေစင် ကပ်လှုစေချင်ပါတယ်ရှင်။

💦 မာလာရေစင်ကပ်လှုခြင်းကို တိဘက် ရှမ်ဘဲလားဒေသရဲ့ ရိုးရာကပ်လှုပူဇော်မှုတစ်ခုဖြစ်ပြီး နီပေါနဲ့ ဘူတန်ဒေသတွေမှာလည်း ကပ်လှုပူဇော်ကြတဲ့ အလေ့အထ ရှိကြပါတယ်...🙏🏻

🙏🏻 မာလာရေစင်ကပ်လှုနည်းလေးရေးပေးပါမယ်နော်...

🌼 နှစ်သက်ရာ ပန်းပွင့်၊ပန်းရွက်လေးတွေကို ရေဆေးပေးပါ။

🌼 ဖန်ထည်၊မြေထည်၊ဇလုံ၊ပန်းကန်လုံး၊ကြွေထည် ကြိုက်နှစ်သက်ရာထဲမှာ ပန်းပွင့်များကိုထည့်ပါ။

🌼 မိမိပြုလုပ်မဲ့ ဇလုံလေးထဲသို့ ရေခွက်သေးလေးနဲ့ ရေအေးလေး ၇ခွက် လောင်းထည့်ပေးပါ။(ရေခဲရေလည်း ရပါတယ်)

🌼 ပန်းပွင့်များကိုတော့ လှပစွာ ပုံဖော်ပြီး ကပ်လှုပေးပါ။

🌼 ကိုးကွယ်ရာဘာသာအသီးသီးမှ ဘုရားရှင်များအပါအ၀င် ဘိုးဟောင်းဘွားဟောင်း၊ပဌာန်းဆက်ရှိသူ အပေါင်းကိုလည်း လှုဒါန်းပေးနိုင်ပါတယ်။

🌼 မာလာရေစင်ကို မနက်၊ညနေ ကြိုက်နှစ်သက်တဲ့အချိန် ကပ်လှုနိုင်ပြီး အဆင်ပြေတဲ့အချိန် စွန့်လို့ရပါတယ်ရှင့်။

🙏🏻 မာလာရေစင်ရဲ့ အဓိပ္ပာယ်လေးက န၀င်းလာဘ်ပွင့်စေတဲ့ကုသိုလ်လို့ ဆိုပါတယ်။

▪️မာလာရေစင်က ရေနဲ့ပန်းကို လှုဒါန်းတာပါ။

ရေက ၄ + ပန်းက ၅ - ၉န၀င်းပါ။

ကပ်လှုတဲ့အခါ သုံးတဲ့လင်ဗန်းက - ၉န၀င်းပါပဲ...
ပန်းအရေအတွက်က-

ငွေန၀င်း ၂၇ပွင့်လည်း ရသလို လာဘ်ပွင့် ၄၅ပွင့် လည်းရပါတယ်ရှင်။

🙏🏻 မာလာရေစင် လှုတဲ့အခါ ရွတ်ရမှာက-

▪️ဘ၀ပေါင်းများစွာက တော်စပ်ခဲ့ဖူးသော ဘိုးဟောင်းဘွားဟောင်းများနဲ့တကွ ပဌာန်းဆက်ရှိခဲ့ဖူးသော ဆွေတော်မျိုးတော်အပေါင်း၊ မမြင်အပ်တဲ့ပုဂ္ဂိုလ်များအား ကျွန်ုပ်မှ အပြစ်များရှိပါက -

🙏🏻 ကြေအေးပေးပါ၊ကျေနပ်ပေးပါ၊ခွင့်လွတ်ပေးပါ
သင်တို့အားလုံးကိုယ်စား ကျွန်ုပ်မှ မြတ်စွာဘုရားရှင်ကို ဤမာလာရေစင်ဖြင့် ကပ်လှုပူဇော်ပါသည်။

🙏🏻 ဘုန်းတော်အနန္တ၊ ကံတော်အနန္တ၊ ဉာဏ်တော်အနန္တ၊ တန်ခိုးတော်အနန္တ၊ မေတ္တာတော်အနန္တ၊ သစ္စာတော်အနန္တ၊ ပါရမီအနန္တတို့နှင့်ပြည့်စုံတော်မူသော သက်တော်ထင်ရှားမြတ်စွာဘုရားအား ဥဒ္ဒိသ ရည်မှတ်သမှု အာရုံပြု၍ -

အကျွန်ုပ် ကိုစောင့်ရှောက်သော ကိုယ်စောင့်နတ်၊ အစောင့်အရှောက်များနှင့်တကွ ဆွေဆက်၊မျိုးဆက်၊ပဠာန်းဆက်၊ဆွေတော်မျိုးတော် အပေါင်း၊
မမြင်အပ်သော ပုဂ္ဂိုလ်များနှင့်တကွ သိုက်နန်းရှင်အားလုံးတို့ကို ရည်စူး၍ ၎င်းတို့နှင့်ပေါင်းစပ်၍ ၎င်းကောင်းတို့နှင့်တကွ ဤမာလာရေစင်ကို မြတ်စွာဘုရားရှင်ကို သဒ္ဒါကြည်ဖြူစွာဖြင့် မွန်မြတ်သန့်စင်စွာ ကပ်လှုပူဇော်ပါ၏။

“ အလှုခံတော်မူပါဘုရား ”၃ကြိမ်ရွတ်ဖတ်ပူဇော်ပေးပါ။

💦 မာလာရေစင် လှုဒါန်းပုံ

▪️လင်ဗန်း(သို့)ကြွေပန်းကန်ထဲကို ရေထည့်ပါ။

▪️ပန်းပွင့် ၂၇ပွင့်(သို့) ၄၅ပွင့် ထည့်ပေးပါ။

▪️ခုနှစ်နေ့၊ရှစ်ရက်သားသမီးများ လာဘ်ပွင့်စေဖို့

▪️ဖယောင်းတိုင် ၈တိုင်၊ အမွှေးတိုင် ၈တိုင် ထွန်းပြီး မာလာရေစင်နှင့်တကွ ကပ်လှုကာ တိုင်တည်ဖိတ်ကြားဆက်ကပ် လှုဒါန်းပေးပါ။

💦 မာလာရေစင်ကပ်လှုခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့ -

▪️ကိုယ့်စိတ်နှလုံးဟာ ရေလိုအေးပြီး၊ ကိုယ့်ဂုဏ်သတင်းဟာ ပန်းလိုမွှေးစေနိုင်ပါတယ်။

▪️ကိုယ့်ရဲ့ ကိုယ်စောင့်နတ်တွေဖြစ်တဲ့ စိတ်နှလုံးအလိုကျ နတ်မင်း၊ ဘုန်းတန်ခိုးကြီးစေတဲ့နတ်မင်း၊ ရတနာရွှေငွေ ပြည့်စုံစေတဲ့နတ်မင်း၊ အိမ်ခြံတွေကို စောင့်တဲ့နတ်တွေက မစကြလို့ ဘုန်းတန်ခိုးတွေကြီးပြီး စိတ်နှလုံးအေးချမ်းရွင်ပြုံးလျက် အိမ်၊ခြံ၊ကျောင်းများ ဆောက်လုပ်လှုဒါန်းနိုင်လာပါလိမ့်မယ်၊ လက်၀တ်ရတနာများ ပြည့်စုံလာပါလိမ့်မယ်ရှင်...🌸💦

ချစ်တဲ့

Ashley Phyu (The Light Giver_The Lamp Holder)

February အတွက် Money Energy Pile ရွေးပါ💸Pile တခုစီက ပုံတခုအတွက် မိမိ energy နဲ့ ကိုက်ညီတာကို သိရမှာဖြစ်ပါတယ်။အကယ်၍ မိမိမ...
31/01/2026

February အတွက် Money Energy Pile ရွေးပါ💸

Pile တခုစီက ပုံတခုအတွက် မိမိ energy နဲ့ ကိုက်ညီတာကို သိရမှာဖြစ်ပါတယ်။

အကယ်၍ မိမိမွေးနေ့၊ မွေးနံ အပြည့်အစုံနဲ့ တလစာ (သို့) တနှစ်စာအတွက် ငွေကြေးကံတွေကို သိချင်ရင်
Money Power Energy Reading ဖတ်‌လို့ရပါတယ်။

CB မှာ Money Power Energy လို့ပို့လိုက်ပါ။


31/01/2026
ကျွန်မ Money Block Remover တစ်ယောက်ပါသင့်ရဲ့ Birth Chart (BC) ထဲမှာ👉 ငွေမဝင်အောင် ပိတ်ထားတဲ့👉 ကြိုးစားပေမယ့် မစုမိတဲ့👉 ဝ...
30/01/2026

ကျွန်မ Money Block Remover တစ်ယောက်ပါ
သင့်ရဲ့ Birth Chart (BC) ထဲမှာ
👉 ငွေမဝင်အောင် ပိတ်ထားတဲ့
👉 ကြိုးစားပေမယ့် မစုမိတဲ့
👉 ဝင်လာပီ မကြာခဏ ထွက်သွားတဲ့
👉 ငွေကြေးအကြောင်း စိတ်ကြောက်နေတဲ့

Money Block Points တွေကို တိတိကျကျ ရှာဖွေပေးပြီး
Remove + Healing + Reprogram လုပ်ပေးပါတယ် ✨

💬 ဘယ်သူတွေ လိုအပ်လဲဆိုရင်
• ကြိုးစားသလောက် ငွေမတိုးသူ
• ငွေအကြောင်း စိတ်ပင်ပန်းနေတာကြာသူ
• ငွေဝင်ပေမယ့် အမြဲအရေးပေါ်ထွက်သွားသူ
• “ငါနဲ့ ပိုက်ဆံ မကိုက်ဘူး” လို့ မသိမသာ ယုံကြည်ထားသူ

🌕 Money Block ကံမကောင်းတာမဟုတ်ပါဘူး
ဖယ်ရှားလို့ရတဲ့ Energy Pattern ပါ ✨

📩 Join လုပ်ချင်ရင် DM လာပါ
💬 Comment “MONEY” လို့ ရေးထားရင်
Detail အပြည့်အစုံ ပို့ပေးပါမယ်နော်

ချစ်တဲ့

Ashley Phyu (The Light Giver ~The Lamp Holder)

♉️ Ta**us ကို ချစ်ရင်… နားလည်ပြီး ချစ်ပါ 🤍Ta**us ကစကားလှလှ မပြောတတ်ပေမယ့်လုပ်ရပ်နဲ့ ချစ်တတ်တဲ့သူ ပါ 🌿🟥 သူတို့ရဲ့ Red Fla...
29/01/2026

♉️ Ta**us ကို ချစ်ရင်… နားလည်ပြီး ချစ်ပါ 🤍

Ta**us က
စကားလှလှ မပြောတတ်ပေမယ့်
လုပ်ရပ်နဲ့ ချစ်တတ်တဲ့သူ ပါ 🌿

🟥 သူတို့ရဲ့ Red Flag လေးတွေက
• စိတ်မကောင်းရင် တိတ်တိတ်နေသွားတတ်တယ်
• ကိုယ်ချစ်တဲ့လူဆိုရင် အရာအားလုံးကို အရမ်းဂရုစိုက်မိတတ်တယ်
• အငြင်းအခုံဖြစ်ရင် စိတ်ပိတ်သွားတတ်တယ်
• အတိတ်အနာတွေကို လွယ်လွယ်နဲ့မမေ့တတ်ဘူး
(အဲ့ဒါကလည်း အရမ်းချစ်လို့ပဲ 🤍)

🟢 Green Flag လေးတွေကတော့
• စကားမများဘဲ လက်တွေ့နဲ့ ချစ်ပေးတတ်တယ်
• မင်းဘက်မှာ အမြဲရပ်နေတတ်တယ်
• စိတ်ရှည်ပြီး စောင့်ပေးနိုင်တယ်
• အနားမှာရှိရင် လုံခြုံတယ်လို့ ခံစားရစေတယ်
• သစ္စာကို အသက်လို တန်ဖိုးထားတယ်
• မင်းပင်ပန်းနေတဲ့အချိန်… တိတ်တိတ်လေး ဖက်ပေးတတ်တယ် 🤍

✨ Ta**us ကို တကယ်ချစ်ရင်
သူ့ရဲ့ တိတ်ဆိတ်မှုထဲကချစ်ခြင်းကို နားလည်ပေးနိုင်ဖို့လိုပါတယ် 🌙

💬 သင်ရဲ့ Ta**us က Green Flag ပိုများလား?
Comment မှာ ♉️🤍 လို့ရေးခဲ့နော်

Astro Coach Ashley Phyu
The Light Giver • The Lamp Holder ✨

✨ သရဏဂုံ • ဂုဏ်တော်ကိုးပါး • ၂၄ ပစ္စည်း ပဌာန်း ပုတီး ဒီပုတီးကိုဘုရား • တရား • သံဃာ ကို အမြဲမှီခိုနိုင်အောင်ဂုဏ်တော်ကိုးပ...
28/01/2026

✨ သရဏဂုံ • ဂုဏ်တော်ကိုးပါး • ၂၄ ပစ္စည်း ပဌာန်း ပုတီး

ဒီပုတီးကို
ဘုရား • တရား • သံဃာ ကို အမြဲမှီခိုနိုင်အောင်
ဂုဏ်တော်ကိုးပါးနဲ့ စိတ်ကို တည်ငြိမ်စေပြီး
၂၄ ပစ္စည်း ပဌာန်းအရ
ကံအကြောင်းအရာတွေ သန့်စင်ပေးဖို့
ရည်ရွယ်ချက်နဲ့ သီကုံးထားတာပါ 🙏

ပုတီးစိပ်တိုင်း
စိတ်ငြိမ်လာမယ်
အတွင်းအလင်း ပြန်တွေ့လာမယ်
ကိုယ့်လမ်းကြောင်းကို ကိုယ်ယုံကြည်လာမယ် ✨

💰 စျေးနှုံး – ၃၆,၀၀၀ ကျပ်
📦 သိဒ္ဓ်တင်အဓိဌာန်အောင်ပုတီး၆ ကုံးသာ ရပါမယ်
📩 မှာယူလိုပါက Page Messenger မှာ DM ပေးပါရှင်

ချစ်တဲ့

Ashley

🧧✨ ငွေထုပ် လာပေးတဲ့ နိမိတ်ပါ ✨🧧ဒီပုံကို မြင်တဲ့အချိန်မှာUniverse ကသင့်ဆီကို ငွေကြေးအခွင့်အလမ်း တစ်ခုပို့လာနေပါတယ် 🤍💰 Com...
28/01/2026

🧧✨ ငွေထုပ် လာပေးတဲ့ နိမိတ်ပါ ✨🧧

ဒီပုံကို မြင်တဲ့အချိန်မှာ
Universe က
သင့်ဆီကို ငွေကြေးအခွင့်အလမ်း တစ်ခု
ပို့လာနေပါတယ် 🤍

💰 Comment မှာ
👉 ယနေ့အတွက် သင် လိုချင်တဲ့ ငွေအမောင့်ကို မန့်ထားပါ
(ဥပမာ – 300,000 / 1,500,000 / 5,000,000)

မန့်ထားတဲ့သူတိုင်းအတွက်
✨ ငွေမပိတ်အောင်
✨ လမ်းကြောင်းပွင့်အောင်
✨ လိုအပ်တဲ့နေရာကနေ ငွေဝင်လာအောင်
ဆုတောင်းပေးသွားပါမယ် 🕯️🤍

ငွေက
လိုအပ်နေတဲ့သူဆီကို
အချိန်မှန်နဲ့ ရောက်လာပါစေ 🧧✨

ချစ်တဲ့

Ashley

ကျွန်မတို့ ဘဝမှာအရေးကြီးဆုံး လိုအပ်ချက် တစ်ခုက Money ပါ။ငွေမရှိလို့ မဖြစ်တာ များတယ်ဒါပေမယ့်ဘာကြောင့် ငွေ မဝင်နေတာလဲကိုယ်...
26/01/2026

ကျွန်မတို့ ဘဝမှာ
အရေးကြီးဆုံး လိုအပ်ချက် တစ်ခုက Money ပါ။

ငွေမရှိလို့ မဖြစ်တာ များတယ်
ဒါပေမယ့်
ဘာကြောင့် ငွေ မဝင်နေတာလဲ
ကိုယ့်မှာ ဘာတွေ ပိတ်နေတာလဲ
ဘယ်နေရာကို ဖြည့်ဖို့ လိုအပ်နေတာလဲ
ဆိုတာကို ကိုယ်တိုင် မမြင်နိုင်တာ ပိုများပါတယ်။

အဲ့ဒီအဖြေတွေကို
🔑 အပြင်မှာ ရှာရတာ မဟုတ်ပါဘူး
👉 သင့်ရဲ့ ကိုယ်ပိုင် Road Map ထဲမှာပဲ ရှိပါတယ်။

ကျွန်မနဲ့အတူ
သင့်ရဲ့
💰 Money Flow
🚧 Money Block
🧭 Income Direction
ကို Road Map ထဲကနေ အတူတူ ရှာကြည့်လို့ ရပါတယ် ✨

Money Problem ဆိုတာ
ငွေ မရှိတာ မဟုတ်ပါဘူး
👉 Money System မရှိတာ ပါ။

ကိုယ့်ဘဝထဲမှာ
ငွေ ဝင်ဖို့ လမ်းကြောင်း မရှင်းရင်
ကြိုးစားသလောက် အကျိုး မထွက်ပါဘူး။

သင့်ရဲ့
• Money Pattern
• Income Potential
• Blocked Area
• Expansion Point
တွေကို
သင့်ကိုယ်ပိုင် Life Road Map ထဲကနေ
ကျွန်မနဲ့ One by One အတူ ရှာကြည့်လို့ ရပါတယ်။

ငွေကို အပြင်မှာ မလိုက်ရှာပါနဲ့
👉 သင့် Road Map ထဲမှာပဲ Money ရှိပါတယ်။

ချစ်တဲ့

Ashley

ဘ၀ရဲ့ ကံအကောင်းဆုံးအချိန် ဘယ်တော့ဖြစ်မလဲ❓ဘ၀မှာ “ကံကောင်းချင်တယ်” လို့ စောင့်နေရတဲ့အချိန်တွေ ရှိခဲ့ဖူးမလား❓တစ်ချို့က ကံကေ...
25/01/2026

ဘ၀ရဲ့ ကံအကောင်းဆုံးအချိန် ဘယ်တော့ဖြစ်မလဲ❓

ဘ၀မှာ “ကံကောင်းချင်တယ်” လို့ စောင့်နေရတဲ့အချိန်တွေ ရှိခဲ့ဖူးမလား❓

တစ်ချို့က ကံကောင်းခြင်းကို မမြင်နိုင်လောက်အောင် စောင့်နေရပြီး တစ်ချို့က ကံကောင်းခြင်းရောက်လာတဲ့အချိန်ကို ကိုယ်တိုင်မသိလိုက်ကြပါဘူး။

ဒီ Pick A Pile က
သင့်ဘ၀ရဲ့ ကံအကောင်းဆုံးအချိန်က ဘယ်အချိန်လဲ
ဘာကြောင့် အဲဒီအချိန်ဖြစ်လာတာလဲ
ဆိုတာကို ဖော်ပြပေးပါလိမ့်မယ်။

အသက်ရှူကို တဖြည်းဖြည်း ငြိမ်အောင်ယူပြီး
သင့်စိတ်ကို ဆွဲဆောင်တဲ့ Pile တစ်ခုကိုသာ ရွေးပါ။

Address

Mandalay

Opening Hours

Tuesday 10:00 - 17:00
Wednesday 10:00 - 17:00
Thursday 10:00 - 17:00
Friday 10:00 - 17:00
Saturday 10:00 - 17:00

Telephone

+959960927759

Website

Alerts

Be the first to know and let us send you an email when Rebirth With Sirius posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Rebirth With Sirius:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram