Hanuman တိုင်းရင်းဆေးကပ်ခွာ

Hanuman တိုင်းရင်းဆေးကပ်ခွာ ဟန်နုမာန် တိုင်းရင်းဆေး လက်လီလက်ကား
မှာယူနိုင်ပါတယ် 09962173085/09694766115

" Breath In " ရှူဆေးကို ရှူလိုက်တိုင်း နှလုံး‌ထဲထိ လန်းဆန်းပေါ့ပါးစေတဲ့အကြောင်းရင်းကတော့ ဒီပါဝင်ပစ္စည်းတွေကြောင့်ပါရှင် ...
07/02/2026

" Breath In " ရှူဆေးကို ရှူလိုက်တိုင်း နှလုံး‌ထဲထိ လန်းဆန်းပေါ့ပါးစေတဲ့အကြောင်းရင်းကတော့ ဒီပါဝင်ပစ္စည်းတွေကြောင့်ပါရှင် ...🍃

1. Lovage Root (တရုတ်နံနံပင် အမြစ်)
- နာကျင်မှု လျှော့ချပေးတယ်
- သွေးခဲမှုကို လျှော့ချပေးတယ်
- သွေးကြောများကျယ်စေပြီး နှလုံးနှင့် ဦးနှောက်သွေးစီးဆင်းမှု ကောင်းစေတယ်
- နှလုံးသွေးလည်ပတ်မှုစနစ်အတွက် ကုသရာမှာလည်း အသုံးပြုတယ်
- အမျိုးသမီးများအတွက် သားအိမ်နှင့်ပတ်သက်သောပြဿနာများကုသရာမှာလည်း အသုံးပြုတယ်

2. leaf (ကရဝေးရွက်)
- အစာချေစနစ်အတွက် ကောင်းစေတယ်
- အသက်ရှူလမ်းကြောင်းအတွက် အထူးကောင်းမွန်တယ်
- ရောင်ရမ်းမှုတွေ လျှော့ချပေးတယ်
- နှလုံးကျန်းမာရေးအတွက် အထူးကောင်းမွန်တယ်
- စိတ်ဖိစီးမှုနဲ့ စိတ်လှုပ်ရှားရင်တုန်ခြင်းများ လျှော့ချပေးတယ်

3. (လေးညှင်းပွင့်)
- စိတ်ဖိစီးမှု လျှော့ချပေးတယ်
- အစာကြေစေတယ်
- အသက်ရှူလမ်းကြောင်းတွက် ကောင်းမွန်တယ်
- လေထိုးလေအောင့်ကို သက်သာစေတယ်
- နှာစေး နှာမွန်ခြင်းများ လျှော့ချပေးတယ်

4. (ဖာလာစေ့ )
- ဦးနှောက်ကျန်းမာရေးတွက် ကောင်းမွန်တယ်
- အသည်းကျန်းမာရေးတွက် ကောင်းမွန်တယ်
- ရောင်ရမ်းမှုများ လျှော့ချပေးတယ်
- ပန်းနာရင်ကြပ်ခြင်းတွက် ကောင်းမွန်တယ်
- အသက်ရှူလမ်းကြောင်းကို သန့်စင်လန်းဆန်းစေတယ်

5. Pepper (ငရုတ်ကောင်း)
- ရောင်ရမ်းခြင်းတွေ လျှော့ချပေးတယ်
- ပန်းနာရင်ကြပ်ဖြစ်ခြင်းတွေ လျှော့ချပေးတယ်
- နှာပိတ် ၊ နှာမွန်ခြင်းတွက်လည်း အထူးကောင်းမွန်တယ်
- စိတ်ရှုပ်ခြင်း စိတ်ဖိစီးခြင်းများကိုလျှော့ချပေးတယ်

6. (ဇာတိပ္ပိုလ်ပွင့်)
- အအေးမိခြင်း ချောင်းဆိုးခြင်းတွက် တိုင်းရင်းဆေးမှာ တွင်ကျယ်စွာအသုံးပြုတယ်
- အသက်ရှူလမ်းကြောင်းအတွက် အထူးအထူးကောင်းမွန်တယ်
- စိတ်ကြည်လင် လန်းဆန်းစေတယ်
- ခံတွင်းကျန်းမာရေးလည်း ကောင်းမွန်စေတယ်

7. (ဇာတိပ္ပိုလ်သီး)
- ခံတွင်းနံ့ဆိုးခြင်းများ ဖယ်ရှားပေးတယ်
- စိတ်ကစဥ့်ကလျားဖြစ်ခြင်းများ လျှော့ချပေးတယ်
- နှာစေး အအေးမိခြင်းများ သက်သာစေတယ်
- နှလုံးကျန်းမာရေး ကောင်းမွန်စေတယ်
- အသည်းများကို အဆိပ်အတောက်များကူစစ်ထုတ်ပေးတယ်

8. Anise (နာနတ်ပွင့်)
- အစာချေစနစ်ကို ကောင်းမွန်စေတယ်
- သားအိမ်ညစ်အားဖြစ်ခြင်းကို လျှော့ချပေးတယ်
- အအေးမိခြင်းနဲ့ နှာရည်ယိုခြင်းများကို သက်သာစေတယ်
- ခန္ဓာကိုယ်တွက်ရော စိတ်ပိုင်းဆိုင်ရာတွက်ပါအထူးကောင်းမွန်စေတယ်

9. (စပါးလင်)
- အသက်ရှူလမ်းကြောင်း ကျန်းမာစေတယ်
- အသည်းပျက်စီးခြင်းကို ကာကွယ်ပေးတယ်
- နာကျင်ရောင်ရမ်းခြင်းများ လျှော့ချပေးတယ်
- ဖျားနာခြင်းများ လျှော့ချပေးတယ်

10. (ယူကလစ်ပင်)
- အသက်ရှူကြပ်ခြင်းများ လျှော့ချပေးတယ်
- စိတ်ဖိစီးမှုများ လျှော့ချပေးတယ်
- ခံတွင်းကျန်းမာရေး ကောင်းစေတယ်
- ချောင်းဆိုးခြင်း သလိပ်ကပ်ခြင်းများ လျှော့ချပေးတယ်

11. (ခါမိုမိုင်း ပန်း)
- ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းများ သက်သာစေတယ်
- ညဘက်အိပ်မပျော်ခြင်းများ လျှော့ချပေးတယ်
- စိတ်ကြည်လင်လန်းဆန်းစေတယ်
- စိတ်ဖိစီးမှုများ လျှော့ချပေးတယ်
- လေထိုးလေအောင့်ခြင်းများ သက်သာစေတယ်

12. Orange Peel (လိမ္မော်ခွံ)
- အစာချေစနစ်ကောင်းမွန်စေတယ်
- ဝမ်းချုပ်ခြင်းများ လျှော့ချပေးတယ်
- ဝမ်းကိုက်ခြင်းများ သက်သာစေတယ်
- စိတ်ဖိစီးမှုနှင့် ဝက်သက်ရောဂါ ကုသရာမှာလည်းအသုံးပြုတယ်

13. Ginger (ကွမ်းစား ဂမုန်း)
- ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းများ သက်သာစေတယ်
- လေထိုး၍ ဗိုက်နာခြင်းများ သက်သာစေတယ်
- ကိုယ်ခံအားစနစ်အတွက် ကောင်းမွန်တယ်
- ကြွက်သားနာကျင်မှုများ လျှော့ချပေးတယ်

14. , 15. , 16. (ပရုတ်)
- အကိုက်ခဲ သက်သာစေတယ်
- နှာချေခြင်းများ လျှော့ချပေးတယ်
- နှာခေါင်းအတွင်းရောင်ရမ်းမှုများ သက်သာစေတယ်
- ပျို့ခြင်း အန်ခြင်း နှင့် မူးဝေခြင်းများကိုသက်သာစေတယ်

17. La Waeng (ဝက်သစ်ကြံပိုးခေါက်)
- ဗိုက်နာခြင်းကိုစက်သာစေတယ်
- အအေးမိခြင်းများ လျှော့ချပေးတယ်
- ဒူလာ သက်သာစေတယ်
- ပြုတ်ကျဒဏ်ရာများကို သက်သာစေတယ်
- ရာသီအောင့်ခြင်းများ ကောင်းမွန်စေတယ်




 #ဒူးနာသုံးစွဲသူကိုယ်တိုင်ပြောလာတဲ့ Hanuman ဆေးကပ်ခွာ review ဒီထဲက သတိပြုစရာ အချက်လေးပြောပြမယ်နော်-နေ့ဘက်ကပ်ရင် လှုပ်ရှာ...
20/01/2026

#ဒူးနာ

သုံးစွဲသူကိုယ်တိုင်ပြောလာတဲ့ Hanuman ဆေးကပ်ခွာ review

ဒီထဲက သတိပြုစရာ အချက်လေးပြောပြမယ်နော်

-နေ့ဘက်ကပ်ရင် လှုပ်ရှားမှုကြောင့် ကွာကျတက်လို့ ညဘက်ကပ်ရပါမယ်

-ပလာစတာက လုံးဝ မပူတဲ့အတွက် ဒူးစွပ် ထပ်စွပ်လည်း အဆင်ပြေပါတယ်

-ပြင်ပကနေ ဝေဒနာ ကို ကုသတာ ဖြစ်တဲ့အတွက် အာနိသင် ‌ထိရောက်မှု နှေးပါတယ်။ဒါကြောင့် အချိန်တစ်ခု စွဲသုံးပေးဖို့ လိုအပ်ပါတယ်



ဆေးရဲ့ အာနိသင် ထိရောက်မှုကို သေချာလေး ပြောပြတဲ့ အဖွားကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်🙏🙏🙏

 #ဟန်နုမာန်ဆေးကပ်ခွာကပ်လိုက်ရင်တောင့်တင်းနာကျင်နေတဲ့ကြွက်သားတွေပြေ‌လျော့သက်သာနေစေတာဟာ.........--------------------------...
19/01/2026

#ဟန်နုမာန်ဆေးကပ်ခွာကပ်လိုက်ရင်တောင့်တင်းနာကျင်နေတဲ့ကြွက်သားတွေပြေ‌လျော့သက်သာနေစေတာဟာ.........

--------------------------------------------------------------------------------

်စမူနာဂျင်း နဲ့ သစ်ကြံပိုးခေါက်လို့ခေါ်တဲ့ ရှေးခေတ်တိုင်းရင်းဆေးဘက်ဝင်အပင်များပါဝင်ထားတာကြောင့်ပါ ။

#သစ်ကြံပိုးခေါက်သည် ရှေးအကျဆုံး ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်ပြီး အစားအသောက်များနှင့် ဆေးဖက်ဝင် ပစ္စည်းအဖြစ် အသုံးပြုကြသည်။

ဒါ့အပြင် သစ်ကြံပိုးခေါက် အဆီနှင့် ပျားရည်အင်ဇိုင်းများ ပေါင်းစပ်၍ ဖြစ်ပေါ်လာသော ဟိုဒ်ဒရိုဂျင် ပါအောက်ဆိုဒ်သည် အဏုကြည့် ကိရိယာဖြင့် ကြည့်မှသာမြင်နိုင်သည့် ဘက်တီးရီးယားပိုးများနှင့် မှိုများကို ပေါက်ဖွားခြင်းမှ ကာကွယ်ပေးနိုင်ခြင်းကြောင့် ရှေးယခင်က လူသေအလောင်းများ မပုတ်မသိုးအောင် ဆေးစီရင်ရာတွင် လည်းကောင်း အစားအသောက်များ ကြာရှည်ခံစေရန် ပြုလုပ်ရာတို့တွင် လည်းကောင်း အသုံးပြုခဲ့ကြသည်။ 😱😱

သစ်ကြံပိုးခေါက် က ရရှိနိုင်သည့် ကျန်းမာရေး အကျိုးကျေးဇူးတွေက👇👇👇

✔အဆစ်ရောင်နာ
✔အအေးမိခြင်းကို သက်သာစေခြင်း
✔အနွေးဓါတ်ပေးနိုင်ခြင်း
✔အစာမကြေဖြစ်ခြင်းကို ကုသနိုင်ခြင်း
✔ကိုယ်အလေးချိန်လျော့ချနိုင်ခြင်း
✔အိပ်မပျော်ခြင်းကို လျော့ချပေးနိုင်ခြင်း

ေါ် ကက်စမူနာဂျင်း

Cassumunar Ginger ကဘာလဲမေးရင်....
သူဟာ ဂျင်းမျိုးနွယ်တစ်ခုအပါအဝင်ဖြစ်ပေမဲ့ တခြားဂျင်းတွေနဲ့ မတူညီတဲ့ပိုင်ဆိုင်မှုတွေအပြင် ပိုပြီးပြီးထူးခြားတဲ့လုပ်ဆောင်ချက်တွေရှိပါတယ်။

Cassumunar Ginger ရဲ့ကုထုံးညွှန်းကိန်းနဲ့ လူမျိုးစုသုံးတဲ့ ကုထုံးမှာ ဓာတ်တိုးဆန့်ကျင်ရေး၊ ဘတ်တီးရီးယားဆန့်ကျင်ရေး၊ အန်နယ်ဂေးရှင်း၊ ချောမွေ့တဲ့ကြွက်သားသက်သာစေရေး ဓာတ်တိုးဆန့်ကျင်ရေး (သဘာဝအတိုင်း) လုပ်ဆောင်ချက်များ ပါဝင်ပါတယ်။

အဲဒီအရည်အသွေးကြောင့် Cassamunar Ginger ကို ထိုင်း Spa အတွက် ဝက်ခြံ၊ anti-wrinkle ၊ အသားအရေညီညာစေတဲ့ ကုသမှုကောင်းဖြစ်စေပါတယ်။

ဒါ့အပြင် ကြွက်သားနာကျင်ကိုက်ခဲမှုတွက်၊ထုံကျင်ခြင်း၊အအေးမိခြင်းတွက် တွင်ကျယ်စွာအသုံးပြုကြပါတယ်။

ဒီလိုရှေးရိုးဆေးဘက်၀င်အပင်ကို ထည့်သွင်းပေးထားတာမို့ #ဟန်နုမာန်ဆေးကပ်ခွာကပ်တိုင်းကိုက်ခဲမှုကို သိသိသာသာသက်သာနေစေခြင်းဖြစ်ပါတယ်။



13/01/2026

မနက်ခင်း အိပ်ယာထဆေးကပ်ခွာ ခွာလိုက်တဲ့အချိန် အရည်မဲတေ အများကြီးထွက်တဲ့အခါပေါ့ပါးပြီး နေလို့ ကောင်းတဲ့ ခံစားချက်က ဆေးကပ်ခွ...
07/01/2026

မနက်ခင်း အိပ်ယာထ

ဆေးကပ်ခွာ ခွာလိုက်တဲ့အချိန် အရည်မဲတေ အများကြီးထွက်တဲ့အခါ

ပေါ့ပါးပြီး နေလို့ ကောင်းတဲ့ ခံစားချက်က ဆေးကပ်ခွာ သုံးဖူးတဲ့သူမှ သိတာနော်😛

လူကြီးတွေအတွက် နှစ်သစ်လက်ဆောင်လား !? ထွေထူး ရှာစရာကိုမလိုပါ “ ဟာနုမာန် ” လေးသာ ဆောင်ပေးထားလိုက် လုံးဝ အသုံးတည့်ပြီး အကြိ...
06/01/2026

လူကြီးတွေအတွက် နှစ်သစ်လက်ဆောင်လား !?
ထွေထူး ရှာစရာကိုမလိုပါ “ ဟာနုမာန် ” လေးသာ
ဆောင်ပေးထားလိုက်

လုံးဝ အသုံးတည့်ပြီး အကြိုက်တွေ့စေရမယ်လို့ အ
ပြည့်အဝ ပြောရဲတယ်ရှင် 🤩

🍀 ဖလိုင် ခေါ် ကက်စမူနာဂျင်း - ဂျင်းမျိုးနွယ်တစ်ခုဖြစ်ပေမဲ့ သာမန်ဂျင်းလိုမဟုတ်ဘဲ ထူးခြားတဲ့ လုပ်ဆောင်ချက်နဲ့ အာနိသင်ပိုပါတယ်။သူဟာ ကြွက်သားတွေ တင်းမာယောင်းရမ်းမှုကိုပြေလျော့စေပြီး ထုံကျင်မှုတွေပါသက်သာစေပါတယ်။

🍀 စီနမွန် ခေါ် သစ်ကြံပိုးခေါက် - တိုင်းရင်းဆေးအနေနဲ့သာမက ဟင်းခပ်အမွှေးကြိုင်အဖြစ်လည်းအသုံးပြုကြပါတယ်။သူ့ရဲ့အာနိသင်တွေဟာ ခန္ဓာကိုယ်အဆစ်အမြစ်ကိုက်ခဲခြင်း၊အစာမကြေခြင်း၊အိပ်မပျော်ခြင်း၊အပေးမိခြင်းတွေကုသရာမှာလည်း အသုံးပြုပါတယ်

🍀 ပူစီနံရွက် - သူ့ရဲ့ အသုံးပြုမှုနဲ့အာနိသင်တွေကိုလူတွေအများစုသိမယ်လို့ယုံပါတယ်။အစာကြေလွယ်စေခြင်း၊ခံတွင်းကျန်းမာရေးတွက်ကောင်းခြင်း၊အာရုံကြောတွက်ကောင်းခြင်း၊အသက်ရှူလမ်းကြောင်းတွက်ကောင်းခြင်း၊ချွဲသလိပ်နဲ့ချောင်းဆိုးခြင်းတွက်လည်းအထူးကောင်းမွန်စေပါတယ်။

🍀 ဝါးမီးသွေး - သူ့ရဲ့အသုံးပြုမှုနဲ့ အာနိသင်ဟာလည်းပဲတကယ့်ကိုအံဩစရာကောင်းလွန်းပါတယ်(အစက ကိုယ်တောင်တကယ်မသိခဲ့ပါ) skin care ,comsetic ,shampoo,shower တွေမှာတောင်ထည့်သွင်းထုတ်လုပ်ကြပါတယ်။သူက အနုတ်လက္ခဏာဆောင်တဲ့ ဓာတ်ပေါင်းရှိတဲ့တွက် အိုမင်းခြင်းကိုလျော့ချပေးတယ်။အပေါင်းလက္ခဏာကြောင့်ဖြစ်တဲ့ ထုံထိုင်းမှုတွေကို လျော့ချပေးပါတယ်။(လျှပ်စစ်ပစ္စည်းတွေကနေလာခြင်းများပါတယ် အပေါင်းလက္ခဏာများဟာ)

🍀 ကြက်သွန်နီ - သူ့ရဲ့အသုံးပြုမှုနဲ့ အာနိသင်ဟာ အနွေးဓာတ်ကိုဆောင်ပေးခြင်း၊သွေးလည်ပတ်မှုကောင်းစေခြင်း၊အအေးမိခြင်းများကိုလျော့ချပေးခြင်းတွေရှိတဲ့တွက် တိုင်းရင်းဆေးအများစုမှာတွေ့ရှိရပါတယ်

ဇက်ကျီးပေါင်းသမားများသက်သာမှုမြန်စေဖို့ လိုက်နာရမည့် ဆောင်ရန် ✅ ရှောင်ရန်များ ‼️ ကိုယ်အော ဘယ်အချက်တွေ လုပ်မိနေသေးလဲ ဆန်း...
02/01/2026

ဇက်ကျီးပေါင်းသမားများသက်သာမှုမြန်စေဖို့
လိုက်နာရမည့် ဆောင်ရန် ✅ ရှောင်ရန်များ ‼️

ကိုယ်အော ဘယ်အချက်တွေ လုပ်မိနေသေးလဲ ဆန်းစစ်ကြမယ်နော် ‼️

❄️ ဆောင်းဥတုမှာ ကျန်းမာစွာ နေထိုင်နည်းများ ❄️******t*******h*******u*******r*******a*******✍️ ကြည်လွင်မြင့် (မုဒြာ)30.11...
27/12/2025

❄️ ဆောင်းဥတုမှာ ကျန်းမာစွာ နေထိုင်နည်းများ ❄️
******t*******h*******u*******r*******a*******
✍️ ကြည်လွင်မြင့် (မုဒြာ)
30.11.2017

ရှေးက လူကြီးများသည် ဥတုအလိုက် ဓာတ်စာစားခြင်းဖြင့် အသက်ရှည်ကြသည်။ ဒေသနာနယ ဆေးပညာဟုခေါ်သည့် ဗုဒ္ဓစာပေကျမ်းဂန်လာ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော ဓာတ်ကြီးလေးပါးကို အ ခြေခံသည့် ဆေးပညာတွင်လည်း လူတို့ခန္ဓာကိုယ်သို့ ရောဂါရောက်ကြောင်း လေးပါးမှာ ကံ၊ စိတ်၊ ဥတု၊ အာ ဟာရဟု ဆိုထားခြင်းကြောင့် ဥတုကြောင့်ဖြစ်သော ရောဂါရှိနိုင်သည်။ ဥတုနှင့်သင့်လျော်သော အစားအ သောက်၊ အနေအထိုင်၊ အပြုအမူကို ပြုရမည်။ မပြုလျှင် ရောဂါရမည်ဟု သိထားသင့်ပေသည်

ဆောင်းဥတုသည် အေးသောချမ်းသော ရာသီဥတု ဖြစ်သည်။ အေးသည်ဆိုခြင်းမှာ ခန္ဓာကိုယ်ပြင်ပ အသားအရေတွင် အေးခြင်းဖြစ်သည်။ ချွေးမထွက်ရသဖြင့် ခန္ဓာကိုယ်တွင်းမှ အပူတို့သည် အပြင်သို့ မထွက် နိုင်၊ အတွင်းတွင် အပူငုပ်နေသည်။ ထိုအောင်းနေသော အပူကို အပြင်သို့ထွက်စေရန်၊ ပွင့်စေရန် တစ်နည်း အားဖြင့် အခိုးပွင့်စေရန် ဓာတ်စာများကို စားရမည်ဟု ရှေးကဓာတ်စာဖြင့် ကုသည့် သမားတော်ကြီးများက အမိန့်ရှိခဲ့ကြသည်။ အချို့ဆေးဆရာ သမားတော်ကြီးများကလည်း ဝမ်းတွင်းမှာ အပူအကျဉ်းကျနေသည်ဟု ယူဆပြီး အပူကိုအေးအောင် ဆေးဝါး သို့မဟုတ် ဓာတ်စာပေးပြီးလျှင် အောက်သို့သက်စေသော ဝမ်းမှန်၊ လေသက် ဆီးသက်စေသော အစာကို ပေးရမည်ဟုဆိုသည်။

♦️ထို့ကြောင့် ဆောင်းဥတုတွင် စားသင့်သော
အစားအစာများမှာ-♦️
+++++t+++++h+++++u+++++r+++++a+++++

၁။ အတွင်းမှာ ငုပ်နေသော အပူကို အေးစေရမည်။
၂။ အခိုးအာကာသ ပွင့်စေသော အစာဖြစ်ရမည်။
၃။ ဆီး၊ ဝမ်း၊ လေ သက်စေသော အစာမျိုးဖြစ်ရမည်။

ထိုကဲ့သို့ အစားအစာမျိုးကို ရွေးချယ် စားသုံးသောသူသည် ရောဂါဘယ ကင်းဝေး၍ ကျန်းမာသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ကာ မိမိအကျိုး၊ မိသားစုအကျိုး၊ လူအများအကျိုး၊ တိုင်းပြည်အကျိုးအထိ သယ်ပိုးနိုင် လိမ့်မည် ဖြစ်သည်။ “အာရောဂျံ ပရမံလာဘံ” ကျန်းမာခြင်းသည် လဘ်ကြီးတစ်ပါးဟု ဘုရားဟောရှိသည် နှင့်အညီ ဖြစ်ပေလိမ့်မည်။

လူတို့စားသောက်သော အားအစာများစွာ ရှိသည်။ ထိုအစားအစာများကို အရသာအားဖြင့် ခွဲခြားရ လျှင် ရသာခြောက်ပါး၊ အရသာခြောက်မျိုး ရှိသည်ကို တွေ့ရသည်။ ထိုအရသာများမှာ အချို၊ အချဉ်၊ အငန်၊ အစပ်၊ အခါး၊ အဖန်အရသာတို့ ဖြစ်သည်။ အစားအသောက် စားသောက်ရာတွင် ရသာခြောက်ပါး စုံအောင် စားရမည်ဟု ဆိုသည်။ သို့သော် ဥတုအလိုက် ပို၍ စားသင့်သော အရသာလည်း ရှိသည်။

ကျန်းမာရေးရှု ထောင့်မှ ဆောင်းရာသီတွင် ပို၍စားရမည့် အရသာမှာ “အချဉ်” အရသာဖြစ်သည်။

အချဉ်အရသာသည် စားလိုက်သည်နှင့် လျှာပေါ်တွင် အပွင့်ဓာတ် အရသာပေါ်စေပြီး ဆက်ပြီး စား ချင်သောက်ချင်စိတ် ဖြစ်ပေါ်စေသည်။ ခံတွင်း မကောင်းသူသည် ထမင်းပွဲတွင် ထမင်းမစားမီ ချဉ်ရည်ဟင်း ကလေးကို အလျင်သောက်လိုက်ပါက ထမင်းစားချင်စိတ် ချက်ချင်း ဖြစ်ပေါ်လာသည်ကို တွေ့ရသည်။
အ ချဉ်၏ သတ္တိသည် အပွင့်သတ္တိ ဖြစ်သည်။

♦️ဆောင်းဥတုတွင် သင့်လျော်သောဓာတ်စာ
အစားအစားများမှာ♦️
+++++t+++++h+++++u+++++r+++++a+++++

၁။ မန်ကျည်းရွက်၊ ကင်မွန်းချဉ်ရွက်၊ မုန်ညင်းရွက်ချဉ်ရည်ဟင်း။

၂။ ရှောက်သီးသုပ်၊ မုန်လာချဉ်သုပ်၊ ခံတက်ချဉ်သုပ်၊ နှမ်းဖက်ချဉ်သုပ်။

၃။ ဒန့်သလွန်သီး၊ ခရမ်းသီး၊ ကုလားပဲ၊ အာလူး မန်ကျည်းမှည့်၏ အရည်နှင့် ချက်သည့် ကုလားဟင်း။

၄။ ငါးခူ၊ ငါးကြင်း၊ ငါးဖယ်အသားခြစ်၊ နှမ်းဆီနှင့်ကြော်၍ မန်ကျည်းမှည့်အရည်နှင့် ပြန်ချက်သောဟင်း။

၅။ ငါးပြေမ၊ ငါးရံ့ပေါက်၊ ငါးနုသန်း၊ စောင်းလျားသီး၊ ဆီးဖြူသီးတို့နှင့် ရောချက်သော ဟင်းတို့ဖြစ် သည်။

♦️ဆောင်းဥတုနှင့် သင့်တော်သောဆီ♦️
+++t+++++h+++++u+++++r+++++a+++

လူတို့ အသုံးပြုကြသော ဆီအမျိုးမျိုး ရှိသည်။ ဆီသည် အသီးအနှံတို့၏ အစေ့အဆန်မှ ကြိတ်၍ရ သော အဆီနှင့်တိရ စ္ဆာန်မှထွက်သော အဆီဟူ၍ နှစ်မျိုးရှိသည်။
ထိုဆီနှစ်မျိုးလုံး စားသုံး၍ရသည် မှန်သော် လည်း ကျန်းမာရေးရှုထောင့်မှ ကြည့်လျှင် တိရ စ္ဆာန်မှ ထွက်သော အဆီများသည် စားသုံးရန်မသင့်သည်ကို တွေ့ရသည်။

အထူးသဖြင့် ဝက်ဆီ၊ အမဲဆီများ စားသုံးမှုကြောင့် နှလုံးသွေးကြောကျဉ်း ရောဂါနှင့် အဆီ ပိတ်ရောဂါများ ဖြစ်ကြရသည်။

အသီးအနှံများ၏ အစေ့၊ အဆန်မှ ကြိတ်၍ရသော ဆီများမှာ လူတို့စားသုံးရန် သင့်လျော်သည်။ အ နယ်နယ်အရပ်ရပ်တွင် အစားအများဆုံးသော ဆီမှာမြေပဲဆီနှင့် နှမ်းဆီတို့ဖြစ်သည်။

အခြားစားသုံးနိုင်သော ဆီအမျိုးအစားများစွာ ရှိသေးသည်။ ဆီများမှာ မုန်ညင်းဆီ၊ အုန်းဆီ၊ ဆူးပန်းစေ့ဆီ၊ ကြက်ဆူဆီ၊ မည်စည် ဆီ၊ ကလိန်ဆီ၊ ရှမ်းနှမ်းဆီ၊ ပဲပိစပ်ဆီ၊ ဟင်းရွက်ဆီ၊ နေကြာဆီ၊ အောင်မဲဖြူစေ့ဆီ၊ အောင်မဲညိုစေ့ဆီ၊ သင်း ဝင်ဆီ၊ လွန်ဆီ၊ သံလွင်ဆီ၊ တမာဆီ၊ လက်ခုပ်ဆီနှင့် လျော်ဆီ စသည်ဖြင့် ဆီမျိုးများစွာ တွေ့ရသည်။

ဆောင်းဥတုသည် ပြင်ပတွင် အေးသဖြင့် ချွေးမထွက်၊ ကိုယ်တွင်းတွင် အပူအောင်း အပူငုပ်သော ရာသီဖြစ်သည်။ အပူငုပ်သောသူသည် ဆီစားမှားလျှင် အပူအထက်ကန်၊ လည်ချောင်းယားပြီး ချောင်းဆိုး ရောဂါ ရလာတတ်သည်။ ဝက်ဆီ၊ အမဲဆီများသည် အေးလျှင်ခဲသော အဆီမျိုးဖြစ်သဖြင့် ဆောင်းရာသီနှင့် မသင့်ပေ။ လည်ချောင်းယားရာမှ ချောင်းဆိုးကြာသောအခါ၊ လေပြွန်ရောင်၊ အာသီးရောင် ရောဂါများ ဖြစ် လာနိုင်သည်။

အအေးပတ်သော ရောဂါရှိသူ၊ ရေချိုးလျှင် အအေးပတ်လွယ်သောသူ၊ အဆုတ်အားမကောင်းသူ၊ အဆုတ်ရောင်ရောဂါ ဖြစ်ဖူးသူများသည် ဆောင်းဥတုတွင် အသုံးများသော မြေပဲဆီနှင့် နှမ်းဆီနှစ်မျိုးတွင် နှမ်းဆီကိုသာ ရွေးချယ် စားသုံးသင့်သည်။
♦️အုန်းဆီနှင့် စားအုန်းဆီကို လုံးဝရှောင်ကြဉ်သင့်သည်။

နှမ်းဆီကို ရွေးချယ်ရကြောင်းမှာ နှမ်းဆီသည်ပူ၍ နွေးထွေးစေသော သတ္တိရှိသည်။ အခြားဆီများကဲ့ သို့ ကိုယ်တွင်းတွင် ခဲမသွားနိုင်ပေ။ အစားမှားလျှင် အေးသောအစာကိုပင် နွေးသောအစာ ဖြစ်စေပြီး ကြေ ကျက်သွားစေနိုင်သော သတ္တိရှိသည်။ ဥပမာ- ကောက်ညှင်းပေါင်းသည် အစာကြေခဲသောအစာ၊ အေးစက် မာကြောသော အစာမျိုးဖြစ်သည်။ သို့သော် နှမ်းဆီဆမ်းစားလျှင် အစာမကြေခြင်းမှ ကာကွယ်နိုင်သည်။

ကုန်းဘောင်ခေတ်၏ အစောဆုံး သိပ္ပံပညာရှင်ဟု ဆိုကြသော ယောမြို့စားအတွင်းဝန် ဦးဖိုလှိုင်၏ ဥတုဘောဇနသင်္ဂဟ ကျမ်းတွင် ဖော်ပြထားသည်မှာ နှမ်းဆီသည် ဆိမ့်၏။ စဉ်းငယ်ဖန်၏။ ခါး၏။ ကြေခဲ၏။ ဝမ်းမီးချက်၍ ကျက်လျှင် ဆိမ့်၏။ ပူ၏။ လိမ်းလျှင်အေး၏။ ကိုယ်ခိုင်ခံ့စေတတ်၏။ အင်အားကြီးစေတတ်၏။ အဆင်းကို လှစေတတ်၏။ အသံကို ကောင်းစေတတ်၏။ သုက်ကိုပွားစေတတ်၏။ ပိန်သောသူကို ဝစေ တတ်၏။ ဝသောသူကို ပိန်စေတတ်၏။ လေသလိပ်ကိုနိုင်၏။ အကြောကို လျော့စေတတ်၏။ ဝမ်းမီးကို တောက်စေတတ်၏။ ဆီးများစွာ သွားသောအနာကို နိုင်၏။ နား အင်္ဂါဇာတ်၊ ဦးခေါင်း ကိုက်ခြင်းတို့ကို နိုင်၏။ ယားနာ၊ နူနာ၊ ပိုးနာတို့ကိုနိုင်၏ စသည်ဖြင့် ချီးမွမ်း ရေးသားထားသည်ကို တွေ့ရှိရကြောင်း တင်ပြလိုက်ရ ပေသည်။

♦️အိမ်တိုင်း ဆောင်ထားသင့်သော အအေးမိကာကွယ်ဆေး♦️
+++++t+++++h+++++u+++++r+++++a+++++

အေးသောရာသီဖြစ်သည့် ဆောင်းဥတုနှင့် မိုးဥတုတွင် အအေးပတ်၍ ဖြစ်သော အဖျားရောဂါ ဖြစ် လေ့ရှိကြသည်။ နွေရာသီမှာကား ချွေးထွက်လွန်ပြီး ချွေးငုပ်သွားသောအခါ အပူငုပ်ဖျားရောဂါ ဖြစ်လေ့ရှိ သည်။ ထိုအဖျားရောဂါများ အတွက် သင့်တော်သောဆေးမှာ အခိုးပွင့်ဆေး (သို့မဟုတ်) အအေးပတ်၊ အ အေးမိ ကာကွယ်ဆေးပင် ဖြစ်သည်။

ကိုယ်တွင်း သက်စောင့်အပူဓာတ်ကို ဥပမာ- တေဇောဓာတ်ဟု ခေါ်သည်။ ထိုကိုယ်စောင့် ဓာတ်မီး ၏ အပူမှာ အနောက်တိုင်း ဆေးဆရာများ၏ အတိုင်းအတာဖြင့် ပြောရလျှင် ၉၈ဒသမ၄ ဒီဂရီစင်တီဂရိတ် (ပြဒါး)နှင့် ညီမျှပေသည်။ ထိုထက်ပိုမြင့်သော အပူဓာတ် ကိုယ်တွင်း၌ ဖြစ်ပွားလာခဲ့လျှင် ဥပမာ- ၁၀၀ဒီဂရီ စင်တီဂရိတ် (ပြဒါး)ရှိခဲ့လျှင် အအေးပတ်သည်။ အဖျားဝင်နေပြီဟု ပြောလေ့ရှိကြသည်။

အအေးပတ်ခြင်း ဆိုသည်မှာ ခန္ဓာကိုယ် အပြင်ဘက်မှ အရေပြားပေါ်ရှိ အအေးဓာတ်သည် လိုသည်ထက် ပိုအေးသွားသော အခါ အခိုးထွက်နေသည့် မွေးညင်းပေါက်ကလေးများ ကျုံ့၍ ပိတ်သွားပြီး အခိုးမထွက်နိုင် ဖြစ်ရသည်။ ထို အခါ ကိုယ်တွင်းမှ အပူဓာတ်များလာသည်။ ရေနွေး တည်သောအခါ အငွေ့ထွက်ပေါက် မပေးလျှင် အတွင်း မှ ရေနွေးများပွက်၍ ဆူကာ တွန်းကန်သကဲ့သို့ အထက်သို့ကန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း ဝေဒနာ များသည် ကိုယ်အပူချိန် တက်သည်နှင့်အတူ ပူးတွဲ၍ ဖြစ်လာရလေသည်။

အအေးပတ်ခြင်းကို လေ့လာကြည့်သောအခါ ခရီးဝေးမှ လမ်းလျှောက်ပြီး ပြန်လာသူ တစ်ဦးသည် အိမ်ရောက်သောအခါ အနားမယူမီ ရေမိုးချိုးလိုက်သည်။ ထိုသူသည်ဘာမှမဖြစ်ပါ။ အခြားသူတစ်ဦးမှာ ခရီး ဝေးမှ ကားစီးပြီး ပြန်လာသည်။ လမ်းတွင် ကားပြတင်းပေါက်မှ လေတိုးသဖြင့် အအေးပတ်ခဲ့သည်။ အိမ် ရောက်သောအခါ ကိုယ်လက်သန့်စင်ရင်း ရေချိုးလိုက်မိသည်။ ထိုသူသည် အအေးပတ်ပြီး ဖျားတော့သည်။
ဘမှု မရှိဘဲ အအေးပတ်ခြင်း၊ အစာမကြေခြင်း တို့နှင့် သက်ဆိုင်ပေသည်။

♦️အအေးမိကာကွယ်ဆေးနည်းမှာ-♦️
+++++t++++h++++u++++r++++a+++++

၁။ လေးညှင်းပွင့် ၁ကျပ်သား
၂။ ငရုတ်ကောင်း ၁ကျပ်သား
၃။ ပိတ်ချင်း ၁ကျပ်သား
၄။ ချင်းခြောက် ၁ကျပ်သား
၅။ ဇာတိပ်ဖိုလျသီး ၁ကပျြသား
၆။ ကန်ချုပ်နီ ၂ကျပ်သား
၇။ ဆေးပုလဲ ၂ကျပ်သား
၈။ စမုံမျိုးငါးပါး(တစ်မျိုးစီ) ၅မူးသား
၉။ ကြစုသီး ၁ကျပ်သား
၁၀။ ပရုတ် ၅မူးသား
(စုစုပေါင်းဆေးချိန် ၁၁ကျပ်သား)

ဤဆေးကို အမှုန့်ထောင်းပြီး ပရုတ်ငွေ့ မပြန်စေရန် လေလုံသော ဖန်ပုလင်းတွင် ထည့်ထားပါ။

အစာမကြေခြင်း၊ ရေချိုးမှားခြင်း၊ အအေးမိခြင်း၊ အအေးပတ်ခြင်း၊ ရင်ပြည့်ရင်ကယ် ဖြစ်ခြင်းတို့အတွက် ရေ နွေးပူပူဖြင့် သောက်ပါ။
ဆေးချိန် နှစ်ပဲသားမှ လေးပဲသားအထိ အသက်အရွယ်နှင့် ချင့်ချိန်၍ တိုက်နိုင်ပါ သည်။
အေးသောဥတုတွင် အိမ်တိုင်း ဆောင်ထားသင့်သော အိမ်သုံးဆေးနည်း ဖြစ်သည်။

ဆောင်းဥတုတွင် ကျန်းမာစွာ နေထိုင်နည်းများအဖြစ် အစားအစာ၊ သင့်တော်သောဆီ၊ သင့်တော် သော အအေးမိ ကာကွယ်ဆေးများကို ရေးသားတင်ပြခဲ့ရာတွင် သက်ကြီးရွယ်အိုများအတွက် ရေချိုးသင့် သော အချိန်ကိုပါ တင်ပြလိုပါသည်။

အလွန်အေးသော ရာသီတွင် လူကြီးများ နေ့စဉ် ရေမချိုးသည့်တိုင် (၃) ရက်လျှင် တစ်ကြိမ် ရေချိုးပေးသင့်ပါသည်။ ရေနွေးစပ်ပြီး ရေဖတ်တိုက်ပေးခြင်းလည်း ပြုနိုင်ပါသည်။

♦️လူကြီးများ ဆောင်းရာသီတွင် ရေချိုးရမည့်အချိန်♦️
+++++++t+++++h+++++u+++++r+++++a+++++++

ကျန်းမာရေးအတွက် သင့်တော်သော အချိန်ကို ညွှန်ပြသည့် ရေချိုးလင်္ကာအရ…

(နွေကိုး၊ မိုးတစ်ဆယ်၊ ဆောင်း ဆယ့်တစ်) ဖြစ်ပါသည်။

နွေရာသီတွင် နေထန်းတစ်ဖျားဟု ဆိုသည့် နံနက်(၉)နာရီ…

မိုးရာသီတွင် နေထန်းတစ်ဖျားကျော် နံနက် (၁၀)နာရီ…

ဆောင်းရာသီ နေမွန်းတည့်လုနီး နံနက် (၁၁)နာရီသည် သက်ကြီးရွယ်အိုများ အတွက် ရေချိုးပေးရန် (သို့မ ဟုတ်) ရေဖတ်တိုက်ပေးရန် သင့်တော်သော အချိန်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

💗ကျန်းမာခြင်းသုခနှင့် ပြည့်စုံကြပါစေ။💗

Video မရိုက်ရတာကြာပီ
23/12/2025

Video မရိုက်ရတာကြာပီ

💠  ခြေထောက်တွေက သတိပေးနေသော အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ လက္ခဏာများ 💠*******t******h******u*******r******a******          ...
22/12/2025

💠 ခြေထောက်တွေက သတိပေးနေသော အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ လက္ခဏာများ 💠
*******t******h******u*******r******a******

ကျွန်မတို့ရဲ့ ခြေထောက်တစ်စုံဟာ ကျွန်မတို့ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေးချိန် ကို သယ်ပိုးထားရတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

ခြေထောက်တစ်စုံမှာ ခန္ဓာကိုယ်က အရိုးစုစုပေါင်းရဲ့ ၂၅%ပါဝင်နေပြီး အဆစ်ပေါင်း ၃၃ခု၊ အရွတ်ပေါင်း ၁ဝဝ၊ မရေမတွက်နိုင်တဲ့ သွေးကြောမျှင်လေးတွေနဲ့ ကြွက်သားတွေပါဝင်ပါတယ်။

ခြေထောက်မှာပါဝင်တဲ့ သွေးကြောမျှင်လေးတွေဟာ နှလုံး၊ ကျောရိုးမ၊ ဦးနှောက်စတဲ့ အရေးကြီး အင်္ဂါတွေနဲ့ ဆက်နွှယ်နေပါတယ်။

ဒါ့ကြောင့် ခြေထောက်တွေရဲ့ မူမ မှန်တဲ့ အခြေအနေတွေကနေတဆင့် ကျွန်မတို့ခန္ဓာကိုယ်မှာ ဖြစ်နေတဲ့ကျန်းမာရေး ချို့ယွင်းမှုတွေကို သိရှိနိုင်ပါတယ်။

၁။ ခြေထောက်အကြောဆွဲခြင်းနှင့် ကြွက်တက်ခြင်း
*****t********h********u********r********a*****

~ လမ်းလျှောက်နေရင်း ခြေထောက်အကြောဆွဲခြင်း၊ ကြွက်တက်ခြင်းဖြစ်ပါက သွေးလည်ပတ်မှုစနစ်မှာ ပြဿနာဖြစ်နေတယ်လို့ ယူဆနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်ပြီး အကြောမလျှော့ခြင်းနှင့် ဒေါက်မြင့်ဖိနပ်စီးခြင်းတို့ကြောင့်လည်း ခြေထောက် အကြောဆွဲခြင်းဖြစ်တတ်ပါတယ်။

၂။ ခြေမအရွယ်အစားကြီးလာခြင်း
*****t*****h*****u*****r*****a*****

~ ဂေါက် (Gout) လို့ခေါ်တဲ့ အဆစ်အမြစ်ရောင်ရမ်းတဲ့ရောဂါရဲ့ လက္ခဏာတစ်ခုပါ။ အဝလွန်သူ၊ သွေးလည်ပတ်မှုစနစ်မကောင်းသူ၊ အရက်သောက်တတ်သူနဲ့ အသားစား များသူတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။ ဂေါက်ရောဂါက ဆီးကျောက်တည်နိုင် ခြေကိုလည်း မြင့်မားစေပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ ခြေဖျားအေးစက်ခြင်း
****t****h****u****r****a****

~ သွေးလည်ပတ်မှုမကောင်းခြင်း၊ ဆီးချိုသွေးချိုရောဂါနဲ့ သွေးအားနည်းခြင်းကို ဖော်ပြတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ ခြေဖဝါးက အနီရောင်ကနေ ဖြူဖျော့သွား တာက ခြေထောက်သွေးကြောကျဉ်းပြီး ခြေဖျားတွေအေးစက်စေတဲ့ ရှေ့ပြေးလက္ခဏာ လည်း ဖြစ်ပါတယ်။

၄။ ခြေထောက်ဖူးရောင်ခြင်း
****t****h****u****r****a****

~ နှလုံး၊ ကျောက်ကပ်၊ အသည်းစတဲ့ အင်္ဂါတွေမကောင်းမွန်ခြင်း၊ သွေးခဲခြင်းနဲ့ သွေးလည်ပတ်မှုစနစ်မကောင်းခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။ နာကျင်မှုမရှိဘဲ ဖူးယောင်နေတယ်ဆိုရင်တော့ ခန္ဓာကိုယ်တွင်းမှာ အရည်တွေများပြီး ခြေထောက်မှာ လာစုရခြင်းကြောင့် ဖူးရောင်တာဖြစ်ပါတယ်။
https://www.facebook.com/share/p/1BNuBFsRDK/?mibextid=oFDknk

၅။ ဇွန်းပုံစံခြေသည်း (သို့) ခွက်နေတဲ့ခြေသည်း
******t*******h*******u*******r*******a******

~ အာဟာရဓာတ်ချို့တဲ့ခြင်း၊ သွေးအားနည်းခြင်း၊ ခန္ဓာကိုယ်တွင်းသွေးယိုစီးခြင်းနှင့် အူလမ်းကြောင်းဆိုင်ရာရောဂါတို့ကြောင့် ဖြစ်တတ်ပါတယ်။ ခြေသည်းတွေ အဖြူရောင် ပြောင်းပြီး ခြေသည်းတစ်ဝိုက် အရေခွံကွာသလို ဒဏ်ရာလေးတွေရှိနေပြီဆိုရင် ဆေးဝါး ကုသဖို့လိုအပ်တဲ့ ရောဂါတစ်ခုခုဖြစ်နေပြီလို့ ယူဆနိုင်ပါတယ်။

၆။ ခြေသည်းအရောင်ပြောင်းခြင်း
****t*****h*****u*****r*****a****

~ ခြေသည်းနီမကြာခဏဆိုးတတ်သူတွေမှာ ခြေသည်းဝါလေ့ရှိပေမယ့် အသည်း ရောဂါ၊ တီဘီရောဂါနဲ့ သိုင်းရွိုက်ဂလင်းရောင်ရမ်းခြင်းတို့ကြောင့်လည်း ခြေသည်းက အဝါရောင်ပြောင်းတတ်ပါတယ်။ အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာဖြစ်စေတဲ့ လေပြွန်ဆိုင်ရာရောဂါဖြစ်ခြင်းကို ညွှန်ပြနေတဲ့လက္ခဏာတစ်ရပ်လည်းဖြစ်ပါတယ်။

၇။ ခြေထောက် တဆစ်ဆစ်ကိုက်ခြင်းနှင့် ထုံကျင်ခြင်း
******t********h********u********r********a******

~ ဆီးချိုသွေးချိုသမားတွေရဲ့ သွေးကြောထဲမှာ ဂလူးကို့စ်ပါဝင်မှုနှုန်းများပြားပြီး သွေးကြောမျှင်လေးတွေကို ပျက်စီးစေပါတယ်။ သွေးကြောမျှင်လေးတွေ ပျက်စီးခြင်းက ခြေထောက်မှာ တဆစ်ဆစ်ကိုက်ခြင်း၊ ယားယံခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ မကြာခဏ ဆိုသလို တဆစ်ဆစ်ကိုက်ခြင်း၊ ထုံကျင်ခြင်းတို့က ဦးနှောက်သွေးခဲခြင်းနှင့် လေဖြတ် ခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်း သတိပေးနေတဲ့လက္ခဏာဖြစ်ပါတယ်။

၈။ ခြေဆစ်နာကျင်ခြင်း
****t***h***u***r***a****

~ အဆစ်ရောင်ရောဂါကြောင့် အရိုးတွေဆက်သွယ်တဲ့နေရာက အရွတ်လေးတွေ စုတ်ပြဲတတ်ပါတယ်။ အရွတ်စုတ်ပြဲတဲ့ဒဏ်က ခြေဆစ်လေးတွေကို ဖူးရောင်ပြီး နာကျင် စေပါတယ်။ မိမိနဲ့သေးလွန်းတဲ့ဖိနပ်၊ မြင့်လွန်းတဲ့ဒေါက်ဖိနပ်တွေစီးခြင်းကလည်း ခြေဆစ်တွေကို ရောင်ရမ်းနာကျင်စေပါတယ်။

၉။ ကာလကြာရှည်စွာ အနာဖြစ်ခြင်း
******t*****h*****u*****r*****a******

~ ခြေထောက်မှာ ကာလကြာရှည်စွာ အနာဖြစ်တာက ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတစ်ခုဖြစ်ပါတယ်။ ဆီးချိုကြောင့် ခြေထောက်ရဲ့ သွေးကြောမျှင် လေးတွေ ပျက်စီးပြီး ခြေထောက်မှာ နာတာရှည်ရောဂါဖြစ်ကာ တစ်ခါတလေမှာ ခြေထောက်ဖြတ်ရသည်အထိဖြစ်တတ်ပါတယ်။ ခြေဖနောင့်အက်ကွဲခြင်း၊ အရေခွံ ကွာခြင်းနှင့် အသားမာတက်ခြင်းတို့ကလည်း ဆီးချိုရောဂါကြောင့် ဖြစ်တတ်တဲ့ လက္ခဏာတွေဖြစ်ပါတယ်။

#အကယ်၍ သင်တို့ရဲ့ခြေထောက်မှာ ပြောင်းလဲမှု လေးတွေဖြစ်တယ်ဆိုရင် မပေါ့ဆဘဲ သေချာဂရုစိုက်ပါနော်။ ခြေထောက်မှာဖြစ်တဲ့ အနာလေးတွေကြောင့် အသက်မဆုံးရှုံးနိုင်ပေမယ့် အဲ့ဒီလက္ခဏာလေးတွေက ညွှန်ပြနေတဲ့ရောဂါတွေကြောင့် အသက်အန္တရာယ်ထိခိုက်စေနိုင်တာကို သတိပြုပါလို့ အကြံပေးပါရစေရှင်။👣

အိပ်ဆေ:သောက်စရာတောင်မလိုတဲ့"အိပ်ဆေ:"=============ညည အိပ်မပျော်နှိုင်သူတွေအတွက် အသုံးဝင်နိုင်မဲ့ ကိုယ်တွေ့အိပ်ဆေ တခုကိုပြ...
19/12/2025

အိပ်ဆေ:သောက်စရာတောင်မလိုတဲ့"အိပ်ဆေ:"
=============
ညည အိပ်မပျော်နှိုင်သူတွေအတွက် အသုံးဝင်နိုင်မဲ့ ကိုယ်တွေ့အိပ်ဆေ တခုကိုပြောပြချင်ပါတယ်။

ကျနော်က နေ့လည် ၁၂ နာရီနောက် ပိုင်း လဘက် ရည်ချိုဖြစ်စေ၊ လဘက် ရည်ခါးဖြစ်စေ တခွက်လောက် သောက်မိရင် ညမှာ ကောင်းကောင်း အိပ်မပျော်ပါဘူး။

အဲဒီတော့ တခါတလေ ယောင်လို့ သောက်မိရင် ည မှာ အိပ်ရေးမဝတော့ ဘူး၊ အိပ်ပျော်ရင်လည်း နှစ်နှစ်ခြိုက် ခြိုက်မဟုတ်ဘူး၊ ဆိုတော့ နောက်တရက်မှာ လန်း လန်းဆန်းဆန်းမရှိ တော့ဘူးပေါ့။

ဒါကြောင့် ညမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမဲ့ နည်းလမ်း တွေကို စိတ်ဝင်စားပါတယ်။

ညအိပ်ရာမဝင်မီ ငှက်ပျောသီးဖျော်သောက်တာ၊ နွားနို့ ပူပူသောက် တာ စတာတွေလုပ်ဘူးသလို၊ ညနေပိုင်းမှာ နာရီဝက် တနာရီ လမ်း လျှောက်တာ စတာတွေလည်း လုပ်ဘူးပါတယ်။ သူ့နည်းနဲ့သူ အတိုင်းအတာတခုထိ အောင်မြင်ပါတယ်။

ဒါပေမဲ့ စိတ်ထဲမှာ သိပ်ကျေနပ် အားရတာမျိုးတော့ မဟုတ်ပါဘူး။ကရိကထများတာကြောင့် မလုပ်ဖြစ် တာ လည်းပါတာပေါ့။

ဒါကြောင့် တခြားအသစ် အသစ် ဖတ်မှတ်သိရှိလာတဲ့ နည်းတွေကိုလည်း ဆက်လက်စမ်းသပ်ကြည့်တာ မှာ အခု နောက်ဆုံး တွေ့ရှိတဲ့နည်းက

"ခြေထောက်နဲ့ နံရံကို မိနစ် ၂၀ လောက်ထား"

ဖြစ်ပါတယ်။ ဒီနည်းက လွယ်ကူ တဲ့အပြင် ဘာမှလည်း တကူးတက လုပ်ရတာမဟုတ်ပါဘူး။

ခြေထောက်နှစ်ချောင်း ကို နံရံကပ်မိုးပေါ် ထောင်တဲ့ နည်း ပါ။

ပုံမှာပြထားသလို အိပ်ယာဝင်ချိန်မှာ ခြေထောက် ၂ ချောင်းကို နံရံကပ်မိုးပေါ်ထောင်ပါ။ ခေါင်းအောက်မှာ ခေါင်းအုံးမခုပါနဲ့။ မိနစ် ၂၀ မှ ၃၀ ကြာအောင်ထားပြီး ခြေထောက်က သွေ:
တွေ ကိုယ်ခန္ဓာ နဲ့ ဉဏှောက် ဘက်ကို စီးဆင်းပါစေ။

အချိန်ပြည့်ရင် ဘယ်ကိုမှ မသွားတော့ဘဲ တခါထဲ ခြေထောက်အောက် ပြန်ချပြီး အိပ်လိုက်ပါတော့။ မကြာခင်မှာဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပါ လိမ့်မယ်။

ကျနော်က တော့ မနက်လင်းတဲ့ အထိ တရေးပါဘဲ။ မနေ့ညကဆိုရင် ညနေပိုင်းမှာ ဂျင်းလဘက်ရည် သောက် ထားတာတောင် ကောင်းကောင်းအိပ်ပျော်လိုက်တာ၊မိုးရွာ တာတောင် မသိလိုက်တော့ပါဘူး။

☀️ခါးနာအတွက် လေ့ကျင့်ခန်း(၃)မျိုး ☀️**************************************
16/12/2025

☀️ခါးနာအတွက် လေ့ကျင့်ခန်း(၃)မျိုး ☀️
**************************************

Address

Mandalay

Telephone

+959962173085

Website

Alerts

Be the first to know and let us send you an email when Hanuman တိုင်းရင်းဆေးကပ်ခွာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share