Kant Kaw Hospital

Kant Kaw Hospital Quality Patient Care Centre

15/10/2025

🫧ကမ္ဘာလက်ဆေးခြင်းနေ့ 🫧
ကမ္ဘာလက်ဆေးခြင်းနေ့
အောက်တိုဘာလ ၁၅ရက် ၊၂၀၂၅။

လက်ဆေးတယ် ဆိုတာအရေးကြီးတဲ့အလေ့အထတစ်ခုပါ။ နေ့စဉ်ကိုင်တွယ်ထိတွေ့ခဲ့သည့်အရာများတွင် မျက်စိဖြင့်မမြင်နိုင်သော ဘက်တီးရီးယားပိုးမွှားပေါင်းများစွာ ပါရှိနိုင်ပါသည်။ ဒါကြောင့် အပြင်ကပြန်လာသောအခါတွင်ဖြစ်စေ မသန့်ရှင်းသောအရာများနှင့်ထိတွေ့မိသည့်အခါတွင်ဖြစ်စေ လက်ကိုဆပ်ပြာဖြင့်သေချာစွာဆေးကြောကာ သန့်ရှင်းလုံခြုံသော ကမ္ဘာကြီးကိုဖန်တီးကြပါစို့။အောက်တိုဘာလ ၁၅ရက် ၊၂၀၂၅

🌸လက်ဆေးတယ် ဆိုတာအရေးကြီးတဲ့အအလေ့အထတစ်ခုပါ။ နေ့စဉ်ကိုင်တွယ်ထိတွေ့ခဲ့သည့်အရာများတွင် မျက်စိဖြင့်မမြင်နိုင်သော ဘက်တီးရီးယားပိုးမွှားပေါင်းများစွာ ပါရှိနိုင်ပါသည်။

🌸 ဒါကြောင့် အပြင်ကပြန်လာသောအခါတွင်ဖြစ်စေ မသန့်ရှင်းသောအရာများနှင့်ထိတွေ့မိသည့်အခါတွင်ဖြစ်စေ လက်ကိုဆပ်ပြာဖြင့်သေချာစွာဆေးကြောကာ သန့်ရှင်းလုံခြုံသော ကမ္ဘာကြီးကိုဖန်တီးကြပါစို့။

"နွေးထွေးပျူငှာမှုများနှင့်ကျန်းမာပျော်ရွှင်စေမှာ ကံ့ကော်ဆေးရုံပါ"

🏢၃၄လမ်း ၊ ၇၈လမ်းနှင်၇၉လမ်းကြား ၊ ချမ်းအေးသာစံမြို့နယ် ၊ မန္တလေးမြို့။

☎️09952050601,09952050602,09882885820,09882885840

📍We’re Hiring Job Vacancy Announcementမန္တလေးမြို့ရှိ ကံ့ကော်ဆေးရုံတွင် တာဝန်ထမ်းဆောင်ရန် အောက်ပါရာထူးများခန့်အပ်ရန် ခေါ...
14/10/2025

📍We’re Hiring
Job Vacancy Announcement

မန္တလေးမြို့ရှိ ကံ့ကော်ဆေးရုံတွင် တာဝန်ထမ်းဆောင်ရန် အောက်ပါရာထူးများခန့်အပ်ရန် ခေါ်ယူလျက်ရှိပါသည်။

"နွေးထွေးပျူငှာမှုများနှင့်ကျန်းမာပျော်ရွှင်စေမှာ ကံ့ကော်ဆေးရုံပါ"

🏢၃၄လမ်း ၊ ၇၈လမ်းနှင်၇၉လမ်းကြား ၊ ချမ်းအေးသာစံမြို့နယ် ၊ မန္တလေးမြို့။

☎️09952050601,09952050602,09882885820,09882885840

📍အဆစ်လွဲခြင်း👉အရိုးများထိခိုက်ဒဏ်ရာရရှိမှုကြောင့် အဆစ်မှချော်ထွက်သွားသောအခါ သို့မဟုတ် အချိတ်အဆက်ပြုတ်သွားသောအခါတွင် အဆစ်...
14/10/2025

📍အဆစ်လွဲခြင်း

👉အရိုးများထိခိုက်ဒဏ်ရာရရှိမှုကြောင့် အဆစ်မှချော်ထွက်သွားသောအခါ သို့မဟုတ် အချိတ်အဆက်ပြုတ်သွားသောအခါတွင် အဆစ်လွဲခြင်းဖြစ်ပေါ်လာပါသည်။

👉နာကျင်ရောင်ရမ်းပြီး မလှုပ်ရှားနိုင်တဲ့အထိဖြစ်နိုင်ပြီး ပခုံး၊ဒူး၊တင်ပါးဆုံနှင့် မေးရိုးတို့တွင်အဖြစ်များပါသည်။ထိခိုက်မှုသည် အရေးပေါ်အခြေအနေဖြစ်နိုင်သောကြောင့် ကုသမှုအမြန်ဆုံး ခံယူရန်လိုအပ်ပါသည်။

👉အဆစ်လွဲခြင်းသည် ထိခိုက်ဒဏ်ရာရရှိခြင်း၊မွေးရာပါအခြေအနေများ၊ပြင်းထန်သောအားကစားလုပ်ခြင်းတို့ကြောင့်အဖြစ်များပါသည်။နောက်ဆက်တွဲအနေဖြင့် အာရုံကြောထိခိုက်ခြင်း၊ကြွက်သားများစုတ်ပြဲခြင်း များဖြစ်စေနိုင်ပါသည်။

👉အဆစ်လွဲခြင်းလက္ခဏာများခံစားနေရပါက ဆရာဝန်နှင့်အမြန်ဆုံးတိုင်ပင်ပြသလိုက်ပါ။

"နွေးထွေးပျူငှာမှုများနှင့်ကျန်းမာပျော်ရွှင်စေမှာ ကံ့ကော်ဆေးရုံပါ"

🏢၃၄လမ်း ၊ ၇၈လမ်းနှင်၇၉လမ်းကြား ၊ ချမ်းအေးသာစံမြို့နယ် ၊ မန္တလေးမြို့။

☎️09952050601,09952050602,09882885820,09882885840

#အဆစ်လွဲခြင်း

🎗ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ 🎗အောက်တိုဘာလ ၁၀ရက်၊၂၀၂၅🌸 ကမ္ဘာတစ်ဝှမ်းတွင် စိတ်ကျန်းမာရေးပြဿနာများတွေ့ကြုံခံစားနေရပါသည်။စိတ်ကျန...
10/10/2025

🎗ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ 🎗
အောက်တိုဘာလ ၁၀ရက်၊၂၀၂၅

🌸 ကမ္ဘာတစ်ဝှမ်းတွင် စိတ်ကျန်းမာရေးပြဿနာများတွေ့ကြုံခံစားနေရပါသည်။စိတ်ကျန်းမာရေး ကောင်းမွန်ခြင်းသည် လူတစ်ယောက်နေ့စဉ်ဘဝတွင် ပုံမှန်ဖြတ်သန်းသွားလာနိုင်အောင် အရေးကြီးတဲ့အရာတစ်ခုပါ။

🌸နှစ်စဉ် အောက်တိုဘာလ ၁၀ ရက်နေ့တွင်ကျင်းပလေ့ရှိတဲ့ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့သည် စိတ်ကျန်းမာရေးဝေဒနာခံစားနေရသူများကို အားပေးထောက်ခံရန်နှင့် စိတ်ကျန်းမာရေးကိုဂရုစိုက်ကာကွယ်ရန် သက်မှတ်ထားသောနေ့တစ်နေ့ဖြစ်ပါတယ်ရှင်။

🌸စိတ်ဝေဒနာခံစားနေရသူများကို လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုများရရှိနိုင်ရန်နှင့်ကျန်းမာပျော်ရွှင်သောဘဝတွင် နေထိုင်ကြပါစို့။

"နွေးထွေးပျူငှာမှုများနှင့်ကျန်းမာပျော်ရွှင်စေမှာ ကံ့ကော်ဆေးရုံပါ"

🏢၃၄လမ်း ၊ ၇၈လမ်းနှင်၇၉လမ်းကြား ၊ ချမ်းအေးသာစံမြို့နယ် ၊ မန္တလေးမြို့။

☎️09952050601,09952050602,09882885820,09882885840

📍မီးပိုးကောင်အန္တရာယ်👉အခုတလောလူပြောများလာပြီး အရေပြားရောင်ရမ်းမှုကိုဖြစ်စေတဲ့ မီးပိုးကောင်ဆိုသည့် အင်းဆက်သည် အမည်းနှင့်လ...
09/10/2025

📍မီးပိုးကောင်အန္တရာယ်

👉အခုတလောလူပြောများလာပြီး အရေပြားရောင်ရမ်းမှုကိုဖြစ်စေတဲ့ မီးပိုးကောင်ဆိုသည့် အင်းဆက်သည် အမည်းနှင့်လိမ္မော် အရောင်ရှိပြီး ပုရွက်ဆိတ်နှင့်ဆင်တူပါသည်။အလင်းရောင်ကိုသဘောကြပြီး မိုးအကုန် ဆောင်းအပြောင်း ညဘက်တွင်အထွက်များသောအကောင်များဖြစ်ကြပါသည်။

👉မီးပိုးကောင်များသည် ကိုက်လေ့တုတ်လေ့ မရှိသောကြောင့် အရေပြားရောင်ရမ်းလာတယ်ဆိုတာ မီးပိုးကောင်နှင့်ထိတွေ့ခြင်း၊ခန္ဓာကိုယ် ပေါ်သို့ဖြတ်သွားတဲ့အခါ သူတို့ဆီမှထွက်သော အဆိပ်ရည်တစ်မျိုးနှင့်ထိတွေ့မိတဲ့အခါမှာ လက္ခဏာတွေပြလာတာဖြစ်ပါတယ်။ထိုအဆိပ်ရည်ထဲတွင် paederin ဆိုတဲ့အရေပြားကိုပျက်စီးစေတဲ့ ဓာတ်တစ်မျိုးပါရှိပါတယ်။
ထိတွေ့ပြီး ၂၄နာရီအတွင်း လက္ခဏာတွေပြလေ့ရှိပါသည်။

👉မီးပိုးကောင်နဲ့ထိတွေ့မိရင်ဘာအရင်လုပ်ရမလဲ?

အဆိပ်ရည်နှင့်ထိတွေ့မိတယ်လို့သံသယရှိပါက ချက်ချင်းရေဆေးချပါ။
နီရဲပြီးယားယံလာပါက စတီးရွိုက်ပါသော ယားနာပျောက်ဆေးလိမ်းပါ။
ပိုမိုပြင်းထန်လာပါက ဆရာဝန်ညွှန်ကြားချက်အရ အရောင်ကျဆေးနှင့် ပိုးသတ်ဆေးများသောက်သုံးနိုင်ပါသည်။

"နွေးထွေးပျူငှာမှုများနှင့်ကျန်းမာပျော်ရွှင်စေမှာ ကံ့ကော်ဆေးရုံပါ"

🏢၃၄လမ်း ၊ ၇၈လမ်းနှင်၇၉လမ်းကြား ၊ ချမ်းအေးသာစံမြို့နယ် ၊ မန္တလေးမြို့။

☎️09952050601,09952050602,09882885820,09882885840

#မီးပိုးကောင်အန္တရာယ်

☀️ဒေါင်းရောဂါ(Down Syndrom)☀️✨️လူ့ခန္ဓာကိုယ်ဖွဲ့စည်းမှုတွင် ခရိုမိုဆုန်း ၂၃ စုံရှိပါတယ်။ Down Syndrom ဆိုတာ ထို ခရိုမိုဇ...
07/10/2025

☀️ဒေါင်းရောဂါ(Down Syndrom)☀️

✨️လူ့ခန္ဓာကိုယ်ဖွဲ့စည်းမှုတွင် ခရိုမိုဆုန်း ၂၃ စုံရှိပါတယ်။ Down Syndrom ဆိုတာ ထို ခရိုမိုဇုန်း၂၁ ခုမြောက်တွင် ၂စုံအစား ၃စုံပါလာတာကြောင့် ဖြစ်ပေါ်လာသောမွေးရာပါရောဂါတစ်ခုဖြစ်ပါသည်။ဒေါင်းရောဂါဖြစ်ပွားစေနိုင်တဲ့အရေးကြီးတဲ့အချက်တစ်ခုမှာ အသက်၄၀အထက်တွင် ကိုယ်ဝန်ဆောင်ခြင်းကြောင့်ဖြစ်ပါသည်။

✨️ဒေါင်းရောဂါ၏လက္ခဏာများမှာ ပုံမှန်ကလေးငယ်များနှင့်မတူဘဲ ရုပ်အသွင်လက္ခဏာ တမူကွဲပြားနေပါသည်။စိတ်ပိုင်းဆိုင်ရာတွင်လည်း ပုံမှန်ကလေးငယ်များထက် ဖွံ့ဖြိုးမှုတွင် နောက်ကျလေ့ရှိပါသည်။

✨️ဒါအပြင်မွေးရာပါ နှလုံးရောဂါ၊အမြင်အာရုံနှင့်အကြားအာရုံ ချို့ယွင်းခြင်း၊အသက်ရူလမ်းကြောင်းဆိုင်ရာပြသာနာများလည်းကြုံတွေနိုင်ပါသည်။

"နွေးထွေးပျူငှာမှုများနှင့်ကျန်းမာပျော်ရွှင်စေမှာ ကံ့ကော်ဆေးရုံပါ"

🏢၃၄လမ်း ၊ ၇၈လမ်းနှင်၇၉လမ်းကြား ၊ ချမ်းအေးသာစံမြို့နယ် ၊ မန္တလေးမြို့။

☎️09952050601,09952050602,09882885820,09882885840

🎆🎉🪔ပျော်ရွှင်စရာ သီတင်းကျွတ်အချိန်အခါသမယတွင် မြန်မာပြည်သူပြည်သားအပေါင်း ကျန်းမာပျော်ရွှင်ကြပါစေကြောင်း ကံ့ကော်ဆေးရုံ မိသ...
06/10/2025

🎆🎉🪔ပျော်ရွှင်စရာ သီတင်းကျွတ်အချိန်အခါသမယတွင် မြန်မာပြည်သူပြည်သားအပေါင်း ကျန်းမာပျော်ရွှင်ကြပါစေကြောင်း ကံ့ကော်ဆေးရုံ မိသားစုမှ နွေးထွေးစွာဆုမွန်ကောင်း‌တောင်းပေးလိုက်ပါတယ်ရှင်။🪔🎉🎆

"နွေးထွေးပျူငှာမှုများနှင့်ကျန်းမာပျော်ရွှင်စေမှာ ကံ့ကော်ဆေးရုံပါ"

🏢၃၄လမ်း ၊ ၇၈လမ်းနှင်၇၉လမ်းကြား ၊ ချမ်းအေးသာစံမြို့နယ် ၊ မန္တလေးမြို့။

☎️09952050601,09952050602,09882885820,09882885840

#ဝါလကင်းလွတ်သီတင်းကျွတ်

🌸Breast Cancer Awareness Month 🌸🍀အောက်တိုဘာလသည် ရင်သားကင်ဆာ အသိပညာပေး လတစ်လဖြစ်ပါသည်။ 🍀စောစီးစွာသိရှိခြင်းသည် ကုသမှု အော...
03/10/2025

🌸Breast Cancer Awareness Month 🌸

🍀အောက်တိုဘာလသည် ရင်သားကင်ဆာ အသိပညာပေး လတစ်လဖြစ်ပါသည်။

🍀စောစီးစွာသိရှိခြင်းသည် ကုသမှု အောင်မြင်ရန်အလွန်မြင့်မားပါသည်။

🍀အထူးကုဆရာ၀န်ကြီးများနှင့်တိုင်ပင်ဆွေးနွေးကာ မိမိကိုယ်ကို ဂရုစိုက်ပြီး အချိန်မီစစ်ဆေးလိုက်ပါ။

"နွေးထွေးပျူငှာမှုများနှင့်ကျန်းမာပျော်ရွှင်စေမှာ ကံ့ကော်ဆေးရုံပါ"

🏢၃၄လမ်း ၊ ၇၈လမ်းနှင်၇၉လမ်းကြား ၊ ချမ်းအေးသာစံမြို့နယ် ၊ မန္တလေးမြို့။

☎️09952050601,09952050602,09882885820,09882885840


🎊သီတင်းကျွတ်အထူးပရိုမိုရှင်းအစီအစဥ်ကြီးစနေပြီနော်🎊✨️ အောက်တိုဘာလ ၁ရက်နေ့ မှ ၃၁ ရက်နေ့အထိ သီတင်းကျွတ်အထူးပရိုမိုးရှင်းအနေ...
01/10/2025

🎊သီတင်းကျွတ်အထူးပရိုမိုရှင်းအစီအစဥ်ကြီးစနေပြီနော်🎊

✨️ အောက်တိုဘာလ ၁ရက်နေ့ မှ ၃၁ ရက်နေ့အထိ သီတင်းကျွတ်အထူးပရိုမိုးရှင်းအနေဖြင့်

🪔ဆီးချိုရောဂါစစ်ဆေးခြင်း Special Package
20% Discount နှင့်
🪔အတွင်းလူနာ အခန်းခ 10% Discount

✨️ လူကြီးမိဘဆရာသမားများနှင့်မိမိတို့ချစ်ခင်ရတဲ့သူတွေ ကျန်းမာပျော်ရွှင်စေဖို့ သီတင်းကျွတ်ဂါရဝလက်ဆောင်ပေးဖို့ စီစဥ်နေပြီဆိုရင်တော့ ကံ့ကော်ဆေးရုံကိုသာအရောက်လာခဲ့တော့နော်

"နွေးထွေးပျူငှာမှုများနှင့်ကျန်းမာပျော်ရွှင်စေမှာ ကံ့ကော်ဆေးရုံပါ"

🏢၃၄လမ်း ၊ ၇၈လမ်းနှင်၇၉လမ်းကြား ၊ ချမ်းအေးသာစံမြို့နယ် ၊ မန္တလေးမြို့။

☎️09952050601,09952050602,09882885820,09882885840

📍နှင်းခူရောဂါဆိုတာဘာလဲ?✨️ နှင်းခူဆိုတာအရေပြားရောင်ရမ်းခြင်း၊ယားယံခြင်းတို့ကို ဖြစ်စေနိုင်သော နာတာရှည် အရေပြားရောဂါတစ်ခုဖ...
30/09/2025

📍နှင်းခူရောဂါဆိုတာဘာလဲ?

✨️ နှင်းခူဆိုတာအရေပြားရောင်ရမ်းခြင်း၊ယားယံခြင်းတို့ကို ဖြစ်စေနိုင်သော နာတာရှည် အရေပြားရောဂါတစ်ခုဖြစ်ပါတယ်။နှင်းခူသည် ပတ်ဝန်းကျင်အခြေအနေနှင့် မျိုးရိုးဗီဇကြောင့် အဖြစ်အများဆုံးဖြစ်ပါသည်။နှင်းခူသည်ခန္ဓာကိုယ်နေရာအနှံ့တွင်ဖြစ်ပွားနိုင်ပြီး အရေပြားကို ယားယံခြင်း၊ရောင်ရမ်းခြင်း၊ခြောက်သွေ့ခြင်း၊အရည်ကြည်ဖုနှင့်အနီကွက်များဖြစ်စေနိုင်ခြင်း၊သားရေပြားကဲ့သို့အရေပြားထူခြင်း စတဲ့ကလက္ခဏာများဖြစ်ပွားနိုင်ပါသည်။

✨️ အထက်ပါလက္ခဏာများသည် မကြာခဏဖြစ်ကာ သက်သာပျောက်ကင်းရန်အချိန်ကြာမြင့်နေပါက သက်ဆိုင်ရာဆရာဝန်နှင့်အမြန်ဆုံးတိုင်ပင်ဆွေးနွေးပြသရန်လိုအပ်ပါသည်။

"နွေးထွေးပျူငှာမှုများနှင့်ကျန်းမာပျော်ရွှင်စေမှာ ကံ့ကော်ဆေးရုံပါ"

🏢၃၄လမ်း ၊ ၇၈လမ်းနှင်၇၉လမ်းကြား ၊ ချမ်းအေးသာစံမြို့နယ် ၊ မန္တလေးမြို့။

☎️09952050601,09952050602,09882885820,09882885840

📍World Rabies Day (September 28,2025)ကမ္ဘာ့ခွေးရူးပြန်ရောဂါကာကွယ်တိုက်ဖျက်ရေးနေ့👉နှစ်စဉ် စက်တင်ဘာလ ၂၈ ရက်တွင် ခွေးရူးပြန...
28/09/2025

📍World Rabies Day (September 28,2025)
ကမ္ဘာ့ခွေးရူးပြန်ရောဂါကာကွယ်တိုက်ဖျက်ရေးနေ့

👉နှစ်စဉ် စက်တင်ဘာလ ၂၈ ရက်တွင် ခွေးရူးပြန်ရောဂါကာကွယ်ခြင်းအထိမ်းအမှတ်အဖြစ်ကျင်းပလေ့ရှိကြပါသည်။ခွေးရူးပြန်ကာကွယ်ဆေးကို ပထမဦးဆုံးတီထွင်ခဲ့သော ဓာတုဗေဒပညာရှင် လူးဝစ်ပါစ်ချာ (Louis Pasteur) ကွယ်လွန်ခဲ့သော စက်တင်ဘာလ ၂၈ ရက်ကို ကမ္ဘာ့ခွေးရူးပြန်ရောဂါ ကာကွယ် တိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။

☀️ခွေးရူးပြန်ရောဂါသည် အသက်ဆုံးရှုံးမှုဖြစ်စေနိုင်သော ရောဂါတစ်မျိုးဖြစ်ပါသည်။မိမိတို့အိမ်ရှိ အိမ်မွေးခွေးများနှင့် တခြားသောခွေးများ၏ သွားရည်ရှိဗိုင်းရပ်စ်ပိုးများသည် အကိုက်ခံရသည့်ဒဏ်ရာမှတစ်ဆင့် လူခန္ဓာကိုယ်အတွင်းသို့ဝင်သွားသောအခါ ခွေးရူးပြန်ခြင်းကိုဖြစ်စေနိုင်ပါသည်။

🐶ဒါကြောင့် မွေးမြူထားသောခွေးများနှင့်အိမ်မွေးတိရစ္ဆာန်များကို ကာကွယ်ဆေးထိုးထားပေးကာ ကြိုတင်ကာကွယ်နိုင်မှာဖြစ်ပါတယ်။🐶

👶ကလေးငယ်များသည်ခွေးကိုက်ခံရနှုန်းမြင့်မားတာကြောင့် လူအ
တွက်ထုတ်လုပ်ထားသော ခွေးရူးပြန်ကာကွယ်ဆေးထိုးထားကာ တိရစ္ဆာန်များနှင့်အမြဲနီးနီးကပ်ကပ်မရှိစေရန် အထူးဂရုပြုရမှာဖြစ်ပါတယ်ရှင်။💊💊

"နွေးထွေးပျူငှာမှုများနှင့်ကျန်းမာပျော်ရွှင်စေမှာ ကံ့ကော်ဆေးရုံပါ"

🏢၃၄လမ်း ၊ ၇၈လမ်းနှင်၇၉လမ်းကြား ၊ ချမ်းအေးသာစံမြို့နယ် ၊ မန္တလေးမြို့။

☎️09952050601,09952050602,09882885820,09882885840


#ခွေးရူးပြန်ကာကွယ်ရေးနေ့

အကြောအဆစ်ပြန်လည်သန်စွမ်းရေး အထူးကုသမားတော် နှင့် ပြသလိုပါက တနင်္လာ မှ သောကြာ - မနက် 7:00 မှ 9:00 နာရီတနင်္လာ မှ သောကြာ -...
27/09/2025

အကြောအဆစ်ပြန်လည်သန်စွမ်းရေး အထူးကုသမားတော် နှင့် ပြသလိုပါက

တနင်္လာ မှ သောကြာ - မနက် 7:00 မှ 9:00 နာရီ
တနင်္လာ မှ သောကြာ - 12:00 မှ 2:00 နာရီ

09952050601 , 09952050602 , 09882885820,09882885840 ကိုဆက်သွယ်မေးမြန်း Booking ယူနိုင်ပါတယ်ရှင်။

ပြသနိုင်သောဆရာဝန်ကြီးများကို သိရှိလိုပါက
Page Messenger : Kant Kaw Hospital

"နွေးထွေးပျူငှာမှုများနှင့်ကျန်းမာပျော်ရွှင်စေမှာ ကံ့ကော်ဆေးရုံပါ"

🏢၃၄လမ်း ၊ ၇၈လမ်းနှင်၇၉လမ်းကြား ၊ ချမ်းအေးသာစံမြို့နယ် ၊ မန္တလေးမြို့။

☎️09952050601,09952050602,09882885820,09882885840


#အကြောအဆစ်ပြန်လည်သန်စွမ်းရေးအထူးကုသမားတော်

Address

34st, Between 78st X 79st , Chanayethazan Township
Mandalay
05024

Telephone

+959952050601

Website

Alerts

Be the first to know and let us send you an email when Kant Kaw Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Kant Kaw Hospital:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category