Shwe Palal Traditional Clinic

Shwe Palal Traditional Clinic Health care

🖤 အသည်းခြောက် တာ အရက်ကြောင့်ပဲ မဟုတ်ပါဘူး။အသည်းခြောက် တယ် အသည်းခြောက်တယ်လို့ ပြောလိုက်ရင် အရက်ကြောင့်လို့ပဲ ထင်ကြပါတယ်။ ...
30/06/2021

🖤 အသည်းခြောက် တာ အရက်ကြောင့်ပဲ မဟုတ်ပါဘူး။

အသည်းခြောက် တယ် အသည်းခြောက်တယ်လို့ ပြောလိုက်ရင် အရက်ကြောင့်လို့ပဲ ထင်ကြပါတယ်။ ဒါဟာ မမှားပါဘူး။ ဘာကြောင့်လဲဆိုတော့ အရက်ဟာ အသည်းခြောက်ရတဲ့ အကြောင်းရင်းတွေထဲက ထိပ်ဆုံးမှာ ရှိနေလို့ပါပဲ။ ဒါပေမယ့် တစ်ခါမှ အရက်မသောက်တဲ့သူတွေလည်း အသည်းခြောက်နိုင်ပါတယ်။ တစ်ခါတစ်လေ မိန်းကလေး ငယ်ငယ်လေး ရုတ်တရက် ဆုံးသွားတယ်။ ဘာကြောင့်လဲလို့ မေးတော့ အသည်းခြောက်တာလို့ ပြောလိုက်ရင် ‘ဟယ် ဒီကောင်မလေး အရက်လည်း မသောက်ပဲနဲ့’ လို့ပြောတတ်ကြပါတယ်။ ဟုတ်ပါတယ်။ အရက်မသောက်လည်း အသည်းခြောက်နိုင်တဲ့ နည်းလမ်းတွေမှ အများကြီးပါပဲ။ ဒါလေးတွေကို ပြောပြပေးပါ့မယ်။

🖤 အသည်းခြောက် တယ်ဆိုတာ...

အရင်ဆုံး အသည်းခြောက်တယ်ဆိုတာ ဘယ်လိုဆိုတာ အရင်ရှင်းပြပါ့မယ်။ တကယ်တော့ အသည်းဆိုတာ တော်တော်ဒူပေဒဏ်ပေခံတဲ့ အင်္ဂါပါ။ ဆဲလ်တွေပျက်စီးရင်လည်း သူ့ဟာသူ ပြန်ပြင်နိုင်ပါတယ်။ တစ်ကိုယ်လုံးက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးတယ်။ ဒါကြောင့် ကိုယ့်အသည်းကို ဖြတ်ပြီး သူများကို လှူပေးလို့ရတာပေါ့။ လှူပြီး အချိန်တစ်ခုလောက်ကြာရင် ပြန်ပည့်လာပါတယ်။

အသည်းခြောက်တယ်ဆိုတာက အသည်းကို ခဏခဏ ထိခိုက်အောင် လုပ်လို့ပါ။ သူပြန်ပြင်ဖို့တောင် မလိုက်နိုင်တော့တဲ့အထိ ပျက်စီးနေတာပါ။ ဒါဖြစ်လာပြီဆိုရင် အသည်းက ပျက်စီးပြီး အမာရွတ်တွေ ဖြစ်လာပါတယ်။ အမာရွတ်တွေနဲ့ အသည်းက ဘယ်လိုမှ သူ့အလုပ်သူ မလုပ်နိုင်တော့ပါဘူး။ ဒါကြောင့်ပဲ အသည်းခြောက်တယ်ဆိုတာ ဖြစ်လာတာပါ။

ခြောက်နေတဲ့ အသည်းက မာပြီး ကျုံ့သွားပါတယ်။ ဒါကြောင့် အာဟာရတွေ ပါတဲ့ သွေးတွေက portal veinဆိုတဲ့ သွေးပြန်ကြောကနေ အသည်းကို မရောက်နိုင်တော့ပါဘူး။ အသည်းကျုံ့နေတဲ့အခါကျတော့ သွေးတွေက သွေးကြောထဲကို ပြန်ပုံပြီး သွေးဖိအားတွေ များလာပါတယ်။ ဒါကြောင့် portal hypertensionလို့ခေါ်တဲ့ သွေးဖိအားများတဲ့ပြဿနာ ပေါ်လာပြီး အစာအိမ်နဲ့ အူလမ်းကြောင်းတစ်လျှောက် သွေးကြောတွေ ဖောင်းလာပါတယ်။ ဥပမာ အစာရေမျိုပြွန်သွေးကြောဖောင်းတာ၊ လိပ်ခေါင်းထွက်တာ။

🖤 အသည်းခြောက် ရတဲ့ အကြောင်းရင်းများ...

⚫ အရက်သောက်တာ
အရက်သောက်တာ ကြာလေလေ၊ ပမာဏ များလေလေ အသည်းကို ထိခိုက်နိုင်ခြေ များလေလေပါပဲ။ နှစ်နဲ့ ချီပြီးသောက်နေပြီဆိုရင် အသည်းခြောက်ဖို့ သေချာ လေလေပါပဲ။ အမျိုးသမီးတွေက အမျိုးသားတွေထက် အရက်ကို ခံနိုင်ရည် ပိုနည်းပါတယ်။

⚫ အသည်းရောင် အသားဝါပိုး (ဘီပိုး၊ စီပိုး)
အသည်းရောင် ဘီပိုး၊ စီပိုးတွေက အသည်းဆဲလ်တွေကို ဖျက်ဆီးတဲ့အတွက် ကြာလာတဲ့အခါ အသည်းက ပြန်မပြင်နိုင်တော့ဘဲ အမာရွတ်တွေ ဖြစ်လာပြီး အသည်းခြောက်လာတာပါ။

⚫ အသည်းအဆီဖုံးတာ
အရက်ကြောင့် မဟုတ်ဘဲ အဝလွန်လို့ပဲ ဖြစ်ဖြစ်၊ သွေးထဲမှာ အဆီများတာဖြစ်ဖြစ်၊ metabolic syndromeကြောင့် ဖြစ်ဖြစ် အသည်းအဆီဖုံးလာပါတယ်။ ဒီကနေမှ အချိန်ကြာလာတဲ့အခါ အသည်းခြောက်လာတတ်ပါတယ်။

⚫ သံဓာတ်တွေ စုပုံလာတာ (haemochromatosis)
သာမန်အားဖြင့်တော့ မြန်မာနိုင်ငံမှာ သံဓာတ်ပုံတာထက် သံဓာတ်ချို့တဲ့တာကပိုများပါတယ်။ အာဟာရမပြည့်မီတာ၊ အမျိုးသမီးတွေဆိုလည်း ဓမ္မတာလာတာကြောင့် သံဓာတ်မလုံလောက်တာ ဖြစ်တတ်ပါတယ်။ သံဓာတ်များတယ်ဆိုတာက ဒီနိုင်ငံမှာဆိုရင် သာလာဆီးမီးယား ရောဂါသည်တွေမှာ တွေ့ရပါတယ်။ နှစ်ရှည်လများ သွေးသွင်းရတာကြောင့် ကိုယ်ထဲမှာ သံဓာတ်စုပုံပြီး အသည်းခြောက်တာအပါအဝင် တခြားကိုယ်တွင်းအင်္ဂါတွေကိုပါ ထိခိုက်လာပါတော့တယ်။

⚫ ကော့ပါးတွေ စုပုံလာတာ (Wilson’s disease)
ရှားပါးတဲ့ မျိုးရိုးလိုက်ရောဂါဖြစ်ပြီး ကိုယ်ထဲမှာ ကော့ပါးတွေက အသည်း၊ ဦးနှောက်နဲ့ တခြား ကိုယ်တွင်းအင်္ဂါတွေမှာ စုပုံလာတာပါ။ အသည်းမှာဆိုရင်တော့ အသည်းဆဲလ်တွေကို ထိခိုက်စေတာကြောင့် အသည်းခြောက်တတ်ပါတယ်။

⚫ ခုခံအားစနစ်က ပြန်တိုက်ခိုက်တာကြောင့် အသည်းထိခိုက်တာ (Autoimmune hepatitis)
ဒါကလည်း ရှားပါး ဖြစ်စဉ်ပါပဲ။ ခုခံအားစနစ်က ကမောက်ကမဖြစ်ပြီး အသည်းကို ခဏခဏ ပြန်တိုက်တာပါ။ ခဏခဏ အသည်းရောင်လာတော့ ကြာလာရင် အသည်းခြောက်တဲ့အထိ ဖြစ်သွားတတ်ပါတယ်။

⚫ သည်းခြေပြွန်ရောင်ရမ်းတာ
သည်းခြေပြွန်မှာ ကျောက်တည်လို့ ဖြစ်ဖြစ်၊ ပိုးဝင်လို့ ဖြစ်ဖြစ် သည်းခြေပြွန်ရောင်ရမ်းလာပါတယ်။ သည်းခြေပြွန်ရောင်ရမ်းလာတာကတစ်ဆင့် အသည်းပြွန်၊ ဒီကနေ အသည်းထိရောက်သွားတတ်ပါတယ်။ စစချင်းမှာဆိုရင်တော့ အသည်းရောင်တာလောက်ပဲ ဖြစ်တာပါ။ ဒါပေမယ့် ရောင်တာကို သေချာ မကုဘူးဆိုရင် အသည်းခြောက်တဲ့အဆင့်အထိ ဖြစ်သွားတတ်ပါတယ်။

⚫ ဆေးဝါးနဲ့ ဓာတုပစ္စည်းတွေ
ဆေးဝါးတွေမှာဆိုရင် methotrexateလို့ ခေါ်တဲ့ ကင်ဆာဆေးတွေ၊ isoniazidလို့ ခေါ်တဲ့ တီဘီဆေးတွေက အသည်းထိတတ်ပါတယ်။ ဒါကြောင့် ဒီဆေးတွေ မပေးခင် အသည်းကောင်းကောင်း အလုပ်လုပ်ရဲ့လားလို့ စစ်ဆေးပါတယ်။ အသည်းကောင်းလို့ ဆေးပေးတယ်ဆိုရင်တောင် ကြားထဲမှာ ပြန်ပြန်ပြီး စစ်ပေးနေရပါတယ်။ အိမ်သုံးဆေးမှာ ဆိုရင်တော့ ပါရာစီတမော ရှိပါတယ်။ ဒါပေမယ့် သာမန်လူတွေမှာ ဘာမှမဖြစ်တတ်ပါဘူး။ နဂိုတည်းက အသည်းမကောင်းတဲ့သူဆိုရင်တော့ သတိထားရမှာပါ။

⚫ နောက်တစ်ခုက Aflatoxin လို့ ခေါ်တဲ့ မှိုဆိပ်ပါ။ မှိုတက်နေတဲ့ ငရုတ်သီးခြောက်တွေ၊ ပဲတွေ၊ ပြောင်းတွေမှာ တွေ့ရတတ်ပါတယ်။ ဒီတော့ မြန်မာနိုင်ငံမှာ ငရုတ်သီးမစားတာ၊ ပဲမစားတာကလည်း ခပ်ရှားရှားဆိုတော့ အန္တရာယ်များပါတယ်။ ဒီမှိုဆိပ်က အသည်းဆဲလ်တွေကို ဖျက်ဆီးပစ်တာကြောင့် ကြာလာရင် အသည်းခြောက်တတ်ပါတယ်။ ဒါကြောင့် မှိုဆိပ်ကင်းတဲ့ ငရုတ်သီးတွေ၊ ပဲတွေကို သေချာ ရွေးချယ်စားသောက်ဖို့ လိုပါတယ်။

အသည်းခြောက်တာက အရက်သောက်တာကြောင့်ပဲ ဖြစ်တာမဟုတ်ပါဘူးဆိုတာ သိလောက်ပါပြီ။ ဒါတောင် တခြား အဖြစ်နည်းတဲ့ အကြောင်းတွေ မပါသေးပါဘူး။ မြန်မာနိုင်ငံမှာ အသည်းခြောက်တာက မရှားပါဘူး။ အရက်ကြောင့်နဲ့ အသည်းရောင် အသားဝါပိုးကြောင့်က အဖြစ်အများဆုံးပါ။ တခြားအကြောင်းတွေကြောင့် အသည်းခြောက်နိုင်တာ သိထားရင် မဖြစ်အောင် တတ်နိုင်သလောက် ကာကွယ်နိုင်မှာပါ။

crd #

🔥🔥 အထိုင်များပြီး အညောင်းမိနေသူများအတွက် အကြောဆန့်လေ့ကျင့်ခန်း (၅)မျိုး🔥🔥°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°အ...
22/06/2021

🔥🔥 အထိုင်များပြီး အညောင်းမိနေသူများအတွက်
အကြောဆန့်လေ့ကျင့်ခန်း (၅)မျိုး🔥🔥
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

အထိုင် များပြီး အ ညောင်းမိ တတ် သူလေးတွေအတွက် အကောင်းဆုံးလေ့ကျင့်ခန်းက ဘယ်လိုလေ့ကျင့်ခန်းမျိုးဖြစ်မလဲဆိုတာ စဉ်းစားစရာပါ ။ ပညာရှင် တွေ က တော့ အညောင်းမိ တာ တွေ အတွက် ပြင်းပြင်း ထန်ထန် လေ့ကျင့် ခန်းတွေ ထက် အကြောဆန့်တဲ့ လေ့ကျင့်ခန်းတွေက ပိုကောင်းတဲ့ အကျိုးသက်ရောက်မှုတွေကို ရနိုင်တယ်လို့ ထုတ်ပြောလိုက်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ် တင်းကြပ်ညောင်းညာမှုတွေဖြစ်နေတဲ့သူလေးတွေအတွက် အ ညောင်း ပြေပြီး ပေါ့ပါးလန်းဆန်းစေရုံမကဘဲ ရက် ၃၀ အတွင်းမှာ ခန္ဓာကိုယ်ကောက်ကြောင်း ပိုလှလာစေမယ့် အ ကြောဆန့် နည်းလမ်းလေးတွေကို ဖော်ပြလိုက်ပါတယ်။ အညောင်းအညာပြေ၊ ပေါ့ပါးပြီး ပိုလည်း လှလာမှာမို့ အိပ်ရာဝင်ခါနီး ၁၀မိနစ်လောက်ပဲ အချိန်ပေးပြီး လုပ်ဖြစ်အောင် လုပ်လိုက်နော်။

၁။ ဦးခေါင်းကို ဒူးနဲ့ ထိခြင်း
===============
ပုံမှာပြထားသလို ညာဘက်ခြေထောက်ကို ဆန့်ပြီး ဘယ်ဘက်ခြေထောက်ကိုတော့ ဒူးနေရာကနေ ကွေးကာ ခြေဖျားကို ပေါင်နဲ့ထိထားပါ။ ညာဘက်လက်ကို ညာဘက်ခြေထောက်အတွင်းဘက်ကနေပြီး ခြေဖဝါးကိုကိုင်၊ ဘယ်လက်ကိုတော့ ဦးခေါင်းအပေါ်ကနေကျော်ပြီး ခြေဖျားကို ဆုပ်ကိုင်ထားပါ။ အဲ့ဒီအနေအထားအတိုင်း တစ်မိနစ် နေပေးပါ။ ဘယ်ညာတလှည့်စီလုပ်ပေးပါ။

၂။ဖားပုံစံ
======
ခြေဖ နောင့်ကို တင်ပါးအောက် မှာ ထားပြီး ဒူးနှစ်ဖက်ကို ဘေးဘက်ကို ကားထိုင်ပါ။ ခန္ဓာကိုယ်ကို အရှေ့ဘက်ကိုင်းလိုက်ပြီး တင်ပါးကို ခြေဖနောင့်အပေါ်ကနေ ကြွလိုက်ပြီး လက်နှစ်ဖက်ကို ခန္ဓာကိုယ်အရှေ့ဘက် တိုးနိုင်သလောက် တိုးသွားလိုက်ပါ။ အဲ့ဒီအနေ အထားမှာ ၂ မိနစ်လောက် နေပေးပါ။

၃။မြွေဟောက်ပုံစံ
==========
ပုံထဲကလိုမျိုး ဝမ်းဗိုက်နေရာကို ကြမ်းပြင်နဲ့ ထိထားပြီး ခြေထောက်တွေကို ဆန့်ထားပါ။ လက် နှစ်ဖက် ကို ပခုံး အ ကျယ် လောက်ခွဲပြီး ခန္ဓာကိုယ်အရှေ့မှာထောက်ထားပြီး ဦးခေါင်းကို ကျောအနောက်ဘက် လှန်နိုင်သလောက် လှန်ပေးပါ။ အဲ့ဒီ အ နေအထားမှာ ၂ မိနစ်လောက် နေပေးလိုက်ပါ။

၄။ဦးခေါင်း အောက်စိုက်ပုံစံ
================
ပုံမှာပြထားသလို ခြေဖျားနဲ့ လက်နှစ်ဖက်ကို ထောက်ပြီး ခန္ဓာကိုယ်ကို တြိဂံပုံစံဖြစ်အောင်နေပါ။ ဒူးနဲ့တံတောင်ဆစ်တွေကို ဖြောင့်ထားဖို့ လိုပြီး ခြေဖျားလေး နဲ့ ထောက်ထားရမှာပါ။ အဲ့ဒီ အ နေ အထားမှာ ၂ မိနစ်လောက် နေပေးလိုက်ပါ။

၅။ခါးလိမ်ခြင်း
=========
ခြေထောက်နှစ်ဖက်ကို ဆန့်ပြီး ခါးကိုမတ်မတ်လေးထိုင်ပါ။ ဘယ်ဘက်ဒူးကို ကွေးလိုက်ပြီး ညာဘက် တံတောင်ဆစ်ကို ဒူးပေါ် တင်လိုက်ပြီး ဘယ်လက်က အ နောက်ဘက်မှာ ထောက်ပေးပါ။ အဲ့ဒီအနေအထားအတိုင်း တစ်မိနစ်နေပေးပြီး ဘယ်ညာ တလှည့်စီ လုပ်ပေးပါ။

၆။အကျိုးရလဒ်တွေ ကတော့
================
ကောင်းကောင်းအိပ်ပျော်လာတယ်။ နေရတာ ပေါ့ပါးလာတယ်။

နာကျင်မှုတွေ၊ ခန္ဓာကိုယ် တောင့်တင်း ညောင်းညာနေတာတွေ သက်သာလာတယ်။

သွေးလှည့်ပတ်မှု ကောင်းလာတယ် ၊ သွေးဖိအား ပုံမှန် ဖြစ် လာ တယ် ။
စိတ်ဖိစီးမှုတွေ လျော့နည်း လာတယ် ။

ခန္ဓာကိုယ် ကောက်ကြောင်း အလှ ပေါ်လွင် လာတယ် ၊ ကိုယ်နေ ဟန်ထား လှပလာတယ်။

Credit to Original Writer #

လေးဘက်နာရောဂါများအကြောင်း သိကောင်းစရာလေးဘက်နာရောဂါ သည် သာမန် အရိုးအဆစ်ရောဂါများနှင့်မတူဘဲ အရိုးအဆစ်ကိုဒုက္ခပေးသည်သာမက ခန...
22/06/2021

လေးဘက်နာရောဂါများအကြောင်း သိကောင်းစရာ

လေးဘက်နာရောဂါ သည် သာမန် အရိုးအဆစ်ရောဂါများနှင့်မတူဘဲ အရိုးအဆစ်ကိုဒုက္ခပေးသည်သာမက ခန္ဓာကိုယ် အနှံ့မှ ပြသနာမျိုးစုံ နှင့်တွဲဖက်ဖြစ်ပေါ်တတ်သောရောဂါတစ်မျိုးဖြစ်ပါသည်။
လေးဘက်နာရောဂါသည်မကြာခဏပြန်ဖြစ်တတ်သောရောဂါတစ်မျိုးလည်းဖြစ်သည်။

လိုအပ်သော မိဘပြည်သူများအတွက် Share လုပ်ခြင်းဖြင့် ကျန်းမာရေးကုသိုလ် ပါဝင်နိုင်ပြီ ဖြစ်ပါသည်။

လေးဘက်နာရောဂါသည်အများအားဖြင့်လက်ဆစ်လေးများတွင်နာကျင်လေ့ရှိသောကြောင့် ဝေဒနာရှင်များသည်ပစ္စည်းများကိုင်တွယ်ရခက်ခဲခြင်း၊ နေ့စဉ်လုပ်ဆောင်မှုများ မလုပ်ဆောင်နိုင်ခြင်း၊ မိမိ ဝါသနာ၊ မိမိအလုပ်အကိုင်တို့ပင် မလုပ်ဆောင်နိုင်တော့ဘဲ စွန့်လွှတ်လိုက်ရခြင်း စသည့် လူမှုဒုက္ခများစွာတို့ပါခံစားနေကြရသည်။

လေးဘက်နာရောဂါ သည် အမျိုးများစွာ ရှိသည့်အတွက် မိမိရောဂါကိုသေချာသိရှိရန်လိုအပ်လှသည်။ကုသပုံခြင်းမှာလည်း လေးဘက်နာရောဂါတစ်မျိုးနှင့်တစ်မျိုးမတူညီသည့်အပြင် ပြန်ကောင်းနိုင်သော အမြစ်ပြတ်ပျောက်ကင်းအောင်ကုသနိုင်သောလေးဘက်နာရှိသကဲ့သို့ မကုဘဲထားလျှင် လက်များကောက်ကွေးပုံပျက်သွားပြီး ပြန်ကုသ၍ လုံး၀မရနိုင်တော့သောလေးဘက်နာရောဂါများလည်းရှိပါသည်။

အဆိုးရွားဆုံးမှာ အချို့ သော လေးဘက်နာရောဂါ များ သည် ခန္ဓာကိုယ်၏ အရေးကြီးသော အဂါ အစိတ်အပိုင်း များဖြစ်သော နှလုံး၊ အဆုတ်၊ ကျောက်ကပ် တို့ကိုပျက်စီးစေတတ်သောကြောင့် မိမိ ကျောက်ကပ်၊ နှလုံးတို့ ပျက်စီးပြီးမှ ရောဂါ ကို ရှာဖွေ သိရှိသွားသည့်အခါ အလွန်နောက်ကျနေပြီး တစ်သက်လုံး ကျောက် ကပ်ဆေး ရခြင်း၊ နှလုံး အဆို့ရှင် ခွဲပြီး အသစ်လဲရခြင်း၊ ထိုပြသနာများ ကြောင့်ပင် အသက်ဆုံးရှုံးရခြင်းတို့ ဖြစ် ရပါသည်။

ထို့ကြောင့် မိမိ လက်ဆစ် ခြေဆစ် များ ကိုက် သည်ဖြစ်စေ၊ ရောင် ရမ်း နေသည်ဖြစ်စေ၊ တင်း နေ ပြီးကွေးလို့ ဆန့် လို့ မကောင်းသည်ဖြစ်စေ ၊ အောက်ဖော်ပြထားသော လက္ခဏာ တစ်ရပ်ရပ် ရှိ သည် ဖြစ်စေ တတ်ကျွမ်းသော အရိုး အကြော အဆစ် အထူးကု သမား တော် နှင့် အမြန်ပြသတိုင်ပင်သင့်ပါသည်။

အဖြစ်များသော လေးဘက်နာ ရောဂါများမှာ
၁။အရေပြားလေးဘက်နာ (SLE)
၂။သွေးလေးဘက်နာ (RA)
၃။နှလုံးလေးဘက်နာ
၄။အရေပြားထူလေးဘက်နာ (Scleroderma)

အရေပြားလေးဘက်နာ (SLE)
အရေပြားလေးဘက်နာ (SLE)သည် အရိုးအဆစ်ရောဂါ တင် မဟုတ်ဘဲ ခန္ဓာကိုယ် အနှံ့ ရောင်ရမ်းသော ရောဂါတစ်မျိုးဖြစ်သည်။ အရေပြားလေးဘက်နာရောဂါ ဖြစ်ပေါ်ပုံမှာ ခန္ဓာကိုယ်၏
တုန့်ပြန်မှု ပုံမမှန်ခြင်း ကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်တွင် ပုံမှန်အားဖြင့် ပဋိပစ္စည်း ဟုခေါ်သော Antibodies များ ရှိပါသည်။ ထို ပဋိပစ္စည်း ဟုခေါ်သော Antibodies များ၏တာ၀န် မှာ
ကျွန်ုပ်တို့၏ ခန္ဓာကိုယ် အတွင်းသို့၀င်ရောက် လာသော ဘတ်တီးရီးယား ဗိုင်းရပ်စ် များ နှင့် အခြားသော ပိုးမွှားများ ကို တိုက်ခိုက် ချေမှုန်း သော တာ၀န် ဖြစ်ပါသည်။ အရေပြားလေးဘက်နာ (SLE) ရောဂါ ရှင်များတွင်မူ ထို ပဋိပစ္စည်း ဟုခေါ်သော Antibodies များသည် ပုံမမှန် မှုဖြစ်ပေါ်ပြီး မိမိ ခန္ဓာကိုယ် မှတစ်ရှုး များ အင်္ဂါ များ ကို ပြန် လည် တိုက် ခိုက်ခြင်းဖြင့် ခန္ဓာကိုယ် အနှံ့ ရောင်ရမ်းခြင်းများဖြစ်ပေါ်စေပါသည်။

လက္ခဏာများမှာ
၁။ လက်ဆစ်များရောင်ရမ်း ကိုက်ခဲခြင်း
၂။ မနက်အိပ်ရာထထခြင်းတွင် တင်း၍အ ကွေး အဆန့် ခက်ခဲခြင်း
၃။ နေရောင်ထဲထွက်လျှင် မျက်နှာပေါ်တွင် အနီကွက်များထွက်လာခြင်း
၄။ ပါးစပ်တွင် အနာများပေါက်ခြင်း
၅။ဆံပင်ကျွတ်ခြင်း
၆။ရေကိုင်လျှင် လက်များဖြူ၍ ကိုက်လာခြင်း
၇။ကိုယ်၀န်မကြာခဏပျက်ကျခြင်း

တစ်ကိုယ်လုံးကိုက်ခဲသော ရောဂါဖြစ်သည့်အားလျော်စွာ နောက်ဆက်တွဲ ပြသနာ များ အဖြစ် ကျောက်ကပ်ရောင်ရမ်းခြင်း၊ နှလုံး မနှင့်နှလုံးအမြှေးရောင်ရမ်းခြင်း၊ အဆုတ်နှင့် အဆုတ်အမြှေးရောင်ရမ်းခြင်း၊ ဦးနှောက်ရောင်ရမ်းခြင်း ခြင်ဆီအားနည်းခြင်းတို့ဖြစ်နိုင်ပါသည်။

အရေပြားလေးဘက်နာ ရောဂါသည် သက်လတ်ပိုင်းအမျိုးသမီးများတွင် အဖြစ်များသောကြောင့် သေသေချာချာ မကုသဘဲထားပါက အသက်ငယ်ငယ်ရွယ်ရွယ် နှင့် ကျောက်ကပ်ပျက်စီးပြီး ကျောက်ကပ်ဆေးရခြင်း၊ ကျောက်ကပ်လဲရခြင်း စသည်တို့ဖြင့်ငွေကုန်ကြေးကျများရုံသာမက ကျောက်ကပ်ကုသမှုများ၏ နောက်ဆက်တွဲ ပြသနာများကြောင့်ပင် သေဆုံးခြင်းဖြစ်ပေါ်တတ်ပါသည်။
ထို့ကြောင့် မိမိ လက်ဆစ် ခြေဆစ် များ ကိုက် သည်ဖြစ်စေ၊ ရောင် ရမ်း နေသည်ဖြစ်စေ၊ တင်း နေ ပြီးကွေးလို့ ဆန့် လို့ မကောင်းသည်ဖြစ်စေ ၊ ဖော်ပြထားသော လက္ခဏာ တစ်ရပ်ရပ် ရှိ သည် ဖြစ်စေ တတ်ကျွမ်းသော အရိုး အကြော အထူးကု သမား တော် နှင့် အမြန်ပြသတိုင်ပင်သင့်ပါသည်။

သွေး လေးဘက်နာရောဂါ(RA)

သက်ကြီးပိုင်းများတွင် အတွေ့များလေ့ရှိသော လက်များပုံပျက်ကောက်ကွေး နေသည့် ရောဂါ ၏အစမှာ သွေး လေးဘက်နာရောဂါဖြစ်ပါသည်။ ရောဂါဖြစ်ပေါ်ပုံ မှာ မျိုးရိုးလိုက်ခြင်း နှင့် ပြင်ပ မှ ဘတ်တီးရီးယား များ၊ ဗိုင်းရပ်စ် ပိုးများ ၀င် ရောက် လာခြင်း နှင့် ဆေးလိပ် သောက် ခြင်း တို့ နှင့် ဆက်စပ် လျက် ရှိသည် ဟု ယူဆထားပါသည်။ ထိုသို့ ပြင်ပလှုံ့ဆော် မှုများ ကြောင့် ခန္ဓာကိုယ် မှ ခုခံကာကွယ် သော ဆဲလ် များ ၊ ရောင် ရမ်း ဓာတ် များ ထွက် ခြင်း တို့ ဖြစ်ပေါ် ပြီးလက် ဆစ် ခြေ ဆစ် များ ရောင် ရမ်း ခြင်း ၊ ခိုင် သွားခြင်း ၊ ဆက်သွားခြင်း တို့ဖြစ်ပေါ်ပါသည်။

လက္ခဏာများမှာ
၁။ လက်ဆစ်များရောင်ရမ်း ကိုက်ခဲခြင်း
၂။ မနက်အိပ်ရာထထခြင်းတွင် တင်း၍အ ကွေး အဆန့် ခက်ခဲခြင်
၃။ လက်ဆစ်နှင့် တံတောင်ဆစ်များတွင် ဗုလုံးများပေါ်လာခြင်း
၄။ အသက်ရှုမဝြခင်း
၅။ လက်များထုံကျင်ခြင်း

သွေးလေးဘက်နာသည်အရိုးအဆစ်များသာမက အရွတ်များ၊ ကြွက်သား တစ်ရှုးများနှင့် အခြားသောခန္ဓာကိုယ် အစိတ် အပိုင်းများပါ ရောင်ရမ်းခြင်းတို့ဖြစ်စေတတ်သော ကြောင့်
မိမိ လက်ဆစ် ခြေဆစ် များ ကိုက် သည်ဖြစ်စေ၊ ရောင် ရမ်း နေသည်ဖြစ်စေ၊ တင်း နေ ပြီးကွေးလို့ ဆန့် လို့ မကောင်းသည်ဖြစ်စေ ၊ ဖော်ပြထားသော လက္ခဏာ တစ်ရပ်ရပ် ရှိ သည် ဖြစ်စေ တတ်ကျွမ်းသော အရိုး အကြော အထူးကု သမား တော် နှင့် အမြန်ပြသတိုင်ပင်သင့်ပါသည်။

အရေပြားထူလေးဘက်နာ(scleroderma)

အရေပြားထူလေးဘက်နာ ရောဂါဖြစ်ပေါ်ပုံ မှာ အထက်ဖော်ပြပါရောဂါများကဲ့သို့ပင်ခန္ဓာကိုယ် မှ ခုခံကာကွယ် သော ဆဲလ် များ ၊ ရောင် ရမ်း ဓာတ် များ ထွက် ခြင်း တို့ ဖြစ်ပေါ် ပြီး ထို ဆဲလ်များ အရေပြားတွင်း ၀င်ရောက်ခြင်း ကြောင့်အရေပြား များ ထူလာခြင်း၊ မာလာခြင်း၊ သွေးကြောများအတွင်း ၀င်ရောက် ခြင်း ကြောင့် သွေးကြောနံရံများ ရောင် ရမ်း ခြင်း ၊ထူလာခြင်းတို့ဖြစ်လာပြီး သွေးစီးမှုလျော့နည်း လာရာမှ လက်ဖျားခြေဖျားထိပ်များသွေးငတ်ခြင်း ကြောင့် အနာများဖြစ်ခြင်း၊ ပုတ်၍ပြတ်ကျခြင်းတို့ဖြစ်စေပါသည်။

လက္ခဏာများမှာ
၁။ လက်ဆစ်များရောင်ရမ်း ကိုက်ခဲခြင်း
၂။ မနက်အိပ်ရာထထခြင်းတွင် တင်း၍အ ကွေး အဆန့် ခက်ခဲခြင်း
၃။ ရေကိုင်လျှင် လက်များဖြူ၍ ကိုက်လာခြင်း
၄။ အရေပြားများထူ၍ တင်းလာခြင်း
၅။ အစာမျိုရခက်ခဲခြင်း
၆။ အသက်ရှုမဝြခင်း
၇။ လက်ထိပ်ခြေထိပ်တွင် အနာများဖြစ်ပြီး မကျက်ခြင်း
၈။ သွေးတိုးခြင်း

အဆိုးဆုံးအနေဖြင့် ခန္ဓာကိုယ် နေရာ အနှံ့ ရောင် ရမ်းရာမှ ကျောက်ကပ်ပျက်စီးခြင်း၊ အဆုတ် ပျက်စီးခြင်း အပြင် လက်ထိပ် ခြေထိပ်မှအနာများကိုရောဂါကို မသိဘဲ ကုသနေခြင်း
ကြောင့် ခြေချောင်း လက်ချောင်းကလေးများ မလိုအပ်ဘဲ ဖြတ်ရခြင်းတို့ဖြစ်တတ်ပါသည်။
ထို့ကြောင့် မိမိ လက်ဆစ် ခြေဆစ် များ ကိုက် သည်ဖြစ်စေ၊ ရောင် ရမ်း နေသည်ဖြစ်စေ၊ တင်း နေ ပြီးကွေးလို့ ဆန့် လို့ မကောင်းသည်ဖြစ်စေ ၊ ဖော်ပြထားသော လက္ခဏာ တစ်ရပ်ရပ် ရှိ သည် ဖြစ်စေ တတ်ကျွမ်းသော အရိုး အကြော အထူးကု သမား တော် နှင့် အမြန်ပြသတိုင်ပင်သင့်ပါသည်။

နှလုံးလေးဘက်နာ သို့မဟုတ် ပိုးလေးဘက်နာ

နှလုံးလေးဘက်နာ သည် ဆယ်ကျော်သက် ကလေးများတွင် အဖြစ်များလေ့ ရှိပြီး ပိုး လေးဘက်နာ ဟုလည်း လူသိများပါသည်။ လူသိများသော လေးဘက်နာဖြစ်ပြီး လေးဘက် နာ ဟုဆိုလျှင် A*O ပိုးကောင်ရေပြေးစစ်ကြပြီး ပိုး လေးဘက်နာ ဟုပင်ထင်လေ့ ရှိကြပါသည်။

လက္ခဏာများမှာ
၁။ ဖျားခြင်း
၂။ လည်ချောင်းနာခြင်း
၃။ ရင်တုန်ခြင်း
၄။ ရင်ဘတ်အောင့်ခြင်း
၅။ အသက်ရှုမဝြခင်း
၆။ ခြေ၊ လက် ( အများအားဖြင့် လက်ကောက်၀တ်၊
တံတောင်၊ပုခုံး၊ ခြေချင်း၀တ် နှင့် ဒူး) ကိုက်ခြင်း တို့အဖြစ်များပါသည်။

လည်ချောင်းနာခြင်းကိုဖြစ်စေသော ပိုး(Streptococcal)မှတစ်ဆင့်ဖြစ်ပွားတတ်ပြီး အဆိုပါ ပိုးသည် ပိုးသတ်ဆေး ရေ ရှည် စွဲမသောက်ပါက နှလုံး အဆို့ရှင် ပျက်စီးခြင်းကိုဖြစ်ပေါ် စေပါသည်။ နှလုံးအဆို့ရှင် ပျက်စီး ခြင်းသည် ရောဂါပိုး ကြောင့်တိုက်ရိုက်ပျက်စီးခြင်းမဟုတ်ဘဲ ထို ရောဂါပိုး ကို တိုက်ခိုက်ရန် ခန္ဓာကိုယ် မှ ခုခံတုန့်ပြန်မှု ဆဲလ် များ ထွက်ပေါ်လာပြီး ထို ဆဲလ် များသည် နှလုံး ကြွက်သား များ အဆစ် များ တစ်ရှုးများ ကို တိုက်ခိုက်ရာမှ နှလုံးကြွက်သား ရောင်ရမ်း ခြင်း ၊ အရိုးအဆစ်များကိုက်ခြင်းတို့ဖြစ်စေပါသည်။ နှလုံးအဆို့ရှင်သည် ဆယ်နှစ် ဆယ့်ငါး နှစ် ကျော်မှ ဖြစ် တတ်ပြီး ငယ်စဉ်က ပိုး၀င်၀င်ချင်း သေချာ ကုသမှုမခံယူခဲ့ခြင်း ကြောင့်ဖြစ် ပြီး အဆို့ရှင် ပျက်စီးသော အခါ မှ ဆေး သောက် ၍ မရတော့ဘဲ ခွဲစိတ် မှုများလိုအပ်လာရပါသည်။ နှလုံးအားခွဲစိတ် ရသည့်အားလျော်စွာ အန္တရာယ် များရုံသာမက ငွေကုန်ကြေးကျလည်း အလွန်များနိုင်ပါသည်။

အထက်ဖော်ပြပါ လေးဘက်နာရောဂါ များသည် အဖြစ် များသော အနည်းအကျဉ်းသာဖြစ်ပြီး ရောဂါခံစားနေရသူများ အနေဖြင့် မိမိရောဂါအကြောင်း သိရှိကြပြီး လက္ခဏာ ခံစားနေရသူများလည်းမပေါ့လျော့ကြစေရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။


ထွားထွားကျိုင်းကျိုင်း ရှယ်  #လူလတ်ပိုင်းကြီးတွေကိုတောင် ထော့နင်းထော့နင်းဖြစ်သွားစေတဲ့ရောဂါ.....😱 #ဝါဂွမ်းလေးနဲ့ပွတ်လိုက...
28/01/2021

ထွားထွားကျိုင်းကျိုင်း ရှယ် #လူလတ်ပိုင်းကြီးတွေကိုတောင် ထော့နင်းထော့နင်းဖြစ်သွားစေတဲ့ရောဂါ.....😱
#ဝါဂွမ်းလေးနဲ့ပွတ်လိုက်ရင်တောင် ခိုက်ခိုက်တုန်သွားစေတဲ့ရောဂါ....🥴
ဟုတ်ပါတယ်.... အများသိတဲ့ ပါ ....😊

ျားတဲ့အစားအစာတွေ ဖြစ်တဲ့ အမဲသား၊ ကလီစာမျိုးစုံ၊ ပင်လယ်စာလေးများ စားမိပါပီ။ ခန္ဓာကိုယ်ကနေ
Purines ကို ဖြိုခွဲရတဲ့အခါ Uric acid များကို ထုတ်ပါတယ်။

ပုံမှန်ဆိုရင်တော့ Uric acid ဟာ #သွေးတွင်းမှာပျော်ဝင်ပီး ကျောက်ကပ်ကနေတစ်ဆင့် ဆီးထဲမှာပါဝင်စွန့်ထုတ်ပါတယ်။

ဒါပေမယ့် Purines အစားအစာ အစားများသွားရင် Uric acid လည်းများစွာထွက်လာပါတယ်။ ဒါဆိုရင် ကျောက်ကပ်ကနေ #ကောင်းကောင်းမစစ်ထုတ်နိုင်တော့ပါဘူး။ ဒါဆိုရင် သွေးတွင်းမှာ Uric acid level မြင့်တက်လာပီသာ မှတ်ပေတော့။

Uric acid မြင့်တက်လာတာနဲ့အမျှ #အဆစ်တဝိုက်မှာ ပုံဆောင်ခဲလေး ( Urate crystals)တွေ ဖြစ်ပေါ်လာတယ်။ ၎င်းပုံဆောင်ခဲလေးတွေဟာ အပ်ကဲ့သို့ ချွန်ထက်ပီး အဆစ်အတွင်း ဒါမှမဟုတ် အဆစ်တဝိုက်ရှိ Tissues များအတွင်းမှာ #ဖွဲ့စည်းအနည်ကျပါတယ်။

ထိုအချင်းအရာကြောင့် အဆစ်တဝိုက်မှာ #ရုတ်တရက် ပြင်းပြင်းထန်ထန်ရောင်လာမယ်။ အဆစ်ဟာ နီရဲပီး #မီးစနဲ့ထိုးသလို နာမယ်။ အဆစ်ကလေးကို စမ်းကြည့်ရင် #ပူနေမယ်။
လက်ကလေးနဲ့ထိမိရင် ၊ အိပ်ယာခင်းလေးနဲ့ ငြိမိရင်တောင် အသည်းထဲခိုက်ခိုက်တုန်အောင်နာပါတယ်။

များသောအားဖြင့်က #ခြေမဆစ်မှာအဖြစ်များပါတယ်။
#အခြားအဆစ်အဆက်တွေမှာလည်း ဖြစ်နိုင်ပါတယ်။
ဖြစ်စ လေးနာရီကနေ ဆယ့်နှစ်နာရီအတွင်း ပိုပီး ပြင်းပြင်းထန်ထန် နာလာတတ်ပါမယ်။
#ရုတ်တရက် ထဖြစ်တတ်တယ်။ ညလယ်ပိုင်းမှာ ဖြစ်ဖြစ်လာတတ်တယ်။
နာကျင်မှုလျော့သွားရင်တောင်မှ ရက်သတ္တပတ်အနည်းငယ်ထိအောင် #နာကျင်မှုကကျန်နေတတ်ပါသေးတယ်။

💯 #အဝလွန်တဲ့သူလေးများ သတိထားပါ။ Uric acid level မြင့်တက်နိုင်ပါတယ်။
🍺 #ဘီယာအသည်းစွဲယမကာလုလင်လေးများလည်း ကြပ်ကြပ်သတိထားပါ။ အဆစ်ကြီးနာပီးယောင်လာမှ အဖေကယ်ပါ၊ အမေကယ်ပါ ဖြစ်ကြလွန်းလို့ပါ 😊
🧃 #အချိုရည်ကြိုက်တဲ့မမ တွေလည်း Uric acid မြင့်တက်လာနိုင်တယ်ဆိုတာ သတိထားမိကြပါ‌စေရှင်။

ဒီ ခံရခက်လွန်းတဲ့ GOUT ကြီးမဖြစ်အောင် ဘယ်လိုနေကြမလဲဆိုရင် 👇
✅ရေများများသောက်‌ရပါမယ်။
✅လတ်ဆတ်တဲ့အသီးအရွက်များများ စားရပါမယ်။
✅ကျန်းမာတဲ့ကိုယ်အလေးချိန်ရှိအောင် ထိန်းသိမ်းရပါမယ်။
✅အဆီနည်းတဲ့ နို့ထွက်ပစ္စည်းများ စားသုံးပေးရပါမယ်။
✅Gout ဖြစ်နေတဲ့ အဆစ်ကို အနားပေးရပါမယ်။
✅အဆစ်ကလေးကို ခန္ဓာကိုယ်ထက် မြင့်ထားရပါမယ်။ ဥပမာ ခြေမဆစ် ဖြစ်ရင် ခြေထောက်အောက်မှာ စောင်ခေါက် ၊ ဖက်လုံး စသည် ခုပေးထားရပါမယ်။
✅အဆစ်တဝိုက် ရောင်ပီးပူနေရင် ရေခဲကပ်ပေးနိုင်ပါတယ်။
✅နနွင်း ၊ ဇာတိပ္ဖိုလ်သီး၊ သစ်ကြပိုး စတဲ့ ဆေးဖက်ဝင်ပင်များဟာ Uric acid level ကို ထိန်းညှိပေးပီး ရောင်ရမ်းနာကျင်မှုတွေကို လျှော့ချပေးပါတယ်။
🚫အရက်၊ ဘီယာ ၊အဖျော်ယမကာများကို ရှောင်ကြဉ်ရပါမယ်။ ဒါမှမဟုတ် ကန့်သတ်ချက်နဲ့ ထိန်းသောက်ပါ။ မသောက်ရင်တော့ အကောင်းဆုံးပါရှင့်။
🚫အသား၊ ငါး၊ ကြက်ဘဲဥတို့ကို အကန့်အသတ်နဲ့ စားရပါမယ်။ လွန်ကြူးစွာ မစားသင့်ပါ။

Gout ကြီးကို #ထိထိရောက်ရောက်သက်သာစေတဲ့ကုထုံးများစွာထဲမှာအပ်စိုက်ပညာရပ်လည်း အပါအဝင်ပါ။ ဒီတော့
အပ်စိုက်နဲ့ ဘယ်လိုကုသကြမလဲ ဆိုတာတော့ နောက်ရက်များမှ ဆွေးနွေးကြရအောင်ပါရှင့် ❣️

အားလုံးလည်း စိတ်ရောကိုယ်ပါ အေးချမ်းကြပါစေရှင့်။
ရောဂါဘယ ကင်းဝေးကြပါစေရှင့် 🌺

Reference 👉 Close to the bone
👉 Patient care and Health information

💥💥ခြေ၊လက်ထုံကျဥ်ခြင်းကို ဖြစ်စေတတ်သည့် အကြောင်းတရား(၅)မျိုး**************************************ကျီးပေါင်းရောဂါ========...
20/01/2021

💥💥ခြေ၊လက်ထုံကျဥ်ခြင်းကို ဖြစ်စေတတ်သည့် အကြောင်းတရား(၅)မျိုး
**************************************

ကျီးပေါင်းရောဂါ
=========
လည်ဆစ်ကျီးပေါင်း၊ခါးကျီးပေါင်းတက်ပြီး အာရုံကြောဖိမိခြင်းသည် ​ခြေလက်ထုံကျင်ခြင်း၏ ရှေ့ပြေးလက္ခဏာအနေနဲ့ တွေ့ရတတ်ပါတယ်။ လည်ပင်းကျောရိုးအဆစ်ရောဂါကို ဓာတ်မှန်ရိုက်ခြင်းဖြင့် သိနိုင်ပြီး အပူဓာတ်ရောင်ခြည်နဲ့ကုသခြင်း
လေ့ကျင့်ခန်းလုပ်ပေးခြင်း၊ အိပ်တဲ့အခါ ခေါင်းအုံးကို ၇-၉ စင် တီမီတာလောက်မြင့်ပြီး အိပ်စက်တာမျိုးတွေနဲ့ ကုသနိုင်ပါတယ်။ အဓိက,က သွေးကြောနဲ့အာရုံကြောတွေ မဖိမိအောင် ရှောင်ကြဉ်ပါ။

အရက်အလွန်ကျွံသောက်ခြင်း
================
အရက်စွဲလန်းနေသူတွေမှာ နာတာရှည်အရက် အဆိပ်မိတာကြောင့်လက်ဝါးတွေထုံကျင်တတ်ပါတယ်။ ဒီလို လက္ခဏာတွေပြလာပြီဆိုရင် အရက်မဖြတ်ရင် ခန္ဓာကိုယ်အစိတ်အပိုင်းလှုပ်ရှားမှု ဟန့်တားပျက်စီး သွားနိုင်ပါတယ်။ ဒီ့ပြင်နာတာရှည် အစာအိမ်လမ်းကြောင်းရောဂါနဲ့ ပြည်တည်ခြင်း၊ နှလုံးကြွက်သားရောင်ခြင်း၊ အသည်းအဆီဖုံးခြင်း၊ ဦးနှောက်သိမ်ခြင်းတို့ နောက်ဆက်တွဲအကျိုးဆက်အနေနဲ့ ခံစားရနိုင်ပါတယ်။

လေဖြတ်ရောဂါ
=========
လေဖြတ်မယ့်သူတွေရဲ့ ရှေ့ပြေးလက္ခဏာအနေနဲ့ လက်ထုံကျင်ခြင်းကို အများဆုံး ခံစားရတတ်ပါတယ်။ မကြာခဏ ခေါင်းမူးခေါင်းကိုက်ဖြစ်ခြင်း၊ ခေါင်းလေးပြီး ခြေထောက်ပျော့နေတတ်ခြင်း၊ ခြေလက်ထုံကျင်ခြင်း၊ လျှာလေးတတ်ခြင်း၊ သွေးအဆီတက်ခြင်း၊ သွေးတိုးခြင်း၊ ဆီးချိုရောဂါ၊ ဦးနှောက်သွေးပြန်ကြောမာနေသူတွေဟာ လေဖြတ်နိုင်ခြေများလို့ အစားအသောက်အနေအထိုင် ဆင်ခြင်သင့်ပါတယ်။

မီးယပ်သွေးဆုံးရောဂါ
============
သွေးဆုံးချိန်ရောက်ခါနီး အမျိုးသမီးတွေမှာလည်း တစ်ခါတစ်လေ ခြေလက်ထုံကျင်တတ်ပါတယ်။ သိသိသာသာမဟုတ်လို့ သွေးဆုံးသွားတဲ့အခါ ထုံကျင်မှုတွေ အလိုလိုပျောက်သွားပါတယ်။ ခြေလက်ထုံကျင်တာပဲဆိုပြီး ပေါ့ပေါ့တန်တန် သဘောထားလို့မရပါဘူး။ နောက်ဆုံးတွဲဖြစ်လာနိုင်တဲ့ ရောဂါတွေကြောင့် မကြာခဏ ခြေလက်ထုံကျင်နေပြီဆိုရင် ကျွမ်းကျင်တဲ့ ဆရာဝန်ဆီမှာပြသကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

သွေးချို ဆီးချို
=========
ကြိမ်ဖန်များစွာ အပေါ့သွားတာ၊ ရေခဏခဏ ဆာတာတွေဟာ သွေးတွင်းသကြားဓာတ်အဆင့်မြင့်မားနေပြီး ဆီးချိုသွေးချိုရဲ့ အကြိုလက္ခဏာတွေဖြစ်ကြောင်း လူတော်တော်များများ သိကြပါတယ်။ ဒီလိုလက္ခဏာတွေခဏခဏ ဖြစ်နေရင်လည်း ဆရာဝန် ပြသင့်ပါတယ်။ မကုသဘဲ ထားမယ်ဆိုရင်တော့ အာရုံကြောထိခိုက်လာပြီး လက်ထုံတာတွေဖြစ်လာပါတယ်။ နောက်ပိုင်းမှာ အမြင်အာရုံမှုန်ဝါးတာ၊ ကျောက်ကပ်ပြဿနာရှိတာတွေပါ ဖြစ်လာပါလိမ့်မယ်။
credit #

ဆရာကြီးဦးဝင်းကိုရဲ့....(ငါ၏ဒူးနာ၏)စာအုပ်မထွက်ခင်ကတည်းကဆရာကြီးတင်ထားသောစာတမ်း၊♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥ကျီးပေါင်းဖြစ်နေ...
12/01/2021

ဆရာကြီးဦးဝင်းကိုရဲ့....

(ငါ၏ဒူးနာ၏)

စာအုပ်မထွက်ခင်ကတည်းက
ဆရာကြီးတင်ထားသောစာတမ်း၊
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

ကျီးပေါင်းဖြစ်နေပြီလား။ကျီးပေါင်းမတက်ေ,အာင်ဘယ်လိုလုပ်ရမလဲဆိုသူများအတွက်

ခန္ဓာကိုယ်ဇီဝလုပ်ငန်းကြီးတွင်ကလာပ်စည်းအမျိးမျိုးတို့ဖြစ်ခြင်း၊တည်ခြင်း၊ပျက်ခြင်းစသည့်လုပ်ငန်းကြီး၃ရပ်သည်မရပ်မနားစက္ကန့်မလပ်ဖြစ်နေကြပေသည်။ငယ်ရွယ်နုပျိုစဉ်ကာလ၌ဋ္ဌီခေါ်တည်ခြင်းအားကောင်းချိန်တွင်ခန္ဓာကိုယ်၏အရိုး၊ကြွက်သားစသည့်၃၂ကောဌာသတို့သည်ကြီးထွားခိုင်မာမှုအားကောင်းကြသော်လည်းအသက်အရွယ်ကြီးလာသည်နှင့်အမျှတနည်းအားဖြင့်သည်းခြေအရွယ်(၃၆နှစ်မှ၅၄နှစ်)မှစတင်ကာပျက်စည်းမှူများစတင်လာကြတော့သည်။ယျေဘုံယျအားဖြင့်ဆိုပါလျင်ကျီးပေါင်းရောဂါသည်အသက်၃၆နှစ်ကစတင်ပြီးဖြစ်လာနိုင်သည်ဟုဆိုရမည်ပင်။
အရိုးကျီးပေါင်းရောဂါဆိုသည်မှာအဘယ်နည်းလို့မေးလာခဲ့ပါကဖြေဆိုရန်မှာရိုးရိုးရှင်းရှင်းပင်ဖြစ်ပါသည်။ခန္ဓာကိုယ်မှယိုယွင်းပျက်စီးလာသောအရိုးဓာတ်များအဆစ်အဆက်များတွင်စုဝေးလာခြင်းနှင့်အရိုးအဆစ်များတဖြည်းဖြည်းယိုယွင်းပျက်စီးလာခြင်းတို့ဖြစ်ပါသည်လို့ဖြေရပါမည်။တနည်းအားဖြင့်ဇရာ၏အိုမင်းယိုယွင်းလာခြင်းဖြစ်စဉ်တခုဖြစ်ပါသည်။
အဆိုပါဖြစ်စဉ်ကြီးကိုအောက်ပါအတိုင်းရှူမြင်နိုင်ပါသည်။
၁။အပျက်ဓာတ်များလာသောဇရာခေါ်အိုမင်းမှူဖြစ်စဉ်ကြောင့်ပျက်စီးသွားသောအသုံးမဝင်တော့သောအရိုးချေး/ဂျီးများအဆစ်များတွင်စုဝေးလာခြင်း၊
၂။စားသမျှအဟာရများကိုဝမ်းမီးမှအဆင့်ဆင့်ချက်လုပ်ရာတွင်ဝမ်းမီးအားနည်းလာမှူ့ကြောင့်အရိုးဖြစ်အားနည်းလာကာအရိုးပွခြင်းအားနည်းလာခြင်း၊
၃။ခန္ဓာကိုယ်၏ကိုယ်နေဟန်ထားများဖြစ်သည့်ထိုင်လျက်၊ရပ်လျက်၊ခေါင်းငုံလျက်အနေအထားများတွင်ပုံစံတမျိုးတည်း၌ကြာမြင့်စွာလုပ်ကိူင်ခြင်းတို့ကြောင့်အဆစ်များတွင်ဖိအားများလာကာအဆစ်အဆက်တဝိုက်အရိုးနုများမာကြောလာခြင်းပုံပြောင်းလာခြင်း။(အဆိုပါဖြစ်စဉ်တွင်ဖိအားကြောင့်ဥဏှတေဇာဓာတ်များပွားများလာကာပထဝီအာပေါဓာတ်ဦးစီးသောအရိုးနု၊အရွတ်ပြားများခက်မာကြမ်းတမ်းလာခြင်းပုံပြောင်းလာခြင်း)စသည့်ဖြစ်စဉ်ကြီး၃ခုကိုတွေ့ရှိရမည်ဖြစ်ပါသည်။
အဆိုပါဖြစ်စဉ်ကြောင့် ပြောင်းလဲလာသောအဆစ်များအရိုးနုများသည်ကြမ်းတမ်းခြင်း၊ပုံသဏ္ဌာန်ကြီးထွားလာခြင်းတို့မှအဆစ်များ၏အကြားမှထွက်လာသောအာရုံကြောများကိုဖိခြင်း၊ညှပ်ခြင်းတို့ကြောင့်ထိုအာရုံကြောတို့နှင့်သက်ဆိုင်သော ကြွက်သားများနာကျင်ကိုက်ခဲခြင်း၊ထုံကျဉ်ခြင်း၊အားမရှိခြင်းတို့ဖြစ်ပေါ်ခြင်းသွေးကြောငယ်များဖိမိခြင်းကြောင့်သွေးမဝခြင်းတို့ဖြစ်စေကာဝေဒနာအမျိုးမျိုးကိုခံစားဖြစ်ပေါ်စေပါသည်။
ါကျီးပေါင်းအဖြစ်များစေသော ခန္ဓကိုယ်အစိတ်အပိုင်း ၂ခုရှိပါသည်။ လည်ဆစ်ရိုးတလျောက်ကျီးပေါင်းဖြစ်ခြင်းနှင့် ခါးဆစ်ရိုးတလျောက် ကျီးပေါင်းဖြစ်ခြင်းတို့ဖြစ်ပါသည်။
လည်ဆစ်ရိုးတွင်အဆစ် ၇ဆစ်ရှိပြီးခါးဆစ်ရိုးတွင်၅ဆစ်ရှိရာဆိုပါအဆစ်များကြားမှထွက်လာသောအာရုံကြောများသည်လည်း တစ်ချောင်းစီအသီးသီးရှိကြရာအာရုံကြောတစ်ချောင်းစီနှင့်ဆိုင်သောရောဂါလက္ခဏာများလည်းအသီးသီးဖြစ်ပေါ်လာရာကျီးပေါင်းရောဂါရှိသူတိုင်းတဦးနှင့်တဦးရောဂါလက္ခဏာမတူကြချေ။သို့သော်များသောအားဖြင့်အဖြစ်များသောလက္ခဏာများအဖြစ် အောက်ပါအတိုင်းတွေ့ရတတ်ပေသည်။

လည်ဆစ်ရိုးကျီးပေါင်းလက္ခဏာများ
(က)လည်ပင်းလှည့်ရခက်ခြင်း၊တောင့်တင်းခြင်း(အုံးလွဲသကဲ့သို့ဖြစ်ခြင်း)
(ခ)ပခုံးလက်မောင်းမှလက်ပြင်၊လက်ဖျားထိ ထုံကျဉ်ကိုက်ခဲခြင်း
(ဂ)လက်တခုလုံးညောင်းကိုက်ပြီးခွန်အားနည်းသကဲ့သို့ခံစားရခြင်း
(ဃ)ဇက်ကြောခဏခဏတက်ခြင်း(ဇက်ကြောတက်ခြင်းသည်နံနက်ပိုင်းတွင်သက်သာ၍နေ့ခင်းမှစ၍ပိုဆိုးလာတတ်ခြင်း)
(င)မူးဝေခြင်းအထူးသဖြသ့်ဦးခေါင်းအလှည့်အပြောင်း၊ခေါင်းအုံးပေါ်သို့အိပ်ချစဉ်မူးခြင်း
(စ)စိတ်မရှည်ခြင်း၊စိတ်တိုလွယ်ခြင်း၊မရွှင်လန်းခြင်း
(ဆ)အာရုံကြောမကြီးရောင်ရမ်းလာပါကခြေလက်မသန်စွမ်းခြင်း၊လှုပ်ရှားမှာဟန်ချက်ပျကိလာခြင်း၊အကြောအဆစ်များမူမမှန်လှုပ်ရှားတုန်လှုပ်ခြင်းများဖြစ်သည်အထိခံစားရတတ်ပါသည်။

ခါးဆစ်ရိုးကျီးပေါင်း၏လက္ခဏာများ
(က)ကြာကြာထိုင်လျှင်(နာရီဝက်ကြာလျှင်)ခါးဆစ်အတွင်းမီးစနှင့်ထိုးထားသကဲ့သို့ပူနေခြင်း
(ခ)အထိုင်အထတောင့်တင်းခြင်း
(ဂ)တင်ပါး၊ပေါင်၊ခြေသလုံးတဝိုက်ကိုက်ခဲခြင်း၊ထုံခြင်း၊ကျဉ်ခြင်းတို့ဖြစ်ခြင်း
(ဃ)ခြေဖဝါး၊ခြေဖျားတို့ထုံကျဉ်ခြင်း၊သစ်ရွက်ကဲ့သို့သောတစုံတခုခြေဖဝါးတွင်ကပ်နေသကဲ့သို့ခံစားရခြင်း
(င)လမ်းလျောက်ခြင်း၊မတ်တပ်ရပ်ခြင်းအနည်းငယ်ကြာလာလျှင်ပိုမိုကိုကိခဲထုံကျဉ်ခြင်း
(စ)အချိန်ကြာသည်ထိကုသမှုမပြုပါကပေါင်၊ခြေသလုံးကြွက်သားများသိမ်လာခြင်းတို့ဖြစ်လာနိုင်ပါသည်။

ကုသမှုအပိုင်းတွင်အဆင့်၃ဆင့်ရှိပါသည်။ပထမအဆင့်အနေဖြင့်ရောဂါဖြစ်သည့်နေရာတဝိုက်အားကုသမှုပေးခြင်း၊ ဒုတိယအဆင့်အနေဖြင့်ခံစားရသောလက္ခဏာများပြသည့်အင်္ဂါရပ်များအားကုသမှုပေးခြင်းနှင့်တတိယအဆင့်တွင်ဓာတ်ညီညွတ်စေရန်ဆေးတိုက်ကျွေးခြင်းတို့ဖြစ်ပါသည်။
ဖြစ်သည့်နေရာတဝိုက်အားကုသမှုပေးရာတွင်လည်ဆစ်ရိုးကျီးပေါင်းတွင် လည်ဆစ်ရိုးတဝိုက်အကြောပြင်ကုသခြင်း၊ကြပ်ထုပ်ထိုးခြင်းပြုလုပ်နိုင်သည်။ခံစားပြလက္ခဏာများရှိသည့်လက်ပြင်လက်မောင်းလက်ဖျံလက်ချောင်းဆိုင်ရာအကြောပြုပြင်ကွက်များပြုပြင်ခြင်း၊ကြပ်ထုပ်ထိုးခြင်းတို့ပြုလုပ်နိုင်သည်။
ခါးဆစ်ရိုးကျိးပေါင်းလည်းထို့အတူပင်ဖြစ်သည်။ကြပ်ထုပ်တွင်ဆီကြပ်ထုပ်နှင့်ရေနွေးငွေ့ကြပ်ထုပ်၂မျိုးတွင်မိမိကြိုက်ရာသုံးနိုင်သော်လည်းအလွယ်ကူဆုံးကြပ်ထုပ်တစ်ခုကိုညွှန်ပြချင်ပါသည်။၎င်းမှာ
(၁)ဂျင်းအစို ၅ိသား
(၂)မိသလင်အစို ၁၀ိသား
(၃)သက်ရင်းကြီးရွက်အစို ၁၀ိသား
(၄)စက်ကတုန်းရွက် ၁၀ိသား
အစိုကိုနုတ်နုတ်စင်းကာကြပ်ထုပ်ထုပ်ပြီးရေနွေးငွေ့ပေါ်တင်၍ထိုးပါကအာရုံကြောရောင်၍ကိုက်ခြင်း၊ကြွက်သားရောင်တင်းခြင်းတို့အပြင်ကျီးပေါင်းတက်သောအဆစ်အဆက်များကိုချောင်လည်စေပါသည်။
သောက်ဆေးအနေနှင့်မူ ဝါယောဓါတ်ကောင်းစေသောဆေး၊အာကာသရစေသောဆေးများကိတိုက်ကျွေးသင့်ပါသည်။
ဝမ်းချုပ်သူအဖို့ညမုတ်ကဲဆေး၊နေ့ခင်း၊ညနေ ပြည်လုံးချမ်းသာတို့ကိုတိုက်ရန်လိုပြီးဝမ်းမချုပ်သူများတွင်ပြည်လုံးချမ်းသာကိုဆနွင်းစိမ်းဆတူစပ်၍လုံးပြီးတရက်၃ကြိမ်သောက်ကကျီးပေါင်းကြောင်ခံစားရသောထုံကျဉ်ကိုက်ခဲမှုများပျောက်ကင်းပါကြောင်းဖောက်သည်ချပါရစေ။
ကျီးပေါင်းရောဂါဖြစ်နေပြီလား။ကျီးပေါင်းမဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုသူများအတွက်အဖြေကတော့
ကျီးပေါင်းရောဂါဟာလူတိုင်းရဲ့ဇရာခေါ်အိုခြင်းတရားဖြစ်စဉ်ကြီးဖြစ်လို့လူတိုင်းဖြစ်မှာပါ။ကျီးပေါင်းအဖြစ်နည်းအောင်ဣရိယာပုဒ်မျှအောင်နေထိုင်ပါ။ချွေးစို့အောင် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ပါ။ရေများများသောက်အသီးအနှံများများစားပါ။သောကကင်းဝေးအောင်နေထိုင်ကြပါလို့သာမှာလိုက်ပါရစေ။

အားလုံးကိုလေးစားလျက်

ဦးကျော်သန်းဝင်း(ခ)ဝင်းကို
တိုင်းရင်းဆေးပညာဒီပလိုမာ
ဝိဇ္ဇာဘွဲ(မြန်မာစာ)
နက္ခတ္တနှင့်ဝိဇ္ဇာဓရပညာမွန်းမံ
အကြောကုပညာရပ်မွန်းမံ
ညွှန်ကြားပြသမှူဆိုင်ရာနည်းစနစ်များကျွမ်းကျင်မှူ့သင်တန်း(အလုပ်သမားဝန်ကြီးဌာန)
Trainning on traditional Chinese orthopaedics and traumatology (Luoyang orthopaedic hospital,institute of Luoyang orthopaedics ,China)
Certificate in clinical acupuncture and traditional chinese medicine and pathology (international college of oriental medicine,UK)
နည်းပြမှူး(ငြိမ်း)
တိုင်းရင်းဆေးသိပ္ပံ
မန္တလေး

ဆရာကြီးအား
ဂုဏ်ယူလေးစားစွာဖြင့်
ပြန်လည်၍တင်ပြပါသည်။

ခါးနာခြင်း သို့မဟုတ် နောက်ကျောနာကျင်ခြင်း ( Low Back Pain )****************************************************ဒီအပတ်ပြေ...
11/01/2021

ခါးနာခြင်း သို့မဟုတ် နောက်ကျောနာကျင်ခြင်း ( Low Back Pain )
****************************************************

ဒီအပတ်ပြောပြပေးမှာကတော့ ခါးနာခြင်းအကြောင်းအမေးများသောမေးခွန်းများနှင့်လုပ်ဆောင်သင့်တဲ့အပြုအမူများအကြောင်းပဲဖြစ်ပါတယ်။

🔹ခါးနာခြင်းဆိုတာဘာလဲ?

ခါးနာခြင်း သို့ နောက်ကျောနာကျင်ခြင်းဆိုသည်မှာ ခါးနောက်ကျော၊တင်ပါး သို့ တင်ပါးဆုံတို့တွင် နာကျင်မူခံစားရခြင်းကိုဆိုလိုပါတယ်။

🔹ခါးနာခြင်းဖြစ်စေတဲ့အကြောင်းတွေကဘာတွေလဲ?

ခါးနာခြင်းဖြစ်စေရတဲ့အဓိကအကြောင်းရင်းကတော့ ခါးနှင့်နောက်ကျောနေရာများမှကြွက်သားများဒဏ်ဖြစ်ခြင်း(muscle strain)ကြောင့်ဖြစ်ပါတယ်။
ကြွက်သားများဒဏ်ဖြစ်လာတဲ့အခါ လမ်းလျှောက်ခြင်း၊လှုပ်ရှားခြင်း၊ကွေးခြင်း ဆန့်ခြင်းတို့မှာနာကျင်ခြင်းကိုခံစားလာရပါတယ်။
တခြားအကြောင်းရင်းများအနေနဲ့တော့ sciatica လို့ခေါ်တဲ့ ပေါင်တန်းနာကျင်ခြင်းရောဂါ၊ ခါးကျီးပေါင်းတက်ခြင်း (lumber spondylosis) တို့ကြောင့်ဖြစ်တတ်ပါတယ်။
ဒါအပြင် ပိုးဝင်ခြင်း၊ကင်ဆာနှင့်အခြားအကြောင်းရင်းတွေကြောင့်လဲဖြစ်စေတတ်ပါတယ်။

🔹ဘယ်လိုအခြေအနေမှာခါးနာခြင်းပိုဖြစ်တတ်လဲ?

ခါးနာခြင်းဝေသနာကို လူလေးယောက်မှာသုံးယောက်လောက်ကသူတို့ဘဝမှာတကြိမ်မကဖြစ်ဖူးကြပါတယ်။
သတိမထားပဲအလေးအပင်မတာ၊ခါးကိုရုတ်တရက်လှည့်လိုက်မိတာ၊ ပစ္စည်းကိုရုတ်တရက်ကုန်းကောက်မိတာစသဖြင့် ခါးကြွက်သားကိုဒဏ်ဖြစ်သွားစေတဲ့အပြုအမူတွေလုပ်မိတဲ့အခါ ဖြစ်တတ်ပါတယ်။
အပြင်းအထန်အားကစားလုပ်ခြင်း၊ပစ္စည်းအလေးတွေရွေ့ပြောင်းခြင်းနဲ့အလုပ်မှာအချိန်အကြာကြီးပုံစံမမှန်ထိုင်ခြင်းစတာတွေကြောင့်လဲဖြစ်တတ်ပါတယ်။

🔹ခါးနာရင်ဘယ်လောက်ကြာတတ်မလဲ?

လူအများစုကရက်သတ္တပတ်အနည်းငယ်အကြာမှာသက်သာလာတတ်ပါတယ်။များသောအားဖြင့် ခြောက်ပတ်မှရှစ်ပတ်အတွင်းမှာပြန်ပြီးကောင်းမွန်လာတတ်ပါတယ်။

🔹ခါးနာခြင်းရဲ့အကြောင်းရင်းကိုဘယ်လိုသိနိုင်မလဲ?

ပုံမှန်အားဖြင့် လူအများစုအတွက် ဓာတ်မှန် သို့မဟုတ် အခြားစကင်ဖတ်စစ်ဆေးစရာမလိုအပ်ပါ။နာကျင်မူအကြောင်းကိုရောဂါရာဇဝင်မေးမြန်းခြင်းနှင့်လိုအပ်သောစမ်းသပ်မူများလုပ်ခြင်းဖြင့်သိနိုင်ပါတယ်။

🔹ခါးနာရင်အိပ်ယာထဲမှာနားနေဖို့လိုလား?

ပုံမှန်အားဖြင့် တစ်ရက် သို့မဟုတ် နှစ်ရက်လောက်ပဲ ကောင်းကောင်းအနားယူဖို့လိုကောင်းလိုပါမယ်။
ရက်အတော်ကြာအိပ်ယာထဲနားနေခြင်း သို့မဟုတ် ကြာရှည်မလှုပ်ရှားပဲနေခြင်းသည် ခါးနာခြင်းမှပြန်လည်ကောင်းလာစေရန်အဟန့်အတားဖြစ်စေတတ်ပါတယ်။
လူအချို့ကတက်ကြွစွာနေခြင်းသည် ခါးနာခြင်းကို ပို၍ ထိခိုက်စေလိမ့်မည်ဟုစိုးရိမ်တတ်ကြပါတယ်။ပုံမှန်လုပ်ဆောင်မှုများကိုပြန်လည်လုပ်ဆောင်ခြင်းကအစပိုင်းတွင်ထိခိုက်ခြင်း သို့ မသက်မသာဖြစ်ခြင်းတို့ကိုဖြစ်စေပေမဲ့ ပိုမိုဆိုးရွားသောထိခိုက်မှုကိုမဖြစ်စေတတ်ပါ။
ပုံမှန်လှုပ်ရှားမှုများပြန်လည်မလုပ်ဆောင်ခင် အပေါ့စားကိုယ်လက်လှုပ်ရှားမှု (သို့) ယောဂကျင့်ခြင်းတို့ပြုလုပ်နိုင်ပါတယ်။

🔹ခါးနာရင်ဘာတွေလုပ်ပေးနိုင်လဲ?

-ခါးနာခြင်းကိုပိုဆိုးစေတဲ့ ကြာမြင့်စွာထိုင်ခြင်း၊ လေးလံသောအရာဝတ္ထုများကိုမခြင်း၊ အနေအထားမမှန်ခါးကွေးခြင်း၊ခါးလှည့်ခြင်းများကို မပြုလုပ်ရပါ။

-ပုံမှန်နေ့စဉ်လှုပ်ရှားမှုများပြုလုပ်ပေးပါ။လမ်းလျှောက်ခြင်းကဲ့သို့အပေါ့စားလေ့ကျင့်ခန်းလုပ်ခြင်းက ခါးနာခြင်းကိုပိုမိုသက်သာစေပါတယ်။

-နာကျင်တဲ့နေရာကို ရေနွေးအိတ်ကပ်ခြင်း၊ရေပူဖြင့်ရေချိုးခြင်းများက ကြွက်သားများပြေလျှော့စေသည့်အတွက် ခါးနာခြင်းကိုသက်သာစေနိုင်ပါတယ်။

-ခါးနာခြင်းဆိုင်ရာလေ့ကျင့်ခန်းများ၊ရှုပကုထုံးနှင့်ကြွက်သားဖြေလျှော့စေတဲ့အကြောလျှော့လေ့ကျင့်ခန်းများလဲလုပ်ဆောင်နိုင်ပါတယ်။(ပုံတွင်ဖော်ပြပေးသွားပါမယ်)

🔹ဘယ်အချိန်လောက်အလုပ်တွေပြန်လုပ်လို့ရမလဲ?

ဆရာဝန်နှင့်တိုင်ပင်ပြီးအလုပ်ပြန်ဆင်းရန်အဆင်ပြေတဲ့အခါပြန်ဆင်းနိုင်ပါတယ်။ခါးနာခြင်းအတွက် နေ့စဉ်လှုပ်ရှားတက်ကြွစွာနေရန်အရေးကြီးပါတယ်။
အလုပ်ကနာရီပေါင်းများစွာထိုင်ရတယ်၊အလုပ်ခွင်ကကာယလှုပ်ရှားမှုများစွာပြုလုပ်ရတယ်ဆိုရင်တော့ အလုပ်လုပ်သည့်ပုံစံနှင့်အလေ့အထများကို ဂရုတစိုက်ပြောင်းလဲရန်လိုအပ်ပါတယ်။

နောက်တခါထပ်မဖြစ်အောင်ဘယ်လိုဂရုစိုက်ရမလဲ?

✅ရူပကုထုံး(Physical therapy)၊လေ့ကျင့်ခန်းလုပ်ခြင်းနှင့်ကြွက်သားဖြေလျှော့ခြင်း၊ယောဂကျင့်ခြင်း၊နေ့စဉ်လှုပ်ရှားမှုများအားဂရုစိုက်ခြင်းနှင့်ကာကွယ်နိုင်ပါတယ်။ကျောအထောက်အပံပစ္စည်းများသုံးခြင်းနှင့်ခါးပတ်ပတ်ခြင်းတို့က ထိရောက်စွာမကာကွယ်နိုင်ပါဘူး။အဝလွန်တဲ့သူတွေအဖို့ကိုယ်အလေးချိန်လျော့ချခြင်း၊ပုံမှန်လေ့ကျင့်ခန်းများလုပ်ပေးခြင်းတို့ပြုလုက်သင့်ပါတယ်။
လေ့ကျင့်ခန်းများအနေနဲ့ လမ်းလျှောက်ခြင်း၊ရေကူခြင်း၊ စက်ဘီးစီးခြင်းတို့က ခါးနာခြင်းအတွက်ကောင်းမွန်စေတဲ့လေ့ကျင့်ခန်းများဖြစ်ပါတယ်။
❌ခါးကုန်းပြီးအလေးအပင်မခြင်းကိုရှောင်ကြဉ်ရပါမယ်။
မဖြစ်မနေမရမယ်ဆိုရင် ခါးကိုမတ်မတ်ထား၊တင်ပါးဆုံနဲ့ဒူးကိုကွေးပြီး စောင့်ကြောက်ထိုင်အနေအထားနဲ့မပါ။ပစ္စည်းကိုခန္ဓာကိုယ်နဲ့ကပ်ပြီးခါးမတ်မတ်ထားပြီးမပါ။
ထိုင်ခုံမှာအကြာကြီးထိုင်ပြီးအလုပ်လုပ်ရတဲ့သူများ ကားအကြာကြီးမောင်းရတဲ့သူများအဖို့ အလုပ်ချိန်အတွင်းခဏနားပြီး ကြွက်သားဖြေလျှော့ခြင်းကိုလုပ်ပေးပါ။

🔹ဘယ်လိုအခြေအနေမှာဆရာဝန်နှင့်မဖြစ်မနေပြသင့်လဲ?

-လူနာက အသက်၅၀ကျော်ဖြစ်ရင်

-ထိခိုက်ခြင်း၊ပြုတ်ကျခြင်းနှင့်မတော်တဆဖြစ်ခြင်းတို့ကြောင့်ဖြစ်ရင်(ဥပမာ-ကားနှင့်တိုက်မိခြင်း၊လှေကားပေါ်မှပြုတ်ကျခြင်း)

-ညဘက်အိပ်မရအောင်နာကျင်မှုခံစားရရင်

-ဖျားခြင်း၊ကိုယ်အလေးချိန်ကျခြင်းနှင့်တခြားရောဂါ(ဥပမာ-ကင်ဆာရောဂါ)တို့ရှိရင်

-ဆီးမထိန်းနိုင်၊ဝမ်းမထိန်းနိုင်ဖြစ်ရင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။

ခါးနာခြင်းဆိုင်ရာလေ့ကျင့်ခန်းများကြည့်ရန်>>>

https://youtu.be/20zybMbnVoU

https://youtu.be/5nZ8n1vUqVU

https://youtu.be/2VuLBYrgG94






ďżźcredit # #

These back pain stretches and exercises are for general back pain like soreness from overworking your back or if you've pulled a muscle. If you know your spe...

Address

19 Street NanShae
Mandalay

Telephone

+959253196609

Website

Alerts

Be the first to know and let us send you an email when Shwe Palal Traditional Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category