New Wave Training Center

New Wave Training Center ဆေးဝါးအကူသင်တန်းနှင့်ဆေးဆိုင်စီမံခန့်ခွဲမှုသင်တန်း

16/12/2025

တန်ဖိုးရှိတဲ့အချိန်တွေကို အကျိုးရှိစွာ အသုံးချလိုက်ပါ

25/05/2025
15/03/2025

အယ်ဇိုင်းမားရောဂါကို ကာကွယ်ဖို့
=======================
ပြီးခဲ့တဲ့အပတ် ဆေးပညာဆောင်းပါးတပုဒ်မှာ တရုတ်ပြည်က ၁၉ နှစ်သားလေး လူကြီးတွေမှာ ဖြစ်တဲ့ အယ်ဇိုင်းမားလို့ခေါ်တဲ့ သတိမေ့လျှော့တဲ့ရောဂါ ဖြစ်တဲ့အကြောင်းသတင်းရယ် ပြီးခဲ့တဲ့ သုံးလေးလ ကတဲက သတိထားမိတဲ့ အသက် ၃၀ ၄၀ လူငယ်တွေမှာ အူမကြီးကင်ဆာ အဖြစ်များလာတယ်ဆိုတဲ့ သတင်းရယ်ကို ဖတ်ပြီး ဆေးပညာ ဖတ်စာအုပ်တွေမှာ မပါသေးတဲ့ အကြောင်းလေးတခုကို သတိရလာတယ် ..
ဘာလဲဆိုတော့ သွားမှန်မှန်တိုက်ခြင်း ခံတွင်းသန့်ရှင်းရေး မှန်မှန်လုပ်ခြင်းဟာ အယ်ဇိုင်းမားအပါအဝင် ကြောက်စရာရောဂါ လေးမျိုးကို ကာကွယ်ရာရောက်တယ် ဆိုတဲ့အကြောင်းလေးပါ .. ဆေးသုတေသနသမားတွေ ရေးသားနေကြတာ ကြာပြီ .. ဆေးစာအုပ်တွေထဲမှာ နောက်လေး ငါးနှစ်လောက်မှ ပါလာမှာပေါ့လေ ..
အယ်ဇိုင်းမား (Alzheimer's Disease) လို့ခေါ်တဲ့ အသက်ကြီးလာရင် ဖြစ်တတ်တဲ့ သတိမေ့တတ်တဲ့ ရောဂါရယ် နှလုံးသွေးကြောပိတ်ရောဂါ (Atherosclerosis & Heart Attack) အဆုတ်ရောင်ရမ်းတဲ့ရောဂါ (pneumonia) ရယ် နောက်ဆုံးအရေးကြီးဆုံးဖြစ်တဲ့ အူမကြီးကင်ဆာ (Colon Cancer) တို့ကို ခံတွင်းသန့်ရှင်းရေး မှန်မှန်လုပ်ခြင်းဖြင့် ကာကွယ်ပေးနိုင်တယ်ဆိုတာ အမေရိကန်နှလုံးရောဂါအဖွဲ့ကြီး (American Heart Association) နဲ့ အခြားပညာရှင် အဖွဲ့တွေက ပြောကြပါတယ် ..
သွားတိုက်တာနဲ့ ဒီရောဂါတွေနဲ့ ဘာဆိုင်လို့လဲ ဆိုတာ အခုနောက်ပိုင်း ထပ်သိလာတဲ့ ဗဟုသုတတွေကို ရှင်းပြပါမယ် ..
အယ်ဇိုင်းမားရယ် နှလုံးသွေးကြောပိတ်ရောဂါရယ် အူမကြီးကင်ဆာရယ်မှာ တူညီတချက်က ဘာလဲဆိုတော့ ကာလကြာရှည် ရောင်ရမ်းခြင်း (Chronic Inflammation) ဟာ ရောဂါဖြစ်ဖို့အတွက် အစ ဆိုတာကို ဆေးသုတေသနပညာရှင်တွေက အခုနောက်ပိုင်းမှာ နားလည်လာတယ် .. ကိုယ်ပြောတဲ့ ရောင်ရမ်းခြင်းဆိုတာ ထိခိုက်ဒဏ်ရာရလို့ ရောင်ရမ်းတာနဲ့ မတူဘူး .. မျက်စေ့နဲ့ မမြင်ရတဲ့ ရောင်ရမ်းစေတဲ့ဓါတ် (Proinflammatory cytokines) တွေ အဲဒီရောဂါ ဖြစ်တဲ့နေရာမှာ များလာတာကို ပြောတာ .. အဲဒီရောင်ရမ်းစေတဲ့ ဓါတ်တွေ ဘယ်ကလာလဲ ဆိုတော့ ကိုယ်တို့ပါးစပ်ထဲက ဘက်တီးရီးတွေက ထုတ်ပေးနေတယ်ဆိုတာ အခုနောက်ပိုင်းမှာ ရှာဖွေတွေ့ရှိခဲ့ကြတယ် ..
ပါးစပ်ထဲက ဘက်တီးရီးယားတွေက ထုတ်လိုက်တဲ့ အဲဒီ ရောင်ရမ်းစေတဲ့ဓါတ်တွေက သွေးကြောထဲကတဆင့် ဦးနှောက်ထဲ ရောက်တဲ့အခါ ဦးနှောက်ထဲကဆဲလ်တွေ စပြီး ရောင်ရမ်းလာတယ် .. ကာလအတန်ကြာလာတဲ့အခါ ဦးနှောက်ထဲက ထုတ်တဲ့ beta-amyloid နဲ့ tau လို့ခေါ်တဲ့ ပရိုတိန်းဓါတ်တွေ များလာတာကြောင့် ဦးနှောက်ဆဲလ်တွေ အလုပ် ကောင်းကောင်း မလုပ်နိုင်တော့ဘဲ သေကုန်တယ် .. အဲဒီအခါ မှတ်ဉာဏ်တွေ ချို့ယွင်းပြီး အယ်ဇိုင်းမားဆိုတာ ဖြစ်တာပေါ့လေ ..
အဲဒီ သဘာဝအတိုင်းပါဘဲ ရောင်ရမ်းစေတဲ့ ဓါတ်တွေသွေးကြောလေးတွေထဲ ရောက်တဲ့အခါ သွေးကြောနံရံက ဆဲလ် လေးတွေ (Endothelial cells) စပြီး ရောင်ရမ်းလာတယ် နှလုံးကိုပေးတဲ့ သွေးကြောလေးတွေထဲကို ကိုယ်ထဲမှာ ပိုလျံနေတဲ့ မကောင်းတဲ့ ကိုလတ်စရော (LDL cholesterol) တွေ ဝင်လာြပီး သွေးကြောပိတ် (Atherosclerosis) ရောဂါ အဲဒီပိတ်နေတာလေးကွာထွက်ပြီး သွေးကြောတနေရာမှာ ပိတ်ဆို့တဲ့အခါ နှလုံးရောဂါ (Heart Attack) ဆိုတာ ဖြစ်လာတာ .. ပြောချင်တာ ဒီနှလုံးသွေးကြောကျဥ်းရောဂါရဲ့ အစဟာ ပါးစပ်ထဲက ပိုမွှားတွေဆီက ထွက်လာတဲ့ ရောင်ရမ်းစေတဲ့ဓါတ်တွေကြောင့် သွေးကြောလေးတွေ ရောင်ရမ်းခြင်းက အစ ဆိုတာ သိစေချင်တာပါ ..
အူမကြီးကင်ဆာမှာလည်း သဘာဝခြင်း ခပ်ဆင်ဆင်ပါဘဲ .. အဲဒီ ပါးစပ်ထဲက ဘက်တီးရီးယားနှစ်မျိုး (Porphyromonas နဲ့ Fusobacterium) က ပါးစပ်ထဲကနေ အူထဲထိရောက်လာတယ် .. အဲဒီကတဆင့် အူမကြီးနံရံကို ရောင်ရမ်းစေတယ် ကြာလာတဲ့အခါ ကင်ဆာဆဲလ်တွေ စပြီး ပွားလာတယ် ..
ဒီလိုရောဂါကြီးတွေရဲ့အစဟာ ပါးစပ်ထဲက ဘက်တီးရီးယားတွေနဲ့ ပတ်သက်နေတယ်ဆိုတာ အခုနောက်ပိုင်းမှာ နည်းပညာတွေတိုးတက်လာတော့မှ သိလာကြတာ .. Next Generation Sequencing လို့ခေါ်တဲ့ နည်းပညာနဲ့ ပါးစပ်နဲ့ အူလမ်းကြောင်းတလျောက် သိန်းသန်းချီတဲ့ ဘက်တီးရီးယားတွေကို ရှာဖွေတွေ့ရှိရာက စပြီး သူတို့နဲ့ ပတ်သက်နေတဲ့ ဇီဝပြောင်းလဲမှုဖြစ်စဥ်ကို ရှာတွေ့ရက တွေ့ရှိခဲ့ကြတယ် ..
အဲဒီတော့ လွယ်လွယ်ကူကူနဲ့ ဒီလိုရောဂါကြီးတွေကို ကာကွယ်ဖို့အတွက် ခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်ကြပါ ..
(၁) တနေ့ကို မနက်တခါ ညတခါ သွားနှစ်ကြိမ်တိုက်ပါ Fluride ပါတဲ့ သွားတိုက်ဆေးကို အသုံးပြုပါ ညဘက်သွားတိုက်တိုင်း Dental floss သုံးပြီး သွားကြားမှာ ညပ်နေတဲ့ အစာတွေကို ရှင်းလင်းပါ .. ပြီးမှ သွားတိုက်ပါ ..
(၂) အချိုဓါတ်များတဲ့ အစာတွေရှောင်ပါ .. သကြားဓါတ်ဟာ ပါးစပ်ထဲမှာ ဘက်တီးရီးယားတွေ ပေါက်ပွားဖို့ အားပေးပါတယ် .. စားမိရင်လည်း ချက်ခြင်းသွားတိုက်ပါ
(၃) တနှစ်တခါ အနည်းဆုံး သွားတွေကို စစ်ဆေးပါ .. သန့်ရှင်းရေးလုပ်ပါ .. သွားပိုးစားတဲ့နေရာမှာ ဘက်တီးရီးယားတွေ ခိုအောင်းပါတယ်
(၄) ဆေးလိပ်သောက်တာ ရပ်ပါ မရပ်နှိုင်ရင် လျော့ပါ .. ဆေးလိပ်ဟာ ဘက်တီးရီးယားတွေက ထွက်တဲ့ ရောင်ရမ်းစေတဲ့ဓါတ်တွေကို ပို များများထွက်အောင် အားပေးပါတယ်..
(၅) ရေများများသောက်ပါ .. ရေဟာ ပါးစပ်ထဲမှာ ကျန်နေတဲ့ အစာဟောင်းတွေ ရှင်းလင်းပေးတယ် .. ပါးစပ်ထဲ ဘက်တီးရီးယားပွားမှုကိုလည်း လျော့ချပေးတယ် ..
(၆) Antiseptic mouth wash e.g., Listering နဲ့ မှန်မှန် ပလုပ်ကျင်းပေးပါ .. မရှိရင် ဆားရေနဲ့ ပလုပ်ကျင်းပေးပါ
ပြည်သူတွေအားလုံး အယ်ဇိုင်းမားရောဂါမှ ကင်းဝေးတဲ့ဘဝ နှလုံးရောဂါ ကင်ဆာရောဂါ တို့မှ ကင်းဝေးတဲ့ဘဝ ရကြပါစေ .. Crd:

💚Hello Hello💚Grammar class for kids is coming to you all!နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာ အသုံးချဖို့ သားသားမီးမီးတ...
22/02/2025

💚Hello Hello💚
Grammar class for kids is coming to you all!
နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာ အသုံးချဖို့
သားသားမီးမီးတို့အတွက် Basic Grammar Class လေး ဖွင့်လှစ်လိုက်ပါပြီရှင့်

အသက် ၇နှစ်မှ ၁၁နှစ်အတွင်း သားသားမီးမီးများအတွက် ရည်ရွယ်ပြီးသင်ကြားပေးမယ့် သင်တန်းလေးဖြစ်တာမို့ အခုပဲစာရင်းပေးလိုက်တော့နော်

Time. : 10:00 am to 11:00 am (Sat,Sun)
Fees. : 30000 Kyats per month
Duration. : 3 months
Staring Date : 10.3.2025

💚New Wave Training Center💚
၅၈ I(မဟာနဒီလမ်း)နှင့် ၁၀D လမ်းထောင့်
နန်းရှေ့ မန္တလေး
09975903902,0943015409

25/01/2025

💚အောင်မြင်မှုတွေရရှိဖို့ ယုံကြည်ချက်အပြည့်နဲ့အတူ New Wave နဲ့ လက်တွဲကြပါစို့ 💚

25/01/2025

အဆုတ်ကင်ဆာ လက္ခဏာ (၉) ချက်

အဆုတ်ကင်ဆာဟာ တိတ်ဆိတ်ပြီး သေစေနိုင်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ သူဟာ ကင်ဆာများအနက် သေနှုန်းအမြင့်မားဆုံး ကင်ဆာတစ်ခုဖြစ်ပြီး WHO က အဆုတ်ကင်ဆာကြောင့် ၂၀၁၂ မှာ လူပေါင်း ၁.၅၉ သန်း သေခဲ့တယ်လို့ ပြောကြားပါတယ်။

ဒီလို သေနှုန်းမြင့်မားရခြင်းရဲ့ အကြောင်းရင်းတစ်ခုကတော့ အဆုတ်ကင်ဆာ အစောပိုင်းအဆင့်တွေမှာ လက္ခဏာ မပြခြင်းကြောင့် ဖြစ်ပါတယ်။ အဆုတ်ကင်ဆာ ရှိသူတွေရဲ့ ၄၀%မှာ ရောဂါဆိုးရွားလာမှ ရောဂါဖြစ်မှန်း သိရှိကြပါတယ်။ သိရှိသူတွေရဲ့ သုံးပုံတစ်ပုံမှာ ကင်ဆာဟာ အဆင့် (၃) ရှိနေပြီး ဖြစ်ပါတယ်။ အောက်ပါ လက္ခဏာတွေကတော့ အဆုတ်ကင်ဆာရဲ့ အဖြစ်များတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်

ကုသလို့ မပျောက်ကင်းနိုင်တဲ့ ချောင်းဆိုးခြင်း

ချောင်းဆိုးခြင်းဟာ အဖြစ်များပါတယ်။ အအေးမိခြင်း၊ အစာနင်ခြင်းတို့ကြောင့်လည်း ချောင်းဆိုးနိုင်ပါတယ်။ ဒါပေမယ့် တကယ်လို့ အအေးမိခြင်း ပျောက်သွားပြီး (သို့) ဆေးသောက်ပြီး ချိန်အထိ ချောင်းဆိုးခြင်းက မကောင်းသွားဘူးဆိုရင် သင့်ဆရာဝန်ကို အဆုတ် နားထောင်ခြင်း (သို့) X-ray ရိုက်ခြင်းတွေ ပြုလုပ်နိုင်ဖို့ ပြသသင့်ပါတယ်။

ချောင်းဆိုးပုံ ပြောင်းလဲခြင်းကို သတိထားမိနိုင်ပါတယ်

နာတာရှည်ချောင်းဆိုးခြင်းဟာ အခြားရောဂါတွေဖြစ်တဲ့ GERD၊ ပန်းနာရင်ကျပ်နဲ့ hay fever တို့ကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ချောင်းဆိုးပုံ ပြောင်းလဲခြင်း (ဥပမာ ချောင်းခြောက်ဆိုးရာကနေ ချွဲတွေ၊ သွေးတွေ ပါတဲ့ ချောင်းဆိုးခြင်း) ဖြစ်မယ်ဆိုရင်တော့ ဆရာဝန်ကို ပြသသင့်ပါတယ်။

ပုံမှန်အလုပ်တွေလုပ်ပြီးရင် မောနေခြင်း

တကယ်လို့ မကြာခဏ မောနေခြင်း (သို့) အသက်ရှူစဉ် အသံမြည်ခြင်း ဖြစ်မယ်ဆိုရင် ဒါဟာ အဆုတ်ရောဂါ လက္ခဏာ တစ်ခု ဖြစ်နိုင်ပါတယ်။ သင့်ရဲ့ အသက်ရှူလမ်းကြောင်းကို အကျိတ်နဲ့ ပိတ်ဆို့ခြင်း (သို့) အဆုတ်ပတ်ပတ်လည်က အရည်တွေများလာခြင်းကြောင့် အဆုတ်မှာ ဖိအားများနိုင်ပါတယ်။

မောခြင်းဟာ ပုံမှန်လူတွေမှာလည်း ဖြစ်နိုင်တာကြောင့် ဒါကို သတိမမူမိတတ်ပါဘူး။ ဒါပေမယ့် ပုံမှန်အလုပ်တွေဖြစ်တဲ့ လှေကားတက်ခြင်း၊ အရင်တုံးက လုပ်ဖူးတဲ့ အလုပ်တွေ လုပ်ချိန်မှာ အသက်ရှူဖို့ ခက်ခဲလောက်အောင် မောတယ်ဆိုရင် ဆရာဝန်ကို ပြသသင့်ပါတယ်။

ရင်ဘတ်အောင့်ခြင်း

အဆုတ်ကင်ဆာဟာ အဆုတ်ရဲ့ အလယ်ပိုင်းမှာ ဖြစ်ရင် နာကျင်မှု မဖြစ်စေပဲ အထူးသဖြင့် အဆုတ် အပြင်ပိုင်း မှာ ဖြစ်တဲ့ အဆုတ်ကင်ဆာတွေက ရင်ဘတ်အောင့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အဆုတ်ကင်ဆာဟာ ရင်ဘတ်အောင့်ခြင်း၊ ပုခုံးအောင့်ခြင်း၊ ကျောအောင့်ခြင်းတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

အဆုတ်ကင်ဆာဟာ ရင်ဘတ်အောင့်ခြင်းကို ဖြစ်စေနိုင်သလို ပြန်ရည်ကျိတ်ကြီးမားခြင်း၊ ရင်ဘတ်နံရံ၊ အဆုတ်မြှေးနဲ့ နံရိုးတွေကို ကင်ဆာ ပြန့်သွားခြင်းကြောင့် နေလို့မကောင်းခြင်းတွေလည်း ဖြစ်နိုင်ပါတယ်။

အသံပြောင်းလဲခြင်း

သင့်အသံဟာ အအေးမိခြင်း၊ အိပ်ရာ ထထချင်းတွေမှာ ပြောင်းလဲမှု ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သင့်အသံပြောင်းလဲခြင်း၊ အခြားသူတွေက သင့်အသံပြောင်းတယ် ပြောခြင်းတွေ ဖြစ်ပြီး အသံက ပိုမို အက်ကွဲစူးရှလာရင် ဆရာဝန်ကို ပြသသင့်ပါတယ်။

တကယ်လို့ အသံအက်ကွဲခြင်းက နှစ်ပတ်အတွင်း ဆေးနဲ့ မသက်သာရင်လည်း ဆရာဝန်ကို ပြသသင့်ပါတယ်။ အဆုတ်ကင်ဆာဟာ အသံအိုးကို ထိပြီး အသံပြောင်းတာမျိုး ဖြစ်နိုင်ပါတယ်။

ကိုယ်အလေးချိန်ကျဆင်းခြင်း

ကိုယ်အလေးချိန် အလျင်အမြန်ကျဆင်းခြင်းဟာ ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။ အဆုတ်ကင်ဆာ ရှိသူတွေဟာ အချိန်အနည်းငယ်အတွင်းမှာ ကိုယ်အလေးချိန်ကျဆင်းနိုင်ပါတယ်။

ဒါဟာ ကင်ဆာဆဲလ်တွေက အားအင်တွေ၊ အာဟာရတွေကို အသုံးပြုနေတာကြောင့် ဖြစ်ပါတယ်။ သင်ကိုယ်အလေးချိန် လျှော့ချမှု မရှိပဲ ကိုယ်အလေးချိန် ပြောင်းလဲမှုဖြစ်လာရင် လျစ်လျူမရှုသင့်ပါဘူး။ ဒါဟာ သင့်ကျန်းမာရေး ပြောင်းလဲမှုရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။

နာကျင်မှု

အဆုတ်ကင်ဆာ ဆိုးရွားတဲ့အဆင့်ဟာ အရိုးနာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။ အရိုးကင်ဆာရှိသူ အများစုဟာ အသက်ကြီးလာတဲ့အခါ အရိုးပျက်စီးခြင်း ဖြစ်နိုင်ပါတယ်။ အဆုတ်ကင်ဆာကြောင့် ဖြစ်တဲ့ အရိုးနာကျင်မှုဟာ အဓိကအားဖြင့် နောက်ကျော၊ ပုခုံး၊ လက်မောင်း၊ လည်ပင်း အစရှိတဲ့နေရာတွေမှာ ဖြစ်နိုင်ပါတယ်။

အဆုတ်ကင်ဆာ လူနာတွေမှာ ဖြစ်တဲ့ နာကျင်မှုဟာ အနားယူစဉ်နဲ့ ညအချိန်မှာ ပိုဆိုးနိုင်ပါတယ်။ နာကျင်မှုဟာလည်း ဘယ်တော့မှ ကောင်းသော လက္ခဏာ မဖြစ်နိုင်တာကြောင့် လျစ်လျူမရှုသင့်ပဲ တတ်နိုင်သမျှ စောစော စစ်ဆေးမှု ပြုလုပ်သင့်ပါတယ်။

အဆုတ်ကင်ဆာကြောင့် ဖြစ်တဲ့ အဆိုးဆုံး နာကျင်မှုကတော့ ခေါင်းကိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကတော့ ကင်ဆာ ဦးနှောက်ကို ပြန့်သွားတာကြောင့် ဖြစ်နိုင်ပါတယ်။ အချို့ အခြေအနေတွေမှာ အကျိတ်ဟာ ရင်ဘတ်ကို ဖြတ်သွားတဲ့ အာရုံကြောတွေကို ဖိမိခြင်းကြောင့် ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဖိအားဟာလည်း ခေါင်းကိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။

အခြား လက္ခဏာတွေကတော့ အဖျားတက်ခြင်း၊ အလွန်ပင်ပန်းခြင်း၊ အစားစားရ ခက်ခဲခြင်း၊ မျိုချရခက်ခြင်း၊ အစာစားချင်စိတ် မရှိခြင်း၊ ကိုယ်ခန္ဓာမှာ အကျိတ်တွေ့ခြင်း တွေပဲ ဖြစ်ပါတယ်။

အထူးသဖြင့် သင်ဟာ ဆေးလိပ်သောက်သူ ဖြစ်ပြီး အသက် ၅၅ ကနေ ၇၉ နှစ်အတွင်း ရှိသူဆိုရင် ကိုယ်ခန္ဓာ မူမမှန်မှုတွေကို သိရှိဖို့ စစ်ဆေးမှု ပြုလုပ်သင့်ပါတယ်။ စောစီးစွာ သိရှိခြင်းဟာ အဆုတ်ရောဂါကုသမှုမှာ တိုးတက်မှုတွေကို ဆောင်ယူလာနိုင်ပါတယ်။

Credit:

၁ ။ .ခွေကိုက်ခံရရင် ကိုက်ခံရသည့် နေရာကို  🤝🤝အရင်ဆုံး ဆပ်ပြာနှင့်တိုက်၍  ရေစင်စင်၅မိနစ်ခန့် ဆေးပါ။၂။ ကိုက်ခံရချိန်မှ ၂၄နာ...
29/10/2024

၁ ။ .ခွေကိုက်ခံရရင် ကိုက်ခံရသည့် နေရာကို 🤝🤝
အရင်ဆုံး ဆပ်ပြာနှင့်တိုက်၍ ရေစင်စင်၅မိနစ်ခန့် ဆေးပါ။

၂။ ကိုက်ခံရချိန်မှ ၂၄နာရီ အတွင်း ခွေးရူးကာကွယ်ဆေး
ထိုးပါ။ ၄၈နာရီထက် နောက်ကျပြီး ထိုးရင် ဆေးထိုးခြင်း
မထိရောက်ပါတဲ့။ ခွေးကိုက်ခံရတဲ့ နေ့မှာ ဆေး တလုံးထိုးပါ။
(တကြိမ်)👆🏻

၃ ။ကိုက်ခံရတဲ့နေ့မှ ၃ရက်ကြာ တလုံးထပ်ထိုးပါ။
(၁၂.၁၂.၂၀၁၈ရက်နေ့ ကိုက်ခံရရင် အဲနေ့ တလုံးထိုး (၃)ရက်ကြာ၁၅ရက်နေ့ တလုံးထိုးပါ)(၂ကြိမ်)

၄။ ကိုက်ခံရတဲ့နေ့ ပထမ တလုံးထိုးပြီး(၇)ရက်ကြာရင်
တလုံးထပ်ထိုးပါ။
(၁၃ရက်နေ့မှစတွက် . ၁၉ရက်နေ့
တလုံးထပ်ထိုးပါ) (၃ကြိမ်)

၅။ ပထမတလုံးထိုးပြီး (၁၄)ရက်ကြာ တလုံးထပ်ထိုးပါ။
(၁၃ရက်နေ့မှစတွက် . ၂၆ရက်နေ့ တလုံးထပ်ထိုးပါ)
(၄ကြိမ်)

၆။ ပထမတလုံးထိုးပြီး (၂၈)ရက်ကြာ တလုံးထပ်ထိုးပါ။
(၁၃ရက်နေက စတွက် . .၉ရက်နေ့ နောက်ဆုံး( ၅ကြိမ်)
မြောက်ထိုးရပါမယ်။)

၅ကြိမ် ထိုးရသော စနစ်ဖြစ်ပါသည်။
***ကာကွယ်ဆေးထိုးရမည့် နေ့ရက်ထက် (၂ရက်)ကျော်
သွားပါက အစမှ ပြန်လည်ထိုးရမည်။

'ခွေးရူး'
======

ခွေးရူး ၂မျိုး ရှိပါသည်။✌🏿✌🏿

၁...။ ကြမ်းတမ်းသော ခွေးရူး
•••••••••••••••••••••••••••••••

လက္ခဏာများမှာ...

ခွေး၏အနေအထိုင်ပြောင်း
လာခြင်း

အကြောင်းမဲ့ပြေးလွှားနေခြင်း

တစ်နေကုန် ဟောင်နေတတ်ခြင်း

တစ်ခုခုကို ဒေါသတကြီး ကိုက်နေတတ်ခြင်း

အစာသိပ်မစားတော့ခြင်း

ရန်လိုနေခြင်း

ပြောစကားနားမထောင်ခြင်း

ခွေးကောင်းများကခွေးရူးနောက်မှလိုက်ဟောင်တတ်ခြင်း

ပါးစပ်တွင် အမြှုပ်တစီစီနှင့် သွားရည်တမြားမြားဖြစ်နေ
တတ်ခြင်း

၂...။ လေဖြတ် / အကြောခွေးရူး
••••••••••••••••••••••••••••••••••

လက္ခဏာများမှာ.....

ကြွက်သားများလေဖြတ်ခြင်းကြောင့်
ယိုင်တိယိုင်တိုင် သွားနေခြင်း

အောက်မေးရိုး ပိတ်မရပဲ သွားရေတွဲလောင်းကျကာ ပါးစပ်အဟောင်းသားနှင့် သွားတတ်ခြင်း

တိတ်ဆိတ်သော နေရာများတွင် ငြိမ်ငြိမ်လေး အိပ်နေတတ်ခြင်း

စသည်တို့သည်ခွေးရူးလက္ခဏာများဖြစ်ပါသည်။

*ခွေးကိုက်ပြီးဘယ်နှစ်ရက်အကြာမှာ ခွေးရူးပြန်တတ်သလဲ ?

သတ်သတ်မှတ်မှတ်ပြော၍ မရပါ။ ခွေးကိုက်သည့်နေရာနှင့် ဦးနှောက် အကွာအဝေးပေါ် မူတည်၍မျက်နှာ၊လည်ပင်းတို့
တွင် အကိုက်ခံရပါက ရောဂါပေါ်ချိန် မြန်ပြီး
ခြေ၊ လက်တို့၌ အကိုက်ခံရပါက ရောဂါပေါ်ချိန်ကြာတတ်ပါ
သည်။
ရောဂါဖြစ်ရန် အစောဆုံး ၅ရက်မှ ၃လအတွင်း အဖြစ်များပါသည်။ အကြာဆုံး ၆နှစ်အထိ ကြာတတ်ပါသည်။

*ခွေးကိုက်ပြိးဘယ်အချိန်အတွင်း ဆေးထိုးသင့်သလဲ ?

ခွေးကိုက်ခံရတိုင်းခွေးရူးကာကွယ်ဆေးချက်ချင်းထိုးသင့်ပါ
သည်။
စောနိုင်သမျှ စောထိုးပါက စိတ်ချရပါသည်။ ချက်ချင်းမထိုးနိုင်လျှင်လည်း ထိုးနိုင်ချိန်တွင်အမြန်ဆုံးထိုးသင့်သည် ။
တစ်နည်းအားဖြင့် ခွေးရူးပြန် လက္ခဏာ မပေါ်သေးသမျှ ထိုးနိုင်ပါသည်။
ကုသရန် ဆေးမရှိသည့်အတွက် လက္ခဏာပေါ်မှ ဆေးထိုးပါက ဧကန်မုချ သေဆုံးနိုင်ပါသည်။

*ခွေးရူးပြန်ရောဂါ မဖြစ်အောင် မည်သို့ ကာကွယ်နိုင်ပါသနည်း ?

ခွေးရူးပြန်ရောဂါကာကွယ်ဆေး
နှင့်ရောဂါပိုးအဆိပ်ဖြေဆေးဟူ၍ ၂မျိုးရှိပါသည်။ ခွေးရူးကာကွယ်ဆေးကို ထိုးသင့်သူများမှာ...

တိရိစ္ဆာန် အကိုက်ခံရသူများ၊တိရိစ္ဆာန် မွေးမြူသူများ၊တိရိစ္ဆာန်မွေး
မြူရေးခြံများတွင် တိရိစ္ဆာန်များနှင့်ထိတွေ့ အလုပ်လုပ်နေရသူများ၊တောရိုင်းတိရိစ္ဆာန်များနှင့် ထိတွေ့နေရသူများ
တိမွေးကုဆရာ၀န်များခွေးရူး
ရောဂါ ဖြစ်ပွားနေသူကို အနီးကပ်စောင့်ရှောက်နေသူ
များ စသည်တို့ဖြစ်ကြပါသည်။

ရောဂါကာကွယ်ဆေး ကြိုတင် ထိုးလိုသူများသည် ဆေးစထိုးသည့် နေ့တွင် ၁ လုံး၊ ၇ ရက်အကြာတွင် ၁လုံး၊ ၂၁ရက်အကြာတွင် ၁လုံး၊ စုစုပေါင်း ၃လုံးထိုးရန် လိုအပ်ပါသည်။

ခွေးကိုက်ခံရပါက စောနိုင်သမျှစောစော ကာကွယ်ဆေးထိုးထားသင့်ပါသည်။ အရင် ကာကွယ်ဆေး မထိုးသူများသည် ၀၊ ၇၊ ၂၁ရက်အတိုင်း အနည်းဆုံး ၃ကြိမ်ထိုးရန်လိုအပ်ပါသည်။ ပထမရက်တွင် ဆေး၂လုံးထိုးရမည် ဖြစ်၍ စုစုပေါင်း ကာကွယ်ဆေး ၄လုံး ထိုးရပါမည်။

ကာကွယ်ဆေးထိုးဖူးသူဖြစ်ပါက အကိုက်ခံရသည့်နေ့တွင် ၁ကြိမ်၊ ၃ ရက်အကြာတွင် ၁ကြိမ်၊ စုစုပေါင်း ၂လုံး ထပ်မံဖြည့်ထိုးရပါမည်။

တိရိစ္ဆာန်အကိုက်ခံရသူများသည် ဒဏ်ရာအရွယ်အစား၊ ကိုက်သည့် တိရစ္ဆာန်ပေါ် မူတည်၍ကာကွယ်ဆေးထိုးရုံမကဘဲအဆိပ်ဖြေဆေးကိုလည်းထိုးရနိုင်ပါသည်။
ထို့အပြင်မေးခိုင်ရောဂါကာကွယ်ဆေးကိုပါ ထိုးသင့်ပါသည်။

ခွေးရူးပြန်ရောဂါလက္ခဏာများ ပြပါကပျောက်ကင်းအောင်
ကုသရန် ခဲယဉ်းပါသည်။

လူနာသက်သာစေရန်နာကျင်မှု
များသက်သာစေရန်ရောဂါလက္ခဏာများ သက်သာစေရန်သာ ပြုလုပ်နိုင်ပါသည်။

ထို့ကြောင့်ခွေးရူးပြန်ရောဂါသည် ကုသရန်ထက်ကာကွယ်ခြင်းသည်သာအဓိကဖြစ်ပါသည်။

အိမ်မွေးတိရစ ္ဆာန်များကို ကာကွယ်ဆေးထိုးပေးခြင်းခွေး
ရူးပြန်ရောဂါဖြစ်နေသော ၊ သံသယဖြစ်ဖွယ်ရှိသော တိရိစ္ဆာန် ္ဆများကိုထိန်းသိမ်းထားခြင်း အခြားနေရာမှသွင်းလာသော
တိရစ ္ဆာန်များကို သီးခြားထား၍ စောင့်ကြည့်ခြင်း
အကိုက်မခံရအောင်ဂရုစိုက်ခြင်းဖြင့် ရောဂါကိုကာကွယ်
နိုင်ပါသည်။

ထို့ပြင်တိရိစ္ဆာန်အကိုက်ခံရပါကလည်း နီးစပ်ရာဆေးရုံ၊ ဆေးခန်းများတွင်ခွေးရူးပြန်ကာကွယ်ဆေး ထိုးထားသင့်ပါသည်။

သွေးစစ်တဲ့အခါ ဘယ်ဟာက ဘာကိုစစ်တာလဲဆိုတာသိဖို့လိုပါယ်...(Sharing လုပ်တဲ့သဘောလေးပါပဲ.... ဗဟုသုတအဖြစ်....)...CP(Auto) ကတော့ ...
26/10/2024

သွေးစစ်တဲ့အခါ ဘယ်ဟာက ဘာကိုစစ်တာလဲဆိုတာသိဖို့လိုပါယ်...

(Sharing လုပ်တဲ့သဘောလေးပါပဲ.... ဗဟုသုတအဖြစ်....)
...CP(Auto) ကတော့ သွေးဖြူဥ သွေးနီဥ သွေးမွှားတွေရဲ့ အခြေအနေနဲ့ သွေးအားကောင်း မကောင်း သိရှိအောင် စစ်ဆေးတဲ့ စစ်ဆေးမှုမျိုးပါ
....Creatinine က တော့ ဆီးချို ရောဂါဟာ ကျောက်ကပ် လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်နိုင်လို့ ကျောက်ကပ်အတွက် စစ်ဆေးမှုမျိုးပါ ( Urea) လည်း တူပါတယ်
....Electrolytes ကတော့ ဆီးချိုရောဂါကြောင့် ဆီးများများသွားတဲ့အခါ ဆုံးရှုံးသွားတဲ့ sodium potassium chloride ဆိုတဲ့ ဓာတ်တွေ အတွက်စစ်ဆေးမှုပါ
......HBA1c ကတော့ လွန်ခဲ့တဲ့ ၃လအတွင်း ဆီးချိုရောဂါကို ထိန်းချုပ်နိုင်စွမ်းရှိမရှိ သိရှိနိုင်တဲ့ စစ်ဆေးမှုမျိုးပါ
.......Urine RE ကတော့ ဆီးချိုရောဂါကို သိရှိနိုင်တဲ့ စစ်ဆေးမှုမျိုးပါ.....
.......FBS ( Fasting Blood Sugar ) ကတော့ ဘာအစားမှ မစားဘဲ ၈နာရီနေပြီး စစ်ဆေးပါက သွေးထဲရှိ သကြားပမာဏ မြင့်တက်မှုကို တိုက်ရိုက် သိစေနိုင်တဲ့ စစ်ဆေးမှုမျမုးပါ
.......HbsAg ကတော့ အသားရောင်အသားဝါ Bပိုးစစ်တာပါ
......Alkaline Phosphates ကတော့ အသည်းစစ်ဆေးတာပါ
.......AFP က အသည်းကင်ဆာစစ်တာမျိုးပါ
.......Lipid profile ကတော့ သွေးတွင်းအဆီပမာဏကို စစ်တာမျိုးပါ ( ကောင်းကျိုးပေးသော အဆီနဲ့ မကောင်းတဲ့ အဆီတွေကိုကြည့်ပြီး နှလုံး ကျန်းမာရေး အကဲဖြတ်နိုင်ရန်)စစ်ဆေးတာမျိုးပါ
.......VDRL ကတော့ syphilis အတွက် စစ်ဆေးမှုမျိုးပါ
........ECG ကတော့ နှလုံးစစ်ဆေးတာ
(နှလုံး ကြွက်သားလုပ်ဆောင်ချက်နဲ့ နှလုံးရောဂါများကို စစ်ဆေးတာ)မျိုးပါ
.........EST ကတော့ ပြေးစက်ပေါ် နှလုံးစမ်းသပ်တာမျိုးပါ
........ Urine test ကတော့ ဆီးစစ်ဆေးတာ
( ဆီးလမ်းကြောင်း တစ်လျှောက်ပိုး၀င်ခြင်း မူမှန်မမှန်နဲ့ ကျောက်ကပ်ကို စစ်ဆေးတာ )မျိုးပါ
..........Blood Sugar ကတော့ သွေးတွင်းသကြားပမာဏ စစ်ဆေးတာမျိုးပါ
(ဆီးချိုးရောဂါရှိမရှိ သိရှိရန် အတွက် စစ်ဆေးမှုမျိုးများ )........SGOT, SGPT, Serum Bilirubin.,ALT -
အသည်းရဲ့စွမ်းဆောင်ရည် အင်ဇိုင်းပမာဏနဲ့
သွေးတွင်း ဘီလီယူဘင်ကိုစစ်တာမျိုးပါ

(အသားဝါစေသော ဓာတ်ကို အကဲဖြတ်မလို့ စစ်ဆေးမှူမျိုးများ) ......BUN ကတော့ ကျောက်ကပ်စစ်တာမျိုးပါ
.........Cholesterol ကတော့
သွေးထဲရှိ ကိုလက်စထရောစစ်တာမျိုးပါ
.........HDL Cholesterolကတော့
သွေးထဲရှိ အကျိုးပြုတဲ့ ကောင်းတဲ့ အဆီဓာတ် ကိုစစ်တာမျိုးပါ
..........LDL Cholesterol အကျိုးမပြုတဲ့ မကောင်းတဲ့ အဆီဓာတ်ကိုစစ်တာမျိုးပါ........Haemogram ကတော့
(သွေးဖြူဥ ,သွေးနီဥ, သွေးမွှားဆဲလ် စတာတွေကို အဏုစိတ် စစ်ဆေးတာ)မျိုးပါ
.......HBs Antigen ,HCV Antibodyကတော့
အသည်းရောင်အသားဝါ ဘီပိုး,စီပိုး ရှိမရှိစစ်တာမျိုးပါ
.......Anti HBS ကတော့ Bပိုး ကိုယ်ခံအားစစ်တာမျိုးပါ
........Anti HCVကတော့ C ပိုးစစ်တာပါ
..........( X -ray )ကတော့ ဓာတ်မှန်ရိုက်တာ
(ရင်ဘတ်ဓာတ်မှန် နဲ့ အရိုးကျိုး အက် စတာတွေအတွက်စစ်တာ)မျိုးပါ
.........(Chest X-ray)ကတော့
ရင်ဘတ်ဓာတ်မှန် ရင်ခေါင်းအတွင်းရှိ အဆုတ်နဲ့ နှလုံး ပုံမှန်ဟုတ်မဟုတ် ရောဂါရှိမရှိ စစ်ဆေးတာမျိုးပါ
........USG (Ultrasound)ကတော့ အယ်ထရာဆောင်း

(တယ်လီဗီးရှင်း ဓာတ်မှန်ရိုက်တာ)

အသည်းသည်းခြေအိတ် ကျောက်ကပ် မုန့်ချိုအိတ် သရက်ရွက် ဆီးကျောက်တည်ခြင်း သည်းခြေကျောက်တည်ခြင်း စသည့်၀မ်းတွင်း အင်္ဂါများရောဂါများရှာဖွေရန်နဲ့ ကိုယ်၀န်ဆောင် များ အတွက် စစ်ဆေးတာမျိုးပါ
..... Thyroid Function Test ကတော့
လည်ပင်းကြီးဟော်မုန်းစစ်တာမျိုးပါ
........T3,T4,TSH ကတော့
သိုင်းရွိုက် ဟော်မုန်းစစ်တာမျိုးပါ
.....Vitamin D (total ) ကတော့
အရိုးပွရောဂါအတွက်စစ်တာမျိုးပါ
....Uric acid (Gout ) ကတော့
အဆစ်အမြစ်ရောဂါ . ဂေါက်ရောဂါ အတွက်စစ်ဆေးတာမျိုးပါ
.....RA ကတော့
သွေးကြောင့်ဖြစ်တဲ့ လေးဖက်နာရောဂါကို စစ်တာမျိုးပါ
... ESR -ကတော့
သွေးနီဥတွေ တစ်နာရီအတွင်း အနယ်ထိုင်တဲ့နှုန်းကို စစ်တာ(သွေးအားနည်း နှလုံးရောင် ကျောက်ကပ်မကောင်း
အရိုးအတွင်းရောင် ကိုယ်၀န်ဆောင် လေးဘက်နာ (ရူမက်တစ် )
အဆစ်နာရောဂါ ဆစ်ဖလက် လည်ပင်းကြီး တီဘီ အဆစ်နာရောဂါ
စတဲ့သူတွေကို စစ်တာမျိုးပါ
......PSA/CA 125/CA 153 ကတော့
ကင်ဆာဖြစ်နိုင်ခြေရှိမရှိစစ်ဆေးတာမျိုးပါ
.....PSAကတော့ ဆီးကျိတ်ကင်ဆာ စစ်တာမျိုးပါ
.....CEAကတော့ အစာအိမ်နဲ့
အူလမ်းကြောင်း ကင်ဆာစစ်တာမျိုးပါ........Digital Mammogram ကတော့
ရင်သားဓာတ်မှန် ရိုက်တာပါ
.......CRP ကတော့
သွေးကြောရောင်ကိုင်းတာကို စစ်တာပါ
ကျေးဇူးတင်လျှက်............

Credit dr hein laboratory

အဖြစ်များသော လေးဘက်နာ ရောဂါများ၁။အရေပြားလေးဘက်နာ (SLE)၂။သွေးလေးဘက်နာ (RA)၃။နှလုံးလေးဘက်နာ၄။အရေပြားထူလေးဘက်နာ (Scleroderm...
26/10/2024

အဖြစ်များသော လေးဘက်နာ ရောဂါများ
၁။အရေပြားလေးဘက်နာ (SLE)
၂။သွေးလေးဘက်နာ (RA)
၃။နှလုံးလေးဘက်နာ
၄။အရေပြားထူလေးဘက်နာ (Scleroderma)

အရေပြားလေးဘက်နာ (SLE)
အရေပြားလေးဘက်နာ (SLE)သည် အရိုးအဆစ်ရောဂါ တင် မဟုတ်ဘဲ ခန္ဓာကိုယ် အနှံ့ ရောင်ရမ်းသော ရောဂါတစ်မျိုးဖြစ်သည်။ အရေပြားလေးဘက်နာရောဂါ ဖြစ်ပေါ်ပုံမှာ ခန္ဓာကိုယ်၏
တုန့်ပြန်မှု ပုံမမှန်ခြင်း ကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်တွင် ပုံမှန်အားဖြင့် ပဋိပစ္စည်း ဟုခေါ်သော Antibodies များ ရှိပါသည်။ ထို ပဋိပစ္စည်း ဟုခေါ်သော Antibodies များ၏တာ၀န် မှာ
ခန္ဓာကိုယ် အတွင်းသို့၀င်ရောက် လာသော ဘတ်တီးရီးယား ဗိုင်းရပ်စ် များ နှင့် အခြားသော ပိုးမွှားများ ကို တိုက်ခိုက် ချေမှုန်း သော တာ၀န် ဖြစ်ပါသည်။ အရေပြားလေးဘက်နာ (SLE) ရောဂါ ရှင်များတွင်မူ ထို ပဋိပစ္စည်း ဟုခေါ်သော Antibodies များသည် ပုံမမှန် မှုဖြစ်ပေါ်ပြီး မိမိ ခန္ဓာကိုယ် မှတစ်ရှုး များ အင်္ဂါ များ ကို ပြန် လည် တိုက် ခိုက်ခြင်းဖြင့် ခန္ဓာကိုယ် အနှံ့ ရောင်ရမ်းခြင်းများဖြစ်ပေါ်စေပါသည်။

လက္ခဏာများမှာ
၁။ လက်ဆစ်များရောင်ရမ်း ကိုက်ခဲခြင်း
၂။ မနက်အိပ်ရာထထခြင်းတွင် တင်း၍အ ကွေး အဆန့် ခက်ခဲခြင်း
၃။ နေရောင်ထဲထွက်လျှင် မျက်နှာပေါ်တွင် အနီကွက်များထွက်လာခြင်း
၄။ ပါးစပ်တွင် အနာများပေါက်ခြင်း
၅။ဆံပင်ကျွတ်ခြင်း
၆။ရေကိုင်လျှင် လက်များဖြူ၍ ကိုက်လာခြင်း
၇။ကိုယ်၀န်မကြာခဏပျက်ကျခြင်း

တစ်ကိုယ်လုံးကိုက်ခဲသော ရောဂါဖြစ်သည့်အားလျော်စွာ နောက်ဆက်တွဲ ပြသနာ များ အဖြစ် ကျောက်ကပ်ရောင်ရမ်းခြင်း၊ နှလုံးနှင့်နှလုံးအမြှေးရောင်ရမ်းခြင်း၊
အဆုတ်နှင့် အဆုတ်အမြှေးရောင်ရမ်းခြင်း၊ ဦးနှောက်ရောင်ရမ်းခြင်း ခြင်ဆီအားနည်းခြင်းတို့ဖြစ်နိုင်ပါသည်။

အရေပြားလေးဘက်နာ ရောဂါသည် သက်လတ်ပိုင်းအမျိုးသမီးများတွင် အဖြစ်များသောကြောင့် သေသေချာချာ မကုသဘဲထားပါက အသက်ငယ်ငယ်ရွယ်ရွယ် နှင့် ကျောက်ကပ်ပျက်စီးပြီး ကျောက်ကပ်ဆေးရခြင်း၊ ကျောက်ကပ်လဲရခြင်း စသည်တို့ဖြင့်ငွေကုန်ကြေးကျများရုံသာမက ကျောက်ကပ်ကုသမှုများ၏ နောက်ဆက်တွဲ ပြသနာများကြောင့်ပင် သေဆုံးခြင်းဖြစ်ပေါ်တတ်ပါသည်။
ထို့ကြောင့် မိမိ လက်ဆစ် ခြေဆစ် များ ကိုက် သည်ဖြစ်စေ၊ ရောင် ရမ်း နေသည်ဖြစ်စေ၊ တင်း နေ ပြီးကွေးလို့ ဆန့် လို့ မကောင်းသည်ဖြစ်စေ ၊ ဖော်ပြထားသော လက္ခဏာ တစ်ရပ်ရပ် ရှိ သည် ဖြစ်စေ တတ်ကျွမ်းသော အရိုး အကြော အထူးကု သမား တော် နှင့် အမြန်ပြသတိုင်ပင်သင့်ပါသည်။

သွေး လေးဘက်နာရောဂါ(RA)

သက်ကြီးပိုင်းများတွင် အတွေ့များလေ့ရှိသော လက်များပုံပျက်ကောက်ကွေး နေသည့် ရောဂါ ၏အစမှာ သွေး လေးဘက်နာရောဂါဖြစ်ပါသည်။ ရောဂါဖြစ်ပေါ်ပုံ မှာ မျိုးရိုးလိုက်ခြင်း နှင့် ပြင်ပ မှ ဘတ်တီးရီးယား များ၊ ဗိုင်းရပ်စ် ပိုးများ ၀င် ရောက် လာခြင်း နှင့် ဆေးလိပ် သောက် ခြင်း တို့ နှင့် ဆက်စပ် လျက် ရှိသည် ဟု ယူဆထားပါသည်။ ထိုသို့ ပြင်ပလှုံ့ဆော် မှုများ ကြောင့် ခန္ဓာကိုယ် မှ ခုခံကာကွယ် သော ဆဲလ် များ ၊ ရောင် ရမ်း ဓာတ် များ ထွက် ခြင်း တို့ ဖြစ်ပေါ် ပြီးလက် ဆစ် ခြေ ဆစ် များ ရောင် ရမ်း ခြင်း ၊ ခိုင် သွားခြင်း ၊ ဆက်သွားခြင်း တို့ဖြစ်ပေါ်ပါသည်။

လက္ခဏာများမှာ
၁။ လက်ဆစ်များရောင်ရမ်း ကိုက်ခဲခြင်း
၂။ မနက်အိပ်ရာထထခြင်းတွင် တင်း၍အ ကွေး အဆန့် ခက်ခဲခြင်
၃။ လက်ဆစ်နှင့် တံတောင်ဆစ်များတွင် အလုံးများပေါ်လာခြင်း
၄။ အသက်ရှုမဝခြင်း
၅။ လက်များထုံကျင်ခြင်း

သွေးလေးဘက်နာသည်အရိုးအဆစ်များသာမက အရွတ်များ၊ ကြွက်သား တစ်ရှုးများနှင့် အခြားသောခန္ဓာကိုယ် အစိတ် အပိုင်းများပါ ရောင်ရမ်းခြင်းတို့ဖြစ်စေတတ်သော ကြောင့်
မိမိ လက်ဆစ် ခြေဆစ် များ ကိုက် သည်ဖြစ်စေ၊ ရောင် ရမ်း နေသည်ဖြစ်စေ၊ တင်း နေ ပြီးကွေးလို့ ဆန့် လို့ မကောင်းသည်ဖြစ်စေ ၊ ဖော်ပြထားသော လက္ခဏာ တစ်ရပ်ရပ် ရှိ သည် ဖြစ်စေ တတ်ကျွမ်းသော အရိုး အကြော အထူးကု သမား တော် နှင့် အမြန်ပြသတိုင်ပင်သင့်ပါသည်။

အရေပြားထူလေးဘက်နာ(scleroderma)

အရေပြားထူလေးဘက်နာ ရောဂါဖြစ်ပေါ်ပုံ မှာ အထက်ဖော်ပြပါရောဂါများကဲ့သို့ပင်ခန္ဓာကိုယ် မှ ခုခံကာကွယ် သော ဆဲလ် များ ၊ ရောင် ရမ်း ဓာတ် များ ထွက် ခြင်း တို့ ဖြစ်ပေါ် ပြီး ထို ဆဲလ်များ အရေပြားတွင်း ၀င်ရောက်ခြင်း ကြောင့်အရေပြား များ ထူလာခြင်း၊ မာလာခြင်း၊ သွေးကြောများအတွင်း ၀င်ရောက် ခြင်း ကြောင့် သွေးကြောနံရံများ ရောင် ရမ်း ခြင်း ၊ထူလာခြင်းတို့ဖြစ်လာပြီး သွေးစီးမှုလျော့နည်း လာရာမှ လက်ဖျားခြေဖျားထိပ်များသွေးငတ်ခြင်း ကြောင့် အနာများဖြစ်ခြင်း၊ ပုတ်၍ပြတ်ကျခြင်းတို့ဖြစ်စေပါသည်။

လက္ခဏာများမှာ
၁။ လက်ဆစ်များရောင်ရမ်း ကိုက်ခဲခြင်း
၂။ မနက်အိပ်ရာထထခြင်းတွင် တင်း၍အ ကွေး အဆန့် ခက်ခဲခြင်း
၃။ ရေကိုင်လျှင် လက်များဖြူ၍ ကိုက်လာခြင်း
၄။ အရေပြားများထူ၍ တင်းလာခြင်း
၅။ အစာမျိုရခက်ခဲခြင်း
၆။ အသက်ရှုမဝြခင်း
၇။ လက်ထိပ်ခြေထိပ်တွင် အနာများဖြစ်ပြီး မကျက်ခြင်း
၈။ သွေးတိုးခြင်း

အဆိုးဆုံးအနေဖြင့် ခန္ဓာကိုယ် နေရာ အနှံ့ ရောင် ရမ်းရာမှ ကျောက်ကပ်ပျက်စီးခြင်း၊ အဆုတ် ပျက်စီးခြင်း အပြင် လက်ထိပ် ခြေထိပ်မှအနာများကိုရောဂါမသိဘဲ ကုသနေခြင်း
ကြောင့် ခြေချောင်း လက်ချောင်းကလေးများ မလိုအပ်ဘဲ ဖြတ်ရခြင်းတို့ဖြစ်တတ်ပါသည်။
ထို့ကြောင့် မိမိ လက်ဆစ် ခြေဆစ် များ ကိုက် သည်ဖြစ်စေ၊ ရောင် ရမ်း နေသည်ဖြစ်စေ၊ တင်း နေ ပြီးကွေးလို့ ဆန့် လို့ မကောင်းသည်ဖြစ်စေ ၊ ဖော်ပြထားသော လက္ခဏာ တစ်ရပ်ရပ် ရှိ သည် ဖြစ်စေ တတ်ကျွမ်းသော အရိုး အကြော အထူးကု သမား တော် နှင့် အမြန်ပြသတိုင်ပင်သင့်ပါသည်။

နှလုံးလေးဘက်နာ သို့မဟုတ် ပိုးလေးဘက်နာ

နှလုံးလေးဘက်နာ သည် ဆယ်ကျော်သက် ကလေးများတွင် အဖြစ်များလေ့ ရှိပြီး ပိုး လေးဘက်နာ ဟုလည်း လူသိများပါသည်။ လူသိများသော လေးဘက်နာဖြစ်ပြီး လေးဘက် နာ ဟုဆိုလျှင် A*O ပိုးကောင်ရေပြေးစစ်ကြပြီး ပိုး လေးဘက်နာ ဟုပင်ထင်လေ့ ရှိကြပါသည်။

လက္ခဏာများမှာ
၁။ ဖျားခြင်း
၂။ လည်ချောင်းနာခြင်း
၃။ ရင်တုန်ခြင်း
၄။ ရင်ဘတ်အောင့်ခြင်း
၅။ အသက်ရှုမဝြခင်း
၆။ ခြေ၊ လက် ( အများအားဖြင့် လက်ကောက်၀တ်၊
တံတောင်၊ပုခုံး၊ ခြေချင်း၀တ် နှင့် ဒူး) ကိုက်ခြင်း တို့အဖြစ်များပါသည်။

လည်ချောင်းနာခြင်းကိုဖြစ်စေသော ပိုး(Streptococcal)မှတစ်ဆင့်ဖြစ်ပွားတတ်ပြီး အဆိုပါ ပိုးသည် ပိုးသတ်ဆေး ရေ ရှည် စွဲမသောက်ပါက နှလုံး အဆို့ရှင် ပျက်စီးခြင်းကိုဖြစ်ပေါ် စေပါသည်။ နှလုံးအဆို့ရှင် ပျက်စီး ခြင်းသည် ရောဂါပိုး ကြောင့်တိုက်ရိုက်ပျက်စီးခြင်းမဟုတ်ဘဲ ထို ရောဂါပိုး ကို တိုက်ခိုက်ရန် ခန္ဓာကိုယ် မှ ခုခံတုန့်ပြန်မှု ဆဲလ် များ ထွက်ပေါ်လာပြီး ထို ဆဲလ် များသည် နှလုံး ကြွက်သား များ အဆစ် များ တစ်ရှုးများ ကို တိုက်ခိုက်ရာမှ နှလုံးကြွက်သား ရောင်ရမ်း ခြင်း ၊ အရိုးအဆစ်များကိုက်ခြင်းတို့ဖြစ်စေပါသည်။ နှလုံးအဆို့ရှင်သည် ဆယ်နှစ် ဆယ့်ငါး နှစ် ကျော်မှ ဖြစ် တတ်ပြီး ငယ်စဉ်က ပိုး၀င်၀င်ချင်း သေချာ ကုသမှုမခံယူခဲ့ခြင်း ကြောင့်ဖြစ် ပြီး အဆို့ရှင် ပျက်စီးသော အခါ မှ ဆေး သောက် ၍ မရတော့ဘဲ ခွဲစိတ် မှုများလိုအပ်လာရပါသည်။ နှလုံးအားခွဲစိတ် ရသည့်အားလျော်စွာ အန္တရာယ် များရုံသာမက ငွေကုန်ကြေးကျလည်း အလွန်များနိုင်ပါသည်။

အထက်ဖော်ပြပါ လေးဘက်နာ ရောဂါခံစားနေရသူများ အနေဖြင့် မိမိရောဂါအကြောင်း သိရှိကြပြီး လက္ခဏာ ခံစားနေရသူများလည်းမပေါ့လျော့ကြစေရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။
Credit

CreditDr ခန့်ဝင်းစိတ်ပူကြပြန်ပြီ…..မေးကြပြန်ပြီ……။အဲ့သည့်တော့လည်း ဖြေရပြန်ပါပြီ…….။ဟုတ်ပါတယ်။ခု ရက်ပိုင်း ကလေးတွေ ဖျားကြ...
13/10/2024

Credit
Dr ခန့်ဝင်း
စိတ်ပူကြပြန်ပြီ…..
မေးကြပြန်ပြီ……။
အဲ့သည့်တော့လည်း ဖြေရပြန်ပါပြီ…….။

ဟုတ်ပါတယ်။
ခု ရက်ပိုင်း
ကလေးတွေ ဖျားကြပါတယ်။
ဖျားတဲ့ ကလေး အတော်များများ က
Bronchitis ဆိုတဲ့ လေပြွန်ရောင်တာ ပါ
ဖြစ်နေကြပါတယ်။

ရောဂါ ပုံစံ ကတော့
ကိုယ် ပူ ပါမယ်။
အပူချိန် ၁၀၃ ဒီဂရီ ဖာရင်ဟိုက် ကျော်ထိ
တက်နိုင်ပါတယ်။
ကိုယ် စ ပူပြီး သုံးရက် ဝန်းကျင် လောက်ထိ ပါပဲ။
နောက်ပိုင်း ရက်တွေ မှာတော့
ကိုယ်ပူတာ ဖြစ်လိုက် ကောင်းလိုက် ဆက်ရှိနေပေမယ့်
အပူကြီးတာ မျိုး မရှိတော့ဘဲ
အပူချိန် ၁၀၀ ကနေ ၁၀၁ ဒီဂရီ ဖာရင်ဟိုက် လောက် ထိ တော့ တက်ပါမယ်။
ကိုယ်ပူတာ
၅ ရက် ကနေ ၇ ရက်၊ ၈ ရက် လောက်ထိ ကြာနိုင်ပါတယ်။

ချောင်းဆိုး ပါမယ်။
ချောင်းဆိုး တဲ့ အချိန် ဆက်တိုက် ဆိုးတာမျိုး ဖြစ်ပါမယ်။
မျက်လုံး ပြူး၊ လျှာထွက် တဲ့ ထိ ချောင်းဆိုး ပါမယ်။
လည်ချောင်းယားသလို၊
အာခေါင်ခြစ်ခြစ် ဆိုးတာမျိုး ဖြစ်ပါမယ်။
(တကယ်တော့ မယားပါဘူး။)
ချောင်းဆိုးရင်း စားထားတာတွေ ပါ အန်ထွက် နိုင်ပါတယ်။

နုံးခွေပါမယ်။
ငြိမ်သွားပါမယ်။
ဂျီကျပါမယ်။
စိတ်တိုတာ၊ စိတ်ဆိုးတာ၊ စိတ်အလိုမကျတာတွေ ဖြစ်ပါမယ်။
အစား သေချာ မစားတော့ပါဘူး။

အခြား လက္ခဏာတွေ
အနည်း အများ ရှိနိုင်သေးပေမယ့်
အဓိက လက္ခဏာ ကတော့
အဲ့သည့် လက္ခဏာတွေ ပါ။

ရောဂါ အကြောင်း
အခြေခံ သိထားရင် ကောင်းပါတယ်။

Bronchitis ဆိုတာ လေပြွန်ရောင် တာပါ။
အတိအကျ ပြောရရင်
လေပြွန် ရဲ့ အတွင်း နံရံတွေ ရောင်ပြီး ဖောင်းကြွ လာတာပါ။
အဲ့သည်တော့ လေပြွန် ထဲ ကို
လေ အဝင်အထွက် လုပ်ရမယ့် လမ်းကြောင်း
ကျဉ်း လာတာပေါ့။
(ပုံ ကို ကြည့်ရင် သိမှာပါ။)
အဲ့လို ကျဉ်းနေတဲ့ လေပြွန် လမ်းကြောင်း ထဲ
လေဝင် အောင် ပို အားစိုက် ပြီး ရှူသွင်း လို့ ရပေမယ့်
အဆုတ် ထဲ က လေဟောင်း တွေ ပြန်ထုတ် ဖို့ ကတော့
ကိုယ်ခန္ဓာ ရဲ့ ဇီဝကမ္မ ဖြစ်စဉ် အရ
ချောင်းဆိုးပြီး ထုတ် ရပါတယ်။

အသက်ရှူ လမ်းကြောင်း စနစ် တစ်ခုလုံး က
သူ့ အထဲ မှာ လက်ခံ လို့ မရတဲ့ အရာ မှန်သမျှ ကို
ချောင်းဆိုးခြင်း အားဖြင့် ပြန်ထုတ်ပါတယ်။
ဒါကြောင့် တစ်ခုခု စားရင်း သောက်ရင်း သီးသွားရင်
အသက်ရှူ လမ်းကြောင်းထဲ ရောက် သွားလို့
ချောင်းဆိုးပြီး ပြန်ထွက်လာတာမျိုး ကြုံဖူး ကြမှာပါ။

အဆုတ် ထဲ မှာ ရှိနေတဲ့
ကာဗွန်ဒိုင်အောက်ဆိုဒ် ပါ လေဟောင်းတွေ
အပြင် ကို ထွက်သွား ပြီးမှ
အောက်ဆီဂျင် ပါ လေသစ်တွေ
အဆုတ်ထဲ ပြန် ဝင် လာလို့ ရမှာပါ။
(ရေ ပြည့်နေတဲ့ ခွက် ထဲ ရေ ထပ်ထည့်လို့ မရသလို)
အဆုတ် ထဲ က
လေဟောင်းတွေ မထွက်ဘဲ ခံ နေသရွေ့
အဆုတ် ထဲ ကို
လေသစ် မဝင် နိုင်လို့
တဖြည်းဖြည်း အောက်ဆီဂျင် ရရှိမှု နည်းလာမှာပါ။

ပြောချင်တာ က
လေပြွန် ကျဉ်းနေတဲ့ အချိန်၊ ပိတ်နေတဲ့ အချိန် မျိုး မှာ
ချောင်းဆိုးတယ် ဆိုတဲ့ ဖြစ်စဉ် က
လိုအပ် လို့
ခန္ဓာကိုယ် က တုံ့ပြန်ပြုလုပ်တဲ့
ဇီဝကမ္မ ဖြစ်စဉ် ပါ။
အဲ့သည်လို အချိန်အခါ အခြေအနေမျိုး မှာ
ချောင်းဆိုးရပ်အောင် ချောင်းမဆိုးနိုင်အောင်
လုပ်လိုက်ရင်
လေဟောင်း ပြန်မထွက်၊ လေသစ် ထပ်မဝင်ဘဲ
အသက်ရှူ ရ ခက်တဲ့ ပြဿနာမျိုး၊
အောက်ဆီဂျင် ကျ သွားတဲ့ ပြဿနာမျိုး ဖြစ်နိုင်ပါတယ်။

အဓိက က
လေပြွန် ပြန်ကျယ်စေ၊ ပွင့်စေတဲ့ ဆေး နဲ့
လေပြွန် ရောင်တာ လျော့စေတဲ့ ဆေး၊
ကျဉ်းနေ တဲ့ လေပြွန်ထဲ မှာ ချွဲတွေ ပြစ်ခဲ သွားလို့
ချွဲ ပျော်စေတဲ့ ဆေး၊
အဲ့ဒါတွေ သောက်တန်တာသောက် ရှူတန်တာရှူ
လုပ်ဖို့ လိုအပ်ပါတယ်။
သောက်ပြီး ရှူပြီး ရင်
လေပြွန် ခဏ ပြန်ကျယ် သွားတဲ့ အတွက်
ပျော်ကျ လာတဲ့ ချွဲတွေ ကို အန် ထုတ် တတ်ပါတယ်။
အဲ့ဒါမျိုး အန်ထွက်တာ ဟာ ကောင်းတဲ့ လက္ခဏာ ပါ။
စိုးရိမ် စရာ မဟုတ်ပါဘူး။
သတိထား ကြည့် ကြည့်ပါ။
အဲ့သည်လို ချွဲတွေ အန်ထွက်ပြီးတဲ့ အချိန်
ချောင်းဆိုးတာ သိသိသာသာ လျော့သွားပါလိမ့်မယ်။
လေပြွန် ကျဉ်းပြီး ပိတ်နေတဲ့ ချွဲတွေ ထွက်သွားလို့ပါ။

အဲ့လို မှ မဟုတ်ဘဲ
ချောင်းဆိုးနေရင် ကို
စိတ်မချမ်းသာဘဲ စိုးရိမ် စိတ်ပူပြီး
ချောင်းမဆိုးအောင် ထိန်းချုပ်တဲ့
ချောင်းဆိုးရပ်အောင် လုပ်တဲ့ ဆေးမျိုး တိုက်မိရင်တော့
အသက်ရှူရ ခက်တာ၊ အောက်ဆီဂျင် ကျတာ ဖြစ်နိုင်ပြီး
အသက် အန္တရာယ် ပါ ရှိနိုင်ပါတယ်။

ခု ကြားနေ သိနေကြတဲ့
ဆေးရုံရောက်သွားပြီး အသက်ဆုံးရှုံးတဲ့ထိ ဖြစ်ရတာ
ရောဂါ ရဲ့ ပြင်းထန်မှု ကြောင့် ဆိုတာထက်
အဲ့သည့် နောက်ဆက်တွဲ ပြဿနာကြောင့် ဖြစ်နိုင်ပါတယ်။

ဒါကြောင့်
မှန်ကန် သင့်လျော်တဲ့
ကုသမှု နဲ့ စီမံမှု ရရင်
Bronchitis ဆိုတဲ့ လေပြွန်ရောင်တာ
အုတ်အော်သောင်းနင်း
စိုးရိမ်စရာ တစ်ခုတော့ မဟုတ်ပါဘူး။

တစ်ယောက်ဆီကနေ တစ်ယောက်
အလွယ်တကူ အလျင်အမြန် ကူးစက်နိုင်တာ ဖြစ်လို့
လူအများ ကြား နေထိုင် သွားလာရတဲ့ ကိစ္စတွေ
တစ်ပတ် နှစ်ပတ် လောက် ရှောင်နိုင် ရင်တော့ ကောင်းပါမယ်။

အရေးတကြီး သတိပေးချင်တာ
ချောင်းဆိုးနေလို့ ဆိုပြီး
ကြုံရာ ရရာ ချောင်းဆိုးပျောက်ဆေး တွေ
အလွယ်တကူ မတိုက်မိဖို့ပါ။
အထူးသဖြင့်
ခုလို လေပြွန်ရောင် လေပြွန်ပိတ် တဲ့
အခြေအနေမျိုး မှာ
ဆေးပုလင်းပေါ် မှာ၊ ဆေးကဒ်ပေါ် မှာ
"Dextromethorphan" ဆိုတာ ပါရင်
(လုံးဝ) မတိုက်သင့် မသောက်သင့် ပါဘူး။ ။

(Bronchitis လေပြွန်ရောင်တာ ရဲ့ နောက်ဆက်တွဲ အဖြစ်
အဆုတ်ရောင်တာ အဆုတ်ခဲတာ ဖြစ်လာ နိုင်ပေမယ့်
Bronchiolitis ဆိုတဲ့ လေပြွန်မွှာလေးတွေ ရောင်တာ နဲ့တော့
မတူ ပါဘူး။
Bronchiolitis ဆိုတဲ့ လေပြွန်မွှာလေးတွေ ရောင်တာ က
အသက် နှစ်နှစ် အောက် ကလေးတွေ မှာပဲ ဖြစ်လေ့ ရှိပြီး
အသက် တစ်နှစ် အောက် မှာပဲ အဖြစ်များပါတယ်။
အသက် ၆ လ အောက်မှာတော့
အသက် အန္တရာယ် ရှိတဲ့ အထိ ပြင်းထန်တတ်ပါတယ်။
သိ နားလည်မှု ရောထွေးနေမှာ စိုးလို့ပါ။)

ထုံးစံ အတိုင်း
ထပ် သတိပေးချင်တာကတော့
ဘာကြောင့် ဖျားဖျား
သွေးလွန်တုပ်ကွေးရောဂါ ဖြစ်နေနိုင်မလား ဆိုတာကိုတော့
မေ့ မထားကြဖို့ပါ။ ။

မေတ္တာဖြင့်
ဒေါက်တာ ခန့်ဝင်း

Graphic Credit: study.com

💡ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခု စတင်ဖို့စဉ်းစားနေပြီလား 💡💡လူတိုင်း လူတိုင်းအတွက် ကျန်းမာရေးဟာ အရေးကြီးတာမို့ ကျန်းမာရေးနဲ့ ပ...
09/10/2024

💡ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခု စတင်ဖို့စဉ်းစားနေပြီလား 💡

💡လူတိုင်း လူတိုင်းအတွက် ကျန်းမာရေးဟာ အရေးကြီးတာမို့ ကျန်းမာရေးနဲ့ ပတ်သတ် ဆက်နွယ်တဲ့ ဆေးနဲ့ ဆေးပစ္စည်းဆိုင်လေး ဖွင့်မယ်ဆိုရင်ရော 💡

💡ဆေးဆိုင်လေးဖွင့်ရင်း မိတ်ဆွေအပေါင်းအသင်းတွေ Customerတွေကို ကျန်းမာရေး ဗဟုသုတလေးတွေ မျှဝေပေးမယ်ဆိုရင် ကုသိုလ်လည်းရ ဝမ်းလည်းဝမို့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲပေါ့ 💡

💡ကဲ.....
စိတ်ကူးကောင်းကောင်းလေးတော့ ရှိပြီ
ဘယ်ကစရမှန်း မသိဘူးဆိုရင်တော့
New Wave နဲ့သာ ဆက်သွယ်လိုက်နော် 💡

💚 New Wave မှာ ဆိုရင် ဆေးဆိုင်ဖွင့်ဖို့အတွက် လိုအပ်တဲ့ အခြေခံအချက်တွေကနေ ဆေးဆိုင်တစ်ဆိုင်လုံးကို အောင်မြင်စွာ လည်ပတ်နိုင်သည်အထိ လုပ်ဆောင်ရမယ့် နည်းလမ်းတွေအားလုံးကို တိကျသေချာတဲ့ သင်ကြားရေးနည်းလမ်းတွေနဲ့ သင်ကြားပေးသွားမှာပါ 💚

✅ New Wave ရဲ့ Pharmacy Management ဆေးဆိုင်စီမံခန့်ခွဲမှုသင်တန်းမှာဆိုရင်

💊အခြေခံကျသောဆေးဝါးများ၏ အမျိုးအစားများ

💊ဆေးဝါးများ၏ အလုပ်လုပ်ပုံများ

💊ဆေးဝါးများ၏အသုံးပြုနည်းနဲ့ ဘေးထွက်ဆိုးကျိုးများ

💊ဆေးဝါးများအသုံးပြုရာတွင် အဓိကသတိထားရမည့်အချက်များ

💊ဆေးဝါးများကို စံနှုန်းနဲ့အညီ ထိန်းသိမ်းနည်းများ

💊ဆေးဆိုင်ဖွင့်မည့်သူများအတွက် ဆေးဆိုင်လိုင်စင်ပြုလုပ်နည်းများ

💊ဆေးဆိုင်ကြီးများနှင့်ဆေးကုမ္မဏီများမှ ဆေးများမှာယူနည်းများ

💊ဆေးဆိုင်ဖွင့်ရာတွင် ဆေးများကို ခင်းကျင်းထားသိုနည်းများ

💊ဆေးဆိုင်တွင်ရောင်းချရမည့် အသုံးများသော ဆေးဝါးများ

💊အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာန၏ နည်းဥပဒေများအကြောင်း များအပြင်

⏩ဆေးဆ်ိုင်အတွက် ဈေးကွက်ရှာဖွေနည်းများ

⏩customer ရှာဖွေနည်းများ

⏩ ဆေးဆိုင်အတွက် ဝန်ထမ်းခေါ်ယူနည်းများ

⏩ profit & lost တွက်နည်းများ

⏩ Brand Building ပြုလုပ်နည်းများ

⏩ competitor survey ပြုလုပ်နည်းများ ကိုပါစနစ်တကျ သင်ကြားပေးသွားမှာဖြစ်ပါတယ်

💸အသုံးပြုလိုတဲ့ ငွေကြေးပမာဏအပေါ် မူတည်ပြီး ဆေးဆိုင်အတွက် အရောင်းသွက်တဲ့ ဆေးဝါးတွေကိုလည်း Package အလိုက် စီစဉ်ပေးသွားဦးမှာပါ 💸

🌊New Wave ရဲ့ ဆေးဆိုင်စီမံခန့်ခွဲမှု သင်တန်းလေးကတော့

💚Pharmacy Management ဆေးဆိုင်စီမံခန့်ခွဲမှုသင်တန်း (Online သင်တန်း)

သင်တန်းအချိန် - 9:00-10:00am (Sat,Sun)
သင်တန်းကာလ - ၁လခွဲ
သင်တန်းစတင်မည့်ရက် - 2.11.2024
ပုံမှန်သင်တန်းကြေး - ၂ သိန်းခွဲကျပ်

✅သင်တန်းပြီးဆုံးပါက Assessment ဖြေဆိုအောင်မြင်ပြီးသူတိုင်းကို Certificate ပေးအပ်သွားမှာပါ

✅ သင်တန်းပြီးဆုံးပါက ဆေးဆိုင်မဖွင့်လိုသေးသူများအတွက်လည်း ဆေးရုံ ဆေးခန်း ဆေးဆိုင် ဆေးကုမ္ပဏီများတွင် အလုပ်အကိုင် အခွင့်အလမ်းများရရှိရန် ကူညီလမ်းညွှန်ပေးသွားမှာပါ

🍀New Waveနဲ့ဆိုရင် အိပ်မက်တွေက အလှမ်းမဝေးတော့ပါဘူး🍀

🌊 New Wave Training Center
မဟာနဒီအိမ်ရာ
၅၈ (I) မဟာနဒီလမ်းနှင့် ၁၀ (D) လမ်းထောင့်
နန်းရှေ့ မန္တလေး
09975903902

 #အရေးပေါ် တားဆေး အကြောင်း.......-----------------------...............(post  ကိုဆုံးအောင် ဖတ်စေချင်ပါတယ် ပြည့်ပြည့်စုံစ...
07/10/2024

#အရေးပေါ် တားဆေး အကြောင်း.......-----------------------...............
(post ကိုဆုံးအောင် ဖတ်စေချင်ပါတယ် ပြည့်ပြည့်စုံစုံ ပါပါတယ်)

အနှစ်ချုပ်...........
အရေးပေါ်သန္ဓေတားဆေးဆိုတာ အကာအကွယ်မဲ့ လိင်ဆက်ဆံရာမှ ရရှိလာမယ့် ကိုယ်ဝန်ရှိခြင်းကို တားဆီးပေးဖို့သာဖြစ်ပြီး လိင်မှတစ်ဆင့် ကူးစက်တတ်သော အခြားမည်သည့် ရောဂါမျိုးကိုမျှ မကာကွယ်နိုင်ပါ။
အရေးပေါ်သန္ဓေတားဆေးကို လိင်ဆက်ဆံပြီး ၃ ရက် (၇၂နာရီ) အတွင်း အသုံးပြုမှသာ အာနိသင် ရှိပါမယ်။ တစ်လအတွင်း ၂လုံးပါ ၂ကဒ် (၄ လုံး) ထက် ပို၍ မသောက်ပါနဲ့။ ပိုသောက်ပါက မျိုးဆက်ပွားစနစ်မှ ဟိုမုန်းထုတ်လုပ်ခြင်းကို ကမောက်ကမ ဖြစ်စေမှာ ဖြစ်ပါတယ်။
ဆေးသောက်ပြီးတဲ့နောက်ပိုင်း မိန်းမကိုယ်က သွေးဆင်းရင်၊ ဓမ္မတာမလာရင်၊ ကိုယ်ဝန်ရှိနေပြီလို့ ကိုယ့်ကိုယ်ကို သံသယဖြစ်နေရင် ဆရာဝန်ဆီ အမြန်သွားပြီးတော့ ဖြစ်နေတဲ့ ပြဿနာတွေ အပေါ် မှန်ကန်တဲ့ ကုသမှုကို ခံယူရမှာ ဖြစ်ပါတယ်။

“Stand Proud…Carry a Condom”— ဆိုတဲ့ လိင်မှုရေးရာအတွက် ကွန်ဒုံးသုံးစွဲခြင်းဟာ ရှေးရိုးစွဲဝါဒီတွေအကြား အတော်လေး လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီးတဲ့နောက် နည်းနည်းကြာတော့ တားဆေးသုံးတဲ့ ကိစ္စ “ ခေတ်ထ” လာတာပါပဲ။ အဲဒါကြောင့်လည်း မြီးကောင်ပေါက်တို့ရဲ့ အချိန်မတိုင်မီ လိင်မှုအတွေ့အကြုံကိစ္စတွေမှာ စိုးရိမ်စရာတွေ ဖြစ်လာရတာပေါ့။ တစ်ဖက်ကလှည့်တွေးမယ်ဆိုရင်တော့ မိဘတာဝန်ထမ်းဆောင်နိုင်တဲ့အရွယ် မတိုင်မီ ကလေးတွေ မွေးမလာဖို့ စိတ်ချရအောင် သန္ဓေတားဆေးကိုသုံးတာဟာ သင့်တော်တဲ့ နည်းလမ်းတစ်ခု လို့လည်း ဆိုရမှာပါပဲ။

သည်လိုနဲ့ “ အရေးပေါ်သန္ဓေတားဆေး” ဆိုတာလည်း ပေါ်လာပြန်ပါတယ်။ ဒီဆေးရဲ့ ရည်ရွယ်ချက်ကတော့ ကြိုတင်ပြင်ဆင်ချိန်မရလိုက်ဘဲ မရည်ရွယ်ဘဲ ဖြစ်သွားတဲ့ကိစ္စတွေအတွက် နောက်ဆက်တွဲ ကိုယ်ဝန် ကိစ္စတွေ ဖြစ်မလာအောင် လုပ်ပေးဖို့ပါပဲ။ ဒါဟာ အရေးကြီးပါတယ်။ ဒါပေမယ့် ဒီဆေးအကြောင်း၊ ဖြစ်လာနိုင်တဲ့ဘေးထွက်ဆိုးကျိုးတွေအကြောင်းနဲ့ အရေးအကြီးဆုံးက ဒီဆေးကို ဘယ်လိုသောက်ရမယ် ဆိုတာတွေကို သိထားရမှာ ဖြစ်ပါတယ်။

အရေးပေါ်သန္ဓေတားဆေးလုံးကလေးများအကြောင်း
အရေးပေါ်သန္ဓေတားဆေးလုံးကလေးတွေမှာ progestin လို့ခေါ်တဲ့ သန္ဓေတားပေးတဲ့ ဟောမုန်းတစ်မျိုးပါဝင်ပြီး တစ်ချို့ ဆေးတွေမှာ estrogen လို့ခေါ်တဲ့ မ ဟော်မုန်း ပေါင်းစပ် ပါဝင်ပါတယ်။ ဒီဆေးဟာ မရည်ရွယ်ဘဲ ကိုယ်ဝန်ရှိသွားတာမျိုးမှ တားဆီးပေးနိုင်ပါတယ်။ အတူနေပြီး ဘယ်လောက်အကြာမှာ သောက်သလဲ ဆိုတဲ့အပေါ်မူတည်ပြီး ၈၀ ကနေ ၉၀ ရာခိုင်နှုန်းအထိ ထိရောက်မှုရှိတယ်လို့ ဆိုပါတယ်။

ဒီဆေးကို အခြားပုံမှန်တားဆေးတွေမသောက်တဲ့သူတွေ၊ အကြောင်းကြောင်းကြောင့် ဆေးပတ်မလည်ဘဲ ပျက်ယွင်း နေတဲ့သူတွေအဖို့ အကာအကွယ်မဲ့ အတူနေပြီးတဲ့အခါ ကိုယ်ဝန်မရစေဖို့ သောက်ရမှာ ဖြစ်ပါတယ်။ ဥပမာ ဆက်ဆံနေတုန်း ကွန်ဒုံး ပြဲသွားတာ၊ မိမိရဲ့ ရာသီစက်ဝန်း ပြက္ခဒိန်မှာ ရက်တွက်မှားတာ၊ ပုံမှန်သောက်နေကျ တားဆေးကို ၃ ရက်ထက်ကျော်ပြီး မသောက်ဘဲ မေ့နေတာ စတာတွေအပြင် အလိုမတူဘဲ အနိုင်ကျင့်ခံလိုက်ရတဲ့အခါမျိုးတွေမှာ အသုံးပြုနိုင်ပါတယ်။

အရေးပေါ် သန္ဓေတားဆေး လို့ ဆိုထားတဲ့အတွက် ဒီဆေးဟာ “ အရေးပေါ်” ကိစ္စတွေအတွက် သီးသန့် အသုံးပြုရန်သာ ဖြစ်ပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့အတိုင်း ကြိုတင်ပြင်ဆင်မှုမရှိဘဲ မရည်ရွယ်ဘဲ ဖြစ်သွား တဲ့ ကိစ္စတွေအတွက် ထိရောက်တဲ့ ကုစားမှုတစ်ခုသာဖြစ်ပြီး ရာနှုန်းပြည့် အောင်မြင်မယ်လို့ အာမ မခံနိုင် ပါဘူး။ နောက်ပြီးတော့လည်း ကိုယ်ဝန်ရှိခြင်းကို တားဆီးပေးဖို့သာဖြစ်ပြီး လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ AIDS ကဲ့သို့သော အခြားမည်သည့် ရောဂါမျိုးကိုမျှ မကာကွယ်နိုင်ပါဘူး။

တစ်ကဒ် ဝယ်ရင် 0.75 mg ပါ ဆေးလုံး နှစ်လုံး ရမှာ ဖြစ်ပါတယ်။ အထိရောက်ဆုံးဖြစ်စေဖို့ အတူနေပြီးတဲ့နောက်ပိုင်း စောနိုင်သမျှ စောစော သောက်ရမှာ ဖြစ်ပါတယ်။ သောက်ရမယ့် နည်းလမ်း နှစ်မျိုးရှိပြီး တစ်မျိုးစီက ရလဒ် တစ်ခုစီ ပေးပါတယ်။

အဲဒါတွေကတော့…

နှစ်လုံးစလုံးကို တစ်ခါတည်း သောက်ချလိုက်ခြင်း။ (ဆက်ဆံပြီး ချက်ချင်း ဒါမှမဟုတ် စောနိုင်သမျှ စောစော)
ကိစ္စပြီးပြီးချင်းတစ်လုံးသောက်၊ နောက်တစ်လုံးကို ၁၂ နာရီ ခြားပြီးတစ်ခါထပ်သောက်ခြင်း။ ဒါပေမယ့် ပြဿနာက ၁၂ နာရီကြာတဲ့အခါ သောက်ဖို့ မေ့နေတတ်တာပါပဲ။ တစ်ချို့ကလည်း တစ်လုံးသောက်ရင် လုံလောက်တယ်ထင်ပြီး ကျန်တစ်လုံးကို “ နောက်တစ်ခါ” အတွက် သိမ်းထားတတ်ကြသေးတယ်။ အဲဒီတော့ ဆေးပတ် မလည်တော့ဘူးပေါ့။
ကိစ္စပြီးပြီးချင်း ဆေးသောက်ဖို့ မဖြစ်နိုင်ဘူးဆိုရင် နောက်မှ သောက်လည်း ရတော့ ရပါတယ်။ ဒါပေမယ် ၃ရက် (၇၂နာရီ) ထက်တော့ ကျော်လို့ မရပါဘူး။
သောက်ပြီး ၂ နာရီအတွင်း အန် ရင် ထပ်သောက်ပါ။
ပထမတစ်လုံးနဲ့ ဒုတိယတစ်လုံးကြား နောက်တစ်ခေါက် အတူ ထပ်နေဖြစ်ရင်… ဆေး ပိုသောက်ဖို့ မလိုပါဘူး။ နှစ်လုံးထက် ပိုသောက်လည်း အာနိသင်က ဘာမှ ထူးမလာပါဘူး။
တစ်လအတွင်း ၂လုံးပါ ၂ကဒ် (၄ လုံး) ထက် ပို၍ မသောက်ပါနဲ့။ ပိုသောက်ပါက မျိုးဆက်ပွားစနစ်မှ ဟိုမုန်းထုတ်လုပ်ခြင်းကို ကမောက်ကမ ဖြစ်စေမှာ ဖြစ်ပါတယ်။
အရေးပေါ်သန္ဓေတားဆေးကို တကယ့် အရေးပေါ်ကိစ္စရပ်များတွင်သာ အသုံးပြုပါ။ တကယ်ကို မရည်ရွယ်ဘဲ ဖြစ်သွား / ခံလိုက်ရတဲ့ ကိစ္စမျိုးတွေမှာသာ သုံးပါ။ ဘာကြောင့်လဲဆိုတော့ ဒီဆေးကို ခဏခဏ သုံးနေရင် နောက်ပိုင်းမှာ ဆေးအာနိသင် မပြတော့ပါဘူး။ ဒီဆေးကို ပုံမှန်သောက်နေတဲ့ တားဆေးတွေအစားလည်း မသောက်ရပါဘူး။
မိမိမှာ ကိုယ်ဝန်ရှိနေပြီ။ ဒါမှမဟုတ် ကိုယ်ဝန်ရှိသွားပြီလို့ ထင်နေရင် ဒီဆေးကို မသောက်သင့် ပါဘူး။
ဖြစ်နိုင်ချေရှိသော ဘေးထွက်ဆိုးကျိုးများ နဲ့ ကြိုတင်ကာကွယ်မှုများ
ဒီဆေးဟာ ကိုယ်ဝန်ကို တားဆီးပေးနိုင်တာနဲ့အမျှ သားအိမ်အတွင်းဘက်နံရံတွေမှာ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေလည်းရှိပါတယ်။ ဆေးကို အကြိမ်ကြိမ်သုံးစွဲခြင်းအားဖြင့် အောက်ပါဖောက်ပြန်မှုများနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်တတ်ပါတယ်။

ပျို့အန်ခြင်း။ ဒါကတော့ ဆေးသောက်ပြီးတာနဲ့ ဖြစ်တတ်ပါတယ်။
ခေါင်းကိုက်ခြင်း၊ ဗိုက်နာခြင်း။ ဒါက တစ်ခါတစ်လေ ဆေးကို ခန္ဓာကိုယ်က လက်မခံတတ်တာ၊ ဒါမှမဟုတ် ကိုယ်ထဲက ဟော်မုန်းတွေကို တစ်မျိုးတစ်ဖုံ ပြောင်းလဲပစ်တတ်တာကြောင့် ခေါင်း က်ိုက်တာတွေ ၊ ဗိုက်အောင့်တာတွေ ဖြစ်တတ်ပါတယ်။
ရာသီပုံမှန်မလာတာလည်း ဘေးထွက်ဆိုးကျိုးတွေထဲက တစ်ခုပါပဲ။
အက်တိုးပစ်ကိုယ်ဝန် လို့ခေါ်တဲ့ နေရာမှားပြီး သန္ဓေတည်ခြင်းမျိုးလည်း ဖြစ်တတ်ပါတယ်။
တစ်ချို့လေ့လာမှုတွေအရ အရေးပေါ်တားဆေး သောက်တဲ့သူတွေမှာ ကယ်လ်စီယမ် ချို့တဲ့မှု တွေ ဖြစ်ပြီး နောက်ပိုင်းမှာ အရိုးပွ ရောဂါ ဖြစ်တတ်ပါတယ်။
အဲဒီတော့ ဒီဆေးကို သောက်မယ်လို့စဉ်းစားရင် မသောက်ခင် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူ နဲ့ အရင်တိုင်ပင်သင့်ပါတယ်။ နောက်ပြီးတော့ ဆေးသောက်ပြီးတဲ့အခါ ပုံမှန်မဟုတ်တဲ့ ဝေဒနာတွေ ခံစားလာရရင်၊ အထူးသဖြင့် မိန်းမကိုယ်က သွေးဆင်းရင်၊ ရာသီမလာဘဲ ကျော်သွားတာတို့ ထိန်သွားတာတို့ ဖြစ်ရင်၊ ကိုယ်ဝန်ရှိနေတယ်လို့ထင်ရင်၊ ဆေးဘက်ဆိုင်ရာ ကုသမှု စောင့်ရှောက်မှုကို ဆောလျင်စွာ ခံယူပြီး ဖြစ်နေတဲ့ပြဿနာကို မှန်ကန်တဲ့အဖြေ ရှာရမှာ ဖြစ်ပါတယ်။

အရေးပေါ်သန္ဓေတားဆေးဆိုတာ အကာအကွယ်မဲ့ လိင်ဆက်ဆံရာမှ ရရှိလာမယ့် ကိုယ်ဝန်ကို တားဆီး ပေးနိုင်တာနဲ့အမျှ ဖြစ်လာနိုင်တဲ့ အန္တရာယ်ဆိုးကျိုးတွေကလည်း ရှိနေပါတယ်။ အလွန်အကျွံသောက်ခြင်း၊ မကြာခဏသောက်ခြင်း၊ နားလည်မှုလွဲမှားပြီး မမှန်မကန်သောက်ခြင်း စတာတွေကြောင့် မျိုးဆက်ပွားတဲ့ အပိုင်းမှာ ပုံမှန်မဟုတ်တဲ့ ဖောက်ပြန်မှုတွေ နောက်ပ်ိုင်းမှာ ဖြစ်လာနိုင်ပါတယ်။ နောက်ပြီးတော့ ဖြစ်ပြီးမှ သောက်ရတဲ့ ဆေး မို့လို့ ၁၀၀% ရာနှုန်းပြည့်လည်း အာမ မခံနိုင်ပါဘူးတဲ့။ ပြီးတော့ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကိုလည်း မကာကွယ်နိုင်ဘူးလေ။ ဒါကြောင့်မို့လို့ ဆေးသောက်မယ့်အစား အတူနေချိန်မှာ ဦးထုပ်ဆောင်းတာ (ကွန်ဒုံးသုံးတာ) ဟာ စိတ်အချရဆုံး ဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါတယ်။

“ အရေးပေါ်ဆေးကို အရေးပေါ်ကိစ္စရပ်များတွင်သာ အသုံးပြုပါ။

Address

Corner Of 10D & 58 I ( Mahar Nadi Street), Daw Na Bwar Qtr, Aung Myay Thar Zan
Mandalay

Telephone

+959975903902

Website

Alerts

Be the first to know and let us send you an email when New Wave Training Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to New Wave Training Center:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram