15/11/2021
သွားဂျီးတွေကို ဖယ်ရှားပြီး ဖြူဖွေးတောက်ပတဲ့ အပြုံးလေးပိုင်ဆိုင်ဖို့ နည်းလမ်း ၄ ခု
ပြီးပြည့်စုံတဲ့ အပြုံးက လူတစ်ယောက်ရဲ့ဆွဲဆောင်မှု့ကို ပိုထင်ပေါ် စေပါတယ်နော်
ဆေးလိပ်သောက်ခြင်း, ကွမ်းစားခြင်း , ကဖိန်းဓါတ်တွေနဲ့ သွားပုံမှန် စစ်ဆေးမခံဖြစ်တဲ့ အခါ သွားတွေဟာ ၀ါညစ်ညစ်နဲ့ဂျီးတွေ ဖြစ်နေတတ်ပါတယ်
ဒီလို သွားဂျီးတွေကို ဖယ်ရှားပြီး သွားလေးတွေ ဖြူဖွေးတောက်ပစေဖို့ နည်းလမ်းကောင်းလေးကို ေ၀မျှပေးလိုက်ပါတယ်
၁.မုန့်ဖုတ်ဆိုဒါ
မုန့်ဖုတ်ဆိုဒါကို သဘာ၀အစွန်းချွတ်ဆေးအဖြစ် အသုံးပြုလို့ရပြီး တော်တော်များများသော နေရာတွေမှာ အသုံး၀င်လှပါတယ်
မုန့်ဖုတ်ဆိုဒါ ဟင်းခတ်ဇွန်းတစ်ဇွန်းကို ဆားအနည်းငယ်နဲ့ရောနှောကာ သွားပွတ်တံနဲ့ယူပြီး သွားတိုက်သလို တိုက်ပေးခြင်းက သွားလေးတွေကို ဖြူဖွေးတောက်ပလာစေမှာပါ။
၂.ရှားစောင်းလက်ပက်
သွားဂျီးတွေကိုဖယ်ရှားပြီး သွားတွေဖြူဖွေးနေစေဖို့ သဘာ၀သွားတိုက်ဆေးလေး အလွယ်တကူပြုလုပ်လို့ရပါတယ်။
ရေတစ်ခွက်၊ မုန့်ဖုတ်ဆိုဒါ ခွက်တစ်၀က်၊ ရှားစောင်းလက်ပက် ဟင်းခတ်ဇွန်းတစ်ဇွန်း။
Vegetable glycerine ဟင်းခတ်ဇွန်း လေးဇွန်း Lemon Essential Oil ဟင်းခတ်ဇွန်းတစ်ဇွန်းတို့ကို ရောနှောကာ သွားတိုက်ဆေးအဖြစ်အသုံးပြုခြင်းက ဖြူဖွေးတောက်ပပြီး ကျန်းမာတဲ့ သွားတွေကို ပိုင်ဆိုင်စေမှာ ဖြစ်ပါတယ်
၃.လိမ္မော်သီးအခွံ
လိမ္မော်သီးအခွံတွေကို မလွှင့်ပစ်ပဲ အလွယ်တကူပဲ သွားတွေမှာ ပွတ်တိုက်ပေးခြင်းက သွားကြွေလွှာတွေကို တောက်ပလာစေပါတယ်
သွားတွေကို ဖြူဖွေးစေပြီး သွားမှာဖြစ်နေတဲ့ ဂျီးတွေကို ဖယ်ရှားပေးကာ ဘက်တီးရီးယားတွေကို တိုက်ခိုက်ပေးနိုင်တာပဲဖြစ်ပါတယ်
လိမ္မောသီးခွံနဲ့ သွားကို မိနစ်အနည်းငယ်တိုက်ပြီး ရေနဲ့ဆေးလိုက်ရုံပါပဲ
Vitamin Tooth Mask
ကိုယ်နှစ်သက်ရာ အသီးနဲ့အရွက်တွေကို ကြိတ်ခြေကာလည်း သွားအတွက် အသုံးပြုလို့ရပါတယ်
ခရမ်းချည်သီး ၊ စတော်ဘယ်ရီ ၊ လိမ္မော်သိးစတဲ့ ဗီတာမင်စီကြွယ်တဲ့ အသီးတွေကို ကြိတ်ခြေကာ သွားမှာ Mask အဖြစ်အသုံးပြုလို့ရပါတယ်
ငါးမိနစ်၊ခြောက်မိနစ်ခန့် ထားပြီးရင်တော့ ရေနဲ့ဆေးချပေးရုံပါပဲ။ ဒါက သွားမှာရှိတဲ့ ဘက်တီးရီးယားတွေကို သေစေပြီး ခံတွင်းကို ကောင်းမွန်စေပါတယ်
credit ဘ၀ဒိုင်ယာရီ
သဘာ၀တိုင်းအချိန်မပေးနိုင်ရင်👇သုံးနော်