Dr.Lone

Dr.Lone Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dr.Lone, Medical and health, 75st, Bet 27x28, Mandalay.

မင်္ဂလာရှိတဲ့ ဝါလကင်းလွတ်သီတင်းကျွတ်အခါသမယလေးမှာ လိုအင်ဆန္ဒများ ပြည့်စုံကာ စီးပွါးလာဘ်လာဘများ တိုးတက်ကြီးပွါးကြပါစေကြောင...
05/10/2025

မင်္ဂလာရှိတဲ့ ဝါလကင်းလွတ်သီတင်းကျွတ်အခါသမယလေးမှာ လိုအင်ဆန္ဒများ ပြည့်စုံကာ စီးပွါးလာဘ်လာဘများ တိုးတက်ကြီးပွါးကြပါစေကြောင်း Dr.Lone မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင် 🥰🥰

#ဒေါက်တာလုံး #သီတင်းကျွတ် #ဆုတောင်း

နံ့သာဖြူဆိုတာ အသက်အရွယ်၊ ကျား/မ မရွေး စွဲမက်နှစ်သက်ကြတဲ့ သဘာဝအနံ့တစ်ခုပါ 💜ဒီလို နံ့သာဖြူအနှစ်ကို စက်ကိရိယာများဖြင့် Extr...
28/09/2025

နံ့သာဖြူဆိုတာ အသက်အရွယ်၊ ကျား/မ မရွေး စွဲမက်နှစ်သက်ကြတဲ့ သဘာဝအနံ့တစ်ခုပါ 💜

ဒီလို နံ့သာဖြူအနှစ်ကို စက်ကိရိယာများဖြင့် Extract ထုတ်ယူထားတဲ့ Dr.Lone နံ့သာဖြူလိမ်းဆေးဟာဆိုရင် လေးဖက်နာ၊ အဆစ်အမျက်ရောင်ကိုက်ခြင်း၊ နာကျင်ခြင်း၊ မျက်နှာတစ်ခြမ်းယွဲ့ခြင်း၊ လေငန်းရောဂါ၊ ခါးနာခြင်း အစရှိတဲ့ ရောဂါဝေဒနာတွေကို သက်သာစေဖို့ အသုံးပြုနိုင်ပါတယ်

ဒါ့အပြင် နံ့သာဖြူရဲ့ သဘာဝရနံ့ကုထုံးအာနိသင်ဟာ 💆🏻‍♀️ စိတ်ကိုတည်ငြိမ်စေပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေဖို့အတွက်လည်း ကူညီပေးနိုင်ပါတယ်

လိမ်းထားမယ်ဆိုရင် နူးညံ့ပြီး ထူးခြားတဲ့ဂုဏ်သတ္တိရှိတဲ့ သဘာဝအနံ့သင်းသင်းလေးကြောင့် လူတကာဆီက နံ့သာဖြူအနံ့လေး မွှေးလိုက်တာဆိုတဲ့ ချီးကျူးစကားမျိုး ကြားချင်တယ်ဆိုမှ Dr.Lone နံ့သာဖြူလိမ်းဆေးလေးကို သုံးနော် … 😍💜

#ဒေါက်တာလုံး #တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး #မြန်မာ့တိုင်းရင်းဆေးဝါး #နံ့သာဖြူလိမ်းဆေး

ရွေးချယ်စရာတွေ အများကြီး ရှိနေခဲ့ရင်တောင် မေမေကတော့ Dr Lone ကိုပဲ ရွေးချယ်မှာပါတဲ့ 🤭💜ဘာလို့လဲဆိုရင် Dr Lone က 😍 အိမ်ရှင်...
18/09/2025

ရွေးချယ်စရာတွေ အများကြီး ရှိနေခဲ့ရင်တောင် မေမေကတော့ Dr Lone ကိုပဲ ရွေးချယ်မှာပါတဲ့ 🤭💜

ဘာလို့လဲဆိုရင် Dr Lone က 😍 အိမ်ရှင်မမေမေတို့အကြိုက် ဈေးနှုန်းလည်း သက်သာတယ်၊ တွက်ခြေလည်း ကိုက်တဲ့အပြင်ကိုမှ အစွမ်းကလည်း ထက်သေးတယ်
ဒါတင် ဘယ်ကသေးမလဲနော် အသုံးပြုရလည်း အင်မတန်မှကို လွယ်ကူသေးတဲ့အပြင် မေမေတို့အကြိုက်ဖြစ်တဲ့ စိတ်ကြည်လင်အေးချမ်းစေမယ့်အနံ့သင်းသင်းလေးနဲ့ နံ့သာဖြူလိမ်းဆေးနဲ့ စတိုင်လ်ကျကျ အသုံးပြုလို့ ရမယ့် ဒဏ်ကျေကပ်ဆေးလေးကိုပါ ထုတ်လုပ်ထားတော့ မေမေကတော့ ရွေးချယ်စရာတွေ ပေါများနေရင်တောင် Dr Lone မှ Dr Lone ပဲ ဖြစ်နေရတာပေါ့ … 🥰

#ဒေါက်တာလုံး #မြန်မာ့တိုင်းရင်းဆေးဝါး #တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး

ကိုယ့် 𝗣𝗿𝗼𝗱𝘂𝗰𝘁 လေးရဲ့ 𝗥𝗲𝘃𝗶𝗲𝘄 ကောင်းလေးတွေကို တွေ့မြင်ရတယ်ဆိုတာဘယ်လောက်တောင် ကောင်းတဲ့စိတ်ချမ်းသာမှုမျိုးလဲဆိုတာ အားလုံးလ...
14/09/2025

ကိုယ့် 𝗣𝗿𝗼𝗱𝘂𝗰𝘁 လေးရဲ့ 𝗥𝗲𝘃𝗶𝗲𝘄 ကောင်းလေးတွေကို တွေ့မြင်ရတယ်ဆိုတာဘယ်လောက်တောင် ကောင်းတဲ့စိတ်ချမ်းသာမှုမျိုးလဲဆိုတာ အားလုံးလည်း ခန့်မှန်းမိကြမှာပါနော် 🥰

အပိုပြောချင်မျိုး မဟုတ်ဘဲ သုံးဖူးသူတိုင်းက 💸 ဈေးနှုန်းချိုသာလို့၊ 💯 𝗤𝘂𝗮𝗹𝗶𝘁𝘆 ကောင်းလွန်းလို့ဆိုပြီး ဘယ်မှာ ဝယ်လို့ရလဲ၊ ဘယ်ကမှာရလဲဆိုပြီး ပြန်ပြန်လာမေးကြတဲ့အထိ တစ်ခါသုံးဖူးသူတိုင်းရဲ့ကြားထဲမှာ ရေပန်းစားလှတဲ့ 𝗗𝗿 𝗟𝗼𝗻𝗲 𝗣𝗿𝗼𝗱𝘂𝗰𝘁 လေးတွေပါ 💜

𝗗𝗿 𝗟𝗼𝗻𝗲 ရဲ့ 𝗣𝗿𝗼𝗱𝘂𝗰𝘁 တွေထဲက အနံ့ရလိုက်တာနဲ့ စိတ်ကြည်လင်အေးချမ်းစေတဲ့ 𝗗𝗿 𝗟𝗼𝗻𝗲 နံ့သာဖြူလိမ်းဆေးလေးကို နှစ်သက်တာလား?
ဒါမှမဟုတ် တစ်ခါကပ်ရင် လေးနာရီမှ ခြောက်နာရီအထိ ကပ်နိုင်တဲ့ 𝗗𝗿 𝗟𝗼𝗻𝗲 ဒဏ်ကျေကပ်ဆေးလေးကို ကြိုက်မိတာလား?

အပန်းမကြီးရင် 𝗖𝗼𝗺𝗺𝗲𝗻𝘁 မှာလည်း ဖြေသွားခဲ့ဦးနော် 👇🏻📩

#𝗗𝗿𝗟𝗼𝗻𝗲 #ဒေါက်တာလုံး #မြန်မာ့တိုင်းရင်းဆေးဝါး #တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး #𝗣𝗿𝗼𝗱𝘂𝗰𝘁

ကျန်းမာဖို့ရွှင်လန်းဖို့အတွက်ဆိုရင် ဆေးဝါးကောင်းတွေလည်း မှီဝဲလေ့ကြတယ်မဟုတ်လား …?ဒါဆိုရင်တော့ Dr Lone ကိုလည်း မမေ့ထားသင့်...
12/09/2025

ကျန်းမာဖို့
ရွှင်လန်းဖို့အတွက်ဆိုရင် ဆေးဝါးကောင်းတွေလည်း မှီဝဲလေ့ကြတယ်မဟုတ်လား …?
ဒါဆိုရင်တော့ Dr Lone ကိုလည်း မမေ့ထားသင့်ဘူးနော် 💜

အနံ့ရလိုက်တာနဲ့ 😇 စိတ်လက်ပေါ့ပါးအေးချမ်းစေတဲ့ နံ့သာဖြူနံ့သင်းသင်းလေးနဲ့ Dr Lone နံ့သာဖြူလိမ်းဆေးလေးဟာဆိုရင် အဆစ်အမြစ်ယောင်နာကျင်ကိုက်ခဲခြင်းအမျိုးမျိုးအတွက် အထူးကောင်းမွန်တဲ့ နံ့သာဖြူအနှစ်ကို စက်ကိရိယာများဖြင့် စနစ်တကျ စီမံဖော်စပ်ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်
လေးဖက်နာ၊ မျက်နှာတစ်ခြမ်းယွဲ့ခြင်း၊ လေငန်းရောဂါ၊ ခါးနာခြင်းတို့တွင်လည်း အသုံးပြုနိုင်ပါတယ်
👵🏻 လူကြီးသူမများ အိပ်ယာဝင်ခါနီး အသုံးပြုပေးမယ်ဆိုရင် အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း မရှိဘဲ နံ့သာဖြူနံ့သင်းသင်းမွှေးမွှေးလေးနဲ့ နှစ်ချိုက်စွာ အိပ်ပျော်စေနိုင်ရန်အတွက် အထောက်အကူပေးနိုင်ပါတယ်

Dr Lone ရဲ့ နောက်ထပ်အစွမ်းထက်ခေတ်မီမြန်မာ့တိုင်းရင်းဆေးဝါးတစ်မျိုးကတော့ နာတာရှည် အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်း၊ ကျီးပေါင်းတက်ခြင်း၊ ခါးနာခြင်း၊ ဇက်ကြောတက်ခြင်းတို့မှာ အသုံးပြုနိုင်တဲ့ ဒဏ်ကျေကပ်ဆေးပဲ ဖြစ်ပါတယ် ✅
တစ်ခါကပ်ရင် ⏰ လေးနာရီမှ ခြောက်နာရီအထိ ကပ်နိုင်တဲ့ Dr Lone ဒဏ်ကျေကပ်ဆေးဟာဆိုရင် အသုံးပြုသူတွေအတွက် တွက်ခြေလည်း ကိုက်ပြီး နာတာရှည်ရောဂါများအတွက် အတွင်းမှာ ပါဝင်တဲ့ဆေးထုပ်ကလေးကို ရေဖျန်းပြီး အသုံးပြုနိုင်ပါတယ်
အပူဒဏ်မခံနိုင်သူတွေအတွက်ဆိုရင်လည်း ရေမဖျန်းဘဲ ဒီအတိုင်း အသုံးပြုနိုင်ပါတယ်
ခြေဖနောင့်အတက်ထွက်သူများ ခြေဖနောင့်နေရာအား ကပ်ခြင်း၊ မျက်နှာတစ်ခြမ်းရွဲ့သူများ နားအနောက်အောက်ချိုင့်ခွက်နေရာအား ကပ်ခြင်းဖြင့်လည်း သက်သာပျောက်ကင်းစေနိုင်ပါတယ် 🥰

ဒါဆိုရင်တော့ အိမ်မှာ ရှိတဲ့ ဖိုးဖိုး၊ ဖွားဖွားကစလို့ ဖေဖေ၊ မေမေ၊ ဦးဦး၊ ဒေါ်ဒေါ်တို့အားလုံး ကျန်းမာရွှင်လန်းဖို့အတွက်ဆိုရင် Dr Lone နံ့သာဖြူလိမ်းဆေးနဲ့ Dr Lone ဒဏ်ကျေကပ်ဆေးကို ဆောင်ထားဖို့ မမေ့နဲ့နော် … 🤗💜

#ဒေါက်တာလုံး #ဒဏ်ကျေကပ်ဆေး #မြန်မာ့တိုင်းရင်းဆေးဝါး #ထုတ်လုပ်ရေး

တိုင်းရင်းဆေးရဲ့ အားသာချက်များဆိုရင် အရင်ဆုံး ပြေးမြင်မိတာက …- အပင်၊ ပန်း၊ အမြစ် … စသည့် သဘာဝပစ္စည်းများမှ ထုတ်လုပ်ထားခြ...
21/08/2025

တိုင်းရင်းဆေးရဲ့ အားသာချက်များဆိုရင် အရင်ဆုံး ပြေးမြင်မိတာက …

- အပင်၊ ပန်း၊ အမြစ် … စသည့် သဘာဝပစ္စည်းများမှ ထုတ်လုပ်ထားခြင်း ဖြစ်တဲ့အတွက် စိတ်ချယုံကြည်စွာ အသုံးပြုနိုင်ခြင်းလား ..?

- သဘာဝပါဝင်ပစ္စည်းများကို အခြေခံ ထုတ်လုပ်ထားတဲ့အတွက် ဘေးထွက်ဆိုးကျိုးနည်းပါးခြင်းလား …?

- နိုင်ငံတွင်းမှာပဲ ရရှိနိုင်တဲ့ သဘာဝပါဝင်ပစ္စည်းများကိုသာ အများဆုံးအသုံးပြုထားတဲ့အတွက် ကုန်ကျစရိတ် သက်သာပြီး လူတိုင်း အသုံးပြုနိုင်ခြင်းလား …?

- တိုင်းရင်းသားများရဲ့ ယဉ်ကျေးမှု၊ ရိုးရာအမွေအနှစ်နဲ့ သဘာဝပတ်ဝန်းကျင်အပေါ် အခြေခံထားတဲ့ ရှည်လျားတဲ့ သမိုင်းမှတ်တမ်းများ ရှိခြင်းလား …?

တိုင်းရင်းဆေးရဲ့ အားသာချက်လို့ ပြောလိုက်တာနဲ့ စိတ်ကူးထဲ ပေါ်လာတဲ့ ပထမဆုံးအချက်လေးကို အပန်းမကြီးရင် 𝗖𝗼𝗺𝗺𝗲𝗻𝘁 မှာ မန့်ခဲ့ဦးနော် … 👇🏻📨

#ဒေါက်တာလုံး #တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး #အားသာချက်

ကျီးပေါင်းရောဂါဟာ အလွယ်ပြောရမယ်ဆိုရင် အသက်အရွယ် ကြီးမြင့်လာတာနဲ့အမျှ အရိုးပွ၊ အရိုးကျွံ၊ အရိုးပြားတာနဲ့ လှုပ်ရှားမှုနည်း...
13/08/2025

ကျီးပေါင်းရောဂါဟာ အလွယ်ပြောရမယ်ဆိုရင် အသက်အရွယ် ကြီးမြင့်လာတာနဲ့အမျှ အရိုးပွ၊ အရိုးကျွံ၊ အရိုးပြားတာနဲ့ လှုပ်ရှားမှုနည်းပါးလို့ အရိုးအဆစ်တွေ မာတောင့်လာတာ၊ အရိုးမှာ အနည်ထိုင်ရာကနေ အတက်ထွက်လာတာမျိုးကို ခေါ်တာပါ

ကျီးပေါင်းရောဂါ ခံစားနေရပြီဆိုရင် ...

- ခန္ဓာကိုယ်ရဲ့ အရိုးအဆစ်နေရာတိုင်းကို ပုံမှန်လှုပ်ရှားမှု ရှိအောင် လေ့ကျင့်ခန်း လုပ်ပါ
- နာတဲ့နေရာတွေကို ရေခဲကပ်တာ၊ ရေနွေးကပ်တာမျိုး လုပ်ပေးပါ
- ပရုတ်ဆီတို့၊ ဒဏ်ကျေလိမ်းဆေးတို့လို့ အကိုက်အခဲပျောက်ဆေး လူးတာ၊ ဒေါက်တာလုံးက ထုတ်လုပ်ထားတဲ့ ဒဏ်ကျေကပ်ဆေး ကပ်ပေးတာမျိုးတို့ကိုလည်း ပြုလုပ်နိုင်ပါတယ်

ဒေါက်တာလုံးဒဏ်ကျေကပ်ဆေးဟာဆိုရင်

ငရုတ်ကောင်း၊ ပိတ်ချင်းသီး၊ ချင်း၊ ကြောင်ပန်း၊ မိဿလင်၊ သက်ရင်းကြီး၊ သစ်ကြံပိုး၊ ပရုတ်အေး အစရှိတဲ့ အစွမ်းထက်မြန်မာ့ဆေးဖက်ဝင် သစ်ဥသစ်ဖုများနဲ့ စီမံဖော်စပ်ထားတဲ့အတွက် ကပ်လိုက်တာနဲ့ သိသာတဲ့ ပျောက်ကင်းသက်သာမှုကို ရရှိစေပါတယ်

နေရာမယူ၊ စတိုင်လ်ကျတဲ့ ကပ်ခွာလေး ဖြစ်လို့ ဘယ်နေရာကိုပဲဖြစ်ဖြစ် အလွယ်တကူလည်း သယ်ဆောင်သွားနိုင်ပါတယ်

အထုပ်ကြီး တစ်ထုပ်မှာ အထုပ်သေး ဆယ်ထုပ်တောင် ပါဝင်ပြီး ဈေးနှုန်း အလွန်သက်သာလို့ လူတိုင်း၊ အိမ်တိုင်း အကြိုက်တွေ့ သုံးစွဲကြတဲ့ ကျီးပေါင်းအတွက် အကောင်းဆုံး ဒေါက်တာလုံးဒဏ်ကျေကပ်ဆေးလေးကို အခုပဲ နီးစပ်ရာ ဆေးဆိုင်ကနေ မြန်မြန်လေး ဝယ်သုံးကြည့်လိုက်နော် ... 💜

#ဒေါက်တာလုံး #ဒဏ်ကျေကပ်ဆေး #ကပ်ခွာ #မြန်မာ့တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး

ဒီနေ့တော့ အားလုံးအတွက် ပေါ့ပေါ့ပါးပါး မေးခွန်းလေး တစ်ခုလောက် မေးချင်လို့ပါ …💜အသုံးပြုရတာ သက်သောင့်သက်သာ ရှိပြီး အစွမ်းထက...
04/08/2025

ဒီနေ့တော့ အားလုံးအတွက် ပေါ့ပေါ့ပါးပါး မေးခွန်းလေး တစ်ခုလောက် မေးချင်လို့ပါ …💜

အသုံးပြုရတာ သက်သောင့်သက်သာ ရှိပြီး အစွမ်းထက်လွန်းလို့ တစ်ခါသုံးဖူးသူတိုင်း ထပ်ခါထပ်ခါ မေးဝယ်ရတဲ့ Dr.Lone ဒဏ်ကျေကပ်ဆေးလေးကို

✅ Facebook ကနေ စပြီး မြင်ဖူးတာလား?
🥰 သူများ ညွှန်းလွန်းလို့ သုံးကြည့်ဖူးတာလား?
✨ ဒါမှမဟုတ် ဆေးဆိုင်တွေမှာ မြင်နေရလို့ သိသွားတာလား?

အပန်းမကြီးဘူးဆိုရင် Dr.Lone ဒဏ်ကျေကပ်ဆေးလေးကို ဘယ်ကနေ စပြီး ဘယ်လို သိခဲ့တာလဲဆိုတာ Comment မှာ မျှဝေပေးခဲ့ဦးနော် …👇💬

#ဒေါက်တာလုံး #တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး #ဒဏ်ကျေကပ်ဆေး

မိုးရာသီဆိုတာ ရောဂါဝေဒနာတွေ အဖြစ်များလေ့ရှိတဲ့ကာလဆိုတာတော့ အားလုံးလည်း သိထားပြီးသား ဖြစ်ကြမှာပါနော် ... 😥😥ဒီနေ့မှာတော့ D...
27/07/2025

မိုးရာသီဆိုတာ ရောဂါဝေဒနာတွေ အဖြစ်များလေ့ရှိတဲ့ကာလဆိုတာတော့ အားလုံးလည်း သိထားပြီးသား ဖြစ်ကြမှာပါနော် ... 😥😥

ဒီနေ့မှာတော့ Dr.Lone က မိုးရာသီမှာ ကလေးငယ်လေးတွေ အဖြစ်များလေ့ရှိတဲ့‌ရောဂါတွေအကြောင်း ပြောပြပေးချင်ပါတယ်

ပတ်ဝန်းကျင်က စိုစွတ်ပြီး ခြင်တွေလည်း ပေါတဲ့ အခုလို ⛈️ မိုးရာသီကာလမှာဆိုရင်

- တစ်ယောက်နဲ့တစ်ယောက် သိပ်ကိုမှ ကူးစက်လွယ်တဲ့ ရာသီတုပ်ကွေး
- မသန့်ရှင်းတဲ့ ရေနဲ့ အစားအသောက်တွေကြောင့် ဖြစ်တတ်တဲ့ ဝမ်းပျက်ဝမ်းလျှော
- ကလေးငယ်လေးတွေမှာ အဖြစ်များလေ့ရှိတဲ့ ရေကျောက်
- ခြင်တွေကြောင့် ဖြစ်ရတဲ့ သွေးလွန်တုပ်ကွေးရောဂါ ... အစရှိတဲ့ ရောဂါတွေသိပ်ကို အဖြစ်များလှပါတယ်

ဒီလိုကူးစက်ရောဂါတွေ အဖြစ်များလှတဲ့ အခုလိုရာသီကာလမှာ မိမိရဲ့ရင်သွေးငယ်လေးတွေကို အာဟာရပြည့်ဝအောင် ဂရုတစိုက် ကျွေးမွေးရင်း ခြင်မကိုက်မခံရအောင် အထူးသတိပြုကာကွယ်ရင်းနဲ့ ရောဂါဝေဒနာတွေ မဖြစ်ပွားအောင် အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက်လိုက်ကြရအောင်နော် ... 🤗🤗

#ဒေါက်တာလုံး #တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး #ကလေးငယ် #ကူးစက်ရောဂါ #မိုးရာသီ

Address

75st, Bet 27x28
Mandalay

Website

Alerts

Be the first to know and let us send you an email when Dr.Lone posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram