ဆရာစစ်-သိပ္ပံဆန်းတိုင်းရင်းဆေးကုဌာန Sayar Sitt-Myanmar Traditional Clinic

  • Home
  • Myanmar
  • Mandalay
  • ဆရာစစ်-သိပ္ပံဆန်းတိုင်းရင်းဆေးကုဌာန Sayar Sitt-Myanmar Traditional Clinic

ဆရာစစ်-သိပ္ပံဆန်းတိုင်းရင်းဆေးကုဌာန Sayar Sitt-Myanmar Traditional Clinic Trustworthy Treatment

ရေကျောက် (Chicken Pox) ဆိုတာ... ✳✳✳✳✳✳✳✳✳✳✳✳✳✳✳✳✳✳Chicken Pox ဆိုတာ ရေကျောက်လို့ ခေါ်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်များသောအာ...
15/05/2022

ရေကျောက် (Chicken Pox) ဆိုတာ...

✳✳✳✳✳✳✳✳✳✳✳✳✳✳✳✳✳✳
Chicken Pox ဆိုတာ ရေကျောက်လို့ ခေါ်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်
များသောအားဖြင့် ကလေးအရွယ်တွေမှာ အတွေ့များလေ့ရှိပါတယ်
ဒါပေမဲ့ အသက်အရွယ်ရပြီး လူငယ်လူကြီးအရွယ်တွေမှာလည်း ဖြစ်ပေါ်နိုင်ပါတယ်

ရေကျောက်ဘာကြောင့် ဖြစ်ရတာလဲ
ရေကျောက်ပေါက်ရတဲ့ အကြောင်းအရင်းတွေကတော့ အမျိုးမျိုးဖြစ်နိုင်ပါတယ်
ရေကျောက်ဆိုတာ Virus ကနေ ဖြစ်ပွားတာဖြစ်လို့ ရေကျောက်ပေါက်နေသူကတစ်ဆင့် ကူးစက်နိုင်တာဖြစ်သလို၊ အပူအအေး မမျှလို့လည်း ​ဖြစ်နိုင်ပါသေးတယ်။
ပြောရမယ်ဆိုရင်တော့ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယောဓာတ်တွေ ဖောက်ပြန်လို့လည်း ဖြစ်နိုင်တာပေါ့။

ဒါဆို ရေကျောက်ဖြစ်လာပြီဆိုရင် ဘယ်လိုလက္ခဏာတွေ ခံစားရလဲ
ရေကျောက်ဖြစ်လာပြီဆိုရင် ကိုယ်ပူလာမယ်၊ မအီမသာဖြစ်မယ်၊ ခံတွင်းပျက်လာမယ်၊ ခန္ဓာကိုယ်မှာ ရေကြည်ဖုလေးတွေ ပေါက်လာမယ်။

တဖြည်းဖြည်းနဲ့ ရေကြည်ဖုလေးတွေက ခန္ဓာကိုယ် အနှံ့ပေါက်လာပါတယ်။ မျက်စိအနီးမှာလည်း ပေါက်တတ်တာကြောင့် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

ဒါဆို ဘယ်လိုကုသရမလဲ
ရေကျောက် စုံစုံလင်လင်မထွက်လာသေးရင် စုံအောင်ထွက်ဖို့အတွက်
အမှတ် (၁၇) သွေးဆေးနီကြီးကို တိုက်နိုင်ပါတယ်။
ပြီးရင် ကွမ်းရွက်ပြုတ်ရည်တိုက်နိုင်ပါတယ်
နောက်တစ်ဆင့်ကတော့ အမှတ် (၆) ဟလိန္ဒစုဏ္ဏ ကို တိုက်ပါ။
အဖျားကျသွားရင်တော့ အပူငြိမ်းဆေး အမှတ် (၁၆) ကို တိုက်ပါ။
လိမ်းဆေးအနေနဲ့ကတော့ အမှတ် (၄၃) ကို သနပ်ခါးနဲ့ရောပြီး လိမ်းပေးနိုင်ပါတယ်။

ရေကျောက်ဖြစ်ချိန်က များသောအားဖြင့် 1 ပတ် ကနေ 10 လောက်ထိ ကြာနိုင်ပါတယ်။ ဒါကြောင့် အားရှိဖို့အတွက် ကြက်စွပ်ပြုတ်တို့ ဆန်ပြုတ်တို့ကို တိုက်ကျွေးဖို့ လိုအပ်ပါတယ်။

ကဲ ဒီနေ့တော့ ဒီလောက်ပါပဲ
နောက်ရက်တွေမှာ ဘယ်ရောဂါနဲ့ ပက်သက်တာတွေကို ပြောပြဦးမလဲဆိုတာ စောင့်ကြည့်လိုက်ရအောင်နော်

photo crd
reference: တိုင်းရင်းဆေးပညာဦးစီးဌာန

အရိုးအကြောအဆစ်နှင့် ပက်သက်သည့် ရောဂါများနှင့် ပက်သက်ပြီး စုံစမ်းမေးမြန်းလိုပါက page messenger သို့မဟုတ် phone - 09770045...
01/12/2021

အရိုးအကြောအဆစ်နှင့် ပက်သက်သည့် ရောဂါများနှင့် ပက်သက်ပြီး စုံစမ်းမေးမြန်းလိုပါက page messenger သို့မဟုတ် phone - 09770045575 မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

သွေးလှူချင်သူများအတွက်
26/01/2021

သွေးလှူချင်သူများအတွက်

သွေးလှူချင်တယ်

ဒါပေမဲ့ ကိုယ်က သွေးလှူလို့ရမရ ဘယ်လိုသိနိုင်မလဲ?

သူငယ်ချင်းတို့ရေ….
အခုအချိန်မှာ ဆေးရုံတွေမှာ သွေးလိုအပ်တဲ့ လူနာတွေများလာတယ် သိလား
ဘာလို့လဲဆိုတော့ ကိုဗစ်ကာလဆိုတော့ ဆေးရုံတွေကိုသွားပြီး သွေးလှူဒါန်းတဲ့သူတွေ နည်းသွားတာကတစ်ကြောင်း၊ သွေးလှူချင်ပေမယ့် သွေးလှူလို့ရမရ မသိတာကတစ်ကြောင်းပေါ့
အဲဒါကြောင့် ကိုယ်က သွေးလှူလို့ရမရ၊ သွေးလှူရှင် ဖြစ်နိုင်မဖြစ်နိုင်ဆိုတာကို အောက်က အချက်လေးတွေနဲ့ တိုက်ကြည့်လို့ရတယ်နော်

သွေးလှူတော့မယ်ဆိုရင်….
အသက် ၁၈ နှစ်ကနေ ၅၅ နှစ်အတွင်း ကျန်းမာရေးကောင်းသူဖြစ်ရပါမယ်
အမျိုးသားတွေဆိုရင် ခန္ဓာကိုယ် အလေးချိန် ပေါင် ၁၁၀ အထက် ရှိရပါမယ်
အမျိုးသမီးတွေဆိုရင်တော့ ခန္ဓာကိုယ် အလေးချိန် ပေါင် ၁၀၀ အထက် ရှိရပါမယ်နော်
သွေးမလှူဒါန်းခင် အိပ်စက်ချိန်က အနည်းဆုံး ၆ နာရီရှိထားရပါမယ်
အရက်တွေဘာတွေ သောက်ထားလို့လည်း မရဘူးနော်
ပြီးခဲ့တဲ့ ၆ လအတွင်းမှာ တက်တူးထိုးထားတာတို့ နားဖောက်ထားတာတို့ ဆေးအပ်စိုက်ထားတဲ့သူ မဖြစ်ရပါဘူး
ကိုယ်ဝန်ဆောင်နေသူတို့ လတ်တလော ဓမ္မတာလာနေသူတို့မဖြစ်ရပါဘူး

ကဲ ဒီတော့ အပေါ်မှာ ပြောထားတဲ့ အချက်လေးတွေနဲ့ ကိုက်ညီတယ်ဆိုရင်တော့ သွေးလှူဌာနအသီးသီးမှာ သွားလှူလိုက်ကြတော့နော်
လူ့အသက်ကို ကိုယ့်သွေးတစ်စက်နဲ့ ကယ်လိုက်ကြရအောင်



YSE ရဲ့ Health Matters Project လေးကို ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလမှ စတင်ပြီးလစဥ် မှန်မှန်ပြုလုပ်လာခဲ့ရာမှာ အခုဆိုရင်တစ် နှစ်ကျော်နှစ်နှစ်နီးပါးရှိလာပြီပဲဖြစ်ပါတယ်။

ယခုအကြိမ်မှာလည်း မြန်မာနိုင်ငံရဲ့ ဆေးရုံတွေမှာအလုံအလောက်သွေးသိုလှောင် ဖြန့်ဖြူးနိုင်ရန်အတွက် သွေးလာရောက် လှူဒါန်းသူများ ရဲ့ဘေးကင်းမှုနဲ့ လူနာများရဲ့ သွေးလုံလောက်စွာထောက်ပံ့နိုင်ရေးတို့ကို တာဝန်ယူနေတဲ့ အမျိုးသား သွေးလှူဘဏ် အတွက်လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကို ထောက်ပံ့လှူဒါန်းသွားမှာပဲဖြစ်ပါတယ်။
Januaryရဲ့HMP Projectမှာ ပါဝင်လှူဒါန်း လိုသော လစဉ်အလှူရှင် စေတနာရှင်များကိုလည်း YSE မှ ဖိတ်ခေါ်အပ်ပါတယ်။

ဇန်နဝါရီလ Health Matter Project နဲ့ ပက်သက်ပြီး အသေးစိတ်သိရှိလိုတယ်ဆိုရင်တော့ အောက်ပါ link လေးကတစ်ဆင့် ဝင်ရောက်ကြည့်ရှုလို့ရသလို YSE Official Page မှာလည်း ဆက်သွယ်မေးမြန်း လှူဒါန်းနိုင်ပါတယ်

https://www.facebook.com/278413205609768/posts/3813940488723671/

Content - Khin Moh Moh Aung
Graphic - Min Khant Ko Ko


ဝင်းမြင့်(တိုင်းရင်းဆေးပညာဦးစီးဌာန) ပြီးခဲ့သည့်သီတင်းပတ် အနည်းငယ်အတွင်း မြန်မာ့အလင်းသတင်းစာပါ ကျန်းမာရေးဆိုင်ရာ သတင်းဆော...
01/07/2020

ဝင်းမြင့်
(တိုင်းရင်းဆေးပညာဦးစီးဌာန)



ပြီးခဲ့သည့်သီတင်းပတ် အနည်းငယ်အတွင်း မြန်မာ့အလင်းသတင်းစာပါ ကျန်းမာရေးဆိုင်ရာ သတင်းဆောင်းပါးတွင် တိုင်းရင်းဆေးကို ထိခိုက်နစ်နာစေသော အပြောအဆိုအသုံးအနှုန်းများပါဝင်နေသည်ကို ဖတ်ရှုရပါသည်။ ပြောဆိုသူက အနောက်တိုင်းဆရာဝန်ကြီးဖြစ်နေ၍ တိုင်းရင်းဆေးလောကအသိုင်းအဝိုင်းက မကျေမနပ်ဖြစ်ပေါ်လျက်ရှိကြောင်း ကြားသိနိုင်ကြပါသည်။ အမှတ်မထင်ပြောဆိုလိုက်သည့် စကားအသုံး အနှုန်းကြောင့် ထိခိုက်နစ်နာမှု ကြီးမားတတ်သည်ကို အလေးအနက် ဂရုပြုအပ်ပါသည်။ ''တိုင်းရင်းဆေးတွေက အကုန်လုံး ကျောက်ကပ်ကို ဒုက္ခပေးတတ်တယ်'' ဆရာဝန်ကြီး၏ပြောပြချက်အဖြစ် ပုံနှိပ်ထားသည်ကို အများသူငါဖတ်ရှုကြရခြင်း ဖြစ်ပါသည်။



အကယ်၍ ဆရာဝန်ကြီးက အမှန်တကယ်ပြောဆို ခဲ့သည်ဆိုသော် ကျောက်ကပ်ဆရာဝန်ဖြစ်သည်နှင့်အညီ ကျောက်ကပ်ကျန်းမာရေး၊ ကျောက်ကပ်ရောဂါကုသ ရေးတို့တွင် စိတ်ဝင်စားမှုရှိသည်မှာ အငြင်းပွားဖွယ်ရာ မရှိပါ။ အခြားသော Professional များကလည်း ကိုယ့်အထူးပြုဘာသာရပ် (မည်သည့်ဘာသာရပ်ဖြစ်စေ) ကို စိတ်ဝင်စားကြမည်မှာလည်း မလွဲဧကန်ဖြစ်ပါသည်။ ကျောက်ကပ်ဆရာဝန်ကြီးသည် ကျောက်ကပ်ဆိုင်ရာ ရောဂါများဖြစ်တတ်သည့် မသင့်တင့်သော အစာ၊ ဆေးဝါး၊ တိုင်းရင်းဆေးဝါးတို့ကြောင့် ဖြစ်တတ်သည့် သဘော၊ ပြည်သူလူထု ကျောက်ကပ်ရောဂါ ကျောက်ကပ်ပျက်စီးစေတတ်သည့်သဘောတို့ကို ပူပင်သောက စိတ်လောပြီးပြောလိုက်ခြင်းဖြစ်နိုင်ပါသည်။ သို့သော်လည်း အသုံးအနှုန်းက '' သဘာဝကထုတ်ထားတဲ့အတွက် ဘေးထွက်ဆိုးကျိုးမရှိဘူးလို့ ထင်တတ်ကြပါတယ်။ ဘာဆေးပဲဖြစ်ဖြစ် မသောက်တာ အကောင်းဆုံးပါပဲ'' ဟု ရေးသားထားရာမှာ တိုင်းရင်းဆေး ဘာဆေးဖြစ်ဖြစ် သောက်ရင် ကျောက်ကပ်ကို ဖျက်ဆီးနိုင်တဲ့သဘောကို ဆိုလိုလိုက်သဖြင့် ဆိုလိုရင်းက ထိရောက်သွားသော နယ်ပယ်က အလွန်ကျယ်ပြန့်သွားပါသည်။ မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံအများစုမှာ ကိုယ်ပိုင်တိုင်းရင်း ဆေးများယနေ့တိုင်(ယနေ့ခေတ်တိုင်) တည်ရှိနေကြပါသည်။ ပြည်သူတွေနှင့် တိုင်းရင်းဆေးမကင်းနိုင်ကြပါ။ လုံးဝမကင်းနိုင်ကြပါ။ ထို့ကြောင့် နိုင်ငံတိုင်းတွင် တိုင်းရင်းဆေးဆိုင်ရာ ဥပဒေ၊ မူဝါဒများ၊ အစိုးရဌာနများက စနစ်တကျထိန်းသိမ်းစောင့်ရှောက်လျက် ပြည်သူလူထုကျန်းမာရေးကို စောင့်ရှောက်မှုပြုလျက်ရှိကြပါသည်။ ပြည်သူအများစုကလည်း တိုင်းရင်းဆေးကို ယုံကြည်အားကိုးလျက်ရှိကြပါသည်။ WHO (ကမ္ဘာ့ ကျန်းမာရေးအဖွဲ့)တွင်လည်း တိုင်းရင်းဆေးနှင့် ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် အကူအညီအထောက်အပံ့များပေးလျက် တိုင်းရင်းဆေးကို နိုင်ငံအသီးသီး ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် ပါဝင်ပေါင်းစပ်ရေး တွန်းအားပေးဆောင်ရွက်လျက် ရှိပါသည်။



တိုင်းရင်းဆေးသာမက အစားအစာနှင့် အနောက်တိုင်းဆေးဝါးများလည်း ဘေးထွက်ဆိုးကျိုး ရှိနိုင်ကြပါသည်။ Therapeutic efficacy လည်း ရှိကြပါသည်။ တိုင်းရင်းဆေးပညာကအခြေခံပြီး ထွက်ပေါ်လာသော ခေတ်မီအနောက်တိုင်းဆေးအဖြစ်သုံးနေသည့် အာတီမီဆနင်နှင့် ဆက်စပ်ဆေးဝါးများ၊ ကွီနင်းနှင့် ဆက်စပ်ဆေးဝါးများသည် တိုင်းရင်းဆေးနယ်ပယ်တွင် ငှက်ဖျား ရောဂါအသုံးပြုပျောက်ကင်းနေသည့်ဗဟုသုတမှ ပေါ်ပေါက်လာရခြင်းဖြစ်ပါသည်။ တိုင်းရင်းဆေးပညာရပ်နှင့် သဘာဝဆေးပစ္စည်းအရင်းအမြစ်မှ အနောက်တိုင်းဆေး ပညာရပ်တွင် အသုံးပြုနိုင်သော ဆေးဝါးများ အများအပြား ရှိပါသည်။ ဥပမာများကို စာရှည်မည်ဖြစ်၍ မဖော်ပြတော့ပါ။ တင်ပြပါကျောက်ကပ်ရောဂါဆိုင်ရာ သတင်းဆောင်းပါးတွင် ဆရာဝန်ကြီးက ''တိုင်းရင်းဆေးတွေက အကုန်လုံး ကျောက်ကပ်ကိုဒုက္ခပေးတတ်ပါတယ်'' ဆိုသည့် ပြောဆိုသုံးနှုန်းမှု မှားယွင်းသွားပါသည်။ ကျောက်ကပ်ဆိုင်ရာ ဆရာဝန်ကြီးက ပြည်သူလူထုကျန်းမာရေးအတွက် ကျောက်ကပ်ရောဂါဖြစ်ပွားလာလျှင် ဒုက္ခဝေဒနာများ ခံစားရမှုကိုမဖြစ်စေချင်သော ဆန္ဒစောလွန်း၍ အလွယ်တကူ ပြောဆိုလိုက်သည်ဟု ယူဆမိပါသည်။



နောက်သီတင်းတစ်ပတ်အကြာ မြန်မာ့အလင်းသတင်းစာတွင် သက်ဆိုင်ရာဆရာဝန်ကြီးက ပြင်ဆင်ဖတ်ရှုပါ ရန်ဖြင့် ''[အစားအစာ၊ ဆေးဝါး(အနောက်တိုင်း)နဲ့ သစ်ဥ သစ်ဖုတွေက ထုတ်ထားတဲ့ တိုင်းရင်းဆေး သုံးမျိုးစလုံးထဲက အချို့ဟာ ကျောက်ကပ်ကိုဒုက္ခပေးတတ်ပါတယ်။ ဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုးရှိပြီး သဘာဝကထုတ်တဲ့အတွက် ဘေးထွက်ဆိုးကျိုးမရှိဘူးလို့ ထင်တတ်ကြပါတယ်။ ဘာဆေးပဲဖြစ်ဖြစ် မလိုအပ်ရင် မသောက်တာ အကောင်းဆုံးပါပဲ]'' ဟု ဖော်ပြပါရှိပါသည်။ ဆရာဝန်ကြီး က ၎င်းအမှတ်တမဲ့ပြောဆိုသုံးနှုန်းလိုက်သည့် စကားအပေါ်တွင် ပြန်လည်ပြင်ဆင်ဖတ်ရှုရန် ဖော်ပြလိုက်သောအခါ သင့်တင့်လျောက်ပတ်သော ဖြေရှင်းချက်အတွက် ဆရာဝန်ကြီးအတွက်ရော၊ အများသူငါအတွက်ရော ကျေအေးဖွယ်ရာဖြစ်ပေါ်ခဲ့ကြပါသည်။



ဤနေရာတွင် တိုင်းရင်းဆေးနှင့်စပ်လျဉ်း၍ ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို အနည်းငယ် တင်ပြအပ်ပါသည်။ အနောက်တိုင်းဆေးပညာမပေါ် ပေါက်မီက ရှေးခေတ်လူမျိုးအသီးသီးတို့ တိုင်းရင်းဆေးနှင့် ကျန်းမာရှင်သန်ခဲ့ကြပါသည်။ အနောက်တိုင်းဆေးပညာ ထွန်းကားလာသောအခါတွင်လည်း တိုင်းရင်းဆေးများ ပျောက်ကွယ်မသွားခဲ့ပါ။ အသိဉာဏ်ရှိသောလူသားများက တိုင်းရင်းဆေးကို မပစ်ပယ်နိုင်ဘဲ တိုးတက်ဖွံ့ဖြိုးအောင် ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည်။ ယနေ့ခေတ်တွင် သဘာဝဆေးဆိုပြီး လူတွေအားကိုးမှု တိုးတက်လျက်ရှိပါသည်။ နိုင်ငံအသီးသီး၏ အစိုးရနှင့် ပြည်သူများအကြား တိုင်းရင်းဆေးကဏ္ဍ မရှိမဖြစ်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဖြစ်ပါသည်။



မြန်မာနိုင်ငံတွင်သာ မြန်မာ့တိုင်းရင်းဆေးပညာရပ်ကို အလေးထားဆောင်ရွက်နေသည်မဟုတ်ပါ။ တိုင်းရင်းဆေး သမိုင်းကြောင်းများကို ဖွဲ့နွဲ့ရေးသားပြုစု မတင်ပြလိုတော့ပါ။ ယခုလောလောဆယ်တွင် ထင်ရှားသောအားထုတ် ကြိုးပမ်းမှုအဖြစ် တင်ပြရသော် ASEAN နိုင်ငံများအကြား ကုန်ပစ္စည်းနှင့် လုပ်ငန်းဝန်ဆောင်မှုများ၊ စံညွှန်းကိုက်ညီအောင် (standardization/ harmonization) ပြုလုပ် ကြရာဝယ် တိုင်းရင်းဆေးကဏ္ဍလည်း ပါဝင်ပါသည်။ ACCSQ (ASEAN Consultative Committee on Standards and Quality) အဖွဲ့အောက်၌ ထုတ်ကုန် ပစ္စည်းအမျိုးမျိုးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ working group ရှိကြပါသည်။ တိုင်းရင်းဆေးနှင့်ပတ်သက်၍ TMHSPWG (Traditional Medicine and Health Supplement Product Working Group) ရှိပါသည်။ ၎င်းအောက်တွင် ATSC (ASEAN TMHS Scientific Committee)၊Task Force on ASEAN Regulatory Framework for TMHS ၊ TMHS GMP Task Force စသည့်အဖွဲ့များဖြင့် ASEAN နိုင်ငံများအကြား တိုင်းရင်းဆေးဝါးစံချိန်စံညွှန်းများ ညှိနှိုင်းဆွေးနွေးခြင်း၊ ရောင်းဝယ်ဖောက်ကားရေးအတွက် Regulation ဆိုင်ရာ ညှိနှိုင်းမှုများဆွေးနွေးပွဲအကြိမ်ကြိမ်ပြုလုပ်နေကြပါသည်။ တစ်ဖက်တွင်လည်း ATFTM (ASEAN Task Force on Traditional Medicine)အဖွဲ့ဖြင့် အာဆီယံဒေသတွင်း တိုင်းရင်းဆေးဆိုင်ရာကုသမှုများ၊ ပညာသင်ကြားပို့ချမှု များနှင့် သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးညှိနှိုင်းအားထုတ်လျက်ရှိကြပါသည်။ ဆိုလိုသည်မှာ ပြည်သူလူထုကျန်းမာရေးကိစ္စများတွင် တိုင်းရင်းဆေး ကဏ္ဍပါဝင်မှု အရေးကြီးပုံ၊ လိုအပ်ပုံ၊ ပြည်သူလူထုက တိုင်းရင်းဆေးအားကိုးပုံ၊ သက်ဆိုင်ရာအစိုးရများက ဥပဒေမူဝါဒများ သင့်တင့်လျောက်ပတ်စွာ ချမှတ်အကောင်အထည်ဖော်နေရပုံများကို ပညာရှင်များရော ပြည်သူလူထုပါ သိစေချင်ပါသည်။ အခြားသောကမ္ဘာ့ နိုင်ငံအသီးသီးမှာရော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တွင်လည်း တိုင်းရင်းဆေးကဏ္ဍကိုအလေးအနက်ထား၍ လူထုကျန်းမာရေးစောင့်ရှောက်မှုတွင်ပါဝင်ရေး ဆောင်ရွက်နေကြပါသည်။ ဆေးပညာဟုသတ်မှတ်ကြရသော်လည်း တိုင်းရင်းဆေးပညာနှင့် အနောက်တိုင်းဆေး ပညာအခြေခံသဘောနှင့် ရောဂါရှာဖွေကုသပုံ ကွဲလွဲမှုများ ရှိကြပါသည်။ အခြေခံမတူညီသည့် ပညာရပ် နှစ်ခုအပေါ် အငြင်းပွားနေပါက ပြီးဆုံးနိုင်မည်မဟုတ်ပါ။



အနီးစပ်ဆုံး ဥပမာပြုတင်ပြအပ်ပါသည်။ ''က'' အရပ်ဒေသမှ ''ခ'' အရပ်ဒေသသို့ လူအများစု ခရီးသွားလျက်ရှိကြပါသည်။ မော်တော်ကား၊ လေယာဉ်၊ ရထား၊ သင်္ဘောစသည်ဖြင့် ခရီးသွားလျက်ရှိပါသည်။ အသိဉာဏ်ရှိသော လူသားတို့သည် သက်ဆိုင်ရာတာဝန်အလိုက် တင်ပြပါယာဉ်များကို စီစဉ်ဆောင်ရွက်ပေးကြရပါသည်။ ပြည်သူတို့ကလည်း မိမိအခြေအနေနှင့် ကိုက်ညီသည့် ''ယာဉ်'' ကို ရွေးချယ်စီးခွင့်ရှိကြပါသည်။ ဤသို့ဖြင့် သက်ဆိုင်ရာယာဉ်အမျိုးမျိုးကို တတ်ကျွမ်းမောင်းနှင်သည့်ပညာရှင်များလည်း သင့်တင့်လျောက် ပတ်စွာရှိကြရပါသည်။ ပြည်သူတို့ကလည်း ကြိုက်နှစ်သက်ရာယာဉ်ကို စီးကြပါသည်။ ''မော်တော်ကားနဲ့ သွားတာကောင်းတယ်၊ လေယာဉ်နဲ့သွားတာ ကောင်း တယ်''စသည်ဖြင့် ရေးကြီးခွင့်ကျယ် အငြင်းပွားဖွယ်ရာ ကိစ္စမဟုတ်ဟု ယူဆနိုင်ကြပါသည်။ အရေးကြီးသည်မှာ လိုရာခရီးကို လိုအပ်သလိုသွားနိုင်ကြပြီး အလိုရှိရာအရပ် သို့ရောက်ရှိအောင် သွားနေကြရန်သာ ဖြစ်ပါသည်။ အလားတူပင် လူတို့နာမကျန်းဖြစ်သောအခါ ကျန်းမာရှင်သန်ရေး၊ ဝေဒနာပျောက်ကင်းရေးအတွက် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံအသီးသီးတွင် အနောက် တိုင်းဆေးပညာရပ်နှင့် ပညာရှင်များ၊ တိုင်းရင်းဆေး ပညာရပ်နှင့် ပညာရှင်များ ဖြစ်တည်ထွန်းကားနေသလို ပြည်သူတို့ကလည်း နှစ်သက်အားကိုးရာ ပညာရပ်၊ ပညာရှင်၊ သက်ဆိုင်ရာဆေးဝါးတို့ဖြင့် ရွေးချယ်ကုသခွင့် ရှိနေကြသည့်အခြေအနေတွင် အငြင်းပွားဖွယ်ရာ ကိစ္စများရှိနေရန် မလိုအပ်ဟု ယူဆမိပါသည်။ တကူးတက ခေါင်းစဉ်တပ် အငြင်းပွားအားပြိုင်မှုကို မဆိုထားနှင့် အမှတ်မထင်ပြောဆိုထိခိုက်မှုပင် ရှောင်ရှားသင့်သည်ဟု ယူဆနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် လူသားတို့ ကျန်းမာရေးအတွက် အနောက်တိုင်းဆေးပညာနှင့် တိုင်းရင်းဆေးပညာတို့သည် တည်ရှိလျက်ရှိသည်ကို မျက်မှောက်ပြုကြရမည် ဖြစ်ပါသည်။



ကျွန်ုပ်တို့သည် ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကိုယ်တတ်အပ်သည့် ပညာ၊ ကိုယ့်တာဝန်ရှိမှု၊ သိမှုတို့နှင့်အတူ ကိုယ့်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက် အမှုထမ်းနေကြခြင်းဖြင့် မြတ်သော ကုသိုလ်ဖြစ်မှုကို ရိုးသားပျော်ရွှင်စွာ ကျင့်ကြံအားထုတ် ရေးကိုသာ ရှေးရှုကြရမည်ဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။ ။

Myanmar News Agency

တိုင်းရင်းဆေးပညာကို မြန်မာ့တိုင်းရင်းဆေး သဘောသဘာဝနဲ့သာ ခွဲခြမ်းစိတ်ဖြာသင့်(ထွန်းမြင့်ကျော်၊ မြန်မာ့တိုင်းရင်းဆေး)ကျန်းမာ...
01/07/2020

တိုင်းရင်းဆေးပညာကို မြန်မာ့တိုင်းရင်းဆေး သဘောသဘာဝနဲ့သာ ခွဲခြမ်းစိတ်ဖြာသင့်

(ထွန်းမြင့်ကျော်၊ မြန်မာ့တိုင်းရင်းဆေး)

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာ့တိုင်းရင်းဆေးဖွံ့ဖြိုးရေးကို ပံ့ပိုး ကူညီပေးနေတဲ့အတွက် မကြာမီကာလမှာ အာဆီယံအဆင့်မီ မြန်မာ့တိုင်းရင်းဆေးများစွာ ပေါ်ထွန်း လာတော့မှာဖြစ်တဲ့အကြောင်း၊ ပြီးခဲ့တဲ့နှစ်က တိုင်းရင်းဆေးလောကဂယက်ထခဲ့တဲ့ အကြောင်း စတာ တွေကို တိုင်းရင်းဆေးဝန်ထမ်းဟောင်း (တိုင်းရင်းဆေးပညာရှင်)နဲ့ ဆွေးနွေးခဲ့ပါတယ်။ အဆိုပါ ဆွေးနွေးခဲ့တာတွေကို ပြန်လည်ဖောက်သည်ချလိုက်ပါတယ်-



မေး။ သင်္ကြန်မတိုင်ခင်က လူမှုကွန်ယက်စာမျက်နှာရဲ့ မြန်မာ့တိုင်းရင်းဆေး လိမ်းဆေးတစ်ခုမှာ အာဆင်းနစ်ဓာတ်တွေ သတ်မှတ်ပမာဏထက် ပိုပြီးပါနေတယ်လို့ နိုင်ငံခြား သတင်းစာဖြတ်ပိုင်းတစ်ခု တွေ့လိုက်ရတယ်။ တိုင်းရင်းဆေးမှာ ဝန်ထမ်းအကြာကြီးလုပ်ခဲ့တော့ ရှင်းပြပေးပါဦး။

ဖြေ။ တို့တိုင်းရင်းဆေးရဲ့သဘောသဘာဝကို နိုင်ငံခြားတိုင်းပြည်က သူတို့လက်ခံထားတဲ့ သိပ္ပံပညာ ရပ်နဲ့ယှဉ်ပြီး တိုက်ရိုက်ချိန်ထိုးကြည့်ရင် မှန်ကန်တဲ့အဖြေရမှာမဟုတ်ဘဲ ဟုတ်သယောင်ယောင် ထင်ယောင်ထင်မှားအဖြေတွေ တွေ့ရတတ်တယ်။ တို့မြန်မာ့တိုင်းရင်းဆေးဟာ အင်မတန်သိမ်မွေ့ နက်နဲ ကျယ်ပြန့်ပြီး ဆေးပညာရပ်ထဲမှာ မြတ်စွာဘုရားဟောကြားခဲ့တဲ့ဒေသနာတွေ၊ နက္ခတ်ပညာတွေ၊ ဝိဇ္ဇာဓရပညာရပ်တွေ၊ အာယုဗေဒပညာရပ်တွေနဲ့ မိရိုးဖလာဆေးပညာရပ်တွေ ပေါင်းစပ်ပါဝင်ပါတယ်။ ရှေးနှစ်ပေါင်းများစွာကတည်းက တိုင်းရင်းဆေးသမားတော်ကြီးတွေ ရှာဖွေဖော်ထုတ်ခဲ့တဲ့ ဆေးပညာ၊ ဆေးဝါးတွေနဲ့ တို့ဘိုးဘွားတွေ သက်ရှည်ကျန်းမာလာခဲ့တာ ဒီနေ့အထိပဲမဟုတ်လား။



မေး။ အခုလိုရှင်းပြမှပဲ သတိထားမိတော့တယ်။ အဘိုးအဘွားတွေ ခေတ်တုန်းက အခုလို အနာ ရောဂါမထူပြောပဲ သက်ရှည်ကျန်းမာကြတာ မြန်မာ့တိုင်းရင်းဆေးကြောင့်ဆိုတာ ငြင်းမရဘူး။ ဆက်ပြီးရှင်းပြပါဦး။

ဖြေ။ တို့ရဲ့ လုပ်ဖော်ကိုင်ဖက် သိပ္ပံပညာရှင်ရဲ့ ပြောစကားအရ ပြောရရင် လိမ်းဆေးအချို့ထဲမှာ သုံးတဲ့ Heavy Metal ခေါ်နိုင်တဲ့ ဆေးဒါန်း၊ ကျောက်ဆေးဒါန်း၊ စိန်နီမြင်းသွား(Arsenic-Compound)၊ ဟင်းရိုင်း၊ ဟင်းရိုင်းနီ၊ (Mercury-Compound) နာလို့ခေါ်တဲ့(Lead-Compound)တွေကို တွေ့နိုင် တယ်။ အဲဒီအထဲကမှ ဥပမာ ဆေးဒါန်းလို့ခေါ်တဲ့ ကုန်ကြမ်းကို ဓာတ်ခွဲကြည့်ရင် အာဆင်းနစ်ဓာတ်ကို တွေ့ရတယ်။ အာဆင်းနစ်ဟာပင်ကိုအားဖြင့်တော့ အဆိပ်အာနိသင် ရှိတာတွေ့ရမှာပေါ့။ ဒါပေမယ့် မြန်မာ့တိုင်းရင်းဆေးသဘောမှာတော့ အခြားဆေးကုန်ကြမ်းတွေနဲ့ ဓာတ်ပြုတဲ့အခါ အန္တရာယ် မရှိတော့ဘဲဆေးအာနိသင်ကိုရတယ်ဆိုတဲ့ သဘောကိုတွေ့ရမယ်။ အဲဒါမြန်မာ့တိုင်းရင်းဆေးပဲ။ နောက်ပြီး အဲဒီဆေးဒါန်းကို တိုင်းရင်းဆေးဌာနသုံး ဆေးနည်းဖြစ်တဲ့ ခုနစ်ပါးဆေးဝါလေး ဆေးနည်းမှာလည်း တွေ့နိုင်တယ်လို့ဆိုပါတယ်။ ဆိုလိုတာက သူတို့ပြောသလို အန္တရာယ်ပေးတဲ့ လိမ်းဆေးတွေ မဟုတ်ဘူးလို့ပြောချင်တာ၊ ဌာနသုံးဆေးနည်းထဲက ခုနစ်ပါးဆေးဝါလေးဆိုတာ နှစ်ပေါင်းများစွာ အန္တရာယ်ကင်းရှင်းစွာ သုံးခဲ့တဲ့တိုင်းရင်းဆေးပါ။



မေး။ ဒါဆိုရင် ဆေးထဲမှာ ဆေးဒါန်းသုံးတာ အန္တရာယ်မှရှိနိုင်ဘူးလို့ ဆိုချင်တာလား။

ဖြေ။ မေးသင့်တဲ့မေးခွန်းပါ၊ တိုင်းရင်းဆေးဆိုတာ တစ်မည်တည်းနဲ့ ဖော်စပ်တဲ့ဆေးတော့ရှိတယ်၊ နည်းပါတယ်။ ဆေးပင်ဆိုရင် တစ်ပင်တည်း ဖော်တာရှိတတ်တယ်။ ဓာတ်ဆေးတွေ ပါဝင်ဖော်စပ်ရင် ဆေးကုန်ကြမ်း တစ်မည်တည်းနဲ့ ဖော်စပ်ကြတာမဟုတ်ဘူး။ ဆေးတွေမှာ ဆေးကုန်ကြမ်း အနည်းဆုံး ၅ မျိုးကနေ အမျိုး ၂၀ လောက်ထိထည့်ပြီး ဖော်စပ်ကြတယ်။ အဲဒီလိုပညာနဲ့ ပေါင်းစပ်ဖော်စပ်ခြင်းဖြင့် အန္တရာယ်ကင်းတဲ့ တိုင်းရင်းဆေးတစ်မျိုးကို ရရှိနိုင်တာပေါ့။ ဒါကြောင့် အစပိုင်းကရှင်းပြခဲ့သလို မြန်မာ့တိုင်းရင်းဆေးဆိုတာ သိမ်မွေ့နက်နဲကျယ်ဝန်းတယ်ဆိုတာကို အများပြည်သူသိစေချင်တာပါ။ ဒီနေ့အချိန်မှာဆိုရင် ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ နန်းတွင်းလျှာပွတ်ဆေးကြီးဆိုရင် အဆိပ်တွေ အများကြီး ပါဝင်ဖော်စပ်ထားတာ၊ အရေးကြီးဆုံးအချက်က ဖော်စပ်နည်းပဲ။ အင်္ဂလိပ်လိုပြောရရင် Preparation and Processing ပဲ၊ ဆေးကုန်ကြမ်းတွေကို အချိုးမျှတရောစပ်ခြင်းနဲ့ ဆေးအဖြစ် ပြောင်းလဲပုံနည်းပညာတွေဟာ မြန်မာ့တိုင်းရင်းဆေးရဲ့ အဓိကဖြစ်တယ်။ သိသလောက်ပြောရရင် ဆေးဝါးဖော်စပ်ရာမှာ အဆိပ်အာနိသင်နဲ့ ပါဝင်ဆေးကုန်ကြမ်းများကို သန့်ရှင်းစင်ကြယ် အောင်ပြုလုပ် တာကို သုဒ္ဓပြုတယ်လို့ခေါ်တယ်။ ဒါတွေဟာ အကြမ်းဖျင်းလောက်သာဖြစ်ပြီး လက်တွေ့ မှာအင်မတန် နက်နဲပညာသားပါတာ တွေ့ရလိမ့်မယ်၊ အဲဒီလိုစနစ်တကျဖော်စပ်ရင် အဆိပ်အာနိသင် မဖြစ်စေ တော့ဘူး။



မေး။ ရှင်းပြတာ စိတ်ဝင်စားဖို့ကောင်းပါတယ်၊ ဆက်ပြီးပြောပြပါဦး။

ဖြေ။ ပိုပြီးစိတ်ဝင်စားစရာကောင်းတာကလည်း မြန်မာ့တိုင်းရင်းဆေးဖော်စပ်သူများဟာ မြန်မာ့ဆေး ဆရာများကိုယ်တိုင်ဖြစ်တယ်ဆိုတာပဲ။ ဆိုလိုတာက အခြားနိုင်ငံကထုတ်လုပ်တဲ့ဆေးတွေက ဆေးကု သူနဲ့ ဆေးထုတ်သူ မတူကြဘူး။ တို့ဆီမှာတော့ ဆေးကုသူတွေကိုယ်တိုင် ဆေးဖော်စပ်ထုတ်လုပ်ကြ တယ်။ တိုင်းရင်းဆေးဆရာများဟာ ရောဂါဆိုင်ရာ ကုသမှုပညာနဲ့ ကုသတဲ့ဆေးဝါးကို နားလည် ဖော်စပ်နိုင်တဲ့ ပညာနှစ်မျိုး တတ်ကျွမ်းသူလို့ ဆိုလိုခြင်းဖြစ်တယ်။



မေး။ ဒါဆို ဆေးကုသသူကိုယ်တိုင် ထုတ်လုပ်ထားတော့ အတွေ့အကြုံပေါ်မူတည်ပြီး ဆေးအာနိသင် တွေ ပိုကောင်းနိုင်တယ် ဆိုလိုတာလား။

ဖြေ။ ဒါလည်းပါတာပေါ့၊ နောက်ရှိသေးတယ်။ အရေးကြီးတာက တိုက်ကျွေးရမယ့် ဆေးပမာဏ၊ တန်ဆေးလွန်ဘေး မဟုတ်လား။ ဆေးညွှန်းသေချာဖတ်ကြည့်ရင် သောက်ရမယ့် ဆေးပမာဏတွေ့ရ မယ်။ လိုသလောက်သောက်ရင်ဆေး၊ လိုသည်ထက် ပိုသောက်ရင် အန္တရာယ်ရှိတာပေါ့။



မေး။ ဒါဆိုရင် တိုင်းရင်းဆေးတွေကို ယုံကြည်စွာနဲ့ သောက်သုံးလို့ ရပြီပေါ့။

ဖြေ။ ဟုတ်ပါတယ်။ ဒါပေမယ့် အရေးကြီးဆုံးတစ်ချက်ကျန်သေးတယ်။ အဲဒါက တိုင်းရင်းဆေးဝါး မှတ်ပုံတင် ရှိ၊ မရှိ အရေးကြီးတယ်။ သောက်မယ့်ဆေးဘူးကိုစစ်ကြည့်၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနက စစ်ဆေးပြီး မှတ်ပုံတင်အမှတ်၊ ဆေးဝါးသက်တမ်း ကုန်၊ မကုန် ဒါတွေကိုစစ်ပြီး မှန်ကန်ရင် ယုံကြည်စိတ်ချစွာနဲ့ အာနိသင်ရှိတဲ့ မြန်မာ့တိုင်းရင်းဆေးကို သောက်သုံးလို့ရပြီလေ။



မေး။ အခုရှင်းပြတော့ သိသလောက်တော့ သိသွားပါပြီ။ ရှင်းပြချင်တာရှိသေးရင် ပြောပြပေးပါဦး။

ဖြေ။ ရှင်းပြခဲ့တာတွေက အကြမ်းသဘောပဲရှိသေးတယ်။ဒီထက်အသေးစိတ်ပညာရပ်ပိုင်းဆိုင်ရာတွေ ကျန်သေးတယ်။ ဖြည့်စွက်ပြောချင်တာကတော့ တိုင်းရင်းဆေးကို ပြည်ပကတစ်ခုခုပြောလိုက်တာနဲ့ မှန်တယ်လို့ အဆုံးအဖြတ်မစောချင်စေလိုဘူး။ ဟိုတလောက အန္တရာယ်ရှိတဲ့ ဓာတ်တွေပါတယ်လို့ နိုင်ငံခြားကသတင်းတွေဆိုတာရော ဘယ်သူတွေဘယ်လောက်သုံးလို့ ဘေးဆိုးဖြစ်သွားသလဲ။ မြန်မာနိုင်ငံမှာရော အဲဒီဆေးသုံးလို့ ဘယ်သူတွေဘယ်လိုဖြစ်တယ်ဆိုတဲ့ သတင်းကော ကြားဖူးလား။ တကယ်အန္တရာယ်ကြုံတွေ့လာရင် တာဝန်ရှိသူတွေကလည်း လျစ်လျူရှုထားမှာ မဟုတ်ပါဘူး။ ဒါကြောင့် မြန်မာ့တိုင်းရင်းဆေးကို နိုင်ငံခြားပေတံနဲ့တိုင်းပြီး လွယ်လွယ်ကူကူ လက်ခံဆုံးဖြတ်ဖို့ မဖြစ် သင့်ဘူးလို့ထင်တယ်။ တစ်ချက်ရှိသေးတယ်။ စျေးကွက်ထဲရောက်တဲ့ တိုင်းရင်းဆေးတစ်မျိုးမျိုးကို နည်းမျိုးစုံနဲ့ စွပ်စွဲကြတဲ့အခါမှာ လုပ်ကြံမှုမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဓာတ်ခွဲအဖြေ လွဲမှားမှုဆိုတာ လည်းဖြစ်နိုင်တာပဲ၊ ဒါကြောင့် အဲဒီဆေးကို သုံးပြီးတကယ်ဒုက္ခဖြစ်တဲ့သူတွေ ရှိလာပြီဆိုရင်တော့ တကယ်ဖြေရှင်းရတော့မှာပေါ့။ တို့မြန်မာ့တိုင်းရင်းဆေးဆိုတာလည်း တို့လူမျိုး ယုံကြည်မှုရရှိလို့ သုံးစွဲတာဖြစ်ပါတယ်။ အများကယုံကြည်ကြလို့ ဆေးဝါးထုတ်လုပ်သူတွေကလည်း ထုတ်လုပ်နိုင်တာ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာ့ဆေးကို လုပ်ငန်းကြီး၊ စက်ရုံကြီးတွေအဆင့် တည်ထောင်ကြပြီး လုပ်ကိုင်ကြပြီဆိုရင် ဒါယုံကြည်လက်ခံမှုအရ ခွင့်ပြုချက် လိုင်စင်တွေနဲ့ လုပ်ကြတာဖြစ်တယ်။ ဒါပေမယ့် စျေးကွက်ထဲမှာတော့ တချို့ဆေးအတုအယောင်တွေ တွေ့နိုင်တာပေါ့။ မြန်မာ့တိုင်းရင်းဆေး အမည်ခံ လိုင်စင်မရှိ၊ မှတ်ပုံတင်မရှိ၊ တချို့လိပ်စာတောင်မပါဘူး။ အဲဒါမျိုးတွေကတော့ ပိုက်ဆံရ ပြီးရော မြန်မာ့တိုင်းရင်းဆေးကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာတဲ့သူတွေပေါ့၊ အဲလိုဆေးမျိုးတွေဆိုရင် တွေ့တာနဲ့ သက်ဆိုင်ရာတာဝန်ရှိတဲ့သူကလည်း အရေးယူ၊ ပြည်သူဘက်ကလည်း ရှောင်ကြဉ်ကြမှပေါ့။



မေး။ နောက်ဆုံးရှင်းပြတာ တော်တော်ကောင်းတယ်၊ သိသင့်တာလေးတွေပါလာတယ်။ မှတ်သား ထားပါမယ်။ နောက်ဆုံးတစ်ခုလောက်ပြောပါဦး။

ဖြေ။ နောက်ဆုံးပြောပြချင်တာကတော့ တိုင်းရင်းဆေးကို တိုင်းရင်းဆေးအမြင်နဲ့ပဲ လေ့လာသုံးသပ် သင့်ပါတယ်၊ တကယ်လို့ရှုပ်ထွေးမှုဖြစ်လာရင်လည်း တိုင်းရင်းဆေးပညာရှင်များရဲ့ သဘောထားကို ရယူပြီး ဆုံးဖြတ်မှသာလျှင် တိကျမှန်ကန်တဲ့ အဖြေကိုရမှာပါ၊ ဒါကြောင့် မြန်မာ့တိုင်းရင်းဆေးကို မြန်မာ့တိုင်းရင်းဆေးသဘောသဘာဝနဲ့မှသာလျှင် ခွဲခြမ်းစိတ်ဖြာသင့်ကြောင်း ပြောချင်ပါတယ်။

ကျေးဇူးတင်ပါတယ်-

23/02/2020

ဆရာစစ်-သိပ္ပံဆန်းတိုင်းရင်းဆေးကုဌာနတွင် အရိုးကျိုးခြင်း၊ အကြောထုံးခြင်း၊ လေဖြန်းခြင်း၊ လေဖြတ်လေငန်းဖြစ်ခြင်းများအပါအဝင် အရိုးအကြောနှင့်သက်ဆိုင်သော ဝေဒနါများကို ကုသပေးနေပါသည်

Address

7th Street, Bet 73rd × 76th St
Mandalay
အောင်မြေသာဇံမြို့နယ်

Telephone

+959770045575

Website

Alerts

Be the first to know and let us send you an email when ဆရာစစ်-သိပ္ပံဆန်းတိုင်းရင်းဆေးကုဌာန Sayar Sitt-Myanmar Traditional Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ဆရာစစ်-သိပ္ပံဆန်းတိုင်းရင်းဆေးကုဌာန Sayar Sitt-Myanmar Traditional Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram