Ye Wint War Pharmacy

Ye Wint War Pharmacy For Healthy and Better life

အသည်းကျန်းမာရေးအတွက် ဗဟုသုတ
17/11/2025

အသည်းကျန်းမာရေးအတွက်
ဗဟုသုတ

05/10/2025

-Rohto

ချစ်တို့ရေ မနက်ဖြန်ရဲဝင့်ဝါ Pharmacy မှာ ထူးခြားတဲ့ အစီအစဉ်လေးနှစ်ခုရှိပါတယ်နော် 🤩🤩ပထမ အစီအဉ်လေးကတော့Ye Wint War Pharmac...
02/10/2025

ချစ်တို့ရေ မနက်ဖြန်

ရဲဝင့်ဝါ Pharmacy မှာ ထူးခြားတဲ့ အစီအစဉ်လေးနှစ်ခုရှိပါတယ်နော် 🤩🤩

ပထမ အစီအဉ်လေးကတော့
Ye Wint War Pharmacy မှာ
V-ROHTO နဲ့အတူ
နိုင်ငံကျော်မင်းသား အောင်မင်းခန့် ရှိနေမှာဖြစ်ပြီး

ဒုတိယအစီအစဉ်အနေနဲ့
ဆိုင်လာတဲ့ customers တစ်ယောက်ဆီတိုင်းကို
V-ROHTO (Green)
V-ROHTO Cool (Blue) မျက်စဉ်းလေး တစ်ဘူးဆီကို
အထူးစျေးနဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်နော်

သင့်ရဲ့မျက်ဝန်းလေးတွေကို စိုပြေတောက်ပစေမယ့်
V-ROHTO မျက်စဉ်းလေးကိုလဲ ဝယ်ယူပြီး
နိုင်ငံကျော်မင်းသား အောင်မင်းခန့် နဲ့အတူ
အမှတ်တရ ဓါတ်ပုံရိုက်ခွင့်ရမှာမို့

Date 📅 3-October (FRIDAY)
Time 🕰️ 1:00~2:00 PM အတွင်း ရဲဝင့်ဝါ Pharmacy ကိုလာရောက်ဖို့ ဖိတ်ခေါ်ပါတယ်နော်

နိုင်ငံကျော်မင်းသားအောင်မင်းခန့်ရဲ့ Fan လေးတွေရှိရင်လဲ ဒီပို့စ်လေးကို Like &Share လုပ်ပေးဖို့
မေတ္တာရပ်ခံပါတယ်နော် 😍

ရဲဝင့်ဝါ Pharmacy
လမ်း၃၀, လမ်း ၈၁နှင့် ၈၂ကြား
မန္တလေးမြို့

23/09/2025

စားကောင်းအိပ်ပျော် Cyproheptadine အကြောင်း👇

Cyproheptadine ဟာ ပထမဆုံးမျိုးဆက် Antihistamine ဖြစ်ပါတယ်။ Histamine ရဲ့ Action ကိုတားဆီးပေးတာကြောင့် Allergyလက္ခဏာ တွေဖြစ်တဲ့ နှာစေးခြင်း၊ မျက်ရည်ယိုခြင်း၊နှာရည်ယိုခြင်း‌ တွေကိုသက်သာစေပါတယ်။

ဒါ့အပြင် ခေါင်းကိုက်ခြင်းကို ကာကွယ်ရန်နှင့် အစာစားချင်စိတ်ကို တိုးစေတဲ့ ဆေးအနေနဲ့လည်းအသုံးပြုပါတယ်။

Cyproheptadineရဲ့ side effectများ❗
-အိပ်ငိုက်ခြင်း
-ခေါင်းမူးခြင်း
-ပါးစပ် ခြောက်ခြင်း
-စားချင်စိတ်တိုး၍အလွန်အမင်းဝိတ်တက်ခြင်း
-ဝမ်းချုပ်ခြင်း
-အမြင်ဝေဝါးခြင်း တွေခံစားရတတ်ပါတယ်။

ဘယ်လိုလူတွေမှာမသုံးသင့်ဘူးလဲ❌

-Cyproheptadineနဲ့Allergy ရှိသူတွေ
-အသက် 2နှစ်အောက်ကလေးငယ်တွေ
-ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်တွေ
-ပန်းနာရင်ကျပ် ရောဂါရှိသူ တွေ
-နှလုံး ရောဂါအခံရှိသူ တွေနဲ့
-ကျောက်ကပ်မကောင်းသူ တွေမှာ သတိထားသင့်တယ်

08/09/2025

⚠️သွေးညှိဆေး/သွေးကျဆေးသောက်နေသူများ သိထားသင့်သည့် အချက် (၅)ချက်⚠️

သွေးညှိဆေးတွက သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး မိမိတို့ ဘဝသက်တမ်းတလျှောက် ဆက်တိုက်သောက်ဖို့လိုအပ်တဲ့ ဆေး ‌ေတွဖြစ်ပါတယ်။
ဆေးကိုသေချာမသောက်သုံးပါက
💔နောက်ဆက်တွဲပြဿနာများ

-နှလုံး ရောဂါ

-လေဖြတ်ခြင်း(stroke)

_ကျောက်ကပ်ပျက်စီးခြင်း(kidney damage)

_မျက်စိအမြင်အာရုံကို ထိခိုက်ခြင်း

တွေဖြစ်နိုင်ပါတယ်။

ဒါကြောင့် မိတ်တွေတို့အနေနဲ့👇

1️⃣ဆေးကို အချိန်အတိအကျသောက်ရပါမယ်။⏱️

2️⃣ဆရာဝန်ညွှန်ကြားချက်မရှိပဲ မိမိသ ဘောနဲ့ မိမိ ဆေး သောက်ရပ်ခြင်း/ဆေး သို့ ဆေး ပမာဏ ပြောင်းသောက်ခြင်း မပြုရပါ။🙅

3️⃣မိမိနေ့စဉ်စား သောက်သည့်ပုံစံတွင် ဆားနှင့် အချိုများသော အစာအစာများကို ရှောင်ကျဉ်ရပါမယ်။❗

4️⃣အရက်၊ဆေးလိပ်နှင့် ကော်ဖီသည် ဆေးအာနိသင်ကိုကျ စေတဲ့အတွက် အလွန်အကျွံ သောက်ခြင်းကိုရှောင်ပါ။❌

5️⃣မိမိတို့ရဲ့ သွေးပေါင်ချိန်ကိုအမြဲ check ပါ။✅

01/09/2025

💊မိတ်‌ဆွေတို့သိသင့်တဲ့Steroidအကြောင်း💊

Steroid ဆိုတာ လူ့ခန္ဓာကိုယ်ထဲမှာ သဘာဝအတိုင်းရှိ နေတဲ့ hormoneတစ်မျိုးဖြစ်ပါတယ်။ ထို hormoneကို ဆေးအနေနဲ့ ထိုးဆေး/သောက်ဆေး/လိမ်းဆေး/ရှူဆေးစတဲ့ပုံစံမျိုးစုံနဲ့ဈေးကွက်ထဲမှာ တွေ့ရတတ်ပါတယ်။

တွေ့ရများတဲ့ Steroids အမျိုးအစားတွေကတော့↘️

-Hydrocortisone,
-Prednisolone,
-Dexamethasone,
-Betamethasone ,
-Beclomethasone တို့ဖြစ်ကြပါတယ်။

Steroid ဆေး တွေသောက်ရင်ယောင်ယမ်းနာကျင်ခြင်းကိုအချိန်တိုအတွင်းသက်သာစေခြင်း/ကိုယ်ခံအားအလွန်တက်တာကို ထိန်းညှိပေးတဲ့အတွက်↘️

-အရိုးအဆစ်ယောင်ယမ်းရောဂါ(rheumatoid arthritis)
-အဆုတ်ယောင် ‌‌‌‌‌‌‌‌ရောဂါ( COPD, Asthma)
_Eczemaလို့ခေါ်တဲ့ နှင်းခူရောဂါနဲ့ Allergy
_Atuoimmune Disease
စတဲ့ရောဂါ တွေမှာသုံးတတ်ကြပါတယ်။

⚠️ ရေရှည်ဆွဲ သောက်ပါက
သတိထားရမည့် ဘေးထွက်ဆိုးကျိုးများ⚠️

_အစာအိမ်နာခြင်း

_သွေးတွင်းသကြားဓာတ်တက်ခြင်း

_သွေးပေါင်ချိန်တက်ခြင်း

_ကိုယ်အလေးချိန်တက်ခြင်း

_စိတ်အခြေအနေပြောင်းလဲခြင်း

_သွား/အရိုးကျိုးလွယ်ခြင်း

_ကိုယ်ခံအားနည်းလာသည့်အတွက် ကူးစက်ရာဂါအလွယ်တကူဝင်ရောက်တတ်ပါတယ်။

ဒါကြောင့် ထိုဆေးတွေကိုသောက်သုံးမည်ဆိုပါက

🔴ဆရာဝန်ညွှန်ကြားချက်ဖြင့်သာသောက်သုံးပါ

🔴ရေရှည်စွဲသောက်နေပါက ရုတ်တရက် ဆေးကိုမဖြတ်သင့်ပါ။

🔴ဆီးချိုရောဂါ/သွေးတိုးရောဂါရှိပါက ကိုယ်တွင်းသကြားဓာတ် /သွေးပေါင်ချိန်ကို အမြဲ check ပါ။

Probiotics (သက်ရှိအကျိုးပြုပိုးမွှားများ)Probiotics ဆိုတဲ့ ကျွန်မတို့ရဲ့အူလမ်းကြောင်းထဲမှာနေထိုင်ပြီး ကျန်းမာရေးအတွက်အကျ...
25/08/2025

Probiotics (သက်ရှိအကျိုးပြုပိုးမွှားများ)

Probiotics ဆိုတဲ့ ကျွန်မတို့ရဲ့အူလမ်းကြောင်းထဲမှာနေထိုင်ပြီး ကျန်းမာရေးအတွက်အကျိုးကျေးဇူးအများကြီးပေးနိုင်တဲ့သက်ရှိတွေဖြစ်ကြပါတယ်။
သူတို့က အစာအိမ်နဲ့အူလမ်း ကြောင်းကိုကျန်းမာစေရုံသာမကImmune system ကိုလဲအားဖြည့်ပေးနိုင်ပါတယ်။

Probiotics ကိုသောက်သုံးခြင်းအားဖြင့်🍀🍀🍀🍀

ဝမ်းချုပ်ခြင်း၊ ဝမ်းလျောခြင်းစတဲ့ အူလမ်းကြောင်းနဲ့ဆိုင်တဲ့ပြဿနာ‌တွေကိုသက်‌သာ‌စေပါတယ်

Antibiotics လို့ခေါ်တဲ့ ပဋိဇီဝဆေးတွေကိုသောက်သုံးပြီး နောက် ခန္စာကိုယ်မှာရှိတဲ့ ပိုးမွှား balance ကိုပြန်ထိန်းညှိပေးပါတယ်။

ကိုယ်ခံစွမ်းအားကိုလဲမြှင့်တင်‌ပေးနိုင်ပါတယ်။

‼️‼️Probiotics သောက်သုံးသည့်အခါ ဆောင်ရန် ၊ရှောင်ရန်အချက်လေးများ

(1)Probiotics တွေကိုသောက်သုံးတဲ့အခါ အမြဲတူညီတဲ့အချိန်မှာသောက်ပေးရင် အာနိသင်ပို ကောင်းပါတယ်။

(2)probiotics အမှုန့်ထုပ်ကိုအရမ်းပူလွန်းတဲ့ ရေနဲ့မဖျော်သင့်ပါဘူး။ ပူလွန်းရင်ပိုးမွှားသေဆုံးသွားနိုင်ပြီးဆေးရဲ့အာနိသင် လျော့နည်းတတ်ပါတယ်။

(3)အစာစားပြီးသောက်သုံးပါက အာနိသင်ပို ကောင်းပါတယ်။

(4)antibioticsနှင့် probioticsကို တပြိုင်နက်မသောက်သင့်ပါ။အနည်းဆုံး ၂နာရီခြားပြီး သောက်ပါ။

(5)probioticsကို အရမ်းပူလွန်း၊ အေးလွန်းပြီး အစိုဓာတ်များတဲ့ နေရာများမှာ ထားသိုခြင်းမှလဲ ရှောင်ရှားရပါ့မယ် ။

Zinc သောက်သုံးပါက မိမိတို့ ခန္ဓာကိုယ်အတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်ပါသလဲ?1-Zinc သောက်သုံးခြင်းဖြင့် မိမိတို့ရဲ့က...
19/08/2025

Zinc သောက်သုံးပါက မိမိတို့ ခန္ဓာကိုယ်အတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်ပါသလဲ?

1-Zinc သောက်သုံးခြင်းဖြင့် မိမိတို့ရဲ့ကိုယ်ခံစွမ်းအားကို မြှင့်တင်‌ ပေးနိုင်တယ်။ ဖျားနာ နေမ‌ကာင်းပါက ရက်တိုတိုနဲ့မြန်မြန်သက်သာစေပါတယ်။

2-ကြွက်သားတစ်သျှူးအသစ်တည်ဆောက်ဖို့နဲ့ ကြွက်သားပြုပြင်ရာမှာ ကူညီပေးတာကြာင့် အနာကျက်မြန် စေပါတယ်။

3-ယောင်ယမ်းတာ‌နဲ့ မျက်နှာအဆီထွက်နှုန်းကိုထိန်းပေးတာ ကြောင့် ဝက်ခြံတွေကိုလျော့နည်းစေတဲ့အာနိသင်လည်းရှိပါတယ်။

4-ဆံပင်ကျွတ်ခြင်းကိုလည်းကာကွယ်ပေးပါတယ်။

5-ကလေးငယ် တွေမှာ
zinc supplement ကိုတိုက် ကျွေးခြင်းအားဖြင့်ဝမ်းလျောဝမ်းပျက်ဖြစ်ပွားမှုကို သက်သာစေသလို ထပ်မံဖြစ်ပွားမှုကိုလဲ ကာကွယ်ပေးနိုင်ပါတယ်

ဒါ့အပြင် ကလေးငယ် တွေကြီးထွားဖွံဖြိုးဖို့အတွက် လိုအပ်တဲ့ဓာတ်တမျိုးလဲဖြစ်ပါတယ်။

ဒီလိုအကျိုး ကျေးဇူးတွေအများကြီးရှိတဲ့ zincကို အသား၊ငါး၊ပဲအမျိုးမျိူး၊ဂျုံ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို စားသုံးခြင်းမှရရှိနိုင်သလို
ကျွန်တော်တို့ ....
ရဲဝင့်ဝါ ဆေးဆိုင်မှာရှိတဲ့
zinc supplement တွေသောက်သုံးခြင်းအားဖြင့်လဲ တစ်နေ့တာလိုအပ်တဲ့ zinc ပမာဏကိုဖြည့်တင်းနိုင်ပါတယ်။

ရဲဝင့်ဝါ ဆေးနှင့်ဆေးပစ္စည်း
30st,Bet:81x82st
09-444472873(VIBER)
09-444472874

🔶 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐃𝟑 ဆိုတာ အရိုးကျန်းမာရေး၊ ကိုယ်ခံစွမ်းအားနှင့် စိတ်ပိုင်းဆိုင်ရာ ထိန်းညှိခြင်းအပါအဝင် ခန္ဓာကိုယ်အတွက် ကျန်းမာရ...
13/08/2025

🔶 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐃𝟑 ဆိုတာ အရိုးကျန်းမာရေး၊ ကိုယ်ခံစွမ်းအားနှင့် စိတ်ပိုင်းဆိုင်ရာ ထိန်းညှိခြင်းအပါအဝင် ခန္ဓာကိုယ်အတွက် ကျန်းမာရေးထိန်းသိမ်းရန် အဓိက လုပ်ဆောင်ပေးပါတယ်။ ခန္ဓာကိုယ်မှာ 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐃𝟑 ပြည့်ဝနေပါက ကင်ဆာရောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးပါတယ်။

🔶 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐃𝟑 ကို နေရောင်ခြည်မှလည်းရသကဲ့သို့ ငါး၊ အမဲသားအသည်း၊ ဥအမျိုးမျိုးနှင့် ဒိန်ခဲကဲ့သို့သော အစားအစာများတွင်လည်း တွေ့ရပါတယ်။ ဒါကြောင့် သက်သတ်လွတ်သမားများ၊ အသက်ကြီးသူများ၊ အိမ်တွင်နေထိုင်သူများသည် 🔶 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐃𝟑 ချို့တဲ့နိုင်ခြေပိုများပါတယ်။

𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐎𝐫𝐢𝐠𝐢𝐧𝐬 အမှတ်တံဆိပ် 🔶 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐃𝟑 ကပေးတဲ့ခန္ဓာကိုယ်အတွက် ကောင်းကျိုးတွေကတော့

(၁) အရိုးနှင့် ကြွက်သား ကျန်းမာရေးကို ကောင်းမွန်စေပါတယ်

🔶 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐃𝟑 သည် ခန္ဓာကိုယ်မှ ကယ်လ်စီယမ်နှင့် ဖော့စဖရပ်စ်တို့ကို စုပ်ယူနိုင်စေရန် ကူညီပေးပြီး သန်မာကျန်းမာသောအရိုးများကို ထိန်းသိမ်းပေးကာ အရိုးပွရောဂါနှင့် အရိုးကျိုးခြင်းများကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် အသက်ကြီးလာသည်နှင့်အမျှ ကြွက်သားများကြံ့ခိုင်မှုနှင့် အရိုးပါး၊ အရိုးပွရောဂါဖြစ်ခြင်းကို ကာကွယ်ထိန်းသိမ်းရန် ကူညီပေးပါတယ်။

(၂) ကိုယ်ခံအားစနစ်ကို ပံ့ပိုးပေးပါတယ်

ခန္ဓာကိုယ်တွင် 🔶 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐃𝟑 ပမာဏလုံလောက်စွာရှိခြင်းက ခန္ဓာကိုယ်မှရောဂါပိုးမွှားတွေကို ခုခံကာကွယ်ပေးပြီး (𝐀𝐮𝐭𝐨𝐢𝐦𝐦𝐮𝐧𝐞)ရောဂါများ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

(၃) စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကို လျှော့ချပေးပါတယ်

🔶 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐃𝟑 သည် စိတ်ခံစားချက်ကို ထိန်းညှိပေးကာ စိတ်ဓာတ်ကျခြင်းနှင့် အခြားသော စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

(၄) ဆီးချိုရောဂါနှင့် နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်

🔶 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐃𝟑 သည် သွေးတိုးနှင့် နှလုံးတိုက်ခိုက်ခံရခြင်းအပါအဝင် နှလုံးသွေးကြောဆိုင်ရာရောဂါများ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သည့်အပြင် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးရာတွင်လည်း ပါဝင်သောကြောင့် ဆီးချိုသမားများအနေနှင့်လည်း မှီဝဲနိုင်ပါတယ်။

(၅) ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်

လေ့လာမှုများအရ 🔶 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐃𝟑 သည် အူမကြီးကင်ဆာ၊ ရင်သားကင်ဆာနှင့် ဆီးကျိတ်ကင်ဆာကဲ့သို့သော ကင်ဆာဖြစ်နိုင်ချေကို လျှော့ချရာတွင် ပါဝင်ကြောင်း အကြံပြုထားပါတယ်။

(၆) အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးမြှင့်တင်ပေးပါတယ်

လုံလောက်သော 🔶 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐃𝟑 ပမာဏသည် သာမန်အအေးမိခြင်းနှင့် တုပ်ကွေးအပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။

🔰 𝐌𝐞𝐠𝐚 𝐏𝐥𝐚𝐧𝐞𝐭 မှ တင်သွင်းဖြန့်ဖြူးလျက်ရှိသည့် အရိုးနှင့် သွားကျန်းမာပြီး ကိုယ်ခံအားကောင်းဖို့အပြင် အခြားသော ကျန်းမာရေးကောင်းကျိုးတွေကိုပါ ပေးစွမ်းနိုင်တဲ့ 🔶 𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐎𝐫𝐢𝐠𝐢𝐧𝐬 အမှတ်တံဆိပ် 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐃𝟑 ဖြည့်စွက်စာကို မှီဝဲလိုတယ်ဆိုရင်တော့ နီးစပ်ရာ 𝐏𝐡𝐚𝐫𝐦𝐚𝐜𝐲 တိုင်းမှာ ဝယ်ယူရရှိနိုင်ပါတယ်နော်။

**********************************************************************************
💙“နေ့စဥ်ဘဝမှာကျန်းမာဖို့ဖြည့်စွက်စာများမှီဝဲစို့”💙

#

အသေးစိတ်ဆက်သွယ်လိုပါက
☎️𝟎𝟗 𝟐𝟓𝟔 𝟖𝟒𝟐 𝟓𝟐𝟏
☎️𝟎𝟗 𝟒𝟎𝟖 𝟔𝟎𝟖 𝟖𝟔𝟔
🌏𝐖𝐞𝐛𝐬𝐢𝐭𝐞 :https://www.megaplanetmm.com
💬𝐕𝐢𝐛𝐞𝐫 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 - https://bit.ly/3LdqHxS
💬𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 - https://t.me/megaplanetmm
💻𝐘𝐨𝐮𝐓𝐮𝐛𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥 - https://www.youtube.com/

💁🏻‍♀️ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်သောဓာတ်တစ်မျိုးသည် 🔷 𝐒𝐞𝐥𝐞𝐧𝐢𝐮𝐦 ဖြစ်သည်။ 🔷 𝐒𝐞𝐥𝐞𝐧𝐢𝐮𝐦 သည် သဘာဝအတိုင်းခန္ဓာကိုယ်မှ ထုတ်...
31/07/2025

💁🏻‍♀️ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်သောဓာတ်တစ်မျိုးသည် 🔷 𝐒𝐞𝐥𝐞𝐧𝐢𝐮𝐦 ဖြစ်သည်။ 🔷 𝐒𝐞𝐥𝐞𝐧𝐢𝐮𝐦 သည် သဘာဝအတိုင်းခန္ဓာကိုယ်မှ ထုတ်လွှတ်ပေးသည့် ဓာတ်မဟုတ်သော်လည်း သိုင်းရွိုက်လုပ်ငန်းဆောင်တာများကို မြှင့်တင်ပေးပြီး အသက်ရှည်ကျန်းမာစေရန် လိုအပ်သော သတ္တုဓာတ်တစ်မျိုးဖြစ်သည်။

ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ 𝐒𝐞𝐥𝐞𝐧𝐢𝐮𝐦 ဓာတ်ကို (အခွံမာသီး၊ ဥများနှင့်ငါး) စသည့် အစားအစာများစားသုံးခြင်းမှ ရရှိနိုင်တာဖြစ်သည့်အတွက် ထိုအစားအစာများကို စားသုံးဖို့ရာ အဆင်မပြေသူများအနေဖြင့် 🔷 𝐒𝐮𝐩𝐞𝐫 𝐒𝐞𝐥𝐞𝐧𝐢𝐮𝐦 𝐂𝐨𝐦𝐩𝐥𝐞𝐱 ဖြည့်စွက်စာကို မှီဝဲဖို့ လိုအပ်ပါတယ်။

🔷 𝐒𝐮𝐩𝐞𝐫 𝐒𝐞𝐥𝐞𝐧𝐢𝐮𝐦 𝐂𝐨𝐦𝐩𝐥𝐞𝐱 ဖြည့်စွက်စာထဲတွင် 𝐒𝐞𝐥𝐞𝐧𝐨𝐦𝐞𝐭𝐡𝐢𝐨𝐧𝐢𝐧𝐞 အပြင် 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐄 ပါ ပါဝင်သည့်အတွက်

✔️ ကိုယ်ခံအားမြှင့်တင်ပေးကာ ခန္ဓာကိုယ်မှ ကူးစက်ရောဂါများနှင့် ဖျားနာမှုများကို ခုခံကာကွယ်ပေးနိုင်ခြင်း
✔️ ပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် ဖြစ်စေသည့်ဆဲလ်များပျက်စီးခြင်းမှ ကာကွယ်ပေးပြီး အရွယ်မတိုင်ခင်အိုမင်းရင့်ရော်မှုကို တားဆီးပေးခြင်း
✔️ သွေးလည်ပတ်စီးဆင်းမှုကို တိုးတက်ကောင်းမွန်စေခြင်း
✔️ နှလုံးရောဂါဖြစ်ပွားနိုင်ခြင်းကို လျော့နည်းစေခြင်း
✔️ ဆီးကျိတ်၊ အူမကြီးနှင့် အဆုတ်ကင်ဆာ အပါအဝင် ကင်ဆာရောဂါများကို ရင်ဆိုင်ကာကွယ်နိုင်ခြင်း
✔️ သိုင်းရွိုက်ရဲ့ လုပ်ငန်းဆောင်တာများကို ထိန်းညှိပေးခြင်း
✔️ ကျောက်ကပ်တို့ကို အားကောင်းစေခြင်း
✔️ အသည်းခြောက်ခြင်းမှ ကာကွယ်ပေးခြင်း
✔️ ပန်းနာရောဂါ လက္ခဏာများကို လျော့နည်းစေခြင်း
✔️ ဒါ့အပြင် လိင်မှုကိစ္စရေးရာကို အားဖြည့်ပေးပြီးအမျိုးသားများ မျိုးအောင်စေရန် ကူညီပေးသည့်အတွက် သားသမီးမထွန်ကားတဲ့ အမျိုးသားများ သောက်သုံးသင့်ပါတယ်။

🔰 𝐌𝐞𝐠𝐚 𝐏𝐥𝐚𝐧𝐞𝐭 မှ တင်သွင်းဖြန့်ဖြူးလျက်ရှိပြီး 𝐅𝐃𝐀 ထောက်ခံချက်ရရှိထားသည့် 𝐋𝐢𝐟𝐞 𝐄𝐱𝐭𝐞𝐧𝐬𝐢𝐨𝐧 အမှတ်တံဆိပ် 🔷 𝐒𝐮𝐩𝐞𝐫 𝐒𝐞𝐥𝐞𝐧𝐢𝐮𝐦 𝐂𝐨𝐦𝐩𝐥𝐞𝐱 ဖြည့်စွက်စာကို မှီဝဲလိုတယ်ဆိုရင်တော့ နီးစပ်ရာ 𝐏𝐡𝐚𝐫𝐦𝐚𝐜𝐲 တိုင်းမှာ ဝယ်ယူရရှိနိုင်ပါတယ်နော်။

**********************************************************************************
💙“နေ့စဥ်ဘဝမှာကျန်းမာဖို့ဖြည့်စွက်စာများမှီဝဲစို့”💙
အသေးစိတ်ဆက်သွယ်လိုပါက

💙“နေ့စဥ်ဘဝမှာကျန်းမာဖို့ ဖြည့်စွက်စာများမှီဝဲစို့”💙 USA နိုင်ငံထုတ်၊ FDA ထောက်ခံချက်ရဖြည့်စွက်စာများ

မတူတဲ့အကြောင်းတွေ ပြောပြမယ်ကိုနီဒင်းငုံဆေးတွေမှာ ပူရှိန်းအနည်းဆုံးအဝါ၊ အလယ်အလတ်အဆင့်အတွက်အစိမ်း၊ အပြင်းဆုံးအနီ ဆိုပြီး မ...
31/07/2025

မတူတဲ့အကြောင်းတွေ ပြောပြမယ်

ကိုနီဒင်းငုံဆေးတွေမှာ ပူရှိန်းအနည်းဆုံးအဝါ၊ အလယ်အလတ်အဆင့်အတွက်အစိမ်း၊ အပြင်းဆုံးအနီ ဆိုပြီး မတူတဲ့ အရောင်သုံးရောင် ရွေးချယ်လို့ရပါတယ်။

ကိုယ်နဲ့ အမှန်တကယ် အဆင်ပြေတဲ့ပူရှိန်းအဆင့်ကို ရွေးချယ်တဲ့အခါ ပိုပြီးထိရောက်လို့ ကိုနီဒင်းငုံဆေးတွေရဲ့ မတူညီတဲ့အရောင်တွေကို ကိုယ်တိုင်အသုံးပြုကြည့်နော်။

#ချောင်းဆိုးကင်းစင်ပြုံးပျော်ရွှင် #ငုံဆေး #ချောင်းဆိုးပျောက်ဆေး #ခံတွင်းနံ့ကင်းလည်ချောင်းရှင်း

Address

30st, Bet:80x81st, Chan Aye Tharzan Township
Mandalay

Telephone

+959444472874

Website

Alerts

Be the first to know and let us send you an email when Ye Wint War Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Ye Wint War Pharmacy:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram