Dr. Aung Min Thu

Dr. Aung Min Thu Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dr. Aung Min Thu, Doctor, Mandalay.

Doctor | Medical Educator | Lifelong learner

📌 Follow for: Medical insights | Clinical knowledge | Science & beyond | Thought-provoking discussions

#လိုင်းပေါ်ကနေ သွေးအဖြေ မဖတ်ပေးပါ။ လိုင်းပေါ်မှ ဆေးမကုပါ။

ပိုးသတ်ဆေး ယဥ်ပါးခြင်း————————————(❌❌❌ယခု Page မှာ တင်ပြထားခဲ့ပြီးသော စာများ၊ ပုံများ ကူးယူဖော်ပြခွင့် လုံးဝမပြုပါ။ လွပ်...
16/03/2026

ပိုးသတ်ဆေး ယဥ်ပါးခြင်း
————————————

(❌❌❌ယခု Page မှာ တင်ပြထားခဲ့ပြီးသော စာများ၊ ပုံများ ကူးယူဖော်ပြခွင့် လုံးဝမပြုပါ။ လွပ်လပ်စွာ ရှဲနိုင်ပါသည်။)

ပိုးသတ်ဆေးတွေကို ပဲကြီးလှော်ဝါးသလို ဝါးမနေကြနဲ့၊ ဆေးယဥ်ပါးတတ်တယ်တဲ့။ COVID ကာလ တလျှောက်လုံး ဒီစကားတေပဲ ထပ်ခါတလဲလဲ ကြားခဲ့ကြပီးပီ။ အပြင်လူတွေအနေနဲ့ ဒီဆေးယဥ်ပါးတာတေကို တကယ်သိ၊ တကယ်ခံစားတတ်ပီး ကြောက်စရာပါ့လားဆိုတာ ပြောပြပေးဖို့လိုပါတယ်။ ဒီဖြစ်စဥ်တခုလုံးရဲ့ နောက်ကွယ်က သီအိုရီတေကို ဖော်ထုတ်ပေးချင်ပါတယ်။ ပိုးသတ်ဆေးယဥ်ပါးတာကို နားလည်ဖို့ဆိုရင် ပိုးမွှားအကြောင်းနားလည်ရမယ်၊ ပိုးသတ်ဆေးအကြောင်းနားလည်ရမယ်။

၁။ ပိုးမွှားအကြောင်း

ပိုးမွှားတေများစွာထဲကမှ ဘက်တီးရီးယားအကြောင်းကို အဓိကပြောပါမယ်။ ဘက်တီးရီးယားကို အတန်းအစားခွဲခြားတာတွေ များစွာရှိပါတယ်။ ဒါပေမဲ့ ဆေးကုဖို့အတွက်ဆိုရင် သူ့ရဲ့ Cell wall (ဆဲလ်နံရံ)ကို ခရမ်းရောင် ဆေးဆိုးတဲ့နည်းလမ်း (Gram stain) က အသုံးဝင်ဆုံးပဲ။ ပြာရင် G(+)၊ နီရင် G(-) ဒီလောက် သိရင်ရပီ။ ဒါဆို အပြာကောင် နဲ့ အနီကောင်လို့ပဲ လွယ်လွယ် မှတ်ရအောင်။

ဒီကောင်တေရဲ့ အထဲမှာ မျိုးရိုးဗီဇလေးတွေရှိမယ် (DNA တို့၊ RNA တို့)။ ပရိုတင်းဓာတ် (Protein) ရှိမယ်။ ကိုယ့်ခြေထောက်ပေါ်ကို ရပ်တည်နိုင်တဲ့ Bacteria တေဟာ မျိုးပွါးဖို့အတွက် လူတေရဲ့cell ထဲထိ ဝင်စရာမလိုဘူး (Mostly extracellular) ။ Virus တေမှာကျတော့ လူရဲ့cellထဲဝင်မှကို အသက်ရှင်ရပ်တည်နိုင်တာ (Always intracelluar)။

၂။ ပိုးသတ်ဆေးအကြောင်း

ပိုးသတ်ဆေး တီထွင်တဲ့အခါ Cell wall (ဆဲနံရံ) လား၊ Protein လား၊ DNA လား တမျိုးမျိုးကို တားဆီးလိုက်ရင် ပီးပီပေါ့။ ခက်တာက အပြာကောင်ရဲ့ cellwall နဲ့ အနီကောင်ရဲ့ cellwall ကမတူပြန်ဘူး။ ဒါကြောင့် antibiotic Spectrum (ပိုးသတ်နိုင်အား) ဆိုပီးဖြစ်လာတယ်။ အပြာအနီ၂ကောင်လုံး သတ်နိုင်ရင် broad spectrum ဆိုပီး အကြမ်းဖျင်း သတ်မှတ်တယ်။ ဒါမဲ့"ဘာပိုးလာလာ broad spectrum ပေးမယ်ဟေ့" လုပ်လို့မရဘူးဗျ။ ဥပမာ အရိုးနဲ့အရေပြားဆို အပြာကောင်G(+) ဖြစ်တာများတယ်၊ အတွင်းကလီစာပိုးဝင်ရင်ကျ အနီကောင်G(-) ဖြစ်ဖို့များတယ်။ ဒါကြောင့် ပိုးသတ်ဆေးရွေးတဲ့အခါ သူ့အကောင်နဲ့သူ့ဆေး ချိန်ကိုက်ပီး ပေးရတာ။ အကောင်းဆုံးက အကောင်မွေးပီး ဘယ်ဆေးနဲ့ နိုင်နင်းလဲဆိုတာ စစ်ရတာပေါ့ဗျာ။ လုံးကောက်ပြန်ပြောရရင် ပိုးသတ်ဆေးက မပေးမဖြစ်ပေးရတော့မယ်ဆိုရင် narrow spectrum (သူ့အိုးသူ့ဆန်တန်ရုံ) နဲ့စပေးရတယ်။အရေးပေါ် အဆိပ်ပိုးသင့် (septicemia) မှာဆိုရင်တော့ ချွင်းခြက်ရှိပါတယ်။

၃။ ဆေးယဥ်ပါးလာပုံ

🙅 ပိုးမွှားတေကလည်း အသက်နဲ့ပဲလေ။ သူတို့ရှင်သန်ပေါက်ဖွားဖို့ အမြဲစူးစမ်းလေ့လာတတ်တယ်။ ဒါကို favourable environment လို့သုံးပါတယ်။ ပိုးသတ်ဆေးတေကို ၂မျိုး၊၃မျိုး (လိုအပ်လို့ သုံးတာကိုမပြောလိုပါ။) Cellwall လည်းပိတ်၊ Protein လည်းပိတ်၊ DNA လည်းပိတ် အကုန်ရောသမ မွှေလိုက်ရင် ပိုးကောင်လေးတေက သိတယ်ဗျ။ သူတို့ comfort zone က ထွက်ရတော့မယ်ဆိုပီး အရောင်ပြောင်းပစ်တယ်။ ဒါကို "Selective pressure" လို့ ခေါင်းစဥ်တပ်ကြတယ်။

1. Cellwall မှာ Efflux ဆိုတဲ့ရေပိုက်ခေါင်းလေးတပ်ပီး ဝင်လာတဲ့ဆေးကို ပြန်မှုတ်ထုတ်ပစ်တယ်။

2.Protein တေ၊ DNA တွေရဲ့ တည်ဆောက်ပုံ (amino acid sequence) ပြောင်းပစ်လိုက်တော့ ဆေးဝါးတေက ဘယ်သူ့ကိုတိုက်ရမှန်းမသိတော့ဘူး မျက်စိလည်ကုန်တယ်။

3.ပိုးသတ်ဆေးကို တန်ပြန်သတ်နိုင်တဲ့ လက်နက်တေ တပ်ဆင်လိုက်တယ် (Enzymatic degradation)။

အချုပ်အားဖြင့် ပိုးသတ်ဆေးတေကို ဒီလိုလေးတွေ ခွဲခြားသိမြင်ထားကာမှ သူ့အိုးနဲ့သူ့ဆန် တန်ရုံလောက်ကို သုံးနိုင်ကြမာပါ။ ခေတ်သစ်ဆေးပညာမှာ "Post-antibiotic era" (ဆေးမတိုးခေတ်) ဆိုပီး များမကြာမီအချိန်တခုမှာ ပိုးသတ်ဆေးကို မတိုးတဲ့ခေတ်ရောက်ရင် အကုန်ဒုက္ခများကုန်မှာဖြစ်လို့ ကျနော်တို့ခင်ဗျားတို့ကနေ စပီး ဒီအသိလေးတွေကို မျှဝေကြရင်း Post-antibiotic era ခေတ်ကို အရောက်နှေးအောင် ဆွဲဆန့်ကြရအောင်ပါ။

#ဆရာဝန် ညွှန်ကြားချက် မပါဘဲ ပိုးသတ်ဆေး မသောက်ကြပါနဲ့။

🟨 ၂၀၂၁ က ရေးထားခဲ့တဲ့ပို့စ်လေးပါ

🟥 အကျိုးရှိရင် YES လို့ မန့်ပေးပါ 💟

Dr.AungMinThu
4.September.2021

တချို့အလုပ်တွေက စောစောစီးစီး စထားတာကောင်းတယ်အသက်ကြီးမှဆိုရင် social norms ပြောင်းတယ်Demand ပြောင်းသွားတယ်Priority ပြောင်...
16/03/2026

တချို့အလုပ်တွေက
စောစောစီးစီး စထားတာကောင်းတယ်
အသက်ကြီးမှဆိုရင် social norms ပြောင်းတယ်
Demand ပြောင်းသွားတယ်
Priority ပြောင်းကုန်တယ်

စာရေးစာဖတ်တဲ့သူက စာသင်ဖို့လိုတယ်
ပိုက်ဆံတခုတည်းကြောင့်မဟုတ်ဘူး
အလုပ်ကိုအလုပ်နဲ့တူအောင် လုပ်တတ်ဖို့ပါ
Knowledge sharing လုပ်တာနဲ့
အခကြေးငွေယူပြီးစာသင်တာ approach မတူဘူး
သူများပိုက်ဆံယူထားရင် တာဝန်ကျေရတယ်
Professional standard ထိန်းပြီးသားဖြစ်တယ်
ကျန်တာက audience ဆုံးဖြတ်လိမ့်မယ်
ကြိုက်ရင် ကီးကိုက်ရင် ပါလာလိမ့်မယ်
ကိုယ့်အခြေနေကိုယ်လည်း သိလာလိမ့်မယ်
အထင်နဲ့အမြင်က တူချင်မှတူတာ
ဒါက ဥပမာတခုအနေနဲ့ ပေးတာပါ

Profit မရှိတဲ့အလုပ်က ကြာရှည်မခံတတ်ဘူး
Profit ရှိအောင်လုပ်တာ ရှက်စရာမဟုတ်ဘူး
ဦးတည်ရာမရှိ လျှောက်လုပ်နေတာ ရှက်စရာ၊
အခု ၅နှစ်တာ Current trend အရ
Popularity ဆိုတာ အကြီးမားဆုံး profit ပဲ
လူသိများခြင်းကြောင့် ရလာတဲ့ Profit က
အဲ့ဒီလူတွေရဲ့ experience နားထောင်မှသိတာ
လမ်းညွှန်ပေးမယ့် မိတ်ဆွေကောင်းရှိမှရတာ

လောကနိယာမက အသက်ကြီးလာမှ
အေးရာအေးကြောင်း နေချင်လာကြတာပါ
အသက်၂၀ကျော်တွေက မနေပါနဲ့ဦး ရုန်းပါဦး
ဘဝအကြောင်းတောင် ဘာမှသိသေးတာမဟုတ်ဘူး
Slow life နေပြတဲ့သူတွေက Vlog ရိုက်နေတာပါ
အဲ့ဒါအလုပ်လုပ်နေတာပါ Skill လိုပါတယ်
Content creator sense ရှိမှ ရတာပါ
Content စဉ်းစားရတယ် Video edit လုပ်ရတယ်
ဘယ်လွယ်လိမ့်မလဲဗျ ပိုတောင်ခက်သေးတယ်

လူငယ်ဘဝဖြတ်သန်းတဲ့နေရာမှာ
အရေးကြီးတာတခုပဲရှိတယ်
ဆက်တိုက်အလုပ်လုပ်နေဖို့ပဲ
အဖြေကတွေ့ကိုတွေ့မှာ အလုပ်သာလုပ်နေပါ
ဉာဏ်ပါပါ သတိရှိရှိသာ လုပ်ပါ
လူတိုင်းရဲ့အလှကိုယ်စီကို မြင်ရပါတယ်

အတွေးမြင်တခုခုရရင် YES လို့မန့်ပေးပါ 💟

မေတ္တာဖြင့်
ဒေါက်တာအောင်မင်းသူ
၁၆၊၃၊၂၀၂၆

16/03/2026

အလုပ်ဖြစ်ချင်ရင်
အဖြစ်မလုပ်ပါနဲ့
အားထည့်လုပ်ပါ
မငြီးတွားပါနဲ့
လူတိုင်းခက်ခဲတယ်🤝

16/03/2026

လက်တွေ့ဘဝမှာ
ကာရန်တွေမလို
ဒွါမာတွေမလို
Action သာလိုတယ်
သေချာအားစိုက်ပါ💪

🚨 ‼️ Hello Hello Hello မောင်နှမတို့ရေ 🚨(ဒီတကြိမ်အကုန်လုံးကို ဝင်ခွင့်ပေးပါမယ်***)🟩🟩🟩🟩🟩🟩🟩🟩🟩🟩🟩🟩🟩🟩Registration form လေးသာ ဖ...
15/03/2026

🚨 ‼️ Hello Hello Hello မောင်နှမတို့ရေ 🚨

(ဒီတကြိမ်အကုန်လုံးကို ဝင်ခွင့်ပေးပါမယ်***)

🟩🟩🟩🟩🟩🟩🟩🟩🟩🟩🟩🟩🟩🟩

Registration form လေးသာ ဖြည့်ပေးပါ။
ကဲ ၃ပုဒ်မြောက် Guideline ဆက်ဖတ်ကြမယ်
ဒီကြားထဲ နေမကောင်းဖြစ်သွားလို့
တော်တော်နောက်ကျသွားပါတယ်ခင်ဗျာ
အတိုးနဲ့ ပြန်ဖတ်ပါမယ်

၁။ 2026 Stroke guideline ✅
၂။ 2026 PE guideline ✅
၃။ 2026 DM (NICE) guideline (….)

2025-2026 ADA guideline ဖတ်ပြီးသားပါ
Guideline ၂ခုကိုလည်း ယှဉ်ပြပါမယ်
Theory ကတော့ တခါပြောပြီးသားပါ
Guideline ကိုဦးတည်ပြီး ပြောပါမယ်ဗျ

DM guideline က ဖတ်ရတာတန်ပါတယ်
တခါဖတ်ထားရင် သုံးရောပဲဗျာ
နေ့စဉ်သုံးနေရမယ့်ကိစ္စဆိုတော့ ဖတ်ရပါမယ်
မှီတဲ့နေရာကသာ လိုက်ဖတ်ကြပါ
တဖြေးဖြေးနဲ့တော့ အကုန်ဆက်စပ်မိပါလိမ့်မယ်
နေ့စဉ်မပျက်မကွက်လုပ်ဖို့သာ လိုပါတယ်
စိတ်အလိုလိုက်ပြီး နားလို့မရပါဘူး

Topfan တွေကြောင့်သာ ဒီ page က
ကြာရှည်ရပ်တည်နေခြင်း ဖြစ်ပါတယ်
အမြဲတမ်း မငြီးမငြူ comment တွေပေး
React တွေပေး၊ Interaction, engagement
ဒါတွေက page growth အတွက်အရေးကြီးပါတယ်
Comment မန့်ရင် 💎 စိန်တုံးလေးပေါ်ပါတယ်
ရအောင်ယူပြီး support ပါဦးဗျ 🫶🤍😍

✅ Registration form ဖြည့်ရန် -

https://docs.google.com/forms/d/e/1FAIpQLSclVDfzYOX9PMAFseD1_7-Oc8Dt7c8sRBegrkJgIzKS3gtsHQ/viewform?usp=publish-editor

✅ Guideline Join ရန်
၁။ Registration form ဖြည့်ပေးပါ
၂။ Like and Share ပေးပါ
၃။ Form ဖြည့်ထားတဲ့ SS မန့်ပေးပါ

ကဲ See you soon ပါဆရာတို့ရေ💟

မေတ္တာဖြင့်
ဒေါက်တာအောင်မင်းသူ
၁၅၊၃၊၂၀၂၆

လာဗျို့ 📣📢📣Motivation speech တွေ အတုယူပြီးပြောရဲဆိုရဲအောင် ကျင့်ကြမယ် Rising and falling intonation တွေက ဒီလို speech တွ...
15/03/2026

လာဗျို့ 📣📢📣
Motivation speech တွေ အတုယူပြီး
ပြောရဲဆိုရဲအောင် ကျင့်ကြမယ်
Rising and falling intonation တွေက
ဒီလို speech တွေမှာ အများဆုံးတွေ့ရတာ
သူတို့ ယူဆချက်တွေ
လုပ်ဆောင်ပုံတွေ လည်ပတ်ပုံစနစ်
English တပါတည်း တိုးတက်လာတာ

အမြဲနားထောင်ဖို့ မလိုပေမဲ့
ဒါမျိုး speech တွေကလည်း ကျင့်ပေးရတယ်ဗျ
ခများ လူကြားထဲ အ ထစ်ထစ်ဖြစ်မနေစေဖို့
ပြောရဲဆိုရဲရှိဖို့က သတ္တိလိုတယ်နော်
ဒီလူတွေက အာပေါင်အာရင်းကောင်းတယ်
အတုယူပြီး ပြောကြည့်လိုက်ရတယ်
Learning journey ရဲ့ တစိတ်တပိုင်းပါ
English demand အရမ်းများလာပြီ

ဘာပဲလေ့လာလေ့လာ အထာသိဖို့လိုတယ်
Language က စာထိုင်ဖတ်လို့မရဘူး
ပါးစပ်ကိုအလုပ်ပေးရတယ် နားကိုအားမနေရဘူး
ခိုင်းပေး များများခိုင်ပေး လုပ်စမ်းပါဗျ
ငယ်တုန်းရွယ်တုန်း ချစမ်းပါ
မတတ်သေးတာကို မကြောက်နဲ့
မကြိုးစားမိလို့ နောင်တရနေမှာကို ကြောက်ပါ

Come on 🤝 Let's go 💪
Keep going 💛
Let's grow together daily 😍

နေ့စဥ်လုပ်မှတကယ့်အလုပ်ပါ
သူများယောင်လို့ လိုက်မယောင်ပါနဲ့
ငပျင်းတွေအတွက် နေရာမရှိတော့ပါဘူး။

English လည်းကြိုးစားမယ်ဆိုရင် YES လို့မန့်ပါ။

မေတ္တာဖြင့်
ဒေါက်တာအောင်မင်းသူ
၁၅၊၃၊၂၀၂၆

မနေ့က အဖြေလေးတိုက်မယ်ခင်ဗျာ။ Facebook ဖြေဆိုသူ “၂၄၃” ယောက်ရှိပါတယ်။ Telegram မှာ “၅၅” ယောက်ဖြေကြပါတယ်။ Hospital setting ...
15/03/2026

မနေ့က အဖြေလေးတိုက်မယ်ခင်ဗျာ။ Facebook ဖြေဆိုသူ “၂၄၃” ယောက်ရှိပါတယ်။ Telegram မှာ “၅၅” ယောက်ဖြေကြပါတယ်။ Hospital setting လေးလည်း ကျနော်တို့က လက်လှမ်းမှီသလောက် တို့တို့ပေးရပါတယ်။ ဘဝက တသမတ်တည်းသွားနေတာမဟုတ်ပါဘူး။ အတွေးအခေါ်တွေ ခံယူချက်တွေ အကြိုက်စရိုက်တွေက ကိုယ့်ပတ်ဝန်းကျင် နေရာဒေသပေါ်လိုက်ပြီး ပြောင်းလဲသွားတတ်ပါတယ်။ အကုန် တီးမိခေါက်မိလေ့လာထားရပါမယ်။ စောစောစီးစီး လေ့လာချင်စိတ်ကုန်ခမ်းသွားတာမျိုး မဖြစ်ပါစေနဲ့။ Pregnancy setting ဆိုတာ အမြဲတကွေ့မဟုတ်တကွေ့ ကြုံရဦးမှာပါ။ Pregnancy DVT/PE ပေါမှပေါပဲခင်ဗျာ။ Pregnancy itself ကိုက high risk for thrombosis ပဲဆိုတော့ သိထားရပါမယ်။ ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး မျက်နှာလွှဲခဲပစ်မလုပ်ရပါဘူး။ ဒါတွေဟာ Basic clinical knowledge ပါ။ ငါ့ GP နဲ့မဆိုင်ဘူး မလုပ်ပါနဲ့ဗျ။ တကယ်ကို လွယ်ကူတဲ့ simple theory လေးတွေမို့ ဆရာဝန်တိုင်း နားလည်နိုင်တဲ့ အကြောင်းအရာတွေပါ။ ကိုယ့်အထွာနဲ့ကို လက်လှမ်းမှီသလောက် အကျိုးရှိအောင် လေ့လာပေးနေရင် အတော်ဟုတ်နေပါပြီဗျ။ ကျနော့်အနေနဲ့ကတော့ တကယ်စာလိုက်လုပ်တဲ့သူတွေကို အဆုံးစွန်ထိ ကူညီပေးနေဖို့အသင့်ပါပဲ။ ကိုယ့်နဲ့ ကီးကိုက်တယ်ဆိုရင် ဆက်ဆွဲကြတာပေါ့ဗျာ ကြာသလားလို့ 🫶💪 Come on 💪 Let’s go 💟 Keep going 😍

Answer : B (SC- LMWH therapeutic dose)

၁။ (၃)ခုကြည့်ပါတယ်။ Symptoms, Risk factors, Alternative Dx - ၃ခုလုံးသည် PE ကိုဦးတည်နေပါတယ်။ CTPA သွားထားပါတယ်။ Pregnancy မှာ low radiation dose ပေးပါတယ်။ တကယ်လို့ Breast cancer history များရှိခဲ့ရင် V/Q scan လည်းရွေးနိုင်ပါတယ်။ Result က Segmental PE အဖြေထွက်တဲ့အတွက် LMWH Therapeutic dose ပေးရပါတယ်။ Prophylactic dose မဟုတ်ပါ။

၂။ Unfractionated heparin က Hemodynamic unstable လူနာမှာသုံးပါတယ်။ နောက်တချက်က DOAC က ဘယ်လောက်ပဲ Novel anticoagulant ဆိုစေကာမူ Pregnancy မှာ ပေးလို့မရပါဘူးခင်ဗျာ။ Perfect ဆိုတဲ့ဆေး လောကမှာ မပေါ်သေးပါဘူး အားနည်းချက်ကိုယ်စီနဲ့ပါ။ Urgent deliver လုပ်စရာလည်း မလိုပါဘူး။

ပူပူနွေးနွေး PE အကြောင်းရေးဖြစ်နေတုန်း
Context နဲ့မှတ်မိအောင် နွှေးပေးတာပါ
CTPA role, drug choice, Dx approach
ဒါလေးတွေကို ပိုမှတ်မိသွားဖို့ပါ

အကျိုးရှိတယ်ဆိုရင် YES လို့မန့်ပေးပါ
လွယ်တာလေးတွေ ပြန်မေးပါဦးမယ်
Let’s go 💪 Come on 🫶





မေတ္တာဖြင့်
ဒေါက်တာအောင်မင်းသူ
၁၅၊၃၊၂၀၂၆

Harrison 22nd edition ထဲကပါ OHCM emergency အတန်းအတွက်ပါ Solid foundation အတွက်ထည့်ပြောတာပါ Slide တချပ်စာလေး မျှဝေပါရစေခင...
15/03/2026

Harrison 22nd edition ထဲကပါ
OHCM emergency အတန်းအတွက်ပါ
Solid foundation အတွက်ထည့်ပြောတာပါ
Slide တချပ်စာလေး မျှဝေပါရစေခင်ဗျာ
Full video ကို အတန်းထဲမှာ ကြည့်နိုင်ပါတယ်။

🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨

အတန်းထဲမှာ Antiplatelet Vs Anticoagulant
ဒီ ၂ခုအကြောင်း သီအိုရီ သေချာရှင်းထားပါတယ်
ဒီမှာရေးနေရင် စာဖောင်းပွမှာစိုးလို့ ချန်ခဲ့ပါမယ်။

STEMI မှာ reperfusion လုပ်ကြမယ်နော်
PCI လုပ်တဲ့အခါ Fondaparinux နဲ့မရဘူး
Thrombin ပိတ်တဲ့ကောင် ပေးကိုပေးရတာ
အခု OHCM အသစ်မှာလည်း ထပ်တိုးလာတယ်
Radial access PCI ဆို UFH သုံး
Femoral access PCI ဆို Bivalirudun သုံး။
ဒီ ၂ကောင်လုံးက Thrombin ကိုပိတ်တယ်
Thrombin မပိတ်ထားရင် thrombosis ရတတ်တာ
ဒါကြောင့် comprehensive anticoagulation
အရေးကြီးကြောင်းကို စာနဲ့သက်သေပြတာပါ။

Fondaparinux ကျတော့ Xa ကွက်ပိတ်တာ
အဲ့ဒါက PCI မှာ အန္တရာယ်များတယ်
Catheter thrombosis ကြောက်ရတယ်
Antithrombin တခုခုပေးရမယ့် OASIS trial ပါ
OHCM ထဲက အတိအကျရေးပြရရင်
“Fondaparinux unless PCI”
ဒီစာကြောင်းရဲ့ background ကိုရှင်းတာပါ

ဘယ်လိုဖြစ်ဖြစ် coagulation cascade ကို
Physiology ရော Pharmacology ပါ
ကျွမ်းနေအောင် သင်အံလေ့ကျက်ထားပါ
အဲ့လိုဆွဲဆွဲပြီး မလေ့လာရင် မေ့တတ်လို့ပါ
Memory ကို package တူရာတူရာစုပေးရတယ်
အဲ့လို သတိရှိနေပေးမှ စာကမမေ့တာ

🟥 Mindfulness is the key to success!
(သတိရှိခြင်းသည် အောင်မြင်ခြင်းသော့ချက်။)

အကျိုးရှိရင် YES လို့မန့်ပေးပါ 💟

သင်တန်းစုံစမ်းလိုပါက -
See the first comment

15/03/2026

အလုပ်တခုခုမှာ
သေချာစိတ်နှစ်ရင်
အကုသိုလ်အာရုံ
ပိုပိုနည်းလာတယ်
အလုပ်သာလုပ်ပါ

15/03/2026

မနက်ခင်းဟာ ကျနော့်အတွက် Energy အမြင့်ဆုံးအချိန်ပါ။

မေတ္တာပို့ပြီးတာနဲ့ အလုပ်စပါပြီ
စိတ်ဆင်းရဲခြင်းကင်းကြပါစေ🙏

Emergency အတန်းက မောင်နှမတွေကို ၂၀၂၆ အတွက် Guideline ၂ပုဒ်Lifetime နားထောင်ခွင့်ရပါတယ်ခင်ဗျာ Emergency topic အောက်မှာပါန...
15/03/2026

Emergency အတန်းက မောင်နှမတွေကို
၂၀၂၆ အတွက် Guideline ၂ပုဒ်
Lifetime နားထောင်ခွင့်ရပါတယ်ခင်ဗျာ
Emergency topic အောက်မှာပါနေလို့ပါ

အခုလက်ရှိ CVS emergencies သွားနေပါတယ်
ကျနော်သွားတဲ့ approach အတိုင်း
ယုံယုံကြည်ကြည်သာ လိုက်လုပ်ပါ
အကျိုးရှိစေရပါမယ် Trust the process ပါ
Video လေးတွေက ကျနော့်အတန်းတိုင်း
ဒီပုံစံလေးတွေချည်းပါပဲ
ဘယ်တော့မှ Heavy sense မခံစားရဘူး
ဇွတ်အတင်းမှတ်ခိုင်းတာမျိုးလည်း မရှိပါဘူး
Concept ကိုနားလည်သွားရင်
ဘာကို မှတ်ရမလဲဆိုတာ နားထောင်တဲ့သူသိပါတယ်
အဲ့ဒါကမှ တကယ် အဖိုးတန်တာပါ
အကြာကြီး မှတ်မိနေတာပါ

လာပါ ကျနော်နဲ့ ပျော်ပျော်ကြီး စာလာဖတ်ပါ
ယုံကြည်ပေးတဲ့ဆရာတွေကိုလည်း ကျေးဇူးပါဗျ
နွေးထွေးစွာ ကြိုဆိုလျက်ပါခင်ဗျာ

သင်တန်းစုံစမ်းလိုပါက -
See the first comment

တွေ့ဆုံကြတုန်းချစ်ချစ်ခင်ခင်နေပါမျက်စိတမှိတ်အတွင်းအကုန်ထားခဲ့ကြရမှာပါခြွင်းချက်မရှိစကောင်းပါ
14/03/2026

တွေ့ဆုံကြတုန်း
ချစ်ချစ်ခင်ခင်နေပါ
မျက်စိတမှိတ်အတွင်း
အကုန်ထားခဲ့ကြရမှာပါ
ခြွင်းချက်မရှိစကောင်းပါ

Address

Mandalay

Telephone

+959759831665

Website

Alerts

Be the first to know and let us send you an email when Dr. Aung Min Thu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr. Aung Min Thu:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category