Zi Wa Thit Sar Traditional Medicine

Zi Wa Thit Sar Traditional Medicine သန့်ရှင်းမှု စနစ်ကျမှုနှင့် အရည်အသွေးကောင်းမွန်မှုသည် ကျွန်တော်တို့အတွက် အဓိကပါ။

ဗိုက်အလွတ်နဲ့ ရေနွေး------------------------------အလွန်အမင်း အကျိုးများစေတဲ့ကိစ္စပါ ... ။လူကြီးမင်းများအားလုံး ကောင်းကျိ...
01/12/2025

ဗိုက်အလွတ်နဲ့ ရေနွေး
------------------------------
အလွန်အမင်း အကျိုးများစေတဲ့ကိစ္စပါ ... ။
လူကြီးမင်းများအားလုံး ကောင်းကျိုးတွေ ခံစားနိုင်ကြဖို့ အဓိက လိုရင်းကို ပြောပါ့မယ် ... ။

“မနက်အိပ်ရာ ထထခြင်း”

ဘာမှမစားသေးခင်(ဗိုက်ဟောင်းလောင်း)မှာ ရေနွေးဖြူ

(Warm Water)ကို ရေခွက်-၄-ခွက်သောက်ပါ။

စစခြင်းမှာ ၄.ခွက် သောက်နိူင်မှာ မဟုတ်လို့ ၁ခွက်လောက်က စသောက်ပြီး တိုးသောက်သွားပါ ။

ရေနွေးဖြူသောက်ပြီး-၄၅.မိနစ်ကြာမှ...အစာ စ စားပါ။

ဂျပန်က ဆရာဝန်အုပ်စု အတည်ပြုခဲ့တဲ့ ရေနွေးဖြူ ကုထုံးက အောက်ပါရောဂါများကို ကုစားနိင်ပါသည်။

၁။ ဆီးချိုရောဂါ

= ၃ဝ-ရက်အတွင်း

၂။ သွေးတိုးရောဂါ

= ၃၀-ရက်အတွင်း

၃။ အစာအိမ်ပြဿနာ

= ၁၀-ရက်အတွင်း

၄။ ကင်ဆာအမျိုးစုံ

= ၉-ရက်အတွင်း

၅။ သွေးပြန်ကြော ပိတ်ခြင်း

= ၆-လအတွင်း

၆။ အစားအသောက်ပျက်ခြင်း

= ၁ဝ-ရက်အတွင်း

၇။ သားအိမ်နဲ့စပ်ဆက်ရောဂါ

= ၁ဝ-ရက်အတွင်း

၈။ နား၊ နှာခေါင်း၊ လည်ပင်းပြဿနာ =၁ဝ-ရက်အတွင်း

နာမည်ကျော် နှလုံးအထူးကု က ပြောတယ် - ဒီစာကို ရတဲ့လူဟာ ရှေ့ဆက်ပြီး ပို့ပေးမယ်ဆိုရင် လူပေါင်းမြောက်များစွာအတွက် အန္တရာယ်ကင်းမှုနဲ့ အသက်ကယ်စရာအကြောင်း ဖြစ်လိမ့်မယ် တဲ့ ... ။

ရေနွေးနဲ့ကုသပုံကို လူကြီးမင်း ယုံမှာတောင်မဟုတ်ဘူး ... ။

ဂျပန်မှာ များပြားလှတဲ့ သမားတော်ကြီးတွေဟာ ရေနွေးနဲ့ ကုသခြင်းကြောင့် ၁၀၀% ရလဒ်ကောင်းတွေ ရတယ်လို့ တညီတညွတ်တည်း ဆိုကြပါတယ် ... ။

အဲ့ဒီ့ရလဒ်တွေထဲက တချို့ကို ပြောပါမယ် -

-: ခေါင်းကြီးကိုက်ရောဂါ (ပျို့အန်ခြင်း ၊ အမြင်ထိခိုက်ခြင်းများ ပူးတွဲပါရှိတဲ့ မကြာခဏခေါင်းကိုက်မှု) ၊

-: သွေးတိုးခြင်း ၊

-: သွေးအားနည်းခြင်း ၊

-: အဆစ်အလက်တွေ နာကြင်ခြင်း ၊

-: နှလုံးခုန်နှုန်းအရမ်းမြန်ခြင်း သို့မဟုတ် နှေးကွေးခြင်း ၊

-: ရုတ်တရက် လဲကျပြီး သတိလစ်သွားတတ်သော အာရုံကြောရောဂါ ၊ (ဝက်ရူးပြန်ရောဂါ) .

-: အဆီ ၊ ကိုလတ်စ်ထရောလ်ဓာတ် ၊

-: ချောင်း အပြင်းအထန် ဆိုးခြင်း ၊

-: စိတ်မငြိမ်ခြင်း ၊

-: လည်ချောင်းနာခြင်း ၊

-: ပန်းနာရောဂါ ၊

-: ချောင်းနက်ရောဂါ သို့မဟုတ် ကြက်ညှာချောင်းဆိုး ရောဂါ ၊

-: သွေးကြောများ ပိတ်ဆို့နေခြင်း ၊

-: ဆီးအိမ်နဲ့ ဆီးအိမ်ဆိုင်ရာ ရောဂါများအားလုံး ၊

-: အစာအိမ် အချဉ်ပေါက်ခြင်း ၊

-: အစာအိမ်နာရောဂါ ၊

-: ဆာလောင်မှု နည်းပါးခြင်း ၊

-: မျက်စိ ၊ နား ၊ နှာခေါင်း ၊ လည်ချောင်းနှင့်သက်ဆိုင်သော ရောဂါအားလုံး ပါဝင်သည် ... ။

ကုသနည်း
--------------
နေ့စဉ်မနက်စောစော ထပါ ... ပြီးရင် ဘာမှမစား ၊ မသောက်သေးပဲ 160cc အရွယ်အစားရှိ ဖန်ခွက် လေးခွက်ခန့်သောက်ပါ ... ရေဟာ ပူရမှာဖြစ်ပေမယ့် လျှာကျက်လောက်အောင် ပူခြင်းမျိုးမရှိရပါ ... ပူတယ်ဆိုရုံလောက်သာ ဖြစ်ရပါမယ် ... ။

ရှောင်ရှားရန်မှာ -

ရေသောက်ပြီး (၄၅) မိနစ်ထိအောင် ဘာတစ်ခုမှ စားခြင်း ၊ သောက်ခြင်း မရှိရပါ ... ဒါ့အပြင် အစား စားပြီးတိုင်း နှစ်နာရီတိုင်အောင် ရေလုံးဝ မသောက်ရပါ ... ။

အချို့သူတွေဟာ အစပိုင်းမှာ ဖန်ခွက် လေးခွက်မသောက်နိုင်ကြပါဘူး ... အဲ့ဒီ့အခါမှာ တဖြည်းဖြည်းချင်း လေးခွက်ထိရောက်အောင် လုပ်ရပါမယ် ... ။
ရေနဲ့ အမျိုးအမျိုးသော ရောဂါတွေကို ကုသခြင်းဟာ သတ်မှတ်ကာလတွေနဲ့ အတည်ဖြစ်ထားပါတယ် ... အဲ့ဒါတွေကတော့ -

-: သကြားဓာတ် - ရက် (၃၀) .

-: သွေးတိုး - ရက် (၃၀) .

-: အစာအိမ်နဲ့ပတ်သက်တဲ့ ရောဂါဟူသမျှ - (၁၀) ရက် .

-: ရှိသမျှ ကင်ဆာအမျိုးအစား အာလုံး - (၉) လ .

-: သွေးကြောပိတ်ခြင်း - (၆) လ .

-: စားချင်စိတ် နည်းပါးခြင်း - (၁၀) ရက် .
-: ဆီအိမ်နဲ့ ဆီးအိမ်ဆိုင်ရာ ရောဂါများ - (၁၀) ရက် .

-: နား ၊ နှာခေါင်း ၊ လည်ချောင်း - ရက် (၂၀) .

-: အမျိုးသမီးရောဂါများ - (၁၅) ရက် .

-: နှလုံးနဲ့ နှလုံးဆိုင်ရာ ရောဂါများ - ရက် (၃၀) .

-: ခေါင်းကြီးကိုက်ရောဂါ - (၃) ရက် .

-: သွေးအားနည်းခြင်း - ရက် (၃၀) .

-: အဆီ ၊ ကိုလတ်စ်ထရောလ် - (၄) လ .
-: ရုတ်တရက် လဲကျပြီး သတိလစ်တတ်တဲ့ အာရုံကြောရောဂါနဲ့ သွက်ချာပါဒရောဂါများဟာ (၉) လ ဆက်တိုက်သောက်ရင် ပျောက်ကြောင်း အာမခံချက်ရှိထားပါတယ် ... ။

-: ပန်းနာ ၊ အသက်ရှူကြပ်ရောဂါများ - (၄) လ .

ရှေးဟောင်း ဆေးပညာတွင်လည်း မနက်စာ မစားခင် ရေနွေးသောက်ခြင်းဟာ အကျိုးများစွာ ဖြစ်ထွန်းစေကြောင်း ဖော်ပြထားပြီး အလွန်ပဲ အလေးအနက်ပြုထားပါတယ် ... ။

လက်တွေ့စမ်းသပ်ကြည့်ပါ ... ။

*ရေအေး ဆိုရင်တော့*
===============

ရေအေးဟာ လူကြီးမင်းကို နုပျိုတုန်းမှာ ရောဂါမဖြစ်စေဘူးဆိုရင်တောင် နုပျိုမှုကုန်ဆုံးပြီးတဲ့နောက်မှာ အဆိုးဝါးဆုံး ရောဂါသည်ကြီး ဖြစ်စေလိမ့်မယ် တဲ့ ... ။

ရေအေးဟာ နှလုံးရဲ့သွေးကြော (၄) ခုကို ပူးသွားစေတယ် ... နှလုံးရဲ့သွေးကြောမကြီးကိုလည်း ပိတ်သွားစေတယ် ... နှလုံးရောဂါဖြစ်ဖို့ အကြောင်းခံဖြစ်တတ်တယ် ... ။

အများအားဖြင့် နုပျိုတုန်းမှာ နှလုံးရောဂါဖြစ်ရတာဟာ အအေးများ သောက်ခြင်းကြောင့်ပါ ... ။

ရေအေးဟာ အသည်းကို ပျက်စီးစေတဲ့ အကြောင်းခံဖြစ်တယ် ... အဆီတွေဟာ ရေအေးကြောင့် စုပြီး ခဲသွားတတ်တယ် ... ။

စိတ်တော့မရှိပါနဲ့ ... အသည်းအစားထိုးကုသဖို့ စောင့်မျှော်နေသူတွေရဲ့ မူလအကြောင်းရင်းဟာ ဒီရေအေးပါပဲ ... ။
# # # အမှန်က ရေအေးဟာ အစာအိမ်အတွင်းပိုင်းက အကာအရံတွေကို ထိခိုက်စေပြီး သကြားဓာတ်ကို ဖြစ်ပေါ်စေတယ် ... ။

ရေအေးဟာ အစာအိမ်နဲ့ အူမကြီးကို အန္တရာယ်ဖြစ်စေပြီး ကင်ဆာရောဂါရဲ့အကြောင်းခံဖြစ်တတ်တယ် ... ။

လူအားလုံးကို ပြောပြပါ ...
မျှဝေပေးပါ။
Crd

#ရေနွေး

သင်သိပါရဲ့လား ? ————————-တစ်မိနစ်လောက် ဒေါသထွက်နေရုံနဲ့ ၄-၅ နာရီလောက် ခုခံအားစနစ် အားနည်းသွားနိုင်ပါတယ်။တစ်မိနစ်လောက် ရယ...
17/11/2025

သင်သိပါရဲ့လား ?
————————-
တစ်မိနစ်လောက် ဒေါသထွက်နေရုံနဲ့ ၄-၅ နာရီလောက် ခုခံအားစနစ် အားနည်းသွားနိုင်ပါတယ်။

တစ်မိနစ်လောက် ရယ်မောနေရုံနဲ့ ၂၄ နာရီကြာအောင် ခုခံအားစနစ် မြင့်တက်နိုင်ပါတယ် ။
Credit;

ကလေးကို_ကြာရှည်ခံအစားအစာတွေနဲ့_အချိုရည်တွေကို အစပြုပြီး_လုံး၀ကျွေးကိုမကျွေးသင့်ဘူးဒေါက်တာမြမြချယ် (ကလေးအထူးကုဆရာဝန်ကြီး)...
16/11/2025

ကလေးကို_ကြာရှည်ခံအစားအစာတွေနဲ့_အချိုရည်တွေကို အစပြုပြီး_လုံး၀ကျွေးကိုမကျွေးသင့်ဘူး

ဒေါက်တာမြမြချယ် (ကလေးအထူးကုဆရာဝန်ကြီး)

📚 📚 📚

Q. ကလေးတွေ ငယ်စဉ်ကတည်းက ကျွေးကိုမကျွေးသင့်တဲ့ အစားအသောက်တွေကို ပြောပြပါဦးဆရာမ။

A. တချို့မိဘတွေက ကလေးတွေကို အလိုလိုက်ပြီးတော့ ငယ်ငယ်ကတည်းက သရေစာကျွေးတဲ့အကျင့်ရှိတယ်။ အဲဒီလို အကျင့်မလုပ်သင့်ဘူး။ အချိုကဲလွန်းတဲ့ အစားအသောက်တွေ၊ အဆီအအိမ့်၊ အငန်များလွန်းတဲ့ အစားအသောက်တွေကို အစလုပ်ပြီး မကျွေးသင့်ဘူး။ ကလေးအသက် တစ်နှစ်၊ နှစ်နှစ်အောက်ဆိုရင် ဆားတောင်မှ မထည့်ဘဲနဲ့ ကျွေးသင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကလေးရဲ့ နုနယ်တဲ့ကျောက်ကပ်အတွက် ဒဏ်မပိအောင်လို့ပဲ။ တချို့မိဘတွေဟာ ကလေးငယ်ငယ်ကတည်းက ထမင်းကို ဆားလေးဖြူးပြီးကျွေးတဲ့အကျင့်ရှိတယ်။ နယ်ဘက်တွေမှာ အဲဒီလိုမျိုး လုပ်တတ်ကြတယ်။ ဆီတောင်မပါဘူး။ ဆားနဲ့ထမင်းနဲ့ ဝါးကျွေးကြတာ။ အဲဒါက ကောင်းတဲ့အကျင့် မဟုတ်ဘူး။

♦️ လက်ဖက်ရည်၊ ကော်ဖီ၊ အချိုရည်၊ လေဖောင်းထုတ်၊ အမြန်စာ၊ ကြာရှည်ခံအောင်လုပ်ထားတဲ့ စားစရာတွေကို ကလေးတွေကို လုံးဝမကျွေးသင့်ဘူး။ ပူပူနွေးနွေးလုပ်ထားတဲ့ မြန်မာမုန့်လေးတွေကိုတော့ နည်းနည်းကျွေးချင်ကျွေးပါ။ အသီးအနှံ၊ အသီးအရွက်နဲ့ လတ်လတ်ဆတ်ဆတ် ပြုလုပ်ထားတဲ့၊ အာဟာရပြည့်ဝတဲ့ မြန်မာမုန့်မျိုးစုံတွေကိုသာ ရွေးချယ်ပြီးတော့ အသင့်အတင့်သာ ကျွေးသင့်တယ်။

♦️ သရေစာကို နည်းနည်းပဲ ကျွေးရမယ်။ အချိန်ပြည့် သရေစာချည်းပဲ ကျွေးရမှာမဟုတ်ဘူး။ ထမင်းစားချိန်တန်ရင် ထမင်းနဲ့ဟင်းပဲ ကျွေးရမယ်။ နေ့လယ်နေ့ခင်းမှာ အဆာပြေအဖြစ် သရေစာလေး နည်းနည်းပါးပါး ကျွေးမယ်။ အဲဒီလိုကျွေးတဲ့အခါမှာ ကလေးကို ကြာရှည်ခံအစားအစာတွေနဲ့ အချိုရည်တွေကို အစပြုပြီး လုံး၀ကျွေးကိုမကျွေးသင့်ဘူး။ ကလေးက အချိုရည်နဲ့ သရေစာတွေ အစားများလို့ရှိရင် အချိုကြိုက်ပြီး အချိုပဲ စားချင်နေတာမျိုး ဖြစ်လာစေတယ်။ ထမင်းဟင်းကို သိပ်မစားတော့ဘူး။ သရေစာကိုပဲ မက်နေတော့တယ်။ အဲဒီလိုမက်နေပြီဆိုရင် မိဘတွေအနေနဲ့ ငွေကုန်ကြေးကျလည်းများတယ်။ ကလေးက ထမင်းဟင်းမစားတဲ့အတွက်ကြောင့် ကိုယ်ခံအားကျပြီး ခဏခဏဖျားနာတာတွေဖြစ်မယ်။ ကြီးထွားကြံ့ခိုင်ခြင်းကိုလည်း ထိခိုက်နိုင်တယ်။ အဲဒီတော့ အချိုရည်ဘူးတွေ၊ မုန့်အချိုတွေ၊ လက်ဖက်ရည်၊ ကော်ဖီတွေကို ငယ်ငယ်ကတည်းက အစပြုပြီး မကျွေးတာကောင်းတယ်။

Q. ဒီနေ့ခေတ်ကလေးတွေအများစု ကြိုက်ကြတဲ့ ခေတ်ပေါ်မုန့်ပဲသရေစာတွေနဲ့ ရယ်ဒီမိတ်အစားအသောက်တွေက ကျန်းမာရေးနဲ့ မညီညွတ်ဘူးလားဆရာမ။

A. ခေတ်ပေါ်သရေစာတွေ၊ အချိုရည်တွေ၊ အမြန်စာတွေက ကျန်းမာရေးနဲ့ လုံးဝမညီညွတ်ဘူး။ အဲဒါတွေကို ကလေးရော၊ လူကြီးရော စားကိုမစားသင့်ဘူး။ သရက်သီးဖျော်ရည်၊ လိမ္မော််သီးဖျော်ရည် စသဖြင့် နာမည်တွေသာ တပ်ထားကြတာ၊ တကယ်တမ်းတော့ အဲဒီအသီးအစစ်အရသာတွေမဟုတ်ဘဲ၊ အဲဒီအသီးတွေကိုသုံးပြီးတော့ လုပ်ထားတာမဟုတ်ဘဲ အဲဒီအသီးအရသာနဲ့ ခွဲမရအောင်တူတဲ့ အရသာအတုတွေ၊ အနံ့အတုတွေ၊ အရောင်အဆင်းအတုတွေ စသဖြင့် ဓာတုပစ္စည်းတွေ သုံးထားတာဖြစ်တဲ့အတွက်ကြောင့် အဲဒီအချိုရည်တွေကို လုံးဝမသောက်သင့်ဘူး။ အဲဒါတွေကို သောက်လို့ရှိရင် ငယ်ငယ်ရွယ်ရွယ်နဲ့ ရောဂါဘယထူပြောမှာ သေချာတယ်။ အားဖြည့်အချိုရည်ဆိုပြီး ခေါ်နေကြတဲ့ ကဖင်းနဲ့ သကြားအတုတွေအများကြီးပါတဲ့ Energy Drink တွေကို သောက်နေကြတယ်။ အဲဒါတွေကိုသောက်ရင် နှလုံးကို ထိခိုက်စေတယ်၊ ကြီးထွားမှုကို ထိခိုက်စေတယ်။

♦️ ခေတ်ပေါ်သရေစာတွေမှာဆိုရင် ကြာရှည်ခံဆေးတွေလည်း သုံးထားတယ်၊ ဖြည့်စွက်အရသာတွေလည်း ပါတယ်၊ သကြားအတုတွေလည်း ပါတယ်။ ဒါကြောင့် ခေတ်ပေါ်သရေစာတွေဟာ ကျန်းမာရေးကို ထိခိုက်စေတယ်။ ကလေးတွေက ငယ်ငယ်ကတည်းက စစားရင် တစ်သက်လုံးစားကျင့်ရှိသွားပြီး စွဲသွားတော့မှာလေ။ အဲဒီတော့ စားတဲ့ပမာဏများလေလေ၊ စားတဲ့အချိန်ကာလကြာလေလေ ရောဂါဘယထူပြောလေလေ ဖြစ်တယ်။ ဒါကြောင့် ခေတ်ပေါ်သရေစာ၊ အမြန်စာတွေကို လုံးဝမကျွေးသင့်ဘူး။ ကလေးက စားချင်လွန်းလို့ တောင်းတယ်ဆိုရင်တောင်မှ ဆယ်ခါမှာ တစ်ခါလောက် နည်းနည်းလေးပဲ ကျွေးသင့်တယ်။ အဲဒါတောင်မှ မိဘက သင့်လျော်မယ်ထင်တဲ့ဟာတွေကိုပဲ ရွေးချယ်ပြီး ကျွေးသင့်တယ်။

❝ ကလေးကို ကြာရှည်ခံအစားအစာတွေနဲ့ အချိုရည်တွေကို အစပြုပြီး လုံး၀ကျွေးကိုမကျွေးသင့်ဘူးဆိုတဲ့ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာမြမြချယ် ❞ အင်တာဗျူးဆောင်းပါးမှ ကောက်နုတ်ဖော်ပြပါသည်။

04/11/2025
14/07/2025

ဗီတာမင် B ချို့တဲ့ခြင်း၏ လက္ခဏာများနှင့် ကာကွယ် ကုသနည်းများ
================================

ဗီတာမင် B သည် ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်များ၊ အာရုံကြောစနစ်နှင့် သွေးနီဥထုတ်လုပ်မှုအတွက် အရေးပါသော အာဟာရဓာတ်အုပ်စုဖြစ်ပါသည်။

ဗီတာမင် B ချို့တဲ့ပါက ကျန်းမာရေးပြဿနာများစွာ ဖြစ်ပေါ်နိုင်သောကြောင့် နေ့စဉ် စားသုံးမှုပုံစံနှင့် နေထိုင်မှု အလေ့အထများကို ဂရုပြုရန် လိုအပ်ပါသည်။

ဗီတာမင် B များတွင် ပါဝင်သော အဓိကအမျိုးအစားများ
===============================

B1 (Thiamine)

B2 (Riboflavin)

B3 (Niacin)

B5 (Pantothenic Acid)

B6 (Pyridoxine)

B7 (Biotin)

B9 (Folate/Folic Acid)

B12 (Cobalamin)

ဗီတာမင် B ချို့တဲ့ခြင်း၏ လက္ခဏာများ
===============================

1. ဗီတာမင် B1 (Thiamine) ချို့တဲ့ခြင်း

Beriberi ရောဂါ ဖြစ်တတ်ပါတယ်။ လက္ခဏာတွေက
- အားနည်းခြင်း၊ မောပန်းလွယ်ခြင်း
- စိတ်ရှုပ်ထွေးခြင်း
- ခြေလက်များထုံကျဉ်ခြင်း
- နှလုံးခုန်မမှန်ခြင်း

2. ဗီတာမင် B2 (Riboflavin) ချို့တဲ့ခြင်း

- နှုတ်ခမ်းကွဲခြင်း
- လျှာနာခြင်း
- မျက်စိအလင်းရောင်ဒဏ်မခံနိုင်ခြင်း
- အရေပြားခြောက်သွေ့ခြင်း

3. ဗီတာမင် B3 (Niacin) ချို့တဲ့ခြင်း

Pellagra ရောဂါ ဖြစ်နိုင်ပါတယ်။ လက္ခဏာတွေက
- အရေပြားနီရဲယားယံခြင်း
- ဝမ်းပျက်ဝမ်းလျှောခြင်း
- စိတ်ရောဂါလက္ခဏာများ

4. ဗီတာမင် B6 ချို့တဲ့ခြင်း

- သွေးအားနည်းခြင်း
- စိတ်ဓာတ်ကျခြင်း
- ပါးစပ်နှင့်နှုတ်ခမ်းကွဲခြင်း
- ကိုယ်ခံအားကျဆင်းခြင်း

5. ဗီတာမင် B9 (Folate) ချို့တဲ့ခြင်း

- မောပန်းလွယ်ခြင်း
- ဆံပင်ဖြူစောခြင်း
- ဝမ်းဗိုက်အောင့်ခြင်း
- ကိုယ်ဝန်ဆောင်စဉ်ပြဿနာများ (ဥပမာ-ကိုယ်ဝန်ဆိပ်တက်ခြင်း၊ ကလေး အသေမွေးဖွားနိုင်ခြင်း)

6. ဗီတာမင် B12 ချို့တဲ့ခြင်း

- အားနည်းခြင်း၊ မောပန်းခြင်း
- ခြေလက်များထုံကျဉ်ခြင်း
- မှတ်ဉာဏ်ချို့ယွင်းခြင်း
- စိတ်ဓာတ်ကျခြင်း

ဗီတာမင် B ချို့တဲ့ခြင်းကို ဖြစ်စေသော အကြောင်းရင်းများ
=============================

၁။ အာဟာရချို့တဲ့သော အစားအစာများ စားသုံးခြင်း

- ဗီတာမင် B ကြွယ်ဝသော အစားအစာများ (ဥပမာ - အသည်း၊ ဥ၊ နို့ထွက်ပစ္စည်းများ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ) ကို လုံလောက်စွာ မစားသုံးပါက ချို့တဲ့နိုင်သည်။

၂။ အရက်အလွန်အကျွံသောက်သုံးခြင်း

- အရက်သည် ဗီတာမင် B1၊ B6၊ B9 နှင့် B12 တို့၏ စုပ်ယူမှုကို ဟန့်တားနိုင်သည်။

၃။ အစာအိမ်နှင့် အူလမ်းကြောင်းရောဂါများ

- Celiac ရောဂါ၊ Crohn's ရောဂါနှင့် အစာအိမ်ခွဲစိတ်ထားသူများတွင် ဗီတာမင် B12 စုပ်ယူမှု ကျဆင်းနိုင်သည်။

၄။ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ

- ကိုယ်ဝန်ဆောင်စဉ်နှင့် နို့တိုက်နေစဉ်တွင် ဗီတာမင် B (အထူးသဖြင့် ဖောလစ်အက်စစ်) အလွန်လိုအပ်သည်။

၅။ သက်သတ်လွတ်စားသူများ

- ဗီတာမင် B12 သည် အဓိကအားဖြင့် တိရစ္ဆာန်ထွက်ပစ္စည်းများတွင်သာ ပါဝင်သောကြောင့် သက်သတ်လွတ်စားသူများတွင် ချို့တဲ့နိုင်သည်။

ဗီတာမင် B ချို့တဲ့ခြင်းကို ကာကွယ်နည်းများနှင့် ကုသနည်းများ
======================================

၁။ ဗီတာမင် B ကြွယ်ဝသော အစားအစာများ စားသုံးပါ
- B1 - ဆန်၊ ဂျုံ၊ ဝက်သား၊ ပဲအမျိုးမျိုး
- B2 - နို့၊ ဥ၊ ဟင်းနုနွယ်
- B3 - ကွကျသား၊ ငါး၊ မြေပဲ
- B6 - ငှက်ပျောသီး၊ အာလူး၊ ကြက်သား
- B9 - ဟင်းနုနွယ်၊ ပန်းဂေါ်ဖီ၊ ပဲ
- B12 - အသည်း၊ ငါး၊ ဥ၊ နို့ထွက်ပစ္စည်း

၂။ ဖြည့်စွက်အာဟာရများ သောက်သုံးပါ

- ဗီတာမင် B-complex အားဆေးများကို ဆရာဝန်ညွှန်ကြားချက်ဖြင့် သောက်သုံးနိုင်ပါသည်။

- B12 ချို့တဲ့သူများအတွက် ထိုးဆေးဖြင့် ကုသနိုင်ပါသည်။

၃။ အရက်နှင့် ဆေးလိပ်သောက်သုံးမှု လျှော့ချပါ

- အရက်နှင့် ဆေးလိပ်သည် ဗီတာမင် B စုပ်ယူမှုကို ထိခိုက်စေနိုင်သည်။

၄။ ဆရာဝန်နှင့် ပြသပါ

- ဗီတာမင် B ချို့တဲ့သည့် လက္ခဏာများ (ဥပမာ - အားနည်းခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း) ရှိပါက ဆရာဝန်နှင့် တိုင်ပင်ပါ။

သတိပြုရမည့်အချက်များ

- ဗီတာမင် B သည် ရေတွင် ပျော်ဝင်သောကြောင့် ခန္ဓာကိုယ်တွင် သိုလှောင်ထားနိုင်ခြင်း မရှိပါ။ နေ့စဉ် လုံလောက်စွာ စားသုံးရန် လိုအပ်သည်။

- ဗီတာမင် B အလွန်အကျွံစားသုံးပါက ဆိုးကျိုးများ ဖြစ်ပေါ်နိုင်သော်လည်း ဖြစ်ခဲပါသည်။

အားလုံး ဗီတာမင် B ချို့တဲ့ခြင်းမှ ကင်းဝေးကြပါစေ။

ဤကဲ့သို့ ကျန်းမာရေးပညာပေး အကြောင်းအရာများကို ဆက်လက်ဖတ်ရှုနိုင်ရန် စွမ်းအားသစ် - New Power. လေးကို Like & Follow လုပ်ထားပေးဖို့ ဖိတ်ခေါ်အပ်ပါတယ်။

လေးစားစွာဖြင့်...
စွမ်းအားသစ် - New Power

✔ ဖတ်၍ အသိပညာ တစ်စုံတစ်ရာ ရရှိခဲ့ပါက၊ မိမိရဲ့ မိတ်ဆွေများ၊ သူငယ်ချင်းများအား မျှဝေပေးနိုင်ပါတယ်။
❗ တဆင့် Copy, Paste လုပ်၍ ပြန်လည်ဖော်ပြခြင်းကို လုံးဝ ခွင့်မပြုပါ။


#ဗီတာမင်B #ကျန်းမာရေး
#အာဟာရချို့တဲ့ခြင်း

👉 အာရုံကြောနဲ့ပတ်သက်တဲ့ရောဂါတွေခံစားနေရပြီဆိုရင် မြင်းခွာရွက်ပါဝင်တဲ့ ဇီ၀သစ္စာအာရုံကြောအားဆေးကို သုံးစွဲနိုင်ပါတယ်။🌼 လေဖ...
29/06/2025

👉 အာရုံကြောနဲ့ပတ်သက်တဲ့ရောဂါတွေခံစားနေရပြီဆိုရင် မြင်းခွာရွက်ပါဝင်တဲ့ ဇီ၀သစ္စာအာရုံကြောအားဆေးကို သုံးစွဲနိုင်ပါတယ်။

🌼 လေဖြတ်လေငန်း၊ ဒူးနာခါးနာ နဲ့ တင်ပါးခွက်ကိုက်ပြီး ခြေထောက်အောက်ပိုင်းတွေ ထုံကျဉ်ကိုက်ခဲနေတာ

🌼 အာရုံ‌ကြောအားနည်းပြီး ခြေလက်ကျဉ်နေတာ၊

🌼 လည်ဆစ်ရိုးကျီးပေါင်းဖြစ်ပြီး မူး‌‌ဝေနေတာ၊
နောက်ကျောတက်နေတာ၊

🌼 မျက်နှာတခြမ်းလေဖြတ်ပြီး ပါးရွဲ့၊ လျာလိတ်ပြီး စကားပြောခက်နေတာ၊

🌼 မနက်အိပ်ယာထတွေမှာ ကိုယ်လက်လေးလံပြီး မလန်းဆန်းတာ၊ ခြေဆစ်လက်ဆစ်ကလေးများတင်းပြီးနာနေတတ်တာ၊

🌼 ခြေလက်တုန်ပြီး ပစ္စည်းကိုင်မမြဲတာ၊ ခန္ဓာကိုယ်ပူလိုက်အေးလိုက်ဖြစ်တာ၊ အ‌ကြောတက်ညောင်းညာကိုက်ခဲတတ်တာ၊

🌼 ဖုန်းကွန်ပျူတာအကြည့်များပြီး မျက်ရိုးကိုက်တာ၊ မျက်ရည်ပူကျတာ၊

🌼 စိတ်မကြည်လင်ခြင်းနှင့် မှတ်ဉာဏ်အားနည်းနေတာ စတဲ့ လက္ခဏာတွေဟာ အကြမ်းဖျင်းအားဖြင့် အာရုံကြောအားနည်းနေတဲ့လက္ခဏာတွေမို့ ဇီဝသစ္စာအာရုံကြောအားဆေးကို သုံးစွဲနိုင်ပါတယ်။

👉 ဇီဝသစ္စာအာရုံကြောအားဆေးသည် ရှေးသမားတော်ကြီးများ သမားအစဉ်အဆက် အသုံးပြုခဲ့ကြသောဆေးနည်းကိုအခြေခံပြီး အာရုံကြောရောဂါများအတွက် အထူးကောင်းမွန်စေသော မြင်းခွါရွက်ဖြင့်ထပ်မံပေါင်းစပ်ကာ အထူးဖော်စပ်ထားသော တိုင်းရင်းဆေးစွမ်းကောင်တစ်လက်ဖြစ်ပါတယ်။

စီမံဖော်စပ်သော ဆရာကိုယ်တိုင် အာရုံကြောရောဂါခံစားနေရသော ဝေဒနာရှင်များအား လက်တွေ့တိုက်ကျွေးကုသပြီး သက်သာပျောက်ကင်းစေသည့်ဆေးဖြစ်ပြီး ဓာတုပစ္စည်းများ လုံးဝ(လုံးဝ) မပါဝင်ဘဲ သဘာဝအပင်ထွက်ဆေးပစ္စည်းတို့ဖြင့်သာ ဖော်စပ်ထားပါသဖြင့် ဆေးညွှန်းအတိုင်း ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်တယ်။

👉🛑ဆေးကို ပုံမှန်စွဲသောက်ဖို့လိုပါတယ်🛑

🌟ဆေးတစ်ဘူးတွင်ပါဝင်သော ဆေးပမာဏ🌟
🔹၂၀၀မီလီဂရမ်ခန့်ဆေးလုံး (၂၅၀) ပါဝင်ပါသည်🔹

⭐ဆေးတစ်ဘူး ရောင်းဈေး = ၅၀၀၀ ကျပ်⭐

🔷🔷ကိုယ်စားလှယ်ယူပြီး အကျိုးတူပြုလုပ်လိုသူများ ပင်ရင်းဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါတယ်🔷🔷

ပင်ရင်း🏠 ဇီဝသစ္စာတိုင်းရင်းဆေး၊ ၈၆လမ်း၄၂×၄၅ကြား၊ ရှုခင်းသာ၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့
📱09250343578 (Kpay, Wave pay,Viber)
📱09402531970 (Kpay, Viber)

ဆေးရရှိနိုင်သောနေရာများ👇👇
https://www.facebook.com/share/p/W9t1w4hwRzLxREkB/?mibextid=oFDknk

#ဇီဝသစ္စာ
#အာရုံကြောအားဆေး
#မြင်းခွာရွက်

အိမ်မှာနေတုန်း နေ့ခင်း တစ်ရေးအိပ်ပါ။နေ့ခင်းဘက် အိပ်စက်ဖူးလား။ ကျွန်တော်ကတော့ အခုတလော နေ့ခင်းဆို တစ်ရေးလောက် မှေးဖြစ်တယ်။...
08/06/2025

အိမ်မှာနေတုန်း နေ့ခင်း တစ်ရေးအိပ်ပါ။

နေ့ခင်းဘက် အိပ်စက်ဖူးလား။ ကျွန်တော်ကတော့ အခုတလော နေ့ခင်းဆို တစ်ရေးလောက် မှေးဖြစ်တယ်။ ဘာလို့လဲဆိုတော့ နေ့ခင်းဘက် အိပ်စက်ခြင်းက ကျွန်တော်တို့အတွက် အရေးပါတဲ့ အကျိုးကျေးဇူး ၅ မျိုးကို ပေးစွမ်းနိုင်လို့ ဖြစ်ပါတယ်။
_____________________________________

1. အသားအရေပျက်စီးမှုကို ကာကွယ်ပေးပါတယ်။

နေ့ခင်းအိပ်စက်ပေးတာဟာ ကောင်းမွန်နေတဲ့ skin cell တွေကို ကာကွယ်ပေးပြီး ပျက်စီးနေတဲ့ skin cell တွေကိုတော့ အလျင်အမြန်ဖယ်ရှားပေးပါတယ်။ မျက်ကွင်းညိုတာနဲ့ အမည်းစက်တွေကိုလည်း လျော့ချပေးပါတယ်။ နေ့ခင်းတစ်ရေးအိပ်တဲ့သူရဲ့ အသားအရေဟာ သိသိသာသာ ကြည်လင်ကောင်းမွန်ပါတယ်။
_____________________________________

2. မှတ်ဉာဏ်ကောင်းစေတယ်။

နေ့ခင်းအိပ်စက်တတ်တဲ့အခါ သတိမှတ်ဉာဏ်ကောင်းလာပါတယ်။ ကျောင်းသားအရွယ်မှာ နေ့ခင်းတစ်ရေးအိပ်တတ်တဲ့သူတွေဟာ ပုံမှန်ထက် သင်ယူတတ်မြောက်လွယ်ပါတယ်။ တီထွင်ကြံဆမှု အားကောင်းလာပါတယ်။ ပြီးတော့ မေ့တာတွေ နည်းသွားမယ်။ မှတ်မိလွယ်လာမယ်။
_____________________________________

3. စိတ်ညစ်စရာတွေကို ဖြေဖျောက်ပေးတယ်။

ဝမ်းနည်းစရာတွေ၊ စိတ်ပင်ပန်းစရာတွေရှိနေမယ်ဆိုရင် နေ့ခင်းတစ်ရေးလောက် အိပ်ကြည့်ပါ။ စိတ်ညစ်စရာတွေ အနည်းငယ်တော့ ပြေပျောက်သွားပါလိမ့်မယ်။ စိတ်ကြည်လင်လာပြီး ရှေ့ဆက်ဖို့ အတွေးအမြင်ကောင်းတွေ ရရှိလာပါလိမ့်မယ်။

ကျွန်တော် အသည်းကွဲတုန်းကလည်း နေ့ခင်းအိပ်ဖြစ်တယ်။ တကယ်ကို စိတ်ညစ်စရာတွေက သိသိသာသာ လျော့နည်းသွားတယ်။ ရှေ့ဆက်ဖို့ အတွေးကောင်းတွေလည်းရလာတယ်။ ဒါကြောင့် စိတ်ဖိစီးစရာ၊ စိတ်ညစ်စရာအတွေးတွေရှိရင် နေ့ခင်းမှာ တစ်ရေးအိပ်လိုက်ပါ။
_____________________________________

4. အမြဲ တက်ကြွလန်းဆန်းစေတယ်။

နေ့ခင်းအိပ်စက်ပေးတာဟာ လူတစ်ယောက်ရဲ့ လန်းဆန်းတက်ကြွမှုကို မြှင့်တင်ပေးပါတယ်။ စိတ်သွားတိုင်းကိုယ်ပါပြီး ဘာပဲလုပ်လုပ် မပင်ပန်းဘဲ တက်တက်ကြွကြွ လုပ်ဆောင်နိုင်ပါတယ်။
_____________________________________

5. နှလုံးရောဂါဖြစ်နိုင်ချေ နည်းသွားတယ်‌။

နေ့ခင်းအိပ်စက်တာက အသံတိတ်လူသတ်သမားလို့တင်စားတဲ့ နှလုံးရောဂါဖြစ်ပွားနိုင်ချေကို ၅၀% အထိ လျော့ချပေးနိုင်ပါတယ်။ နေ့ခင်း ပုံမှန်အိပ်စက်တဲ့သူက ကျန်းမာတဲ့နှလုံးကို ပိုင်ဆိုင်နိုင်တဲ့အပြင် သွေးတိုးခြင်းနဲ့ လေဖြတ်ခြင်းတို့ ဖြစ်ပွားနိုင်ချေကိုလည်း နည်းပါးသွားစေပါတယ်။
_____________________________________

နေ့ခင်းအိပ်စက်တာက ကောင်းကျိုးတွေရှိပေမယ့် အိပ်ပုံအိပ်နည်းမှားနေမယ်ဆိုရင်တော့ ဆိုးကျိုးတွေ ပိုဖြစ်နိုင်ပါတယ်။ သွေးဖိအားတက်တာ၊ စိတ်မကြည်လင်တော့တာ၊ ထိုင်းမှိုင်းတာ၊ မေ့လျော့တာနဲ့ ဖန်တီးနိုင်စွမ်းအားနည်းတာတွေ ဖြစ်လာမှာပါ။

ဒါကြောင့် နေ့ခင်းအိပ်မယ်ဆို ဒီအချက် ၂ ချက်ကို သတိထားပေးပါ။

- နေ့လည် ၁ နာရီကနေ ၃ နာရီအတွင်း အိပ်ပါ။ နေ့ခင်းအိပ်ပြီး ညနေ ၄ နာရီနောက်ပိုင်းမှ ထလာမယ်ဆိုရင် စိတ်မကြည်မလင်ဖြစ်တတ်ပါတယ်။ ညဘက်လည်း အိပ်ပျော်တော့မှာမဟုတ်ပါဘူး။

- နေ့ခင်းအိပ်တဲ့ ကြာချိန်ဟာ မိနစ် ၃၀ ဆို လုံလောက်ပါပြီ။ အများဆုံး မိနစ် ၇၀ အထိ အိပ်စက်နိုင်ပါတယ်။ ပိုသွားရင်တော့ အကျိုးမရှိတော့ဘဲ ညဘက် အိပ်စက်မှုကိုပါ ထိခိုက်လာနိုင်ပါတယ်။

နေ့ခင်းဘက်မှာ မှန်ကန်စွာ အိပ်စက်ပြီး ကောင်းကျိုးတွေ ရရှိနိုင်ပါစေ။

ကုန်ကြမ်းနဲ့ အထွေထွေစရိတ်ကြီးမြင့်မှုကြောင့်အာရုံကြောအားဆေးလေး စျေးတက်ပါတယ်ဗျသုံးစွဲသူ customer များ ကျေးဇူးတင်ပါတယ်ခင်ဗ...
01/06/2025

ကုန်ကြမ်းနဲ့ အထွေထွေစရိတ်ကြီးမြင့်မှုကြောင့်

အာရုံကြောအားဆေးလေး စျေးတက်ပါတယ်ဗျ

သုံးစွဲသူ customer များ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

[1-6-2025 ဆေးတစ်ဘူး ၅၀၀၀ ကျပ်]

ကင်ဆာကို ကာကွယ်နိုင်ကြောင်း အတည်ပြုထားသည့် နည်းလမ်းများသိပ္ပံပညာရှင်တွေက ကင်ဆာအများစုကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကို မ...
03/03/2025

ကင်ဆာကို ကာကွယ်နိုင်ကြောင်း အတည်ပြုထားသည့် နည်းလမ်းများ

သိပ္ပံပညာရှင်တွေက ကင်ဆာအများစုကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကို မကြာခင်ကမှ ကြေညာလိုက်ပါတယ်။ ကိုယ်အလေးချိန်ကို ထိန်းသိမ်းတာ၊ လေ့ကျင့်ခန်းလုပ်တာနဲ့ ဆေးလိပ်မသောက်တာတွေဟာ ကင်ဆာကို ကာကွယ်ဖို့ အဓိက သော့ချက်တွေဖြစ်ပြီး အောက်ပါတွေကို ပြုလုပ်တာကြောင့်လည်း ကင်ဆာဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချနိုင်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ်။

၁။ ရောင်ရမ်းမှုတွေ မရှိအောင် ရေသောက်ပါ

စိတ်ဖိစီးမှုတွေ တစ်ချိန်လုံး ဖြစ်နေတာကြောင့် ခန္ဓာကိုယ်မှ ကင်ဆာဖြစ်စေနိုင်တဲ့ ရောင်ရမ်းမှု ထုတ်လုပ်မှု ၅၅ ရာခိုင်နှုန်းထိ မြင့်တက်လာနိုင်ပါတယ်။ နေ့စဉ် ရေရှစ်ခွက်လောက် သောက်ပေးရင် ရောင်ရမ်းမှုကို ဖြေရှင်းနိုင်ပါတယ်။ ရေဟာ ရောင်ရမ်းမှုဖြစ်စေတဲ့ ဒြပ်ပေါင်းတွေကို (သူတို့က ခန္ဓာကိုယ်ရဲ့ဆဲလ်တွေကို ဖျက်ဆီးမှု မပြုလုပ်နိုင်ခင်မှာပဲ) ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင် ဟာချီဆင် ကင်ဆာသုတေသန ဌာနမှ လေ့လာမှုအရ ရေဓာတ်ပြည့်ဝနေတာကြောင့် အူမကြီးကင်ဆာ၊ သားမြတ်ကင်ဆာနဲ့ ဆီးအိမ်ကင်ဆာ ဖြစ်နိုင်ခြေကို ၄၅ ရာခိုင်နှုန်းနဲ့အထက် လျှော့ချနိုင်ပါတယ်လို့ သိရပါတယ်။

၂။ သားမြတ်ကို ကာကွယ်နိုင်အောင် နေခြည်နုနု ခံယူပါ

နေရောင်ခြည်နဲ့ နေ့စဉ် မိနစ် ၂၀ ခန့် ထိတွေ့တာကြောင့် သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေ ၃၆ ရာခိုင်နှုန်းထိ လျှော့ချနိုင်တယ်လို့ နှစ်ပေါင်းများစွာ သုတေသန ပြုလုပ်အပြီးမှာ ဖော်ထုတ်လိုက်ပါတယ်။ နေရောင်ခြည် (UV Light) ဟာ ခန္ဓာကိုယ်မှ ကင်ဆာကို တိုက်ထုတ်နိုင်တဲ့ အာဟာရ ဗီတာမင်ဒီ ထုတ်လုပ်မှုကို မြင့်မားစေနိုင်ပါတယ်။ နံနက်ခင်းမှာ နေရောင်ခြည်ကို ခံယူရင် အရေပြားအနေနဲ့ ဆဲလ်ပျက်စီးမှုတွေကို ပြန်လည် ပြုပြင်နိုင်စွမ်း အမြင့်ဆုံး အချိန်ဖြစ်တာမို့ အရေပြားကင်ဆာ ဖြစ်နိုင်ခြေကိုလည်း ငါးဆအထိ လျှော့ချနိုင်ပါတယ်။

Tip!
သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းပြီး ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပါ

သွေးထဲမှာ သကြားဓာတ်တွေ မြင့်တက်နေတာဟာ ကင်ဆာကြီးထွားမှု အတွက် လောင်စာ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်အောင် ထားရှိတာဟာ အကျိတ်ကြီးထွားမှုကို ရပ်တန့်စေနိုင်တဲ့အပြင် ခုခံအားစနစ်ကိုလည်း ကင်ဆာဆဲလ်တွေကို ဖျက်ဆီးနိုင်ချိန်ပေးဖို့ အဓိက သော့ချက်ပါလို့ ဆိုပါတယ်။ သွေးတွင်းသကြားဓာတ် တည်ငြိမ်မှုရှိအောင် -

၁။ နံနက်တိုင်း အမျှင်ဓာတ်မှီဝဲပြီး ခန္ဓာကိုယ်မှ သကြားစုပ်ယူမှုကို ပိတ်ပင်ပါ။

၂။ သကြားဓာတ် (ကာဗိုဟိုက်ဒရိတ်) စုပ်ယူမှု နှေးကွေးအောင် အစာစားတိုင်း ပရိုတင်း (အသား၊ ဥ၊ နို့၊ တိုဟူး) ပါဝင်အောင် စားပေးပါ။

နေရောင်ခြည်နဲ့ ထိတွေ့မှုမရှိတဲ့ နေရာရောက်နေရင် နေ့စဉ် ဗီတာမင်ဒီ ၂၀၀၀ IU မှီဝဲနိုင်ပါတယ်လို့ သုတေသီတွေက ဆိုပါတယ်။

၃။ ကျန်းမာနေအောင် ဟင်းခတ် အမွှေးအကြိုင် အသုံးပြုပါ

ဇီရာစေ့အခြောက် လက်ဖက်ရည်ဇွန်း တစ်ဝက်စာ ဒါမှမဟုတ် ဇီရာ စားပွဲဇွန်း တစ်ဇွန်းစာကို နေ့စဉ် အသုံးပြုတာကြောင့် ကင်ဆာကို တွန်းလှန်နိုင်တဲ့ ခုခံဆဲလ်တွေ ထုတ်လုပ်နိုင်အောင် လှုံ့ဆော်မှုပေးပြီး ကင်ဆာဆဲလ် ကြီးထွားမှုကို ပိတ်ပင်နိုင်ပါတယ်။ ဒါ့အပြင် နေ့စဉ် ကြက်သွန်ဖြူတစ်ဥ စားသုံးတာကြောင့် အစာခြေစနစ်အတွင်း ကင်ဆာရောဂါ ဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်းထိ လျှော့ချနိုင်ပါတယ်။ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ ဆာလဖာကွန်ပေါင်းတွေက သင်ရဲ့ ခုခံအားစနစ်မှ မသင်္ကာစရာ ဆဲလ်တွေကို ဖျက်ဆီးနိုင်စွမ်းရည် မြှင့်တင်ပေးနိုင်လို့ပါလို့ ကယ်လီဖိုးနီးယားမှ သုတေသီတွေက ပြောပါတယ်။

Tip! အာလူးကြော်ကို ရှောင်ပါ

အာလူးလိုမျိုး ကစီများတဲ့ အစာကို အပူချိန်မြင့်မားစွာနဲ့ ကြော်လှော်ခဲ့ရင် ကင်ဆာဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်းတွေ ထွက်လာတာမို့ အာလူးကြော်လိုမျိုး အစာတွေကို ရှောင်ရမယ်လို့ WHO က သတိပေးထားပါတယ်။

၄။ ပျက်ပြယ်အောင် စတော်ဘယ်ရီသီး စားပါ

စတော်ဘယ်ရီသီးမှာ များစွာပါဝင်တဲ့ အပင်ဒြပ်ပေါင်း Ellagic Acid တွေဟာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်ရဲ့ အမြှေးပါးအတွင်း ပျော်ဝင်နိုင်တာကြောင့် ကင်ဆာဖြစ်စေနိုင်တဲ့ ပစ္စည်းနဲ့ အဆိပ်အတောက်တွေကြောင့် ပျက်စီးနိုင်ခြေကို ၇၅ ရာခိုင်နှုန်းထိ ကာကွယ်နိုင်တယ်လို့ ကန်တက်ကီ တက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။

၅။ လေထုသန့်စင်အောင် သန့်ရှင်းရေးသုံး ပစ္စည်းတွေကို သတိထားသုံးပါ

အနံ့အသက်ပါတဲ့ အဝတ်လျှော် ဆပ်ပြာမှုန့်တွေမှာ ကင်ဆာဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်း နှစ်မျိုး ပါဝင်တယ်လို့ ဝါရှင်တန်တက္ကသိုလ်မှ လေ့လာမှုအရ သိရပါတယ်။ အနံ့အသက် မပါဝင်တဲ့ သန့်ရှင်းရေးသုံးပစ္စည်းတွေကို ပြောင်းသုံးတာကြောင့် ကင်ဆာဖြစ်နိုင်ခြေဟာလည်း အလိုအလျောက် ကျဆင်းသွားနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

၆။ ခုခံအားစနစ် မြင့်တက်အောင် မိတ်ဆွေ အပေါင်းအသင်းထားပါ

သင်ရဲ့မိတ်ဆွေရင်းတွေနဲ့ အချိန်ယူပြီး တွေ့ဆုံတာကြောင့် ကင်ဆာဖြစ်နိုင်ခြေ ငါးဆထိ လျှော့ချနိုင်တယ်လို့ သြစတြေးလျမှ သုတေသီတွေက ဆိုပါတယ်။ မိတ်ဆွေ ဒါမှမဟုတ် မိသားစုတွေနဲ့ ရင်းရင်းနှီးနှီး နေတတ်သူတွေဟာ စိတ်ဖိစီးမှုတွေ ကျဆင်းတာကြောင့် ခုခံအားစနစ် သန်မာပြီး ကျန်းမာရေးလည်း ပိုကောင်းမွန်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

Credit_to_original_writerwithrespect
#ဇီဝသစ္စာအာရုံကြောအားဆေး

ဆားရည် နဲ့ အာလုတ်ကျင်းတာက လူတိုင်း ကြားဖူးမယ့် ကိစ္စတစ်ရပ်ပါ။ ဆားရည်ကို လည်ချောင်းနာတဲ့အခါမှာ အများဆုံး အသုံးပြုကြပါတယ်။...
13/02/2025

ဆားရည် နဲ့ အာလုတ်ကျင်းတာက
လူတိုင်း ကြားဖူးမယ့် ကိစ္စတစ်ရပ်ပါ။ ဆားရည်ကို လည်ချောင်းနာတဲ့အခါမှာ အများဆုံး အသုံးပြုကြပါတယ်။ ဒီတစ်ခေါက်တော့ လည်ချောင်းနာတဲ့အခါ အာလုတ်ကျင်းကြတဲ့ ဆားရည်က ဘယ်လို အထောက်အကူပြုလည်းဆိုတာကို ပြောပြပေးပါမယ်။

ဆားရည် နဲ့ ပလုတ်ကျင်းတဲ့အခါ

ဆားရည်က အကုန်အကျ သက်သာပြီး လွယ်ကူတဲ့ ကုသနည်း တစ်ရပ်ပါ။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ ရေနွေးနွေးထဲကို ဆားထည့်ပြီး ပလုတ်ကျင်းတဲ့အခါ အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေကို ရရှိလို့ပါ။

pH ပမာဏကို ထိန်းညှိပေးတယ်

ဆားရည်က ဘက်တီးရီးယားကြောင့် လည်ချောင်းထဲက အက်ဆစ်တွေ မညီမမျှ ဖြစ်တာကို ထိန်းညှိပေးပါတယ်။ ကျန်းမာတဲ့ pH ပမာဏကို ထိန်းညှိပေးပါတယ်။ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ မပေါက်ဖွားစေဖို့ ကာကွယ်ပေးပါတယ်။

နှာခေါင်းပိတ်တာကို သက်သာစေတယ်

ဆားရည်နဲ့ ပလုတ်ကျင်းတာက အသက်ရှူလမ်းကြောင်းနဲ့ နှာခေါင်းထဲမှာ ရှိတဲ့ ချွဲတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ နာကျင်မှုတွေကို သက်သာစေသလို ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ နှာခေါင်းထဲက ဘက်တီးရီးယား နဲ့ ဗိုင်းရပ်စ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။


အသက်ရှူလမ်းကြောင်း ပိုးဝင်ကူးစက်တာကို သက်သာစေတယ်

သုတေသနပြုချက်တွေအရ တစ်နေ့ကို ဆားရည်နွေးနွေးနဲ့ ၃ ကြိမ် ပလုတ်ကျင်းပေးတာက အသက်ရှူလမ်းကြောင်း အထက်ပိုင်းမှာ ပိုးဝင်ကူးစက်တာမျိုး မဖြစ်စေဖို့ ၄၀ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်တယ်လို့ တွေ့ရပါတယ်။

အာသီးရောင်တာကို သက်သာစေပါတယ်

ဘက်တီးရီးယား၊ ဗိုင်းရပ်စ်တွေကြောင့် အာသီးရောင်နိုင်ပါတယ်။ အာသီးရောင်တဲ့အခါ အစာတွေ ရေတွေ မျိုချဖို့ ခက်ခဲနိုင်ပါတယ်။ ဒီနာကျင်မှုကို သက်သာစေဖို့ ဆားရည်နွေးနွေးလေးနဲ့ အာလုပ်ကျင်းပေးလို့ ရပါတယ်။

ခံတွင်း အနံ့ဆိုး သက်သာစေနိုင်တယ်

အစားကြောင့် ဖြစ်ဖြစ် အခြား အကြောင်းအရင်းကြောင့်ဖြစ်ဖြစ် ခံတွင်းနံ့ နံတာကို သက်သာစေဖို့ ခံတွင်းသန့်ဆေးရည်တွေ မသုံးချင်ဘူးဆိုရင် ဆားရည်နဲ့ အာလုပ်ကျင်းပေးလို့ ရပါတယ်။

သွားဖုံးနဲ့ သွားမှာ သွေးထွက်တာကို သက်သာစေနိုင်တယ်

ဆားရည်နွေးနွေးလေးနဲ့ ပလုတ်ကျင်းတာက သွားဖုံးရောင်တာ၊ သွားဖုံးသွေးထွက်တာတွေကို သက်သာစေနိုင်ပါတယ်။ ဆားရည်က ရောင်ရမ်းမှုကို သက်သာစေနိုင်သလို သွားဖုံးရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ သွားကိုက် သွားနာတာကိုလည်း သက်သာစေနိုင်ပါတယ်။

ခံတွင်း အနာကို သက်သာစေနိုင်တယ်

ပါးစပ်ထဲမှာ ဖြစ်တဲ့ အနာဖြူဖြူလေးတွေ သက်သာစေဖို့လည်း ဆားရည်နဲ့ ပလုပ်ကျင်းပေးလို့ ရပါတယ်။ အနာ သက်သာစေပြီး အနာကျက် မြန်စေနိုင်ပါတယ်။
Credit
#ဇီဝသစ္စာ

ပူသောဗိုက်ကို ဒီလိုချမယ်...ဗိုက်အဆီတွေဟာ ခန္ဓာကိုယ်တခုလုံးမှာ ဘေးရန်အပေးဆုံး အဆီပါ။အလှပျက်တယ်ဆိုတာထက် တုတ်နေသောခါး(ပူနေသ...
26/01/2025

ပူသောဗိုက်ကို ဒီလိုချမယ်...

ဗိုက်အဆီတွေဟာ ခန္ဓာကိုယ်တခုလုံးမှာ ဘေးရန်အပေးဆုံး အဆီပါ။
အလှပျက်တယ်ဆိုတာထက် တုတ်နေသောခါး(ပူနေသောဗိုက်)ဟာ
ရောဂါဖြစ်လွယ်တဲ့ လက္ခဏာပိုင်ဆိုင်သူလို့ ခေါ်လို့တောင်ရပါတယ်။
အဲဒီတော့ ကျန်းမာပေါ့ပါးချင်သူတိုင်း ဗိုက်အဆီလျှော့ဖို့ စဉ်းစားသင့်တယ်ဆိုပါတော့။

ဒီနေရာမှာ အိပ်ထမတင်လုပ်ရုံနဲ့တော့ အလုပ်ဖြစ်မှာမဟုတ်ပါဘူး။
ဗိုက်အဆီက ဘယ်လိုစုလာတယ်ဆိုတာကို သဘောပေါက်သွားရင်တော့ ချက်ကောင်းကိုမိသွားမှာပါ။
တကိုယ်လုံးက အဲလောက်မဝတာတောင်
ဗိုက်က ပုံ့ပုံ့ကလေးပူနေရတဲ့ အကြောင်းကို အကျဉ်းလေး ရှင်းပြပါ့မယ်။
ဆေးပညာ ပညာရပ်ဆိုင်ရာ စကားနည်းနည်းပါပေမယ့်။ ဒီနှစ်ကြောင်းလောက်ကိုတော့
အနည်းငယ်သီးခံ ဖတ်ပေးပါ။ (လုံလောက်တဲ့ ဗဟုသုတမပါဘဲ အဆီကျဖို့နည်းလမ်း မသိနိုင်လို့ပါ။)

အကြောင်းရင်း-
ကျွန်ုပ်တို့ ကိုယ်ထဲမှာရှိတဲ့ cortisol level(ကော့တစ်ဆို ပမာဏ)မြင့်လာတာနဲ့ ဗိုက်အဆီတွေ စုပုံလာတော့တာပါပဲ။အဲဒိ cortisolကဘာလို့ မြင့်လာတာလဲ၊?
အဓိကတရားခံကိုပြခိုင်းရင်တော့ စိတ်ဖိစီးမှုလို့ပြောရမှာပါ။
လူတယောက် အလုပ်ကြောင့်၊ ပတ်ဝန်းကျင်ဆက်ဆံရေး..တစ်ခုခုကြောင့် စိတ်ဖိစီးနေပြီဆိုရင် cortisol က ထကြွပွားများလာပြီး ကယ်လိုရီတွေလောင်ကျွမ်းပေးတဲ့ ကြွက်သားတွေကို ဖျက်ဆီးလိုက်ပါတယ်၊ပြီးရင် ဝမ်းဗိုက်တစ်ဝိုက်မှာ အဆီတွေသိုလောင်အောင်ဖန်တီးလိုက်ပါတယ်။
ဒါကြောင့် စိတ်ဖိစီးမှုက အဓိကရှင်းလင်းရမယ့် ဆရာကြီးဆိုပါတော့။

စိတ်ဖိစီးမှုဆိုတာကလဲ နေရထိုင်ရ အဆင်မပြေမှုကြီးမားလာတာနဲ့ ရောက်ရောက်လာတတ်တာပါ။
အကြောင်းရင်းဗဟုသုတကို အရင်မရှာဘဲနဲ
့ ဒီအတိုင်းပိန်အောင် စားနေကျထက်အစားလျှော့စားတာ။ ညစာလုံးလုံးမစားတာမျိုး တွေက စိတ်ဖိစီးမှုကို အဆိုးဆုံးအဆင့်ထိဖြစ်စေပါလိမ့်မယ်။
ဗိုက်ဆာလေ..စားဖို့သီးခံနေရလေလေ..စိတ်ဖိစီးလေ။ စိတ်ဖိစီးလေ cortisol မြင့်ပြီး ဗိုက်အဆီစုလေ ဖြစ်မှာပါ။
အဲဒီတော့ ကိုယ့်မှာတော့ သီးခံပြီး အစာမစားဘဲနေလိုက်ရပေမယ့် ဗိုက်ပူပူလေးက မပြောင်းမလဲ ကျန်နေတာမျိုးတွေ ကြုံပါလိမ့်မယ်။

အဲတော့ အခုဖော်ပြမယ့် ၆ချက်(လုံး)ကို လိုက်နာပါ။
အသိဥာဏ်ကြီးကြီးနဲ့ ဗိုက်အဆီကိုအောင်မြင်စွာ ချနိုင်သူ အဖြစ်ခံယူပါ။
အချက်၆ချက်က ဘာတွေလဲ မှတ်သားကြရအောင်-

၁။ ။အိပ်စက်ပါ။
ညဉ့်နက်တဲ့အထိကို မအိပ်ဘဲ နေဦးမယ်ဆိုရင် သင်သေချာပြန်စဉ်းစားပါ။
အိပ်ရေးမဝဘူးဆိုရင် ပင်ပန်းနေပြီး. အချိုနဲ့ အခြား အဆီတက်စေမယ့် အစာတွေကို
ခန္ဓာကိုယ်ကတောင့်တစေပါမယ်။
ပြီးတော့ အိပ်ရေးမဝတာဟာ ခုနကပြောခဲ့တဲ့ cortisolတွေကို မြင့်စေပါသေးတယ်။
ဒါကြောင့် အိပ်စက်ဖို့ ကို နံပါတ် ၁ ပြောရတာပါ။ တညကို ၇နာရီအိပ် တာ အကောင်းဆုံးပါပဲ။

၂။ ။ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။
တညကို အိပ်ထမတင်လေ့ကျင့်ခန်း အခါ ၁၀၀၀ လောက်လုပ်တယ်ဆိုရင် ဗိုက်ကြွက်သားတွေ တက်လာစေမှာမှာပါ။
ဒါပေမယ့် အဲဒီပေါ်မှာတော့ အဆီတလွှာက အရင်အတိုင်းကျန်နေပါဦးမယ်။
အဲဒီ အိပ်ထမတင် နည်းလမ်းတွေထက်စာရင် နေရာအနှံ့က ကြွက်သားတွေလုပ်ရှားတဲ့ လေ့ကျင့်ခန်းကိုသာလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။
လမ်းလျှောက်တာ ပြေးတာမျိုးဆိုရင် ကောင်းပါတယ်။
အပြင်မထွက်နိုင်လို့ အခန်းထဲမှာပဲ လေ့ကျင့်ခန်းလုပ်ချင်တယ်ဆိုရင်
Planking ဆိုတဲ့ လေ့ကျင့်ခန်းမျိုးလုပ်ပါ။Planking ဆိုတာ
ခန္ဓာကိုယ်ကို မှောက်ရက်နေပြီး တံတောင်ဆစ်၊ ခြေဖျားထိပ်နဲ့ ထောက်ထားပြီး လုပ်တာမျိုးပါ။
သိချင်သူများ အတွက် ကိုယ်တိုင်အင်တာနက်မှာရှာကြည့်နိုင်သလို အခွင့်သင့် ရင် ဗီဒီယိုတင်ပေးပါ့မယ်။

၃။ ။သကြားကို ရန်သူလို့မှတ်ပါ။
ဗိုက်အဆီကို တိုက်ဖျက်ရာမှာ အစားဆင်ခြင်တာက ၈၀ရာခိုင်နှုန်း၊ လေ့ကျင့်ခန်းက ၂၀ရာခိုင်နှုန်းနဲ့
တိုက်ခိုက်ရတယ်ဆိုတာ သဘောပေါက်နေဖို့လိုပါတယ်။လေ့ကျင့်ခန်းပဲလုပ်ပြီး အစားအသောက်ဂရုမစိုက်ရင် အလကားပါပဲ။
ကျန်းမာရေးမညီညွတ်တဲ့ သရေစာထက်စာရင် အသားဓာတ်၊ ဟင်းသီးဟင်းရွက်၊ အစေ့အစံတွေကို အစားထိုးပါ။
ဥပမာ..အချိုတစ်ခုခုတောင့်တနေရင် ချိုတဲ့ သဘာဝအသီးကိုစားပါ။
ကော်ဖီသောက်ရင် သကြားမပါသလောက်ကိုသုံး ပါ။ ဒါမှမဟုတ် ကယ်လိုရီလျှော့ထားတဲ့ သကြားရှိရင် အဲဒါကိုသုံးပါ။

၄။ ။ဗီတာမင် C လိုအပ်ပါတယ်။
သင် စိတ်ဖိစီးမှု ကြီးစိုးလာရင် cortisolတွေ ထုတ်လွှတ်တော့တာပါပဲ။ ဗီတာမင်C က cortisol တွေကို အလွန်အကျွံမဖြစ်ရအောင်
ထိန်းပါလိမ့်မယ်။ ဗီတာမင် C ရဲ့ နောက်ထပ်ကောင်းတဲ့အချက်က ဖျားနာခြင်းကိုလဲ ကာကွယ်တတ်ပါသေးတယ်။
ဒါကြောင့် စိတ်ဖိစီးလွန်းလာရင် ဗီတာမင် C စားသုံးမှုကို မြှင့်ထားပါ။ ဗီတာမင်စီ မှာနာမည်ကြီးတာကတော့ လိမ္မော်သီးပါ။
ပန်းငရုတ်ပွ၊ ကိုက်လန် နဲ့ ကီဝီသီးကို လဲ စားကြည့်ပါ။
အဲဒီ့သုံးခုက နာမည်ကြီး လိမ္မော်သီးထက်တောင် ဗီတာမင် Cတွေပါနေပါတယ်။

၅။ ။အဆီစားပါ။
ဟုတ်ပါတယ်။ မှားဖတ်မိတာမဟုတ်ပါဘူး အဆီစားပါလို့ ပြောတာပါ။
အဆီပိုတွေ လောင်ကျွမ်းဖို့ အဆီဓာတ်လိုပါတယ်။ အထက်မှာပြောခဲ့သလို သကြားက အဆီပိုတွေဖြစ်စေပါတယ်။အဆီဓာတ်ကိုမရစေပါဘူး။
အဆီဓာတ်(ကောင်းတဲ့အဆီဓာတ် Omega 3) က ဘယ်ကရသလဲဆိုရင် ဆော်လမွန်ငါး၊
ထောပတ်သီး နဲ့သစ်ကြားသီးတွေကရနိုင်ပါတယ်။ဒါကြောင့် အဆီဓာတ်(Omega 3)လဲ စားသုံးဖို့လိုက်နာပါ။

၆။ ။အသက်ရှုနှုန်း ကိုမမြန်အောင်နေပါ။
ဝင်သက် ထွက်သက်ကို ခပ်ရှည်ရှည်ထားတာဟာ အလွန်လွယ်ကူလှပါတယ်။အလုပ်လဲမပျက်ပါဘူး။
စိတ်တွေတင်းကြပ်လာတယ်။ စိတ်ဖိစီးလွန်းလာတယ်ဆိုရင် ဝင်သက်ထွက်သက်တွေ
အလွန်တိုလွန်း မြန်လွန်းနေတတ်ပါတယ်။
ဝင်သက် ထွက်သက်မှာ သတိလေးနဲ့ ထားနိုင်မယ်ဆိုရင်
ဝမ်းဗိုက်ရော ကိုယ့်ကိုယ်ကိုရောကို အလွန်တရာ သက်တောင့်သက်သာ အခြေအနေမှာထားနိုင်ပါလိမ့်မယ်။
ဝင်သက်(ရှုသွင်းခြင်း)ထက် ထွက်သက်(ရှုထုတ်ခြင်း)ကို ခပ်ရှည်ရှည်ထားခြင်းဟာ အကောင်းဆုံးအခြေအနေပါပဲ။
ဒါဟာကိုယ့်ကိုယ်ကို တင်းကြပ်မှုကနေ သက်သာစေပြီး..စိတ်ဝင်းစားဖွယ်အကျိုးကိုပေးပါလိမ့်မယ်။

ကဲ အခုပြောခဲ့တဲ့ အချက်တွေအကုန်လုံးကို ယနေ့ကစပြီး အကုန်လိုက်နာကြည့်ပါ။
အောင်မြင်ပါလိမ့်မယ်။ဖန်တရာထေအောင် ကြားဖူးနေကျ အချက်တွေနဲ့ကွာခြားကောင်းကွာခြားနိုင်ပေမယ့်
ယခုအချက်တွေဟာ အလွန်ရိုးရှင်းပြီး..အံ့သြဖွယ်အကျိုးကိုပေးမှာပါ။
ဇွဲနဲ့ မဖောက်မပြားလိုက်နာဖို့တော့လိုပါတယ်။အားလုံး ဗိုက်အဆီပိုကို အောင်မြင်စွာ တိုက်ထုတ်နိုင်ပါစေ။

Credit

👉 အာရုံကြောနဲ့ပတ်သက်တဲ့ရောဂါတွေခံစားနေရပြီဆိုရင် မြင်းခွာရွက်ပါဝင်တဲ့ ဇီ၀သစ္စာအာရုံကြောအားဆေးကို သုံးစွဲနိုင်ပါတယ်။🌼 လေဖ...
20/01/2025

👉 အာရုံကြောနဲ့ပတ်သက်တဲ့ရောဂါတွေခံစားနေရပြီဆိုရင် မြင်းခွာရွက်ပါဝင်တဲ့ ဇီ၀သစ္စာအာရုံကြောအားဆေးကို သုံးစွဲနိုင်ပါတယ်။

🌼 လေဖြတ်လေငန်း၊ ဒူးနာခါးနာ နဲ့ တင်ပါးခွက်ကိုက်ပြီး ခြေထောက်အောက်ပိုင်းတွေ ထုံကျဉ်ကိုက်ခဲနေတာ

🌼 အာရုံ‌ကြောအားနည်းပြီး ခြေလက်ကျဉ်နေတာ၊

🌼 လည်ဆစ်ရိုးကျီးပေါင်းဖြစ်ပြီး မူး‌‌ဝေနေတာ၊
နောက်ကျောတက်နေတာ၊

🌼 မျက်နှာတခြမ်းလေဖြတ်ပြီး ပါးရွဲ့၊ လျာလိတ်ပြီး စကားပြောခက်နေတာ၊

🌼 မနက်အိပ်ယာထတွေမှာ ကိုယ်လက်လေးလံပြီး မလန်းဆန်းတာ၊ ခြေဆစ်လက်ဆစ်ကလေးများတင်းပြီးနာနေတတ်တာ၊

🌼 ခြေလက်တုန်ပြီး ပစ္စည်းကိုင်မမြဲတာ၊ ခန္ဓာကိုယ်ပူလိုက်အေးလိုက်ဖြစ်တာ၊ အ‌ကြောတက်ညောင်းညာကိုက်ခဲတတ်တာ၊

🌼 ဖုန်းကွန်ပျူတာအကြည့်များပြီး မျက်ရိုးကိုက်တာ၊ မျက်ရည်ပူကျတာ၊

🌼 စိတ်မကြည်လင်ခြင်းနှင့် မှတ်ဉာဏ်အားနည်းနေတာ စတဲ့ လက္ခဏာတွေဟာ အကြမ်းဖျင်းအားဖြင့် အာရုံကြောအားနည်းနေတဲ့လက္ခဏာတွေမို့ ဇီဝသစ္စာအာရုံကြောအားဆေးကို သုံးစွဲနိုင်ပါတယ်။

👉 ဇီဝသစ္စာအာရုံကြောအားဆေးသည် ရှေးသမားတော်ကြီးများ သမားအစဉ်အဆက် အသုံးပြုခဲ့ကြသောဆေးနည်းကိုအခြေခံပြီး အာရုံကြောရောဂါများအတွက် အထူးကောင်းမွန်စေသော မြင်းခွါရွက်ဖြင့်ထပ်မံပေါင်းစပ်ကာ အထူးဖော်စပ်ထားသော တိုင်းရင်းဆေးစွမ်းကောင်တစ်လက်ဖြစ်ပါတယ်။

စီမံဖော်စပ်သော ဆရာကိုယ်တိုင် အာရုံကြောရောဂါခံစားနေရသော ဝေဒနာရှင်များအား လက်တွေ့တိုက်ကျွေးကုသပြီး သက်သာပျောက်ကင်းစေသည့်ဆေးဖြစ်ပြီး ဓာတုပစ္စည်းများ လုံးဝ(လုံးဝ) မပါဝင်ဘဲ သဘာဝအပင်ထွက်ဆေးပစ္စည်းတို့ဖြင့်သာ ဖော်စပ်ထားပါသဖြင့် ဆေးညွှန်းအတိုင်း ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်တယ်။

👉🛑ဆေးကို ပုံမှန်စွဲသောက်ဖို့လိုပါတယ်🛑

🌟ဆေးတစ်ဘူးတွင်ပါဝင်သော ဆေးပမာဏ🌟
🔹၂၀၀မီလီဂရမ်ခန့်ဆေးလုံး (၂၅၀) ပါဝင်ပါသည်🔹

⭐ဆေးတစ်ဘူး ရောင်းဈေး = ၄၅၀၀ ကျပ်⭐

🔷🔷ကိုယ်စားလှယ်ယူပြီး အကျိုးတူပြုလုပ်လိုသူများ ပင်ရင်းဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါတယ်🔷🔷

ပင်ရင်း🏠 ဇီဝသစ္စာတိုင်းရင်းဆေး၊ ၈၆လမ်း၄၂×၄၅ကြား၊ ရှုခင်းသာ၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့
📱09250343578 (Kpay, Wave pay,Viber)
📱09402531970 (Kpay, Viber)

ဆေးရရှိနိုင်သောနေရာများ👇👇
https://www.facebook.com/share/p/W9t1w4hwRzLxREkB/?mibextid=oFDknk

#ဇီဝသစ္စာ
#အာရုံကြောအားဆေး
#မြင်းခွာရွက်

Address

၈၆လမ်း၊ ၄၂×၄၅ကြား၊ ရှုခင်းသာ
Mandalay

Website

Alerts

Be the first to know and let us send you an email when Zi Wa Thit Sar Traditional Medicine posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram