Florence Nightingale

Florence Nightingale မေတ္တာအရင်းခံ နွေးထွေးပြူငှာ ကြင်န?

လူနာရဲ့ပွန်းပဲ့ဒဏ်ရာကို ဆေးကြောသန့်စင်ပြီး ဆေးထည့်နေတုန်းမှာပဲ..."ဆရာ မ. . ဆရာ မကျွန်မယောက်ျား . . ကျွန်မယောက်ျား ဘာဖြစ်...
20/09/2023

လူနာရဲ့ပွန်းပဲ့ဒဏ်ရာကို ဆေးကြောသန့်စင်ပြီး ဆေးထည့်နေတုန်းမှာပဲ...

"ဆရာ မ. . ဆရာ မကျွန်မယောက်ျား . . ကျွန်မယောက်ျား ဘာဖြစ်တာလဲဟင်"

"သြော် ဆိုင်ကယ်လဲတာပါ . . ဒဏ်ရာကအပေါ်ယံပါပဲ"

"ကျွန်မယောက်ျား ဘာမှမဖြစ်ပါဘူးနော် ဆရာမ . . ကျွန်မယောက်ျားဘာမှမဖြစ်ဘူးမို့လား"

"မဖြစ်ပါဘူးဟ ဒီမယ်လေ ထိုင်နေတာမမြင်ဘူးလား အကောင်းကြီးကို"

"ကျွန်မယောက်ျား ကောင်းမှာပါနော်ဆရာမ ကျွန်မယောက်ျားဘာမှ မဖြစ်ဘူးမို့လား"

"ရော် . . ခက်ပြီ . . နင့်ယောက်ျားဟုတ်ပါတယ်ဟ ငါ့ယောက်ျားလည်း မဟုတ်ပါဘူး။ ဘယ်သူ့ယောက်ျားမှလည်း ဟုတ်မယ်မထင်ပါဘူး။ နင့်ယောက်ျားမှ နင့်ယောက်ျားအစစ်။

ခဏလေး တိတ်တိတ်လေးထိုင်နေ... ပြီးရင် ဘယ်သူ့ယောကျ်ားမှ ဟုတ်ပုံမရတဲ့ နင့်ယောကျ်ားကို ပြန်ခေါ်သွားလို့ရပြီ ဟုတ်ပြီလား"

ဆရာမတွေကိုလာမရစ်ကြနဲ့ပြန်ရစ်ရင်ရစ်တယ်မပြောကြေး

04/06/2023



Baby 6 months ကြည့်ရန်
Baby careကျွမ်းကျင်
Femal NA - 1
လားရှိုးတွင်လုပ်ရမည်
နေစားငြိမ်း 3 သိန်း
အနည်းဆုံး 6 လလုပ်နိုင်ရမည်။

CB form အပြည့်အစုံကို
👉 Aye Sithu Aung 👈 ဒီ ACC မှာပို့ပေးပါနော်

28/05/2023

#ဝန်ထမ်းအလိုရှိပါသည်

တောင်ငူမြို့ မြတ်သစ္စာအထူးကုဆေးရုံတွင် တာ၀န်ထမ်းဆောင်ရန် အောက်ပါဝန်ထမ်းများ အလိုရှိပါသည်။

👨‍⚕️Medical Officer - (၃)ဦး

- M.B.,B.S ဘွဲ့ရရှိထားသူဖြစ်ရမည်။
- ဆမ လိုင်စင်သက်တမ်း ရှိသူ ဖြစ်ရမည်။
- နေ့/ည တာဝန်ထမ်းဆောင်နိုင်ရမည်။
- လုပ်ငန်းအတွေ့အကြုံ မရှိသေးသူများလည်း လျှောက်ထားနိုင်ပါသည်။

👩🏻‍⚕️ Nurse - မ (၅) ဦး

- B.N.Sc (သို့မဟုတ်) Diploma in Nursing ဘွဲ့တစ်ခုခုရရှိထားသူ ဖြစ်ရမည်။
-သူနာပြုလိုင်စင် သက်တမ်းရှိသူဖြစ်ရမည်။
- နေ့/ည တာဝန်ထမ်းဆောင်နိုင်ရမည်။
- လုပ်ငန်းအတွေ့အကြုံရှိသူ ဦးစားပေးမည်။

🧑🏻‍💼Health care Assistant -မ (၁၀)ဦး

- သူနာပြုအကူသင်တန်း တက်ရောက်ပြီးသူဖြစ်ရမည်။
- နေ့/ည တာဝန်ထမ်းဆောင်နိုင်ရမည် ။
- လုပ်ငန်းအတွေ့အကြုံရှိသူ ဦးစားပေးမည်။

👩‍💻Receptionist / Cashier -မ ( ၆)ဦး

- တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူ ဖြစ်ရမည်။
- ကွန်ပျူတာအခြေခံအဆင့် အသုံးပြုနိုင်သူ ဖြစ်ရမည်။
- နေ့/ ည တာဝန်ထမ်းဆောင်နိုင်ရမည်။
- ဆက်ဆံရေးပြေပြစ်ကောင်းမွန်ရမည်။
- လုပ်ငန်းအတွေ့အကြုံ မရှိသေးသူများလည်း လျှောက်ထားနိုင်ပါသည်။

👩‍💼Pharmacy Staff - မ (၃)ဦး

- ဆေးဝါးအကူ သင်တန်း တက်ရောက်ပြီးသူ ( သို့မဟုတ်) တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ ရရှိပြီးသူ ဖြစ်ရမည်။
- ကွန်ပျူတာအခြေခံ အဆင့် အသုံးပြုနိုင်သူ ဖြစ်ရမည်။
- နေ့/ ည တာဝန်ထမ်းဆောင်နိုင်ရမည်။
- လုပ်ငန်းအတွေ့အကြုံ မရှိသေးသူများလည်း လျှောက်ထားနိုင်ပါသည်။

🙍‍♀️သန့်ရှင်းရေး ဝန်ထမ်း - မ ( ၅)ဦး

- အသက် (၁၈) နှစ် နှင့်အထက် ဖြစ်ရမည်။
- နေ့/ည တာဝန်ထမ်းဆောင်နိုင်ရမည်။
- စိတ်ရှည်သည်းခံပြီး အများနှင့် ပူးပေါင်းဆောင်ရွက်တတ်သူဖြစ်ရမည်။
- လုပ်ငန်းအတွေ့အကြုံမရှိသေးသူများလည်းလျှောက်ထားနိုင်ပါသည်။

🙎‍♂️ဆေးရုံအကူဝန်ထမ်း - ကျား (၅)ဦး

-အသက် (၁၈)နှစ် နှင့်အထက်ဖြစ်ရမည်။
-ဆက်ဆံရေး ပြေပြစ်ကောင်းမွန်ရမည်။
-နေ့ /ည တာ၀န်ထမ်းဆောင်နိုင်ရမည်။
-ဆိုင်ကယ်မောင်းနှင်နိုင်သူ ဖြစ်ရမည်။
-ရေရှည်လုပ်ကိုင်နိုင်သူဖြစ်ရမည်။
-လုပ်ငန်းအတွေ့အကြုံမရှိသေးသူများလည်း လျှောက်ထားနိုင်ပါသည်။

စိတ်ဝင်စားပါက
ကိုယ်ရေးရာဇဝင် (CV form ) နှင့်တကွ
မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်း မိတ္တူ ၊ ရပ်ကွက် ထောက်ခံစာ ၊ ပညာရေးအထောက်အထားများမိတ္ထူ ၊ လိုင်စင် ပုံ (၂) ပုံ တို့ကို မြတ်သစ္စာ အထူးကုဆေးရုံ Reception ကောင်တာသို့ 10.6.2023 ရက်နေ့နောက်ဆုံးထား၍ ပေးပို့လျှောက်ထားနိုင်ပါသည်။

အသေးစိတ်သိချင်တာ‌များကို
☎️☎️09775065302
ကို ရုံးချိန် အတွင်း စုံစမ်းမေးမြန်းနိုင်ပါသည်။

အမှတ်(၁၄၉)၊၂လမ်း ၊ကေလဇာတီဘုရား၊အရှေ့မုခ်အနီး၊ တောင်ငူမြို့။

09/09/2022

အတွေ့အကြုံမရှိသေးတဲ့ NA ညီမလေးတို့ရေ
အတွေ့အကြုံတို့ လုပ်သက်တို့ဆိုတာ
လုပ်ကြည့်မှရတာပါနော်
အတွေ့အကြုံမရှိလို့မလုပ်ရဲဘူး မလုပ်ဘူးဆိုရင်
နောက်လဲဘယ်အတွေ့အကြုံမှရလာမှာမဟုတ်ဘူးနော်
ကိုယ်မသိတာကိုပြောပြပြီး လက်တွဲခေါ်သင်ပေးမယ့်သူရှိရင်
လုပ်ကြည့်ကြဖို့ပြောချင်ပါတယ်နော်
မေးရမှာ သင်ရမှာမရှက်ပါနဲ့
တကယ်မသိလို့မေးတာကရှက်စရာမဟုတ်ပါဘူးနော်
တတ်ချင်ယောင်ဆောင်ပြီးရမ်းလုပ်တာကမှ ရှက်စရာပါ

ကိုယ်လဲအားလုံးနားလည်တတ်ကျွမ်းနေလို့ဆရာလုပ်တာမဟုတ်ပါဘူး
သင်ယူဆဲ လေ့လာဆဲပါ
အတွေ့အကြုံမရှိလို့ကြောက်နေတဲ့ညီမလေးတွေကိုပဲ
အားပေးပြီးမကြောက်ဖို့ပြောချင်တာပါ

Seniors များကိုလဲ အမြဲလေးစားရိုသေလျတ်ပါ🙏🙏🙏

02/08/2022

မြန်မာနိုင်ငံ အမြို့မြို့အနယ်နယ် ရှိ နေထိုင်မကောင်းသော
ဖိုးဖိုး ဖွားဖွား ဦးဦး ဒေါ်ဒေါ် များအတွက်
နာတာရှည် လူနာများအတွက်
မွေးကင်းစ Baby လေးများအတွက်
Covid P လူနာများအတွက်
ဆရာ၊ ဆရာမ များ
ခေါ်လိုယူပါက ရပါတယ်ရှင့်

လူကြီးမင်းတို့၏ လူနာအား
မိသားစုသဖွယ် နွေးထွေး ကြင်နာစွာ
ပြုစုစောင့်ရှောက်ပေးနိုင်သော
ဆေးထိုး ဆေးသွင်း ကျွမ်းကျင်သော

စေတနာ၊မေတ္တာ၊ဂရုဏာ ကြီးမားသော
သူနာပြုဆရာမ ( Nurse )
သူနာပြုအကူ ( Nurse aid )
လူနာစောင့်များကို
လပြတ် (သို့မဟုတ်) နေ့ရှင်း
လူကြီးမင်းတိူ့ စိတ်တိုင်းကျ
ဆတ်သွယ်ခေါ်ယူနိုင်ပါသည်။
လူနာရှင်ဘက်မှ ဝန်ဆောင်ခ ပေးစရာမလိုသလို
ဆရာ၊ဆရာမ များဘက်မှလဲ
ဘာကြေးနှုန်းမှ ပေးစရာမလိုပါဘူးရှင့်

တတ်နိုင်သည့်ဘက်က ကူညီသည့်သဘောဖြင့် ဖွဲ့ထားခြင်းဖြစ်ပါတယ်ရှင့်

လုံးဝ ( လုံးဝ)မဟုတ်ပါဘူးရှင့်
ဆတ်သွယ်ငှားရမ်းလိုပါက cb or 09774377374 သို့ ဆတ်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်ရှင့်။

အလွယ်ကူဆုံး ကျောက်ကပ်ဆေးနည်းအလွယ်ကူဆုံး ကျောက်ကပ်ဆေးနည်းကို မျှဝေပေးလိုက်ပါတယ်။ (၁) ကြက်ရိုးကို ကြာကြာလေး ပြုတ်ပါ။ (၂) က...
30/05/2022

အလွယ်ကူဆုံး ကျောက်ကပ်ဆေးနည်း

အလွယ်ကူဆုံး ကျောက်ကပ်ဆေးနည်းကို မျှဝေပေးလိုက်ပါတယ်။

(၁) ကြက်ရိုးကို ကြာကြာလေး ပြုတ်ပါ။

(၂) ကျောက်ဖရုံသီး တစ်စိတ်ကို ခပ်သေးသေး တုံး၍ ထည့်ပြုတ်ပါ။

(၃) ငရုတ်ကောင်း ၅ စေ့ခန့်ကို ထုထည့်ပါ။

(၄) ဟင်းကျက်ပြီဆိုရင် တရုတ်နံနံပင် အနေတော် ၃ ပင်ခန့်ကို နုတ်နုတ်စင်း၍ ထည့်ပါ။

(၅) ပန်းကန်ထဲထည့်ပြီး သောက်ခါနီး သံပုရာတစ်စိတ်ကို ညစ်ထည့်ပြီး သောက်ပါ။ အရည်ရော အဖတ်ပါ စားပါ။ တစ်အိုးလုံး မကုန်မချင်း နားနားပြီး စားပါ။

(၆) အနည်းဆုံး တစ်လတစ်ကြိမ်လောက် ကျောက်ဖရုံသီးဟင်းချိုကို ချက်သောက်ပါ။

ကျောက်ကပ်ဟာ လူသားတွေအတွက် အရေးပါဆုံးအလုပ်တွေကို လုပ်ဆောင်ပေးနေတဲ့ အရေးကြီးတဲ့အရာတစ်ခု ဖြစ်ပါတယ်။ နေ့စဉ် စားသောက်နေတဲ့ အစားအစာများကို စစ်ထုတ်ပေးရတယ်။

ယနေ့ခေတ် အစားအသောက်များကလည်း ဟိုအရင်လို သဘာ၀အလျှောက် တောထဲကရတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်က ရှားပါးသွားပြီး နည်းပညာအမျိုးမျိုးနဲ့ ထုတ်လုပ်တာကိုပဲ စားသုံးနေရပါတယ်။ အဆိပ်အတောက်မျိုးစုံလည်း ပါ၀င်နေပါတယ်။ ကြာလာတော့ ကျောက်ကပ်ကို သွားထိပါတယ်။ ကျောက်ကပ်က မစစ်ထုတ်နိုင်တော့ အခဲဖြစ်ကျန်ရစ်ပြီး ကျောက်ကပ်မှာ
ကျောက်တည်ရောဂါများ ဖြစ်လာကြပြီး ဆေးရုံတက်ခွဲနေကြသူတွေ မနည်းပါဘူး။

အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုတဲ့စကားအတိုင်း ကျောက်ကပ်အတွက် အကောင်းဆုံးဟင်းတစ်ခွက်ကို ညွန်ပေးလိုက်ရပါတယ်။

လူသားအားလုံး ကျန်းမာချမ်းသာကြပါစေ။

Credit.....စောနွဲ့နေဆိုင် (ပူတာအို)

မျောက်ကျောက် (Monkeypox) ရောဂါလက္ခဏာများ  မျောက်ကျောက်ရောဂါကူးစက်ပြန့်ပွားချိန်က (၆) ရက်မှ (၁၃) ရက်ဖြစ်ပြီး (၂၁) ရက်ထိအေ...
30/05/2022

မျောက်ကျောက် (Monkeypox) ရောဂါလက္ခဏာများ

မျောက်ကျောက်ရောဂါကူးစက်ပြန့်ပွားချိန်က (၆) ရက်မှ (၁၃) ရက်ဖြစ်ပြီး (၂၁) ရက်ထိအောင် ကြာမြင့်နိုင်ပါတယ်။
ရောဂါကူးစက်ချိန်ကို အချိန်ကာလာနှစ်ခု ပိုင်းခြားထားနိုင်ပါတယ်။

ပထမဆုံး (၅) ရက်အတွင်းမှာ
ဖျားခြင်း၊
ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊
ပြန်ရည်အိတ် (lymph nodes)များ ရောင်ရမ်းခြင်း၊
ခါးနာခြင်း၊
ကြွက်သားများနာကျင်ကိုက်ခဲခြင်းနှင့် အားအင်ချိနဲ့ခြင်း
စသည်တို့ ခံစားရနိုင်ပါတယ်။
ပြန်ရည်အိတ် (lymph nodes) များ ရောင်ရမ်းလာခြင်းက အခြားသော ရေကျောက်၊ ဝက်သက်စသည့်ရောဂါများနှင့်
မတူ ကွဲပြားသည့် အချက်ဖြစ်ပါတယ်။

ဖျားပြီး (၁) ရက်ကနေ (၃) ရက်အတွင်းမှာ
အရေပြားပေါ်မှာ အဖုတွေ စတင်ပေါ်ပေါက်လာပါတယ်။
အနီစက်များဟာ ခန္ဓာကိုယ်ပေါ်ထက် မျက်နှာနှင့် ခြေလက်
များပေါ်မှာ ပိုပေါက်လာပါတယ်။
အနီစက်များဟာ အရည်ကြည်များ၊ ပြည်များပါဝင်ပါတယ်။
အနာတွေက အရေအတွက် အနည်းငယ်ကနေ
ထောင်ပေါင်းများစွာအထိ ဖြစ်နိုင်ပါတယ်။ အနာများဟာ
တစ်ခုနှင့်တစ်ခုပေါင်းစပ်သွားပြီးနောက် အရေပြားတွေဟာ
ကွာကျလာနိုင်ပါတယ်။

မျောက်ကျောက်ရောဂါဟာ ကိုယ်ခံအားကျဆင်းသူတွေမှာ ဆိုးရွားတဲ့ ရလဒ်တွေ ဖြစ်လာနိုင်ပါတယ်။
ကျောက်ကြီးရောဂါကာကွယ်ဆေးများဟာ ယခင်က ကာကွယ်ပေးနိုင်သော်လည်း ယခုအခါမှာတော့ အသက် (၄၀) နှင့် (၅၀) နှစ်အောက် ငယ်ရွယ်သူများမှာ ပိုအဖြစ်များပါတယ်။

မျောက်ကျောက်ရောဂါနောက်ဆက်တွဲအနေဖြင့်
အဆုတ်ရောင်ရောဂါ၊
ပိုးဝင်ခြင်း၊
ဦးနှောက်ရောင်ရောဂါ၊
မျက်ကြည်လွှာပိုးဝင်ခြင်း စသည်တို့ ဖြစ်လာနိုင်ပါတယ်။

ရောဂါလက္ခဏာမပေါ်သည့် ပိုးဝင်ခြင်းများ ရှိလားဆိုတာကိုတော့ မသိရသေးပါဘူး။မျောက်ကျောက်ရောဂါကြောင့် သေဆုံးနှုန်းဟာ ကလေးငယ်တွေကြားမှာ ပိုမြင့်မားပါတယ်။ မကြာသေးခင်ကအထိတော့ (၃) ရာခိုင်နှုန်းကနေ (၆) ရာခိုင်နှုန်းအထိ ရှိပါတယ်။

ကျောက်ကြီးရောဂါကာကွယ်ဆေးဟာ မျောက်ကျောက်ရောဂါကို (၈၅) ရာခိုင်နှုန်း အထိ ကာကွယ်နိုင်ပါတယ်။ ယခင် ကာကွယ်ဆေးထိုးနှံထားသည့် အမှတ်အသားကတော့ လက်မောင်းပေါ်မှာ အမာရွတ်သေးသေးလေးကို တွေ့နိုင်ပါတယ်။ လက်ရှိမှာတော့ မူလကျောက်ကြီးကာကွယ်ဆေးများဟာ နောက်ထပ်မရနိုင်တော့ပါဘူး။ ကျောက်ကြီးရောဂါနှင့် မျောက်ကျောက်ရောဂါ ကာကွယ်ဆေးများကိုတော့ ဆက်လက်လုပ်ဆောင်နေပါတယ်။

ကြိုတင်ကာကွယ်ခြင်း
မျောက်ကျောက်ရောဂါနှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်မှုများ၊ ကြိုတင်ကာကွယ်ဖို့ ကာကွယ်ဆေးများ စသည့် လေ့လာမှုများကို ပြုလုပ်နေပါပြီ။ တစ်ချို့သော နိုင်ငံများမှာ ကျန်းမာရေးဝန်ထမ်းများ၊ ဓာတ်ခွဲခန်းဝန်ထမ်းများ၊ ကယ်ဆယ်ရေးဝန်ထမ်းများကဲ့သို့ ကူးစက်မှုအန္တရာယ်များတဲ့သူတွေကို ကာကွယ်ဆေးများ ထိုးနှံပေးနေပါပြီ။

လူအချင်းချင်းကူးစက်မှုကို လျှော့ချနိုင်စေရန်
မျောက်ကျောက်ရောဂါဖြစ်ပွားလာလျှင် ရောဂါပိုးရှိသူနှင့်
အနီးကပ်မနေပါနှင့်။

ကျန်းမာရေးဝန်ထမ်းများဟာ ကူးစက်ခံရနိုင်ချေ ပိုများပါတယ်။

ယခင်က ကျောက်ကြီးရောဂါ ကာကွယ်ဆေးထိုးနှံသူများသာလျှင် လူနာကို စောင့်ရှောက်သင့်ပါတယ်။

ကူးစက်မှု ဖြစ်နိုင်ချေရှိသည့် အရာအားလုံးကို သေချာစောင့်ကြည့်နေဖို့ အရေးကြီးပါတယ်။

တိရစ္ဆာန်မှတဆင့် လူကို ကူးစက်နိုင်ချေ လျှော့ချခြင်း
တောရိုင်းတိရစ္ဆာန်များနှင့် ထိတွေ့ခြင်းကို ရှောင်ကြဉ်ရန်။

ဖျားနာနေသော သို့မဟုတ် သေဆုံးပြီးသော အကောင်များ
ကို ကိုင်တွယ်ခြင်း ကို ရှောင်ကြဉ်ရန်။

အသားများအားလုံး မကျက်တကျက် စားသုံးခြင်းကို
ရှောင်ကြဉ်ရပါမယ်။

အသားတွေကို အစာမစားခင်မှာ သေချာကျက်အောင် ချက်ပြုတ်ပါ။

မျောက်ကျောက်ရောဂါနှင့် ကျောက်ကြီးရောဂါအကြား ဆက်စပ်မှုများကျောက်ကြီးရောဂါဟာ အလွယ်တကူကူးစက်နိုင်ပြီး လူနာသေဆုံးနှုန်းက (၃၀) ရာခိုင်နှုန်းထိ ရှိပါတယ်။ (၁၉၈၀) မှာ ကျောက်ကြီးရောဂါကို အမြစ်ဖျက်ချေမှုန်း နိုင်ပြီဟု ကြေညာထားပါတယ်။ ယခုအခါမှာ ကျောက်ကြီးရောဂါကာကွယ်ဆေး မထိုးထားသည့်နေရာများမှာ မျောက်ကျောက်ရောဂါပိုး ကူးစက်မှု ဖြစ်နိုင်ချေ ပိုများပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်အနေဖြင့် မျောက်ကျောက်ရောဂါဖြစ်ပွားနိုင်သည့် နိုင်ငံများမှာ ကြိုတင်ပြင်ဆင်မှုများနှင့် တုံ့ပြန်မှုများနှင့် စောင့်ကြည့်နေမှုများကို ကူညီဆောင်ရွက်ပေးနေပါတယ်။ နောက်ထပ် အကြောင်းအရာများကိုလည်း ဆက်လက်ဖော်ပြပေးသွားပါမယ်။

Source WHO
Credit OSC_Hospital

29/04/2022

ူရသွားပါပြီရှင့်
YGN ကြည့်မြင့်တိုင်မြို့နယ် အတွက် Famale NA တစ်ယောက် ဆတ်သွယ်ပေးပါ လေဖြတ်လူနာအတွက်ပါ night only ပါ နေစရာပေးပါတယ် ကို့ပါကိုစားရပါမယ်ရှင့် fees 11000 ပါ
အမှန်တကယ်လုပ်နိုင်သူသာ ဆတ်သွယ်ပေးပါ long case မို့ပါ

ဝန်ဆောင်ခပေးရပါမယ်ရှင့်
09774377374

29/04/2022

မကွေးမြို့ပေါ်မှ ဆရာမလေးတစ်ယောက်လောက်လိုချင်ပါတယ် အချိန်ပိုင်းဆေးသွင်းဖို့အတွက်ပါ 😊
cv ကို page massenger မှတစ်ဆင့် ပို့ပေးပါရှင့် 😊

Address

Mandalay
YANDANARBONUNIVERSARY

Telephone

+959774377374

Website

Alerts

Be the first to know and let us send you an email when Florence Nightingale posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Florence Nightingale:

Share