SPECTRUM_Health Care Service & Training

SPECTRUM_Health Care Service & Training Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SPECTRUM_Health Care Service & Training, Medical and health, 63Road, Between38x 39, Mandalay.

ချက်စူထွက်ခြင်း ကလေးတွေမှာအတွေ့ရများတဲ့၊ အန္တရာယ်မရှိတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။👉 ဘာလို့ချက်စူထွက်သလဲ? သန္ဓေသားဘဝက ချက်ကြိုး...
30/05/2020

ချက်စူထွက်ခြင်း

ကလေးတွေမှာအတွေ့ရများတဲ့၊ အန္တရာယ်မရှိတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။

👉 ဘာလို့ချက်စူထွက်သလဲ?

သန္ဓေသားဘဝက ချက်ကြိုးထွက်တဲ့နေရာဟာ ပုံမှန်ပြန်ပိတ်ရပေမယ့် တချို့မှာအနည်းငယ်ပွင့် ကျန်ခဲ့တဲ့အတွက်ကြောင့်အဲဒီနေရာကနေပြီးတော့ ဝမ်းဗိုက် တွင်းအစိတ်အပိုင်းတချို့ (ဥပမာ - အူ၊ အဆီ စသည်) တို့ ကျွံထွက်လာတာဖြစ်ပါတယ်။

👉 ဘယ်လိုလက္ခဏာပြသလဲ?

အများဆုံးတွေ့ရတာကတော့ချက်နေရာကနေ စူဖေါင်းထွက်လာတာဖြစ်ပါတယ်။ တချို့ကတော့ ငိုရင်၊ ညှစ်ရင် ပိုပြီးတော့ဖောင်းထွက် လာတတ်ပါတယ်။

👉 အန္တရာယ်ရှိပါသလား?

အန္တရာယ်မရှိပါ။
အများစုဟာကလေးအသက်တစ်နှစ်၊ နှစ်နှစ်လောက်ဆိုရင်သူ့အလိုလိုပုံမှန်ပြန်ဖြစ်သွားတတ်ပါတယ်။
ရှားရှားပါးပါးတွေ့ရတဲ့အခြေအနေတစ်ခုကတော့ အူပိတ်တာပါ။ဒါပေမဲ့ ဒါဟာအင်မတန်ရှားပါးပြီးဖြစ်ရင်လည်းသိသာပါတယ်။ ကလေးဟာအန်မယ်။ဗိုက်ကြီးဖောင်းထွက်လာပါမယ်။

👉 ဘယ်လိုကုသမလဲ?

ဆေးပေး/ခွဲစိတ် ကုသရန်မလိုပါ။ အထက်မှာပြောခဲ့သလိုအသက် တစ်နှစ်၊ နှစ်နှစ်လောက်ဆိုရင်အလိုလိုပျောက်သွားတတ်ပါတယ်။

👉 ဘယ်ချိန်မှာဆရာဝန်ပြမလဲ?

၁၊ အသက်ငါးနှစ်အထိမပိတ်လျှင်
၂၊ အထက်မှာပြောခဲ့တဲ့ အူပိတ်တဲ့လက္ခဏာရှိလျှင်၊
၃၊ ချက်စူထွက်နေတဲ့နေရာက နီရဲယောင်ရမ်းလာလျှင်၊

ခြုံပြီးပြောရမယ်ဆိုရင်တော့ ချက်စူထွက်တဲ့ ကလေးတွေမှာ သီးသန့်ဆောင်ရန်ရှောင်ရန်မရှိဘဲအများစုမှာအလိုလိုပျောက်သွားပါလိမ့်မယ်။

Crd

30/05/2020
🍃မနက်မျက်နှာလေးသစ်ရင် သရဏဂုံအမြဲရွတ်ပါ..မျက်နှာအကြည်ဓာတ်လေးရစေပါတယ်..🍃သွားတိုက်ရင် ဘုရားဂုဏ်တော်ပွားပါ..ကိုယ်ရဲ့ကောင်းတဲ...
28/05/2020

🍃မနက်မျက်နှာလေးသစ်ရင် သရဏဂုံအမြဲရွတ်ပါ..
မျက်နှာအကြည်ဓာတ်လေးရစေပါတယ်..

🍃သွားတိုက်ရင် ဘုရားဂုဏ်တော်ပွားပါ..
ကိုယ်ရဲ့ကောင်းတဲ့အကြံအစည်အပြောအဆိုတိုင်း
သူတပါးအား အောင်စေပါတယ်..

🍃သတိရရင်ရသလို မေတ္တာသုတ်ရွတ်ပါ..
မေတ္တာပေးတဲ့သူနား မေတ္တာပြန်ပေးသူတွေနဲ့ လုံခြုံနွေးထွေးစေပါတယ်..

🍃တနေ့ ၂ ကြိမ် အနည်းဆုံး သောက်တော်ရေချမ်းကပ်လှူပါ..
ခုနစ်ရက်သားသမီးအေးချမ်းစေသလို မိမိကိုယ်တိုင်အရင်ဆုံးအေးချမ်းစေပါတယ်..

🍃တနေ့တကြိမ် မဟာသမယသုတ် ရွတ်ဖြစ်အောင်ရွတ်ပါ..
နတ်တို့ချစ်ခင်စောင်မပါတယ်

🍃တနေ့တကြိမ် ပဠာန်းရွတ်ဖတ်ပူဇော်ပါ..
အကျိုးကျေးဇူး ဧကန်ထူးပါတယ်..

🍃တနေ့တကြိမ် ခင်ပွန်းကြီးဆယ်ပါး ဝန်ချတောင်းပန်ရှိခိုးပါ..
အပြစ်မှန်သမျှ ဆင်ခြင်မိစေပါတယ်..

🍃ငါးပါးသီလ လုံအောင် အတတ်နိုင်ဆုံးစောင့်ထိန်းပါ..
သီလအကျိုးကြောင့် လူ့တန်ဖိုးတက်ပါတယ်..

🍃မိဘကျေးဇူးအထူးသိတတ်ပါ..
ရောက်ရာအရပ်လူချစ်လူခင်ပေါပြီး ကူညီစောင်မသူတွေနဲ့ တွေ့ရတတ်ပါတယ်..

🍃နေ့စဉ်စိတ်ကောင်းရှိဖို့ ပထမဆုံးဆုံးဖြတ်ပါ..
စိတ်နောက် ဘဝကလိုက်ပါတယ်..

🍃နေ့စဉ် ကုသိုလ် ပညာ ဥစ္စာထဲက တစ်ခုရှာပါ..
လူဖြစ်တဲ့အခိုက်အတန့် လူဖြစ်ရကျိုးနပ်စေပါတယ်..

🍃တကယ့်စစ်မှန်သော အေးချမ်းသော ပြည့်စုံသောဘဝတွေပိုင်ဆိုင်နိုင်ဖို့ ဝိပ္ပသာနာတရားအားထုတ်ဖြစ်အောင် အားထုတ်ရင်း သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ကြပါစေ..

🙏🙏🙏

🛎️🛎️🛎️အပူဒဏ်ခံနိုင်ဖို့ Aloevera စိုက်ပါတဲ့အဲကွန်းမသုံးပဲ အပူဒဏ်ကို အံတုရန် --------------------------------------------...
25/05/2020

🛎️🛎️🛎️အပူဒဏ်ခံနိုင်ဖို့ Aloevera စိုက်ပါတဲ့

အဲကွန်းမသုံးပဲ အပူဒဏ်ကို အံတုရန်
-------------------------------------------------

၁) အုပ်ကြွပ်မိုးပါ

အုပ်ကြွပ်ဟာ အပူချိန် ၁၃၀၀ ဒီဂရီစင်တီဂရိတ်လောက်အထိ ခံနိုင်ရည်ရှိတဲ့အတွက် မီးလောင်ဒဏ်ကို ခံနိုင်ရည်ရှိပါတယ် ။
အိမ်တွင်း အအေးဓာတ်ကို ထိန်းပေးပြီး နေပူဒဏ်ကိုလည်း သွပ်ထပ်များစွာ ခံနိုင်ရည် ရှိပါတယ် ။

၂) Radiant Barrier သုံးပါ

အပူခံဂွမ်းလို့ လူသိများပြီး စက်ရုံတွေမှာ သုံးတာတွေ့ရပါတယ် ။ မျက်နှာကျက် အပေါ်မှာ တပ်ဆင်ရတဲ့ insulation material ဖြစ်ပြီး အုပ်ကြွပ်နဲ့ တွဲသုံးမယ်ဆိုရင်တော့ တော်တော်လေးကို အပူဒဏ် သက်သာသွားမှာ ဖြစ်ပါတယ် ။
Youtube မှာတင်ထားတဲ့ video တွေအရ သွပ်မိုးပြီး Radiant Barrier သုံးထားတာတောင် အပူချိန် ၇ ဒီဂရီလောက် လျော့ကျသွားတာတွေ့ရပါတယ် ။

ဒီနှစ်ချက်ဟာ initial cost လို့ခေါ်တဲ့ ကနဦးကုန်ကျငွေ များပေမယ့် running cost တော်တော်သက်သာစေမှာ ဖြစ်ပါတယ် ။
အဲကွန်းသုံးမယ်ဆို ကနဦး ကုန်ကျငွေရော ၊ လစဉ်ကုန်ကျငွေအပြင် ပြုပြင်ထိန်းသိမ်းစရိတ်ပါ ထည့်ပေါင်းတွက်ရမှာ ဖြစ်ပါတယ် ။
ဒါအပြင် အဲကွန်းဟာ သဘာဝပတ်ဝန်းကျင်ကို ဒုက္ခပေးတဲ့ ဇိမ်ခံပစ္စည်း တစ်ခုလည်း ဖြစ်ပါတယ် ။

၃) Aloe vera စိုက်ပါ

မိမိအိမ်ခန်းထဲမှာ Aloe Vera ပင်တွေစိုက်ထားခြင်းဖြင့် အိမ်တွင်းအပူချိန်ကို သိသိသာသာ လျော့ချနိုင်ပါတယ် ။
ဒါ့အပြင် aloe vera ဟာ formaldehyde compounds တွေကိုလည်း စုပ်ယူပေးတဲ့အတွက်ကြောင့် indoor air quality ကို ပိုမိုကောင်းမွန်စေမှာ ဖြစ်ပါတယ် ။
ဒီအပင်စိုက်ထားခြင်းအားဖြင့် အဆိပ်အတောက်တွေကို ရှုမိခြင်း အန္တရာယ်မှလည်း ကာကွယ်နိုင်ပါတယ် ။

၎) အထက်ပါ သုံးချက်ကတော့ ခြံမကျယ်လည်း လုပ်လို့ရနိုင်ပါတယ် ။
နံပါတ်လေး အချက်ကတော့ ခြံကျယ်ကျယ်သမားတွေအတွက်ပါ ။
မိမိအိမ်မှာ မြေကွက်လပ်အပို ရှိမယ်ဆိုရင် ကွန်ကရစ်အပြည့်ခင်းခြင်းကို ရှောင်ကြည်ပါ ။
မြက်ခင်းများ စိုက်ခြင်းအားဖြင့် အပူဒဏ်လျော့ချနိုင်သလို မြေအောက်ရေကိုလည်း ပြန်လည်ဖြည့်တင်းပေးရာရောက်ပါတယ် ။

၅) အရိပ်ရအပင်စိုက်ပါ ။

အာဆီယံနိုင်ငံနဲ့ အကိုက်ညီဆုံး Fast Growing Shade Trees တွေထဲမှာ ပိတောက်ပင်ကို ညွှန်းဆိုကြပါတယ် ။ ဒုတိယကတော့ ကုက္ကိုလ်ပင်ပါ ။

ဒီငါးချက်ကို တတ်နိုင်တဲ့သူတွေ ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းလိုစိတ်ရှိတဲ့သူတွေ အခုကစ လုပ်ဆောင်ကြမယ်ဆိုရင် နောက်လာမည့်နှစ်တွေမှာ အပူဒဏ် လျော့ကျသွားနိုင်ပါတယ် ။

#အဲကွန်းလျော့သုံးပါ
#အပင်စိုက်ပါ
#အပူဒဏ်ခံပစ္စည်းများအသုံးပြုပါ
#ကမ္ဘာမြေကိုကယ်တင်ပါ

Photos from google

SI THU ( IC )

အိပ်စက်ခြင်း========သင်အိပ်နေစဉ် သင့်ကိုယ်တွင်းမှာ ဘာတွေဖြစ်ပေါ်သလဲ။ အိပ်စက်နေစဉ် သင်ဟာ REM နဲ့ NREM စက်ဝိုင်းမှာလှည့်လည်...
23/05/2020

အိပ်စက်ခြင်း
========
သင်အိပ်နေစဉ် သင့်ကိုယ်တွင်းမှာ ဘာတွေဖြစ်ပေါ်သလဲ။
အိပ်စက်နေစဉ် သင်ဟာ REM နဲ့ NREM စက်ဝိုင်းမှာလှည့်လည်နေပါတယ်

REM (rapid eye movement) ဆိုတာ သင့်ရဲ့မျက်လုံးဟာ direction အမျိုးမျိုးကို လျှင်မြန်စွာရွေ့လျားနေခြင်းဖြစ်ပါတယ်။ NREM (non REM) မှာ အဲ့ဒါမျိုးမဖြစ်ပါဘူး။ ပထမဦးဆုံး NREM အဆင့်လာတယ်။ အဲ့ဒိနောက်မှာ အချိန်တို REM လာပါတယ်။ အဲဒိနောက် NREM ပြန်လာပီး စက်ဝန်း လည်ပတ်ပါတော့တယ်။ အိပ်မက်မက်ခြင်းဟာ REM အဆင့်မှာဖြစ်ပေါ် ပါတယ်။

NREM (Non rapid eye movement) မျက်လုံးမရွေ့တဲ့အိပ်စက်ခြင်းမှာ ကိုယ်တွင်း၌ ဘာတွေဖြစ်ပေါ်နေသလဲ?

အဆင့်(၃)ဆင့်ရှိပါတယ်။ အဆင့်တစ်ဆင့်စီဟာ ၅ မိနစ်မှ ၁၅ မိနစ်ထိကြာတတ်ပါတယ်။

(၁) သင့်မျက်လုံးတွေပိတ်သွားမယ်။ ဒါပေမယ့် အလွယ်တကူပြန်နိုးနိုင်မယ်။ အဲ့ဒိအဆင့်က ၅ မိနစ်ကနေ ၁၀ မိနစ်ကြာနိုင်တယ်။
(၂) သင်ဟာ light sleep အနေအထားမှာရှိမယ်။ နှလုံးခုန်နှုံးနှေးလာမယ်။ ကိုယ်အပူချိန်လျော့ကျလာမယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျဖို့အဆင်သင့်ဖြစ် ပြီ။
(၃) နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျသွားပြီ။ လွယ်လွယ်နဲ့ပြန်မနိုးတော့ဘူး။ တစ်ယောက်ယောက်ကလာနှိုးခဲ့လို့ နိုးလာရင် ခနလောက်ကြောင်တောင်တောင် အိပ်ချင်မူးတူးဖြစ်နေလိမ့်မယ်။
နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေချိန်မှာ တစ်သျှုးတွေ ပြန်လည်ကြီးထွားခြင်း၊ ပြန်လည်ပြုပြင်ခြင်း၊ အရိုးတွေ ကြွက်သားတွေတည်ဆောက်ခြင်း၊ ခုခံအားစနစ်တွေအားဖြည့်ခြင်းတို့ ကိုယ်တွင်းမှာဖြစ်ပေါ်နေတယ်။

အသက်ကြီးလာတာနဲ့အမျှ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျမှု(deep sleep) လျှော့နည်းလာပါတယ်။ လေ့လာချက်များအရ ငယ်ရွယ်စဉ်မှာ အိပ်ချိန်များများအိပ်ဖို့လိုအပ်ပါတယ်။

REM sleep ဆိုတာ ဘာလဲ?

ပုံမှန်အားဖြင့် အိပ်ပျော်ပြီး ၉၀ မိနစ်အကြာမှာ REM sleep ဖြစ်ပေါ်ပါတယ်။ ပထမဦးဆုံး REM ဟာ ၁၀ မိနစ်ခန့်ကြာပါတယ်။ နောက်ပိုင်း REM တွေဟာပိုကြာလာပါတယ်။ နောက်ဆုံး REM ဟာ ၁ နာရီအထိကြာနိုင် ပါတယ်။ ဒီအဆင့်မှာ နှလုံးခုန်နှုံးနဲ့ အသက်ရှုနှုံးမြန်ပါတယ်။ သင့်ရဲ့ဦးနှောက်ဟာ ပိုမိုနိုးကြားနေတဲ့အတွက် ပြင်းထန်တဲ့ /အသည်းအသန် အိပ်မက်တွေမက်တတ်တယ်။ REM sleep ဟာ ကလေးတွေမှာ အိပ်ချိန်စုစုပေါင်းရဲ့ 50% နဲ့ အရွယ်ရောက်ပြီးသူတွေမှာ 20% ခန့်ရှိတတ်ပါတယ်။

ကျေးဇူးတင်ပါတယ်။

မူရင်း Crd

မိဘပြည်သူများအတွက် သတင်းကောင်းရှိပါတယ်။ ပြည်သူ့ဆေးရုံတွေမှာ (၁၈-၅-၂၀၂၀) ရက်နေ့ကစတင်ပြီး ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွေက...
20/05/2020

မိဘပြည်သူများအတွက် သတင်းကောင်းရှိပါတယ်။

ပြည်သူ့ဆေးရုံတွေမှာ (၁၈-၅-၂၀၂၀) ရက်နေ့ကစတင်ပြီး ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွေကို ပြန်လည်ထိုးနှံပေးနေပါပြီ။

(၂၀၂၀) ခုနှစ်၊ မေလ (၂၉) ရက်နေ့အထိ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်မှအပ (၂) ပတ် ဆက်တိုက် ထိုးနှံတိုက်ကျွေးသွားမှာဖြစ်ပါတယ်။

ပြည်သူ့ဆေးရုံတွေမှာ ဇွန်လ (၁) ရက်နေ့ နောက်ပိုင်းမှာတော့ တစ်ပတ်ကို တစ်ရက် ပုံမှန် ဆက်ပြီးထိုးနှံပေးသွားမှာဖြစ်ပါတယ်။

ဒေသန္တရ/မိခင်ကလေး/ကျေးလက်ကျန်းမာရေးဌာနများနဲ့ ကျေးလက်ကျန်းမာရေးဌာနခွဲ/ ရပ်ကွက်/ကျေးရွာ/လူအုပ်စုအသီးသီးမှာတော့ ဇွန်လ (၁) ရက်နေ့ကစပြီး လစဉ်ပုံမှန်ထိုးနှံပေးသွားမှာပါ။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုတွေကြောင့် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းကို ခေတ္တယာယီရပ်နားထားတာကြောင့် မိဘပြည်သူအချို့ စိုးရိမ်ပူပန်မှုတွေရှိခဲ့ပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာက အကြံပြုချက်တွေကိုလိုက်နာပြီး တတ်နိုင်သမျှ မိမိတို့အိမ်မှာသာနေထိုင်ကြမှာဖြစ်တာကြောင့် COVID-19 သာမက အခြားကူးစက်ရောဂါတွေကိုလည်း အတိုင်းအတာတစ်ခုထိ ကာကွယ်ပြီးသားဖြစ်ပါတယ်။

ဒါကြောင့် မိဘပြည်သူတွေကို အစိုးရိမ်မလွန်ဖို့ ပြောကြားလိုပါတယ်။
ကာကွယ်ဆေးထိုးနှံရန်သွားတဲ့အခါမှာ မိဘပြည်သူတွေအနေနဲ့ အောက်ပါအချက်တွေကို အတိအကျလိုက်နာပါ။

- ကာကွယ်ဆေးထိုးစုရပ်/ဆေးခန်းမှာ လူစုလူဝေးမဖြစ်အောင်တစ်ရက်ကို ကလေး (၅၀) ဦးသာ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးမှာ ဖြစ်တာကြောင့် ဆေးရုံ/ကျန်းမာရေးဌာနကို တက်နိုင်သမျှ ကြိုတင်ဖုန်းဆက် ရက်ချိန်းယူပါ။ မိမိတို့ နေထိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်နဲ့ မြို့နယ်တွေမှာ ဆက်သွယ်မေးမြန်းလို့ရနိုင်မယ့် ဖုန်းနံပါတ်တွေကိုလည်း ဝေမျှလိုက်ပါတယ်။

- ကြိုတင် ရက်ချိန်းယူပြီး ချိန်းဆိုထားတဲ့ ရက်မှာပဲ ကျန်းမာရေးဌာနကို သွားပါ။

- ကာကွယ်ဆေးထိုးစုရပ်/ဆေးခန်းကို မိဘ/အုပ်ထိန်းသူ တစ်ဦးသာလျှင် ကလေးငယ်နဲ့အတူတူ ဝင်ခွင့်ပြုမှာဖြစ်ပါတယ်။

- ကာကွယ်ဆေးထိုးစုရပ်/ဆေးခန်းကို လာတဲ့အခါမှာ အိမ်ကထွက်လာကတည်းက ပါးစပ်နှင့်နှာခေါင်းစည်း တပ်လာပါ။ ကလေးကိုလည်း ကလေးအသက်ရှူမကြပ်အောင် သတိထားပြီး ကလေးမျက်နှာကာ (ဒါမှမဟုတ်) အနှီးနဲ့ ကလေးမျက်နှာကို အုပ်လာဖို့လိုပါတယ်။

- ကာကွယ်ဆေးထိုးစုရပ်/ဆေးခန်းကို မဝင်ခင်မှာ လက်ကို ဆပ်ပြာနဲ့ရေသုံးပြီး အနည်းဆုံး စက္ကန့် (၂၀) ဆေးရပါမယ်။

- ကလေး(ဒါမှဟုတ်) ကလေးနဲ့အတူနေတဲ့ အိမ်သားတစ်ဦးဦး ဖျားနေရင်/အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာတွေရှိနေရင် ကာကွယ်ဆေးထိုးဖို့ မလာသေးဘဲ နေပြန်ကောင်းလာတဲ့အချိန်ကျမှသာ ကျန်းမာရေးဌာနကို ဆက်သွယ်မေးမြန်းပြီး ကာကွယ်ဆေးထိုးနှံတိုက်ကျွေးဖို့ ရက်ချိန်းယူပါ။

- တကယ်လို့ ကလေး(ဒါမှမဟုတ်) ကလေးနဲ့အတူနေအိမ်သားတစ်ဦးဦးက ကိုရိုနာဗိုင်းရပ်စ်ရောဂါရှိတဲ့ လူနာနဲ့ ထိတွေ့ (contact) ရင်၊ home quarantine ပြုလုပ်ဖို့ လိုအပ်သော နေအိမ်မှာနေထိုင်ရင်တော့ သတ်မှတ်ထားတဲ့ quarantine ရက်ပြည့်ပြီးမှသာ ကျန်းမာရေးဌာနကို ဆက်သွယ်မေးမြန်းပြီး ကာကွယ်ဆေးထိုးနှံတိုက်ကျွေးဖို့အတွက် ရက်ချိန်းယူပါ။

- မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိကလေးကိုသော်လည်းကောင်း၊ မိမိမိသားစုကိုသော်လည်းကောင်း COVID-19 ရောဂါကူးစက်ခြင်းမရှိစေဖို့၊ မိမိကလေးငယ် မရရှိသေးတဲ့ ကာကွယ်ဆေးတွေ အားလုံး အပြည့်အဝရရှိနိုင်ဖို့နဲ့ မိမိကလေးငယ်ကို ကာကွယ်ဆေးနဲ့ကာကွယ်လို့ရတဲ့ရောဂါတွေက ကာကွယ်နိုင်ဖို့အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အကြံပြုချက်တွေကို လိုက်နာပြီး ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပူးပေါင်း‌ဆောင်ရွက်ပေးဖို့ အသိပေးတိုက်တွန်းလိုပါတယ်။

Address

63Road, Between38x 39
Mandalay

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959790560000

Website

Alerts

Be the first to know and let us send you an email when SPECTRUM_Health Care Service & Training posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to SPECTRUM_Health Care Service & Training:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram