Padauk Power Pharmacy

Padauk Power Pharmacy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Padauk Power Pharmacy, Pharmacy / Drugstore, 89 Street, Corner 36 St, Mahar Aung Myae Township, Mandalay.

ဝမ်းဟာ ပုံမှန်အတိုင်း အနည်းဆုံး တစ်ရက်တစ်ခါ လောက်တော့သွားသင့်ပါတယ်။ ဝမ်းမသွားတာ ၇၂ နာရီ (၃) ရက်ထက်ကျော်ပြီ မကြာခဏလည်းဝမ်...
07/12/2023

ဝမ်းဟာ ပုံမှန်အတိုင်း အနည်းဆုံး တစ်ရက်တစ်ခါ
လောက်တော့သွားသင့်ပါတယ်။ ဝမ်းမသွားတာ ၇၂ နာရီ (၃) ရက်ထက်ကျော်ပြီ မကြာခဏလည်းဝမ်းအမြဲချုပ်နေတယ်ဆိုရင်တော့ သတိထားပါ...

ဝမ်းမသွားတာကြာရင် ဘာဖြစ်မလဲဆိုတော့..

ဝမ်းမသွားတာကြာတဲ့အခါ အူထဲမှာရှိနေတဲ့အစားဟောင်းတွေကို အူနံရံကစုပ်ယူပါတယ်။ အစာဟောင်းတွေထဲမှာ တာရှည်ခံတွေ ဥပမာ ခေါက်ဆွဲခြောက်၊ အားလူးကြော်၊ အခြားသော တာရှည်ခံ ဓာတုဆေးပါတဲ့မုန့်တွေ၊ ကော်ဖီ၊
အမြန်စားလို့ရတဲ့ ဝက်အူချောင်း ကြက်အူချောင်းလို့ ပြုပြင်ထားတဲ့အစားအစာတွေ၊ စမူဆာ အီကြာကွေး အစရှိတဲ့ဆီကြော်တွေ အကင်တွေ၊ အချိုရည်တွေ၊ မုန့်တွေ အစရှိတဲ့ သဘာဝအတိုင်းမဟုတ်ဘဲ ပြုပြင်ထားတဲ့အစား အသောက်တွေဟာ ရက်တွေကြာလာတဲ့အခါ အူနံရံထဲကိုစိမ့်ဝင်ပါတယ်။

အူနံရံမှာရှိတဲ့ ဆဲလ်တွေဟာ ပြုပြင်ထားတဲ့အစားအသောက်တွေ၊ ဓာတုဆေးဝါးတွေကြောင့် ဆဲလ်ဖွဲ့စည်းပုံ(Cellular Structure) တွေပျက်ပြီးတော့ ပုံမှန်မဟုတ်တော့ဘဲ ရှိသင့်တဲ့အရွယ်အစားထက်ပိုကြီးထွားလာပါတယ်။ အဲလိုကြီးထွားလာတာကို အကြိတ်အဖုတွေထွက်တယ်၊ အသားပိုဖြစ်တယ်၊ ကင်ဆာ ဖြစ်တယ်လို့ သတ်မှတ်ပါတယ်။

အသားငါးတွေကို ရေခဲသေတ္တာထဲမှာ ပလက်စတစ်နဲ့ ထုပ်ပိုးတာဟာ အရမ်းအန္တရာယ်များပါတယ်။
ရေခဲသေတ္တာထဲတွင် အစားအစာကို ပလပ်စတစ်နှင့်ထည့်ပြီး သိုလှောင်ထားတာဟာ အစားအသောက်ထဲကို ပလက်စတစ်ထဲက ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ ပျော်ဝင်စေပါတယ်။ ပလပ်စတစ်တွင်ပါဝင်တဲ့ ကင်ဆာဖြစ်စေသည့် စတိုင်ရင်း(Styrene) ဓါတ်နဲ့ ဒိုင်အောက်ဇင်းဓါတ်တွေဟာ အသားငါးတွေ အစားအသောက်တွေထဲကို စိမ့်ဝင်ပါတယ်။ အဲဒါတွေကို အပူပေးချက်ပြုတ်တာ ဆီနဲ့ချက်ပြုတ်တာဟာ ရင်သားကင်ဆာနှင့် ကင်ဆာအမျိုးမျိုး ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း နှင့် မျိုးပွားမှုကိုလည်း ထိခိုက်စေပါတယ်။

ကင်ဆာအကြိတ်အဖုတွေက အူလမ်းကြောင်းရဲ့ ပုံမှန်းလုပ်ငန်းတွေကို မလုပ်နိုင်အောင်နှောင့်ယှက်ပါတယ်။ အူတွေလှုပ်တာတွေ၊ အကျိအချွဲထုတ်ပေးတာတွေ၊ အစာဟောင်းတွေကို တွန်းထုတ်တာတွေ အစားဟောင်းရဲ့အဟာရကို စုပ်ယူတာတွေ မလုပ်နိုင်တဲ့အခါ ဝမ်းပိုချုပ်တာတွေနဲ့ အခြားအူလမ်းကြောင်းကျန်းမာရေး မကောင်းတော့တာတွေ အာဟာရမပြည့်ဝတာတွေ ဖြစ်လာစေပါတယ်။

အလုံးအကြိတ်တွေပိုကြီးလာတော့ လူတစ်ယောက်ရဲ့ ကျန်းမာရေးကိုသာမကဘဲ အသက်ရှင်မှုအထိပါ အနှောင့်ယှက်ဖြစ်လာစေတော့တာပါပဲ။

အကြမ်းဖျဉ်းအားဖြင့် ကင်ဆာရောဂါလို့ ခေါ်ကြပါတယ်။

ကင်ဆာရောဂါဟာ အစားအသောက်အနေအထိုင်ကြောင့်ဖြစ်တာနဲ့ မျိုးရိုးဗီဇကြောင့်လည်း ဖြစ်တတ်ကြပါတယ်။

ဝမ်းမှန်ဖို့ ခါးအောက်ပိုင်းလေ့ကျင့်ခန်းများများလုပ်ပါ။ လမ်းလျှောက်ပါ၊ တတ်နိုင်ရင် GYM ကစားပါ၊ အားကစားလုပ်ပါ။ ရေကို တစ်နေ့ ၃ လီတာလောက် သတိထားပြီး ရအောင်သောက်ပါ။ အမျှင်ဓာတ်ပါတဲ့ အသီးအရွက်တွေ၊ အစိမ်းရောင် အရွက်တွေများများစားပါ။ အစိမ်းရောင်အရွက်တွေမှာ ကင်ဆာဖြစ်စေတဲ့၊ ဓာတ်တိုးစေတဲ့ Radical တွေကို တိုက်ဖျက်နိုင်တဲ့ ဓာတ်တိုးဆန့်ကျင် Antioxidant တွေ အများကြီးပါပါတယ်။ လေ့ကျင့်ခန်းလုပ်ရင်လည်း ခန္ဓာကိုယ်ရဲ့ Immuse System ကို မြှင့်တင်ပေးပါတယ်၊ ရောဂါကာကွယ်တဲ့စနစ်ကို မြင့်တက်စေပါတယ်။

ပြုပြင်ထားတဲ့ အသင့်စားလို့ရတဲ့ အစားအသောက်တွေရှောင်ပါ၊ ဆီကြော်တွေ၊ ကော်ဖီ၊ လက်ဖက်ရည်၊ အကင်တွေရှောင်ပါ၊ အသီးအရွက်များများစားပါ၊ ဒိန်ချဉ်သောက်ပါ။ အစားအသောက်တွေကို ဆီနဲ့ကြော်စားတာထက် ဆီးနည်းနည်းနဲ့ ရေနဲ့ချက်ပြုတ်စားပါ။

"ရသာရတနံ" လို့ခေါ်တဲ့ ပါးစပ်အလိုမလိုက်ပါနဲ့။

ကျန်းမာကြပါစေ။

#အူလမ်းကြောင်းမကောင်းလို့၈ကြိမ်ခွဲစိတ်ခန်းဝင်ဖူးသူ

Credit

အဖျက်စွမ်းအား ပြင်းထန်နိုင်သည့် 🌪️ မိုခါမုန်တိုင်းကြီး ကြောင့် ကူညီ/ကယ်ဆယ်ရေးဆိုင်ရာ ကိစ္စရပ်များ အား လျှင်မြန်စွာတုန့်ပ...
11/05/2023

အဖျက်စွမ်းအား ပြင်းထန်နိုင်သည့် 🌪️ မိုခါမုန်တိုင်းကြီး ကြောင့်

ကူညီ/ကယ်ဆယ်ရေးဆိုင်ရာ ကိစ္စရပ်များ အား

လျှင်မြန်စွာတုန့်ပြန်၍ ပူးပေါင်းကူညီဆောင်ရွက်နိုင်ရန် အတွက်

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး ကော်မတီ)

ညှိနှိုင်းကွက်ကဲမှုအောက်ရှိ ခရိုင် / မြို့နယ် အသီးသီး မှ

လူမှုကူညီကယ်ဆယ်ရေး အသင်း/အဖွဲ့များ အနေဖြင့်

သက်ဆိုင်ရာ ခရိုင်/မြို့နယ် ကော်မတီများ နှင့်

အဆက်မပျက် ချိတ်ဆက်ထားကြပါရန် နှင့်

လိုအပ်လာပါက တိုင်းကော်မတီရုံး သို့ တိုက်ရိုက် သတင်းပို့ကြပါရန်

နှိုးဆော် အပ်ပါသည်။

🙏🙏🙏🙏🙏🙏🙏🙏

မိတ်ဖက် ညီနောင်အသင်းများ အနေဖြင့်လည်း

အရေးကြုံလာပါ လျှင်မြန်စွာ ညှိနှိုင်းဆောင်ရွက်နိုင်ရန်

မိမိတို့ အသင်းများ ၏ လုပ်ဆောင်နိုင်မှု နှင့် အင်အားအခြေအနေ တို့ကို

094401191190 (Viber) သို့ ဆက်သွယ် ချိတ်ဆက်ထား နိုင်ပါသည်။

🙏🙏🙏🙏🙏🙏🙏🙏

Crd

အားလုံးဘေးအန္တရာယ်ကင်းရှင်းပြီး
ကျန်းမာချမ်းသာကြပါစေ 🙏🙏🙏
#ပိတောက်ပါဝါဆေးဆိုင်

Heat Stroke ကိုသတိထားပေးပါနော်☀️လွန်ခဲ့သောရက်ပိုင်းအတွင်းမှာ အသက် ၂၃ နှစ်အရွယ်လူငယ်တစ်ဦး နေပူပြင်းချိန်တွင် အပြင်မှပြန်လ...
19/04/2023

Heat Stroke ကိုသတိထားပေးပါနော်☀️

လွန်ခဲ့သောရက်ပိုင်းအတွင်းမှာ
အသက် ၂၃ နှစ်အရွယ်လူငယ်တစ်ဦး နေပူပြင်းချိန်တွင်
အပြင်မှပြန်လာပြီး
ရေခဲသေတ္တာထဲက ရေသန့်ဗူးကိုယူသောက်မိပါတယ်တဲ့

ခဏအကြာမှာပဲ နုတ်ခမ်းတွေပြာနှမ်းလာပြီး
စကားမေးမရဖြစ်လာတဲ့အတွက်ဆေးရုံကိုပို့ဆောင်နေစဉ်မှာပဲ
သေဆုံးသွားခဲ့ပါတယ်တဲ့

သူသောက်ခဲ့တဲ့ရေကိုစစ်ကြည့်တော့လဲ ရိုးရိုးရေပါပဲ၊
အလောင်းကိုခွဲစိပ်စစ်ဆေးကြည့်တဲ့အခါမှာတော့
ဦးနှောက်သွေးကြောပြတ်ပြီးသေဆုံးကြောင်း
ဆရာ၀န်ကြီးတွေကအတည်ပြုခဲ့ပါတယ်တဲ့

အခုလိုပူပြင်းတဲ့ရာသီကိုရောက်တဲ့အခါမှာ
ပြင်းထန်တဲ့နေပူဒဏ်ဟာ အရေပြားကနေတဆင့်
ခန္ဓာကိုယ်သွေးကြောထဲကိုရောက်ရှိသွားပြီး၊
အပူအအေးဆန့်ကျင်ဘက်ဖြစ်စဉ်
ပြင်းပြင်းထန်ထန်ဖြစ်ပေါ်လာတတ်ပါတယ်တဲ့ ။

နေပူထဲက နေ အအေးထဲကိုရုတ်ချည်း၀င်ရောက်ခြင်း၊
ရေအေးသောက်ခြင်း၊ ရေချိုးခြင်း၊အအေးခန်းတွင်း
ကနေရုတ်တရက်ပူပြင်းတဲ့နေရောင်ထဲကိုထွက်ခြင်းတွေကြောင့်
လူ့ခန္ဓာကိုယ်မှာအပူအအေးရုတ်တ
ရက်ပြင်းထန်စွာပြောင်းလဲမှုဖြစ်စဉ်ဖြစ်ပေါ်ပြီး
Heat Stroke မြန်မာလို ( အပူရှပ်ခြင်း ) ဖြစ်ပေါ်ပါတယ်တဲ့

Heat Stroke ဖြစ်ပြီဆိုရင် အပူအအေးရုတ်ချည်းပြောင်းလဲတဲ့အတွက်
ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးကြောတွေဟာပူလို့
ကျယ်တဲ့ဒဏ်၊အေးလို့ကျုံ့တဲ့ဒဏ်တွေကြောင့်
သွေးစိးကြောင်းအကျဉ်းအကျယ်ဖြစ်တဲ့ဒဏ်ကို
မခံနိုင်တော့ပဲသွေးကြောကြီးတွေဆိုအက်ကွဲလာပြီး၊
သွေးကြောငယ်လေးတွေဆိုပြတ်ထွက်တာတွေ
ဖြစ်နိုင်ပါတယ်တဲ့။

အသက်ကြီးတဲ့သူတွေရဲ့ သွေးကြောတွေဟာဟောင်းနွမ်းပြီး
မာဆတ်နေပြီဖြစ်တဲ့အတွက် ပလတ်စတစ်ပိုက်တွေ
ဟောင်းနွမ်းလာတဲ့အခါ မာကျွတ်လာသလို
ကွဲလွယ်ပေါက်လွယ်ဖြစ်လာတာကြောင့်
အသက်ကြီးတဲ့လူတွေမှာပိုဖြစ်လွယ်ပါတယ်တဲ့။

အထူးသဖြင့်အသက် ၅၀ ကျော်လူကြီးတွေ၊ သွေးတိုးရောဂါသမားတွေ
အထူးသတိထားသင့်ပါတယ်တဲ့။

လူကြီးပဲဖြစ်ဖြစ် လူငယ်ပဲဖြစ်ဖြစ် Heat Stroke ဖြစ်ပြီဆို
သတိလစ်တာ၊အဖျားကြီးပြီးတက်တာ၊
ဖျားပြီးဦးနှောက်အမြေးရောင်တာ၊
အူတွင်းသွေးကြောတွေ၊ဦးနှောက်သွေးကြောတွေပေါက်ထွက်တာတွေ
ဖြစ်ပြီးအသက်ဆုံးရှုံးနိုင်ပါတယ်တဲ့။

Heat Stroke မဖြစ်အောင် ဒါတွေကိုရှောင်ရပါမယ်တဲ့-
(၁) နေပြင်းချိန်အပြင်မထွက်ပါနှင့်၊
မလွဲသာလို့ထွက်ရမယ်ဆိုရင်လည်း
အဆောင်း၊ အကာ၊ ထီး၊ ဦးထုပ်ပါရမည်။
(၂) စောင့်ဆိုင်းရသောအလုပ်ဖြစ်လျင်
သစ်ပင်အရိပ်၊အမိုးအကာအောက်မှ စောင့်ပါ။
(၃)ရေသောက်လျင်ရိုးရိုးရေသောက်ပါ။ရေခဲရေမသောက်ပါနှင့်။
(၄)အဲကွန်းကားစီးပြီး၊နေပူရှိန်ပြင်းသောနေရာတွင်ဆင်းရမည်ဆိုလျင်
မဆင်းမီကကြိုတင်ရေသောက်ထားပါ။
အစာအိမ်အတွင်းရေရှိလျင်သွေးကြောများက
ရေကိုစုပ်ယူထားသဖြင့်သာမန်အပူဒဏ်ကို
ခံနိုင်ရည်ရှိသည်။
(၅)နေပူထဲမှလာပြီးခန္ဓာကိုယ်မအေးမီချက်ခြင်းရေမချိုးပါနှင့်၊
မျက်နှာမသစ်ပါနှင့်၊ခြေထောက်မဆေးပါနှင့်။
(၆)ပူစပ်တဲ့အစာစားရင်ကိုယ်အပူရှိန်တက်တတ်ပြီး၊
ပူပြင်းတဲ့နေ့လည်နှင့်ညနေစောင်းတွေမှာ
အရက်သေစာမသောက်စားသင့်ပါ။
(၇)ရေနွေးကြမ်းမှာဆားလှော်အနည်းငယ်ခပ်သောက်တာဟာ
ရှေးလူကြီးများ၏အပူဒဏ်ကာကွယ်နည်းတစ်မျိုးဖြစ်တဲ့အတွက်
ကျင့်သုံးသင့်ပါတယ်တဲ့.

ယခုနှစ်မှာ အယ်နီညိုရာသီဥတုကြောင့်မြန်မာနိုင်ငံဟာ
အပြင်းထန်ဆုံးအပူချိန်ကိုခံစားရမှာဖြစ်တဲ့အကြောင်း
မိုးလေ၀သပညာရှင်တွေကခန့်မှန်းထားကြသလိုပဲ
ပူပြင်းလွန်းတာကြောင့် မီလောင်မှုတွေကို ဆက်
တိုက်ကြုံတွေ့နေကြရပါပြီ။

အပူဒဏ်ဟာ မီးလောင်မှုအပြင် HeatStroke ကိုပါဖြစ်စေနိုင်ပြီး
အသက်အန္ဒရာယ်ကိုပါထိခိုက်နိုင်တာကြောင့်
လုပ်ရိုးလုပ်စဉ်အလုပ်တွေကို ပုံမှန်ရာသီဥတုမှာလို
ပေါ့ပေါ့ဆဆ သွားလာနေထိုင်လုပ်ကိုင်နေရုံနဲ့
မလုံလောက်ပါကြောင်းနှင့် Heat Stroke မဖြစ်အောင်
သတိထားပြီးနေထိုင် သွားလာသင့်ပါကြောင်း
နိုးဆော်တင်ပြလိုက်ပါတယ်ခင်ဗျား။

မှီငြမ်းကိုးကား;
၅-၃-၂၀၁၆ နေ့ထုတ်ကြေးမုံသတင်းစာပါ
ဆောင်းပါးရှင်ကြည်လွင်မြင့်(မုဒြာ)၏
Heat Stroke ရောက်လာပြီ ဆောင်းပါး
ရွှေကြာ

Photo-credit

📢📢 ပိတောက်ပါဝါဆေးဆိုင်မှာ မြန်မာဆေးမျိုးစုံရောင်းဝယ်ရေးကိုပါ Customers တွေအတွက် ထပ်ပြီး သီးသန့်လက်လီလက္ကား ဝယ်ယူအားပေးလိ...
09/06/2022

📢📢 ပိတောက်ပါဝါဆေးဆိုင်မှာ မြန်မာဆေးမျိုးစုံရောင်းဝယ်ရေးကိုပါ Customers တွေအတွက် ထပ်ပြီး သီးသန့်လက်လီလက္ကား ဝယ်ယူအားပေးလို့ရအောင် ဆိုင်ခန်းထပ်ချဲ့ထားပါတယ်🙏🙏🙏

အင်္ဂလိပ်ဆေးရော မြန်မာဆေးရော လိုအပ်တဲ့ဆေးမှန်သမျှကိုလည်း တတ်နိုင်သလောက် အမြဲမပြတ်ရအောင် ဒီထက်မက ထပ်ပြီးကြိုးစားသွားပေးပါ့မယ် 🙏🙏🙏

ကျန်းမာရေးအခက်အခဲကြောင့်ဘဲဖြစ်ဖြစ် နယ်ကနေဘဲဖြစ်ဖြစ် လာလို့မရလို့ဘဲဖြစ်ဖြစ် ဘာဆေးဘဲလိုလို ဖုန်းဆက်လိုက်ရုံနဲ့ အိမ်အရောက် Delivery စနစ်နဲ့ အသက်သာဆုံး ပို့ပေးတဲ့အပြင် Kpay နဲ့ဝယ်ယူရင်လည်း % အပို လုံးဝပေးစရာမလိုဘဲ Customer တွေအမြဲအဆင်ပြေအောင် ကြိုးစားပေးထားတာမို့ လာရောက် အားပေးလို့ရပါတယ်နော် 🙏🙏🙏

ပိတောက်ပါဝါ မိသားစုမှ အားလုံးကို ကျန်းမာချမ်းသာကြပါစေကြောင်းဆုမွန်ကောင်းလေးတောင်းပေးပါရစေ 🙏🙏🙏ကျေးဇူးတင်ပါတယ်🙏🙏🙏🙏

Location - 89 လမ်း ၊ 36 လမ်ထောင့် , မန္တလေးမြို့
ပိတောက်ပါဝါဆေးဆိုင်
Ph no. - 0943158880 / 09402779456

 #ကိုဗစ်ဖြစ်ပြီးတာလဲ_ကြာပြီ_နုံးနေတုန်းပဲ👉 Post Covid လို့ပြောပြော 👉 Long Covid လို့ပြောပြောCovid ဖြစ်ပြီး လက္ခဏာအများစု...
24/02/2022

#ကိုဗစ်ဖြစ်ပြီးတာလဲ_ကြာပြီ_နုံးနေတုန်းပဲ

👉 Post Covid လို့ပြောပြော
👉 Long Covid လို့ပြောပြော

Covid ဖြစ်ပြီး လက္ခဏာအများစု သက်သာသွားကြတဲ့ အထဲမှာ
- နုံးတာ၊ မလှုပ်ရှားချင်တာ၊
- ချောင်းခြောက်ဆိုးတာ ၊
- ရင်ပတ်အောင့်/ကျောအောင့်တာ၊
- ရင်တုန်တာ
- မတ်တပ်ရပ်ရင်မူးတာ စတာတွေ လနဲ့ချီပြီးကျန်နေတတ်ပါတယ်

အဲ့ဒီအထဲမှာမှ အဖြစ်အများဆုံးက Fatigue (နုံးတာပါ)
🤭 covid လူနာတွေရဲ့ ၈၇ ရာခိုင်နှုန်း ထိခံစားကြရတယ် ဆိုတော့ တော်တော်ကိုများတဲ့ ပမာဏပါပဲ။

နုံးတယ် ဆိုတာ မခံစားတတ်ဘူး ဆိုရင်

- နည်းနည်းလေးလှုပ်တာနဲ့ပင်ပန်းနေတယ်
- အချိန်ကြာကြာ မတ်တပ်မရပ်နိုင်ဘူး
- ကြာကြာရပ် ရင် ၊ ရုတ်တရက် ထလိုက်ရင် မူးတယ်၊ မျက်စိပြာတယ်
- အာရုံသိပ်မစိုက်နိုင်ဘူး၊ ပတ်ဝန်းကျင်ကို စိတ်ဝင်စားမှုနည်းတယ်
- တစ်ချိန်လုံးအိပ်ချင်နေပြီး အိပ်ချိန်များတယ်
အဲ့ဒါတွေဖြစ်နေတာပါ။

___________
#ဘာလို့လဲ ⁉️

အပိုင်း (၂) ပိုင်းရှိပါတယ်

1. Covid Virus ဟာ အရမ်းကိုဆိုးဝါးပြင်းထန်တဲ့ Virus ဖြစ်ပါတယ်

SpO2 ကျတဲ့ ပြင်းထန်တဲ့ ကိုဗစ်ဖြစ်စေ
သာမန်ဖျားနာ၊ ကိုက်ခဲ၊ ချောင်းဆိုးတဲ့ ကိုဗစ်ဖြစ်စေ
ကျွန်တော်တို့ရဲ့ ကိုယ်ခံအားက ရှိရှိသမျှ အင်အားအကုန်သုံးပြီး တိုက်ထားရတဲ့အတွက် စစ်ပန်းနေပါတယ်။
တိုက်ပွဲသေးရင်တောင် ပင်ပန်းနေရတာ
တိုက်ပွဲကြီးတိုက်ပြီး ထားတဲ့ SpO2 ကျတဲ့ လူနာတွေဆိုရင် ဘာစွမ်းအင်မှ မရှိတော့လောက်အောင် နုံးချိ၊ မောပန်းနေပါတယ်။

အဲ့လို ကုန်ခမ်းသွားတဲ့ စွမ်းအင်တွေကို ***ပြန်ဖြည့်ဖို့လိုအပ်ပါတယ်
စွမ်းအင်မရှိတဲ့ ခန္ဓာကိုယ်ကြီးကို ***အတင်းမခိုင်းစေရပါဘူး

ရေသောက်ရင်၊ ထမင်းစားရင်၊ မျက်နှာသစ်၊ ရေချိုး၊ ဆီးသွား၊ ဝမ်းသွား စတဲ့ နေ့စဉ်လုပ်ငန်းတွေမလုပ်နိုင်သေးတဲ့ လူတွေဟာ
👉 လမ်းလျှောက်တာ၊ လှေကားတက်တာ၊ အိမ်အလုပ် လုပ်တာတွေ ရှောင်ရပါမယ်
(သိထားဖို့က Virus မပျောက်သေးတာ မဟုတ်ပါဘူး ရောဂါက ပျောက်ပါပြီ ၊ ခန္ဓာကိုယ်ကို ပြန်ပြီးပြုစုရမှာပါ)

✳️ အစားဝင်သလောက် စားပေးပါ၊ အစာမကြေတာတွေဖြစ်မှာ စိုးလို့ ပျော့ပျော့ပြောင်းပြောင်းတွေ (စွပ်ပြုတ်၊ဆန်ပြုတ်) စားလို့ အဆင်ပြေလာမှ
(Heavy meals တွေစားပါ)
နည်းနည်း နဲ့ ခဏခဏ စားခြင်းက ရင်ခေါင်းတောင့်တာ သက်သာစေပါတယ်
✳️ ရေများများဆက်သောက်ပေးပါ
✳️ အထိုင် အထ ရိပ်ရိပ် ရိပ်ရိပ်မူးလျှင် တစ်နေ့ဓာတ်ဆားတစ်ဗူးသောက်ပေးပါ (သွေးပေါင်ချိန်ပါ)

✳️ နားဖို့လိုနေလို့ ခန္ဓာကိုယ်က နားခိုင်းနေတာကို နားထောင်ပါ
အနားယူရပါမယ်
- အိပ်ပါ (အခန်းကို မီးပိတ်အိပ်ပါ (ကြောက်တတ်ရင်တော့ သဘောပါ😅)၊ အသံတွေတိတ်နေအောင် စီမံထားပါ၊ အိပ်ခါနီး လျှပ်စစ်ပစ္စည်းတွေမသုံးပါနဲ့)
- မနုံးပဲ လန်းအောင်ဆိုပြီး Stimulant (Coffee, Tea, energy drink) တွေမသောက်ပါနဲ့
- အိပ်ခါနီး အစားတရားလွန်မစားပါနှင့်
- အနားယူတဲ့အချိန်ကြည့်တဲ့ ရုပ်ရှင်တွေဟာ စိတ်အပန်းဖြေစေတာတွေပဲ ကြည့်ပါ (လူသတ်ကားတွေ၊ သရဲကားတွေ၊ မိသားစုထဲပတ်ပြီး "လောင်" နေတဲ့ကားတွေဟာ ) စိတ်ကိုပိုပြီး ပင်ပန်းစေပါတယ်
စိတ်ကိုလည်းအနားပေးပါ
- ဘာလို့ နုံးနေရတာလဲ နှလုံးရောဂါလား
- ရောဂါကပျောက်ပြီး သွေးခဲပြီးသေတတ်တယ်ဆို
- Antibody စစ်တာလည်း မထွက်သေးဘူး
- အကောင်မျိုးကွဲကပေါ်နေပြီ
- 3rd wave က 4th wave နဲ့ ထပ်သွားမယ်ဆို
မဟုတ်တာတွေလျှောက်မတွေးနေပါနဲ့ "အိပ်ပျော်တော့မှာ" မဟုတ်ပါဘူး။

✳️ လေ့ကျင့်ခန်းလုပ်ရပါမယ် (လှုပ်ရှားခုန်ပေါက်တာတွေမဟုတ်ပါဘူး)အသက်ရှူလေ့ကျင့်ခန်း ပဲ လုပ်ရမှာပါ၊ (ပုံမှန်လုပ်နိုင်သလောက်လုပ်ပါ ခိုပြီးမလုပ်ပဲ မနေရင်ရပါပြီ)
နှာခေါင်းကနေ အသက်ပြင်းပြင်းရှူ ပါးစပ်ကနေ တဖြည်းဖြည်းထုတ် ရတာပါ။

Graded Exercise လုပ်ပါ၊ (post ရေးထားပါတယ် 👉 Activity after Covid ရှာဖတ်ကြည့်ပါ)

2. အားဆေး ဆိုတာတွေပါ။

#အားဆေး ဆိုတာ #ခွန်အားရှိတဲ့ဆေး မဟုတ်ပါဘူး
အဲ့ဆေးတွေ သောက်ပြီး ခွန်အားတွေရှိမလာပါဘူး

Vitamins တွေပါ၊ ဟင်းသီးဟင်းရွက်တွေ စားနိုင်လည်းရနေပါတယ်။
Covid စဖြစ်ထဲက သောက်လိုက်ရတဲ့ အားဆေး ဆိုတာတွေ တစ်နေ့ အလုံး တစ်သိန်းလောက်ရှိတယ်
- Covid က ဖြစ်တာကဖြစ်တာပဲ
- ဆိုးတဲ့လူမှာက ဆိုးတာပဲ
- ဆုံးရှုံးလိုက်ရတာတွေလဲ ရှိတာပဲ

အဲ့တော့ အများကြီး အထောက်ကူမပြုဘူးဆိုတာ သိစေချင်တာပါ။
#မသောက်ရဘူးတော့မဟုတ်ပါဘူး
ဆေးဗူးကိုကြည့်ပါ Vitamins တွေ အစုံပါတဲ့ ဆေးတစ်မျိုးကို သေသေချာချာ ရွေးပြီးသောက်ပါ
​ ဘာသောက်ရမလဲဆရာတော့ မလုပ်ပါနဲ့

ပိုက်ဆံပေါရင် US, Germany ကလာတဲ့ Packing လှလှ ဆေးတောင့်ကြီးကြီးသောက်ပေါ့
မြန်မာထုတ် ဗူးစုတ်စုတ် ၊ ဆေးနံနံ ၊ ပုံစံမလှ သောက်ရင်လည်းသောက်ပါ
အကုန်တူတူပါပဲ #ကြိုက်ရာသောက်ပါ။

#ဘယ်အချိန်သောက်ရမလဲ ⁉️

Vitamins တွေက အစာနဲ့တွဲပြီး အူကစုပ်တာ ဆိုတော့ "နေ့လည်စာစားပြီး သောက်က" အသင့်တော်ဆုံးပါ။

ကြုံတုန်းသတိပေးလိုတာက Vitamin C ရဲ့နေ့စဉ်လိုအပ်တဲ့ပမာဏက **90mg ပါ
Cevit တစ်လုံးမှာ 100mg ပါပါတယ်။
တစ်နေ့ကို Vitamin C 1,000mg ကျော်သောက်ရင် အစာအိမ်အတွက်ပြဿနာရှိသလို၊ ရေရှည်မှာကျောက်ကပ်ကျောက်တည်ပါတယ်

___________
နိဂုံးချုပ်ရရင်

- နုံးနေ၊ မောနေတာ ရောဂါမပျောက်သေးတာမဟုတ်ပါဘူး
- စစ်ပန်းနေတာပါ
- ကောင်းကောင်းနားပါ၊ အရမ်းမလှုပ်ရှားပါနဲ့ (မလောပါနဲ့)
- အားပြန်ဖြည့်ပါ
- အားဆေး ဆိုတာတွေဟာ ခွန်အားရှိတဲ့ ဆေး မဟုတ်ပါဘူး Vitamins တွေပါ (တန်ဆေး လွန်ဘေး ဂရုပြုကြပါ)

(Original post; Aug,2021 👉 https://www.facebook.com/104993831383029/posts/304409864774757/?d=n)

ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr ဘုန်းစည်သူလွင်

အိုမီခရွန်မျိုးကွဲရဲ့ လက္ခဏာများအိုမီခရွန်က ကိုဗစ်ရဲ့ ဗီဇပြောင်းမျိုးကွဲ ဆိုပေမယ့် လက္ခဏာတွေက ရှေ့က မျိုးကွဲတွေနဲ့ သိပ်တ...
17/02/2022

အိုမီခရွန်မျိုးကွဲရဲ့ လက္ခဏာများ

အိုမီခရွန်က ကိုဗစ်ရဲ့ ဗီဇပြောင်းမျိုးကွဲ ဆိုပေမယ့် လက္ခဏာတွေက ရှေ့က မျိုးကွဲတွေနဲ့ သိပ်တော့ မကွာလှပါဘူး။ တူတာတွေလည်း ရှိသလို အနည်းငယ် ကွဲတာတွေလည်း ရှိပါတယ်။

တူတာက
-ချောင်းဆိုးတာ
-ဖျားတာ
-နှာပိတ်တာ
-နှာရည်ယိုတာ
-ခေါင်းကိုက်တာ
-လည်ချောင်းနာတာတွေပဲ ဖြစ်ပါတယ်။

အနည်းငယ်ထူးခြားတဲ့ လက္ခဏာတွေကတော့
-ကိုယ်လက်ကိုက်တာ ပိုတွေ့ရပါတယ်။
-ချောင်းခြောက်ဆိုးတဲ့သူများပါတယ်။
-ထူးထူးခြားခြား လည်ချောင်းယားကြပါတယ်။
-အနံ့ပျောက်တာကို ဒယ်တာမှာလောက် မတွေ့ရပါဘူး။

ဘာပဲဖြစ်ဖြစ် အထက်ပါ လက္ခဏာတွေ ခံစားနေရရင် ကာကွယ်ဆေးထိုးထားသည့်တိုင် ဆေးစစ်ကြည့်ပြီး လိုအပ်တဲ့ ကုသမှု ခံယူသင့်ပါတယ်။



#တစ်နေ့တစ်လုံးပုံမှန်သောက်ပါ။
#အင်နာဗွန်စီနဲ့ကာကွယ်နေ့စဉ်ကျန်းမာမယ်။

15/02/2022

😷 Omicron 😷
မဖြစ်သေးတဲ့ လူတွေအတွက် စိုးရိမ်ရသလို
ဖြစ်နေတဲ့လူတွေအတွက်လည်း စိတ်ပူရတယ် 😢😢
ဂရုစိုက်ကြပါနော်

⬛Omicron Day 1 (အဆိုးဆုံးနေ့)

🦠 ညဘက်ကြီးထပြီးချမ်းတုန်တက်တယ် အဖျားကြီးတယ်
အရိုးထဲထိ လှိုက်စိမ့်ပြီးချမ်းတာ….တခါမှမဖြစ်ဖူးဘူး….ဘယ်လိုချမ်းတာကြီးမှန်းကိုမသိ….လူကနတ်ဝင်သည်လို တုန်တက်နေတာ

🦠 ခါးအောက်ပိုင်းတပြင်လုံး အရမ်းကို ကိုက်တာ
တကိုယ်လုံးလည်း အထိမခံနိုင်အောင် နာကျင်ကိုက်ခဲပေမယ့် ခါးနေရာဝန်းကျင် အဆိုးဆုံးဖြစ်ပါတယ်
ခေါင်းကလည်း ထုံနေအောင်ကိုက်ပါတယ်
လှိမ့်ပိမ့်နေသော နေ့တစ်နေ့ပေါ့

🦠 ပါရာစီတမော သောက်တုန်းခဏပဲအဖျားကျပြီး တနေကုန်အဖျားပြန် ပြန်တက်ပါတယ်

🦠တနေကုန်နုံးပြီး အိပ်ချင်ပါတယ်၊ တနေကုန်နီးပါး အိပ်တာပါ

🦠 လည်ချောင်းမနာ၊ ချောင်းမဆိုး၊ နှာမမွှန်လို့ ရိုးရိုးဖျားလို့ပဲ ထင်ခဲ့ပေမယ့် နှာခေါင်းနှိုက်လိုက်တော့ positive ပါ 🥲

⬛Omicron Day 2

🦠 အိပ်ယာနိုးနိုးချင်း သတိထားလိုက်မိတာက မဖျားတော့၊ မချမ်းနေတော့တာပဲ
ချွေးတွေရွှဲပြီး နိုးလာတာ

🦠 ခေါင်းလည်း တအားကြီးမကိုက်နေတော့ဘူး၊ ခန္ဓာကိုယ်က နာကျင်ကိုက်ခဲတာတွေပါ ဗြုန်းဆိုပျောက်သွားလို့ ပျော်နေရာက……

🦠 တံတွေးမျိုချလိုက်မိတာမှာ စဂွမ်းပါတယ်
လည်ချောင်းထဲမှာ မီးဖုတ်ထားတဲ့ သံချွန်နဲ့စိုက်ထားသလိုကို ပူပြီးနာနေတာပါ
တနေကုန် အစားကိုမနည်းမျိုချရပါတယ်
အနံ့အရသာ မပျက်ပါဘူး…..နာလွန်းလို့ မျိုချဖို့ခက်တာပါပဲ

🦠 အိပ်ချင်ချက်ကတော့ ရှယ်ပါပဲ….Day 2 လည်း တနေကုန်အိပ်ပါ
နိုးလာတာနဲ့ ဝေဒနာတခုခုနဲ့နိုးလာတာကတော့ တရားနဲ့ဖြေပေါ့လေ 🥲

⬛Omicron Day 3

🦠 အိပ်ယာနိုးလာတာနဲ့ ရင်ဘတ်ထဲကနေလည်ချောင်းထဲထိ ပူပြီးနာတာပါပဲ
ရိုးရိုးလည်ချောင်းနာတာထက် အများကြီးခံရတာဆိုးပါတယ်
ဆရာဝန်ပေးတဲ့ဆေးသောက်မှ နေသာသွားပါတယ်
မဟုတ်ရင် လည်ချောင်းမှာ ဆူးလုံးအကြီးကြီး တစ်နေသလိုပါ

🦠 လည်ချောင်းအရမ်းယားပြီး ချောင်းစဆိုးပါတယ်
မရပ်မနားတော့မဟုတ်ပေမယ့် လည်ချောင်းတွေပြန်နာလာတဲ့ထိ ဆိုးတာမို့ လည်ပင်းနာတာက အခြေနေပို ပိုဆိုးလာပါတယ်

🦠 နှာခေါင်း တဖက်ပိတ် တဖက်ပွင့်ဖြစ်ပါတယ်
နှာခေါင်းပိတ်တော့ အသက်ရှုကျပ်သလိုဖြစ်ပေမယ့် oxygen မကျပါ

🦠 လုံးဝ မဖျားတော့သလို ကိုယ်လက်ကိုက်ခဲတာ ဘာညာ လုံးဝမရှိတော့ပါ

🦠 ထုံးစံအတိုင်းပဲ နုံးပြီးအိပ်ချင်ပါတယ်

⬛Omicron Day 4

🦠 လည်ချောင်းက ပိုဆိုးလာပါတယ်
(ထွက်ခတ်ခတ်နေတာ ဖြစ်မယ်ထင်ပါတယ်)
နိုးလာချိန်မှာ တကယ့်ကို လည်ပင်းမှာ ဆူးလုံးကြီးတစ်လုံးလာတစ်နေသလို၊ သံချွန်နဲ့စိုက်ထိုးခံထားရသလိုပါ

🦠 နောက် မနေ့က ချောင်းဆိုးထားတဲ့အရှိန်ကြောင့် ထင်ရ….အာသီးယောင်နေတဲ့နေရာကြီးအပြင် လည်ပင်းတစ်ခုလုံး စပ်ဖျင်းဖျင်းနဲ့ အရမ်းနေရထိုင်ရဒုက္ခဖြစ်….
ဒီနေ့လည်း လည်ချောင်းထဲမှာအရမ်းယားပြီး ချောင်းဆိုးပါတယ်

🦠 ဒီနေ့တော့ မနေ့ကလောက် အစားအများကြီး သိပ်မစားနိုင်ပါ (စားတာတော့စားတယ်….မနေ့ကလောက် အများကြီးမစားနိုင်)
တော်တော်ကြီး လည်ပင်းက ဒုက္ခပေးနေတာမို့ 😣

🦠 လူက ဆေးရှိန်ကြောင့်လား၊ ပိုးကြောင့်လားမသိ….
လှုပ်လှုပ်ဆို မောပါတယ်၊ မူးချင်ပါတယ်
နားတွေထဲလည်း အူပြီးထုံနေပါတယ်

🦠 လူမမာကြီးလို ပစ်လဲသွားတာမျိုးတော့ မဟုတ်ပေမယ့် ချောင်းဆိုး လည်ပင်းနာက ပုံမှန်ထက် အဆများစွာဆိုးဝါးတာပါနော်
(တကယ်ကို ဘာနဲ့မှ ဘယ်တုန်းကဖြစ်ဖူးတာနဲ့မှ မတူဘူး 😞)

Credit to Aye Nyein Swe

မြန်မာပြည်မှာဝင်ရောက်နေပီဖြစ်တဲ့
အိုမီခရွန်၏ လက္ခဏာ ၃မျိုးပါ
****************

အိုမီခရွန် Omicron
နံပါတ် ၁/
အပျော့စား လက္ခဏာ က
ဖျားမယ်၊ ချောင်းဆိုးမယ်၊ ကိုယ်လက်မအီမသာဖြစ်မယ်။

နံပါတ် ၂ / အလယ်အလတ် လက္ခဏာ က
မျက်စေ့နာမယ်၊ လည်ချောင်းနာမယ်၊ ခေါင်းကိုက်မယ်။

နံပါတ် ၃ /
အပြင်းစား လက္ခဏာ က
အသက်ရှူရခက်မယ်၊ မောမယ်၊
တကိုယ်လုံးအသားတွေအကျောတွေအထိနာနေမယ်၊ စကားမပြောနိုင်တဲ့အထိဖြစ်မယ်။

အပျော့စားနဲ့ အလည်အလတ်စားဖြစ်ရင်တော့
အိမ်မှာဘဲ ဆေးသောက်ပြီးကုသလို့ရပါတယ်။
အပြင်းစားဖြစ်ပီဆိုရင်တော့
နီးစပ်ရာ ဆေးရုံသို့
အမြန်ဆုံး
တက်ရောက်ကုသမှု ခံယူရပါမယ်။

ကာကွယ်မှုတွေကတော့ အရင်
ကိုဗစ်နိုင်တင်းရောဂါ ကာကွယ်သလိုပါဘဲ အားလုံးသိပြီးမို့ အထူးရှင်းပြစရာမလိုတော့ပါ။

ကိုဗစ်ဟာ
လူ့လောကထဲ အသက်ရှင်နေထိုင်ဖို့ သူရဲ့ ပုံစံ ဗီဇကိုအမျိူးမျိူးပြောင်းလဲနေပါတယ်
ဘယ်လောက်ကြာဦးမယ်မသိပေမဲ့
ကမ္ဘာကြီးကိုဗစ်ဒဏ်အလူးအလဲခံရတာ(၂)နှစ်ပြည့်ပါပီ

ဒါကြောင့်
သင် ကိုဗစ်မကူးစက်စေရန်

၁၊မက်စ်တပ်ပါ
၂၊တစ်ခုခုကိုင်ပြီးတိုင်းလက်ဆေးပါ၊
၃၊လူစုလူဝေးရှေုာင်ရှားပါ
၄၊လူတစ်ဦးနှင့်တစ်ဦးခြောက်ပေကွာနေထိုင်ပါ
၅၊မျက်နှာ အကာတပ်ဆင်ပါ၊
၆၊လက်မဆေးပဲ မျက်လုံး၊နှာခေါင်း၊ပါးစပ်ကို၊မကိုင်မနှိုက်ပါနဲ့
အားလုံးကပ်ကြီး(၃)ပါးကျော်လွှားနိုင်ကြပါစေ

Omicron အလွန်တွင် ချစ်ရခင်ရသူများနှင့် ပျော်ရွှင်စွာ ပြန်လည်ဆုံတွေ့ဖို့ သဘာဝဆရာဝန် ၇ယောက်နှင့် လက်တွဲကြပါစို့ 😊😊😊

Omicron ၏ ရောဂါလက္ခဏာများကို စုစည်းဖော်ပြထားကာ ငွေကုန်ကြေးကျမများ သဘာဝတရားဖြင့် ကာကွယ်နိုင်စေရန် ရည်ရွယ်ပြီး ဤ စာစုလေးကို ရေးသားလိုက်ရပါသည် ။

တော်သေးတာကတော့ ယခင် covid များလို သိပ်မပြင်းထန်ခြင်း ၊ အောက်စီဂျင် ကျနူန်းနည်းခြင်း ၊ အရေးပေါ် ဆေးရုံတက်ရခြင်း ICU တွင် အသက်ရူစက်များဖြင့် ကုသရန် အခွင့်အလမ်းနည်းခြင်း တို့ဖြစ်ပါသည် ။

ဖြစ်ပွားနူန်း ပျံ့နှန့်နူံးကတော့ ရာသီတုပ်ကွေးလို မြန်ဆန်သည် ထို့ကြောင့် ကူးစက်မူ့နူန်းကတော့ များပါသည် ၊ အသက်ငယ်သူများတွင် ရိုးရိုး နှာစေးချောင်းဆိုး အသံဝင်ရုံသာဆိုသော်လည်း အသက် ၆၀ ကျော်သူများတွင် အနည်းငယ် ရောဂါလက္ခဏာများ ပိုခံစားရကာ အခြား ဆီးချို သွေးတိုး ရောဂါများရှိလျှင် အခန့်မသင့်လျှင် အသက်အန္တရယ်ရှိကာ ဆေးရုံတက်ကုသရနိုင်ပါသည် ၊ ထို့ကြောင့် လုံးဝတော့ မပေါ့ဆရန် လိုပါသည် ။

ယခင် Delta တုန်းကလို သောက်သောက်လဲသေခြင်း ( ဆရာဝန်ကြီးများပင် အသက်ဆုံးရူံးခဲ့ရပါသည် ) FB မှ online မှ ညွှန်းသမျှဆေးများ လျှောက်ဝယ်သောက်ရခြင်းကြောင့် အချိန်လည်းကုန် ငွေလည်းကုန် စိတ်ပန်း လူပန်း ဖြစ်ခဲ့ကြရသည် ၊ ဒီတစ်ခါတော့ သဘာဝတရားက ပေးထားသော သဘာဝကုထုံးများနှင့် ငွေလည်းချွေတာနိုင်ရန် အောက်ပါအတိုင်း နေထိုင်ကြပါ ၊

၁ ။ Dr Sun ( ဒေါက်တာနေ )

နေရောင်ခြည်ကို တစ်နေ့လျှင် ၁နာရီခံယူပါ ၊ နေပူဆာလှူံပါ ၊ အကောင်းဆုံးအချိန်မှာ မနက် ၇ မှ ၉ခွဲ ဖြစ်ပါသည် ၊ Vitamin D ရစေသည် ၊ ( Vitamin Dများသောက်ကြလျှင် တစ်နေ့လျှင် 3000 အားထက်မပိုစေရန် သတိပြုပါ အချို့ဆေးများတွင် ၅၀၀၀ ကျော် ၁သောင်းများဖြစ်၍ ကျောက်ကပ်ပျက်စီးစေနိုင်သည် ) သဘာဝဖြင့်ရသော Vitamin D သည် အကောင်းဆုံးဖြစ်ပါသည် ။

၂ ။ Dr Water ( ဒေါက်တာ ရေ )

ရေသန့်အား တစ်နေ့လျှင် ၂လီတာ (ဖန်ခွက် ၆ခွက်မှ ၈ခွက် )သောက်ပါ ရေအစားရေနွေးကြမ်း ( ကျကျ ခါးခါး မဟုတ်ပါ ) လည်းသောက်၍ ရပါသည်

၃ ။ Dr Air ( ဒေါက်တာ လေ )

သန့်ရှင်းလတ်ဆတ်သောလေကိုရိူက်ရူပြီး အသက်ရူလေ့ကျင့်ခန်းလုပ်ပါ ၊ နှာခေါင်းဖြင့် ရိူက်ရူပြီး ၁၊ ၂ ၊ ၃ ၊ ၄ ၊ ၅ ရေ၍ ၅စက္ကန့်လောက်ထိန်းထားပြီးမှ အားရပါးရ ပါးစပ်မှ ပြန်ရူထုတ်ပါ ၊ တစ်ကြိမ်လျှင် အခါ ၂၀ မှ ၂၅ ခါ တစ်နေ့လျှင် ၄ကြိမ် စုစုပေါင်း အခါ ၁၀၀ အသက်ရူလေ့ကျင့်ခန်းလုပ်ပါ။

၄ ။ Dr Sleep ( ဒေါက်တာ အိပ် )

ကောင်းမွန်စွာ အိပ်စက်အနားယူပါ အသက် ၁၂ အောက်ကလေးများ တစ်နေ့လျှင် ၁၀နာရီ လူကြီးများ တစ်နေ့လျှင် ၈နာရီ ကောင်းစွာအိပ်စက်၍ ခန္ဓာကိုယ်မှ Cell များအား အနားပေးကာ ပြင်ပမှဝင်ရောက်လာမည့် ရောဂါပိုးများ အန္တရယ်ကို ကိုယ်ခံအားမြင့်စွာ ခုခံအားကောင်းစွာ ကာကွယ်နိုင်ကြပါစေ ။

၅ ။ Dr Exercise ( ဒေါက်တာ ကစား )

ကိုယ်လက်လှူပ်ရှား လေ့ကျင့်ခန်းလည်း သင့်တော်သလို နေ့စဉ်ပြုလုပ်ပါ ၊ Gym သွားကစားခြင်း ပြင်းထန်သော အားကစားများ လေ့ကျင့်ခန်းများ မလုပ်နိုင်သော်ငြား မိမိခြံအတွင်း မိမိအိမ်အတွင်း လမ်းဖြည်းဖြည်းလျှောက်ခြင်း မြန်မြန်လှောက်ခြင်း jogging ရွရွပြေးခြင်းတို့ လုပ်ပေးခြင်းဖြင့် ပို၍ ကျန်းမာပါလိမ့်မည် ။

၆ ။ Dr Diet ( ဒေါက်တာစား )

မိမိတို့ နေ့စဉ် စားသောက်ကြရာတွင် ခန္ဓာကိုယ်မှ လိုအပ်သော ကယ်လိုရီ လူတစ်ယောက်အတွက် အနည်းဆုံး ၂၅၀၀ အား ၅၀၀ အပိုဆောင်း၍ ၃၀၀၀ calorie စားရန်လိုပါသည် ၊ အချိုဓာတ် အသားဓာတ် အဆီဓာတ်တို့ကို သင့်တော်ရုံစားရမည် အလွန်အကျွံ လိုသည်ထက်ပိုကာ ဘေးဖြစ်အောင်လည်း မစားရပါ ၊ အသီးအရွက်များ လတ်ဆတ်သောအသီးများကို စားသုံးခြင်းဖြင့် လုံလောက်သော vitamin ဗိုက်တာမင်များကို ဆေးများဖြင့်မဟုတ် သဘာဝဖြင့် ပြန်လည်ဖြည့်ဆည်းပါ ၊ အသီးအရွက်များကို အကြမ်းဖျဉ်း တစ်နေ့လျှင် အရောင် ၅မျိုး ပါအောင်စားခြင်းဖြင့် ( ဥပမာ အစိမ်းရောင် အရွက် ၊အနီရောင်ခရမ်းချဉ်သီး ၊လိမ္မော်ရောင် မုန်လာဥနီ ၊အဖြူရောင် မုန်လာဥ အဖြူ ဘူးသီး ပန်းဂေါ်ဖီ စသည်ဖြင့် ) ဗိုက်တာမင် A to Z များပြည့်ဝနိုင်ပါသည် ။

၇ ။ Dr Energy ( ဒေါက်တာ စွမ်းအား )

မိမိခန္ဓာကိုယ်အတွက် စွမ်းအင်များ အားများကို ရုပ်ပိုင်းဆိုင်ရာ အစားအသောက်များ အိပ်စက်ခြင်း ကိုယ်လက်လှူပ်ရှားခြင်းတို့သာမက စိတ်ပိုင်းဆိုင်ရာ စွမ်းအားများဖြည့်တင်းရန် ကုသိုလ်စိတ်များနှင့်ပျော်မွေ့ပါ ၊ နေ့စဉ်ဘုရားရှိခိုးပါ ၊ သီလဆောက်တည်ပါ ၊ တရားထိုင်ပါ ၊ မိမိ၏ စိတ်အစဉ်ကို ငြိမ်းအေးရန် စိတ်စွမ်းအင်ကို ေလ ့ကျင့်ပါ ။

အချုပ်အားဖြင့်ဆိုရသော် တတိယလှိူင်းဖြစ်စဉ် လူအများလွန်စွာ ထိတ်လန့်ကြရခြင်း အဆုံးအရူံးများ၍ ကျေကွဲကြရခြင်း စိတ်နှလုံးပူဆွေးရခြင်းတို့ကြုံတွေ့ခဲ့ရတာ အားလုံးအသိပါ ၊ ယခု စတုထ္ထလှိူင်း Omicron လည်း မဖိတ်ခေါ်ပဲ တည့်တည့်ကြီး ဝင်ရောက်လာခဲ့ပြီ ၊ ရောဂါမှာ Delta လောက်မပြင်းဆိုငြား အတိုင်းအတာတစ်ခုထိတော့ စိတ်ပူစရာများရှိပါသည် ၊ ကြိုတင်ကာကွယ်ကာ ကျန်းမာစွာနေကြရန် အရေးအကြီးဆုံးဖြစ်သည် Mask အမြဲတပ်ပါ၊ လက်ကို ရေ ဆပ်ပြာဖြင့် သေသေချာချာဆေးပါ ၊လူစုလူဝေးအား တတ်နိုင်သလောက် ရှောင်ကြဉ်ပါ ၊ online မှ FB မှ တတ်ယောင်ကား ဆေးမြှီးတိုများအားလည်း ရှောင်ကြဉ်ပါ ၊ အမှန်တကယ် လက်တွေ့ကုသပေးနေသော ဆရာဝန်ကြီးများ သမားတော်များညွှန်းသော ဆေးများသာသောက်ပါ ၊မလိုအပ်ပဲ စျေးအလွန်ကြီးသောဆေးများအား လူတကာညွှန်သည်နှင့် မသောက်ကြပါရန် အထူးသတိပြုပါ ၊ စတုထ္ထလှိူင်းအား တက်ညီလက်ညီတွန်းလှန်ကာ Omocron အလွန် ပျော်ပျော်ပါးပါး ခရီးတွေထွက်ကြစို့လား လူစုလူဝေးဖြင့် New Normal life style ဖြင့် ပျော်ရွှင်ကြပါဦးစို့ ၊ ထိုအချိန်ရောက်မှ စိတ်မကောင်းစွာဖြင့် သူများတွေသွားကြ လာကြ စားသောက်ကြ ပျော်ရွှင်ကြချိန်တွင် မိမိမကျန်ခဲ့ရအောင် ၊မိမိတို့စုံစုံလင်လင် ပျော်ရွှင်ကြရန် အချိန်ရောက်လျှင်လည်း မိမိ၏ ချစ်ခင်ရသူများ မကျန်ခဲ့ရအောင် ယခုကပင် ဖော်ပြပါ သဘာဝ ဆရာဝန် ၇ယောက်နှင့် လက်တွဲလိုက်ကြပါစို့ ။

Crd

Address

89 Street, Corner 36 St, Mahar Aung Myae Township
Mandalay

Telephone

+95943158880

Website

Alerts

Be the first to know and let us send you an email when Padauk Power Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram